十八无因心

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 67–72 页 · 40 个翻译单元

本页并入了原书的相邻小节:八种大善心、八种大果报心、四种色界善禅心(四分法)、五种色界善禅心(五分法)、四种无色界善禅法、心方面应知事项。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 67 页
အဟိတ်စိတ် (၁၈) မျိုး
十八无因心
လောဘ ဒေါသ မောဟဟူသော အကုသိုလ်တရားတို့၏ အကြောင်းရင်း ဟိတ်သုံးပါး၊ အလောဘ အဒေါသ အမောဟဟူသော ကုသိုလ်တရားတို့၏ အကြောင်းရင်း ဟိတ်သုံးပါး ---- ဤဟိတ် (၆)ပါးတို့နှင့် မယှဥ်သော စိတ်များကို အဟိတ်စိတ်ဟု ခေါ်သည်။ ယင်း အဟိတ်စိတ်တို့၌ ---- ၁။ အဟိတ် အကုသလဝိပါက်စိတ် ---- ၇ - မျိုး ၂။ အဟိတ် ကုသလဝိပါက်စိတ် ---- ၈ - မျိုး ၃။ အဟိတ်ကြိယာစိတ် ---- ၃ - မျိုး အားလုံးပေါင်း ---- ၁၈ - မျိုးတို့တည်း။
不与六种因中的任何一种相应的心,称为无因心。这六因是:作为不善法之因的贪、嗔、痴三因,以及作为善法之因的无贪、无嗔、无痴三因。无因心包括:1.无因不善果报心——7种;2.无因善果报心——8种;3.无因唯作心——3种。合计——18种。
အဟိတ် အကုသလဝိပါက်စိတ် (၇) မျိုး
七无因不善果报心
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော စက္ခုဝတ္ထုရုပ်ကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ် (မြင်သိစိတ်)၊ ၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိသောစိတ် (ကြားသိစိတ်)၊ ၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော ဃာနဝတ္ထုရုပ်ကို မှီဖြစ်၍ ဂန္ဓာရုံကို သိသောစိတ် (နံသိစိတ်)၊ ၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော ဇိဝှါဝတ္ထုရုပ်ကို မှီဖြစ်၍ ရသာရုံကို သိသောစိတ် (အရသာသိစိတ်)၊ ၅။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် = ကိုယ်ဆင်းရဲခြင်း ဒုက္ခဝေဒနာနှင့် အတူတကွ ဖြစ်သော ကာယ ဝတ္ထုရုပ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိသောစိတ် (ထိသိစိတ်)၊ ၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော အာရုံကို လက်ခံသောစိတ်၊
1.舍俱不善果报眼识:与舍受俱生,依眼依处色而生、了知色所缘的心(见知心);2.舍俱不善果报耳识:与舍受俱生,依耳依处色而生、了知声所缘的心(闻知心);3.舍俱不善果报鼻识:与舍受俱生,依鼻依处色而生、了知香所缘的心(嗅知心);4.舍俱不善果报舌识:与舍受俱生,依舌依处色而生、了知味所缘的心(尝知心);5.苦俱不善果报身识:与身体苦受俱生,依身依处色而生、了知触所缘的心(触知心);6.舍俱不善果报领受心:与舍受俱生、领受所缘的心。
၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော အာရုံကို စုံစမ်းသောစိတ်၊ ဤစိတ် (၇)မျိုးတို့ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံရာဝယ်
7.舍俱不善果报推度心:与舍受俱生、推度所缘的心。这七种心,是在遭遇不可欲、不可喜、不可爱的不可意所缘时——
原书第 68 页
ဝီထိစိတ်တို့၏ အတွင်းဝယ် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံကိစ္စများကို ရွက်ဆောင်လျက် ဖြစ်ပေါ် လာကြသော အကုသိုလ်၏ အကျိုးဖြစ်ကုန်သော အကုသလဝိပါက်စိတ်တို့တည်း။ အနိဋ္ဌာရုံများကို ရှေးအကုသိုလ် ကံကြောင့်သာ တွေ့ကြုံရသဖြင့် အနိဋ္ဌာရုံနှင့် ဆုံခိုက် ဖြစ်ပေါ်လာကြသော ယင်းစိတ်တို့မှာလည်း အကုသလ- ဝိပါက် = အကုသိုလ်၏ အကျိုးတရားတို့သာ ဖြစ်ကြရသည်။
——在心路中分别执行五识、领受、推度与彼所缘作用而生起的不善业果报心。由于只有过去的不善业才会使人遭遇不可意所缘,所以在与不可意所缘相遇时生起的这些心,也是不善果报,也就是不善业的结果。
အဟိတ် ကုသလဝိပါက်စိတ် (၈) မျိုး
八无因善果报心
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်၊ ၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်၊ ၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ်၊ ၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ်၊ ၅။ သုခသဟဂုတ် ကာယဝိညာဏ်စိတ် (ကာယိကသုခဝေဒနာနှင့် ယှဥ်၏။)၊ ၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်၊ ၇။ သောမနဿသဟဂုတ် သန္တီရဏစိတ် (သောမနဿဝေဒနာနှင့် ယှဥ်၏။)၊ ၈။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် --- ဤ (၈)မျိုးသော စိတ်တို့သည် ဣဋ္ဌာရုံ အတိဣဋ္ဌာရုံဟူသော အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကောင်းမြတ်သော အာရုံအမျိုးမျိုးနှင့် တွေ့ဆုံရာဝယ် ဖြစ်ပေါ်လာကြသော ဝီထိစိတ်တို့၏အတွင်း၌ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ကိစ္စတို့ကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာကြသော ရှေးကုသိုလ်ကံ၏ အကျိုး ဝိပါက်စိတ်တို့ ဖြစ်ကြသည်။ ဣဋ္ဌာရုံ အတိဣဋ္ဌာရုံတို့ကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသဖြင့် ယင်း ကောင်းမြတ်သော အာရုံတို့နှင့် တွေ့ဆုံခိုက် ဖြစ်ပေါ်လာကြသော ယင်း စိတ်တို့မှာလည်း ရှေးကုသိုလ်ကံ၏
1.舍俱善果报眼识;2.舍俱善果报耳识;3.舍俱善果报鼻识;4.舍俱善果报舌识;5.乐俱善果报身识(与身体乐受相应);6.舍俱善果报领受心;7.悦俱善果报推度心(与悦受相应);8.舍俱善果报推度心。这八种心,是在遇到称为可意所缘、极可意所缘的各种可欲、可喜、可爱的良好所缘时,于心路中分别执行五识、领受、推度与彼所缘作用而生起的过去善业之果报心。由于只有过去的善业才会使人遭遇可意、极可意所缘,所以在与这些良好所缘相遇时生起的这些心,也只是过去善业的——
အကျိုး = ကုသလဝိပါက်တို့သာ ဖြစ်ကြရသည်။
——结果,也就是善果报。
ပဉ္စဝိညာဏ်၏ ကိစ္စ
五识的作用
၁။ စက္ခုဝိညာဏ်၏ ဒဿနကိစ္စ = ရူပါရုံကို မြင်ခြင်းကိစ္စ၊ ၂။ သောတဝိညာဏ်၏ သဝနကိစ္စ = သဒ္ဒါရုံကို ကြားခြင်းကိစ္စ၊ ၃။ ဃာနဝိညာဏ်၏ ဃာယနကိစ္စ = ဂန္ဓာရုံကို နံခြင်း (နမ်းရှူခြင်း) ကိစ္စ၊ ၄။ ဇိဝှါဝိညာဏ်၏ သာယနကိစ္စ = ရသာရုံကို လျက်သိခြင်းကိစ္စ၊ ၅။ ကာယဝိညာဏ်၏ ဖုသနကိစ္စ = ထိသိခြင်းကိစ္စ ---- ဤကိစ္စ အသီးအသီးကို ဆိုလိုပေသည်။
1.眼识的见作用(dassana-kicca)=看见色所缘的作用;2.耳识的闻作用(savana-kicca)=听闻声所缘的作用;3.鼻识的嗅作用(ghāyana-kicca)=嗅闻香所缘的作用;4.舌识的尝作用(sāyana-kicca)=尝知味所缘的作用;5.身识的触作用(phusana-kicca)=触知触所缘的作用。这里所说的就是这五项各自的作用。
〔မှတ်ချက် ---- အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် အပါယ်လေးဘုံ၌ အပါယ်သား သတ္တဝါတို့၏ ပဋသန္ဓိကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကိုလည်း ရွက်ဆောင်ပေးနိုင်သေး၏။ ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ကာမသုဂတိဘုံဝယ် ဝမ်းတွင်းကန်း စသောလူသားတို့၏လည်းကောင်း မြေ၌ မှီဖြစ်ကြကုန် သော ဝိနိပါတိကအသူရာနတ်တို့၏လည်းကောင်း ပဋိသန္ဓိကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကိုလည်း ရွက်ဆောင် ပေးနိုင်သေး၏။ ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိသောအခါ အကယ်၍ မိမိသည် အပါယ်သို့ ရောက်ခိုက် ဝိနိပါတိက အသူရာ စသည်ဖြစ်ခိုက်တို့၌ မိမိ၏ ပဋိသန္ဓေ ဘဝင် စုတိတို့ဝယ် နာမ်တရား မည့်ရွေ့ မည်မျှ ရှိသည်ကို ရေတွက်ကြည့်ရာ လက်တွေ့ရှုကြည့်ရာ၌ သတိပြုရမည့် အချက်တစ်ရပ်ပင် ဖြစ်သည်။ ယင်း ဥပေက္ခာသန္တီရဏ ပဋိသန္ဓေ ဘဝင် စုတိတို့ဝယ် နာမ်တရားများမှာ (စိတ်+စေတသိက်တို့မှာ) (၁၁)လုံးသာ ရှိကြ
〔注:不善果报舍俱推度心,还能为四恶趣有情执行结生、有分与死亡作用。善果报舍俱推度心,也能在欲界善趣为先天盲人等人类,以及依地而生的堕落阿修罗天,执行结生、有分与死亡作用。到了因果相续的缘起部分,如果自己曾投生恶趣,或曾成为堕落阿修罗等,在实际计算、观照自己当时的结生、有分、死亡中有哪些、共有多少名法时,这一点必须注意。这些舍俱推度结生心、有分心与死亡心所含的名法(心与心所合计)只有11种——
ပေသည်။ သေသေချာချာ ဆန်းစစ်၍ ရှုရန် ဖြစ်သည်။〕
——而已,必须仔细审察、观照。〕
原书第 69 页
အဟိတ် ကိရိယာစိတ် (၃) ပါး
三种无因唯作心
ဤစိတ်တို့ကား ပြုကာမတ္တ စိတ်သာ ဖြစ်ကြ၏၊ အကြောင်းလည်းမဟုတ် အကျိုးလည်း မဟုတ်သော စိတ်တို့တည်း။ ဤစိတ်များကြောင့် နောက်ထပ် မည်သည့် အကျိုးတစ်စုံတစ်ရာမျှလည်း မဖြစ်ပေါ်လာနိုင်ပေ။
这些心只是唯作心,既不是因,也不是果;由这些心,不可能再产生任何果。
၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊ ၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်၊ ၁။ ပဉ္စဒွါရာဝဇ္ဇန်းကား ---- စက္ခုဒွါရ စသည့် ထိုထို ဒွါရ၌ ထင်လာသော ရူပါရုံစသည့် ထိုထို အာရုံကို ဆင်ခြင်သောစိတ် ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
1.舍俱五门转向心;2.舍俱意门转向心;3.悦俱生笑心。1.五门转向:审察显现于眼门等各门的色所缘等各自所缘之心,与舍受相应。
၂။ မနောဒွါရာဝဇ္ဇန်းကား မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ် ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။ စက္ခုဒွါရ စသော ပဉ္စဒွါရဝယ် ယင်းစိတ်သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သော ဝုဋ္ဌောကိစ္စကို ရွက်ဆောင်သည်။
2.意门转向:审察显现于意门的所缘之心,与舍受相应。在眼门等五门中,此心执行确定作用,把所缘判定为可意、不可意等。
၃။ ဟသိတုပ္ပါဒ်စိတ် = ရဟန္တာ အရှင်မြတ်ကြီးတို့၏ သန္တာန်ဝယ် ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်တစ်မျိုးပင် ဖြစ်၏။ သောမနဿဝေဒနာနှင့် ယှဥ်၏။ သို့သော် ထိုပြုံးရွှင်စိတ်ဝယ် အလောဘ အဒေါသ အမောဟ တရားများ မယှဥ်ကြသဖြင့် ဤစိတ်သည် အဟိတ်ဟူသော အမည်ကို ရရှိပေသည်။ ရဟန္တာ အရှင်မြတ် ကြီးတို့သည် သောမနဿ မဟာကြိယာစိတ်တို့ဖြင့်လည်း ပြုံးရွှင်တော်မူကြသည်သာ ဖြစ်ကြ၏။ ယင်း မဟာကြိယာစိတ်တို့၌ကား အလောဘ အဒေါသ အမောဟတို့ ထိုက်သလို ယှဥ်တွဲကြ၏။
3.生笑心,是能令阿罗汉诸大德的心相续生起微笑的一种心,与悦受相应。不过,在这种微笑心中,无贪、无嗔、无痴诸法并不相应,所以它名为“无因”。阿罗汉诸大德也会以悦俱大唯作心微笑;在这些大唯作心中,无贪、无嗔、无痴随其所应而相应。
သို့အတွက် ဤဟသိတုပ္ပါဒ်စိတ် တစ်မျိုးကား တိဟိတ်ပုထုဇန် အဆင့်တွင်သာ ရှိနေသေးသော အသင် ယောဂီသူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ စာရင်းတွင် မပါဝင်ဟု သိရှိပါလေ။
因此应知,由于禅修者自己仍处在三因凡夫阶段,这一种生笑心不列入其观智的观照所缘清单。
အသင်သူတော် ကောင်း၏ သန္တာန်ဝယ် ဟသိတုပ္ပါဒ်စိတ် မပါသော (၁၇)မျိုးသော အဟိတ်စိတ်တို့သာ ထိုက်သလို ဖြစ်နိုင်ကြပေသည်။ ဤတွင် အဟိတ်စိတ် (၁၈)မျိုး ပြီး၏။
在禅修者自己的心相续中,只有不含生笑心的17种无因心能随其所应而生起。至此,18种无因心解释完毕。
မဟာကုသိုလ်စိတ် (၈) မျိုး
八种大善心
၁။ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၂။ …(တိုက်တွန်းမှု ရှိသော) သသင်္ခါရိက စိတ်တစ်ခု၊ ၃။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၄။ …(တိုက်တွန်းမှု ရှိသော) သသင်္ခါရိက စိတ်တစ်ခု၊ ၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊ ၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
1.悦俱·智相应·无行大善心:即与悦受俱生、与智相应、没有促动的无行心;2.悦俱·智相应·有行大善心:即有促动的有行心;3.悦俱·智不相应·无行大善心:即与悦受俱生、不与智相应、没有促动的无行心;4.悦俱·智不相应·有行大善心:即有促动的有行心;5.舍俱·智相应·无行大善心;6.舍俱·智相应·有行大善心;7.舍俱·智不相应·无行大善心;8.舍俱·智不相应·有行大善心。
原书第 70 页
ဤသည်တို့ကား ကာမာဝစရကုသိုလ်စိတ် = မဟာကုသိုလ်စိတ် (၈) မျိုးတို့တည်း။ အသင်သူတော်ကောင်း ၏ ဥပစာရသမာဓိနယ်မြေတိုင်အောင်သော သမထဘာဝနာစိတ်တို့နှင့် ရုပ်နာမ်ကို သိမ်းဆည်းတတ်သော ပိုင်းခြားယူတတ်သော နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာစိတ်တို့ကား ဤစိတ် (၈)မျိုးတို့တွင် အကျုံးဝင် လျက်ပင် ရှိကြ၏။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာမှုတို့၌ ကျေးဇူးအများဆုံး စိတ်များ ဖြစ်ကြသည်။
以上就是8种欲界善心,即大善心。禅修者修习止、尚在近行定范围以内的诸心,以及能把握、辨别名色的名色分别智等观心,都摄于这8种心中;它们在布施、持戒、止修与观修中最为有益。
ဝီထိစဥ်တွင် ဇောကိစ္စကို ရွက်ဆောင်ကြသည်။ ဥပစာရသမာဓိတိုင်အောင်သော သမထဘာဝနာစိတ်နှင့် အရိယ မဂ်၏ ရှေ့၌ ကပ်လျက်ရှိသော ဂေါတြဘုတိုင်အောင်သော ဝိပဿနာဘာဝနာစိတ်တို့ကား (ပုထုဇန်နှင့် သေက္ခ ပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ်) ဤမဟာကုသိုလ် မနောဒွါရိက ဇောစိတ်တို့သာ ဖြစ်ကြသည်။
在心路中,这些心执行速行作用。凡夫与有学者的心相续中,直至近行定的止修心,以及一直到紧邻圣道之前的种姓为止的观修心,都只是这些大善意门速行心。
မဟာဝိပါက်စိတ် (၈) မျိုး
八种大果报心
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊ ၃။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၄။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊ ၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊ ၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊ ၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊ ဤသည်တို့ကား အထက်ပါ မဟာကုသိုလ်စိတ်တို့၏ အကျိုးဖြစ်သော = အတိတ်က ပြုစုပျိုးထောင်ခဲ့သော မဟာကုသိုလ်ကံကြောင့် ဤဘဝဝယ် ဣဋ္ဌာရုံ အတိဣဋ္ဌာရုံ ဟူသည့် မွန်မြတ်သော အလိုရှိအပ် နှစ်သက် မြတ်နိုး အပ်သော အာရုံတို့နှင့် တွေ့ကြုံရာဝယ် ဝီထိစိတ်တို့၏ အတွင်း၌ တဒါရုံကိစ္စကို ရွက်ဆောင်လျက်၊ ပဋိသန္ဓေ အခါဝယ် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်လျက်၊ ပဝတ္တိအခါဝယ် ဝီထိစိတ်တို့ မဖြစ်သည့်အခိုက်၌ ဘဝင်ကိစ္စကို
1.悦俱·智相应·无行大果报心;2.悦俱·智相应·有行大果报心;3.悦俱·智不相应·无行大果报心;4.悦俱·智不相应·有行大果报心;5.舍俱·智相应·无行大果报心;6.舍俱·智相应·有行大果报心;7.舍俱·智不相应·无行大果报心;8.舍俱·智不相应·有行大果报心。以上诸心是前述大善心之果:由于过去所培育的大善业,在今生遇到称为可意所缘、极可意所缘的殊胜、可欲、可喜、可爱所缘时,它们在心路中执行彼所缘作用,在结生时执行结生作用,并在生命转起期间没有路心生起之际执行有分作用——
ဆောင်ရွက်လျက်၊ ဘဝ၏ အဆုံးဝယ် စုတိကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာကြသော အကျိုးဝိပါက်စိတ် တို့တည်း။ တဒါရုံနာမ်တရားတို့ကို ရှုရာ၌လည်းကောင်း ပဋိသန္ဓေ ဘဝင် စုတိ နာမ်တရားတို့ကို ရှုရာ၌လည်း ကောင်း အသင်သူတော်ကောင်းကိုယ်တိုင် သိရှိအောင် သိမ်းဆည်းရမည့် နာမ်တရားတို့ပင် ဖြစ်ကြသည်။
——并在生命终结时执行死亡作用;它们就是这样生起的果报心。无论观照彼所缘名法,还是观照结生、有分、死亡名法,这些都是禅修者必须亲自把握、令自己如实了知的名法。
ရူပါဝစရ ကုသိုလ်စျာန်စိတ် (၄) မျိုး (စတုက္ကနည်း)
四种色界善禅心(四分法)
၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၅)ပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ် တစ်ပါး၊ ၂။ ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၃)ပါးနှင့် အတူတကွဖြစ်သော ဒုတိယစျာန် ကုသိုလ် စိတ် တစ်ပါး၊ ၃။ သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွဖြစ်သော တတိယစျာန်ကုသိုလ်စိတ် တစ်ပါး၊ ၄။ ဥပေက္ခာ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော စတုတ္ထစျာန်ကုသိုလ်စိတ် တစ်ပါး၊
1.与寻、伺、喜、乐、一境性5个禅支俱生的初禅善心一种;2.与喜、乐、一境性3个禅支俱生的第二禅善心一种;3.与乐、一境性2个禅支俱生的第三禅善心一种;4.与舍、一境性2个禅支俱生的第四禅善心一种。
原书第 71 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤသို့လျှင် စတုက္ကနည်းအားဖြင့် ရူပါဝစရကုသိုလ်စျာန်စိတ် (၄)ပါး ရှိပေသည်။ ဤစတုက္ကနည်း၌ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝိတက်နှင့် ဝိစာရ နှစ်ပါးတို့ကို ပြိုင်တူဖြုတ်၏၊ ကျော်လွှားသွား၏၊ ဉာဏ်ထက်မြက်သူ တိက္ခ ပညဝါ ပုဂ္ဂိုလ်တည်း။ အကယ်၍ ဉာဏ်မထက်မြက်ပါမူ ဝိတက်ကို သတ်သတ်ဖြုတ်၍ ဝိစာရကို သတ်သတ် ဖြုတ်၏။ ထိုသို့ တစ်လုံးစီ သတ်သတ်ဖြုတ်ခဲ့သော် ရူပါဝစရစျာန် ငါးပါး ဖြစ်သည်။ ဉာဏ်နုံ့သူ မန္ဒပုဂ္ဂိုလ်အတွက် တည်း။ ပဉ္စကနည်းတည်း။
如此,依四分法共有4种色界善禅心。在四分法中,瑜伽行者同时舍离、超越寻与伺,是利慧者。若慧不敏锐,则分别舍离寻与伺;如此逐一舍离,便有5种色界禅。这是为钝慧者所立的五分法。
ရူပါဝစရ ကုသိုလ်စျာန်စိတ် (၅) မျိုး (ပဉ္စကနည်း)
五种色界善禅心(五分法)
၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၅)ပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ် တစ်ပါး၊ ၂။ ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၄)ပါးနှင့် အတူတကွ ဖြစ်သော ဒုတိယစျာန် ကုသိုလ်စိတ် တစ်ပါး၊ ၃။ ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသောစျာန်အင်္ဂါ (၃)ပါးနှင့် အတူတကွ ဖြစ်သော တတိယစျာန်ကုသိုလ် စိတ် တစ်ပါး၊ ၄။ သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော စတုတ္ထစျာန်ကုသိုလ်စိတ် တစ်ပါး၊ ၅။ ဥပေက္ခာ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော ပဉ္စမစျာန် ကုသိုလ်စိတ် တစ်ပါး၊ ဤသည်တို့ကား ရူပါဝစရကုသိုလ်စျာန်စိတ်တို့တည်း။
1.与寻、伺、喜、乐、一境性5个禅支俱生的初禅善心一种;2.与伺、喜、乐、一境性4个禅支俱生的第二禅善心一种;3.与喜、乐、一境性3个禅支俱生的第三禅善心一种;4.与乐、一境性2个禅支俱生的第四禅善心一种;5.与舍、一境性2个禅支俱生的第五禅善心一种。以上就是色界善禅心。
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်၍ စတုက္ကနည်းအားဖြင့် စျာန် (၄)ပါး၊ ပဉ္စကနည်းအားဖြင့် စျာန်(၅)ပါးတို့ကို ရရှိထားသူ ဖြစ်ခဲ့ပါမူ ဤစျာန်နာမ်တရားတို့မှာလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပါဝင်ကြပေသည်။ အသင်သူတော်ကောင်းကိုယ်တိုင် သိမ်းဆည်းရှုပွားရမည့် နာမ်တရား တို့ပင် ဖြစ်ကြသည်။
若禅修者是止乘者,并已依四分法证得4种禅、依五分法证得5种禅,这些禅那名法也列入其观智的观照所缘清单,正是禅修者自己必须把握、观修的名法。
တစ်ဖန် အကယ်၍ အသင်သူတော်ကောင်းသည် သမာပတ် (၈)ပါးလုံးကို ရရှိနေသူဖြစ်ပါမူ အရူပစျာန် သမာပတ် (၄)ပါးတို့သည်လည်း အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ပင် ဖြစ်ကြပေသည်။
再者,若禅修者已经证得全部8等至,则4种无色禅等至也都是其观智的观照所缘。
အရူပါဝစရ ကုသိုလ်စျာန်တရား (၄) မျိုး
四种无色界善禅法
၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ် = အဆုံးအပိုင်းအခြား မရှိသော အာကာသ (= ကောင်းကင်ပညတ်) လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊ ၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနကုသိုလ် ဝိညာဏ် (= စိတ်)လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊ ၃။ အာကိဉ္စညာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း ''နတ္ထိဘောပညတ်''လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊ ၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ် = သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သော အာကိဉ္စညာယတန ကုသိုလ်စိတ်လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊
1.空无边处善心:以无边无际的空间(即虚空概念)为所缘的善心;2.识无边处善心:以空无边处善识(即心)为所缘的善心;3.无所有处善心:以空无边处识之不存在——即“不存在”这一概念(natthibhāva-paññatti)——为所缘的善心;4.非想非非想处善心:以无所有处善心为所缘,且其想微细到不能说有、也不能说无的善心。
原书第 72 页
〔ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသော အာကိဉ္စညာယတန ကုသိုလ်ခန္ဓာလျှင် တည်ရာအာရုံရှိသော စျာန်စိတ် ဟူလိုသည်။ သညာကို ဦးတည်၍ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်၏။ နေဝသညာနာသညာယတနသမာပတ် အတွင်း၌ တည်ရှိကြ ကုန်သော နာမ်တရား အားလုံးတို့သည်ပင် အလွန့်အလွန် သိမ်မွေ့ကြပေသည်။ ယင်းသမာပတ်များကို ရှုပွားပုံ စနစ်ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ မဟဂ္ဂုတ်ဝိပါက်နှင့် ကြိယာစိတ်တို့ကား အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ဤအချိန်အခါမျိုး၌ (တိဟိတ်ပုထုဇန်လူသားအဆင့်၌) ဖြစ်ခွင့်ရှိကြသော တရားများ မဟုတ်ကြခြင်း ကြောင့် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံစာရင်းတွင် မပါဝင်နိုင်သေးဟု မှတ်ပါ။〕 ဤဖော်ပြခဲ့ပြီးသော ---- ၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး ၂။ အဟိတ်စိတ် ---- ၁၇ - မျိုး ၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး
〔意即:这是以无所有处善蕴为所缘、没有粗重之想而只有极其微细柔和之想的禅心。佛陀是以想为主而作此开示;其实,非想非非想处等至中的一切名法都极其微细。关于这些等至的修习方法,参见止业处部分。广大果报心与广大唯作心,在现阶段——即尚处于人类三因凡夫的阶段——都不能生起于禅修者自己的心相续中,因此尚不能列入其观智的观照所缘清单。〕上述诸心为:1.12种不善心;2.17种无因心;3.8种大善心。
၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး ၅။ ရူပါဝစရ ကုသိုလ်စိတ် ---- ၅ - မျိုး (ပဉ္စကနည်း) ၆။ အရူပါဝစရ ကုသိုလ်စိတ် ---- ၄ - မျိုး အားလုံးပေါင်း (၅၄)မျိုးသော စိတ်တို့ကား တိဟိတ်ပုထုဇန်လူသား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ စိတ်အမျိုးအစားများ ဖြစ်ကြပေသည်။ ယင်းစိတ်တို့တွင် အကုသိုလ်စိတ်၊ အဟိတ်စိတ်၊ မဟာကုသိုလ်စိတ်၊ မဟာဝိပါက်စိတ်တို့ကား ကာမဘုံ၌ အဖြစ်များသောကြောင့် ကာမာဝစရစိတ်ဟူသော အမည်ကို ရရှိကြပေသည်။ ဟသိတုပ္ပါဒ်စိတ်နှင့် မဟာကြိယာစိတ် (၈)မျိုးတို့သည်လည်း ကာမာဝစရစိတ်ပင် ဖြစ်ကြသည်။ သို့သော် အသင်သူတော်ကောင်းအဖို့ ဝိပဿနာရှုရမည့် တရားများ မဟုတ်ကြသေးပေ။ အသင် သူတော်ကောင်း ရဟန္တာဖြစ်သွားသောအခါ၌သာ ဝိပဿနာရှုရမည့် တရားတို့ ဖြစ်ကြသည်။ တစ်ဖန် စိတ်တို့ မည်သည် စေတသိက်တို့နှင့် ကင်း၍ စိတ်ချည်းသက်သက် ဖြစ်ရိုးဓမ္မတာ မရှိကြသဖြင့် စိတ္တက္ခဏ တစ်ခု တစ်ခု
4.8种大果报心;5.5种色界善心(五分法);6.4种无色界善心。合计54种心,是作为人类三因凡夫的瑜伽行者之观智所观照的心类。其中,不善心、无因心、大善心与大果报心多生于欲界,所以称为欲界心;生笑心与8种大唯作心也都是欲界心,不过目前尚非禅修者所应观照之法,只有在禅修者成为阿罗汉时,才会成为所应观照之法。再者,心从来不会离开心所而单独生起;它在每一个心刹那中——
အတွင်းဝယ် စေတသိက်တို့နှင့်သာ အတူယှဥ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအားသာ ရှိကြသဖြင့် ဆက်လက်၍ စေတ- သိက်များ အကြောင်းကိုလည်း ဖော်ပြမည် ဖြစ်ပါသည်။
——都只能与心所相应而生。因此,接下来还要说明心所。
သို့သော် စေတသိက်တို့၏ အကြောင်းအရာကို မဖော်ပြမီ ယင်းစိတ်တို့ကို ဝိပဿနာရှုရန် မဟာသတိပဋ္ဌာန သုတ္တန် တွင် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
不过,在说明心所之前,先继续列出佛陀在《大念处经》中关于如何在观修中观照这些心的教导。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。