以不痴正知为重

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 441–442 页 · 12 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 441 页
အသမ္မောဟဓုရ
以不痴正知为重
တယိဒံ မဟာသီဝတ္ထေရေန ဝုတ္တံ အသမ္မောဟဓုရံ ဣမသ္မိံ သတိပဋ္ဌာနသုတ္တေ အဓိပ္ပေတံ။ သာမညဖလေ ပန သဗ္ဗမ္ပိ စတုဗ္ဗိဓံ သမ္ပဇညံ လဗ္ဘတိ။ တသ္မာ ဝိသေသတော ဧတ္ထ အသမ္မောဟသမ္ပဇညဿေဝ ဝသေန သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ သမ္ပဇာနကာရီ သမ္ပဇာနကာရီတိ စ သဗ္ဗပဒေသု သတိသမ္ပယုတ္တဿေဝ သမ္ပဇ- ညဿ ဝသေနတ္ထော ဝေဒိတဗ္ဗော။ ဝိဘင်္ဂပ္ပကရဏေ ပန ''သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပ- ဇာနော ပဋိက္ကမတီ''တိ ဧဝံ တာနိ ပဒါနိ ဝိဘတ္တာနေဝ။ (မ-ဋ္ဌ-၁-၂၇၄။) မဟာသီဝမထေရ်မြတ်ကြီးသည် မိန့်ဆိုတော်မူအပ်သော အသမ္မောဟဓုရ အမည်ရသော အသမ္မောဟ သမ္ပဇဥ်လျှင် ပြဓာန်းခြင်းရှိသော ဤသမ္ပဇဥ်ကို ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အလိုရှိအပ်ပေသည်။ သာ- မညဖလသုတ္တန်၌ကား သာတ္ထကသမ္ပဇဥ် သပ္ပါယသမ္ပဇဥ် ဂေါစရသမ္ပဇဥ် အသမ္မောဟသမ္ပဇဥ် --- ဟူသော သမ္ပဇဥ် လေးမျိုးလုံးကိုပင် ရရှိအပ်ပေသည်။ သာမညဖလသုတ္တန် ဒေသနာတော်ကား သာမညဖလ အမည်ရ
“大湿婆长老所说的这一‘以不痴正知为重’之旨,是本《念处经》所意指的;至于《沙门果经》,则可得四种正知。因此,应知此处的‘正知而行’,尤其只依不痴正知而说。所有‘正知而行、正知而行’的语句,其义都应依唯与念相应的正知来理解。《分别论》则把这些语句分析为:‘具念、正知而前进;具念、正知而退返。’”(《中部义注》1-274。)大湿婆大长老所说的 asammohadhura,就是以不痴正知为主;本《大念处经》所意指的正是这种正知。至于《沙门果经》,则四种正知——有益正知、适宜正知、行处正知与不痴正知——全都包括在内。这是因为《沙门果经》在开示名为“沙门果”的
သော ရဟန်းပြုခြင်းကြောင့် ရရှိနိုင်သော အကျိုးတရား မှန်သမျှကို ညွှန်ပြခြင်းလျှင် အလွန်အပိုင်းအခြားရှိ သောကြောင့် ဖြစ်၏။ မဟာသီဝမထေရ်မြတ်ကြီး၏ဝါဒ၌ အခြားမဲ့ အခြားမဲ့ ဣရိယာပုထ်၌ ဖြစ်ခဲ့ပြီးသော ရုပ်နာမ်တရားတို့ကို ထိုထို ဣရိယာပုထ် အခိုက်၌ပင် ချုပ်ပျက်ကုန်ဆုံးသွားမှုကို ဉာဏ်ဖြင့်မြင်အောင် ရှုပွား မှုကို သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ကြောင်းကို ယူ၍ ဖွင့်ဆိုထား၏။ ထိုဖွင့်ဆိုချက်ကို --- ဝိပဿနာစာရ = ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ၏ အစွမ်းဖြင့် ဖွင့်ဆိုထားသည်ဟု သိရှိပါလေ။
由出家为比丘所能获得的一切利益方面,范围极为广大。依大湿婆大长老之说,应当以智慧观见:在一个又一个威仪阶段生起的色法、名法,已经就在各自当时的威仪阶段灭尽。义注据此说明,能这样观修,便称为以正知智而行。应知这一解释是从 vipassanācāra——观智的行境、活动范围——这一角度而作的。
ထိုကြောင့် အထူးအားဖြင့် ဤမဟာသတိပဋ္ဌာနသုတ္တန်၌ အသမ္မောဟသမ္ပဇဥ်ဉာဏ်၏ အစွမ်းဖြင့်သာ လျှင် သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ သမ္ပဇာနကာရီ သမ္ပဇာနကာရီ = သမ္ပဇဥ်ဉာဏ် ဖြင့် ပြုလေ့ရှိ၏ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော စကားရပ်အားလုံးတို့၌ သတိနှင့် အမြဲယှဥ်နေသည် သာလျှင် ဖြစ်သော သမ္ပဇဥ်ဉာဏ်၏ အစွမ်းဖြင့် ဆိုလိုရင်း အနက်သဘောကို သိရှိပါလေ။ ဝိဘင်းကျမ်း၌ကား- ''သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ = သတိရှိလျက် သမ္ပဇဥ်ဉာဏ်ရှိလျက် ရှေ့သို့တက်၏၊ သတိရှိလျက် သမ္ပဇဥ်ဉာဏ်ရှိလျက် နောက်သို့ဆုတ်၏'' --- ဟု ဤသို့လျှင် ဤပုဒ်တို့ကို ဝေဖန်၍ ဟောကြားထားတော်မူပေသည်။ (မ-ဋ္ဌ-၁-၂၇၄။) ဤအထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဤမဟာသတိပဋ္ဌာနသုတ္တန်၌ကား အသမ္မောဟဓုရ အမည်ရသော အသမ္မောဟသမ္ပဇဥ်ဉာဏ်သည်သာလျှင် လိုရင်းပဓာန ဖြစ်၏၊ အသမ္မောဟ-
因此,应知在本《大念处经》中,“正知而行”尤其只依不痴正知智而说。对于一切反复出现的 သမ္ပဇာနကာရီ သမ္ပဇာနကာရီ——“正知而行、正知而行”——之语,其义都应依唯与念恒常相应的正知智来理解。《分别论》则把这些词分析开来,开示为:“သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ”——“具念、正知而前进;具念、正知而退返。”(《中部义注》1-274。)依照上述义注的解释,在本《大念处经》中,以不痴正知为重才是要义与核心;唯有以不痴
သမ္ပဇဥ်ကို ပဓာနထား၍ ရရှိအောင် ကြိုးစားအားထုတ်ပါမှ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပေသည်။
正知为主,努力使之成就,才称得上正知而行。
သို့သော် ယင်းအသမ္မောဟသမ္ပဇဥ်ဉာဏ်မှာ ထိုထို ဣရိယာပုထ် ကြီးကြီးငယ်ငယ် အခိုက်တို့၌ ဖြစ်ပေါ်နေကြသော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို သိနေသော = ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထွင်းဖောက် သိမြင်နေသော ဉာဏ်ပင် ဖြစ်သဖြင့် ဂေါစရသမ္ပဇဥ် အမည်ရသော ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ ရရှိလာသော သမာဓိနှင့် ကင်း၍ကား မဖြစ်နိုင်ပေ။ သမာဓိကိုကား ရှေးဦးစွာ ကြိုတင်၍ ထူထောင်ရမည် ဖြစ်သည်။ သို့သော် သမာဓိစခန်းလောက်တွင်သာ ရပ်တန့်မနေဘဲ အသမ္မောဟ- သမ္ပဇဥ်ဉာဏ်ကို ရရှိအောင် ဆက်လက် ကြိုးပမ်းမှသာလျှင် ထိုထို အမှုကိစ္စတို့၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပေသည်။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဤရေးသားနေဆဲ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ အသမ္မောဟသမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံအောင် ဤသို့ သိအောင် ရှုပါ။
然而,不痴正知智本身,就是在种种大小威仪活动中,了知当下生起的五蕴——也就是色法与名法——并以洞察智贯通至究竟法的智慧。因此,它不可能离开由行处正知所说的四十种业处中任一业处修习而得的定。必须先建立定,但不可只停留在定的阶段;唯有继续努力成就不痴正知智,才能在种种事务中称为正知而行。因此,瑜伽行者在目前正在讲述的名色分别智这一部分,应当依下列方法观照,以使不痴正知智圆满。
原书第 442 页
ဣရိယာပထပိုင်း၌
威仪部分
၁။ သွားလျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၂။ ရပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၃။ ထိုင်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၄။ အိပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး။
1.行时:五蕴=色、名二法;2.住时:五蕴=色、名二法;3.坐时:五蕴=色、名二法;4.卧时:五蕴=色、名二法。
သမ္ပဇဥ်ပိုင်း၌
正知部分
၁။ ရှေ့သို့တက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၂။ နောက်သို့ဆုတ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၃။ တည့်တည့်ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၄။ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၅။ ကွေးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၆။ ဆန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၇။ ဒုကုဋ် သင်္ကန်းကို ဝတ်ရုံရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၈။ သပိတ်ကို ကိုင်တွယ်သုံးဆောင်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၉။ သင်္ကန်းကို ဝတ်ရုံရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁ဝ။ စားရာ-သောက်ရာ-ခဲရာ-လျက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၁။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၂။ ဂတေ = သွားပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၃။ ဌိတေ = ရပ်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊
1.前进时:五蕴=色、名二法;2.退返时:五蕴=色、名二法;3.正视时:五蕴=色、名二法;4.旁视时:五蕴=色、名二法;5.屈曲时:五蕴=色、名二法;6.伸展时:五蕴=色、名二法;7.穿着僧伽梨〔双层大衣〕时:五蕴=色、名二法;8.持用钵时:五蕴=色、名二法;9.穿着、披覆袈裟时:五蕴=色、名二法;10.食、饮、嚼、尝时:五蕴=色、名二法;11.大小便利时:五蕴=色、名二法;12.gate,行后:五蕴=色、名二法;13.ṭhite,住后:五蕴=色、名二法;
၁၄။ နိသိန္နေ = ထိုင်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၅။ သုတ္တေ = အိပ်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၆။ ဇာဂရိတေ = အိပ်ရာမှ နိုးပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၇။ ဘာသိတေ = စကားပြောပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး၊ ၁၈။ တုဏှီဘာဝေ = ဆိတ်ဆိတ်နေပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး။
14.nisinne,坐后:五蕴=色、名二法;15.sutte,眠后:五蕴=色、名二法;16.jāgarite,觉后:五蕴=色、名二法;17.bhāsite,语后:五蕴=色、名二法;18.tuṇhībhāve,默后:五蕴=色、名二法。
ဤအသီးအသီးသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပရမတ်သို့ဆိုက် အောင် ပိုင်းခြားယူနိုင်ပါမှသာလျှင် အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိမည်၊ ယင်း အသမ္မောဟသမ္ပဇဥ်ဉာဏ်သည် သာလျှင် ဤမဟာသတိပဋ္ဌာနသုတ္တန် မဟာသတိပဋ္ဌာန်ကျင့်စဥ်၌ လိုရင်းပဓာန ဖြစ်ပေသည်။ သတိပဋ္ဌာန်တရား ကို လက်တွေ့ကျင့်နေသူတိုင်း သတိပြုရမည့် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ သတိပဋ္ဌာန်ကိုကား ကျင့်ပါ၏၊ သို့သော် သတိပဋ္ဌာန် မဖြစ်လျှင်၊ သမ္ပဇဥ်ပိုင်းကိုကား ကျင့်၏၊ သို့သော် သမ္ပဇဥ်ဉာဏ်ကို မရရှိပါလျှင် ''ပိုးသာကုန် ၍ မောင်ပုံစောင်းမတတ်''သည့်ကိန်းသို့ ဆိုက်ရောက်နေတတ်သည်၊ ပညာရှိ သူတော်ကောင်းအပေါင်းတို့ … အထူး သတိရှိသင့်လှပေသည်။
唯有能够逐一摄取这些五蕴——色法与名法——并以智慧分别至究竟法,才能获得不痴正知智。唯有这种不痴正知智,才是本《大念处经》所示大念处修行中的要义与核心。这是每一位实际修习念处的人都必须注意的一点。倘若说是修念处,却没有成就念处;说是修正知,却没有获得正知智,就可能落到缅甸俗谚所谓“丝弦耗尽,貌蓬(Maung Pone)仍不会弹竖琴”——徒费工夫而不得要领——的境地。诸位贤者善人,务须格外留意。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。