法随观处品(āyatanapabba)·第一阶段

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 533–535 页 · 23 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 533 页
အာယတန ပဗ္ဗ - အာယတနပိုင်း ပထမဆင့်
法随观处品(āyatanapabba)·第一阶段
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။
巴利《大念处经》引文(缅文转写,起):“ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။”译:“复次,诸比丘,比丘于内、外六处诸法中随观诸法而住。”
ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။
“诸比丘,比丘如何于内、外六处诸法中随观诸法而住?”
ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုဉ္စ ပဇာနာတိ၊ ရူပေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ၊ တဉ္စ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ (မ-၁-၇၈-၇၉။) ရဟန်းတို့ …တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး၊ အပြင် အာယတန (၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ …အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး၊ အပြင် အာယတန (၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း။
“诸比丘,于此,比丘了知眼,也了知诸色;了知缘于这二者而生起的结;也了知未生之结如何生起,已生之结如何断除,以及已断之结如何于未来不再生起。”(《中部》1-78—79。)缅释:“诸比丘……复次,瑜伽行比丘于内六处、外六处诸法中,反复随观诸法而住。诸比丘,瑜伽行比丘如何于内六处、外六处诸法中,反复随观诸法而住呢?”
ရဟန်းတို့ …ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် စက္ခုအကြည်ဓာတ်ကိုလည်း ဟုတ် မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။ ဗဟိဒ္ဓ စတုသမုဋ္ဌာနိက = အပြင်
“诸比丘……在此教法中,瑜伽行比丘依眼净色如实的自性特相,逐一分别了知眼净色。所谓‘ဗဟိဒ္ဓ စတုသမုဋ္ဌာနိက’(bāhiddha-catusamuṭṭhānika),是指外在,
原书第 534 页
ဗဟိဒ္ဓ ဖြစ်သော၊ ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်သော ရူပါရုံကိုလည်း ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။
即存在于外、由业、心、时节、食四因所生的色所缘;他也依其如实的自性特相,逐一分别了知这种色所缘。
ထို စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ပါးစုံကို အစွဲပြု၍ သံယောဇဥ် (၁ဝ)ပါး ဖြစ်ခြင်းကိုလည်း ကွဲကွဲပြား ပြား သိ၏။ မဖြစ်ပေါ်လာသေးသော သံယောဇဥ်တရား၏ ဖြစ်ပေါ်လာရန် အကြောင်းတရားကိုလည်း ကွဲကွဲ ပြားပြား သိ၏၊ ဖြစ်ပေါ်လာပြီးသော သံယောဇဥ်တရားကို ပယ်ရှားနိုင်ဖို့ရန် အကြောင်းတရားကိုလည်း ကွဲကွဲ ပြားပြား သိ၏။ ပယ်အပ်ပြီးသော သံယောဇဥ်တရား၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။
他也逐一分别了知:缘于眼净色与色所缘这二者,十种结如何生起;尚未生起之结的生起之因;已经生起之结的断除之因;以及已经断除之结以后不再生起而止息——即以不再生起之灭(anuppāda-nirodha)的性质止息——的因。”
(မ-၁-၇၈-၇၉။)
(《中部》1-78—79。)
သောတာယတန-သဒ္ဒါရုံ၊ ဃာနာယတန-ဂန္ဓာရုံ၊ ဇိဝှါယတန-ရသာရုံ၊ ကာယာယတန-ဖောဋ္ဌဗ္ဗာရုံ၊ မနာယတန-ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။
对于耳处与声所缘、鼻处与香所缘、舌处与味所缘、身处与触所缘、意处与法所缘,也以同样方式开示。
ပဇာနာတိ = ကွဲကွဲပြားပြား သိပုံ
如何分别了知(pajānāti)
စက္ခုံ ပဇာနာတီတိ စက္ခုပသာဒံ ယာထာဝသရသလက္ခဏဝသေန ပဇာနာတိ။ ရူပေ စ ပဇာနာတီတိ ဗဟိဒ္ဓါ စတုသမုဋ္ဌာနိကရူပဉ္စ ယာထာဝသရသလက္ခဏဝသေန ပဇာနာတိ။ (မ-ဋ္ဌ-၁-၂၉၂။) ယာထာဝသရသလက္ခဏဝသေနာတိ အဝိပရီတဿ အတ္တနော ရသဿ စေဝ လက္ခဏဿ စ ဝသေန၊ ရူပေသု အာဝိဉ္ဆနကိစ္စဿ စေဝ ရူပါဘိဃာတာရဟဘူတပသာဒလက္ခဏဿ စ ဝသေနာတိ အတ္ထော ။ ပ ။
“所谓‘了知眼’,是指依其如实的作用与特相了知眼净色;所谓‘也了知诸色’,是指依其如实的作用与特相了知外在、由四因所生的色所缘。(《中部义注》1-292。)‘依其如实的作用与特相’,是指依其自身不颠倒的作用与特相;就眼净色而言,其义是:依把诸心引向色所缘的作用,以及能承受色所缘撞击的四大种之明净性这一特相……(省略同文。)”
သရသလက္ခဏဝသေနာတိ စက္ခုဝိညာဏဿ ဝိသယဘာဝကိစ္စဿ စေဝ စက္ခုပဋိဟနနလက္ခဏဿ စ ဝသေ- နာတိ ယောဇေတဗ္ဗံ။ (မ-ဋီ-၁-၃၇၈။) စက္ခုပသာဒ = စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ်နှင့်တကွသော စက္ခုဒွါရဝီထိစိတ်အစဥ်ကို ရူပါရုံ ဘက်သို့ ဆွဲဆောင်ခေါ်ငင်ခြင်း လုပ်ငန်းကိစ္စ ရှိ၏။ ရူပါရုံ၏ ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။
“所谓‘依其作用与特相’,对于色所缘应配释为:依其作为眼识对象的作用,以及撞击眼净色的特相。”(《中部复注》1-378。)眼净色具有把包括眼识在内的眼门心路心相续牵引到色所缘一边的作用;其自性特相是能承受色所缘迎面撞击的四大种之明净性。
ရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း လုပ်ငန်းကိစ္စ ရှိ၏။ စက္ခုအကြည်ဓာတ်ကို ထိခိုက်ခြင်း သ- ဘောလက္ခဏာ ရှိ၏။
色所缘具有作为眼识所缘的作用;也具有撞击眼净色的自性特相。
ဤသို့လျှင် ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် ကိုယ်ပိုင်လုပ်ငန်းကိစ္စရသ အသီး အသီး ရှိ၏။ ယင်း လုပ်ငန်းကိစ္စရသနှင့် သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ သိမ်း ဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ပဇာနာတိ = ကွဲကွဲ ပြားပြားသိ၏ --- ဟု ဆိုရပေသည်။ သို့အတွက် ''ဒီလိုရှုလဲ ကျွဲကူးရေပါ အားလုံးပါသွားတာပဲ''ဟု ပြောဆို၍ မရနိုင်သည်ကိုကား သဘောပေါက်သင့်လှပေသည်။
如是,每一种究竟界法各有自身的自性特相,也各有自身的作用。只有把各法的作用与自性特相逐一分开分析,能够观照、能够摄取、能够以智分别,才可以说“pajānāti=逐一分别了知”。因此,应当明白:不能说“这样一观,就如水随牛过,所有法也都自然顺带包括了”。
ဖြစ်ကြောင်းတရားနှင့် ပယ်ကြောင်းတရား
生起之因与断除之因
တဉ္စ ကာရဏန္တိ သုဘနိမိတ္တပဋိဃနိမိတ္တာဒိဝိဘာဝံ ဣဋ္ဌာနိဋ္ဌာဒိရူပါရမ္မဏဉ္စေဝ တဇ္ဇာယောနိသောမန- သိကာရဉ္စာတိ တဿ တဿ သံယောဇနဿ ကာရဏံ။ ပ ။ ယေန ကာရဏေနာတိ ယေန ဝိပဿနာ- သမထဘာဝနာသင်္ခါတေန ကာရဏေန။ (မ-ဋီ-၁-၃၇၉။)
“所谓‘以及该因’,是指能显现为净相、嗔恚相等的可意、不可意等色所缘,以及对此相应的不如理作意;这就是各个结的因……所谓‘以何因’,是指称为毗婆舍那修习与止修习的因。”(《中部复注》1-379。)
原书第 535 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း နီဝရဏပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း သုဘနိမိတ် ပဋိဃနိမိတ် စသည်ကို ထင်ရှားပြတတ်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်ဖြင့် ခေါ်ဝေါ်သမုတ်အပ်သော အာရုံ (၆)ပါးတို့အပေါ်၌ ကာမရာဂသံယောဇဥ် ပဋိ- ဃသံယောဇဥ် စသော ထိုထိုသံယောဇဥ်များ ဖြစ်ပေါ်လာနိုင်လောက်အောင် နည်းမှား လမ်းမှားအားဖြင့် နှလုံး သွင်းခြင်း = အယောနိသောမနသိကာရသည်ကား သံယောဇဥ် (၁ဝ)ပါး ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားပင် ဖြစ်သည်။ ပ ။ အလားတူပင် သမထ ဝိပဿနာ ဘာဝနာဟု ခေါ်ဆိုအပ်သော ယောနိသော မနသိကာရသည်လည်း သံယောဇဥ် (၁ဝ)ပါးကို ပယ်ရှားနိုင်ဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားပင် ဖြစ် ပေသည်။ (မ-ဋီ-၁-၃၇၉။) အယောနိသောမနသိကာရကို အကြောင်းခံ၍ သံယောဇဥ် (၁ဝ)ပါး ဖြစ်ပေါ်လာပုံ ရှုကွက်ကို ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် သံယောဇဥ် (၁ဝ)ပါးကို ပယ်ရှားလိုပါက
如盖品中已经清楚说明的,对于六种所缘——即能显现净相、嗔恚相等,称为可意所缘、不可意所缘等——以错误方法作意,使欲贪结、嗔恚结等各类结足以生起;这种不如理作意正是十结生起的最切近因。……同样,称为止、观修习的如理作意,正是断除十结的最切近因。(《中部复注》1-379。)前面已经说明以不如理作意为因而令十结生起的观法。如果贤善者想要断除十结,
အာယတန (၁၂)ပါး = ရုပ်နာမ်တရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ အခြင်းအရာကို ဉာဏ်ဖြင့်ထွင်းဖောက် သိမြင်အောင် ကြိုးစား၍ ယင်းအာယတန (၁၂)ပါး = ရုပ်တရား နာမ်တရားတို့ကို အနိစ္စဟု၊ ဒုက္ခဟု၊ အနတ္တဟု၊ အသုဘဟု တွင်တွင်ကြီး နှလုံးသွင်းတတ်သော ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နေ့ညမစဲ လုံ့လသဲပါလေ။ ယင်းသို့ ကြိုးပမ်းခဲ့သော် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံးတွင် အဆင့် ဆင့်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်း အရိယမဂ်ဉာဏ်တို့က သံယောဇဥ် (၁ဝ)ပါးတို့ကို နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားအောင် အောက်ပါအတိုင်း အဆင့်ဆင့် ပယ်သတ်သွားမည် ဖြစ်ပေသည်။
便应努力以智透彻知见十二处——色法与名法——的无常、苦、无我、不净性质;对于这十二处,即色法与名法,应反复作意为无常、苦、无我、不净,日夜不懈地精进,持续修习这种如理作意。若这样精进,在成熟的观智末端,将依次生起圣道智与果智。这些圣道智将如下逐步断尽十结,使其以后不再生起而止息。
အနုပ္ပါဒနိရောဓ
不再生起之灭
၁။ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ --- ဤသံယောဇဥ် ငါးမျိုးကို သောတာပတ္တိ မဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ ယင်းသံယောဇဥ် ငါးပါးသည် သောတာပတ္တိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။
1.有身见、疑、戒禁取、嫉、悭这五种结,由预流道智无余断除。这五结由预流道智,以未来不再生起的方式止息。
၂။ ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂသံယောဇဥ် ပဋိဃသံယောဇဥ် နှစ်ပါးကို သကဒါဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ သကဒါဂါမိမဂ်ဉာဏ်ကြောင့် ယင်း ရုန့်ရင်းကြမ်းတမ်းသော သံယောဇဥ် နှစ်ပါးသည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။
2.粗重的欲贪结与嗔恚结这两种结,由一来道智无余断除。由于一来道智,这两种粗重结以未来不再生起的方式止息。
၃။ သိမ်မွေ့နူးညံ့သော ကာမရာဂသံယောဇဥ် ပဋိဃသံယောဇဥ် နှစ်ပါးကို အနာဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏၊ ယင်းသံယောဇဥ် နှစ်ပါးသည် အနာဂါမိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွား၏။
3.微细的欲贪结与嗔恚结这两种结,由不还道智无余断除。这两结由于不还道智,以未来不再生起的方式止息。
၄။ မာနသံယောဇဥ် ဘဝရာဂသံယောဇဥ် အဝိဇ္ဇာသံယောဇဥ် --- ဤ သံယောဇဥ် သုံးမျိုးကို အရဟတ္တမဂ် ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ ယင်း သံယောဇဥ် သုံးမျိုးသည် အရဟတ္တမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။ (မ-ဋ္ဌ-၁-၂၉၂-၂၉၃။)
4.慢结、有贪结、无明结这三种结,由阿罗汉道智无余断除。这三结由于阿罗汉道智,以未来不再生起的方式止息。(《中部义注》1-292—293。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。