极大所缘
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 40–51 页 · 111 个翻译单元
本页并入了原书的相邻小节:大所缘心路、微细所缘心路、第二空轮次、根本复注与随复注之说、有分断。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 40 页
အတိမဟန္တာရုံ
极大所缘
ရူပါရုံစသော ပဉ္စာရုံ = အာရုံ (၅)မျိုးသည် ဆိုင်ရာ ဒွါရ၌ ထင်သည့်အခါ ယင်းအာရုံ ရုပ်တရားတို့၏ ဖြစ်မှုက အလွန်လျင်မြန်သောကြောင့် ဖြစ်တုန်း လောလောဆယ်မှာ ဆိုင်ရာဒွါရ၌ မထင်လာနိုင်သေးဘဲ ဖြစ်ပြီး နောက် ဌီကာလသို့ ရောက်မှ ထင်နိုင်ကြသည်။ ဤသတ်မှတ်ချက်မှာလည်း ပဉ္စဒွါရ၌ ဆိုင်ရာအာရုံ ထင်မှုကိုသာ ရည်ညွှန်း၍ ပြောဆိုသောစကားဟု မှတ်ပါ။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဝိပဿက ယောဂါ- ဝစရပုဂ္ဂိုလ် ဖြစ်မူကား ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ဆိုက်ရောက်သောအခါ ယင်းသူတော်ကောင်း၏ မနောဒွါရဝယ် ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်များအားလုံး ထင်နိုင်သည်သာ ဖြစ်သည်။
当色所缘等五所缘显现于相应门时,由于作为所缘的色法生起极其迅速,它们在正在生起的当下还不能显现于相应门,必须生起完毕、进入住时才会显现。应知,这一规定只是针对五所缘在五门中的显现而言。至于修习观业处的观行禅修者,到了生灭智阶段,究竟法的生、住、灭三个阶段都能显现于其意门。
ထိုပဉ္စာရုံတို့ ပဉ္စဒွါရဝယ် ထင်ကြရာ၌ အာရုံနှင့် ဒွါရ စုံရုံမျှဖြင့် ထင်နိုင်ကြသည်ကား မဟုတ်။
这五种所缘显现于五门时,并非只有所缘与门两个条件具足便能显现。
၁။ စက္ခုဒွါရဝယ် ရူပါရုံ ထင်လာရာ၌ အာလောက (= အရောင်အလင်း)လည်း ရှိပါမှ ထင်နိုင်သည်။
1.色所缘显现于眼门,还必须有光明,才能显现。
၂။ သောတဒွါရဝယ် သဒ္ဒါရုံ ထင်လာရာ၌ သောတဒွါရနှင့် သဒ္ဒါရုံ၏ အကြားဝယ် အာကာသအကြားအပေါက် ရှိပါမှ ထင်နိုင်သည်။
2.声所缘显现于耳门,还必须在耳门与声所缘之间有空间间隙,才能显现。
၃။ ဃာနဒွါရဝယ် ဂန္ဓာရုံ ထင်လာရာ၌ ဝါယောဓာတ် (= လေ) ဟူသော သယ်ဆောင်တတ်သော ဓာတ်၏ အထောက်အပံ့ကို ရပါမှ ထင်လာနိုင်သည်။
3.香所缘显现于鼻门,还必须得到能携带气味的风界——即空气——支持,才能显现。
၄။ ဇိဝှါဒွါရဝယ် ရသာရုံ ထင်လာရာ၌ အာပေါဓာတ် (= ရေဓာတ် = ရသာရည်ဓာတ်) ဟူသော အထောက် အပံ့ကို ရပါမှ ထင်လာနိုင်သည်။
4.味所缘显现于舌门,还必须得到水界——即水性、味液——支持,才能显现。
၅။ ကာယဒွါရဝယ် ဖောဋ္ဌဗ္ဗာရုံ ထင်လာရာ၌ ပထဝီဓာတ်၏ အထောက်အပံ့ကို ရရှိပါမှ ထင်လာနိုင်သည်။
5.触所缘显现于身门,还必须得到地界支持,才能显现。
ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ (= ကာယဒွါရ)၌ ထိခိုက်သည့်အခါ ကာယပသာဒတွင်သာ တန့်ရပ်မနေ၊ ကာယပသာဒ၏မှီရာ မဟာဘုတ်တို့ကိုလည်း ထိခိုက်လေ၏၊ ထိုမဟာဘုတ်များတွင်ကား ပထဝီဓာတ်သည် အချုပ်အခြာ အမာခံတည်း။ ထိုကြောင့် ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရဝယ် ထင်လာရာ၌ ပထဝီဓာတ်သည် အရေးကြီးသော အထောက်အပံ့ တစ်ခုပေတည်း။ (ကာယပသာဒနှင့် ကလာပ်တူ ပထဝီဓာတ်ကိုသာ ဆိုလိုသည်။) စိတ်တို့၌ ဖြစ်မှု တည်မှု ပျက်မှု (= ဥပါဒ်-ဌီ-ဘင်)ဟု ခဏငယ် သုံးချက်စီ အသီးအသီး ရှိ၏။ ယင်းခဏငယ် သုံးခုတို့၏ အပေါင်းကို စိတ္တက္ခဏတစ်ခု စိတ္တက္ခဏတစ်ချက်ဟု ခေါ်၏။ ရုပ်တို့သည် အထူးသဖြင့် ရူပါရုံ စသော ရုပ်အစစ် (၁၈)မျိုးတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှိကြ၏။ ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်း ရှည်ကြ၏။ နာမ်နှင့် ရုပ်တို့သည် ဥပါဒ်ကာလချင်း ဘင်ကာလချင်း၌ အချိန်ခဏ ကွဲပြားမှု မရှိ တူညီကြ၏။
触所缘撞击身净色(身门)时,并不只停在身净色,也撞击身净色所依的诸大种;在这些大种中,地界是主要的坚实基础。因此,触所缘显现于身门时,地界是重要的支持条件。(这里只指与身净色同在一个色聚中的地界。)每一个心都有生起、住立、坏灭三个小刹那;这三个小刹那合称一个心刹那。色法,特别是色所缘等十八种真实色,寿命为十七个心刹那,也就是五十一个小刹那。名法与色法的生时彼此等长,坏灭时也彼此等长,刹那时长并无差别。
ဌီကာလ၌သာလျှင် ရုပ်တို့က စိတ္တက္ခဏပေါင်း (၁၆)ချက်နှင့် ခဏငယ်တစ်ချက် သက်တမ်းရှည်ကြ၏။ တစ်နည်း ဆိုသော် ရုပ်တို့၏ ဌီကာလသည် စိတ်တို့၏ ခဏငယ် (၄၉)ချက်နှင့် အချိန်ကာလချင်း ညီမျှကြ၏။
色法的住时长达十六个心刹那又一个小刹那。换言之,色法的住时等于心的四十九个小刹那。
နာမ်တရားတို့တွင် စိတ်သည် ပဓာန ဖြစ်၏၊ ထို ပဓာနဖြစ်သော စိတ်သည် အာရုံကို ရယူခြင်း သဘောမျှ သာတည်း။ အာရုံကို ထင်ရှားအောင် ပြုလုပ်ခြင်းဖြင့် အာရုံကို ရယူသည်နှင့် တစ်ပြိုင်နက် စိတ်ဟူသော သဘာဝ ဓမ္မသည် ချုပ်ပျက်ရ၏၊ စိတ်ချုပ်လျှင် နောက်လိုက် စေတသိက်များလည်း ချုပ်ရတော့သည်။ သို့အတွက် နာမ် တရားတို့သည် အသက်တို၏၊ လျင်မြန်သော ပြောင်းလဲမှု ရှိ၏၊ အာရုံကို ရယူခြင်းဟူသော လိုအပ်သော အကျိုး၏ ပြီးစီးပြည့်စုံသည်၏ အခြားမဲ့၌သာလျှင် ချုပ်တတ်သောသဘော ရှိသောကြောင့် လျင်မြန်သော ပြောင်းလဲမှု ရှိ၏။ ။ ရုပ်တရားတို့တွင် မဟာဘုတ်များသည် ပဓာနဖြစ်၏၊ ထိုမဟာဘုတ်တို့သည် လေးဆေးသောသဘော
在名法中,心是主导。作为主导的心,其本性只是取得所缘;一通过使所缘明了而取得所缘,心这一自然法便随即坏灭;心坏灭,伴随它的心所也一并坏灭。因此,名法寿命很短,变化迅速:它们一完成取得所缘这一所需作用,便无间坏灭。色法中,诸大种是主导;诸大种的本性迟缓——
原书第 41 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ရှိရကား မဟာဘုတ်ကို မှီ၍ ဖြစ်ကြရသည့် တွဲဖက် ဥပါဒါရုပ်တို့သည်လည်း မဟာဘုတ်ကဲ့သို့ပင် အသက်ရှည်ကြ ရလေသည်။ (အနုဋီ-၂-၂၉။) ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခုအကြည်ဓာတ် အားကောင်းခြင်း၊ ရူပါရုံ၏ ထင်ရှားခြင်း၊ အလင်းရောင် အားကောင်းခြင်းဟူသော ဆိုင်ရာ အကြောင်းတရားများ အားကောင်းလျှင် စိတ္တက္ခဏ တစ်ချက်ခန့် အလွန်တွင် ယင်းရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူ ထင်လာနိုင်၏။
——所以,依大种而生的所造色,也像大种一样寿命较长。(《随复注》2-29。)色所缘生起后进入住时;若眼净色强、色所缘明显、光明充足等相应因缘都强盛,那么大约经过一个心刹那,该色所缘便能同时显现于眼门和意门。
ယင်းပသာဒ၊ အာရုံ၊ အာလောကစသော အကြောင်းတို့တွင် တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ၊ သုံးခုလုံးဖြစ်စေ ညံ့နေလျှင် ညံ့သည့်အလိုက် ယင်းရူပါရုံသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လေးချက်ခန့် စသည်လွန်၍ ဌီကာလသို့ အတော်ခပ်ကြာကြာ ရောက်ရှိပြီးပါမှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်လည်း ရှိ၏။ (စိတ္တက္ခဏ နှစ်ချက်လွန်မှ သုံးချက်ခန့်စသည်လွန်မှသာ ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခု ဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်ဟု အတိအကျဆိုသောစကား မဟုတ်သည်ကိုကား သတိပြုပါ။) ၁။ အကယ်၍ ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ခိုက် စိတ္တက္ခဏတစ်ချက်အလွန်တွင် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူထင်ခြင်းသို့ ရောက်ရှိလာသည် ဖြစ်အံ့၊ ထိုနောင် ဘဝင်နှစ်ကြိမ် လှုပ်ပြီးသည်ရှိသော် ဘဝင်အယဥ်ကို ဖြတ်၍ လည်စေ၍ ထိုရူပါရုံကိုပင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်
如果净色、所缘、光明等条件中的一种、两种或三种全都较弱,随其弱势,色所缘也可能在生起后约经过两、三、四个心刹那等、进入住时较久之后,才显现于眼门和意门。(应注意,这不是在严格断言:色所缘必须经过两、三、四个心刹那等才进入住时,之后才能显现于眼门和意门。)1.假如色所缘在生起后进入住时、约过一个心刹那,便同时显现于眼门与意门,那么随后两次有分——有分波动与有分断——生起;有分流被截断后,使心转向该色所缘的五门转向心便生起——
ပြီးနောက် ချုပ်ပျက်သွား၏။
——而后坏灭。
၂။ ထိုနောင် ထိုပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်၊ ၃။ ထိုရူပါရုံကိုပင်လျှင် လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်သည်၊ (ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်၍ စက္ခုဝိညာဏ်သည် ယူအပ်ပြီးသော ရူပါရုံကိုပင်လျှင် လွှတ်မပစ်လိုက်ဘဲ လက်သင့်ခံထားသကဲ့သို့ ဖြစ်သောစိတ် ဟူလိုသည်။) ၄။ ထိုရူပါရုံကိုပင်လျှင် စူးစမ်းသော သန္တီရဏစိတ်သည်၊ (ဧည့်သည်အသစ် ရောက်သည့်အခါ အိမ်မှာ လက်သင့် ခံပြီးနောက် ''လူကောင်းလေလား လူဆိုးလေလား''ဟု စုံစမ်းသကဲ့သို့ သမ္ပဋိစ္ဆိုင်းစိတ်က လက်သင့်ခံ ထားသော ရူပါရုံကိုပင်လျှင် ''ဣဋ္ဌ အခြင်းအရာ = ကောင်းသော အရသာ ရှိလေသလား၊ အနိဋ္ဌ အခြင်း အရာ = မကောင်းသော အရသာ ရှိလေသလား''ဟု စုံစမ်းနှိုင်းချိန်သကဲ့သို့ ဖြစ်သောစိတ်ဟု ဆိုလိုသည်၊၊) ၅။ ထိုရူပါရုံကိုပင်လျှင် အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သော ဝုဋ္ဌောစိတ်သည် ---- (သန္တီရဏစိတ်က
2.紧接五门转向坏灭之后,缘同一色所缘而见的眼识心生起;3.领受同一色所缘的领受心生起。(意为:五门转向已经转向、眼识已经取得的色所缘,领受心仿佛不让它失去而承接下来。)4.推度同一色所缘的推度心生起。(犹如家中接待一位新客后,再考察“这是好人还是坏人”,领受心所接下的色所缘也由推度心权衡:它是可意的、滋味良好,还是不可意的、滋味不良。)5.对同一色所缘分别界定、作出确定的确定心——(推度心——
စုံစမ်းပြီးနောက် အာရုံကို ဣဋ္ဌ အခြင်းအရာ = သာယာဖွယ်ဟူ၍လည်းကောင်း၊ အနိဋ္ဌ အခြင်းအရာ = မသာယာဖွယ်ဟူ၍လည်းကောင်း အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သောစိတ်ဟု ဆိုလိုပေသည်၊၊) ဤသို့လျှင် ဤစိတ်တို့သည် အစဥ်အတိုင်း ဖြစ်ကြကုန်၍ ချုပ်ပျက်သွားကြကုန်၏။
——推度之后,确定心分别界定、判定该所缘为可意而令人愉悦,或不可意而不令人愉悦。)这些心就这样依次生起,而后坏灭。
၆-၁၂။ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် (၂၉)မျိုးသော ကာမဇောတို့တွင် ယောနိသောမနသိကာရ = နှလုံး သွင်းမှန်မှု၊ အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှု စသော အကြောင်းအထောက်အပံ့ကို ရရှိသော တစ်မျိုးမျိုးသော ဇောသည် ယေဘုယျ = များသောအားဖြင့် (၇)ကြိမ် စောလေ၏။
6—12.确定心坏灭后,在二十九种欲界速行中,得到如理作意——即正确作意——或不如理作意——即错误作意——等因缘支持的某一种速行,通常生起七次。
၁၃-၁၄။ ဇောနောက်သို့ အစဥ်လိုက်တတ်ကုန်သော ဇောယူထားသည့် အာရုံကိုပင် ဆက်လက် အာရုံယူကြ ကုန်သော နှစ်ကြိမ်ကုန်သော တဒါရုံ ဝိပါက်စိတ်တို့သည်လည်း ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။
13—14.随后,两次彼所缘异熟心也依相应情形生起;它们随在速行之后,继续取速行所取的同一所缘。
ထိုနောင် ဘဝင်ကျပြန်လေသည်။
此后又落入有分。
原书第 42 页
ဤသို့လျှင် ---- ၁။ အတီတဘဝင် = လွန်သောဘဝင် (၁) ကြိမ်၊ ၂။ ဘဝင်္ဂစလန = လှုပ်သောဘဝင် (ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ) (၂) ကြိမ်၊ ၃။ ဝီထိစိတ် (၁၄) ကြိမ်၊ အားလုံးပေါင်းသော် စိတ္တက္ခဏ (၁၇)ချက် ဖြစ်၏။
如此依次有:1.过去有分,即已经过去的有分,一次;2.两次有分,即有分波动与有分断;3.路心十四次。合计十七个心刹那。
အတီတဘဝင်၏ဥပါဒ်နှင့် ပြိုင်၍ ဖြစ်လာသော ရူပါရုံသည် ဒုတိယတဒါရုံသို့ ရောက်သောအခါ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သဖြင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ ချုပ်၏။ ဤသို့လျှင် ဝီထိစိတ် အဝင်အပါ ဒုတိယတဒါရုံသို့ တိုင်အောင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိသော ရူပါရုံသည် အတိမဟန္တာရုံ မည်၏။
与过去有分的生起同时生起的色所缘,到达第二彼所缘时,正好满十七个心刹那的寿命,便与第二彼所缘的坏灭同时坏灭。这样,寿命为十七个心刹那、其间包括路心直至第二彼所缘的色所缘,称为“极大所缘”。
ယင်းဝီထိစိတ်အစဥ်ကိုလည်း အတိမဟန္တာရုံ ဝီထိ ဟုပင် ခေါ်ဆိုပေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။) ဤဖွင့်ဆိုချက်အရ ဤဝီထိစဥ်ကို အောက်ပါအတိုင်း အတိုကောက် မှတ်သားထားလေရာသည်။
该路心相续也称为“极大所缘心路”。(《摄阿毗达磨义论》。)依照这一解释,应把这条心路简记如下。
အတိမဟန္တာရုံ ဝီထိ
极大所缘心路
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ တ တ ဘ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
过去有分 有分波动 有分断 五门转向 眼识 领受 推度 确定 速行 速行 速行 速行 速行 速行 速行 彼所缘 彼所缘 有分
生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭 生·住·灭
၁။ တီ = အတီတဘဝင် = လွန်သောဘဝင်
1.过=过去有分=已经过去的有分
၂။ န = ဘဝင်္ဂစလန = လှုပ်သောဘဝင်
2.波=有分波动=发生波动的有分
၃။ ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင်
3.断=有分断=停止的有分
၄။ ပ = ပဉ္စဒွါရာဝဇ္ဇန်း
4.五=五门转向
၅။ စ = စက္ခုဝိညာဏ်
5.眼=眼识
၆။ သံ = သမ္ပဋိစ္ဆိုင်း
6.领=领受
၇။ ဏ = သန္တီရဏ
7.推=推度
၈။ ဝု = ဝုဋ္ဌော
8.定=确定
၉-၁၅။ ဇ = ဇော (၇) ၁၆-၁၇။ တ = တဒါရုံ (၂)
9—15.速=速行(七次);16—17.彼=彼所缘(两次)
။ ဘ = ဘဝင်
有=有分
ဇော ဟူသည်
所谓速行
အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့် ဇောမည်၏၊ ထိုကြောင့် အကြိမ်နည်းသည် ဖြစ်စေ များသည် ဖြစ်စေ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် ဖြစ်ပေါ်လာသော စိတ်ကို ဇောစိတ်ဟု ခေါ်၏၊ မဂ်ဇော အဘိညာဏ်ဇောတို့သည် တစ်ကြိမ်သာ ဖြစ်သော်လည်း တစ်ကြိမ်ဆိုရလောက်အောင် အဟုန်အရှိန် ရှိကြ၏။
因以强劲势力生起,故称“速行”。所以,无论生起次数少或多,凡以强劲、猛烈势力生起的心,都称为速行心。道速行与神通智速行虽然各只生起一次,却具足堪称一次速行的强大势力。
ဘဝင်စိတ်တို့ကား အကြိမ်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ပါသော်လည်း အဟုန်အရှိန် မရှိကြ၊ ထိုဇောစိတ်တို့၏ ကိစ္စကား အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားခြင်းပင်တည်း။
有分心虽然多次连续生起,却没有这种强劲势力;速行心的作用,则是充分体验所缘的滋味。
ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ။
“在欲界速行心路中,欲界速行生起七次,或只生起六次。”
(အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိပိုင်း၊ ဇဝနဝါရ။)
(《摄阿毗达磨义论·心路摄·速行节》。)
原书第 43 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဝေါဋ္ဌဗ္ဗနာနန္တရံ ပန သစေ မဟန္တံ ဟောတိ ရူပါဒိအာရမ္မဏံ။ ပ ။ ဆ သတ္တ ဝါ ဇဝနာနိ ဇဝန္တိ။ ဧသော တာဝ ပဉ္စဒွါရေ နယော။ (ဝိသုဒ္ဓိ-၂-၈၉။) ဆ သတ္တ ဝါတိ ဝါ-သဒ္ဒေန ''ပဉ္စ ဝါ''တိ ဣဒမ္ပိ ဝုတ္တမေဝါတိ ဒဋ္ဌဗ္ဗံ။ သုတ္တမုစ္ဆိတာဒိကာလေ ဟိ ပဉ္စပိ ဇဝနာနိ ဇဝန္တီတိ။ (မဟာဋီ-၂-၁၃၃။) မရဏကာလာဒီသု ပန ပဉ္စဝါရမေဝ။ (အဘိဓမ္မတ္ထသင်္ဂဟ။) ဤအထက်ပါ အရပ်ရပ်သော အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ ကာမဇောတို့သည် ယေ ဘုယျအားဖြင့် ဇောစိတ်တစ်မျိုးတည်းပင် (၇)ကြိမ် ထပ်၍ ဖြစ်တတ်၏။ (၆)ကြိမ်စောသော အရာလည်း ရှိ၏။
“然而,在确定之后,如果色等所缘是大所缘……便有六个或七个速行生起。这是先就五门而说。”(《清“‘六个或七个’一句中的‘或’字,也已含摄‘或五个’;应当如此理解。因为在睡眠、昏厥等时候,也有五个速行生起。”(《大复注》2-13“但在临终等时候,唯有五次。”(《摄阿毗达磨义论》。)依上述各义注、复注的解释,欲界速行一般是同一种速行心连续生起七次;也有只生起六次的情形。
ဤကား ပကတိရိုးရာအခါတည်း။ သေခါနီးအခါ၊ အိပ်ပျော်နေသောအခါ၊ မေ့မျောနေသောအခါ၊ ရေနစ် နေသောအခါ စသည်တို့၌ (၅)ကြိမ် စောသည်လည်း ရှိတတ်သေး၏။
这是平常、自然的情形。在临终、睡眠、昏厥、溺水等情况下,也有只生起五次的情形。
တဒါရုံ ဟူသည်
所谓彼所缘
တဒေတံ ဇဝနာဝသာနေ ဘဝင်္ဂဿ အာရမ္မဏေ ပဝတ္တနာရဟံ သမာနံ တဿ ဇဝနဿ အာရမ္မဏံ အာရမ္မဏံ ကတွာ ပဝတ္တတ္တာ တဒါရမ္မဏန္တိ ဝုစ္စတိ။ ဧဝံ ဧကာဒသန္နံ ဝိပါကဝိညာဏာနံ တဒါရမ္မဏဝသေန ပဝတ္တိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၉ဝ။) ဇောက အာရုံ၏ အရသာကို ပို၍ ပိုင်ပိုင်နိုင်နိုင် ခံစားပြီး ဖြစ်သောကြောင့် ဇော၏ အဆုံးတွင် ဝိပါက် ဝိညာဏ်သည် ဘဝင်ကိစ္စ တပ်လျက် ဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္န ဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ထိုက်သလို အာရုံ ပြုလျက် ဖြစ်သင့်သော်လည်း ---- တသွင်သွင် အောက်သို့ စီးဆင်းနေသော ရေအယဥ်သည် အဟုန်ပြင်းစွာ အထက်သို့ ဆန်တက် ခုတ်မောင်းလာသော လှေ (သင်္ဘော) ၏ နောက်သို့ အနည်းငယ် လိုက်ပါသွားသကဲ့သို့ ထို့အတူ အဟုန်ကောင်းသော ဇောနောက်သို့ နှစ်ကြိမ်ခန့် တဒါရုံကိစ္စတပ်လျက် ယင်း ဝိပါက်ဝိညာဏ်သည်
“这一心原本适宜在速行终了时缘取有分的所缘而生起;然而,因为它缘取该速行的所缘而生起,所以称为‘彼所缘’。应知,十一种果报识即以这种方式执行彼所缘作用而生起。”(《清净道论》2-90。)速行已经更为有力、充分地体验了所缘之味。因此,在速行终了时,果报识原本应执行有分作用,依其所宜缘取有分的所缘——也就是过去世临终时临死速行所取的业、业相、趣相三者之一。然而,犹如不断向下流的水流,会略微随着一艘强力逆流而上的船航行一段;同样,果报识也会随着势力强盛的速行,在其后约两次执行彼所缘作用而——
လိုက်ပါသွားရလေ၏။ ထိုကြောင့်ပင် ဘဝင်စိတ်၏ ယူရိုးယူစဥ် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုး တို့တွင် တစ်မျိုးမျိုးကို မယူတော့ဘဲ ဇော၏နောက်သို့ လိုက်၍ ဇော၏အာရုံကို ယူသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိလေသည်။ ယင်းတဒါရုံသည် နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်တတ် ပေသည်။ ယင်းတဒါရုံသည် ---- ၁။ မိမိ၏ ရှေးက ဇောသည် ကာမဇောဖြစ်ခြင်း၊ ၂။ တဒါရုံ ဖြစ်ရာ သတ္တဝါသည် ကာမသတ္တဝါ ဖြစ်ခြင်း၊ ၃။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ၊ မနောဒွါရ၌ ဝိဘူတာရုံဟူသော ကာမအာရုံ ဖြစ်ခြင်း၊ (ရုပ် ၂၈-ပါးနှင့် ကာမစိတ်စေတသိက်တို့ကို ကာမအာရုံဟု ဆိုလိုသည်။) ဤအကြောင်းသုံးမျိုး စုံညီပါမှ ဇောနောင်၌ ယင်းတဒါရုံ ကျနိုင်သည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ-၂-၈၉-၉ဝ။)
——随行。因此,它不再缘取有分心通常缘取的业、业相、趣相三种所缘之一,而是跟随速行,缘取速行的所缘,故得名“彼所缘”。彼所缘可以生起两次,也可以生起一次。须知,只有以下三项条件齐备,彼所缘才能在速行之后生起:1.在它之前生起的速行是欲界速行;2.彼所缘所生起的有情是欲界有情;3.所缘是欲界所缘,即五门中的极大所缘,或意门中的清晰所缘(这里所说的欲界所缘,是指二十八种色法以及欲界心、心所)。(《清净道论》2-89—90。)
နှစ်ကြိမ် - တစ်ကြိမ်
两次或一次
ဒွိက္ခတ္တုံ သကိံ ဝါတိ ဝစနသိလိဋ္ဌဝသေန ဝုတ္တံ ''အဋ္ဌ ဝါ ဒသ ဝါ''တိအာဒီသု ဝိယ။ ဒွိက္ခတ္တုံယေဝ ပန ဝဏ္ဏေန္တိ။ (မဟာဋီ-၂-၁၃၄။)
“‘两次或一次’是为了使文辞顺畅而说,犹如‘八或十’等说法;然而,诸师解释为只生起两次。”(《大复注》2-134。)
原书第 44 页
တဒါရုံ နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်၏ဟု (ဝိသုဒ္ဓိ-၂-၉ဝ) အဋ္ဌကထာ က ဖွင့်ဆိုခြင်းသည် ဝစနသိလိဋ္ဌ = စကားပြေပြစ် ချောမောရန်အတွက်သာ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော် မူခြင်း ဖြစ်သည်။ တဒါရုံသည် နှစ်ကြိမ်သာလျှင် ဖြစ်ရိုးရှိကြောင်း ဆရာမြတ်တို့ ဖွင့်ဆိုတော်မူကြကုန်သည်။
《清净道论》2-90 说彼所缘可以生起两次或一次,只是义注师为了使文辞流畅优美(vacanasiliṭṭha)而作的表述;诸大德导师则解释,彼所缘按常法只生起两次。
(မဟာဋီ-၂-၁၃၄။)
(《大复注》2-134。)
ဣဒံ ဒွေ နာမာနိ လဘတိ ပဋသန္ဓိစိတ္တသဒိသတ္တာ မူလဘဝင်္ဂန္တိ စ၊ ယံ ဇဝနေန ဂဟိတံ အာရမ္မဏံ၊ တဿ ဂဟိတတ္တာ တဒါရမ္မဏန္တိ စ။ (အဘိ-ဋ္ဌ-၁-၃၁ဝ။) ဤစိတ်သည် ပဋိသန္ဓေစိတ်နှင့် တူသော ဝိပါက်စိတ်ဖြစ်ခြင်းကြောင့် မူလဘဝင်ဟူသော အမည်ကိုလည်း ရရှိ၏၊ ဇောယူသည့် အာရုံကို ယူသောကြောင့် တဒါရုံဟူသော အမည်ကိုလည်း ရရှိ၏။ (အဘိ-ဋ္ဌ-၁-၃၁ဝ။) 〔ဤ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား ပဋိသန္ဓေစိတ်နှင့် အလားတူသော တဒါရုံကိုသာ ရည်ညွှန်း ထားသည်ဟု မှတ်ပါ။ ပဋိသန္ဓေက တိဟိတ် သောမနဿပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ်သောမနဿ တဒါရုံဖြစ်မှ၊ ပဋိသန္ဓေက တိဟိတ် ဥပေက္ခာပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ် ဥပေက္ခာတဒါရုံဖြစ်ပါမှ မူလဘဝင်ဟူသော အမည်၊ တဒါရုံဟူသော အမည် - အမည် နှစ်မျိုးကို ရနိုင်သည်။ ပဋိသန္ဓေနှင့် မတူသော တဒါရုံဖြစ်က မူလဘဝင်ဟူသော အမည်ကို မရနိုင်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။〕
“此心获得两个名称:因为它与结生心相似,称为‘根本有分’;又因为它缘取速行所取的所缘,称为‘彼所缘’。”(《殊胜义注》1-310。)缅文释义说:此心因为是与结生心相似的果报心,也获得“根本有分”之名;又因为缘取速行所取的所缘,也获得“彼所缘”之名。(《殊胜义注》1-310。)〔应知,《殊胜义注》的这一解释只针对与结生心相似的彼所缘。若结生是三因悦俱结生,彼所缘也必须是三因悦俱彼所缘;若结生是三因舍俱结生,彼所缘也必须是三因舍俱彼所缘。只有如此,它才能同时获得“根本有分”和“彼所缘”两个名称。若彼所缘与结生不同,就不能获得“根本有分”之名。其余情形应依此类推。〕
ယောနိသောမနသိကာရ
如理作意
ယင်း အတိမဟန္တာရုံဝီထိဝယ် ---- ဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် ဇောစောသည်ရှိသော်၊ ရူပါရုံက ကာမ အာရုံ ဖြစ်သောကြောင့် ကာမဇောများသာ စောခွင့်ရှိသည်။ မဟဂ္ဂုတ်ဇော လောကုတ္တရာဇောတို့ကား ကာမ တရားကို အာရုံ မပြုနိုင်ကြပေ။ ကာမဇော စောရာ၌ ဝီထိစဥ်တစ်ခုအတွင်းဝယ် ဇောအမျိုးအစား များစွာ စောမည်ကား မဟုတ်၊ ကာမဇော (၂၉)မျိုးတို့တွင် အကြောင်းသင့်ရာ ဇောတစ်မျိုးမျိုးသာ စောခွင့် ရရှိနိုင်သည်။
在上述极大所缘心路中,确定心灭去以后,速行开始生起。由于色所缘是欲界所缘,只有欲界速行能够生起;广大速行和出世间速行不能缘取欲界法。在欲界速行生起时,同一心路中并不会生起多种不同类型的速行;二十九种欲界速行之中,只能有一种与当时诸缘相应的速行获得生起的机会。
ယေ ကေစိ ဘိက္ခဝေ ဓမ္မာ ကုသလာ ကုသလဘာဂိယာ ကုသလပက္ခိကာ၊ သဗ္ဗေ တေ ယောနိသော- မနသိကာရမူလကာ ယောနိသောမနသိကာရသမောသရဏာ။ ယောနိသောမနသိကာရော တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ။ (သံ-၃-၈၁။) = ရဟန်းတို့ …ကုသိုလ်အဖို့ ရှိကုန်သော ကုသိုလ်အသင်းအပင်း ဖြစ်ကုန်သော ကုသိုလ်တရား ဟူသမျှ တို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်း ရှိကုန်၏၊ ယောနိသောမနသိကာရလျှင် စုဝေးရာ ရှိကုန် ၏၊ ယောနိသောမနသိကာရကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ (သံ-၃-၈၁။) ဤအထက်ပါ ပါဠိတော်များနှင့် အညီ ယင်း ဝီထိစိတ်အစဥ်တို့၌ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇော စောတတ်၍ ယောနိသောမနသိကာရ မရှိလျှင် အကုသိုလ်ဇော စောတတ်ပေသည်။
“诸比丘,凡是善的、属于善分、归于善品的诸法,一切都以如理作意为根本,以如理作意为汇归;如理作意被称为这些法中最上者。”(《相应部》3-81。)缅文释义说:诸比丘,凡属于善分、与善相应的一切善法,都以如理作意为根本,以如理作意为汇归;如理作意被称为这些善法中最上者。(《相应部》3-81。)依上述巴利圣典,在这些路心相续中,若有如理作意,善速行便会生起;若没有如理作意,不善速行便会生起。
ယောနိသောမနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော အနိစ္စေ အနိစ္စန္တိ ဝါ ဒုက္ခေ ဒုက္ခန္တိ ဝါ အနတ္တနိ အနတ္တာတိ ဝါ အသုဘေ အသုဘန္တိ ဝါ မနသိကာရော။ (မ-ဋ္ဌ-၁-၂၈၆။) တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒီကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပေါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ''ယောနိသော မနသိကာရော''တိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ-ဋီ-၁-၃၈၁။)
“所谓如理作意,是方便作意、正路作意,即对无常作意为无常,对苦作意为苦,对无我作意为无我,对不净作意为不净的作意。”(《中部义注》1“其中,所谓‘多修如理作意’,是指由于如实了知善法等各自的自性、作用、特相等而生起的智相应心。因为这是不颠倒的作意,所以称为‘如理作意’;转向心也因同样作意于彼而与之同趋;它的频繁转起,便称为‘多修’。”(《中部复注》1-381。)
原书第 45 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၁။ ကုသိုလ်တရား အကုသိုလ်တရား စသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင် သဘာဝလက္ခဏာနှင့် ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ကိုလည်းကောင်း၊ ၂။ ယင်း ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရပုံကိုလည်းကောင်း၊ ၃။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အသီးအသီးတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ် လာသော ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် အသေက္ခ ရဟန္တာ အရှင်မြတ်တို့၏ မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် ယောနိသောမနသိကာရ မည်၏။
凡夫与有学者由如下如实洞彻知见而生起的智相应大善心,以及无学阿罗汉圣者由此生起的智相应大唯作心,称为如理作意:1.如实洞彻知见善法、不善法等五蕴色名诸法各自真实的自性特相、作用、现起与近因;2.如实洞彻知见这五蕴色名诸法如何由于无明、爱、取、行、业等各自相应的因法而明显生起;3.如实洞彻知见缘起各支各自真实的自性特相、作用、现起与近因。
၄။ အနိစ္စ ဖြစ်သော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားနှင့် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသော သမုဒယသစ္စာတရားတို့၌ အနိစ္စဟု နှလုံးသွင်းမှု၊ ၅။ ဒုက္ခဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ ဒုက္ခဟု နှလုံးသွင်းမှု၊ ၆။ အနတ္တဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အနတ္တဟု နှလုံးသွင်းမှု၊ ၇။ အသုဘဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အသုဘဟု နှလုံးသွင်းမှု၏ အစွမ်းဖြင့် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့်ဖြစ်ပေါ်လာသော ယင်း မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည်လည်း ယောနိသောမနသိကာရပင် မည်ပေ၏။
4.对本为无常的五取蕴这一苦谛法,以及因果相联的缘起法这一集谛法,作意为“无常”;5.对本为苦的这些苦谛法、集谛法作意为“苦”;6.对本为无我的这些苦谛法、集谛法作意为“无我”;7.对本为不净的这些苦谛法、集谛法作意为“不净”。由如此作意并如实洞彻知见而生起的上述智相应大善心、智相应大唯作心,也都称为如理作意。
အယောနိသောမနသိကာရ
不如理作意
အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ 'နိစ္စ'န္တိ ဝါ ဒုက္ခေ 'သုခ'န္တိ ဝါ အနတ္တနိ 'အတ္တာ'တိ ဝါ အသုဘေ 'သုဘ'န္တိ ဝါ မနသိကာရော။
所谓不如理作意,是非方便作意、邪路作意,即对无常作意为“常”,对苦作意为“乐”,对无我作意为“我”,对不净作意为“净”的作意。
(သံ-ဋ္ဌ-၃-၁၇၇။ မ-ဋ္ဌ-၁-၂၈၅-၂၈၆။)
(《相应部义注》3-177;《中部义注》1-285—286。)
အယောနိသောမနသိကာရဟူသည် လမ်းရိုးလမ်းမှန် မဟုတ်သော နှလုံးသွင်းမှုတည်း။ အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ နိစ္စဟုလည်းကောင်း၊ ဒုက္ခဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရား၌ သုခဟုလည်းကောင်း၊ အနတ္တဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အတ္တဟုလည်းကောင်း၊ အသုဘဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ သုဘဟုလည်းကောင်း နှလုံးသွင်းမှုမျိုးကို ဆိုလိုသည်။
不如理作意,是偏离正路的作意:对本为无常的苦谛法与集谛法作意为常;对本为苦的苦谛法与集谛法作意为乐;对本为无我的苦谛法与集谛法作意为我;对本为不净的苦谛法与集谛法作意为净。所说的正是这一类作意。
(သံ-ဋ္ဌ-၃-၁၇၇။ မ-ဋ္ဌ-၁-၂၈၅-၂၈၆။)
(《相应部义注》3-177;《中部义注》1-285—286。)
အာဝဇ္ဇန်း
转向心
တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ (မ-ဋီ-၁-၃၈၁။) အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက် အမည်ရနေသည့် မဟာကုသိုလ်မဟာကြိယာ ဉာဏ သမ္ပယုတ် ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သော သဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည် ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇော အလားတူပင် အနိစ္စ ဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။
“由于同样作意于彼,转向心也与其同趋。”(《中部复注》1-381。)转向心也获得“如理作意”之名,因为它所取的,正是直接名为如理作意的智相应大善、智相应大唯作速行心所取的所缘;而且它依速行作意该所缘的同一方式作意,所以与速行同趋。若速行对本为无常的苦谛法、集谛法作意为无常,转向心也同样作意为无常。其余情形应依此类推。这就是所谓的“同趋法(taggatika)”。
ဤ၌ ကုသိုလ်ဇောဖြစ်ခြင်း၏ အကြောင်း ယောနိသောမနသိကာရဟူသည်မှာ ယင်း အာဝဇ္ဇန်းကိုပင် ဆိုလိုပေသည်။
这里,说如理作意是善速行生起的一项因,所指的正是该转向心。
原书第 46 页
မနသိကာရ သုံးမျိုး
三种作意
မနသိကာရသည် ဝီထိပဋိပါဒက မနသိကာရ၊ ဇဝနပဋိပါဒက မနသိကာရ၊ အာရမ္မဏပဋိပါဒက မနသိ- ကာရဟု သုံးမျိုး ရှိ၏။ ထိုတွင် ---- ၁။ ဝီထိစိတ်အစဥ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဝီထိပဋိပါဒက မနသိကာရဟု ခေါ်၏။
作意有三种:心路引导作意(vīthipaṭipādaka-manasikāra)、速行引导作意(javanapaṭipādaka-manasikāra),以及所缘引导作意(ārammaṇapaṭipādaka-manasikāra)。其中:1.能使一系列路心生起的作意,称为“心路引导作意”。
တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းတည်း။ ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း စသော ဝီထိစိတ်အစဥ်ကို ဖြစ်စေတတ်သည်။
其法体是五门转向心。五门转向心能使眼识、领受等一系列路心在自己之后生起。
၂။ ဇောစိတ်အစဥ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဇဝနပဋိပါဒက မနသိကာရဟု ခေါ်၏၊ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းတည်း။ မနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ်အစဥ်ကို ဖြစ် ပေါ်လာစေတတ်သည်။ ယင်း မနောဒွါရာဝဇ္ဇန်းကား ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောကိစ္စ (= အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စ)ကို ဆောင်ရွက်သည်။ မနောဒွါရဝီထိ၌ကား ယင်း မနောဒွါရာဝဇ္ဇန်း သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ်၏၊ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ် ၏။ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့်လည်း ဆင်ခြင် ဆုံးဖြတ်၏။ ယင်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်မှုသည်လည်း ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ ယင်းယောနိသောမနသိကာရသည်လည်း ကုသိုလ်ဇော ဖြစ်ခြင်း၏
2.能使一系列速行心生起的作意,称为“速行引导作意”;其法体是意门转向心。意门转向心能使一系列速行心在自己之后生起。在五门心路中,这一意门转向心执行确定作用(即把所缘判定为可意、不可意等);在意门心路中,它不仅审察、判定所缘为可意、不可意等,也会判定为色法、名法、因法、果法、无常法、苦法、无我法、不净法等,或判定为常、乐、我、净等。这一确定心与意门转向心的审察、判定,也会获得“如理作意”或“不如理作意”之名。如理作意是善速行生起的——
အကြောင်းတစ်ခု ဖြစ်ပေသည်။ ယင်း အယောနိသောမနသိကာရသည်လည်း အကုသိုလ်ဇော ဖြစ်ခြင်း၏ အကြောင်းတစ်ခုပင် ဖြစ်ပေသည်။
——一项因;不如理作意也是不善速行生起的一项因。
၃။ စိတ်၌ အာရုံကို ပေါ်လာစေတတ်သော မနသိကာရစေတသိက်သည် အာရမ္မဏပဋိပါဒက မနသိကာရ မည်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၇၇။)
3.能使所缘在心中显现的作意心所,称为“所缘引导作意”。(《阿毗达磨义注》1-177。)
သမ္ပတ္တိစက်တို့၏ စွမ်းအင်
成就轮之力
ထိုယောနိသောမနသိကာရ ဖြစ်ဖို့ မဖြစ်ဖို့ရန် အကြောင်း အဆက်ဆက်ကား ---- ၁။ အတ္တသမ္မာပဏိဓိ၊ ၂။ သဒ္ဓမ္မဿဝန၊ ၃။ သပ္ပုရိသူပနိဿယ၊ ၄။ ပဋိရူပဒေသဝါသ၊ ၅။ ပုဗ္ဗေ စ ကတပုညတာ - ဟူသော သမ္ပတ္တိစက်တို့၏ ရှိခြင်း မရှိခြင်းများတည်း။
如理作意能否生起,其层层相续的原因,就是下列成就轮具足与否:1.自正安立(atta-sammā-paṇidhi);2.听闻正法(saddhamma-savana);3.亲近善士(sappurisūpanissaya);4.住于适宜处(paṭirūpa-desa-vāsa);5.往昔曾作福(pubbe ca kata-puññatā)。
ရှေးရှေးဘဝများက မဂ်ဖိုလ် နိဗ္ဗာန် ရရှိရေးအတွက် ပြုစုပျိုးထောင်ခဲ့သော စရဏမျိုးစေ့ကောင်း ဝိဇ္ဇာ မျိုးစေ့ကောင်း ဟူသော ပါရမီတရားအပေါင်းတို့သည်ကား အဓိကာရ ကောင်းမှုကုသိုလ် မည်ပေသည်။
过去诸生中,为证得道、果、涅槃而培育的行种子与明种子等一切波罗蜜法,称为殊胜资粮善业(adhikāra-kusala)。
မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဒါနကျင့်စဥ် သီလကျင့်စဥ် သမာဓိကျင့်စဥ် တို့သည်ကား စရဏမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ ယင်း စရဏမျိုးစေ့ကောင်းတို့ကား နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားဟု ခေါ်ဆိုအပ်သော သစ္စာလေးပါးနှင့် စပ်သော တရားစကားကို ဟောကြားပြသ ဆိုဆုံးမ နိုင်သည့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့် တွေ့အောင် ကြုံအောင် ပို့ဆောင်ပေးကြ၏။
为了证得道、果、涅槃而培育的布施行、持戒行与修定行,属于行种子。这些行种子会把人导向佛陀等圣贤善士,使其得以相遇;这些圣贤善士能够宣说、开示并教诫与四圣谛相关、称为通向涅槃之贤善法的正法。
原书第 47 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကြိတ်ချေခဲ့ဖူးခြင်းဟူသော နာမရူပ ပရိစ္ဆေဒဉာဏ်၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးခြင်းဟူသော ပစ္စယပရိဂ္ဂဟဉာဏ်၊ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ကြိတ်ချေခဲ့ဖူးခြင်းဟူသော ဝိပဿနာဉာဏ် ---- ဤဉာဏ်တို့ကား ယေဘုယျအားဖြင့် ဝိဇ္ဇာမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ 〔ယေဘုယျဟု ဆိုရခြင်းမှာ စရဏ တရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါး၌ ဝိပဿနာပညာလည်း ပါဝင်လျက် ရှိ၏။ တစ်ဖန် ---- ဝိဇ္ဇာ (၈)ပါးတို့တွင်လည်း ဝိပဿနာဉာဏ် ပါဝင်လျက် ရှိ၏။ သို့အတွက် ဝိပဿနာဉာဏ်သည် စရဏနှင့် ဝိဇ္ဇာ နှစ်ဖက်ရ တရားဖြစ်၍ ယေဘုယျဟု ဆိုခြင်းဖြစ်သည်။〕
过去曾把色法与名法辨析至智见抵达究竟法,称为名色分别智;过去曾在过去、未来、现在三时中摄受因法与果法,并以智透析,称为缘摄受智;过去曾对这些色、名、因、果诸行法标举无常、苦、无我三相而以智透析,称为观智——一般而言,这些智都属于明种子。〔之所以说“一般而言”,是因为十五种行法中的七种善士法也包含观慧;另一方面,八明中也包含观智。因此,观智兼属行与明两边,故说“一般而言”。〕
ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် ---- ရှေးရှေး ဘဝထိုထိုက စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း ဟူသော ပါရမီ ကောင်းမှုထူး ကုသိုလ်ကောင်းမှုထူးကို ပြုခဲ့ဖူးခြင်းသည် ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် မည်၏။ ယင်း ပုဗ္ဗေ စ ကတပုညတာသမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော သူတော်သူမြတ်တို့ နေထိုင်ရာ ''ပဋိရူပဒေသ''ခေါ်သည့် အရပ်၌ ဖြစ်လာရ၏။ ဘုရား အစရှိသော သူတော် သူမြတ်တို့ နေထိုင်ရာ အရပ်သို့ ရောက်အောင် ထိုအဓိကာရ ကောင်းမှုကုသိုလ်က ပစ်ပို့လိုက်သဖြင့် ပဋိရူပ ဒေသဝါသ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရ၏။
“往昔曾作福”成就轮——在过去一生又一生中,曾造作称为行种子、明种子的波罗蜜殊胜善业,即名为“往昔曾作福”成就轮。具足这一成就轮的人,会出生在合宜、良善的圣贤所居之“适宜处”;由于殊胜资粮善业把他导向佛陀等圣贤善士居住之处,他遂具足“住于适宜处”成就轮。
တစ်ဖန် ထို ပဋိရူပဒေသဝါသ သမ္ပတ္တိစက် ရှိသူသည် မိကောင်း ဘကောင်း ဆွေကောင်း မျိုးကောင်း ဆရာကောင်း သမားကောင်းဟူသော သူတော်ကောင်းတို့ကို မှီခို ဆည်းကပ်ရခြင်းတည်းဟူသော သပ္ပုရိသူပ နိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရပြန်၏။ ထို သပ္ပုရိသူပနိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သစ္စာလေးပါး နှင့် စပ်သော သူတော်ကောင်းတရားကို နာကြားရခြင်းဟူသော သဒ္ဓမ္မဿဝနစက်နှင့် ပြည့်စုံလာ၏။ ထိုသဒ္ဓမ္မ ဿဝန သမ္ပတ္တိစက် ထင်ရှား ရှိနေသူသည် မိမိကိုယ်ကိုလည်းကောင်း မိမိစိတ်ကိုလည်းကောင်း စောင့်စည်း ထိန်းသိမ်းနိုင်ခြင်းတည်းဟူသော အတ္တသမ္မာပဏိဓိ သမ္ပတ္တိစက်နှင့် ပြည့်စုံလာနိုင်၏။
具足“住于适宜处”成就轮的人,又会因依止良母、良父、良亲、良族、良师、良医等善士,而具足“亲近善士”成就轮。具足“亲近善士”成就轮的人,会因得闻与四圣谛相关的正法,而具足“听闻正法”成就轮。具足“听闻正法”成就轮的人,又能具足“自正安立”成就轮,也就是能够守护、调御自身与自心。
ဤ အတ္တသမ္မာပဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူ၏ သန္တာန်ဝယ် တွေ့ဆုံမိရာ အာရုံတိုင်း၌ ယောနိသောမနသိကာရ အဖြစ်များတော့သည်သာတည်း၊ ထိုသူတော်ကောင်းသည် မိမိကိုယ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း ---- ၁။ သီလဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သီလဖြင့် ထိန်းချုပ်လျက် ရှိ၏။
准确具足这一“自正安立”成就轮的人,无论遇到什么所缘,相续中大多都会生起如理作意。这样的善士会调御自身与自心:1.在应当以戒调御之处,以戒调御;
၂။ သမာဓိဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သမာဓိဖြင့် ထိန်းချုပ်လျက် ရှိ၏။
2.在应当以定调御之处,以定调御;
၃။ ပညာဖြင့် ထိန်းချုပ်ရမည့် နေရာတွင် ပညာဖြင့် ထိန်းချုပ်လျက် ရှိ၏။
3.在应当以慧调御之处,以慧调御。
သို့အတွက် ယောနိသောမနသိကာရ အဖြစ်များရခြင်း ဖြစ်ပေသည်။
正因如此,如理作意才会多次生起。
ထိုကဲ့သို့သော အဆင့်ဆင့်သော သမ္ပတ္တိစက်များ ချွတ်ယွင်းပျက်ပြားနေသူ သန္တာန်၌ကား အယောနိသော မနသိကာရ အဖြစ်များလျက် အကုသိုလ်ဇောများ စောခွင့် ရတော့ပေလတ္တံ့။ ဤ စကားအစဥ်အရ ယခုဘဝ ကုသိုလ်ဇော စောရာ၌ ယောနိသောမနသိကာရသည် နီးကပ်သောအကြောင်း၊ အတ္တသမ္မာပဏိဓိစက် စသည် ကား ဝေးသောအကြောင်းဟု မှတ်ပါ။ ဤသို့ ဇောများ ထိုက်သလို စောပြီးနောက် တဒါရုံ နှစ်ကြိမ်တို့၏ နောက်ဝယ် ဘဝင် တစ်ဖန် ပြန်၍ ကျပေသည်။ ဤကား အတိမဟန္တာရုံဝီထိတည်း။
相反,若此等层层相续的成就轮有所缺失、败坏,不如理作意便会在其相续中频繁生起,不善速行也因而获得转起的机会。依此段说明,应知今生善速行转起时,如理作意是近因;“自正安立”等成就轮则是远因。诸速行如此依其所宜转起以后,两个彼所缘心生起,随后再次落入有分。这就是极大所缘心路(atimahantārammaṇa-vīthi)。
原书第 48 页
စိတ်ဖြစ်ပေါ်လာပုံ
心如何生起
ဤပြခဲ့ပြီးသော စိတ်များသည် အခွင့်သာလျှင် သင့်ရာမှ ဖြစ်ဖို့ရာ ခန္ဓာကိုယ်တွင်း၌ စုဝေး တည်ရှိနေသည် လည်း မဟုတ်၊ အပြင်ဘက် တစ်စုံတစ်ခုသော နေရာ၌ စုပေါင်း သိမ်းဆည်းထားနိုင်သူလည်း မရှိ။ ဝတ္ထု၊ အာရုံ မနသိကာရ စသော ဆိုင်ရာ အကြောင်းတရားတို့ ပေါင်းဆုံမိကြသည့်အခါကျမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြပေ သည်။ ဥပမာ -- နေအပူရှိန် ကျရောက်က မီးထ၍တောက်နိုင်သော သူရိယကန္တ ခေါ်သော ကျောက်တစ်မျိုးသည် ရှိ၏၊ မီးသည် နေရောင်မှာလည်း မရှိသေး၊ သူရိယကန္တ ခေါ်သော ကျောက်မှာလည်း မရှိသေး၊ သို့သော် နေရောင် နှင့် သူရကန်ကျောက်တို့ ပေါင်းဆုံမိသည့်အခါဝယ် ဓာတ်သဘာဝအလျောက် မီးထ၍ တောက်သကဲ့သို့တည်း။
上述诸心,并不是预先聚集、安住在身体内,等候适当机会便从相应位置生起;也没有任何人能把它们集中储存在外界某处。只有当依处、所缘、作意等各自相应的因法会合时,它们才骤然生起。譬如有一种名为日爱珠(sūriyakanta)的宝珠,受到日光热力照射便能起火燃烧。火原本既不在日光中,也不在日爱珠中;然而,当日光与日爱珠会合时,火便依元素的自然法则生起、燃烧。
ကျောက်နှင့် မှီရာဝတ္ထု၊ နေရောင်နှင့် အာရုံ၊ မီးပေါ်လာပုံနှင့် စိတ်ဖြစ်ပေါ်လာပုံတို့ တူမျှကြလေသည်။
宝珠譬如心所依的依处,日光譬如所缘,火的生起则譬如心的生起;三组对应关系相同。
သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၏ အတိမဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူပင် မှတ်ပါ။
声所缘、香所缘、味所缘与触所缘之所以获得“极大所缘”之名,也应依同一方法理解。
ဤဝါရကို တဒါရမ္မဏဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။
《摄阿毗达磨义论》把这一轮次称为“彼所缘轮次(tadārammaṇa-vāra)”。
မဟန္တာရုံ ဝီထိ
大所缘心路
ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်သေးဘဲ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွား၏။ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွားပါမှ ထင်လာခဲ့သော် ယင်းရူပါရုံသည် တဒါရုံဖြစ်သည့် တိုင်အောင် ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်ဘဲ တဒါရုံ မဖြစ်ခင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့ သွားသဖြင့် ကွယ်လွန်ချုပ်ပျောက်ရ၏။ ယင်းသို့ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်မှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာရသော ရူပါရုံသည် မဟန္တာရုံ မည်၏။
色所缘生起以后,尚不能立即显现于眼门和意门,而先经过约两个或三个心刹那。若直到经过约两个或三个心刹那才显现,这一色所缘便无力在住时持续到彼所缘生起;它在彼所缘尚未生起前,便因十七个心刹那的寿量已满而消失、灭去。如此,直到经过约两个或三个心刹那才显现于眼门和意门的色所缘,称为大所缘。
မဟန္တာရုံ အမည်ရသော ဤရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်လျှင် ရောက်ခြင်း စက္ခုဒွါရ မနောဒွါရ၌ မထင်လာနိုင်သေးခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏။ ရူပါရုံ၏ စက္ခုဒွါရ၌ ထင်ခြင်း၏ အကြောင်း တရားသုံးပါးတို့တွင် ရူပါရုံက ဖြစ်စေ၊ စက္ခုပသာဒက ဖြစ်စေ၊ အာလောကက ဖြစ်စေ၊ အတိမဟန္တာရုံတုန်းက လောက် အားမကောင်းသောကြောင့် ဤမဟန္တာရုံ အမည်ရသော ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနော ဒွါရတို့၌ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ ဤ၌လည်း မဟန္တာရုံချင်း တူပါသော်လည်း အာရုံ ပသာဒ အာလောကတို့၏ အင်အားအလိုက် အားရှိလျှင် နှစ်ချက်ခန့် အလွန်တွင် ထင်လာ၍ ထိုမျှလောက် အားမရှိလျှင် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ သဒ္ဒါရုံ စသည် အာရုံတို့၏ မဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူ မှတ်ပါ။
这个称为大所缘的色所缘,生起后虽已进入住时,却不能立即显现于眼门和意门,原因如下。在令色所缘显现于眼门的三项因中,无论是色所缘、眼净色还是光明,都不及极大所缘时强盛。因此,这一称为大所缘的色所缘生起以后,要经过约两个或三个心刹那才能显现于眼门和意门。虽然同属大所缘,若所缘、净色与光明的力量较强,约经过两个心刹那便能显现;若力量没有那么强,则约经过三个心刹那才能显现。声所缘等获得“大所缘”之名时,也应依此类推。
ထို မဟန္တာရုံ ဝီထိ၌ ဇော၏အဆုံး၌ ဘဝင်ကျတော့၏။ တဒါရုံ မဖြစ်တော့ပေ။ ဤဝါရကို ဇဝနဝါရ - ဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။
在大所缘心路中,速行终了后便落入有分,不再生起彼所缘。《摄阿毗达磨义论》把这一轮次称为“速行轮次(javana-vāra)”。
ဣဒဉ္စာပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ တတိယော မောဃဝါရော။ (အဘိ-ဋ္ဌ-၁-၃၁ဝ။) = ဤမဟန္တာရုံ အမည်ရသော အာရုံသည်လည်း တဒါရုံမဖြစ်မီ အတွင်းမှာပင်လျှင် ဇော၏အဆုံး၌ ဘဝင် ကျရသော ဝါရ ဖြစ်ရသည်မှာ အာရုံ၏ အားနည်းမှုကြောင့်သာလျှင် ဖြစ်ပေသည်။ ဤဝါရသည် တတိယ မောဃဝါရ ဖြစ်သည်။ (အဘိ-ဋ္ဌ-၁-၃၁ဝ။) ---- ဤသို့လျှင် အဘိဓမ္မာ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဤမဟန္တာရုံ ဝီထိကို တတိယမောဃဝါရဟု အမည်တပ်ထားပေသည်။ တဒါရုံမှ ကင်းဆိတ်သောကြောင့် မောဃဝါရဟု အမည် တပ်ခြင်း ဖြစ်ပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ဇောတွင် အဆုံးသတ်သော အာရုံ ဖြစ်ခြင်းကြောင့် ဇဝန ဝါရဟု ခေါ်ဆိုထားပေသည်။
“这也只是由于所缘微弱而发生;这是第三空轮次。”(《殊胜义注》1-310。)缅文释义说:这一称为大所缘的所缘,在彼所缘尚未生起以前便于速行终了后落入有分,只是因为所缘微弱;这一轮次是第三空轮次。(《殊胜义注》1-310。)如此,《殊胜义注》把大所缘心路称为“第三空轮次”;由于缺少彼所缘,故称空轮次。《摄阿毗达磨义论》则因这一轮次终止于速行,称之为“速行轮次”。
原书第 49 页
ပရိတ္တာရုံ ဝီထိ
微细所缘心路
ရူပါရုံသည် အားနည်းသော ဒုဗ္ဗလသဘော ရှိခြင်းကြောင့် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိသော် လည်း စက္ခုဒွါရ မနောဒွါရ၌ ရုတ်ခြည်း မထင်သေးဘဲ စိတ္တက္ခဏ ၄-၅-၆-၇-ချက် စသည် လွန်သွားပါမှသာလျှင် ယင်းဒွါရတို့၌ ထင်လာနိုင်၏။ ယင်းကဲ့သို့သော ရူပါရုံသည် တဒါရုံဖြစ်သည်တိုင်အောင် ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်ရုံသာမက ဇောဖြစ်သည့်တိုင်အောင်လည်း တည်ခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ဇော (၇)ကြိမ် မစောမီ အချိန်ကာလအတွင်းမှာပင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့၍ ချုပ်ပျက်သွား၏။ ဇောဖြစ်သည်တိုင်အောင် သက်တမ်းစေ့သဖြင့် မတည်နေနိုင်သော စက္ခုဒွါရ မနောဒွါရ၌ ထင်လာသော ရှေးရှု ကျရောက်လာသော ထိုရူပါရုံသည် ပရိတ္တာရုံ မည်၏။ ထိုဝီထိမှာ ပရိတ္တာရုံဝီထိ ဖြစ်၏။
由于色所缘性质微弱,生起后即使进入住时,也不能立刻显现于眼门和意门;只有经过四、五、六、七个心刹那等以后,才会在这些门中显现。这种色所缘不仅不能在住时持续到彼所缘生起,甚至不能持续到速行生起;七个速行尚未全部生起,它便因十七个心刹那的寿量已满而灭去。如此,虽显现、来到眼门和意门,却因寿量已满而不能持续到速行的色所缘,称为微细所缘;相应心路称为微细所缘心路。
တတ္ထ ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဒွိတ္တိက္ခတ္တုံ ဝေါဋ္ဌဗ္ဗနမေဝ ပဝတ္တတိ၊ တတော ပရံ ဘဝင်္ဂပါတောဝ ဟောတိ။
“其中,速行也不生起,只有确定生起两次或三次;此后便只落入有分。”
(အဘိဓမ္မတ္ထသင်္ဂဟ။)
(《摄阿毗达磨义论》。)
ထိုပရိတ္တာရုံဝီထိ၌ ဇောသော်မှလည်း မဖြစ်တော့ဘဲ နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောသာလျှင် ဖြစ်တော့သည်။
在该微细所缘心路中,连速行也不再生起,只有确定心生起两次或三次。
ထို ဝုဋ္ဌောနောင်၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ (အဘိဓမ္မတ္ထသင်္ဂဟ။) ဤ ဝါရကို ဝေါဋ္ဌဗ္ဗနဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။ သို့သော် အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း မှတ်သားစရာများနှင့်တကွ ဖွင့်ဆိုထားပေသည်။
在这些确定心之后便只落入有分。(《摄阿毗达磨义论》。)《摄阿毗达磨义论》把这一轮次称为“确定轮次(voṭṭhabbana-vāra)”。不过,《殊胜义注》还附带下列应当注意的事项加以解释。
ဒုတိယ မောဃဝါရ
第二空轮次
သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ တတော အာသေဝနံ လဘိတွာ ဇဝနဋ္ဌာနေ ဌတွာ ပုန ဘဝင်္ဂံ သြတရတိ၊ ဣဒမ္ပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ ပန ဝါရော ''ဒိဋ္ဌံ ဝိယ မေ၊ သုတံ ဝိယ မေ''တိ- အာဒီနိ ဝဒနကာလေ လဗ္ဘတိ။ အယမ္ပိ ဒုတိယော မောဃဝါရော။ (အဘိ-ဋ္ဌ-၁-၃ဝ၉-၃၁ဝ။) = နောက်တစ်မျိုးကား ---- စက္ခုဒွါရ မနောဒွါရ၌ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံသည် စိတ္တက္ခဏ (၄-၅) ချက် စသည် အလွန်တွင် ထင်လာခဲ့သည် ဖြစ်၏။ ထိုအခါ၌ ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ် သည် ဘဝင်ကို လည်စေသည် ဖြစ်အံ့၊ ဘဝင်အယဥ်ကို ရပ်စေသည် ဖြစ်အံ့၊ ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည် ရှိသော် = ရပ်စေအပ်ပြီးသည် ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်
“但若〔五门转向〕转动有分,当唯作意界已经转动有分时,心路不可能尚未到达确定,便在中途于眼识、领受或推度处返回。相反,它依确定而停住,一个或两个心生起;此后,获得重复〔之力〕,在速行的位置停住,再落入有分。这也只是由于所缘微弱而发生。这一轮次见于说‘我好像见过’‘我好像听过’等话的时候;这也是第二空轮次。”(《殊胜义注》1-309—310。)另一种情形如下:处在住时的色所缘直到经过四、五个心刹那等才显现于眼门和意门。此时,若名为五门转向的唯作意界转动有分,即止息有分流;当唯作意界已使有分转动、止息以后,心路不可能尚未到达对所缘作可意、不可意等判断的——
ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ်နှင့် ဝုဋ္ဌောအကြား၌ ၁။ စက္ခုဝိညာဏ်၌သော်လည်းကောင်း၊ ၂။ သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း၊ ၃။ သန္တီရဏ၌သော်လည်းကောင်း --- ဝီထိစိတ်အစဥ်သည် တန့်ရပ်၍ ဆုတ်နစ်သွားလတ္တံ့= ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်း အရာသည် မရှိသည်သာတည်း။ အကယ်စင်စစ်မှာမူကား ဝုဋ္ဌော၏ အစွမ်းဖြင့် ဝုဋ္ဌော၌ တန့်ရပ်၍ တစ်ကြိမ်သော ဝုဋ္ဌောစိတ်သည်သော်လည်းကောင်း နှစ်ကြိမ်ကုန်သော ဝုဋ္ဌောစိတ်တို့သည်သော်လည်းကောင်း ဖြစ်ပေါ်သွား ကြကုန်၏။ ထိုမှနောက်၌ အာသေဝနပစ္စည်းကို သို့မဟုတ် အာသေဝနပစ္စည်းနှင့်တူသော အထုံကို ရရှိသည် ဖြစ်၍ ဇော၏အရာ၌ ရပ်တည်၍ ဖြစ်ပြီးလျှင် တစ်ဖန် ဘဝင်သို့ သက်ပြန်၏။ ဤ ဝီထိစိတ်အစဥ်သည်လည်း
——确定心,便在五门转向这一唯作意界与确定之间,于一、眼识,二、领受,或三、推度处停住、退没而落入有分。事实上,心路会依确定的作用停在确定阶段,一个或两个确定心生起。此后,它获得重复缘,或一种类似重复缘的习性,在速行的位置停住而生起,然后再落入有分。这一心路相续也——
原书第 50 页
အာရုံ၏ အားနည်းသည်၏ အဖြစ်ကြောင့် ဤဆိုခဲ့သည့်အတိုင်း ဇော တဒါရုံတို့သို့ တိုင်အောင် ထိုအာရုံက ဌီကာလ၌ ရပ်တည်၍ မနေနိုင်သဖြင့် ဝုဋ္ဌောတိုင်ရုံသာ ဖြစ်ရလေသည်။
——是由于所缘微弱:如上所说,该所缘不能在住时持续到速行与彼所缘,所以心路只能到达确定。
ဤ ဝါရကို ''ငါသည် မြင်လိုက်သလိုတော့ ရှိ၏၊ ငါသည် ကြားလိုက်သလိုတော့ ရှိ၏'' ဤသို့ စသော စကားတို့ကို ပြောဆိုရာအခါ၌ ရအပ်ပေသည်။ ဤဝါရသည်လည်း ဇောမှ ကင်းဆိတ်သော နှစ်ခုမြောက်သော ဒုတိယ မောဃဝါရတည်း။
这一轮次可见于人们说“我好像看见了”“我好像听见了”等话的时候。它也是缺少速行的第二空轮次。
မူလဋီကာ အနုဋီကာ အဆို
根本复注与随复注之说
အာသေဝနံ လဘိတွာ --- အရ ဝုဋ္ဌော နှစ်ကြိမ် ဖြစ်ရာ၌ နောက်ဝုဋ္ဌောသည် ရှေးဝုဋ္ဌော၏ အာသေဝန ပစ္စည်းဖြင့် ကျေးဇူးအပြုကို ခံရ၏ဟုလည်းကောင်း ထိုဝုဋ္ဌော နှစ်ကြိမ်ကိုပင် ဇောအရာ၌ တည်သည်ဟုလည်း- ကောင်း ယူလျှင် ပဋ္ဌာန်းပါဠိတော်၌ ထိုသို့ ဟောတော်မူအပ်ချက် မရှိ၍ ဤအဆိုအမိန့်ကို စူးစမ်း၍ လက်ခံ သင့်ကြောင်းကို (မူလဋီ-၁-၁၂၉-၁၃ဝ) တို့၌ မူလဋီကာဆရာတော်က စိစစ် တင်ပြသွား၏။ အနုဋီကာဆရာတော် ကား ဤသို့ ဖွင့်ဆိုသွား၏။
关于“获得重复〔之力〕”:若把两个确定心解释为后一个确定心得到前一个确定心以重复缘所作的资助,并把这两个确定心本身说成安住于速行的位置,那么《发趣论》巴利并没有作这样的宣说。因此,《根本复注》作者在《根本复注》1-129—130 中加以辨析,指出这种说法必须审慎考察以后才可接受。随复注作者则作如下解释。
ဇဝနဋ္ဌာနေ ဌတွာတိ ဇဝနဿ ဥပ္ပဇ္ဇနဋ္ဌာနေ ဒွိက္ခတ္တုံ ပဝတ္တိတွာ၊ န ဇဝနဘာဝေနာတိ၊ ''အာသေဝနံ လဘိတွာတိ စ အာသေဝနံ ဝိယ အာသေဝန''န္တိ ဝုစ္စမာနေ န ကောစိ ဝိရောဓော။ (အနုဋီ-၁-၁၃၈။) ဇောအရာဌာန၌ ရပ်တည်၍ဟူသည် ဇောဖြစ်ရမည့် နေရာ၌ နှစ်ကြိမ်ဖြစ်ခြင်းကို ဆိုလိုသည်၊ ဇောအဖြစ် ဖြင့် ဖြစ်ခြင်းကို မဆိုလိုပါဟုလည်းကောင်း၊ အာသေဝနပစ္စည်းကို ရ၍ဟူရာ၌လည်း နှစ်ကြိမ်ဖြစ်သည့်အတွက် အာသေဝနပစ္စည်း အထောက်အပံ့ကို ရသကဲ့သို့ ဖြစ်ခြင်းကို ဆိုလိုသည်ဟုလည်းကောင်း ---- ဤသို့ အဓိပ္ပါယ် ယူဆလျှင် အဋ္ဌကထာစကားသည် ပါဠိတော်စကားနှင့် မဆန့်ကျင်သော စကား ဖြစ်၏ဟု ဖွင့်ဆိုသွားပေသည်။
“所谓‘停在速行的位置’,是说在速行本应生起的位置转起两次,并不是以速行的性质生起;所谓‘获得重复’,若解释为‘像重复一样的重复’,便没有任何矛盾。”(《随复注》1-138。)缅文释义说:“停在速行的位置”,是指在速行应当生起的位置生起两次,不是作为速行生起;“获得重复缘”,是指由于生起两次,仿佛获得了重复缘的支持。若如此理解,义注之说便不与巴利圣典相违。
(အနုဋီ-၁-၁၃၈။)
(《随复注》1-138。)
ဘဝင်္ဂုပစ္ဆေဒ
有分断
တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပါရမ္မဏံ အာဝဇ္ဇန္တံ ပဉ္စဒွါရာ- ဝဇ္ဇနစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။) = ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထင်လာပြီးနောက် ဘဝင်နှစ်ကြိမ် လှုပ်ပြီးလတ်သော် ဘဝင်အစဥ် ဘဝင်အယဥ်ကို ဖြတ်တောက်၍ ထိုရူပါရုံကိုပင်လျှင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပြီးနောက် ချုပ်ပျက်၍ သွား၏။ (အဘိဓမ္မတ္ထသင်္ဂဟ။) ဤအထက်ပါ အဘိဓမ္မတ္ထသင်္ဂဟ (= သင်္ဂြိုဟ်) ဆရာတော် အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ အယူအဆ အရမူ အတိမဟန္တာရုံဝီထိ၌ ဘဝင်္ဂစလန (= လှုပ်သောဘဝင်) နှစ်ကြိမ် ကျပြီးနောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ် လာသည်။ ယင်းပဉ္စဒွါရာဝဇ္ဇန်းသည်ပင် ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ = ဘဝင်အစဥ် ဘဝင်အယဥ်ကို ဖြတ်တောက်၍ ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်္ဂုပစ္ဆေဒပင် အမည်ရပေသည်။ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်အစဥ် ဘဝင်အယဥ်ကို ဖြတ်သော
“此后,有分波动两次;五门转向心截断有分流,转向同一色所缘而生起,随后灭去。”(《摄阿毗达磨义论》。)缅文释义说:色所缘显现于眼门、意门以后,有分波动两次;五门转向心截断有分相续、有分流,转向同一色所缘而生起,随后灭去。(《摄阿毗达磨义论》。)依上述《摄阿毗达磨义论》作者阿耨楼陀长老的观点,在极大所缘心路中,两个有分波动之后,五门转向心生起。正因为该五门转向心被解释为“截断有分相续、有分流”,所以它本身获得“有分断”之名。所谓有分断,即截断有分相续、有分流的——
စိတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပင် ဖြစ်သည်၊ ဘဝင်စိတ် မဟုတ်ဟု ဆိုလိုပေသည်။
——心,指的正是五门转向心,并非有分心。
တစ်ဖန် အထက်တွင် ဖော်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ = ကိရိယာမနောဓာတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် ရပ်စေ အပ်ပြီးသည်ရှိသော် - ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်အစဥ် ဘဝင်အယဥ်ကို ရပ်စေသောစိတ်မှာ ပဉ္စဒွါရာဝဇ္ဇန်း
另一方面,前引《殊胜义注》也说:“ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ”——“当唯作意界(即五门转向心)已经转动、止息有分时。”因此,止息有分相续、有分流的心,正是名为五门转向的——
原书第 51 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း အမည်ရသည့် ကိရိယာမနောဓာတ်ပင် ဖြစ်သည်။ သို့သော် ဤကျမ်း၌ကား ဆရာအစဥ်အဆက် သင်ကြား ချပို့လာခဲ့သော စကားအစဥ် = ဝါစာနာမဂ္ဂ အတိုင်း ဘဝင်္ဂစလန နှစ်ကြိမ်တို့တွင် ---- ၁။ ပထမ ဘဝင်္ဂစလနကို ဘဝင်္ဂစလနဟုလည်းကောင်း၊ ၂။ ဒုတိယ ဘဝင်္ဂစလနကို ဘဝင်္ဂုပစ္ဆေဒဟုလည်းကောင်း ---- ခေါ်ဝေါ်သုံးစွဲထားပါသည်။
——唯作意界。不过,本书依历代导师相承的传诵轨范(vācanāmagga),对两次有分波动作如下称呼:1.第一次有分波动称为“有分波动”;2.第二次有分波动称为“有分断”。