先须摄取的欲界名法
《趣向涅槃之道》中文全译本 · 非缩略版
非色摄受章 · 原书第 109–115 页 · 49 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 109 页
ရှေးဦးစွာ သိမ်းဆည်းရမည့် ကာမာဝစရ နာမ်တရား
先须摄取的欲界名法
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ၊ သညံ၊ သင်္ခါရေ၊ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ-ဋ္ဌ-၁-၂၇၁။ ဝိသုဒ္ဓိ-၂-၃ဝဝ။) အချို့သော ကာမာဝစရနာမ်တရားတို့သည် ယေဘုယျအားဖြင့် ပညတ်နှင့် ပရမတ် နှစ်မျိုးလုံးကိုပင် အာရုံ ပြုကြ၏။ ထိုတွင် အထက်ပါ အဋ္ဌကထာကြီးများ၏ ညွှန်ကြားထားတော်မူချက်များအတိုင်း အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ် တရားစုကို ရှေးဦးစွာ စတင်၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်ပါသည်။
“因此,他把以该色为所缘而生起的受、想、诸行与识分别为‘这是非色〔名法〕’,再以无常等观照。”(《殊胜义注》1-271;《清净道论》2-300。)有些欲界名法一般既取概念也取究竟法为所缘。在这些名法中,依上述诸大义注的指示,贤善瑜伽行者应先从以色法为所缘而生起的受、想、行与识这一组名法开始摄取、观修。
အချို့အရာ၌ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့မှာ ထင်လွယ် မြင်လွယ်သဖြင့် ရုပ် တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် အခက်အခဲရှိနေပါက ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ ပညတ်ကို ရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုသာ သိမ်းဆည်းနေခြင်း ဖြစ် သည်၊ ရှုပွားနေခြင်းဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ မှတ်ပါ။
在某些情况下,以概念为所缘而生起的名法较容易辨认、观见;因此,若摄取以色法为所缘而生起的名法尚有困难,本书会先说明如何摄取以概念为所缘而生起的名法。这里不是在观概念,而只是摄取、观修以概念为所缘而生起的名法。应当理解为如同摄取、观修以入出息似相等概念为所缘而生起的禅那名法。
တစ်ဖန်နာမ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စဖြစ်သော အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် မဖော်ပြခြင်း ဖြစ်ပါသည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ရူပသတ္တကရှုနည်း၊ အရူပသတ္တကရှုနည်း တို့၌ လည်းကောင်း၊ ဘင်္ဂဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်တို့၌လည်းကောင်း နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားပုံစနစ်များကို ဖော်ပြထားပါသည်။ သို့သော် ဤ နာမရူပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဦးစားပေး၍ ဖော်ပြထားပါသည်။
再者,以名法为所缘而生起的名法,对刚开始修名业处的初业禅修者来说难以摄取,所以这里没有说明。到了观禅阶段,无论在色七法、非色七法的观法中,还是在坏灭智等较高阶观智中,本书都会说明如何观修以名法为所缘而生起的名法。不过,在名色分别智这一部分,重点先说明如何摄取以色法为所缘而生起的欲界名法。
အာရုံ (၆) ပါး ခွဲပုံ
六所缘的划分
ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုး ရရှိပေသည်။
若依所缘来划分色法,便可得到六种所缘。
၁။ ရူပါရုံ (အဆင်း)၊ ၂။ သဒ္ဒါရုံ (အသံ)၊ ၃။ ဂန္ဓာရုံ (အနံ့ )၊ ၄။ ရသာရုံ (အရသာ)၊ ၅။ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) (ပထဝီ၊ တေဇော၊ ဝါယော)၊ ၆။ ဓမ္မာရုံ (က) ပသာဒရုပ် = အကြည်ရုပ်ငါးပါး၊
1.色所缘(颜色);2.声所缘(声音);3.香所缘(气味);4.味所缘(滋味);5.触所缘(触碰,即地界、火界、风界);6.法所缘:(a)净色——五种净色;
( ခ ) သုခုမရုပ် = သိမ်မွေ့သော ရုပ် (၁၆)ပါး ---
(b)细色——十六种细色。
ဤသို့လျှင် ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချ လိုက်သော် အာရုံ (၆)မျိုး ရရှိပေသည်။ ထိုတွင် ဓမ္မာရုံ အမည်ရသော ဓမ္မာရုံလိုင်း၌ အကျုံးဝင်သော ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရား များမှာ ကာမာဝစရ မနောဒွါရိကဇောဝီထိ စိတ်အစဥ်များသာ ဖြစ်ကြသဖြင့် ဝီထိစိတ် အရေအတွက် နည်းပါး ရကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂီသူတော်စင်တို့အဖို့ ပိုမို၍ လွယ်ကူချောမောပေသည်။ သို့အတွက်
如此依所缘划分色法,就得到六种所缘。在这些所缘中,以摄入法所缘线的色法为所缘而生起的名法,仅是欲界意门速行心路的心相续;由于路心种类较少,刚开始修名业处的禅修者较容易掌握。因此——
原书第 110 页
ဓမ္မာရုံလိုင်းက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်ပါသည်။
本书先说明从法所缘线开始摄取、观修名法的方法。
လိုင်းသတ်မှတ်ပုံ
各线的划分方法
ရုပ် (၂၈)ပါးတို့ကို အာရုံအလိုက် ခွဲတမ်း ချလိုက်ခဲ့သော် အာရုံ (၆)ပါး ရရှိသဖြင့် ယင်းရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း (၆)လိုင်း သတ်မှတ်ထားပါသည်။
依所缘划分二十八种色法,可以得到六种所缘;相应地,以这些色法为所缘而生起的名法,也被划定为六条线。
၁။ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ရူပါရုံလိုင်း နာမ်တရားများဟုလည်းကောင်း၊ ၂။ သဒ္ဒါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သဒ္ဒါရုံလိုင်း နာမ်တရားများဟုလည်း- ကောင်း၊ ၃။ ဂန္ဓာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဂန္ဓာရုံလိုင်း နာမ်တရားများဟုလည်း- ကောင်း၊ ၄။ ရသာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ရသာရုံလိုင်း နာမ်တရားများဟု လည်းကောင်း၊ ၅။ ဖောဋ္ဌဗ္ဗာရုံကို (= ပထဝီ၊ တေဇော၊ ဝါယော)တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားများဟုလည်းကောင်း၊ ၆။ ဓမ္မာရုံအမည်ရသည့် ပသာဒရုပ် သုခုမရုပ်တို့ကို၊ သို့မဟုတ် ယင်းဓမ္မာရုံ အမည်ရသည့် ရုပ်တစ်ခုခုကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဓမ္မာရုံလိုင်း နာမ်တရားများဟုလည်းကောင်း ---
1.以色所缘为所缘而生起的名法,称为色所缘线名法;2.以声所缘为所缘而生起的名法,称为声所缘线名法;3.以香所缘为所缘而生起的名法,称为香所缘线名法;4.以味所缘为所缘而生起的名法,称为味所缘线名法;5.以触所缘(即地界、火界、风界)为所缘而生起的名法,称为触所缘线名法;6.以称为法所缘的净色、细色,或其中任何一种色法为所缘而生起的名法,称为法所缘线名法——
အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။
如此分别称说。
ဉာဏ်နုသူ သူတော်ကောင်းများအတွက် ခေါ်ဝေါ်လွယ်ကူစေရန် ရည်သန်၍ သုံးစွဲထားသော ဝေါဟာရ များပင် ဖြစ်သည်။
这些不过是为了便于智慧尚浅的善士称说而使用的术语。
ဓမ္မာရုံလိုင်း ကာမာဝစရ နာမ်တရားများ
法所缘线欲界名法
စျာန်မရသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်များသည် ဤအပိုင်းမှ စ၍ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရမည် ဖြစ်သည်။ စျာန်ရသော သမထယာနိကပုဂ္ဂိုလ် တို့သည်လည်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ဤကာမာဝစရ နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည်သာ ဖြစ်ပေသည်။
尚未得禅的纯观乘者,应从本节开始摄取名业处。已经得禅的止乘者,在摄取称为禅法的禅那名法以后,也必须继续摄取这些欲界名法。
ဤတွင် ဉာဏ်နုသူ ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် စက္ခုအကြည်ဓာတ် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော အကောင်းအုပ်စုနာမ်တရားစုတို့ကို နမူနာပုံစံအဖြစ် ရှုပွားပုံစနစ်နှင့်တကွ ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
本书先为智慧尚浅的禅修者,以取眼净色这一色法为所缘而生起的“善组”名法为例,连同观修方法加以说明。
စက္ခုအကြည်ဓာတ် - ဓမ္မာရုံ - အာရုံ
以眼净色(法所缘)为所缘
ရှေးဦးစွာ ဝိပဿနာ၏ အခြေပါဒက ဖြစ်သော အာနာပါနဿတိသမာဓိကို စတုတ္ထစျာန် ဆိုက်သည် တိုင်အောင် သမာဓိ ထူထောင်ပါ။ အကယ်၍ အသင်ယောဂီ သူတော်ကောင်းသည် သြဒါတကသိုဏ်းအထိ သမာဓိ ထူထောင်ပြီးသူ ဖြစ်ပါက သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိ ထူ ထောင်လိုကလည်း သမာဓိ ထူထောင်ပါ။ ထိုသမာဓိမှ ထသောအခါ --- ၁။ ဘဝင် = မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပြီးသောအခါ ---
首先,把作为观禅基础的入出息念定建立到第四禅。如果贤善瑜伽行者已经将定修到白遍,也可以把白遍定建立至第四禅。从该定出定时——1.摄取有分,即有分意净界,并以智分别。摄取有分意净界以后——
原书第 111 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၂။ စက္ခုအကြည်ဓာတ်ကို လှမ်းအာရုံယူပါ၊ သိမ်းဆည်းပါ။
2.把眼净色取作所缘,并加以摄取。
(ရုပ်ကမ္မဋ္ဌာန်းကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးပါမှ နာမ်ကမ္မဋ္ဌာန်းသို့ ပြောင်းရွှေ့လာသူ သိမ်း ဆည်းနေသူ ဖြစ်သဖြင့် ဤအချိန်တွင် စက္ခုအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်း၍ ရှု၍ ရနေမည်သာ ဖြစ်သည်၊ ရှုတတ်နေမည်သာ ဖြစ်သည်။) ၃။ ထိုစက္ခုအကြည်ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သို့မဟုတ် စက္ခုအကြည်ဓာတ် သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
〔由于必须先将色业处清净、完善地把握之后,才转入名业处,因此这时应当已经能够轻易把握、观见眼净色。〕3.当眼净色显现于有分意净界,或趋入有分意净界时,意门速行心路心相续便会生起。
၄။ ထိုဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းစိတ်က သို့မဟုတ် မနောဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဥ်တွဲလျက် ဖြစ် ပေါ်လာသော အဓိမောက္ခစေတသိက်က စက္ခုအကြည်ဓာတ်ဟု ဆုံးဖြတ်ကြည့်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောမည် ဖြစ်သည်။
4.应观见:该心路中的意门转向心,或与意门转向心相应而生起的胜解心所,把所缘判定为“眼净色”。由于是如理作意,善速行便会生起。
၅။ ထိုမနောဒွါရိကဇောဝီထိ စိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂)လုံး၊ ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ၊ တဒါရုံကျခဲ့သော် တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိကြမည် ဖြစ်သည်။ ဉာဏ် ပီတိ နှစ်မျိုးလုံး ပါဝင်ခဲ့သော်သာ (၃၄)လုံး ဖြစ်သည်၊ ဉာဏ် ပီတိများ တစ်မျိုးသော်လည်းကောင်း၊ နှစ်မျိုးလုံးသော်လည်းကောင်း မပါဝင်ခဲ့သော် (၃၃/၃၂ )လုံးသော နာမ်တရားများ ရှိကြမည် ဖြစ်သည်။
5.在这条意门速行心路的心相续中,意门转向共有十二种名法(心与心所合计);每一速行有三十四种名法;若彼所缘生起,每一彼所缘也各有三十四种名法。只有智与喜两者都相应,才有三十四种;若其中一种不相应,或两者都不相应,则分别有三十三或三十二种名法。
ထိုတွင် မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး ဟူသည်မှာ ---- အသိစိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယတို့ ဖြစ်ကြသည်။ ဇောနှင့် တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
这里所说意门转向中的十二种名法,是:能知之心、触、受、想、思、一境性、名命根、作意、寻、伺、胜解、精进。每一速行与每一彼所缘中的三十四种名法如下。
နာမ်တရား (၃၄) လုံး
三十四种名法
၁။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော၊ ၂။ ဖဿ = စက္ခုအကြည်ဓာတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊ = စက္ခုအကြည်ဓာတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊ ၃။ ဝေဒနာ = စက္ခုအကြည်ဓာတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော၊ (သောမနဿဝေဒနာ၊)
1.能知之心:以取得眼净色所缘为性。2.触:以接触眼净色所缘的方式生起为性;以联结眼净色所缘与能知之心为性。3.受:以体验眼净色所缘之味为性(悦受)。
(နောက်စေတသိက်တို့၌ အာရုံ ဟုဆိုလျှင် စက္ခုအကြည်ဓာတ်အာရုံ ဟု မှတ်ပါ။)
〔注:下列诸心所中凡说“所缘”,均应理解为眼净色所缘。〕
၄။ သညာ = အာရုံကို (စက္ခုအကြည်ဓာတ်ဟု) မှတ်သားထားခြင်းသဘော၊ ၅။ စေတနာ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်းသဘော၊ = နှိုးဆော်ပေးခြင်းသဘော၊ ၆။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊ = တည်ငြိမ်နေခြင်းသဘော၊ = သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊ ၇။ ဇီဝိတ = အာရုံ၌ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊ (နာမ်သက်စောင့်ဓာတ်၊) ၈။ မနသိကာရ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = မောင်းနှင်ပေးခြင်းသဘော၊
4.想:以将所缘记认为“眼净色”为性。5.思:以推动、激励诸相应法到达所缘为性。6.一境性:以令心落在单一所缘上为性,即安住不动,并使诸相应法不散乱、不离散。7.名命根:以在所缘上守护诸相应法为性(即守护名法的生命力)。8.作意:以使诸相应法转向并推向所缘为性;驱使它们到达所缘;
原书第 112 页
= အာရုံကို နှလုံးသွင်းခြင်းသဘော၊ ၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို (သမ္ပယုတ်တရားတို့ကို) ရှေးရှုတင်ပေးခြင်းသဘော၊ ၁ဝ။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊ = ထပ်၍ ထပ်၍ ယူခြင်းသဘော၊ ၁၁။ အဓိမောက္ခ = အာရုံကို (စက္ခုအကြည်ဓာတ်) ဟု ဆုံးဖြတ်ချက်ချခြင်းသဘော၊ ၁၂။ ဝီရိယ = အာရုံကို သိအောင် ကြိုးစားအားထုတ်ခြင်းသဘော၊ 〔သမ္ပယုတ်တရားအားလုံး ဖြစ်အောင် ကြိုးစားမှုပင် ဖြစ်သည်၊ သို့သော် သိလိုမှုသဘောက ဦးဆောင် နေသောကြောင့် ဤသို့ ရေးသားခြင်း ဖြစ်သည်။〕 ၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊ ၁၄။ ဆန္ဒ = အာရုံကို သိလိုခြင်းသဘော၊ ၁၅။ သဒ္ဓါ = အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဥ်၌ ယုံကြည်ခြင်းသဘော၊ 〔သီလသိက္ခာ = သီလကျင့်စဥ်၊ သမာဓိသိက္ခာ = သမာဓိကျင့်စဥ်၊ ပညာသိက္ခာ = ပညာ ကျင့်စဥ်ဟူသော သိက္ခာ (၃)ရပ် ရှိ၏။ သာသနဗြဟ္မစရိယဟုလည်း ခေါ်၏။ ယင်း သိက္ခာ (၃)ရပ်တွင် ပညာသိက္ခာလည်း
也就是将所缘纳入心中的性质。9.寻:把心——即诸相应法——导向、投向所缘的性质。10.伺:反复审察、思量、揉摩所缘的性质;一再取所缘的性质。11.胜解:将所缘决定为“眼净色”的性质。12.精进:为如实了知所缘而努力的性质。〔其实,这是为使一切相应法生起而努力;但因为“想要了知”的性质居于主导,所以作如是说。〕13.喜:喜爱所缘的性质。14.欲:想要了知所缘的性质。15.信:信赖能够洞彻知见所缘的慧学——即慧行——的性质。〔有戒学、定学、慧学三学,即戒行、定行与慧行;三者也称为教法梵行。在这三学中,慧学也——
ပါဝင်လျက် ရှိ၏။ စက္ခုအကြည်ဓာတ် ပရမတ်အာရုံကို ထွင်းဖောက်သိမြင်မှု သဘောတရားကား ပညိန္ဒြေ စေတသိက်ပင် ဖြစ်၏၊ ပညာသိက္ခာ၌ အကျုံးဝင်၏။ သို့အတွက် စက္ခုအကြည်ဓာတ်အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဥ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။ တစ်နည်းဆိုရသော် စက္ခုအကြည်ဓာတ် သည် ပဋိစ္စသမုပ္ပန္နတရားစု ပဋိစ္စသမုပ္ပါဒ်တရားစုတို့တွင် သဠာယတန စာရင်းတွင် ပါဝင်လျက် ရှိ၏။ ကြောင်း- ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ အပေါ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။〕 ၁၆။ သတိ = အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ် စေခြင်းသဘော၊ = အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်းသဘော၊ ၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊ ၁၈။ သြတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
包括在内。洞彻知见眼净色这一究竟所缘的法,就是慧根心所,摄于慧学。因此,信赖能够洞彻知见眼净色所缘的慧学——即慧行——也是信。换一种说法,眼净色在缘已生法与缘起诸法中,列入六处一项;相信因果相续的缘起法则,也是信。〕16.念:使诸相应法在所缘上不像葫芦般浮起,而像石板般沉入的性质;使心稳固于所缘的性质;不忘失所缘的性质。17.惭:对于恶、不善法与恶行感到羞耻的性质。18.愧:对于恶、不善法与恶行感到畏惧的性质。
〔〔〔အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို ရှက်တတ် ကြောက်တတ်သောကြောင့်ပင် ယခုကဲ့သို့ ကုသိုလ် ရေးဆိုင်ရာ ဘာဝနာလုပ်ငန်းရပ်တို့ကို ပြုလုပ်နေခြင်း ဖြစ်သည်။ သို့အတွက် ဤ ဟိရိ + သြတ္တပ္ပတရား နှစ်မျိုးသည် ယခုကဲ့သို့ စက္ခုအကြည်ဓာတ် ပရမတ်သဘောကို ထိုးထွင်းသိမြင်နေခိုက် ရှုပွားသုံးသပ်နေခိုက်၌ လည်းကောင်း၊ ထိုစက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်သွားကြကုန်သော နာမ်ပရမတ်တရားတို့ကို ထိုးထွင်းသိမြင်နေခိုက် ရှုပွားသုံးသပ်နေခိုက်၌လည်းကောင်း ရှေးရှုတည်နေခြင်းသဘောမျှသာ ဖြစ်၏။ ဤ ဘာဝနာ လုပ်ငန်းရပ်ကို အားမသစ်မီ၊ အားသစ်ဆဲ၊ အားသစ်ပြီး အချိန်အခါတို့၌ အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် ရှေးရှုတည်နေရုံ သဘောမျှသာ ဖြစ်သည်။ စက္ခုအကြည်ဓာတ်ကို ထိုးထွင်း သိနေသည့် အချိန်၊ စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိသည့် နာမ်တရားတို့ကို ထိုးထွင်းသိမြင်နေသည့် အချိန်ဝယ်
〔正因为对于不善法与恶行有惭、有愧,才会从事这样的善法禅修。因此,在洞彻知见、观修眼净色究竟自性时,以及在洞彻知见、观修那些以眼净色为所缘而生起的究竟名法时,惭与愧这二法都只是现前存在着。在开始这项禅修之前、正在修习之时以及修习之后,它们也都只是现前存在于贤善瑜伽行者的相续中。在洞彻知见眼净色时,以及洞彻知见那些能洞彻知见眼净色的名法时——
''ရှက်လှချည်ရဲ့၊ ကြောက်လှချည်ရဲ့''ဟု ဖြစ်နေသည်ကား မဟုတ်ပေ။〕 ၁၉။ အလောဘ = အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊
并不是心里正在想:“真羞愧啊,真害怕啊。”〕19.无贪:心不黏著、不贪爱所缘的性质;
原书第 113 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း = အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊ ၂ဝ။ အဒေါသ = အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊ ၂၁။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ = အာရုံကို လျစ်လျူ (လစ်လျူ) ရှုခြင်းသဘော၊ ၂၂။ ကာယပဿဒ္ဓိ = အာရုံ၌ စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော၊ ၂၃။ စိတ္တပဿဒ္ဓိ = အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊ ၂၄။ ကာယလဟုတာ = အာရုံ၌ စေတသိက်တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊ ၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊ ၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊ ၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊ ၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့၏ ခံ့ညားခြင်းသဘော၊ = အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊ ၂၉။ စိတ္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊
不把所缘执取为“我的”的性质。20.无嗔:心在所缘上不刚强、不粗暴的性质;不想毁坏所缘的性质。21.中舍性:将心中正地安置于所缘的性质;对于所缘保持平等、中立而观待的性质。22.心所轻安:诸心所在所缘上寂静的性质。23.心轻安:心在所缘上寂静的性质。24.心所轻快性:诸心所在所缘上敏捷、轻快的性质。25.心轻快性:心在所缘上敏捷、轻快的性质。26.心所柔软性:诸心所在所缘上柔软的性质。27.心柔软性:心在所缘上柔软的性质。28.心所适应性:诸心所在所缘上堪任的性质;适合、便于观照所缘的性质。29.心适应性:心在所缘上堪任的性质;
= အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊ 〔စက္ခုအကြည်ဓာတ်ကို ရှုခိုက်၊ စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် နာမ်တရားတို့ကို ရှုခိုက် ဖြစ်သည်။
适合、便于观照所缘的性质。〔这里所说的是观照眼净色,以及观照取眼净色为所缘的名法之时。
စက္ခုအကြည်ဓာတ်ကို လွယ်လွယ်ကူကူ ရှုလို့ ရနေခြင်းမှာ ဤကမ္မညတာစေတသိက်တို့၏ စွမ်းရည်ပင် ဖြစ် သည်။ စက္ခုအကြည်ဓာတ်ကို သိမ်းဆည်း ရှုပွားသည့် ဘာဝနာမှု၌ ခံ့ညားမှုသဘောပင် ဖြစ်သည်။ စက္ခု အကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရာ၌ လည်း နည်းတူပင် မှတ်ပါ။ ကျန်ပရမတ် တရားတို့၌လည်း နည်းတူ သဘောပေါက်ပါ။〕 ၃ဝ။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင် လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင် လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၃၂။ ကာယုဇုကတာ = အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ ၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်း သဘော၊
能够轻易观见眼净色,正是这些适应性心所的能力;这就是在摄取、观修眼净色的禅修工作中堪任、适应的性质。再次摄取那些取眼净色为所缘而生起的名法时,也应同样理解;对于其余究竟法,也应依此类推。〕30.心所练达性:诸心所在所缘上熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。31.心练达性:心在所缘上熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。32.心所正直性:诸心所在所缘上正直的性质;没有诳与虚伪等弯曲不直的性质。33.心正直性:心在所缘上正直的性质;
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ ၃၄။ ပညာ = စက္ခုအကြည်ဓာတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊ 〔စတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသော သမ္မာဒိဋ္ဌိ (၄)မျိုးတို့တွင် - ဒုက္ခေ ဉာဏံ - အရ ဒုက္ခသစ္စာကို ထိုးထွင်း သိသည့် သမ္မာဒိဋ္ဌိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-ဟူသော ဓမ္မစကြာ
没有诳与虚伪等弯曲不直的性质。34.慧:洞彻知见眼净色所缘的性质。〔在称为“四谛正见”的四种正见中,依巴利“ဒုက္ခေ ဉာဏံ”(于苦之智)而言,洞彻知见苦谛的正见也包括在内。依《转法轮经》所说“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”(简言之,五取蕴是苦)——
原书第 114 页
ဒေသနာတော်အတိုင်း ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာဟူသော အမည်ကို ရရှိပေသည်။ ယင်း ဥပါ- ဒါနက္ခန္ဓာ (၅)ပါးတို့တွင် ရူပက္ခန္ဓာလည်း ပါဝင်၏။ ယင်း ရူပက္ခန္ဓာတွင် စက္ခုအကြည်ဓာတ်လည်း ပါဝင်၏။
依此教说,五取蕴得名为苦谛。五取蕴中包括色蕴,色蕴中又包括眼净色。
သို့အတွက် စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိသည့် ပညိန္ဒြေစေတသိက်သည်လည်း ဒုက္ခသစ္စာ၏ တစ်စိတ် တစ်ဒေသကို ထိုးထွင်းသိသည့် သမ္မာဒိဋ္ဌိဉာဏ်ပင် ဖြစ်သည်။〕
因此,洞彻知见眼净色的慧根心所,也正是洞彻知见苦谛一个部分的正见智。〕
မဟာကုသိုလ်စိတ် (၈) မျိုး
八种大善心
တစ်ခါတစ်ရံ ထိုကဲ့သို့ စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ရှုဖန်များလာသောအခါ၊ စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ရှုဖန်များလာသောအခါ ပီတိမဖြစ်ဘဲသော်လည်း ရှိတတ်၏။
有时,如此反复以眼净色为所缘而观照,或反复观照那些以眼净色为所缘而生起的名法时,喜也可能不生起。
ထိုအခါ ဝေဒနာမှာ ဥပေက္ခာဝေဒနာဖြစ်၍ စိတ်စေတသိက် (၃၃) ဖြစ်သည်။
这时,受是舍受,心与心所共有33种。
တစ်ခါတစ်ရံ အလေ့အကျင့်များလာသောအခါ ရှုရင်းဖြင့် စိတ်မှာ အနည်းငယ် အပြင်အာရုံသို့ရောက် ခြင်း စသည်ဖြင့် ဖြစ်တတ်၏။ ထိုအခါမျိုး၌ အလွန်တိုတောင်းသော အချိန်ကာလကလေး၏ အတွင်း၌ပင် အပြင် အာရုံ တစ်လှည့် စက္ခုအကြည်ဓာတ်ကို တစ်လှည့် သိနေတတ်၏။ စက္ခုအကြည်ဓာတ်အာရုံကို သိမှုမှာလည်း လုံးဝပျောက်မသွားပေ။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပေါ်နေကြသော စက္ခုအကြည်ဓာတ်တို့ကို သိတန် သလောက်လည်း သိနေပေသည်။ ထိုကဲ့သို့သော အခါမျိုး၌ စက္ခုအကြည်ဓာတ်ကို အသစ်အသစ်ကို ထိုးထွင်း သိမြင်တတ်သည့် ပညာမပါ ဖြစ်တတ်၏။ ထိုအချိန်၌ စက္ခုအကြည်ဓာတ်ကို သိနေခြင်းမှာ ဉာဏဝိပ္ပယုတ် ဝိညာဏ်က သိနေခြင်း ဖြစ်၏။ ဝိညာဏ်သည် ပရမတ္ထဓမ္မအာရုံကို အသစ်အသစ်ကို ထွင်းဖောက်၍ မသိမြင် နိုင်သော်လည်း ပညာက သိပြီးသော ပရမတ္ထဓမ္မ အာရုံမျိုးကိုကား ဆက်လက်၍ သိနိုင်ပေသည်။ ထိုအခါမျိုး၌ စက္ခုအကြည်ဓာတ်ကို ရှုနေရသည်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် ပီတိပါဝင်၍ စိတ်စေတသိက် (၃၃)ပင်
有时,随着修习渐熟,观照之际心会稍微转到外在所缘等。在这种情形下,短短一瞬间,心会交替地了知外在所缘与眼净色;对于眼净色所缘的了知也没有完全消失,仍能在相当程度上了知依生、住、灭而发生的眼净色。此时,能够一再洞彻知见新眼净色的慧有时并不相应;当下了知眼净色的是智不相应识。识虽然不能洞彻知见新出现的究竟法所缘,却能继续了知已经由慧了知过的同类究竟法所缘。在这种情形下,如果观照眼净色时心有欢喜,喜便相应,心与心所共有33种;
ဖြစ်သည်၊ ဝေဒနာမှာ သောမနဿဝေဒနာ ဖြစ်သည်။
受则是悦受。
ပီတိနှင့် ဉာဏ် နှစ်မျိုးလုံး မပါဝင်သော် စိတ်စေတသိက် (၃၂) ဖြစ်သည်။ ဝေဒနာမှာ ပီတိ မပါ၍ ဥပေက္ခာဝေဒနာ ဖြစ်သည်။ ဤသို့လျှင် အောက်ပါအတိုင်း မဟာကုသိုလ်စိတ် (၄)မျိုး ဖြစ်သွားပေသည်။
如果喜与智都不相应,心与心所共有32种;因为没有喜,受是舍受。由此便有如下4种大善心。
၁။ ဉာဏ်နှင့် ပီတိ နှစ်မျိုးလုံး ယှဥ်သော် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် --- ၃၄ ၂။ ဉာဏ်သာယှဥ်၍ ပီတိ မယှဥ်သော် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် --- ၃၃ ၃။ ဉာဏ်မယှဥ်၊ ပီတိသာယှဥ်သော် သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ် --- ၃၃ ၄။ ဉာဏ်နှင့် ပီတိ နှစ်မျိုးလုံး မယှဥ်သော် ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ် --- ၃၂
1.智与喜都相应:悦俱·智相应大善心——34种名法。2.只有智相应而喜不相应:舍俱·智相应大善心——33种名法。3.智不相应而只有喜相应:悦俱·智不相应大善心——33种名法。4.智与喜都不相应:舍俱·智不相应大善心——32种名法。
သသင်္ခါရိက - အသင်္ခါရိက
有行与无行
အထက်ပါ မဟာကုသိုလ်စိတ် အမျိုးအစား (၄)မျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း၊ (၄)မျိုးလုံးကို သော်လည်းကောင်း ဖြစ်ပေါ်လာအောင် မိမိစိတ်ကို မိမိက တိုက်တွန်းရသော် သို့မဟုတ် သူတစ်ပါးက တိုက်တွန်း ရသော် တိုက်တွန်းမှုရှိသော ယင်းကုသိုလ် (၄)မျိုးသည် သသင်္ခါရိက ဖြစ်၏၊ ထိုကဲ့သို့ တိုက်တွန်းမှု မရှိသော် ယင်းမဟာကုသိုလ် (၄)မျိုးကား အသင်္ခါရိက ဖြစ်၏။ သသင်္ခါရိက၊ အသင်္ခါရိက နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်
在上述4类大善心中,为了使其中一类或全部4类生起,如果必须由自己促动自己的心,或由他人促动,那么这4类有促动的善心就是有行;如果没有这样的促动,这4类大善心就是无行。有行与无行两类合计,便有8种大善
原书第 115 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း စိတ် (၈)မျိုး ဖြစ်သည်။ ဤ၌ သသင်္ခါရိက အသင်္ခါရိက ဖြစ်မှုနှင့် ပတ်သက်၍ စိတ်စေတသိက် အရေအတွက် အမျိုးအစား ကွဲပြားမှုကား မရှိပေ။ ထိုကုသိုလ်စိတ်များ ဖြစ်ပေါ်လာအောင် တိုက်တွန်းမှုရှိသည့် သသင်္ခါရိက သဘော၊ တိုက်တွန်းမှုမရှိသည့် အသင်္ခါရိကသဘောများကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘောပေါက်လာမည် ဖြစ်သည်။ သို့အတွက် ဤတွင် မဟာကုသိုလ်စိတ် အမျိုးအစား (၄)မျိုးကိုသာ ဖော်ပြ ထားပါသည်။
心。这里,有行或无行并不使心与心所的数量、种类发生差别。随着观照,瑜伽行者会逐渐理解:有促动而令这些善心生起的是有行,没有促动而生起的是无行。因此,本处只列出4类大善心。