摄取方法略示
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 480–482 页 · 13 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 480 页
သိမ်းဆည်းပုံ အမြွက်
摄取方法略示
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
2.再次摄取诸色法。
၃။ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် ဝေဒနာကို အဦးမူ၍ နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပါ။ ဤတွင် ပုံစံတစ်ခုကို ထုတ်ပြအပ်ပါသည်။
3.在摄取名业处的三种方法中,采用以受为先的方法,依名业处诸表所示摄取名法。这里举出一个范例。
原书第 481 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ရူပါရုံလိုင်း အကောင်းအုပ်စုဇယား ပထမတန်း ဆိုကြပါစို့၊ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပြီးလျှင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုပါ တစ်ဖန်ပြန်၍ သိမ်းဆည်းလိုလတ်သော် --- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၁)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၂။ စက္ခုဝိညာဏ်၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၈)လုံးက နာမ်တရား၊ စက္ခုပသာဒ ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၃။ သမ္ပဋိစ္ဆိုင်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၁)လုံးက နာမ်တရား၊
就以色所缘线善组表的第一行为例。摄取缘色所缘而生的眼门心路与意门心路中所含的诸名法时,若先以受为首加以摄取,然后还要再次摄取所依处色与所缘色,则应如此观:1.五门转向——以舍受为首的心与心所十一法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。2.眼识——以舍受为首的心与心所八法是名法;包括眼净色在内的眼处五十四种所依处色,以及色所缘,是色法。3.领受——以舍受为首的心与心所十一法是名法;
ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၄။ သန္တီရဏ၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၅။ ဝုဋ္ဌော၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၆။ ဇော အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၇။ တဒါရုံ အသီးအသီး၌ --- သောမနဿ ဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ဘဝင် အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊
包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。4.推度——以悦受为首的心与心所十二法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。5.确定——以舍受为首的心与心所十二法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。6.每一速行——以悦受为首的心与心所三十四法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。7.每一彼所缘——以悦受为首的心与心所三十四法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。每一有分——以悦受为首的心与心所三十四法是名法;
ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊
包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。
(သောမနဿဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေနေသော တိဟိတ်လူသားတစ်ဦးကို
(这里所指的是一位以悦受相应心结生的三因人
ရည်ညွှန်းထားသည်။)
。)
၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၂။ ဇော အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ၃။ တဒါရုံ အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊ ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း၊ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် (၆)လိုင်းလုံး၌ နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်း ပါ။ ဝေဒနာကို အဦးမူ၍ နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းသဖြင့် ဤသို့ သိမ်းဆည်းသော သတိပဋ္ဌာန်-
1.意门转向——以舍受为首的心与心所十二法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。2.每一速行——以悦受为首的心与心所三十四法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。3.每一彼所缘——以悦受为首的心与心所三十四法是名法;包括心所依处色在内的心脏处五十四种所依处色,以及色所缘,是色法。如此等等,应依名业处诸表逐行摄取,在善组与不善组的全部六条所缘线中,无余摄取名法与色法。由于以受为首摄取名法、色法,这样摄取的念处
သည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပင် ဖြစ်၏။ ပထမဆင့်ကား အောင်မြင်ပြီ ဖြစ်၏။
就是受随观念处。如此,第一阶段已经完成。
ဤသို့ သိမ်းဆည်းရာဝယ် အာယတနဒွါရအလိုက် ဝေဒနာဦးဆောင်သည့် တစ်နည်းဆိုရသော် ဝေဒနာကို အဦးမူသဖြင့် နာမ်တရားများနှင့် မှီရာဝတ္ထုရုပ် အာရုံရုပ်တို့ကို သိမ်းဆည်းရသဖြင့် ဝီထိစိတ်အစဥ် အတွင်း၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ပါဝင်တည်ရှိသော ---
如此摄取时,是依处门以受为首;换言之,因为须以受为先,摄取诸名法、所依处色与所缘色,所以对于心路相续中每一心刹那所含的:
原书第 482 页
၁။ သောမနဿဝေဒနာ - သို့မဟုတ်၊ ၂။ ဒေါမနဿဝေဒနာ - သို့မဟုတ်၊ ၃။ ဥပေက္ခာဝေဒနာ - သို့မဟုတ်၊ ၄။ သုခဝေဒနာ - သို့မဟုတ်၊ ၅။ ဒုက္ခဝေဒနာ - ဟူသော ဤဝေဒနာတို့ကို ကွဲကွဲပြားပြား သိအောင် သိမ်းဆည်းပါ။ စိတ္တက္ခဏတစ်ခု တစ်ခုဝယ် ဤဝေဒနာ (၅) မျိုးတို့တွင် တစ်မျိုးမျိုးကား ပါဝင်လျက်ပင် ရှိ၏။ ထိုသို့ဝေဒနာကို အဦးမူသဖြင့် နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ခဲ့သော် --- သုခံ ဝါ ဝေဒနံ ဝေဒယမာနော ''သုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ။ (မ-၁-၇၅။) ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူအပ်သော ဝေဒနာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ကို လိုက်နာ ကျင့်သုံးပြီး ဖြစ်ပေသည်။
1.悦受,或2.忧受,或3.舍受,或4.乐受,或5.苦受,应当逐一摄取,直至能够清楚分别了知。每一个心刹那中,五受必有一种存在。若能如此以受为首摄取名法与色法,便已依行世尊所开“感受乐受时,了知:‘我感受乐受。’”(《中部》1-75。)