各别—偶生心所
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 263–268 页 · 41 个翻译单元
本页并入了原书的相邻小节:所依处诸色、声所缘=声音线、香所缘=气味线、味所缘=滋味线、触所缘=接触线。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 263 页
နာနာ - ကဒါစိ စေတသိက်များ
各别—偶生心所
အနိယတယောဂီ စေတသိက် အချို့တို့သည် မိမိတို့ ယှဥ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဥ်လျက် မပါ၊ ကဒါစိ --- တစ်ရံ တစ်ခါ၌သာ ယှဥ်လျက် ဖြစ်ကြရသည်၊ ထိုသို့ တစ်ရံ တစ်ခါဖြစ်ခွင့် ရပါသော်လည်း မိမိ တွဲဖက် သုံးမျိုးလုံး နှစ်မျိုးလုံး တစ်ပြိုင်နက် မယှဥ်နိုင်ကြ၊ အာရုံချင်း ကွဲပြားသောကြောင့် နာနာ- တစ်သီး တခြား တစ်မျိုးစီသာ ယှဥ်ခွင့် ရလေသည်။
有些不定相应心所,在各自的相应心每次生起时并不总是与之相应,只在 kadāci——即偶尔——才相应生起。即使偶尔有机会相应,各组三种或两种心所也不能同时相应;由于它们的所缘不同,只能 nānā——别别地——一次相应一种。
ဣဿာ-မစ္ဆေရ-ကုက္ကုစ္စ --- စေတသိက်တို့သည် ဒေါသမူဒွေ၌ ယှဥ်သော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း ယင်းစေတသိက်တို့ မပါဝင်ကြပေ။ သူတစ်ပါးစည်းစိမ်ကို ငြူစူမှု ကိုယ့်ထက်သာ မနာလိုမှု ဖြစ်ခိုက်မှာသာ ဣ- ဿာ ပါဝင်၏။ မိမိ စည်းစိမ်ကို ဝန်တိုသောအခါ သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်သောအခါ မိမိ ပစ္စည်းကို သူတစ်ပါး ကိုင်ကြည့်မှုကို မကြိုက်သော အခါ၌သာ မစ္ဆေရ ပါဝင်၏။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်ကို အာရုံပြု၍ ''ပြုမိတာ မှားလေပြီ၊ မပြုမိတာ မှားလေပြီ''ဟု နောင်တတစ်ဖန် ပူပန်သော အခါ၌သာ ကုက္ကုစ္စ ပါဝင်၏။ သူ့အသက်သတ်မှု၊ သောကပရိဒေဝဖြစ်မှု စသည့် ဒေါသမူစိတ်ဖြစ်ရာ အခါတို့၌ ယင်း စေတသိက် (၃)မျိုးတို့ မပါဝင်ကြပေ။ ဒေါသမူစိတ် ဖြစ်ရာ၌ ယင်းစေတသိက်တို့ ပါဝင်ကြရာ၌လည်း --- ၁။ ဣဿာက သူတစ်ပါးစည်းစိမ်ကို အာရုံပြု၏။
嫉、悭、恶作这些心所虽与两种嗔根心相应,却并非每当嗔根心生起时都会出现。唯有嫉妒他人的财富、不能容忍他人胜过自己时,嫉才会出现;唯有吝惜自己的财富、不能容忍与他人分享,或不喜欢他人触看自己的物品时,悭才会出现;唯有缘取已经做过的恶行、未曾做过的善行,追悔忧恼“做错了;没做也错了”时,恶作才会出现。在杀害他人、发生愁与悲叹等嗔根心生起的情形中,这三种心所都不出现。即使它们与嗔根心相应,也仍然是:1.嫉以他人的财富为所缘;
၂။ မစ္ဆေရက ကိုယ့်စည်းစိမ်ကို အာရုံပြု၏။
2.悭以自己的财富为所缘;
၃။ ကုက္ကုစ္စက ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်ကို အာရုံပြု၏။
3.恶作以已经做过的恶行、未曾做过的善行为所缘。
ဤသို့ အာရုံကွဲပြားခြင်း အာရုံပြုပုံ ကွဲပြားခြင်းကြောင့် ယင်း စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူတကွ တစ်ပြိုင်နက် ယှဥ်ခွင့်မရကြပေ။ မိမိဆိုင်ရာ အာရုံကို အာရုံပြုခိုက်၌သာ တစ်မျိုးစီ ဒေါသ
由于它们的所缘不同、缘取所缘的方式也不同,这些心所不能在同一个心刹那中同时相应;只有缘取各自相应的所缘时,才会一次一种地与嗔
原书第 264 页
မူ နာမ်တရားစုနှင့် ယှဥ်ကြလေသည်။ သို့အတွက် ဤစေတသိက်တို့သည် နာနာ- ကဒါစိ စေတသိက်တို့ မည်- ကြသည်။
根名法组相应。因此,这些心所称为各别—偶生心所。
သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝ --- နာနာ- ကဒါစိ ဖြစ်ပုံကို ပြဆိုရာ ဤနေရာ၌ လောကီဝိရတိ သာတည်း၊ လောကုတ္တရဝိရတိကား သုံးပါးလုံးပင် နိဗ္ဗာန်ကိုချည်း အာရုံပြုသောကြောင့် အမြဲတစ်ပြိုင်နက် ယှဥ် ကြသည်။ လောကီ ကာမာဝစရကုသိုလ်တို့၌ကား ရံခါ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ယှဥ်ကြသည်။
正语、正业、正命——这里说明它们如何成为各别—偶生心所,所指仅是世间离心所。至于出世间离心所,三者都只以涅槃为所缘,所以总是同时相应;在世间欲界善心中,则只是偶相应,并且一次只相应一种。
၁။ သမ္မာဝါစာဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး တစ်ပါးပါးမှ ရှောင်- ကြဥ်မှုသဘော ဖြစ်၏။
1.所谓正语,是远离与谋生无关的四种语恶行中任一种的性质。
၂။ သမ္မာကမ္မန္တဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါး တစ်ပါးပါးမှ ရှောင်ကြဥ်မှုသဘော ဖြစ်၏။
2.所谓正业,是远离与谋生无关的三种身恶行中任一种的性质。
၃။ သမ္မာအာဇီဝဟူသည် အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး၊ ကာယဒုစရိုက် (၃) ပါး တစ်ပါးပါးမှ ရှောင်ကြဥ်မှုသဘော ဖြစ်၏။
3.所谓正命,是远离与谋生有关的四种语恶行、三种身恶行中任一种的性质。
ဤသို့လျှင် ဝိရတိတို့သည် တစ်ပါးနှင့် တစ်ပါး ရှောင်ကြဥ်ရမည့် ရှောင်ကြဥ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထု ဟူသော ကာမ ရုပ်-နာမ် အာရုံချင်း မတူညီကြသောကြောင့် လောကီအခိုက် မဟာကုသိုလ်စိတ်တို့၌ ရံခါ ယှဥ်ခိုက်ဝယ် တစ်လုံးစီ တစ်လုံးစီသာ ယှဥ်နိုင်ကြသည်။ ယှဥ်ပြန်ပါသော်လည်း မဟာကုသိုလ်စိတ် ဖြစ်တိုင်း ယှဥ်နိုင်သည်ကား မဟုတ်။ ဒါနပြုရာ ဒါနကုသိုလ်ဖြစ်ရာ အခါ၊ ပရိကမ္မသမာဓိ ဥပစာရသမာဓိနှင့် ယှဥ်သော သမထဘာဝနာစိတ်ဖြစ်ရာ အခါ၊ ဝိပဿနာဘာဝနာစိတ်ဖြစ်ရာ အခါ စသည်တို့၌ (ပုထုဇန် သေက္ခတို့ သန္တာန် ဝယ်) မဟာကုသိုလ်စိတ်တို့ ဖြစ်ကြ၏။ ယင်းကဲ့သို့သော မဟာကုသိုလ်စိတ်တို့ ဖြစ်ရာအခါ စသည်တို့၌ ယင်း ဝိရတိ စေတသိက်တို့သည် မပါဝင်ကြပေ။ သို့အတွက် ဤဝိရတိ စေတသိက်တို့သည်လည်း ဆိုင်ရာ မဟာကုသိုလ် စိတ်တို့နှင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ တစ်ရံတစ်ခါသာ ယှဥ်သောကြောင့် --- နာနာ-ကဒါစိ စေတသိက်တို့
如是,各离心所各自所应远离、值得远离的“应离事”(`viramitabbavatthu`),是彼此不同的欲界色、名所缘;因此,在世间阶段与大善心相应时,一次只能相应一种。即使如此,它们也并非每当大善心生起时都能相应。在行布施、布施善生起时,在与遍作定、近行定相应的止修心生起时,在观修心生起时等,凡夫与有学相续中都会生起大善心;但在这些大善心生起的情形中,那些离心所并不出现。因此,各离心所只偶尔与相应的大善心别别地一次相应一种,而被
မည်ကြ၏။
称为各别—偶生心所。
ကရုဏာ-မုဒိတာ --- စေတသိက်တို့သည် တိဟိတ်ပုထုဇန်လူသားများအတွက် ကွက်၍ ဆိုရမူ --- ၁။ မဟာကုသိုလ်စိတ် (၈)မျိုး ၂။ စတုက္ကနည်းအားဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော စျာန် (၃) ပါး --- ဤကုသိုလ်စိတ်တို့၌ ယှဥ်၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ တစ်ရံတစ်ခါ ဖြစ်နိုင်ကုန်၏။ မဟာကု- သိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပထမစျာန် ဒုတိယစျာန် တတိယစျာန် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲတန်း ဖြစ်ကြ သည်ကား မဟုတ်ကုန်၊ တစ်ရံတစ်ခါသာ ဖြစ်ကြ၏။ ယှဥ်ကြ၏။
悲、随喜——若专就三因凡夫人类而言,这两种心所可以别别地与下列善心偶相应,一次一种:1.八种大善心;2.依四分法所说的初禅、第二禅、第三禅三种禅心。它们并非每当大善心生起,或每当初禅、第二禅、第三禅生起时都必定出现;只会偶尔生起、偶尔相应。
ထိုသို့ ယှဥ်ရာဝယ် သတ္တဝါ ပညတ်ကို အာရုံယူ၍ ကရုဏာ မုဒိတာ ဖြစ်သောအခါ၊ သတ္တဝါ ပညတ်ကို အာရုံယူ၍ ကရုဏာကမ္မဋ္ဌာန်းကို မုဒိတာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းသောအခါ၊ ကရုဏာစျာန် မုဒိတာစျာန်တို့ကို ရရှိသောအခါတို့၌သာ ယှဥ်ကြ၏။
它们只在以下情形中相应:以有情概念为所缘而生起悲或随喜时;以有情概念为所缘而修习悲业处或随喜业处时;以及证得悲禅或随喜禅时。
ဒါနပြုရာအခါ၊ ဘုရားဂုဏ်စသည်ကို အာရုံပြုရာအခါ၊ ပထဝီကသိုဏ်း စသော ကသိုဏ်းပညတ်ကို အာရုံ ယူ၍ သမာဓိထူထောင်နေသောအခါ၊ စျာန်ရသောအခါ စသည်တို့၌ မယှဥ်ကုန်။ သို့အတွက် ယင်းစေတသိက် (၂)မျိုးတို့သည် ကဒါစိ စေတသိက်တို့ ဖြစ်ကြရ၏။ တစ်ဖန် --- ၁။ ကရုဏာသည် ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၏၊ ၂။ မုဒိတာသည် သုခိတ သတ္တဝါပညတ်ကို အာရုံပြု၏၊
在行布施时,以佛陀功德等为所缘时,以地遍等遍概念为所缘建立定力时,以及证得这些遍禅时等,悲与随喜都不相应。因此,这两种心所属于偶生心所。再者:1.悲以受苦有情概念为所缘;2.随喜以安乐有情概念为所缘;
原书第 265 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤသို့ အာရုံချင်း မတူညီကြသောကြောင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် ကရုဏာ ယှဥ်ခိုက် မုဒိတာ မယှဥ်၊ မုဒိတာ ယှဥ်ခိုက် ကရုဏာ မယှဥ်နိုင်။ အသီးအသီး တစ်လုံးစီ တစ်လုံးစီသာ ယှဥ်နိုင်၏။ သို့အတွက် ဤစေတသိက်တို့သည် နာနာစေတသိက်တို့လည်း ဖြစ်ကြရ၏။ စကားနှစ်ရပ် ပေါင်းစပ်သော် ယင်းစေတသိက် (၂)မျိုး တို့သည်လည်း --- နာနာ-ကဒါစိ --- စေတသိက်တို့သာ ဖြစ်ကြသည်။
由于二者的所缘如此不同,在同一个心刹那中,悲相应时随喜不能相应,随喜相应时悲不能相应;一次只能别别相应一种。因此,这些心所也属于各别心所。把两个分类词合起来,这两种心所便同样属于各别—偶生心所。
မာန --- ဒိဋ္ဌိနှင့် မယှဥ်သော ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ် (၄)မျိုး၌ ယှဥ်သော မာန စေတသိက်သည် လည်း ထိုဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ်ဖြစ်တိုင်း အမြဲတမ်း ပါဝင်သည်ကား မဟုတ်ပေ။ ဣဋ္ဌဖြစ်သော ရူပါရုံ ကို သာယာလျက် ဒိဋ္ဌိနှင့် မယှဥ်သော လောဘမူစိတ် ဖြစ်နေသည့်အခါတွင် ရူပါရုံကို သာယာမှုသက်သက်သာ ဖြစ်နေပါက မာန မပါဝင်နိုင်ပေ။ ငါတကားဟု ထောင်လွှားမှု မာန်မူခိုက်မှာသာလျှင် မာန ယှဥ်နိုင်သည်။ မာန တစ်မျိုးတည်းဖြစ်၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဖြစ်၏ဟု ဆိုဖွယ်မရှိ၊ တစ်ရံတစ်ခါသာ ဒိဋ္ဌိဂတဝိပ္ပ- ယုတ်စိတ်၌ ယှဥ်သည့်အတွက် ယင်းမာနကို ကဒါစိ စေတသိက်ဟုသာ ခေါ်ဆိုပေသည်။ အကယ်၍ ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်ဝယ် မာန မယှဥ်သော် --- (၁၉/၂၁/၁၈/၂ဝ)သော နာမ်တရား အသီးသီးသာ ရှိမည် ဖြစ်သည်။
慢——慢心所与四种邪见不相应贪根心相应,但也并非每当这些邪见不相应贪根心生起时都必定出现。当人享受可意的色所缘,生起邪见不相应贪根心,而只是单纯享受该色所缘时,慢不会出现;唯有自高而想“我可真是了不起”时,慢才会相应。慢只有一种,谈不上别别地一次生起一种;又因为它只偶尔与邪见不相应心相应,所以只称为偶生心所。若邪见不相应心中没有慢,则相应的名法分别只有(19/21/18/20)种。
ထိန-မိဒ္ဓ --- လောဘမူ သသခါရိကစိတ် (၄)မျိုး- ဒေါသမူ သသင်္ခါရိကစိတ် (၁)မျိုး --- ဤအကုသိုလ် သသင်္ခါရိကစိတ် (၅)မျိုး၌ ယှဥ်သော ထိန-မိဒ္ဓသည်လည်း သသင်္ခါရိကစိတ် ဖြစ်တိုင်းလည်း မပါဝင်ပေ။ ဥပမာ သသင်္ခါရိကစိတ်ဖြင့် သူ့ဥစ္စာကို ခိုးယူရာ၊ သူ့သားအိမ်ယာကို ဖျက်ဆီးရာတို့၌ ထိန-မိဒ္ဓ မပါဘဲသော်လည်း ရှိရာ၏။ စိတ်ထက်ထက်သန်သန် မရှိဘဲ စိတ်ဓာတ်ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်ရာအခါ၌သာ ထိန-မိဒ္ဓ ပါဝင်သင့်၏။
昏沉、睡眠——二者与五种不善有行心相应,即四种贪根有行心与一种嗔根有行心;但也并非每当有行心生起时都会出现。例如,以有行心偷窃他人财物或行欲邪行时,也可能没有昏沉、睡眠。唯有心不振奋、精神迟钝昏昧时,昏沉、睡眠才会出现。
ထိုသို့ ပါဝင်ရာ၌ ထိန- က စိတ်ကို ထိုထို အမှု၌ မခံ့ညားအောင် ဖိနှိပ်၍၊ မိဒ္ဓ- က စေတသိက်ကို ထိုထို အမှု၌ ပင် မခံ့ညားအောင် ဖိနှိပ်သောကြောင့် (စိတ်နှင့် စေတသိက်တို့သည် ခွဲ၍မရဘဲ ဧကုပ္ပပါဒ လက္ခဏာနှင့် အညီ အတူတကွသာ ဖြစ်သကဲ့သို့) ထိန-မိဒ္ဓ (၂)မျိုးတို့လည်း ခွဲ၍မရ အတူတကွသာ ဖြစ်သောကြောင့် --- သဟ - စေတသိက်တို့ ဖြစ်ကြ၏။ ရံခါသာ ဖြစ်သောကြောင့် ကဒါစိ - စေတသိက်တို့လည်း ဖြစ်ကြ၏။ သို့အတွက် ထိန-မိဒ္ဓ စေတသိက်တို့သည် သဟ-ကဒါစိ စေတသိက်တို့တည်း။
二者出现时,昏沉压制心,使心在相应作用上不适任;睡眠则压制心所,使心所在同一作用上不适任。〔正如心与心所不可分离,依同生之相必定一同生起,〕昏沉与睡眠二者也不可分离,只能一同生起,所以属于共同相应心所;又因为只偶尔生起,所以也属于偶生心所。因此,昏沉、睡眠心所是共同—偶生心所。
ဤသတ်မှတ်ချက်အရ အကုသိုလ် သသင်္ခါရိကစိတ် (၅)မျိုးတို့၌ ထိန-မိဒ္ဓ မယှဥ်ခဲ့သော် --- ထိန-မိဒ္ဓ မပါသဖြင့် အသင်္ခါရိကစိတ်တို့၌ ပါဝင်တည်ရှိသော နာမ်တရားအုပ်စု အသီးအသီး အတိုင်းသာရှိ၏ဟု မှတ်ပါ။
依照这一规定,若五种不善有行心中没有昏沉、睡眠相应,则因少了昏沉、睡眠,其各组名法数应理解为与相应的无行心所含名法组分别相同。
ထိုအခါမျိုး၌ ကုသိုလ်မှာကဲ့သို့ပင် အကုသိုလ်စိတ်တို့၌လည်း သသင်္ခါရိက-အသင်္ခါရိက (၂)မျိုးတို့၌ သသင်္ခါ- ရိက အသင်္ခါရိကကို အကြောင်းပြု၍ စေတသိက် အရေအတွက် ထူးထွေကွဲပြားမှု မရှိဟု သိပါလေ။
在这种情况下,应当知道:与善心一样,不善心的有行、无行两类,也不会仅因有行或无行之别而在心所数目上另有差异。
မှီရာဝတ္ထုရုပ်များ
所依处诸色
အထက် ရူပါရုံလိုင်း ဓမ္မာရုံလိုင်း စသည်တို့၏ ဇယား အသီးအသီးများ၌ စက္ခုဒွါရဝီထိ နောက်လိုက် မနောဒွါရဝီထိတို့ဝယ် စက္ခုဝိညာဏ်စိတ်နှင့် သမ္ပယုတ်တရားစုတို့သည် စက္ခုဝတ္ထုရုပ် = စက္ခုအကြည်ဓာတ်ကို မှီ၍ ဖြစ်ကြ၏။ (သောတဝိညာဏ်စိတ် ဃာနဝိညာဏ်စိတ် ဇိဝှါဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်နှင့် ဆိုင်ရာ သမ္ပယုတ်တရားစုတို့သည်လည်း သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟူသော ဆိုင်ရာ အကြည်ဓာတ် အသီးအသီးကိုသာ မှီ၍ ဖြစ်ကြ၏။) ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ --- ဟူသော ကျန်ဝီထိစိတ် အားလုံးတို့နှင့် ယှဥ်ဖက် သမ္ပယုတ်တရားစုတို့သည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ အသီးအသီး ဖြစ်ကြ၏။ ဇယားများတွင် သုတ္တန်နည်းအရ ရုပ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက်
在前述色所缘线、法所缘线等各表中,眼门心路及其随后的意门心路里,眼识心及其相应法组依眼所依处色=眼净色而生。〔耳识心、鼻识心、舌识心、身识心及其各自相应法组,也分别只依耳所依处、鼻所依处、舌所依处、身所依处,即各自相应的净色而生。〕其余所有心路心,即五门转向、领受、推度、确定、速行、彼所缘、意门转向、速行、彼所缘,以及与它们相应的法组,都分别只依心所依处色而生。诸表依经教法,为了以智破除、拆解每一色法密集,并加以
原书第 266 页
သိမ်းဆည်းရှုပွားရမည် ဖြစ်သဖြင့် စက္ခုဝတ္ထု ဟဒယဝတ္ထုစသည့် ဝတ္ထုရုပ်သက်သက်ကိုသာ မဖော်ပြဘဲ မျက်စိ၌ (၅၄)မျိုး နှလုံး၌ (၅၄)မျိုး ဤသို့ စသည်ဖြင့် ဖော်ပြထားပါသည်။ ဤ (၅၄)မျိုး စသော ရုပ်တို့ကား ရုပ်အစစ်တို့ သာတည်း။ သို့သော် ရုပ်-နာမ်ကို သိမ်းဆည်းသည့် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရနိုင်သမျှ ရုပ်အတု များကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိသော အခါ၌မူကား ရုပ်အတုများကို ချန် လှပ်၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုပါ။
摄取、观修,所以没有只列眼所依处、心所依处等单一所依处色,而是列作眼处五十四种、心脏处五十四种等。这些五十四种等色法都是真实色法。不过,在摄取名色的名色分别智这一阶段,还应把所有能够取得的非真实色法混合在内,一并摄取、观修;到了观禅阶段,则应舍去非真实色法,只对真实色法修观。
ရေတွက်ပြီးသည်ကို ထပ်မံ မရေတွက်သော် မျက်စိ၌ --- ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ- ရသ-သြဇာ-ဇီဝိတ-စက္ခုပသာဒ-ကာယပသာဒ-ဘာဝရုပ် ဟု ရုပ်အစစ် (၁၂)မျိုး၊ အာကာသဓာတ်-လဟုတာ- မုဒုတာ-ကမ္မညတာ-ကာယဝိညတ်-ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာ ဟူသော ရုပ်အတု (၉)မျိုး --- နှစ်ရပ် ပေါင်းသော် (၂၁)မျိုးသော ရုပ်တရားတို့တည်း။ ဤသို့ စသည်ဖြင့် ထိုက်သလို သဘောပေါက်ပါလေ။
若已经计数过的项目不再重复计数,则眼处有十二种真实色法:地界、水界、火界、风界、颜色、香、味、食素、命根色、眼净色、身净色、性根色;另有九种非真实色法:空界、色轻快性、色柔软性、色适应性、身表、色积聚、色相续、色老性、色无常性。两类合计,共二十一种色法。其余也应依此类推,如理理解。
သဒ္ဒါရုံ = အသံလိုင်း
声所缘=声音线
ရူပါရုံ = အရောင်လိုင်း၌ နာမ်တရားတို့ကို သိမ်းဆည်း သကဲ့သို့ပင် သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နာမ် တရားတို့ကို ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။ ဇော၌ကား ယောနိသော မနသိကာရဖြစ်လျှင် ကုသိုလ် ဇော စော၍ အယောနိသော မနသိကာရဖြစ်လျှင် အကုသိုလ်ဇော စောမည် ဖြစ်သည်။ ကုသိုလ်ဇောများ ပါဝင် သည့် ဝီထိတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤတွင် အကုသိုလ်ဇော စောကြ သည့် ဝီထိတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို အကျဥ်းချုပ်၍ ဖော်ပြအပ်ပါသည်။
正如在色所缘=颜色线中摄取名法一样,在声所缘线等处也应继续摄取名法。在速行阶段,若有如理作意,善速行便会生起;若有不如理作意,不善速行便会生起。前文已经说明如何摄取、观修含有善速行的诸心路中的名法;这里将简要说明如何摄取、观修不善速行生起的诸心路中的名法。
သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်း ပြီးလျှင် ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသောအသံ သဒ္ဒါရုံကို အာရုံယူ၍ ရှုသော် ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အယောနိသော မနသိကာရဖြစ်သော် --- အကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂)၊ --- ဟူသော သောတဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ယင်းနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ရူပါရုံလိုင်း၌ ဖော်ပြခဲ့သည့် အယောနိသော မနသိကာရ အမျိုးမျိုးကို နည်းမှီး၍ ဤ၌လည်း အယောနိသော မနသိကာရဖြစ်အောင် နှလုံးသွင်းခဲ့သော် လောဘဇော ဒေါသဇော မောဟဇောများသည် ထိုက်- သလို စောကြမည် ဖြစ်သည်။ အကုသိုလ်ဇောဝီထိများကို အုပ်စုအလိုက် ကုန်စင်အောင် သိမ်းဆည်းပါ။ ယင်း
把耳净色与有分意净界一并摄取,使二者同时显现于智中;随后,以可意、不可意等各种声音,即声所缘为所缘而观。若如色所缘线所说,生起了不如理作意,就会生起含有不善速行的耳门心路与意门心路,即:耳门心路中的五门转向、耳识、领受、推度、确定、七次速行、两次彼所缘;以及意门心路中的意门转向、七次速行、两次彼所缘。应继续摄取这些名法。仿照色所缘线所说明的各种不如理作意,在这里也以令不如理作意生起的方式作意,贪速行、嗔速行、痴速行便会依相应情形生起。应依组别把所有不善速行心路摄取无遗。这些
ဝီထိစိတ်တို့တွင် သောတဝိညာဏ်စိတ်နှင့် သမ္ပယုတ်တရားစုတို့သည် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင် သော မဇ္ဈိမာယုက သောတပသာဒ = သောတအကြည်ဓာတ်ကို မှီ၍ ဖြစ်ကြကုန်၏။ ကျန်ဝီထိစိတ်အားလုံးတို့ နှင့် ဆိုင်ရာ ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားစုတို့သည် မိမိ မိမိတို့၏ ဆိုင်ရာ ရှေးရှေး စိတ္တက္ခဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ အသီးအသီး ဖြစ်ကြကုန်၏။ ဤ၌ အသံ သဒ္ဒါရုံကို --- အဇ္ဈတ္တသဒ္ဒါရုံ ဗဟိဒ္ဓသဒ္ဒါရုံ (၂)မျိုးလုံးကိုပင် ထိုက်သလို အာရုံယူ၍ ရှုနိုင်ပါသည်။
心路心中,耳识心及其相应法组依中寿型耳净色=耳的净色而生;该耳净色与最初的过去有分同时生起。其余所有心路心及各自相应的心所法组,都分别依与其相应前一心刹那同时生起的心所依处色而生。这里,对于声音这一声所缘,内在声所缘与外在声所缘两类都可以依相应情形取为所缘而观。
ဂန္ဓာရုံ = အနံ့လိုင်း
香所缘=气味线
ဃာနအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။ ဣဋ္ဌ- အနိဋ္ဌ စသည် ပြားသော ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကို လှမ်း၍ အာရုံယူပါ။ အဇ္ဈတ္တ ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကိုဖြစ်စေ၊ ဗဟိဒ္ဓ ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကိုဖြစ်စေ အာရုံယူ၍ ရှုနိုင်သည်။ အယောနိသော မနသိကာရဖြစ်ခဲ့သော် အကုသိုလ်ဇောများ ပါဝင်သည့် --- ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊
把鼻净色与有分意净界一并摄取,使二者同时显现。以可意、不可意等各种色聚的气味=香所缘为所缘;既可取内在色聚的气味=香所缘,也可取外在色聚的气味=香所缘而观。若生起不如理作意,就会生起含有不善速行的鼻门心路,清单起首为:五门转向、鼻识、领受、推度、
原书第 267 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)၊ ဟူသော ဃာနဒွါရဝီထိနှင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) --- ဟူသော မနောဒွါရဝီထိများသည် ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အကြိမ်များစွာ ဘဝင်များခြားလျက် ဖြစ်ပေါ် လာကြမည် ဖြစ်သည်။ ထိုတွင် ဃာနဝိညာဏ်စိတ်မှာ မဇ္ဈိမာယုက ဃာနဝတ္ထုရုပ်ကို မှီဖြစ်၍ ကျန်ဝီထိစိတ် အားလုံးတို့သည် ဆိုင်ရာ အသီးအသီးသော ဟဒယဝတ္ထုရုပ်ကို မှီ၍ အသီးအသီး ဖြစ်ကြသည်။
确定、七次速行、两次彼所缘所成的鼻门心路,以及意门转向、七次速行、两次彼所缘所成的诸意门心路,将如色所缘线所述,在多次有分的间隔下反复生起。其中,鼻识心依中寿型鼻所依处色而生;其余一切路心则各自依相应的心所依处色而生。
ရသာရုံ = အရသာလိုင်း
味所缘=滋味线
ဇိဝှါအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပြိုင်တူ ဉာဏ်၌ ထင်လာအောင် ပူးတွဲ သိမ်းဆည်း ပါ။ ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသော ရုပ်ကလာပ်တို့၏ အရသာ = ရသာရုံကို လှမ်း၍ အာရုံယူပါ။ ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့် အယောနိသော မနသိကာရဖြစ်ပုံ နည်းစနစ်များကို နည်းမှီး၍ အယောနိသော မနသိကာရဖြစ် အောင် အသီးအသီး နှလုံးသွင်းခဲ့သော် အကုသိုလ်ဇော အသီးအသီးတို့ ပါဝင်ကြသော --- ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါ ဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)ဟူသော ဇိဝှါဒွါရဝီထိနှင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) - ဟူသော များစွာသော မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် အသီးအသီး ဖြစ်ပေါ်လာကြပေလတ္တံ့၊ ယင်းနာမ်တရားစုတို့ကို ဆက်လက်၍ အုပ်စုကုန်အောင် သိမ်း- ဆည်းပါ။
把舌净色与有分意净界一并摄取,使二者同时显现于智中。取可意、不可意等不同色聚中的滋味,也就是味所缘,为所缘。若仿照色所缘线所示不如理作意的各种方法,逐一作意而令不如理作意生起,便会分别生起含有相应不善速行的舌门心路——五门转向、舌识、领受、推度、确定、七次速行、两次彼所缘——以及许多意门心路——意门转向、七次速行、两次彼所缘;各道心路之间都有诸有分间隔。应继续把这些名法组逐组摄取无余。
ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိလိုင်း
触所缘=接触线
ဖောဋ္ဌဗ္ဗာရုံလိုင်း အမည်ရသော ဖောဋ္ဌဗ္ဗဓာတ်တို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု (၃)မျိုး ရှိသဖြင့် --- ၁။ ပထဝီဓာတ်ကို အာရုံယူ၍လည်းကောင်း ၂။ တေဇောဓာတ်ကို အာရုံယူ၍လည်းကောင်း ၃။ ဝါယောဓာတ်ကို အာရုံယူ၍လည်းကောင်း --- အသီးအသီး ခွဲရှုပါ။
称为触所缘线的触界共有三种,即地界、火界、风界。因此,应分别观修:1.取地界为所缘;2.取火界为所缘;3.取风界为所缘。
ခန္ဓာကိုယ်ဝယ် မိမိရှုပွားလိုသည့် တစ်နေရာမှ ကာယအကြည်ဓာတ်ကိုလည်းကောင်း၊ ထိုနောင် ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း --- ဤအကြည်ဓာတ် (၂)မျိုးကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲ သိမ်း- ဆည်းပါ။ ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသော မိမိ သိမ်းဆည်းထားသည့် ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ် ကလာပ်တို့၌ ပါဝင်တည်ရှိသော ပထဝီဓာတ်ကို လှမ်း၍ အာရုံယူပါ။ ယင်းပထဝီဓာတ်က ယင်းကာယအကြည် ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရိုက်ခတ်လာသောအခါ၊ ရှေးရှူကျရောက်လာသောအခါ = ထင်လာသောအခါ ယင်းပထဝီဓာတ်ကို အယောနိသော မနသိကာရအားဖြင့် နှလုံးသွင်းခဲ့သော် (ရူပါရုံလိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း) ယင်းအယောနိသော မနသိကာရ အသီးအသီးနှင့် လျော်ညီသော အကုသိုလ်ဇော အသီး အသီးတို့ ပါဝင်ကြသော --- ၁။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင် ၂။ ကာယဝိညာဏ် = ထိသိ ၃။ သမ္ပဋိစ္ဆိုင်း = လက်ခံ ၄။ သန္တီရဏ = စုံစမ်း
从身体中自己想要观修的一处取身净色,随后取有分意净界;把这两者一并摄取,使二者同时显现于智中。取与已摄取的身净色最邻近的、可意或不可意等不同色聚中所含的地界,为所缘。当该地界同时撞击身净色与有分意净界,也就是同时来到二者之前并显现时,若以不如理作意作意该地界(如色所缘线所述),便会分别生起含有与各种不如理作意相应之不善速行的下列心路:1.五门转向=审察;2.身识=触知;3.领受=领受;4.推度=推究;
၅။ ဝုဋ္ဌော = ဆုံးဖြတ်
5.确定=判定;
原书第 268 页
၆။ ဇော (၇) ၇။ တဒါရုံ (၂) (ဘဝင်များစွာ) ၁။ မနောဒွါရာဝဇ္ဇန်း = ဆင်ခြင်ဆုံးဖြတ် ၂။ ဇော (၇) ၃။ တဒါရုံ (၂) (ဘဝင်များစွာ) ဤဖော်ပြပါ ကာယဒွါရဝီထိနှင့် များစွာသော မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခုအကြားဝယ် ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်ပေါ်လာကြပေလတ္တံ့။ သမ္ပယုတ်တရားနှင့် တကွသော ယင်းနာမ်တ- ရားစုတို့ကို နာမ်တုံး နာမ်ခဲ နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါလေ။ တေဇောဓာတ်ကို အာရုံယူ၍လည်းကောင်း ဝါယောဓာတ်ကို အာရုံယူ၍လည်း ကောင်း နည်းတူပင် ရှုပါ။ ရူပါရုံလိုင်း၌ တင်ပြခဲ့သော အယောနိသောမနသိကာရ ဖြစ်ပုံတို့ကို နည်းမှီး၍ လော- ဘဇော ဒေါသဇော မောဟဇောများ ပါဝင်သည့် မကောင်းအုပ်စု နာမ်တရားတို့ကို ကုန်စင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ပထဝီဓာတ်ကို အာရုံယူ၍ တေဇောဓာတ်ကို အာရုံယူ၍ ဝါယောဓာတ်ကို အာရုံယူ၍ သုံးကြိမ်
6.七次速行;7.两次彼所缘;(多个有分);以及:1.意门转向=审察、判定;2.七次速行;3.两次彼所缘;(多个有分)。上述身门心路和许多意门心路,将在各心路之间由诸有分间隔而反复生起。对于这些心与相应法所成的名法组,应以智逐一破除、瓦解名法团块、名法凝块与名密集,直到智见抵达究竟法。取火界或风界为所缘时,也以同样方式观修。仿照色所缘线所示不如理作意的各种方式,继续无余摄取含有贪速行、嗔速行、痴速行的不善组名法。应分别取地界、火界、风界为所缘,观修三次
သုံးခါ သုံးမျိုး ခွဲရှုပါ။
也就是分三回、按三类分别观修。