一、身随观念处

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 568–569 页 · 15 个翻译单元

本页并入了原书的相邻小节:二、受随观念处、三、心随观念处、四、法随观念处。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 568 页
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်
一、身随观念处
ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို အရိယမဂ်ဉာဏ်၏ ရှေ့အဖို့ဖြစ်သော လောကီသတိပဋ္ဌာန် အခိုက်ဝယ် အမျိုးမျိုးသော စိတ် = အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏။ မှန်ပေသည် --- (က) ဝေဒနာ စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် ရူပကာယ = ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။
在圣道智以前的世间念处阶段,这四种念处法可得于种种不同的心。确实:(甲)以不同于摄取受等诸法之心的另一种心,对色身=色法之聚加以智分别,也就是加以摄取。
( ခ ) ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ် သော စိတ်ဖြင့် ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။
(乙)以不同于摄取色身=色法之聚之心的另一种心,对受加以智分别,也就是加以摄取。
( ဂ ) ရူပကာယ = ရုပ်တရားအပေါင်း စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။
(丙)以不同于摄取色身=色法之聚等诸法之心的另一种心,对心加以智分别,也就是加以摄取。
(ဃ) ရူပကာယ = ရုပ်တရားအပေါင်း စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။
(丁)以不同于摄取色身=色法之聚等诸法之心的另一种心,对诸法加以智分别,也就是加以摄取。
〔〔လောကီ သတိပဋ္ဌာန်အခိုက်၌ ရုပ်တရားကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်၊ ဝေဒနာကို သိမ်းဆည်း သော မနောဒွါရဝီထိစိတ်၊ စိတ်ကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်၊ သညာ၊ သင်္ခါရဟူသော တစ်နည်းခန္ဓာ ငါးပါးဟူသော ဓမ္မသဘောတရားတို့ကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်ဟု မနောဒွါရဝီထိစိတ် အမျိုးမျိုးရှိ၏ ဟု ဆိုလိုသည်။ အရိယမဂ်ဉာဏ်၏ ရှေးအဖို့၌ သတိပဋ္ဌာန်တရား လေးပါးလုံးကိုပင် ပွားများအားထုတ်ရသဖြင့် ပွားများအားထုတ်နေသော = သိမ်းဆည်းရှုပွားနေသော မနောဒွါရဝီထိစိတ်များမှာလည်း အမျိုးမျိုးပင် ရှိရပေသည်၊၊〕 သို့သော် ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို လောကုတ္တရာ အရိယမဂ်ဉာဏ်၏ ဖြစ်ဆဲခဏ၌ တစ်ခု တည်းသော စိတ်၌သာ ရအပ်ကုန်၏။ မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဟူသော သတိ၏ တည်ရာအာရုံ လေးမျိုးတို့တွင် ရှေးဦး အားထုတ်ခါစ၌ ရုပ်တရားကို စ၍ ဉာဏ်ဖြင့် ပိုင်း
〔意谓:在世间念处阶段,有摄取色法的意门心路心、摄取受的意门心路心、摄取心的意门心路心,以及摄取想、行——换一种说法,摄取称为五蕴的诸法——的意门心路心;因此,意门心路心有许多种。由于圣道智以前必须培育、精勤修习全部四念处,执行培育修习、摄取观照的意门心路心也必然有许多种。〕然而,在出世间圣道智生起的刹那,这四种念处法只可得于同一心。确实,一位瑜伽行者最初开始用功时,在身、受、心、法这四种作为念之住处的所缘中,先从色法开始,以智
ခြားယူ၏ = သိမ်းဆည်း၏။ (ရုပ်တရားသက်သက်ကိုသာ သိမ်းဆည်းသည်ဟု မဆိုလိုပါ။ ရုပ်တရားကစ၍ သတိ၏ တည်ရာ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော တရားအားလုံးကိုပင် သိမ်းဆည်း၏ဟု မှတ်ပါ။)
分别=摄取。〔这并不是说他只摄取纯色法;应当记住:他从色法开始,对身、受、心、法这一切念的所住处诸法全都加以摄取。〕
原书第 569 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ရှေးဦးအားထုတ်ခါစ၌ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားကာယူ၍ = သိမ်းဆည်း၍လာသော (= အစဥ်အ တိုင်း သိမ်းဆည်းရှုပွား၍လာသော) ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိသည် ကာယာ- နုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏။ ဝိပ- ဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာ ဉာဏ်စဥ်အတိုင်း အစဥ်အတိုင်း အားထုတ်၍ အရိယ မဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဥ်သော သတိသည် ကာယာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်ည် ကာယာနု- ပဿီ မည်၏။ (ဤစကားရပ်ကို အရိယမဂ်ဉာဏ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာဉာဏ်နှင့် စပ်သဖြင့် အဋ္ဌ- ကထာ ဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်၏ဟု မှတ်ပါ။)
一位瑜伽行者最初用功时,以智分别、摄取色法,并依次持续摄取、观修;与这位瑜伽行者的观智相应之念,称为“身随观”。具足这种与观智相应之念的瑜伽行者,称为“身随观者”。他令观智逐级提升,依观智次第持续精勤,直至到达圣道智;在圣道智生起的刹那,与圣道智相应之念也称为“身随观”。具足这种念的瑜伽行者,称为“身随观者”。〔应当知道:义注导师是联系作为圣道智生起之因的观智,而作这一解说。〕
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
二、受随观念处
ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ (= ဝေဒနာကို အဦးမူသဖြင့် နာမ်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ ပြီး၍) သိမ်းဆည်းပြီး၍ အစဥ်အတိုင်း သိမ်းဆည်းရှုပွား၍လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိသည် ဝေဒနာနုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဥ်အတိုင်း အစဥ် အတိုင်း အားထုတ်၍ အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲ ခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဥ်သော သတိသည် ဝေဒနာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် ဝေဒနာနုပဿီ မည်၏။
瑜伽行者以智分别受——换言之,以受为先,以智分别名色——并加以摄取,再依次持续摄取、观修;与这位瑜伽行者的观智相应之念,称为“受随观”。具足这种与观智相应之念的瑜伽行者,称为“受随观者”。他令观智逐级提升,依观智次第持续精勤,直至到达圣道智;在圣道智生起的刹那,与圣道智相应之念称为“受随观”。具足这种念的人,称为“受随观者”。
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်
三、心随观念处
စိတ်ကို (= စိတ်ကို အဦးမူသဖြင့် နာမ်ရုပ်အားလုံးကို) ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ သိမ်းဆည်းပြီး၍ အစဥ် အတိုင်း သိမ်းဆည်းရှုပွား၍လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိသည် စိတ္တာ- နုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။ ဝိပဿ- နာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဥ်အတိုင်း အစဥ်အတိုင်း အားထုတ်၍ အရိယမဂ် ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဥ် သော သတိသည် စိတ္တာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။
瑜伽行者以智分别心——换言之,以心为先,以智分别一切名色——并加以摄取,再依次持续摄取、观修;与这位瑜伽行者的观智相应之念,称为“心随观”。具足这种与观智相应之念的瑜伽行者,称为“心随观者”。他令观智逐级提升,依观智次第持续精勤,直至到达圣道智;在圣道智生起的刹那,与圣道智相应之念称为“心随观”。具足这种念的人,称为“心随观者”。
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်
四、法随观念处
ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်းပြီး၍ အစဥ်အတိုင်း သိမ်းဆည်းရှုပွား၍လာ သော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုဝိပဿနာ သတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဥ်အတိုင်း အစဥ်အတိုင်း အားထုတ်၍ အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဥ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။
瑜伽行者以智分别诸法,加以摄取,再依次持续摄取、观修;与这位瑜伽行者的观智相应之念,称为“法随观”。具足这种与观智相应之念的瑜伽行者,称为“法随观者”。他令观智逐级提升,依观智次第持续精勤,直至到达圣道智;在圣道智生起的刹那,与圣道智相应之念称为“法随观”。具足这种念的人,称为“法随观者”。
ဤသို့လျှင် ရှေ့ဦးစွာ ဒေသနာတော်သည် ပုဂ္ဂိုလ်၌ တည်၏။ (အဘိ-ဋ္ဌ-၂-၂၇၃။)
如是,首先,教说依个人而立。(《迷惑冰消》2-273。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。