正视、旁视时正知而行
《趣向涅槃之道》中文全译本 · 非缩略版
威仪章与正知章 · 原书第 386–401 页 · 137 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 386 页
အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
正视、旁视时正知而行
ဤ၌ ရှေ့တူရူကြည့်ခြင်း = ရှေ့တည့်တည့်ကြည့်ခြင်းသည် အာလောကိတ မည်၏၊ အထောင့်အရပ်ကို ကြည့်ခြင်း = တစောင်းကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဝိလောကိတ မည်၏။ အောက်သို့ကြည့်ခြင်း အ- ထက်သို့ ကြည့်ခြင်း နောက်သို့ ကြည့်ခြင်းတို့ကား ရဟန်းတော်တို့အဖို့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော လျောက်ပတ်သော ကြည့်ခြင်းမျိုးတို့ မဟုတ်၍ ဤ၌ ဟောတော်မမူခြင်း ဖြစ်သည်၊ တည့်တည့် ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း ဤနှစ်မျိုးတို့သည်သာလျှင် ရဟန်းတော်တို့နှင့် လျော်လျောက်ပတ်သော ကြည့်ခြင်းမျိုးများ ဖြစ်သောကြောင့် ဤနှစ်မျိုးကိုသာ ယူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်နည်းဆိုရသော် ကြည့်ခြင်းအားလုံးတို့ကိုလည်း ဤတည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းကို အဦးမူသဖြင့် သိမ်းကျုံးယူအပ် ပြီးသာလျှင် ဖြစ်ပေသည်။(အဘိ-ဋ္ဌ-၂-၃၃၉-၃၄ဝ။ မ-ဋ္ဌ-၁-၂၆၅-၂၆၆။)
这里,向正前方看,也就是正视,称为 ālokita;向斜侧方看,也就是旁视,称为 vilokita。向下看、向上看、向后看,对于比丘而言,都不是能显发令人净信之威仪的合宜观看方式,所以此处没有分别宣说。只有正视与旁视这两种,是与比丘相宜的观看方式,因此世尊只取这两种而开示。另一种解释是:一切观看方式,以正视、旁视为首,都已经概括摄入其中。(《殊胜义注》2-339—340;《中部义注》1-265—266。)
၁။ သာတ္ထကသမ္ပဇဥ်
1.有益正知
ထိုတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ကြည့်အံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် စိတ်အလို အတိုင်းသာလျှင် မကြည့်သေးမူ၍ အကျိုးရှိ - မရှိကို ဆင်ခြင်၍ အကျိုးကို ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထက သမ္ပဇဥ် မည်၏။ ထိုသာတ္ထကသမ္ပဇဥ် ဖြစ်ပုံကို အရှင်နန္ဒမထေရ်မြတ်ကို မျက်မှောက်သက်သေပြု၍ သိရှိပါလေ။
正视或旁视时,“要看”的心生起以后,不应只是随心所欲立即去看;应当先省察有无利益,并以智抉择、摄取有益者。这种能力称为有益正知。关于有益正知如何生起,应以难陀尊者为直接例证而了知。
ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
世尊作如下开示。
原书第 387 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ''ရဟန်းတို့ …နန္ဒရဟန်းသည် အကယ်၍ အရှေ့အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒသည် ဤသို့ အရှေ့အရပ်ကို တည့်တည့်ကြည့်သော ငါ့အား ယင်းရူပါရုံ၌ လိုလားတပ်မက်ခြင်း ရှေးရှူကြံစည်ခြင်း = အဘိဇ္ဈာတရား၊ စိတ်မချမ်းသာခြင်း = ဒေါမနဿတရားဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရား တို့သည် အစဥ်လိုက်ကုန်လိမ့်မည် မဟုတ်ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံးသွင်းပြီးမှ အရှေ့အရပ်ကို တည့်တည့်ကြည့်၏။ ဤသို့လျှင် ထိုအရှေ့အရပ်ကို တည့်တည့်ကြည့်ရာ၌ အကျိုးရှိ-မရှိကို ဆင်ခြင်၍ အကျိုးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံ၏။
世尊开示:“诸比丘……若难陀比丘将向东方正视,他便先以心周遍作意:‘当我这样向东方正视时,欲求、贪恋——即贪欲,以及心不悦——即忧恼等卑劣不善法,将不会接连追随我。’如此周遍作意以后,他才向东方正视。像这样,在向东方正视时,他具足能省察有无利益、以智抉择并摄取有益者的正知智。”
ရဟန်းတို့ …နန္ဒရဟန်းသည် --- အကယ်၍ အနောက်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“诸比丘……若难陀比丘将向西方正视,亦复如是。”
မြောက်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“若他将向北方正视,亦复如是。”
တောင်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“若他将向南方正视,亦复如是。”
အထက်အရပ်ကို မော့၍ ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“若他将抬头向上看,亦复如是。”
အောက်အရပ်ကို ငုံ့၍ ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“若他将低头向下看,亦复如是。”
အထောင့်အရပ်ကို စောင်းငဲ့ကြည့်တော့မည် ဖြစ်အံ့။ ပ ။
“若他将向斜侧方旁视,亦复如是。”
နန္ဒရဟန်းသည် --- ''ဤသို့ အထောင့်အရပ်ကို စောင်းငဲ့ကြည့်သော ငါ့အား ယင်းရူပါရုံ၌ လိုလားတပ် မက်ခြင်း = ရှေးရှူကြံစည်ခြင်း = အဘိဇ္ဈာ၊ စိတ်နှလုံးမသာယာခြင်း = ဒေါမနဿဟု ဆိုအပ်ကုန်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့သည် အစဥ်လိုက်ကုန်လိမ့်မည် မဟုတ်ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံး သွင်းပြီးမှ အထောင့်အရပ်ကို စောင်းငဲ့ကြည့်၏၊ ဤသို့လျှင် ထိုအထောင့်အရပ်ကို စောင်းငဲ့ကြည့်ရာ၌ အကျိုးရှိ- မရှိကို ဆင်ခြင်၍ အကျိုးကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံ၏၊၊''
世尊又开示:“难陀比丘先以心周遍作意:‘当我这样向斜侧方旁视时,欲求、贪恋——即贪欲,以及心不悦——即忧恼等卑劣不善法,将不会接连追随我。’如此周遍作意以后,他才向斜侧方旁视。像这样,在向斜侧方旁视时,他具足能省察有无利益、以智抉择并摄取有益者的正知智。”
(အံ-၃-၁၄။ အဘိ-ဋ္ဌ-၂-၃၄ဝ။ မ-ဋ္ဌ-၁-၂၆၆။)
(《增支部》3-14;《殊胜义注》2-340;《中部义注》1-266。)
ထိုအရှင်နန္ဒမထေရ်မြတ်သည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော အချိန်အခါကာလ၌ -- ''ငါသည် ယင်းဣန္ဒြေတို့၌ မလုံခြုံသော၊ သတိတည်းဟူသော တံခါးရွက် မရှိမှုကို အမှီပြု၍ သာသနာတော်၌ မပျော်မွေ့ခြင်း စသော ဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရှိခဲ့ရ၏၊ ရှက်ပွဲကြီး ကြုံခဲ့ရ၏၊ ယင်း ဣန္ဒြေ မစောင့်စည်းမှုကိုပင် ကောင်းစွာ နှိပ်ကွပ်ပေတော့အံ့'' --- ဟု ဤသို့ ဖြစ်ပေါ်လာသော လုံ့လဥဿာဟရှိလျက် အားကောင်းသော ရှက်ခြင်း ကြောက်ခြင်း ဟိရိ-သြတ္တပ္ပတရားများ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုဣန္ဒြေကို လုံခြုံ အောင် စောင့်စည်းမှု၌လည်း ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူခဲ့သဖြင့် ပြုအပ် ပြီးသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိသည်၏ အဖြစ်ကြောင့် ဣန္ဒြေကို စောင့်စည်းမှု ဣန္ဒြိယသံဝရ အရာ၌ အထွတ် အထိပ်သို့ ရောက်ရှိနေတော်မူ၏၊ ထို့ကြောင့်ပင်လျှင် ထိုနန္ဒရဟန်းကို ဘုရားရှင်က ---
难陀尊者修习毗婆舍那业处时,曾生起这样的精勤决意:“由于没有守护诸根、没有以念为门扉,我曾在教法中陷入不乐等失常状态,遭遇极大的羞惭;如今我一定要善加制伏这种不守护诸根的过失。”于是,强有力的惭与愧,以及由此而起的精进奋发,都鲜明地生起。又因为他在护根方面曾于十万劫中圆满波罗蜜,具足已经积集的殊胜资粮善业(adhikāra-kusala),所以在护根即根律仪方面达到最上。正因如此,世尊对难陀比丘作了如下宣说。
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣန္ဒြိယေသု ဂုတ္တဒွါရာနံ ယဒိဒံ နန္ဒော (အံ-၁-၂၆။) = ရဟန်းတို့ …ဣန္ဒြေတို့၌ လုံခြုံအောင် စောင့်စည်းကြကုန်သော သတိတည်းဟူသော တံခါးရွက်ရှိကြ ကုန်သော ငါဘုရားရှင်၏ တပည့်သာဝကတို့တွင် နန္ဒရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ -- ဟု ဧတဒဂ်အရာ၌ ထားတော်မူ၏။ (ဒီ-ဋီ-၁-၂၄၉။)
“诸比丘,在我那些守护诸根之门的比丘弟子中,难陀为第一。”(《增支部》1-26。)世尊由此把难陀比丘立于第一之位:在诸根上严密守护、以念为门扉的佛弟子中,难陀比丘最为殊胜。(《长部复注》1-249。)
原书第 388 页
၂။ တစ်နည်း သာတ္ထကသမ္ပဇဥ် - သပ္ပါယသမ္ပဇဥ်
2.另一种解释:有益正知与适宜正知
တစ်နည်းဆိုရသော် --- ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ --- အပိုင်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်း စေတီ တော်ကို ဖူးမြင်ခြင်း စသည်တို့၏ အစွမ်းဖြင့်သာလျှင် သာတ္ထကသမ္ပဇဥ်ကိုလည်းကောင်း၊ သပ္ပါယသမ္ပဇဥ်ကို လည်းကောင်း သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄ဝ။)
另一种说法是:正如在“前进、退返”部分所解释的,应当通过瞻礼佛塔等事项来理解有益正知与适宜正知。(《殊胜义注》2-340。)
၃။ ဂေါစရသမ္ပဇဥ်
3.行处正知
ကမ္မဋ္ဌာနဿ ပန အဝိဇဟနမေဝ ဂေါစရသမ္ပဇညံ။ တသ္မာ ခန္ဓာဓာတုအာယတနကမ္မဋ္ဌာနိကေဟိ အတ္တ- နော ကမ္မဋ္ဌာနဝသေနေဝ၊ ကသိဏာဒိကမ္မဋ္ဌာနိကေဟိ ဝါ ပန ကမ္မဋ္ဌာနသီသေနေဝ အာလောကနဝိလောကနံ ကာတဗ္ဗံ။ (အဘိ-ဋ္ဌ-၂-၃၄ဝ။ မ-ဋ္ဌ-၁-၂၆၆။) = မိမိ အမြဲနှလုံးသွင်း ရှုပွားနေသော ကမ္မဋ္ဌာန်းကို မစွန့်ခြင်းသည်သာလျှင် ဂေါစရသမ္ပဇဥ် မည်၏။
“不舍离业处,正是行处正知。因此,修习蕴、界、处业处者,应当依自己的业处而正视、旁视;修习遍等业处者,则应当以业处为首而正视、旁视。”(《殊胜义注》2-340;《中部义注》1-266。)也就是说,不舍离自己恒常作意、观修的业处,正是所谓行处正知。
ထိုကြောင့် --- ၁။ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားနေသော ခန္ဓကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့်ကြည့်ရာ၌ ခန္ဓာ (၅) ပါး၊ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာ (၅)ပါးကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။
因此:1.摄取、观修五蕴的蕴业处比丘,在正视时应只摄取、观修五蕴,在旁视时也应只摄取、观修五蕴。
၂။ အာယတန (၁၂)ပါးကို သိမ်းဆည်း ရှုပွားနေသော အာယတနကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့် ကြည့်ရာ၌ အာယတန (၄)ပါး၊ စောင်းငဲ့ကြည့်ရာ၌ အာယတန (၄)ပါး စသည်ကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။
2.摄取、观修十二处的处业处比丘,在正视时应只摄取、观修四处,在旁视时也应只摄取、观修四处等。
(နောက်၌ ထင်ရှားလတ္တံ့။) ၃။ ဓာတ် (၁၈)ပါးကို သိမ်းဆည်းရှုပွားနေသော ဓာတုကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့်ကြည့်ရာ၌ ဓာတ် (၄)ပါး၊ စောင်းငဲ့ကြည့်ရာ၌ ဓာတ် (၄)ပါး စသည်ကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။ (နောက်၌ ထင်ရှားလတ္တံ့။) ၄။ ကသိုဏ်း စသည်ကို ပွားများအားထုတ်နေကြသော ကသိဏာဒိကမ္မဋ္ဌာနိက ပုဂ္ဂိုလ်တို့သည်လည်း တည့် တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာတို့၌ မိမိတို့ နှလုံးသွင်းနေသည့် ကသိုဏ်း စသော ကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်း နေပါ။
〔后文将会明了。〕3.摄取、观修十八界的界业处比丘,在正视时应只摄取、观修四界,在旁视时也应只摄取、观修四界等。〔后文将会明了。〕4.修习遍等业处者,在正视、旁视时,也应只作意自己正在作意的遍等业处。
၅။ အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနဿတိ သမာဓိကို ပွားများအားထုတ်နေသော အာနာပါနကမ္မဋ္ဌာနိက ပုဂ္ဂိုလ်ဖြစ်အံ့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မိမိရှုပွားနေသည့် အာနာပါန ကမ္မဋ္ဌာန်းကိုသာ အဦးမူသဖြင့် တည့်တည့်ကြည့်ပါ စောင်းငဲ့ကြည့်ပါ။ တစ်နည်းဆိုသော် တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အာနာပါနကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်းနေပါ။
5.如果贤善者是修习入出息念定的入出息业处行者,那么正视、旁视时,应当以自己正在观修的入出息业处为首而正视、旁视。换言之,正视、旁视时,应当只作意入出息业处。
မိမိက သမထပိုင်းတွင်သာ တည်ရှိနေပါက မိမိ နှလုံးသွင်းနေသည့် သမထကမ္မဋ္ဌာန်းကို၊ မိမိက ဝိပ- ဿနာပိုင်းသို့ ရောက်ရှိနေပါက ခန္ဓာ (၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်း စသည်တို့ တွင် မိမိရှုပွားနေသည့် တစ်နည်းနည်းဖြင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ရှုပွားလျက် တည့်တည့်ကြည့်ပါ စောင်းငဲ့ကြည့်ပါဟု ဆိုလိုသည်။ ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမထပိုင်းတွင် သမထ ကမ္မဋ္ဌာန်းကို ဝိပဿနာပိုင်းတွင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းနေပါက ဂေါစရသမ္ပဇဥ်နှင့် ပြည့်စုံပြီ ဖြစ်ပေ သည်။ ဤအဖွင့်များ အရ --- အကယ်၍ သူတော်ကောင်း တစ်ဦးသည် သမာဓိထူထောင်သည့် အပိုင်းတွင်သာ တည်ရှိနေသေး၍ မိမိ ရှုပွားနေသည့် သမထကမ္မဋ္ဌာန်းကိုသာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ နှလုံးသွင်းနေပါက ဂေါစရသမ္ပ- ဇဥ်နှင့် ပြည့်စုံပြီဟု ဆိုနိုင်၏။
如果自己还只处于止修阶段,就应在正视、旁视时观修自己正在作意的止业处;如果已经进入毗婆舍那阶段,则应依五蕴法、十二处法、十八界法等当中自己所修的某一种方法,一边观修毗婆舍那业处,一边正视、旁视。意思是:正视、旁视时,若在止修阶段持续修习止业处,在观修阶段持续修习毗婆舍那业处,便已具足行处正知。依这些解释,若一位贤善者尚处于建立定力的阶段,正视、旁视时只作意自己所修的止业处,就可以说他已经具足行处正知。
原书第 389 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အကယ်၍ သူတော်ကောင်း တစ်ဦးသည် သမာဓိစခန်းကို အောင်မြင်မှု ရရှိပြီးနောက် ယင်းသမာဓိကို ဝိပဿနာဉာဏ်၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးနိုင်သဖြင့် ခန္ဓာ အာယတန ဓာတ်တို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျက် တည့်တည့်ကြည့်ခဲ့သော် စောင်းငဲ့ကြည့်ခဲ့သော် --- တစ်နည်းဆိုရသော် တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ဖြစ်ပေါ်လာကြကုန်သော ခန္ဓာ အာယတန ဓာတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် ဂေါစရသမ္ပဇဥ်နှင့် အသမ္မောဟသမ္ပဇဥ် နှစ်မျိုးလုံး ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။
如果一位贤善者证得定以后,以该定作为毗婆舍那智的近依基础而转入毗婆舍那,在摄取、观修五蕴、十二处、十八界的同时正视、旁视;换言之,正视、旁视时,能摄取当下生起的蕴、处、界,令智见抵达究竟法,并作毗婆舍那观修,那么在他的相续中,行处正知与不痴正知两者都已具足。
၄။ အသမ္မောဟသမ္ပဇဥ်
4.不痴正知
ခန္ဓာအိမ် အတွင်း၌ကား တည့်တည့်ကြည့်တတ်သော အတ္တ၊ စောင်းငဲ့ကြည့်တတ်သော အတ္တ မည်သည် မရှိသည်သာတည်း။ တည့်တည့်ကြည့်ပေတော့အံ့။ --- ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်နှင့် အတူတကွပင်လျှင် စိတ်ကြောင့်ဖြစ်ကုန်သော၊ စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်တို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ဝါယောဓာတ်သည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ ထိုထိုသော အရပ်၌ ပျံ့နှံ့သည် ၏ အစွမ်းအားဖြင့် အောက်မျက်လွှာသည် အောက်သို့ နစ်မြုပ်သွား၏၊ အထက်မျက်လွှာသည် အထက်သို့ ကြွ၏ (= တက်၏၊ လွင့်၏)။ ယန္တရားဖြင့် ဖွင့်သော (= ပွင့်အောင် ဖွင့်လိုက်သော) တစ်စုံတစ်ယောက်သောသူ မည်သည် မရှိသည်သာတည်း။ ထိုနောင် စက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ --- ဟု
在这五蕴之家中,并没有一个能够正视的“我”,也没有一个能够旁视的“我”。当“我要正视”的心生起时,与该心同时,心生色聚也随之生起;在这些色聚中,自性力量强盛的风界使表色生起。由于这些以心生风界之力为主的诸色聚扩散到相应部位,下眼睑向下沉,上眼睑向上抬起。并没有某个人操纵机关把眼睑打开。随后,眼识心完成见的作用而生起。
ဤသို့ ကွဲကွဲပြားပြား သိခြင်းသည် ဤ အာလောကိတေ ဝိလောကိတေ၌ အသမ္မောဟသမ္ပဇဥ် မည်၏။
像这样清楚、分别地了知,便是在正视、旁视时所谓的不痴正知。
(အဘိ-ဋ္ဌ-၂-၃၄ဝ။ မ-ဋ္ဌ-၂-၂၆၆။)
(《殊胜义注》2-340;《中部义注》2-266。)
〔မှတ်ချက် --- ဤစက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာသည်ဟု ဆိုသဖြင့် ယင်းစက္ခုဝိညာဏ်သည် မိမိ ရှေ့က ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ မိမိ၏ နောက်က ဖြစ်ကြကုန်သော သမ္ပဋိစ္ဆိုင်း- သန္တီရဏ-ဝုဋ္ဌောတို့ မပါဘဲ၊ မဟန္တာရုံ ဖြစ်က ဇောမပါဘဲ၊ အတိမဟန္တာရုံ ဖြစ်က ဇော တဒါရုံတို့ မပါဘဲ မိမိ ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ သို့အတွက် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို ပါ စက္ခုဝိညာဏ်၌ သိမ်းကျုံးယူပါ။ ယင်းသို့ ယူစေလိုသောကြောင့် အဋ္ဌကထာဆရာတော်က အောက်ပါ နည်းကို ဆက်လက်၍ တစ်ဖန် ဆိုတော်မူပြန်သည်။〕
〔注:既然这里说眼识心为完成见的作用而生起,就应当知道,眼识没有能力脱离整个心路而单独生起。它不能没有前行的五门转向,也不能没有随后生起的领受、推度与确定;所缘若为大所缘,还不能没有速行;若为极大所缘,则不能没有速行与彼所缘。因此,应依不相离法,把眼门心路名法聚,以及随后继续缘取色所缘的意门心路名法聚,一并摄入这里所说的“眼识”。正因为义注师意欲教人如此摄取,才接着再次开示下述方法。〕
မူလပရိညာ
根本遍知
တစ်နည်းကား ---- ၁။ မူလပရိညာ၏ အစွမ်းဖြင့်လည်းကောင်း၊ ၂။ အာဂန္တုက = ဧည့်သည်နှင့် တူသည်၏ အစွမ်းဖြင့်လည်းကောင်း၊ ၃။ တာဝကာလိက = အခိုက်အတန့်သာ တည်တံ့မှု ရှိသည်၏ အစွမ်းဖြင့်လည်းကောင်း ---- ဤ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။ ရှေးဦးစွာ မူလပရိ- ညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံကို ဖော်ပြအပ်ပါသည်။
另一种解释是:正视、旁视时,应当从以下三方面了知不痴正知:1.依根本遍知;2.依客来〔如同客人〕;3.依暂时存在〔只在短暂时刻住立〕。首先说明依根本遍知而生起不痴正知的方式。
ရူပါရုံကို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ----
正视、旁视色所缘时:
原书第 390 页
(ဘဝင်)။ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ---- ဟု ဝီထိစိတ်အစဥ်သည် ဖြစ်ပေါ်လာ၏။
有分、五门转向、眼识、领受、推度、确定、速行,这一系列心依此次第生起。
ထိုစိတ်တို့တွင် ဘဝင်ကား ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တည်း။ ပဋိသန္ဓေမှ စုတိအတွင်း ဘဝ တစ်လျှောက်ကို ဥပပတ္တိဘဝဟု ခေါ်ဆို၏။ ဘဝင်သည် ဥပပတ္တိ အမည်ရသော ဘဝ၏ ဝီထိစိတ်များ မဖြစ်ချိန် ဝယ် စိတ်အစဥ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရား ဖြစ်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။
在这些心中,有分是脱离心路的离路心。从结生至死亡的一生期间,称为生有。有分在这一生的路心不生起时,为使心相续不中断,完成作为有之支分的作用而生起。
ရူပါရုံသည် စက္ခုဒွါရနှင့် မနောဒွါရတို့၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ ကိရိယ မနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ထိုဘဝင်ကို လည်စေ၍ (= ရပ်စေ၍) ယင်းရူပါရုံကို ဆင်ခြင် ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
当色所缘撞击眼门与意门、在二门中显现时,名为唯作意界的五门转向心使有分转动——也就是使有分停止——并完成转向该色所缘的作用而生起。
ထိုပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် စက္ခုဝိညာဏ်စိတ်သည် ယင်းရူပါရုံကို မြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
该五门转向心坏灭以后,眼识心完成看见该色所缘的作用而生起。
ထိုစက္ခုဝိညာဏ်စိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ဝိပါက်မနောဓာတ် အမည်ရသော သမ္ပဋိစ္ဆိုင်းစိတ် သည် ယင်းရူပါရုံကိုပင် လက်ခံခြင်း သမ္ပဋိစ္ဆိုင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
该眼识心坏灭以后,名为果报意界的领受心,完成领受同一色所缘的作用而生起。
ထိုသမ္ပဋိစ္ဆိုင်းစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ဝိပါက်မနောဝိညာဏဓာတ် အမည်ရသော သန္တီရဏ စိတ်သည် ယင်းရူပါရုံကိုပင် စုံစမ်းခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
该领受心坏灭以后,名为果报意识界的推度心,完成推度同一色所缘的作用而生起。
ထိုသန္တီရဏစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ကိရိယမနောဝိညာဏဓာတ် အမည်ရသော ဝုဋ္ဌောစိတ် သည် ယင်းရူပါရုံကိုပင် ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ခြင်း ဝုဋ္ဌောကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
该推度心坏灭以后,名为唯作意识界的确定心,完成把同一色所缘判定为可意、不可意等的确定作用而生起。
ထိုဝုဋ္ဌောစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် (၇)ကြိမ်သော ဇောသည် စောလာ၏။
该确定心坏灭以后,七次速行相续生起。
ထိုဇော (၇)ကြိမ်တို့တွင် ပထမဇော၌လည်း ---- ''ဤသူကား အမျိုးသမီး၊ ဤသူကား အမျိုးသား''ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် မဖြစ် သေးပေ။ ဒုတိယဇော၌လည်း။ ပ ။ သတ္တမဇော၌လည်း။ ပ ။ မဖြစ်သေးပေ။ စစ်မြေပြင်၌ စစ်သည်တို့ကဲ့သို့ ထို (၇)ကြိမ် ကုန်သော ဇောတို့သည် ထက်အောက်ပြောင်းပြန်၏ အစွမ်းဖြင့် ပျက်စီး၍ ကျကုန်လတ်သော် ''ဤ သူကား အမျိုးသမီး၊ ဤသူကား အမျိုးသား''ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်- တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၁။) ဆိုလိုရင်း ---- စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိ၌ ''အမျိုးသမီး အမျိုးသား''ဟု သိ၍ တပ်မက်မှု စသည်
在这七次速行中,即使在第一速行,也还不会由于认作“此人是女人、此人是男人”而以贪著、嗔害、迷惑的方式正视、旁视;第二速行也不会……乃至第七速行也不会。当这七次速行像战场上的士兵一样,依前后上下的次第坏灭、落下以后,才会由于认作“此人是女人、此人是男人”而以贪著、嗔害、迷惑的方式正视、旁视。应当如此依根本遍知了知正视、旁视中的不痴正知。(《殊胜义注》2-341。)其意是:在眼门心路等五门心路中,由于知道“女人、男人”而生起的贪著等
ကား မဖြစ်။ ထိုပဉ္စဒွါရဝီထိ၌ ---- ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ အယောနိသော မနသိကာရအားဖြင့် ဆင်ခြင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ဣဋ္ဌဖြစ်သော အမျိုးသမီးရူပါရုံ စသည်၌ လောဘမျှကား ဖြစ်၏၊ အနိဋ္ဌဖြစ်သော အမျိုးသမီး ရူပါရုံ စသည်၌ စိတ်ခက်ထန် ကြမ်းတမ်းမှု ပဋိဃမျှကား ဖြစ်၏။ (အမျိုးသမီးပဲ အမျိုးသားပဲဟု သိ၍ ရာဂ ဒေါသ မောဟ ဖြစ်သည်ကား မဟုတ်၊ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ လောဘမျှ ဒေါသမျှ မောဟမျှ ဖြစ်သည်ဟု ဆိုလိုသည်။) မနောဒွါရေ ပန ''ဣတ္ထီ ပုရိသော''တိ ရဇ္ဇနာဒိ ဟောတိ။ တဿ ပဉ္စဒွါရဇဝနံ မူလံ။ ယထာဝုတ္တံ ဝါ သဗ္ဗံ ဘဝင်္ဂါဒိ။ ဧဝံ မနောဒွါရဇဝနဿ မူလဝသေန မူလပရိညာ ဝုတ္တာ။ (ဒီ-ဋီ-၁-၂၅ဝ။) သို့သော် မနောဒွါရဝီထိ၌ကား ''အမျိုးသမီးပဲ၊ အမျိုးသားပဲ''ဟု သိ၍ တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေ
不会发生。在五门心路中,由于五门转向与确定作了不如理的转向、判定,对于女人等可意的色所缘,只会生起贪;对于女人等不可意的色所缘,只会生起令心刚强粗暴的嗔恚。〔意思是:并非先知道“这是女人、这是男人”才生起贪、嗔、痴;这里只缘取色所缘的颜色本身,而生起贪“然而,在意门中,才会以‘女人、男人’而贪著等。它的根本是五门速行,或是上述有分等全部心。如此,是就意门速行的根本而说根本遍知。”(《长部复注》1-250。)然而,在意门心路中,由于知道“这是女人、这是男人”,贪著、嗔害与迷惑
原书第 391 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ခြင်းသည် ဖြစ်၏။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ -၂၆ဝ- ၌ ဖော်ပြခဲ့သည့်အတိုင်း ---- ပဉ္စမမြောက် မနောဒွါရဝီထိကျမှ ''အမျိုးသမီးပဲ၊ အမျိုးသားပဲ''ဟု သိ၍ ရာဂဖြင့် တပ်မက်ခြင်း၊ ဒေါသဖြင့် ပြစ်မှားခြင်း၊ မောဟဖြင့် တွေဝေခြင်း ဖြစ်၏။ စာမျက်နှာ -၂၆ဝ- ကို ပြန်ကြည့်ပါ။) ''အမျိုးသမီးပဲ၊ အမျိုးသားပဲ''ဟု သိ၍ တပ်မက်တတ်သော ပြစ်မှားတတ်သော တွေဝေတတ်သော လောဘ- ဇော ဒေါသဇော မောဟဇောများ ပါဝင်သည့် ထိုမနောဒွါရဝီထိ၏ ဖြစ်ပေါ်လာဖို့ရန် မူလအခြေခံ အကြောင်း တရားကား ပဉ္စဒွါရဝီထိတို့၌ ပါဝင်သော ဇောပင်တည်း။ တစ်နည်းဆိုရသော် ဘဝင်နှင့် တကွသော ပဉ္စဒွါရဝီထိ စိတ်အစဥ်တို့တည်း။ ဤသို့လျှင် မနောဒွါရဇော၏ အကြောင်းရင်း မူလ၏ အစွမ်းဖြင့် ပဉ္စဒွါရဝီထိများကို ဉာဏ် ဖြင့် ပိုင်းခြားသိမှုကို မူလပရိညာ --- ဟု ဆိုအပ်ပေသည်။
便会生起。(正如本书名业处部分第260页所说明:直到第五道意门心路,才会认知“这是女人、这是男人”,并由贪而染著、由嗔而嗔害、由痴而迷惑。请回看第260页。)那一道由于认知“这是女人、这是男人”而会贪著、嗔害、迷惑,并含有贪速行、嗔速行、痴速行的意门心路,其所以生起的根本因,是五门心路中所含的速行;换一种说法,就是连同有分在内的五门心路心相续。如此,以意门速行之因、之根本来用智分别了知诸五门心路,便称为“根本遍知”(mūla-pariññā)。
ဤ အာလောကိတေ ဝိလောကိတေ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်း ဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံကို သိရှိရမည်ဟု အဋ္ဌကထာက ဖွင့်ဆိုထားသဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် --- တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ဖြစ်ပေါ်သွားကြကုန်သော --- ၁။ စက္ခုဒွါရဝီထိ - စိတ်+စေတသိက် = နာမ်တရားစုတို့ကိုလည်းကောင်း၊ ၂။ ရူပါရုံကိုပင် ဆက်လက် အာရုံယူကြကုန်သော မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း (တပ်မက်ခြင်း ကြည်ညိုခြင်း စသည်ဖြစ်သော ဝီထိများ) နာမ်တုံးနာမ်ခဲ နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်း ဆည်းနိုင် ရှုပွားနိုင်ရမည်။ ယင်းသို့ သိမ်းဆည်းနိုင် ရှုပွားနိုင်ခဲ့သော် မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟ သမ္ပဇဥ်ဉာဏ်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီဟု ဆိုလိုပေသည်။
义注既解释说,在“正视、旁视”时,应当了知依根本遍知而生起不痴正知的方式,因此,瑜伽行者对于正视、旁视时生起的:1.眼门心路中的心与心所——名法组;2.随后继续取同一色所缘的意门心路名法组〔即贪著、净信等心路〕,都必须用智拆解、破除名法团块、名法凝块与名密集,摄取、观修到智见抵达究竟法。能够这样摄取、观修,便是瑜伽行者已经依根本遍知获得不痴正知。
ဥပလက္ခဏနည်း နိဒဿနနည်း
举一兼摄法与举例说明法
အစိတ်ကို မှတ်၍ ဆိုသဖြင့် အပေါင်းကိုလည်း ယူရသော နည်းသည် ဥပလက္ခဏနည်း မည်၏။ ထင်ရှား ရာ တစ်ခုကို မိန့်ဆိုတော်မူသဖြင့် အလုံးစုံကို ယူရသော နည်းသည် နိဒဿနနည်း မည်၏။
由于标举、宣说一部分而连整体也一并摄取的方法,名为“举一兼摄法”;由于宣说一个显著的事例而总摄全部的方法,名为“举例说明法”。
ဤသမ္ပဇဥ်ပိုင်း၌ ဘုရားရှင်သည် အာလောကိတေ ဝိလောကိတေ ဟူသော စကားတော်ဖြင့် တည့်တည့် ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်း ဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြားတော်မူချက်ကား --- ''ရူပါရုံကို အာရုံယူတတ်သည့် နာမ်တရားစုတည်းဟူသော အစိတ်ကို (အစိတ်အပိုင်း တစ်ခုကို) မှတ်၍ ဟောကြားတော်မူလိုက်သဖြင့် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံယူတတ်သည့် နာမ်တရားစုအားလုံး တည်းဟူသော အပေါင်းကိုလည်း သိမ်းကျုံးယူရသော ဥပလက္ခဏနည်းအားဖြင့် ဟောကြားထားတော်မူသော ဒေသနာတော်'' ဖြစ်၏။ တစ်နည်းဆိုရသော် --- ''ရူပါရုံကို အာရုံယူတတ်သော နာမ်တရားစုတည်းဟူသော ထင်ရှားရာတစ်ခုကို သိမ်းဆည်းရှုပွားရန် ညွှန်- ကြားတော်မူလိုက်သဖြင့် အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို အာရုံယူတတ်သည့် နာမ်တရားအားလုံးကို သိမ်း
在这一正知部分,世尊以“正视、旁视”(ālokite vilokite)之语,指示应当摄取、观修正视、旁视时取色所缘的眼门心路与意门心路名法组。此一指示,是仅标举取色所缘的名法组这一部分〔一个部分〕,而由举一兼摄法,把能随其所应缘取全部六种所缘的一切名法组这一整体也一并总摄进来的教说。换一种说法,世尊指示摄取、观修取色所缘的名法组这一显著事例,便由这一明示之例总摄全部名法,指示它们都应被
ဆည်း ရှုပွားရန် ယူရသော နိဒဿနည်းအားဖြင့် ဟောကြားထားတော်မူသော ဒေသနာတော်'' ဖြစ်၏။
摄取、观修;这是依举例说明法所作的教说。
ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။
巴利《导论》偈颂(缅文转写,第1行):“ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။”译:“当一种法被宣说时,与它具有相同特相的诸法——”
ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။
巴利《导论》偈颂续(缅文转写,第2行):“ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။”译:“——也就全都被宣说了;这称为‘特相导释’。”
原书第 392 页
ဟူသော နေတ္တိပါဠိတော်၌ လာရှိသော လက္ခဏာဟာရနေတ္တိနည်းပင်တည်း။ အာရုံ (၆)ပါးတို့တွင် ရူပါရုံ ကို အာရုံယူတတ်သည့် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားတော်မူလိုက်သဖြင့် အာရုံကို ယူတတ်ပုံ လက္ခဏာချင်း တူညီသော သောတဒွါရဝီထိ စသော နာမ်တရားစုတို့ကိုလည်း သိမ်းဆည်းရှုပွားရန် ဟောကြား တော်မူပြီးပင် ဖြစ်သည်ဟု ယူရသော နည်းပင်တည်း။
上述偈颂所说的,就是《导论》巴利原典所载的特相导释法。六种所缘之中,既然世尊已经指示应摄取、观修取色所缘的名法组,那么,由于取所缘这一特相相同,也就应当理解为已经宣说:耳门心路等名法组同样必须加以摄取、观修。
အဝိနာဘာဝနည်း --- ရူပါရုံကို အာရုံယူတတ်သည့် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား တော်မူလိုက်သဖြင့် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ရူပါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုပါ သိမ်းဆည်းရှုပွားရ၏။ ပဉ္စဝေါကာရ အမည်ရသော ခန္ဓာ (၅)ပါးရှိသော ဘုံဝယ် ဆိုင်ရာ အာရုံနှင့် ကင်း၍လည်း ကောင်း၊ ဆိုင်ရာ မှီရာဝတ္ထုရုပ်နှင့် ကင်း၍လည်းကောင်း မဖြစ်စကောင်းသောကြောင့် ဖြစ်၏။ သို့အတွက် အဋ္ဌ- ကထာ ဆရာတော်ကိုယ်တိုင်က --- အာလောကိတေ ဝိလောကိတေ၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားရန် ထပ်မံ၍ ဖွင့်ဆိုပေလတ္တံ့။ (နောက်တွင် ထင်ရှားလတ္တံ့။) (က) သို့အတွက် --- အာလောကိတေ ဝိလောကိတေ --- အရ ရူပါရုံကို မြင်ရာ၌ --- ၁။ ရူပါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ သိမ်းဆည်း
不相离法(avinābhāva-naya)——既然已经指示应摄取、观修取色所缘的名法组,依彼此不可分离之理,也必须把色所缘及其相应的所依处色一并摄取、观修。因为在称为“五蕴有地”的境界中,相关名法既不可能离开各自所缘,也不可能离开各自所依处色而生起。因此,义注师本人还将在“正视、旁视”处进一步解释:必须摄取、观修五蕴〔后文即将显明〕。(甲)所以,依“正视、旁视”,见色所缘时,应摄取、观修:1.色所缘及其相应的所依处色;2.取色所缘的眼门心路、意门心路名法组。正如必须如此摄取
ရှုပွားရသကဲ့သို့ အလားတူပင် --- ( ခ ) သဒ္ဒါရုံ = အသံကို ကြားရာ၌ --- ၁။ သဒ္ဒါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ သဒ္ဒါရုံကို အာရုံပြုကြသည့် သောတဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ ( ဂ ) ဂန္ဓာရုံ = အနံ့ကို နံရာ၌ --- ၁။ ဂန္ဓာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ ဂန္ဓာရုံကို အာရုံယူကြသည့် ဃာနဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ (ဃ) ရသာရုံ = အရသာကို သိရာ၌ --- ၁။ ရသာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ ရသာရုံကို အာရုံယူကြသည့် ဇိဝှါဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ ( င ) ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိကို သိရာ၌ --- ၁။ ဖောဋ္ဌဗ္ဗာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူကြသည့် ကာယဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊
、观修一样:(乙)听到声所缘时,应摄取、观修:1.声所缘及其相应的所依处色;2.取声所缘的耳门心路、意门心路名法组。(丙)嗅到香所缘时,应摄取、观修:1.香所缘及其相应的所依处色;2.取香所缘的鼻门心路、意门心路名法组。(丁)尝知味所缘时,应摄取、观修:1.味所缘及其相应的所依处色;2.取味所缘的舌门心路、意门心路名法组。(戊)触知触所缘时,应摄取、观修:1.触所缘及其相应的所依处色;2.取触所缘的身门心路、意门心路名法组。
( စ ) ဓမ္မာရုံ အမည်ရသော ရုပ်နာမ် တစ်ခုခုကို သို့မဟုတ် အများစုကို သိရာ၌ --- ၁။ ဆိုင်ရာ ဓမ္မာရုံနှင့် မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ၂။ ဓမ္မာရုံကို အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းရှုပွားပါ။
(己)识知称为法所缘的某一种或多种色法、名法时,应摄取、观修:1.相应的法所缘及所依处色;2.取法所缘的意门心路名法组。
အာဂန္တုက သဘော
客来性质
တစ်ဖန် စက္ခုဒွါရ (မနောဒွါရ)၌ ရူပါရုံသည် ထင်မြင်ခြင်းသို့ ရောက်လတ်သော် လှုပ်သောဘဝင် = ဘဝင်္ဂ- စလန ဖြစ်သည်မှ အထက်၌ (ပြတ်သောဘဝင် = ရပ်သောဘဝင် = ဘဝင်္ဂုပစ္ဆေဒကို ဆိုလိုသည်။) မိမိ မိမိတို့၏
再者,当色所缘来到眼门〔及意门〕而显现时,从有分波动(bhavaṅga-calana)以上〔这里所谓“以上”,是指有分断,即有分停止(bhavaṅgupaccheda)〕,五门转向、眼识、领受、推度、确定相继生起,
原书第 393 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဆိုင်ရာ ကိစ္စ အသီးအသီးကို ပြီးစီးစေခြင်း၏ အစွမ်းအားဖြင့် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီ- ရဏ ဝုဋ္ဌောတို့သည် ဖြစ်ပြီးကြ၍ ချုပ်ကုန်ပြီးလတ်သော် --- အဆုံး၌ ဇောသည် ဖြစ်ပေါ်လာ၏။ ထိုဇောသည် မိမိ၏ ရှေး၌ ဖြစ်ကုန်ပြီးသော ပဉ္စဒွါရာဝဇ္ဇန်း စသည်တို့၏ အိမ်သဖွယ်ဖြစ်၍ ဖြစ်သော စက္ခုဒွါရ၌ အာဂန္တုက ဧည့်သည် ယောကျာ်းသဖွယ်ကဲ့သို့ ဖြစ်နေ၏။ သူတစ်ပါး၏ အိမ်၌ တစ်စုံတစ်ခုသော ဝတ္ထုကို တောင်းအံ့သော ငှာ ဝင်ရောက်လာသော ဧည့်သည် ယောကျာ်းအား အိမ်ရှင်တို့က စကားမဆို ဆိတ်ဆိတ်နေကုန်သည်ရှိသော် အာဏာကိုပြုခြင်း အာဏာပြခြင်းသည် မသင့်သကဲ့သို့ ထို့အတူပင် အာဝဇ္ဇန်း (ပဉ္စဒွါရာဝဇ္ဇန်း) စသည်တို့၏ အိမ်သဖွယ် ဖြစ်သော စက္ခုဒွါရ၌ အာဝဇ္ဇန်း စသော ဝီထိစိတ်တို့က ယင်းရူပါရုံကို မတပ်မက်ကုန်သော်လည်း
各自完成作用后又灭去;最后,速行生起。对于先前已经生起的五门转向等诸心而言,眼门犹如它们的家;而这个速行处在眼门中,就如一位客人。一个客人为了向别人家索取某物而登门,如果主人们一言不发、保持沉默,这位客人便不宜在别人家发号施令、强行要求。同理,在作为转向〔五门转向〕等诸心之家——眼门中,正如转向等路心对该色所缘不贪著
ကောင်း၊ မပြစ်မှားကုန်သော်လည်းကောင်း၊ မတွေဝေကုန်သော်လည်းကောင်း ထိုဧည့်သည် ယောကျာ်းနှင့် တူသောဇော၏ ယင်းရူပါရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်းသည် မသင့်မြတ်သည်သာတည်း။ ဤ သို့လျှင် ဧည့်သည် အာဂန္တုနှင့် တူသော ဖြစ်မှုရှိသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ကို သိပါ။
、不嗔害、不迷惑一样,这位如客人的速行也绝不宜对该色所缘贪著、嗔害或迷惑。应当如此依“如同客来者”的性质,了知不痴正知。
(အဘိ-ဋ္ဌ-၂-၃၄၁။ မ-ဋ္ဌ-၁-၂၆၇။)
(《殊胜义注》2-341;《中部义注》1-267。)
ဆိုလိုရင်းကား --- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့သည် ရူပါရုံအရောင်မျှ ကိုသာ သိသကဲ့သို့ ရူပါရုံအရောင်မျှကိုသာ သိသော ဇောစိတ်တို့လည်း ဖြစ်ပေါ်လာတတ်၏။ ယင်းအရောင် မျှကိုသာ သိသော ဇောနှင့် တကွသော စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဃနပြိုအောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက အသမ္မောဟသမ္ပဇဥ် ဖြစ်ပေပြီ။ ယင်းအသမ္မောဟ သမ္ပဇဥ်ဉာဏ်ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ပါ။ ဧည့်သည် အာဂန္တုသည် သူတစ်ပါး ပစ္စည်းတို့ အပေါ်၌ တပ်မက်မှု ပြစ်မှားမှု မဖြစ်သကဲ့သို့ မှတ်ပါ။ တစ်ဖန် ယင်းစက္ခုဒွါရဝီထိတွင် အကျုံးဝင်သော အာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က အယောနိသောမနသိကာရအားဖြင့် ယင်းရူပါရုံကို နှလုံးသွင်းခဲ့သော် လောဘဇော ဒေါသဇော မောဟဇောတို့လည်း ထိုက်သလို စောကြမည် ဖြစ်၏။ ယင်းဇောတို့ကား ''အမျိုးသမီးပဲ အမျိုးသား
其旨义如下:五门转向、眼识、领受、推度、确定只知色所缘的颜色本身,同样,也可能生起只知该颜色本身的速行心。若能对只知颜色本身的速行及眼门心路名法组,以智分别、摄取至究竟法,破除其密集,不痴正知便已生起。瑜伽行者应当努力获得这种不痴正知。应当记住:客来者对他人的财物不会像主人那样占有、贪著或嗔害。再者,如果眼门心路中的转向与确定以不如理作意作意该色所缘,那么贪速行、嗔速行、痴速行便会随其所应而生起;这些速行并不是由于认知“这是女人、这是男人
ပဲ''ဟု သိ၍ ဖြစ်ပေါ်လာကြသော လောဘဇော ဒေါသဇော မောဟဇောတို့ မဟုတ်ကြပေ။ အယောနိသော မနသိကာရကို အကြောင်းခံ၍ ရူပါရုံအရောင်မျှ အပေါ်၌ သာယာမှုမျှ ပြစ်မှားမှုမျှ တွေဝေမှုမျှသာဖြစ်သည်။
”而生起的贪速行、嗔速行、痴速行;它们只是以不如理作意为因,在色所缘的颜色本身上生起的欣乐、嗔害与迷惑而已。
မိမိအိမ်ရှိ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ အိမ်ရှင်တို့က ပိုင်စိုးပိုင်နင်း သာယာတပ်မက်သကဲ့သို့ တပ်မက်သည်ကား မဟုတ်၊ ဧည့်သည် အာဂန္တုယောကျာ်းသဖွယ် သူတစ်ပါးပစ္စည်း အပေါ်၌ သာယာမှု တပ် မက်မှု သဘောမျိုးသာတည်း။ ယင်းသို့ ဧည့်သည် အာဂန္တုယောကျာ်း၏ သူတစ်ပါးပစ္စည်း အပေါ်၌ သာယာ တပ်မက်မှု ပြစ်မှားမှု တွေဝေမှုသဘောနှင့် ပဉ္စဒွါရဝီထိ၌ ပါဝင်သော ဇောတို့၏ သာယာတပ်မက်မှု ပြစ်မှားမှု တွေဝေမှုသည် တူ၏။ ယင်းလောဘဇော ဒေါသဇော မောဟဇောများ ပါဝင်သော စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင် ရှုပွားနိုင်ပါက အာဂန္တုဧည့်သည်သဖွယ်နှင့် တူသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ဉာဏ် ဖြစ်ပြီ၊ ယင်း အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ် က ကြိုးစားအားထုတ်ပါ။ ဤကား ဆိုလိုရင်းတည်း။
这种贪著,并不像主人对自家各种有情、无情的欲乐对象那样,以占有者的姿态欣乐、贪著;它只是如客来男子对他人财物所有的那一种欣乐、贪著。客来男子对他人财物的欣乐贪著、嗔害与迷惑,同五门心路中诸速行的欣乐贪著、嗔害与迷惑相似。若能把含有这些贪速行、嗔速行、痴速行的眼门心路名法组摄取、观修至智见抵达究竟法,便已依“如同客来者”的性质生起不痴正知。瑜伽行者应当努力获得这种不痴正知。这就是本段的旨义。
တာဝကာလိက သဘော
暂时性质
စက္ခုဒွါရ၌ --- ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ ဝုဋ္ဌော အဆုံးရှိကုန်သော အကြင်စိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ထိုစိတ်တို့သည် ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ထိုထို မိမိ၏ ကိစ္စကို ရွက်ဆောင်ပြီးရာ ခဏ၌ပင်လျှင် ပျက်သွားကြကုန်၏၊ အချင်းချင်း မမြင်ကြကုန်၊ ထိုကြောင့် အလွန်တိုတောင်းသော အချိန်ကာလ ရှိကုန်၏၊ မိမိ မိမိတို့၏ ကိစ္စကို ရွက်ဆောင်ဆဲ တာဝကာလိက = အခိုက်အတန့်ကာလနှင့် ယှဥ်ကုန်၏။ အိမ် တစ်အိမ်ဝယ် အိမ်သူအိမ်သား အားလုံးတို့သည် သေကုန်သည်ရှိသော် ထိုခဏ၌ပင်လျှင် သေခြင်းသဘောရှိသော
在眼门中,从五门转向开始、以确定为末的诸心相继生起。这些心连同相应心所完成各自作用的那个刹那便坏灭,彼此不能互见;所以它们的寿命极短,只与暂时——即各自履行作用的一刹那——相应。譬如一所房子里的所有家人都已死去,唯一剩下的人也具有当下死亡的性质
原书第 394 页
(= သေတော့မည့်ဆဲဆဲ ဖြစ်သော) ကြွင်းကျန်သော တစ်ယောက်တည်းသော လူ၏ ကခြင်း သီဆိုခြင်း စသည် တို့၌ အလွန်မွေ့လျော်ခြင်း မည်သည် မသင့်သကဲ့သို့ ဤဥပမာအတူပင်လျှင် စက္ခုဒွါရကဲ့သို့သော ထိုတစ်ခုသော ဒွါရ၌ တစ်ခုပြီး တစ်ခု ယှဥ်တွဲ ဖြစ်ကြကုန်သော အာဝဇ္ဇန်း စသော စိတ်တို့သည် ထိုထိုသော မိမိတို့၏ ကိစ္စကို ရွက်ဆောင်ပြီးရာ ခဏ၌ပင်လျှင် ချုပ်ပျက်ကုန်ပြီးလတ်သော် ကြွင်းကျန်သော ထိုခဏ၌ပင်လျှင် သေကြေပျတ် စီးခြင်း မရဏ သဘောရှိသော ဇောစိတ်၏လည်း အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် အလွန်မွေ့လျော်ခြင်း မည်သည် မသင့်သည်သာတည်း။ ဤသို့ တာဝကာလိက = အခိုက်အတန့် ဖြစ်သော မိမိ ကိစ္စကို ဆောင်ရွက်ရာ အချိန်ကာလနှင့် ယှဥ်မှု ရှိသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။
〔即已经濒临死亡〕,那么这唯一剩下的人还极度沉醉于歌舞等,便不相宜。同理,在眼门等任何一门中相续生起的转向等诸心,各自完成作用的那个刹那便已经灭去;此时剩下的速行心也具有当下死灭的性质。因此,它再因对所缘生起贪著、嗔害与迷惑而极度沉醉,同样不相宜。应当如此依暂时性——只在履行各自作用的短暂时段存在——而了知不痴正知。
(အဘိ-ဋ္ဌ-၂-၃၄၁-၃၄၂။ မ-ဋ္ဌ-၁-၂၆၇။)
(《殊胜义注》2-341—342;《中部义注》1-267。)
ဆိုလိုရင်းကား --- စက္ခုဒွါရဝီထိ စသော ထိုထိုဝီထိတို့၏ အတွင်း၌ ဝီထိစိတ်တို့သည် သမ္ပယုတ်စေတသိက် တရားတို့နှင့် အတူတကွ ထိုထို မိမိ မိမိ၏ ကိစ္စကို ရွက်ဆောင်လျက် အလွန်တိုတောင်းသော အချိန်ကာလ အတွင်းဝယ် ဖြစ်ပြီး ပျက်သွားကြသည်ကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရှုပွားရမည်။ ဒွါရ (၆)ပါး၌ ထိုက်သ လို ဖြစ်နေကြသော ယင်းဝီထိနာမ်တရားစုတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမူကား ရာဂ- ဒေါသ-မောဟတို့သည် ဖြစ်ခွင့်မရနိုင်ဟု ဆိုလိုပေသည်။ မတွေမဝေသိခြင်း အမှန်အတိုင်းသိခြင်း အသမ္မောဟ သမ္ပဇဥ်ဉာဏ် ဖြစ်ပြီ ဟူလိုသည်။
其旨义如下:在眼门心路等各心路之中,路心连同相应心所,一边执行各自作用,一边在极其短暂的时间内生起而又坏灭;必须摄取、观修到以智慧看见这一点。若能摄取六门中随其所应生起的这些心路名法组,并进而修习毗婆舍那、作观照,贪、嗔、痴便没有生起的机会。也就是说,无迷惑之知、如实知——不痴正知——已经生起。
တစ်နည်း ခန္ဓာ အာယတန ဓာတ် ပစ္စယပစ္စဝေက္ခဏတို့၏ အစွမ်းဖြင့်လည်း ဤအသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။
换一种说法,也应依蕴、处、界以及缘省察(paccaya-paccavekkhaṇa)而了知这种不痴正知。
ခန္ဓာ (၅) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံ
依五蕴法成就不痴正知
ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ်) ၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံသည် ရူပက္ခန္ဓာ မည်၏။
如此,在正视、旁视时〔眼识心刹那中〕:1.眼净色与色所缘称为色蕴。
၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏။
2.能见色所缘的眼识称为识蕴。
၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။
3.与该眼识相应的受称为受蕴。
၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော သညာသည် သညာက္ခန္ဓာ မည်၏။
4.与该眼识相应的想称为想蕴。
၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရသည် သင်္ခါရက္ခန္ဓာ မည်၏။
5.与该眼识相应的触、思、一境性、命根与作意,称为行蕴。
ဤသို့လျှင် ဤခန္ဓာ (၅)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ်ဖြစ်ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် စောင်းငဲ့ကြည့်သနည်း။
如此,当这五蕴和合的情形清楚显现时,正视与旁视便显现、生起。这样正视、旁视时,究竟是哪一个补特伽罗、有情在正视?是哪一个补特伽罗、有情在旁视?
(အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၇-၂၆၈။)
(《殊胜义注》2-342;《中部义注》1-267—268。)
တတ္ထာတိ ပဉ္စက္ခန္ဓဝသေန အာလောကနဝိလောကနေ ပညာယမာနေ တဗ္ဗိနိမုတ္တော ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (ဒီ-ဋီ-၁-၂၅ဝ။) ခန္ဓာ (၅)ပါးတို့၏ အညီအညွတ် ပေါင်းဆုံသည်၏ အစွမ်းဖြင့် အညီအညွတ် ဖြစ်ခြင်း၏ အစွမ်းဖြင့် တည့် တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လတ်သော် ထိုခန္ဓာ (၅)ပါးမှ အလွတ်ဖြစ်သော အဘယ် မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေသနည်း အဘယ်မည်သော ပုဂ္ဂိုလ်
“这里,当依五蕴而有正视与旁视显现时,究竟哪一个脱离这些五蕴的人在正视?谁在旁视?”(《长部复注》1-250。)当五蕴相互和合,并依这一和合之力使正视、旁视显现时,究竟哪一个脱离这五蕴的补特伽罗、有情在正视?又是哪一个补特伽罗
原书第 395 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ် သတ္တဝါဟူသည် မရှိ၊ ခန္ဓာ (၅)ပါးသာ ရှိ၏ ဟူလိုသည်။
、有情在旁视?所谓正视、旁视的补特伽罗、有情根本不存在,只有五蕴;这就是其意。
ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုချက်ကား ဥပလက္ခဏနည်း နိဒဿနည်းတည်း။ စက္ခုဝိညာဏ် စိတ္တက္ခဏ၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားရသကဲ့သို့ စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း၌လည်း ခန္ဓာ (၅)ပါးစီ အသီးအသီး သိမ်းဆည်း ရှုပွားရမည်ဟု မှတ်သားပါ။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း - ၃ဝဝ - စသည်၌ ဖော်ပြခဲ့ပြီ။) ယင်းခန္ဓာ (၅)ပါးတို့ကို စိတ္တက္ခဏ အသီးအသီး၌ သိမ်းဆည်းရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရလေပြီ။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူမှတ်ပါ။
上述义注的解释采用举一兼摄法与举例说明法。正如应在眼识心刹那中摄取、观修五蕴一样,也必须在眼门心路以及随后继续取色所缘的诸意门心路中,对其每一个心刹那分别摄取、观修五蕴。〔本名业处部分第300页以下已经说明。〕若能在每一个心刹那中如此摄取、观修五蕴,不痴正知便已生起。耳门心路等也应采用同一方法。
အာယတနနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံ
依十二处法成就不痴正知
ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ်၏ စိတ္တက္ခဏအခိုက်၌) ၁။ စက္ခုအကြည်ဓာတ်သည် စက္ခာယတန မည်၏၊ ၂။ ရူပါရုံသည် ရူပါယတန မည်၏၊ ၃။ မြင်တတ်သော စက္ခုဝိညာဏ်သည် မနာယတန မည်၏၊ ၄။ ဝေဒနာ စသော စက္ခုဝိညာဏ်နှင့် ယှဥ်သော သမ္ပယုတ်စေတသိက် (၇)လုံးသည် ဓမ္မာယတန မည်၏။
如此,在正视、旁视时〔眼识心刹那中〕:1.眼净色称为眼处;2.色所缘称为色处;3.能见的眼识称为意处;4.与眼识相应、以受等为首的七个心所称为法处。
ဤသို့လျှင် ဤအာယတန (၄)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ် ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့် ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် တည့်တည့်ကြည့် လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။
如此,当这四处和合的情形清楚显现时,正视与旁视便显现、生起。这样正视、旁视时,究竟是哪一个补特伽罗、有情在正视?是哪一个补特伽罗、有情在旁视?
(အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။)
(《殊胜义注》2-342;《中部义注》1-268。)
အာယတန (၄)ပါးတို့၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုအာယတန (၄)ပါးမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့် ကြည့်လေသနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ အာယတန (၄)ပါးသာ ရှိသည်ဟု ဆိုလိုသည်။ ဤ၌လည်း ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။ ရူပါရုံကို အာရုံယူကြသည့် စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါးစီကို သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်သည်။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း - ၂၉၃ - စသည်၌ ဖော်ပြခဲ့ပြီ။) ယင်းသို့လျှင် ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ အာယ- တန (၄)ပါးစီကို အသီးအသီး သိမ်းဆည်း ရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။
当正视、旁视依这四处而显现时,究竟哪一个脱离这四处的补特伽罗、有情在正视、旁视?所谓正视、旁视的补特伽罗、有情根本不存在,只有四处;这就是其意。这里同样应理解为举一兼摄法与举例说明法。对于取色所缘的眼门心路、意门心路,必须在其中的每一个心刹那分别摄取、观修四处。〔本名业处部分第293页以下已经说明。〕如此,若能在取色所缘的眼门心路与意门心路中,于每一个心刹那分别摄取、观修四处,不痴正知便已生起。
သောတဒွါရဝီထိ စသည်တို့၌လည်း ဤနည်းပင်တည်း။ အာယတန (၁၂)ပါးလည်း စုံသွားမည် ဖြစ်သည်။
耳门心路等也采用同一方法;这样,十二处便全部齐备。
ဓာတ် (၁၈) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံ
依十八界法成就不痴正知
တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌) ၁။ စက္ခုအကြည်ဓာတ်သည် စက္ခုဓာတ် မည်၏။
在正视、旁视时〔眼识心刹那中〕:1.眼净色称为眼界。
၂။ ရူပါရုံသည် ရူပဓာတ် မည်၏။
2.色所缘称为色界。
原书第 396 页
၃။ မြင်တတ်သော စက္ခုဝိညာဏ်သည် စက္ခုဝိညာဏဓာတ် မည်၏။
3.能见的眼识,称为眼识界。
၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော ဝေဒနာ စသော စေတသိက် (၇)လုံးသည် ဓမ္မဓာတ် မည်၏။
4.与该眼识相应的受等7个心所,称为法界。
ဤသို့လျှင် ဤဓာတ် (၄)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ်ဖြစ်ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။
如此,当这四种界法和合时,正视与旁视便显现、生起。这样正视、旁视时,究竟是哪一个补特伽罗、有情在正视?又是哪一个补特伽罗、有情在旁视?
(အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။)
(《殊胜义注》2-342;《中部义注》1-268。)
ဓာတ် (၄)ပါးတို့၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုဓာတ် (၄)ပါးမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့် လေသနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ ဓာတ် (၄)ပါးမျှသာ ရှိသည်ဟု ဆိုလိုသည်။ --- ဤအဖွင့်သည်လည်း ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆို ထားသော အဖွင့်သာတည်း။ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်း စိတ္တ- က္ခဏတိုင်းဝယ် ဓာတ် (၄)ပါးစီ အသီးအသီး သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ - ၂၉၃-၂၉၄ - စသည်တို့၌ ပြန်ကြည့်ပါ။) ယင်းသို့လျှင် ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ-မနောဒွါရဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ ဓာတ် (၄)ပါးစီကိုသာ သိမ်းဆည်းနိုင် ရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။ သောတဒွါရဝီထိ
由这四种界法之力,正视与旁视显现时,除了这四界之外,究竟有哪一个补特伽罗、有情在正视或旁视?根本没有一个正视、旁视的补特伽罗、有情;其意是:只有这四种界法。这里也只是依举一兼摄法、举例说明法而作解释。在取色所缘为所缘的眼门心路与意门心路中,应于每一个心刹那分别摄取、观修四种界法。(参见本名业处部分第293—294页等处。)若能在取色所缘为所缘的眼门心路、意门心路的每一个心刹那摄取、观修这四种界法,便已获得不痴正知。耳门心路
စသည်တို့၌လည်း ဤနည်းပင်တည်း။ ထိုသို့ သိမ်းဆည်းနိုင်ပါက ဓာတ် (၁၈)ပါးလည်း စုံညီသွားပြီ ဖြစ်ပေသည်။
等也同此方法。若能如此摄取,十八界也便齐全了。
ပစ္စယပစ္စဝေက္ခဏ (= အကြောင်းတရားကို ဆင်ခြင်သောနည်း) ၏ အစွမ်းဖြင့်
依缘省察〔省察因法的方法〕之力
အသမ္မောဟသမ္ပဇဥ်ဉာဏ် ဖြစ်ပုံ
不痴正知的生起方式
တထာ စက္ခု နိဿယပစ္စယော၊ ရူပံ အာရမ္မဏပစ္စယော၊ အာဝဇ္ဇနံ အနန္တရသမနန္တရအနန္တရူပနိဿယ- နတ္ထိဝိဂတပစ္စယော၊ အာလောကော ဥပနိဿယပစ္စယော၊ ဝေဒနာဒယော သဟဇာတာဒိပစ္စယာ။ ဧဝမေတေသံ ပစ္စယာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။) ''ဥပနိဿယပစ္စယော''တိ ဣဒံ သုတ္တန္တနယေန ပရိယာယတော ဝုတ္တံ။ သဟဇာတပစ္စယောတိ နိဒဿန- မတ္တမေတံ အညမညသမ္ပယုတ္တအတ္ထိအဝိဂတာဒိပစ္စယာနမ္ပိ လဗ္ဘနတော။ (ဒီ-ဋီ-၁-၂၅ဝ။) တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ်) ၁။ စက္ခုအကြည်ဓာတ်သည် ပုရေဇာတနိဿယ ပစ္စည်းတည်း။ (စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ် မဖြစ်မီ ရှေးက ရှေ့ဦးအစ အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်ပြီးလျှင် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် မှီရာ အဖြစ်ဖြင့် ကျေးဇူးပြုပေးနေသော အကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။)
“同样,眼〔即眼净色〕是依止缘,色〔所缘〕是所缘缘,转向〔心〕是无间缘、等无间缘、无间亲依止缘、无有缘与离去缘,光明是亲依止缘,受等是俱生缘等。如此,当这些缘法和合时,正视与旁视便显现出来。在这里,究竟是谁正视?谁旁视?”(《殊胜义注》2-342;《中部“‘亲依止缘’一语,是依经教之法作方便说;‘俱生缘’也只是举例,因为相互缘、相应缘、有缘、不离去缘等同样可得。”(《长部复注》1-250。)在正视、旁视时——即眼识心刹那:1.眼净色是依处前生依止缘。〔眼净色在眼识生起以前早已生起;最初它与过去有分同时生起,并以眼识所依之处的身份资助眼识生起。〕
၂။ ရူပါရုံသည် အာရမ္မဏပစ္စည်းတည်း။ (ရူပါရုံသည် စက္ခုဝိညာဏ်စိတ်၏ သိစရာအာရုံ ဖြစ်၏။ သိစရာ အာရုံ ရှိပါမှ သိတတ်သည့် ဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ သိစရာအာရုံ မရှိပါက သိတတ်သည့် ဝိညာဏ်လည်း ဖြစ်ပေါ်မလာနိုင်။ သို့အတွက် ရူပါရုံသည် စက္ခုဝိညာဏ် ဖြစ်ပေါ်လာရေးအတွက် သိစရာအာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးနေသော အကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။)
2.色所缘是所缘缘。〔色所缘是眼识心所应了知的所缘。只有存在应知的所缘,能知的识才可能生起;若无应知的所缘,能知的识也不能生起。因此,色所缘以应知所缘的身份资助眼识生起,是眼识的因法。〕
原书第 397 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၃။ ပဉ္စဒွါရာဝဇ္ဇန်းသည် --- (က) အနန္တရ (ခ) သမနန္တရ (ဂ) အနန္တရူပနိဿယ (ဃ) နတ္ထိ (င) ဝိဂတပစ္စည်း တည်း၊ အကြောင်းတရားတည်း။
3.五门转向是无间缘、等无间缘、无间亲依止缘、无有缘与离去缘这五种因法。
(က) စိတ်တို့မည်သည် နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ စိတ်တစ်ခု ဖြစ်ပြီး ပျက်သွားမှ နောက်စိတ် တစ်ခု ဖြစ်ခွင့် ရှိ၏။ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ချုပ်ပျက်သွားပါမှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်ခွင့် ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် မချုပ်ပျက်သေးပါက စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ် လာနိုင်ခွင့် မရှိသေးပေ။ သို့သော် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ချုပ်ပျက်သွားသောအခါ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာနိုင်လောက်အောင် ကျေးဇူးပြုပေးပြီးပါမှ ချုပ်ပျက်သွား၏။ ယင်းသို့ ကျေးဇူးပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ကျေးဇူးအပြုခံရသော စက္ခုဝိညာဏ်၏ အကြားတွင် တစ်စုံတစ်ခုသော တရားဓမ္မ
(甲)诸心按法性不可能两个同时生起;一个心生起并灭去以后,后一个心才有生起的机会。因此,只有五门转向心灭去,眼识心才可能生起;五门转向尚未灭去时,眼识尚不能生起。不过,五门转向心灭去之际,是在先给予足以使眼识心生起的资助之后才灭去。在这样能资助的五门转向与受资助的眼识之间,并没有任何法
သည် ခြားကွယ်မှု မရှိပေ။ ယင်းအခြားမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားကို အနန္တရ
加以间隔。这种中间毫无间隔而给予资助的因法,称为 anantara(无间)
အကြောင်းတရားဟု ဆိုသည်။ ဤသည်ကိုပင် ပဉ္စဒွါရာဝဇ္ဇန်းသည် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင်
因。也就是说,五门转向为了使眼识生起
ကျေးဇူးပြုပေးတတ်သော အခြားမရှိသော = အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော အနန္တရပစ္စည်း
而给予资助,由于中间没有其他法——即无间隔地给予资助——所以称为 anantara-paccaya(无间缘)这一
အကြောင်းတရားဟု ဆိုသည်။
因法。
( ခ ) ကောင်းစွာ အခြားမဲ့ ဖြစ်၍ ကျေးဇူးပြုတတ်သောကြောင့် သမနန္တရအကြောင်းတရား၊ ( ဂ ) အခြားမဲ့ ဖြစ်၍ အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယအကြောင်း တရား၊ (ဃ) ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်သွားပါမှ မရှိပါမှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာရ၏။ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းသည် မရှိသည့်အခါမှ စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သောကြောင့် နတ္ထိအကြောင်းတရား၊ ( င ) ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်ပြီးနောက် ကင်းကင်းရှင်းရှင်း ဖြစ်ပါမှ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာနိုင်သဖြင့် ပဉ္စဒွါရာဝဇ္ဇန်းသည် စက္ခုဝိညာဏ်၏ ကင်းသော အကြောင်းတရား ဝိဂတပစ္စည်းတရား ဖြစ်ရပေသည်။
(乙)由于全然无间隔地给予资助,故为等无间缘;(丙)由于无有间隔,并以强有力的所依而给予资助,故为无间亲依止缘;(丁)只有五门转向心灭去、不再存在时,眼识心才能生起,所以五门转向以自身不存在而资助眼识生起,故为无有缘;(戊)只有五门转向心灭去、彻底离去以后,眼识心才能生起,所以五门转向是眼识的离去缘。
၄။ စက္ခုဝိညာဏ်သည် ရူပါရုံ အရောင်ကို မြင်ရာ၌ အာလောက ခေါ်သည့် အလင်းရောင် ရှိပါမှ မြင်နိုင်၏၊ အာလောက = အလင်းရောင် မရှိပါက မမြင်နိုင်။ အလားတူပင် မျက်စိမှိတ်၍ တရားထိုင်နေသည့် သူတော်- ကောင်းသည်လည်း ရုပ်နာမ်တို့ကို သမာဓိ အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းရာ၌ ယင်းရုပ်တရားတို့တွင် ရူပါရုံ အရောင်သည် ပါဝင်လျက်ရှိ၏။ ရှေးသမာဓိပိုင်းတွင် အလင်းရောင်အကြောင်းကို ရှင်းပြခဲ့သည့်အတိုင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ပညာရောင် ဉာဏ်ရောင်ဟု တင်စား ခေါ်ဝေါ်ထားသော အာလောကအလင်းရောင် မရှိပါက ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို သိမ်းဆည်း၍ကား မရနိုင်။ ရုပ်ကလာပ်တို့၏ အရောင်ကိုမျှ မတွေ့သေးလျှင် ရုပ်ကလာပ်ကို တွေ့ဖို့ရန်မှာလည်း မမျှော်လင့်အပ် သည့် အရာသာ ဖြစ်ချေသည်။ ရုပ်ကလာပ်ကို မမြင်သောသူသည် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော
4.眼识见色所缘〔颜色〕时,必须有光明才能看见;若无光明,便不能看见。同样,闭眼禅坐的贤善行者逐步建立定力、摄取色名时,这些色法中本来含有色所缘〔颜色〕。如前面的定力部分所说明,若无由止修心、观修心所生、譬喻称作“慧光、智光”的光明,就不能摄取色聚中的色所缘〔颜色〕。若连色聚的颜色都还看不见,更不能指望看见色聚;看不见色聚的人,也就不能继续摄取、观修存在于色聚之内的
ရုပ်ပရမတ်အစစ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားရန် မဖြစ်နိုင်တော့သည်သာ ဖြစ်၏။ ရုပ်တရားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင်သေးပါက ယင်းရုပ်တရားကို အာရုံပြု၍ ယင်းရုပ်တရား တို့ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင်ဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ဖို့ရန် အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ သို့အတွက် အာလောက = အလင်းရောင်သည် စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်လာရေး အတွက်သာ အားကြီးသော မှီရာ ဖြစ်သည် မဟုတ်သေး၊ ရူပါရုံကို အာရုံယူ နေကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ပေါ်လာရေးအတွက်လည်း အားကြီးသော မှီရာ အကြောင်းတရားပင် ဖြစ်ပေသည်။ အလားတူပင် အခြားအခြားသော ရုပ်ပရမတ်တို့ကို သိမ်းဆည်းနိုင်ဖို့ရန်
究竟色法。若还不能摄取色法直至智见抵达究竟法,那么要摄取、以智分别那些取这些色法为所缘、依这些色法而生起的名法,就更是相去甚远。因此,光明不仅是眼识心生起的强有力所依因,也是取色所缘为所缘的眼门心路、意门心路名法组生起的强有力所依因。同样,为了摄取其他各种究竟色
原书第 398 页
ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ဖို့ရန် အတွက်လည်း အားကြီးသော မှီရာအကြောင်းတရားပင် ဖြစ်သည်။ ရူပါရုံ ဝဏ္ဏ ဓာတ် မပါသော ရုပ်ကလာပ်ကား မရှိစကောင်းသောကြောင့် ဖြစ်၏။ ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူပင်တည်း။ ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ရုပ်တရားမှန်သမျှ ရူပါရုံအရောင် မပါဘဲ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ပရမတ္ထရုပ် တရားတို့ကို အာရုံယူလိုက်တိုင်း ရူပါရုံကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပါဝင်လျက် ရှိ နေ၏။ ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်ဖြစ်ရာ အသေးဆုံး ရုပ်တုံးရုပ်ခဲဖြစ်သည့် ကလာပ်တိုင်း၌ ရူပါရုံ ပါဝင်နေ၏။ ရူပါရုံကို မြင်နိုင်ရေးအတွက် သို့မဟုတ် ရူပါရုံနှင့် တကွသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ရေးအတွက် အာလောက =
并以智加以分别,光明也仍是强有力的所依因,因为不存在不含颜色界〔色所缘〕的色聚。摄取那些取其余色法为所缘而生起的名法时,也同样如此。色聚内的一切色法都不可能离开色所缘〔颜色〕而生,因此每当取究竟色法为所缘时,色所缘都依不可分离之理包含在其中。只有以智破除色法的团块、密集,智见才能抵达究竟法;而每一个最小的色法团块——色聚——也都含有色所缘。为了看见色所缘,或为了摄取与色所缘俱有的色法直至智见抵达究竟法,仍不可缺少光明(āloka)——也就是色光——的
အရောင်အလင်း၏ အကူအညီကား လိုအပ်လျက်ပင် ရှိ၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှသာလျှင် ယင်းပရမတ်ရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။
帮助。只有能够摄取色法直至智见抵达究竟法,才能继续摄取、以智分别那些取相应究竟色为所缘而生起的名法。
သို့သော် ယင်းအာလောက = အလင်းရောင်သည် စက္ခုဝိညာဏ်အား အားကြီးသော မှီရာဥပနိဿယ ပစ္စည်း အကြောင်းတရားအဖြစ် ကျေးဇူးပြုပေးမှုကို ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဟောကြားတော် မမူခဲ့ပေ။ သို့အတွက် သုတ္တန္တနည်းပရိယာယ် အားဖြင့်သာလျှင် ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူသည်ဟု မှတ်ပါ။ (ဒီ-ဋီ-၁-၂၅ဝ။) ၅။ စက္ခုဝိညာဏ်စိတ်သည် မိမိချည်းသက်သက် စေတသိက်တို့ မပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိပေ။ ဝေဒနာ စသော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)မျိုးတို့နှင့် အမြဲတမ်း ယှဥ်တွဲ၍သာ ဖြစ်ရ၏။ သို့အတွက် ယင်းစေတ- သိက်တရားစုတို့က စက္ခုဝိညာဏ်အား --- (က) အတူဖြစ်၍ ကျေးဇူးပြုပေးခြင်း သဟဇာတသတ္တိ၊ ( ခ ) အချင်းချင်း အပြန်အလှန် ကျေးဇူးပြုပေးခြင်း အညမညသတ္တိ၊ ( ဂ ) စိတ္တက္ခဏ တစ်ခု အတွင်း၌ အတူယှဥ်တွဲလျက် ကျေးဇူးပြုပေးခြင်း သမ္ပယုတ္တသတ္တိ၊
然而,对于这光明以强有力的亲依止缘资助眼识之事,世尊并未在《发趣论》的教说中开示。所以,应当记住:义注师只是依经教方法作方便说,解释为光明以亲依止缘力资助眼识。(《长部复注》1-250。)5.眼识心不能不与心所相应而独自生起;它总是与受等7种遍一切心心所相应而生。因此,这一心所法组以下列缘力资助眼识:(甲)同时生起而资助的俱生缘力;(乙)彼此相互资助的相互缘力;(丙)在同一心刹那中相应而资助的相应缘力;
(ဃ) ထင်ရှားရှိနေတုန်း ကျေးဇူးပြုပေးခြင်း အတ္ထိသတ္တိ၊ ( င ) မကင်းမီ မချုပ်မီ ကျေးဇူးပြုပေးခြင်း အဝိဂတသတ္တိ --- ဤသို့စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ သို့အတွက် ဝေဒနာ စသော စေတသိက်တို့ကား သဟ ဇာတ စသော ပစ္စည်း = အကြောင်းတရားတည်း။
(丁)在仍然存在时给予资助的有缘力;(戊)在尚未离去、尚未灭去以前给予资助的不离去缘力。这些缘力如此资助眼识。因此,受等心所是俱生缘等因法。
ဤသို့လျှင် ဤပစ္စည်း = အကြောင်းတရားတို့၏ အညီအညွတ် ဖြစ်ခြင်းသည် အညီအညွတ် ပေါင်းဆုံမိ ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ထို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့် ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။
如此,当这些缘法〔因法〕和合、聚集时,正视与旁视便显现、生起。这样正视、旁视时,究竟是哪一个补特伽罗、有情在正视?又是哪一个补特伽罗、有情在旁视?
(အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။)
(《殊胜义注》2-342;《中部义注》1-268。)
အကြောင်းတရား အကျိုးတရားတို့၏ အညီအညွတ် ဖြစ်ပေါ်လာသည်၏ အစွမ်းဖြင့် ပေါင်းဆုံမိသည်၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုအကြောင်းတရား အကျိုး တရားမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေ သနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါမည်သည် မရှိ၊
因法与果法和合生起、聚集时,正视与旁视便显现出来;既然如此,除了这些因法与果法之外,究竟有哪一个补特伽罗、有情在正视或旁视?根本没有一个正视、旁视的补特伽罗、有情;
原书第 399 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်။ အကြောင်းတရား အကျိုးတရားမှ အလွတ်ဖြစ် သော ပုဂ္ဂိုလ်သတ္တဝါဟူသည် ပရမတ္ထသစ္စာနယ်၌ (၃၁)ဘုံ အတွင်းဝယ် ထင်ရှားမရှိသောကြောင့် ဖြစ်၏။ ဤကား ဆိုလိုရင်းသဘောတည်း။
只有因法之聚与果法之聚。之所以如此,是因为在胜义谛的范围内、三十一界中,并不存在任何离开因法与果法的补特伽罗、有情。这就是其要义。
ဤ၌လည်း ဥပလက္ခဏနည်း နိဒဿနည်းအားဖြင့်ပင် ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ ရူပါရုံကို အာရုံပြုကြ သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ မည်သာ ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ပါက အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။ သော- တဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ သို့သော် ဤအပိုင်းကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက် ဆိုင်၏။ အပြည့်အစုံကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံအပိုင်းတွင် ကြည့်ပါ။
这里也只是依举一兼摄法、举例说明法而作解释。在取色所缘为所缘的眼门心路、意门心路中,应于每一个心刹那摄取因法与果法。若能如此摄取,便已获得不痴正知。耳门心路等也同样理解。不过,本段属于缘摄受智部分;完整说明将在缘起部分阐明,请参见“《发趣论》诸缘关系”部分。
ဤတွင် --- အာလောကိတေ ဝိလောကိတေ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- ၁။ သာတ္ထကသမ္ပဇဥ် ၂။ သပ္ပါယသမ္ပဇဥ် ၃။ ဂေါစရသမ္ပဇဥ် ၄။ အသမ္မောဟသမ္ပဇဥ် --- ဤသမ္ပဇဥ်ဉာဏ် (၄)မျိုးကို ရရှိအောင် သိမ်းဆည်းရှုပွားပုံ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့် တို့ကို ရှင်းလင်းတင်ပြပြီးပေပြီ၊ ယခုအခါ ရှုပုံစနစ် အမြွက်မျှကို ဖော်ပြအပ်ပါသည်။
至此,关于“အာလောကိတေ ဝိလောကိတေ(ālokite vilokite)——正视、旁视时”,为了获得1.有益正知、2.适宜正知、3.行处正知、4.不痴正知这四种正知而如何摄取、观修,已经依据巴利、义注与复注的教说阐明完毕。现在略示实际观修方法。
သိမ်းဆည်းရှုပွားပုံစနစ်
摄取观修方法
ထိုင်လျက် ဖြစ်စေ၊ သို့မဟုတ် မတ်တတ်ရပ်၍ ဖြစ်စေ သမာဓိကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။
无论坐着还是站着,都应逐步重新建立定力。
ရုပ်နာမ်တို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ထိုနောင် --- ၁။ ကြည့်လိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ။ မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့တည်း။
重新摄取色法与名法。此后:1.摄取想要观看的心与心所;它们就是意门速行心路的心相续。
၂။ ယင်းစိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း၏ ထိုထို အရပ်သို့ မျက်လုံးအိမ် အရပ်သို့ တိုင်အောင် ပျံ့နှံ့သွားပုံကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ပါ။ ယင်းရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။
2.以智慧观见:由于这些心与心所,风界自性力偏胜的诸色聚如何遍及相应部位,直至眼窝区域。应当摄取这些究竟色法。
၃။ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်ပါ။ မျက်လုံး မျက်ခွံများ လှုပ်ရှားအောင် ရွက်ဆောင်ပေးနေသော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ်ရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။
3.试着把眼睛稍微张开。对于使眼球、眼睑活动、其风界自性力偏胜的身表九法聚,以及身表、轻快性等十二法聚,应当加以分析、摄取,直至智见抵达究竟法。
ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တို့တည်း။
这些是主导色,也就是能运载之色。
၄။ အပ္ပဓာန = မပြဓာန်းသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော၊ အထူးသဖြင့် မျက်လုံးအိမ်ဝန်းကျင် ၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။ (မျက်ခွံ ပွင့်သွားအောင် သယ်ဆောင်တတ်သော ရုပ်နှင့် အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။) အောင်မြင်မှု ရရှိပါက သွားခိုက် အိပ်ခိုက် ကြည့်ရာတို့၌ လည်း နည်းတူပင် ရှုပါ။
4.继续摄取非主导色,也就是存在于六门、四十二身分之中,尤其存在于眼窝周围的四因所生色法。这些是所运载之色。〔也就是说,为使眼睑张开,既有能运载之色,也有所运载之色。〕若能成功做到,行走时、睡卧时以及观看时,也应依同样方法观修。
၅။ ပဓာန --- အပ္ပဓာန ဖြစ်ကြသော ယင်းရုပ်တို့ကား --- ရုပ်တရားတည်း၊
5.这些主导色与非主导色都只是色法。
原书第 400 页
၆။ ကြည့်လိုသော စိတ်စေတသိက်တို့ကား နာမ်တရားတည်း။ ဤသို့ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ရုပ်နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
6.想要观看的心与心所只是名法。应当如此摄取名色、分别名色,并分别确定名色。
ထိုနောင် ရူပါရုံကို လှမ်းကြည့်လိုက်သဖြင့် ရူပါရုံကို မြင်တွေ့သောအခါ --- ၁။ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို နာမ်ကမ္မ- ဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။
此后,转眼望向一个色所缘;看见该色所缘时:1.依名业处诸表所示,继续摄取那些以该色所缘为所缘而生起的眼门心路与意门心路名法组。
၂။ ယင်းမြင်လိုက်သော ရူပါရုံနှင့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၏ မှီရာဝတ္ထုရုပ်များကို ဆက်လက် သိမ်း ဆည်းပါ။ (စက္ခုဝတ္ထု အဝင်အပါ မျက်စိ၌ ရှိသော -၅၄- မျိုးသောရုပ်၊ ဟဒယဝတ္ထု အဝင်အပါ နှလုံး၌ ရှိသော -၅၄- မျိုးသောရုပ်တို့ကို ဆိုလိုသည်။) ၃။ ထိုနောင် ရုပ်-နာမ် ခွဲပါ။
2.继续摄取刚才所见的色所缘,以及眼门心路、意门心路所依的所依处色。〔这是指眼中包括眼所依处在内的五十四种色,以及心脏中包括心所依处在内的五十四种色。〕3.然后分别名色。
(က) ရူပါရုံနှင့် မှီရာဝတ္ထုရုပ်တို့ကား --- ရုပ်တရား၊ ( ခ ) စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ စိတ်စေတသိက်တို့ကား --- နာမ်တရား --- ဤသို့ ရုပ်-နာမ်ကို ခွဲပါ။ ထိုနောင် ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။
(甲)色所缘与诸所依处色是色法;(乙)眼门心路、意门心路中的心与心所是名法。应当如此分别名色,继而分别确定名色。
ဤအဆင့်သို့ တိုင်အောင် ဖော်ပြထားခဲ့ပြီးသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ --- ရူပါရုံကို အာရုံပြုနေကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်း ဆည်းဖို့ရန်မှာ လွယ်ကူနေမည်သာ ဖြစ်ပေသည်။ အကယ်၍ မျက်စိအနည်းငယ်ဖွင့်၍ ယင်းနာမ်တရားတို့ကို သိမ်းဆည်းရသည်မှာ အခက်အခဲ ရှိနေပါက --- မျက်စိကို မှိတ်လျက်ပင် သမာဓိကို အဆင့်ဆင့်ထူထောင်လျက် ရုပ်နာမ်တို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ထိုနောင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း --- ၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။
对于已经能够摄取、观修截至本阶段所说明诸名法的瑜伽行者,摄取以色所缘为所缘的眼门心路、意门心路名法组,应当很容易。如果稍微睁眼时难以摄取这些名法,就仍闭着眼睛,逐步重新建立定力,再次摄取色法与名法。此后,如上所述:1.把眼净色与有分意净界一并摄取,使二者同时显现于智中。
၂။ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။
2.将注意力转向色聚中的色所缘——颜色,并取它为所缘。
၃။ ထိုရူပါရုံအရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရိုက်ခတ်လိုက်သော အခါ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ --- ၄။ စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိ နာမ်တရားစု တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ဇောမှာ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်က အကုသိုလ်ဇော၊ ထိုက်သလို စောပေမည်။
3.当该色所缘——颜色——同时撞击眼净色与有分意净界,同时来到二者之前并显现时:4.继续摄取眼门心路名法组,以及随后继续以该色所缘为所缘的意门心路名法组。若作如理作意,就会生起善速行;若作不如理作意,就会生起不善速行;速行依相应情形而生起。
ထိုနောင် --- ၁။ မှီရာဝတ္ထုရုပ်တို့နှင့် ရူပါရုံက ရုပ်တရား၊ ၂။ စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ-စိတ်စေတသိက်တို့က နာမ်တရား --- ဤသို့ ရုပ်-နာမ် ခွဲပါ။ ထိုနောင် ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။
此后:1.诸所依处色与色所缘是色法;2.眼门心路、意门心路中的心与心所是名法。应当如此分别名色,继而分别确定名色。
တစ်ဖန် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း --- ၁။ ခန္ဓာ (၅)ပါးနည်း၊ ၂။ အာယတန (၁၂)ပါးနည်း၊ ၃။ ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်း ဆက်လက်၍ သိမ်းဆည်းလိုပါက သိမ်းဆည်းပါ။
再者,如上所述,若还想继续依1.五蕴法、2.十二处法、3.十八界法加以摄取,也可以依这些方法继续摄取。
原书第 401 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၁။ အသံကို ကြားရာ၌ ၂။ အနံ့ကို နံရာ၌ ၃။ အရသာကို သိရာ၌ ၄။ အတွေ့အထိကို သိရာ၌ ၅။ ဓမ္မသဘောကို သိရာ၌ --- နည်းတူပင် ရှုပါ။ တစ်ဖန် မျက်စိဖွင့်၍ ရှုကြည့်ပါ။ ဣရိယာပုထ်တိုင်း၌ နည်းတူပင် ရှုနိုင်ပါသည်။
1.听到声音时;2.嗅到气味时;3.尝知滋味时;4.觉知触所缘时;5.了知法所缘时,也都应依同样方法观修。随后再张开眼睛观修;在每一种威仪中,都可以依同样方法观修。