法所缘线
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 147–148 页 · 25 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 147 页
ရုပ်အတု (၁ဝ) မျိုး
十种非真实色法
ရုပ်အတု (၁ဝ)မျိုးတို့ကား လက္ခဏာယာဥ်သုံးချက်သို့ တင်၍ ဝိပဿနာ မရှုကောင်းသော အသမ္မသန ရုပ်များ ဖြစ်ကြ၏။ ရုပ်အတု တစ်မျိုးကိုပင် ဖြစ်စေ၊ ရုပ်အတု အားလုံးကိုပင် ဖြစ်စေ အနိစ္စဟု ရှုသော်လည်း အနိစ္စဟု သိသော ဝိပဿနာဇောဝီထိ စိတ်အစဥ်များကား ဖြစ်ပေါ်မလာနိုင်ပေ။ အလားတူပင် ဒုက္ခဟု အနတ္တဟု ရှုသော်လည်း ဒုက္ခဟု အနတ္တဟု သိနေသော ဝိပဿနာဇောဝီထိ စိတ်အစဥ်များသည် ဖြစ်ပေါ်မလာနိုင်ပေ။
这十种非真实色法,是不能安立于无常、苦、无我三相之下而作毗婆舍那观的不可思惟色。即使把一种非真实色法或全部非真实色法观为“无常”,了知“无常”的毗婆舍那速行心路心相续也不能生起。同样,即使把它们观为“苦”或“无我”,了知“苦”或“无我”的毗婆舍那速行心路心相续也不能生起。
သို့အတွက် ရုပ်အတုတစ်မျိုး တစ်မျိုး၌ ရုပ်အစစ်များမှာကဲ့သို့ (၆)မျိုး ခွဲ၍ မရှုတော့ဘဲ (၂)မျိုး (၂)မျိုးစီသာ ရှုပါ။ တစ်မျိုး တစ်မျိုး၌ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီပင် ရှုပါ။ အာကာသဓာတ်ကို ပုံစံထုတ်၍ နမူနာ အဖြစ် ဖော်ပြအပ်ပါသည်။
因此,对于每一种非真实色法,不再像真实色法那样分作六种来观,只须各观两种。每一种都交替智与喜,观照四次。下面以空界制成图式,作为示例说明。
ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်သော အာကာသဓာတ်ကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ၁။ အာကာသဓာတ်ဟု ရှုပါ။ ။ ထိုနောင် အာကာသဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ် စေတသိက်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်း ရှုပွားပါ။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။
取作为诸色聚之间空隙的空界为所缘,以智观至看见以后:1.观为“空界”。此后,再把握、观修正在了知“空界”的意门速行心路中的心与心所。交替智与喜,观照四次。
၂။ ယင်းအာကာသဓာတ်ကို တစ်ဖန် ရုပ်တရားဟု ရှုပါ။ ။ ထိုနောင် ယင်း အာကာသဓာတ်ကို ရုပ်တရားဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ဉာဏ် ပီတိ တို့ကို လဲလှယ်၍ (၄)ချက်ပင် ရှုပါ။
2.再把该空界观为“色法”。此后,继续把握、观修正在了知该空界为“色法”的意门速行心路中的心与心所。交替智与喜,同样观照四次。
ထိုသို့ သိမ်းဆည်းရှုပွားရာ၌ ဘဝင်မနောအကြည်ဓာတ်ကို ရှေးဦးစွာ သိမ်းဆည်းရမည်ဟူသော ဥပဒေသ ကိုကား မမေ့ပါနှင့်။
这样把握、观修时,不要忘记“必须先把握有分意净界”这一教示。
ဓမ္မာရုံလိုင်း မနောဒွါရဝီထိ အကောင်းအုပ်စု ရုပ်အတုကို အာရုံယူ၍ ရှုပုံ ဇယား
法所缘线——取非真实色法为所缘的意门心路善组观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中的所依处色=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် သဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) အဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|有因彼所缘(2次)(或)|无因彼所缘(2次)
၁။ အာကာသဓာတ်ဟု - ၁၂ ၃၄ ၃၄ (ဝါ) ၁၂/၁၁
1.作“空界”——12|34|34(或)|12/11
၁၂ ၃၃ ၃၃ ။ ၁၁/၁၁
12|33|33|〃|11/11
၁၂ ၃၃ ၃၃ ။ ၁၂/၁၁
12|33|33|〃|12/11
၁၂ ၃၂ ၃၂ ။ ၁၁/၁၁
12|32|32|〃|11/11
၂။ ရုပ်တရားဟု - ၁၂ ၃၄ ၃၄ ။ ၁၂/၁၁
2.作“色法”——12|34|34|〃|12/11
၁၂ ၃၃ ၃၃ ။ ၁၁/၁၁
12|33|33|〃|11/11
၁၂ ၃၃ ၃၃ ။ ၁၂/၁၁
12|33|33|〃|12/11
၁၂ ၃၂ ၃၂ ။ ၁၁/၁၁
12|32|32|〃|11/11
原书第 148 页
ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး
依同样方式观照的九种非真实色法
၁။ ကာယဝိညတ် ၄။ မုဒုတာ ၇။ သန္တတိ
1.身表|4.色柔软性|7.色相续
၂။ ဝစီဝိညတ် ၅။ ကမ္မညတာ ၈။ ဇရတာ
2.语表|5.色适应性|8.色老性
၃။ လဟုတာ ၆။ ဥပစယ ၉။ အနိစ္စတာ
3.色轻快性|6.色积聚|9.色无常性
မှတ်ချက် ---- ဥပစယဟူသည် ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော၊ ဣန္ဒြေ ပြည့်စုံ သည်တိုင်အောင် ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်များ ပြည့်စုံသည်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော ဖြစ်သဖြင့် ယင်းဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ တည်ရှိသော ရုပ်နာမ်သို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်း နိုင်သောအခါမှ ယင်းဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ထပ်မံ၍ ရှုရမည် ဖြစ်သည်။
注——所谓“色积聚”,是一期生命中真实色法最初开始生起之性;又是在一期生命中,后后的真实色法在前前真实色法之上逐渐增盛生起,直到诸根具足、直到这一生应得的色法全部具足之性。因此,必须等到能够把握名色,一直追溯至结生羯罗蓝清液(kalala)之际存在的名色时,才再观照那些以该色积聚为所缘而生起的名法。
သတိပြုရန် အချက်တစ်ရပ်
一项应注意之处
ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် (၁၁)မျိုး၊ ရုပ်အတု (၁ဝ)မျိုးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ မိမိတို့ ရှုပွားလိုသည့် ရုပ်တရားတို့သည် ကလာပ်ခေါ်သည့် အုပ်စုအလိုက် သာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ရှေးဦးစွာ မိမိ ရှုပွားလိုသည့် ရုပ်တရားပါဝင်သည့် ရုပ်ကလာပ်ကို မြင်အောင် ရှုပါ။ ထိုနောင် မိမိ ရှုပွားလိုသည့် ရုပ်တရားနှင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်ကြသော ကမ္မဇရုပ် သို့မဟုတ် စိတ္တဇရုပ် သို့မဟုတ် ဥတုဇရုပ် သို့မဟုတ် အာဟာရဇရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည် တိုင်အောင် ဓာတ်ခွဲရှုပါ။ မိမိ ရှုပွားလိုသော ရုပ်ကလာပ်တစ်ခု အတွင်း၌ ရုပ်အမျိုးအစား (၈)မျိုးရှိက (၈)မျိုး၊ (၉)မျိုးရှိက (၉)မျိုး၊ (၁ဝ)မျိုးရှိက (၁ဝ)မျိုး - ဤသို့ စသည်ဖြင့် ပရမတ်ရုပ်တရားတို့ကို အသီးအသီး ဉာဏ်ဖြင့်
在把握、观修那些取法所缘线所列十一种真实色法和十种非真实色法为所缘而生起的名法时,由于自己想要观修的色法依自然定法,只会依称为“聚”的群组而生,所以首先应观至看见含有自己所要观修色法的色聚。此后,对于在同一色聚内与该色法同时生起的业生色、心生色、时节生色或食生色,应逐一分析,直到智见抵达究竟法。自己所要观修的一个色聚内若有八种色法,就观八种;若有九种,就观九种;若有十种,就观十种;如此等等,应以智把这些究竟色法逐一——
ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်းသို့ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သောအခါမှ မိမိ ရှုပွားလိုသည့် စက္ခုအကြည်ဓာတ် စသော ရုပ်အစစ် တစ်ခုခုကိုလည်းကောင်း၊ ကာယဝိညတ် စသည့် ရုပ်အတု တစ်ခုခုကိုလည်းကောင်း ရွေးထုတ်၍ ထိုရုပ်တရားက ဘဝင်မနောအကြည်ဓာတ်တွင် ထင်လာသောအခါမှ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာ ကုန်သော နာမ်တရားတို့ကို ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။
——分析、辨别而观。这样,只有在智见抵达究竟法以后,才从中选取眼净色等某一种真实色法,或身表等某一种非真实色法;待该色法显现于有分意净界时,再依表中所示,继续把握、观修那些以该色法为所缘而生起的名法。