五门心路名法的摄取方法
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 149–159 页 · 100 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 149 页
ပဉ္စဒွါရဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ အပိုင်း
五门心路名法的摄取方法
ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ် တရားတို့ကို သိမ်းဆည်းပြီး ရှုပြီးသောအခါ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတည်းဟူသော ပဉ္စာရုံ = အာရုံ (၅)မျိုးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။
把取法所缘线所摄的真实色法与非真实色法为所缘而生起的名法把握、观照完毕以后,应继续把握、观修那些取五所缘——即色所缘、声所缘、香所缘、味所缘、触所缘这五种所缘——为所缘而生起的名法。
စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိကြသော - ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ - ဟူသော ဝီထိစိတ်အမျိုးအစား (၇)မျိုး၊ မနောဒွါရဝီထိ အတွင်း၌ တည်ရှိကြသော - မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ - ဟူသော ဝီထိစိတ် အမျိုးအစား (၃)မျိုးတို့ကို ကျေပွန်အောင် အဓိပ္ပါယ် သဘောပေါက်အောင် လေ့ကျင့်ထားပါ။ သို့မှသာလျှင် ရှုကွက်ကို သဘောပေါက်နိုင်မည် ဖြစ်သည်။
对于眼门心路中的七类心路心——五门转向、眼识、领受、推度、确定、速行、彼所缘——以及意门心路中的三类心路心——意门转向、速行、彼所缘——都应练习到熟练并了解其意义与性质。只有这样,才能理解观照的方法。
မှတ်ချက် ---- အထက်တွင် ဖော်ပြခဲ့ပြီးသော စျာနသမာပတ္တိဝီထိများ၏ အတွင်း၌ တည်ရှိသော ဇော
注——前文所述诸禅那等至心路中,速行——
နာမ်တရား (၃၄)မျိုးတို့ကိုလည်းကောင်း၊ ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ် လာကြကုန်သော မနောဒွါရဝီထိများ၏ အတွင်း၌ တည်ရှိကြသော ဇောနာမ်တရား (၃၄)မျိုး တဒါရုံနာမ် တရား (၃၄)မျိုးတို့ကိုလည်းကောင်း၊ နောက်တွင် ဆက်လက်ဖော်ပြမည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌ ပါဝင်ကြသော ဇောနာမ်တရား (၃၄)မျိုး တဒါရုံနာမ်တရား (၃၄)မျိုးတို့ကိုလည်းကောင်း ခေါ်ဝေါ် လွယ်ကူစေရန် ဤကျမ်း၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရားများ - ဟု အမည်ပေးထားပါသည်။ အကောင်းအုပ်စု နာမ်တရားစုများ သက်သက်ပင် ဖြစ်ကြသည်။ အဘိဓမ္မာအခြေခံပညာအားနည်းသူများ နားလည်လွယ်ရန် အတွက်သာ ထိုကဲ့သို့ အမည်ပေးထားခြင်း ဖြစ်ပါသည်။
——中的三十四种名法;以及取法所缘线所列真实色法、非真实色法为所缘而生起的诸意门心路中,速行的三十四种名法与彼所缘的三十四种名法;还有下文将继续说明的诸五门心路、意门心路中,速行的三十四种名法与彼所缘的三十四种名法——为了便于称呼,本书把它们命名为“信慧组名法”。它们纯粹都是善组的名法组。这样命名,只是为了让阿毗达磨基础知识较弱的人容易理解。
原书第 150 页
ရူပါရုံ (= အရောင်) လိုင်း - အကောင်းအုပ်စု ဇယား
色所缘(颜色)线——善组表
စက္ခုဒွါရဝီထိ မနောဒွါရဝီထိ
眼门心路|意门心路
ရုပ် = ဟဒယ = ၅၄ စက္ခု = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော (၇) တဒါရုံ (၂) ဘဝင် မနောဒွါရာဝဇ္ဇန်း ဇော (၇) တဒါရုံ (၂) ဆင်ခြင် မြင်သိ လက်ခံ စုံစမ်း ဆုံးဖြတ် ဇော (၇) တဒါရုံ (၂) ဘဝင် ဇော (၇) တဒါရုံ (၂)
所依处行:色=心脏=54|眼=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54。心路行:五门转向|眼识|领受|推度|确定|速行(7)|彼所缘(2)|有分|意门转向|速行(7)|彼所缘(2)。功能释义行(本单元所含):审察|见知|领受|考察|确定|速行(7)|彼所缘(2)|有分|速行(7)|彼所缘(2)。
ဆင်ခြင် ဆုံးဖြတ်
审察、确定
၁။ ရူပါရုံဟု ရူပါရုံဟု ရူပါရုံဟု ၁၁ ၈ ၁၁ ၁၂ ၁၂ ၃၄ ၃၄/၁၂/၁၁ ၃၄ ၁၂ ၃၄ ၃၄/၁၂/၁၁ ၁၁ ၈ ၁၁ ၁၁ ၁၂ ၃၃ ၃၃/၁၁/၁၁ ၃၄ ၁၂ ၃၃ ၃၃/၁၁/၁၁ ၁၁ ၈ ၁၁ ၁၂ ၁၂ ၃၃ ၃၃/၁၂/၁၁ ၃၄ ၁၂ ၃၃ ၃၃/၁၂/၁၁ ၁၁ ၈ ၁၁ ၁၁ ၁၂ ၃၂ ၃၂/၁၁/၁၁ ၃၄ ၁၂ ၃၂ ၃၂/၁၁/၁၁
1.作“色所缘”|作“色所缘”|作“色所缘”。四行数值依次为:11|8|11|12|12|34|34/12/11|34|12|34|34/12/11;11|8|11|11|12|33|33/11/11|34|12|33|33/11/11;11|8|11|12|12|33|33/12/11|34|12|33|33/12/11;11|8|11|11|12|32|32/11/11|34|12|32|32/11/11。
၂။ ရုပ်တရားဟု - ၁၂ ၃၄ (၃၃-၃၃-၃၂) ၃၄ (၃၃-၃၃-၃၂)
2.作“色法”——12|34(33-33-32)|34(33-33-32)
၁၂/၁၁
12/11
၃။ အနိစ္စဟု - ၁၂ ။ ။
3.作“无常”——12|〃|〃
၄။ ဒုက္ခဟု - ၁၂ ။ ။
4.作“苦”——12|〃|〃
၅။ အနတ္တဟု - ၁၂ ။ ။
5.作“无我”——12|〃|〃
၆။ အသုဘဟု - ၁၂ ။ ။
6.作“不净”——12|〃|〃
原书第 151 页
ရူပါရုံ (= အရောင်) လိုင်း - အကောင်းအုပ်စု စိတ်စေတသိက်ဇယား
色所缘(颜色)线——善组心与心所表
စက္ခုဒွါရဝီထိ မနောဒွါရဝီထိ
眼门心路|意门心路
ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော (၇) တဒါရုံ (၂) ဘဝင် မနောဒွါရာဝဇ္ဇန်း ဇော (၇) တဒါရုံ (၂) ၁၁ ၈ ၁၁ ၁၂ ၁၂ ၃၄ ၃၄/၁၂/၁၁ ၃၄ ၁၂ ၃၄ ၃၄/၁၂/၁၁ အသိစိတ် အသိစိတ် အသိစိတ် အသိစိတ် အသိစိတ် သဒ္ဓါ-ပညာ သဒ္ဓါ-ပညာ သဒ္ဓါ-ပညာ အသိစိတ် သဒ္ဓါ-ပညာ သဒ္ဓါ-ပညာ ဖဿ ဖဿ ဖဿ ဖဿ ဖဿ အုပ်စု အုပ်စု အုပ်စု ဖဿ အုပ်စု အုပ်စု ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ ဝေဒနာ နာမ်တရား နာမ်တရား နာမ်တရား ဝေဒနာ နာမ်တရား နာမ်တရား သညာ သညာ သညာ သညာ သညာ (၃၄) (၃၄) (၃၄) သညာ (၃၄) (၃၄) စေတနာ စေတနာ စေတနာ စေတနာ စေတနာ (ဝါ) စေတနာ (ဝါ) ဧကဂ္ဂတာ ဧကဂ္ဂတာ ဧကဂ္ဂတာ ဧကဂ္ဂတာ ဧကဂ္ဂတာ အဟိတ် ဧကဂ္ဂတာ အဟိတ် ဇီဝိတ ဇီဝိတ ဇီဝိတ ဇီဝိတ ဇီဝိတ တဒါရုံ ဇီဝိတ တဒါရုံ မနသိကာရ မနသိကာရ မနသိကာရ မနသိကာရ ၁၂/၁၁ မနသိကာရ ၁၂/၁၁ ဝိတက် ဝိတက် ဝိတက် ဝိတက် ဝိတက် ဝိစာရ ဝိစာရ ဝိစာရ ဝိစာရ ဝိစာရ
表头:五门转向|眼识|领受|推度|确定|速行(7)|彼所缘(2)|有分|意门转向|速行(7)|彼所缘(2)。数目:11|8|11|12|12|34|34/12/11|34|12|34|34/12/11。表体依原版逐栏为:五门转向——能知之心、触、受、想、思、一境性、名命根、作意、寻、伺;眼识——能知之心、触、受、想、思、一境性、名命根;领受——能知之心、触、受、想、思、一境性、名命根、作意、寻、伺;推度——能知之心、触、受、想、思、一境性、名命根、作意、寻、伺;确定——能知之心、触、受、想、思、一境性、名命根、作意、寻、伺;速行——信慧组名法(34);彼所缘——信慧组名法(34),或无因彼所缘12/11;有分——信慧组名法(34);意门转向——能知之心、触、受、想、思、一境性、名命根、作意、寻、伺;速行——信慧组名法(34);彼所缘——信慧组名法(34),或无因彼所缘12/11。
အဓိမောက္ခ အဓိမောက္ခ အဓိမောက္ခ အဓိမောက္ခ အဓိမောက္ခ
胜解|胜解|胜解|胜解|胜解
ပီတိ ဝီရိယ ဝီရိယ
喜|精进|精进
မှတ်ချက်။ ။ သန္တီရဏ၌ သောမနဿဝေဒနာနှင့် ယှဥ်သော် ပီတိ ပါဝင်သဖြင့် စိတ်-စေတသိက် (၁၂) ဖြစ်သည်၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၍ ပီတိမပါသော် စိတ်-စေတသိက် (၁၁) ဖြစ်သည်။
注:推度与悦受相应时,因为含有喜,心与心所共有十二种;与舍受相应而不含喜时,心与心所共有十一种。
原书第 152 页
ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု ရှုပုံ
色所缘(颜色)线善组的观法
သမာဓိကို အဆင့်ဆင့် ထူထောင်လျက် သိမ်းဆည်းပြီး ရှုပွားပြီး ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
逐级建立定力,然后再次摄取先前已经摄取、观修过的色法与名法。
ထိုနောင် ---- ၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ဉာဏ်၌ ထင်အောင် ပူးတွဲသိမ်းဆည်းပါ။
此后:1.同时摄取眼净色与有分意净界,使二者同时显现于智中。
၂။ ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ၊ ရှုပါ။ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။ (မနောဒွါရဝီထိအတွက် ကွက်၍ဆိုရမူ ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကိုလည်း အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ ဤကျမ်း စာမျက်နှာ-၁၈၂-စသည်ကို ကြည့်ပါ၊၊) ၃။ ထိုရူပါရုံ အရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ဟူသော အကြည်ဓာတ်နှစ်ခုကို ပြိုင်တူ ရှေးရှုရိုက်ခတ်သောအခါ၊ သို့မဟုတ် ထိုရူပါရုံ အရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနော အကြည်ဓာတ်ဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရှေးရှုကျရောက်လာသောအခါ၊ သို့မဟုတ် ထိုရူပါရုံ အရောင် သည် ယင်းဒွါရ နှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ----
2.将注意力转向许多色聚的色所缘(颜色),取它为所缘而观;或将注意力转向一个色聚的色所缘(颜色),取它为所缘而观。〔若专就意门心路而言,也可以取一个色聚的色所缘(颜色)为所缘而观。见本书第182页以下。〕3.当该色所缘(颜色)同时趋向并撞击眼净色与有分意净界这两种净界,或同时趋入眼门与意门这两门,或同时显现于这两门时——
(က) ရူပါရုံကို အာရုံပြုနေသည့် စက္ခုဒွါရဝီထိနှင့်
(甲)取该色所缘为所缘的眼门心路,与
( ခ ) ရူပါရုံကိုပင် ဆက်လက် အာရုံယူနေသည့် မနောဒွါရဝီထိများ ----
(乙)继续取同一色所缘为所缘的诸意门心路——
ဤနှစ်မျိုးသော စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိစိတ်အစဥ်တို့သည် ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရား တို့နှင့် အတူတကွ ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားတွင် ဘဝင်များခြားလျက် ဖြစ်ပေါ်လာကြမည် ဖြစ်၏။
——这两类眼门心路与意门心路的心相续,将连同各自的相应心所与相应法,在一道心路与下一道心路之间由诸有分隔开而生起。
ထို စက္ခုဒွါရဝီထိ တစ်ဝီထိဖြစ်က မနောဒွါရဝီထိများမှာ ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်နေမည် ဖြစ်သည်။
每当一次眼门心路生起,许多意门心路便会由诸有分隔开,一再生起。
၄။ ထိုဝီထိစိတ်အစဥ်တို့တွင် ပါဝင်တည်ရှိကြသော ပဉ္စဒွါရာဝဇ္ဇန်း (= အာဝဇ္ဇန်း)၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်း တို့က ယင်းရူပါရုံကို ရူပါရုံ (= အရောင်) ဟုသာ ဆင်ခြင်ဆုံးဖြတ်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောကြမည် ဖြစ်သည်။ ယင်းကုသိုလ်ဇောနာမ်တရား (၃၄)၊ တဒါရုံနာမ်တရား (၃၄)၊ စသည်တို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။
4.对于这些心路心相续中所含的五门转向(即转向)、确定及意门转向,应让它们只把该色所缘作意、确定为“色所缘(颜色)”。由于这是如理作意,诸善速行便会生起。该善速行的三十四种名法、彼所缘的三十四种名法等,都是信慧组名法。
〔မှတ်ချက် ----- အထက်ပါ ဇယားတွင် အတိမဟန္တာရုံဝီထိနှင့် ဝိဘူတာရုံဝီထိများကိုသာ ဖော်ပြထားပါ သည်။ မဟန္တာရုံဝီထိ၊ အဝိဘူတာရုံဝီထိ စသည်တို့ကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိမ်းဆည်းရင်း ဝိပဿနာ ရှုပွားရင်းဖြင့် တဖြည်းဖြည်း သဘောပေါက်လာနိုင်ပါသည်။ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနု ဝတ္တက မနောဒွါရဝီထိ (= တဒနုဝတ္တိက မနောဒွါရဝီထိ = စက္ခုဒွါရဝီထိ၏ နောက်သို့ အစဥ်လိုက်သော၊ စက္ခုဒွါရဝီထိ၏ အာရုံဖြစ်သော အလားတူ ယင်းရူပါရုံမျိုးကိုပင် ဆက်လက် အာရုံယူနေ သိနေသော မနော ဒွါရဝီထိ) ဟု ခေါ်ဆို၍ နောက်ထပ် ယင်းရူပါရုံမျိုးကိုပင် ဆက်လက် အာရုံယူနေသော မနောဒွါရဝီထိများကို သုဒ္ဓမနောဒွါရဝီထိ (= သက်သက်သော မနောဒွါရဝီထိ)ဟု ခေါ်ဆိုပေသည်။ သို့သော် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကား ပဉ္စဒွါရနှင့် ဆက်သွယ်၍ ဖြစ်သမျှသော မနောဒွါရဝီထိများကို တဒနုဝတ္တိကဟုချည်း
〔注:上表只列出极大所缘心路与清晰所缘心路。至于大所缘心路、不清晰所缘心路等,瑜伽行者可在摄取名法与修习毗婆舍那的过程中逐渐明白。其中,第一道意门心路称为随转意门心路(tadanuvattaka,即 tadanuvattika-manodvāra-vīthi):它后随眼门心路,继续取与眼门心路所缘同类的该色所缘而了知;此后继续取同类色所缘的诸意门心路,则称为纯意门心路(suddha-manodvāra-vīthi)。不过,东城摩诃甘达勇西亚多(Taungmyo Mahāgandhāyon Sayadaw)认为,凡与五门相关而生起的意门心路,一概都称为随转意门心路——
ဆိုလိုပေသည်။ (ဝီထိနှင့် သုံးချက်စု-၃၄)〕 အသင်ယောဂီသူတော်ကောင်းသည် ရူပါရုံကို အာရုံယူနေသည့် ယင်းစက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ စိတ် အစဥ်များအတွင်း၌ ပါဝင်တည်ရှိသော နာမ်တရားတို့ကို အသိစိတ် (= ဝိညာဏ်)ကို အဦးမူ၍ သိမ်းဆည်းလိုပါက ရှေးဦးစွာ အသိစိတ် (= ဝိညာဏ်) တစ်လုံးတည်းကိုသာလျှင် ဦးစားပေး၍ စိတ္တနိယာမ လမ်းရိုးလမ်းဟောင်း
——他就是如此主张的。(《心路与三项组》,第34页。)〕贤善瑜伽行者,若想从能知之心(识)开始摄取这些取色所缘为所缘的眼门心路、意门心路心相续中所含的名法,首先应只以一个能知之心(识)为先,并依循心定律既定的古老轨道——
原书第 153 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း လမ်းကြောင်းကြီး အတိုင်း ဖြစ်ပေါ်သွားသော ဝီထိစိတ်အစဥ်အတိုင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ မြင်အောင် လေ့ကျင့်ပါ။
——训练自己按照沿这条大轨道生起的心路心相续,在每一个心刹那都能观见它们。
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂) - ထိုနောင် ဘဝင် အကြိမ်များစွာခြားလျက် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) ---- သို့မဟုတ် ဆင်ခြင်၊ မြင်သိ၊ လက်ခံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇော (၇)၊ တဒါရုံ (၂) - ထိုနောင် ဘဝင် အကြိမ်များစွာ ခြားလျက် - ဆင်ခြင်ဆုံးဖြတ်၊ ဇော(၇)၊ တဒါရုံ (၂) ---- ဤသို့ စသည်ဖြင့် ဖြစ်ပေါ်နေသော ဝီထိစိတ်အစဥ်အတွင်း၌ ပါဝင်တည်ရှိသော အသိစိတ် = ဝိညာဏ် တိုင်းကို သိအောင် မြင်အောင် စက္ခုအကြည်ဓာတ် ဘဝင် မနောအကြည်ဓာတ်ဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံဟူ- သော အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုတွင် စက္ခုဒွါရဝီထိ တစ်ကြိမ်ဖြစ်က ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်အကြိမ်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်မှုကို သဘောပေါက်အောင် လေ့ကျင့်ပါ။ ဝီထိစိတ်တိုင်း စိတ်တိုင်းကို
五门转向、眼识、领受、推度、确定、速行(七次)、彼所缘(两次);此后由多次有分隔开,意门转向、速行(七次)、彼所缘(两次)——或者说,作意、见知、领受、审察、确定、速行(七次)、彼所缘(两次);此后由多次有分隔开,再是作意确定、速行(七次)、彼所缘(两次)——如此等等。应把眼净色、有分意净界这两门,以及色所缘这一所缘结合起来,反复训练,直到能够了知、观见如此生起的心路相续中每一个能知之心(识)。在这里,每当一次眼门心路生起,继续取色所缘为所缘的诸意门心路,就会在一道心路与下一道心路之间由多次有分隔开而生起许多次;应训练到明白这一点。对于每一个路心、每一个心——
အောင်မြင်စွာ သိမ်းဆည်းနိုင် ရှုနိုင်ပါက ဖဿ ဝေဒနာ စသော စေတသိက်တို့ကို တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ ----၂-လုံး၊ ၃-လုံး၊ ၄-လုံး၊ ၅-လုံး၊ ၆-လုံး၊ ၇-လုံး၊ ၈-လုံး ---- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှု၍ ရသောအခါ ဇယားတွင် ဖော်ပြထားသည့်အတိုင်း စိတ် စေတသိက်တို့ကို တစ်စတစ်စ တိုး၍ ကုန်စင်အောင် သိမ်းဆည်းပါ၊ ရှုကြည့်ပါ။ တဖြည်းဖြည်း အောင်မြင်မှု ရရှိလာမည် ဖြစ်သည်။ ဖဿက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ၊ ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရာတို့၌လည်း နည်းတူပင် မှတ်ပါ။ အကယ်၍ အောင်မြင်မှု မရခဲ့သော် ရုပ်တရားကိုပင် ထပ်ကာ ထပ်ကာ သိမ်းဆည်းပါ၊ နာမ်တရားများသည် အလိုလိုပင် ထင်ရှားလာမည်ဖြစ်ကြောင်းကို (ဝိသုဒ္ဓိ-၂-၂၂၅။)၌ ညွှန်ကြားထားပေသည်။
——若能成功摄取、观照,就逐一加入触、受等心所,使所辨识的名法依次成为两个、三个、四个、五个、六个、七个、八个……;当能清楚观见它们在每一心刹那同时生起时,再依表中所示,逐步增加心与心所,直至全部摄取、观照。如此将逐渐成功。从触开始摄取名法,或从受开始摄取名法,也应同样理解。若仍未成功,就一再摄取色法;《清净道论》2-225 指示,名法将自行清楚显现。
ရုပ်အစစ် ရုပ်အတု ရောနှောရှုရန်
真实色法与非真实色法混合观照
ထိုဝီထိစိတ်တို့တွင် စက္ခုဝိညာဏ်သည် စက္ခုအကြည်ဓာတ်ဟူသော စက္ခုဝတ္ထုရုပ်ကိုသာ မှီဖြစ်၍ စက္ခု ဒွါရဝီထိနှင့် မနောဒွါရဝီထိ အတွင်း၌ ပါဝင်တည်ရှိကြသော ကျန်နာမ်တရား အားလုံးတို့သည် ဟဒယဝတ္ထုရုပ် ကိုသာ မှီ၍ ဖြစ်ကြရသည်။ သို့အတွက် ရုပ်နာမ်ကို သိမ်းဆည်းရာ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားရာ ရုပ်နာမ် ခွဲရာတို့၌ ကျေးဇူးများစိမ့်သောငှာ ဇယားတွင် မှီရာဝတ္ထုရုပ်များကိုပါ ထည့်သွင်း၍ ဖော်ပြထားပါသည်။ စက္ခု ဝိညာဏ်နှင့် တကွသော နာမ်တရားတို့သည် စက္ခုဝတ္ထုရုပ်ကိုသာ ဧကန် မှီ၍ဖြစ်ကြသည်ကား မှန်၏၊ ပဉ္စဒွါ- ရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း စသော ကျန်ဝီထိစိတ် စေတသိက်တို့သည်လည်း ဟဒယဝတ္ထုရုပ်ကိုသာ ဧကန် မှီ၍ (ပဉ္စဝေါကာရဘုံ၌) ဖြစ်ကြသည်ကား မှန်၏။ သို့အတွက် အဘိဓမ္မာနည်းအရ ဝတ္ထုဟုဆိုလျှင် စက္ခုဝတ္ထု ဟဒယ ဝတ္ထု စသည့်ဆိုင်ရာ ဝတ္ထုရုပ်သက်သက်ကိုသာ အရကောက်ယူရ၏။ သို့သော် သုတ္တန်နည်းအရကား စက္ခုဝတ္ထု
在这些路心中,眼识只依眼净色这一眼所依处色而生;眼门心路与意门心路内其余一切名法,都只依心所依处色而生。为了有助于摄取、分别、辨析名色,表中也列出了作为所依的色法。眼识及其俱生名法确实只依眼所依处色而生;五门转向、领受等其余路心与心所,在五蕴有地中也确实只依心所依处色而生。因此,依阿毗达磨法说“所依(vatthu)”时,只取眼所依处、心所依处等各自相应的所依处色。然而,依经教法,则不能只把眼所依处——
ဟဒယဝတ္ထု စသည့် သက်သက်ကိုသာလျှင် ဝတ္ထုအရ မကောက်ယူရဘဲ ထိုစက္ခုဝတ္ထု ဟဒယဝတ္ထု စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်နေကြသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ရောနှော၍ ကောက် ယူရ၏။ စက္ခုဝတ္ထု စသည်တို့နှင့် မကင်းစကောင်းသော မျက်လုံးအိမ် စသည်တို့၏ အတွင်း၌ တည်ရှိကြသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်း အရကောက်ယူရ၏၊ သိမ်းဆည်းရ၏၊ ရှုပွားရ၏။ သုတ္တန်နည်းကား အလုပ်လုပ် သောနည်း ဖြစ်၏၊ ဃန အသီးအသီး ပြိုအောင် ရှုပွားရ၏၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရ၏။
——心所依处等各自单独的所依处色理解为所依;还必须把与这些眼所依处、心所依处等同在一个色聚中俱生的大种色与所造色一并纳入。此外,眼窝等处中与眼所依处等不可分离的大种色与所造色,也都要依“所依”纳入、摄取并观照。经教法是实修的方法:必须观至破除每一密集,并摄取至智见直达究竟法。
သို့အတွက် အဋ္ဌကထာကြီးများ ဋီကာကြီးများ၌ ဝတ္ထုအရ သုတ္တန်နည်း၌ တရားကိုယ်ကောက်ယူရပုံကို ရှင်းပြ ထား၏။
因此,大义注与大复注都说明了:依经教法,应如何从“所依”取其法体。
原书第 154 页
(၅၄) မျိုးသော ရုပ်တရား
五十四种色法
ဇယားများတွင် (၅၄)မျိုးသော ရုပ်တရားတို့ကို ဖော်ပြထား၏၊ စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုရုပ်ကို မှီဖြစ်၍ ကျန်ဝီထိစိတ်များနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုနေကြသည့် မနောဒွါရဝီထိစိတ်တို့သည် ဟဒယဝတ္ထု ရုပ်ကိုပင် မှီ၍ ဖြစ်ကြရ၏။
诸表列出了五十四种色法。眼识依眼所依处色而生;其余诸路心,以及继续取同一色所缘为所缘的诸意门心路心,都依心所依处色而生。
တစ်ဖန် စက္ခုအကြည်ဓာတ် စက္ခုဝတ္ထုရုပ်သည်လည်းကောင်း၊ ဟဒယဝတ္ထုရုပ်သည်လည်းကောင်း တစ်ခု ချင်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ရုပ်တို့မည်သည် ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ကြရ၏။ ယင်း ရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှလည်း ဃနပြိုမည်။
再者,眼净色即眼所依处色,以及心所依处色,都不能单独生起。色法只能依称为色聚的组合成组生起。只有把这些色聚分析到智见直达究竟法,才能破除密集。
ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။
只有破除密集,智见才能直达究竟法。
ယခုကဲ့သို့ ရုပ်တရားတို့ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ကမ္မဋ္ဌာန်းကို သိမ်း ဆည်းရှုပွားပြီးပါမှ နာမ်ကမ္မဋ္ဌာန်းကို ဆက်လက် သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန်ပြန်၍ ရုပ်တရားတို့ကိုလည်း သိမ်းဆည်းရပြန်၏။ ထိုသို့သိမ်းဆည်းရာ၌ မည်ကဲ့သို့သော ရုပ်တရားတို့ကို သိမ်းဆည်း ရမည်ဟူသော အချက်ကို အောက်ပါ အဋ္ဌကထာတို့၌ ညွှန်ကြားထားတော်မူ၏။
正因为必须像这样修习色业处,破除色法密集,使智见直达究竟法,然后才继续摄取名业处,所以瑜伽行者摄取名法之后,还必须再次摄取色法。至于这时应摄取哪些色法,下列诸义注已有指示。
ဝတ္ထုအရ တရားကိုယ် ကောက်ယူပုံ
依所依处摄取法体的方法
သော ''ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံ နိဿိတာ''တိ ဥပဓာရေန္တော ''ဝတ္ထုံ နိဿိတာ''တိ ပဇာနာတိ။
巴利原文(缅文转写,依主本原串):“သော ''ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံ နိဿိတာ''တိ ဥပဓာရေန္တော ''ဝတ္ထုံ နိဿိတာ''တိ ပဇာနာတိ။”中译:“他如此审察:‘这些以触为第五的诸法依止什么而生?’便了知:‘它们依所依(vatthu)而生。’”
ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ''န္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (အဘိ-ဋ္ဌ-၂-၂၅၂-၂၅၃။ ဒီ-ဋ္ဌ-၂-၃၁၄-၃၁၅။ မ-ဋ္ဌ-၁-၂၈၁။) နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ''ဝတ္ထု နာမ ကရဇကာယော''တိ အာဟ၊ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ''န္တိ သုတ္တံ အာဘတံ။ (မူလဋီ-၂-၁၅၇။) ''ဝတ္ထု နာမ ကရဇကာယော''တိ ဝစနေန နိဝတ္တိတံ ဒဿေန္တော ''န စက္ခာဒီနိ ဆ ဝတ္ထူနီ''တိ အာဟ။
巴利原文(缅文转写,依主本原串):“ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ''န္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (အဘိ-ဋ္ဌ-၂-၂၅၂-၂၅၃။ ဒီ-ဋ္ဌ-၂-၃၁၄-၃၁၅။ မ-ဋ္ဌ-၁-၂၈၁။) နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ''ဝတ္ထု နာမ ကရဇကာယော''တိ အာဟ၊ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ''န္တိ သုတ္တံ အာဘတံ။ (မူလဋီ-၂-၁၅၇။) ''ဝတ္ထု နာမ ကရဇကာယော''တိ ဝစနေန နိဝတ္တိတံ ဒဿေန္တော ''န စက္ခာဒီနိ ဆ ဝတ္ထူနီ''တိ အာဟ။”中译:“所谓所依,就是所生身;关于它曾说:‘我的此识依于这里,并系属于这里。’依真实义而言,所生身就是大种色与所造色。(《阿毗达磨义注》2-252—253;《长部义注》2-314—315;《中部义注》1-281。)由于这里意在分别名色,为显示色法必须无余摄取,故说‘所谓所依,就是所生身’,而没有说‘眼等六所依’。为了证明所生身具有所依的性质,才引来经句:‘我的此识依于这里,并系属于这里。’(《根本复注》2-157。)为显示‘所谓所依,就是所生身’这句话所排除的意思,又说‘并非眼等六所依’。”
အညမညုပတ္ထမ္ဘေန ဌိတေသု ဒွီသု နဠကလာပေသု ဧကဿ ဣတရပဋိဗဒ္ဓဋ္ဌိတာ ဝိယ နာမကာယဿ ရူပ- ကာယပဋိဗဒ္ဓဝုတ္တိတာ ဒဿနဥှေတံ နိဿယပစ္စယဝိသေသဒဿနန္တိ။ (အနုဋီ-၂-၁၅၇။) ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
巴利原文(缅文转写,依主本原串):“အညမညုပတ္ထမ္ဘေန ဌိတေသု ဒွီသု နဠကလာပေသု ဧကဿ ဣတရပဋိဗဒ္ဓဋ္ဌိတာ ဝိယ နာမကာယဿ ရူပ- ကာယပဋိဗဒ္ဓဝုတ္တိတာ ဒဿနဥှေတံ နိဿယပစ္စယဝိသေသဒဿနန္တိ။ (အနုဋီ-၂-၁၅၇။)”中译:“譬如两束芦苇互相支撑而立,其中一束系于另一束而立;同样,这显示名身依系色身而转起,也显示依止缘的特殊性。”(《随复注》2-157。)以上义注、复注的意旨如下。
ရုပ်တရား နာမ်တရားတို့ကို ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော အခါ ---- ''ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့သည် အဘယ်ကို မှီ၍ ဖြစ်နေကြပါကုန်သနည်း'' ဤသို့ စူးစမ်းဆင်ခြင်လတ်သော် ဖဿပဉ္စမကတရားဦးဆောင်သည့် ဤနာမ်တရားစုတို့သည် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏။ ဝတ္ထုရုပ် မည်သည်ကား ကရဇကာယတည်း။ ယင်းကရဇကာယဟူသော ဝတ္ထုရုပ်ကိုပင် ရည်ရွယ်တော်မူ၍ ---- ''ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယ၌ ဆက်စပ်၍ ဖြစ်၏'' ----
瑜伽行者以智破除所谓色块、色团与名块、名团的色法密集、名法密集,将色法与名法摄取、分别至究竟法以后,又以智分别、摄取以触为第五的名法组。当他审察:“这些以触为第五的名法组依什么而生?”便清楚了知:它们依所依处色而生。所谓所依处色,就是所生身(karajakāya)。正是针对这一作为所依处色的所生身,世尊说:“我的此识依于此所生身,并与此所生身相联而生。”
原书第 155 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤသို့လျှင် ဘုရားရှင်သည် သာမညဖလသုတ္တန် (ဒီ-၁-၇၂။)၊ မဟာသကုလုဒါယိသုတ္တန် (မ-၂-၂ဝ၉။) တို့၌ ဟောကြားထားတော်မူခဲ့၏။
世尊正是在《沙门果经》(Sāmaññaphala Sutta;《长部》1-72)与《大萨拘卢陀夷经》(Mahāsakuludāyi Sutta;《中部》2-209)中如此开示的。
ထိုကရဇကာယဟူသည် ပရမတ်တရားကိုယ် အနက်သဘောအားဖြင့် ဘူတရုပ် = ဓာတ်ကြီး (၄)ပါးတို့နှင့် ယင်း ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်နေကြကုန်သော (၂၄)မျိုးကုန်သော ဥပါဒါရုပ်တို့တည်း။
这个所生身,从究竟法的实体义而言,就是大种色,即四大种,以及依这四大种而生的二十四种所造色。
(အဘိ-ဋ္ဌ-၂-၂၅၂-၂၅၃။ ဒီ-ဋ္ဌ-၂-၃၁၄-၃၁၅။ မ-ဋ္ဌ-၁-၂၈၁။)
(《阿毗达磨义注》2-252—253;《长部义注》2-314—315;《中部义注》1-281。)
နာမ်ရုပ်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ ပရမတ်သို့ဆိုက်အောင် သိကြောင်းဖြစ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်သောကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြား၍ယူခြင်း သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ ---- ''ဝတ္ထု နာမ ကရဇကာယော = ဝတ္ထုရုပ်မည်သည်ကား ကရဇကာယတည်း'' ---- ဤသို့ အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်းဖြစ်သည်။ ဝတ္ထုမည်သည် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော (၆)မျိုးသော ဝတ္ထုရုပ်တို့တည်းဟူ၍ကား မိန့်ဆိုတော် မမူပေ။ ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်အပေါင်း၏ ဝတ္ထုရုပ်ဖြစ်ကြောင်းကို ပြီးစီးစေခြင်းအကျိုးငှာ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓံ'' ''ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယ၌ ဆက်စပ်၍ ဖြစ်၏'' ---- ဟူသော သာမညဖလသုတ္တန် မဟာသကုလုဒါယိသုတ္တန်ကို ဆောင်ယူ၍ ကိုးကားပြတော်မူသည်။
为了获得名色分别智——即逐一分别名色、了知直达究竟法之智——义注作者为开示必须无余、彻底地以智分别并摄取全部色法,说:“ဝတ္ထု နာမ ကရဇကာယော”,译:“所谓所依,就是所生身。”他并没有说,所谓所依只是眼、耳、鼻、舌、身、心这六种所依处色。为了成立名为所生身的大种色与所造色总集具有所依的性质,他援引《沙门果经》与《大萨拘卢陀夷经》中的经句:''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓံ'',译:“我的此识依于此所生身,并与此所生身相联而生。”
(မူလဋီ-၂-၁၅၇။)
(《根本复注》2-157。)
ဝတ္ထုရုပ်မည်သည်ကား ကရဇကာယတည်းဟူသော စကားတော်ဖြင့် နစ်စေအပ်သော အနက်ကို (= ဤ၌ အလိုမရှိအပ်သော သဘောကို) ထင်ရှားပြတော်မူလိုသော မူလဋီကာဆရာတော်သည် - စက္ခုဝတ္ထု စသော (၆)မျိုးသော ဝတ္ထုရုပ်တို့သည်သာ ဤအရာဝယ် ဝတ္ထုရုပ်တို့တည်းဟု မိန့်တော်မမူပါဟု ဖွင့်ဆိုတော်မူသည်။
为了明确说明“所谓所依,就是所生身”这句话所排除的意义,也就是这里所不欲取的意思,《根本复注》作者解释:这里并不是说,只有眼所依处等六种所依处色才是所依处色。
ကျူစည်း နှစ်စည်းတို့ကို အချင်းချင်း မှီ၍ ထောင်ထား၏။ အချင်းချင်း တစ်စည်းက တစ်စည်းကို ထောက်ပံ့ ထားခြင်းဖြင့် တည်နေကုန်သော ကျူစည်း နှစ်စည်းတို့တွင် တစ်ခုသော ကျူစည်း၏ အခြား ကျူစည်းတစ်စည်း နှင့် ဆက်စပ်လျက် တည်နေသကဲ့သို့ အလားတူပင် --- ''စက္ခုစသော (၆)မျိုးသော ဝတ္ထုရုပ်တို့သည်သာ ဤအရာ ဝယ် ဝတ္ထုရုပ် မမည်ပါ'' ---- ဟူသော ဤစကားရပ်သည် နာမကာယ = နာမ်တရားအပေါင်း၏ ရူပကာယ = ရုပ်တရားအပေါင်းနှင့် ဆက်စပ်လျက် ဖြစ်မှုရှိနေပုံကိုလည်း ညွှန်ပြ၏။ ရူပကာယ = ရုပ်တရားအပေါင်းက နာမ ကာယ = နာမ်တရားအပေါင်းအား မှီရာ နိဿယပစ္စယသတ္တိထူးဖြင့် ကျေးဇူးပြုမှုကိုလည်း ညွှန်ပြတော်မူ၏ဟု မှတ်ပါ။ (အနုဋီ-၂-၁၅၇။) အဘိဓမ္မနိဒ္ဒေသနည်း (အဘိဓမ္မာ၌ ဟောကြားတော်မူသော အဘိဓမ္မာနည်း) အားဖြင့် ---- ၁။ စက္ခုဝိညာဏ်နှင့် တကွသော ယှဥ်ဖက်သမ္ပယုတ်နာမ်တရားစုသည် စက္ခုဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
两束芦苇互相依靠而立;一束因另一束支撑,系于另一束而站立。同样,“这里不是只有眼等六种所依处色才称为所依处色”这句话,一方面显示名身——名法总集——依系于色身——色法总集——而转起;另一方面也显示色身以所依缘(nissaya-paccaya)的特殊缘力资助名身。(《随复注》2-157。)依阿毗达磨解释门的方法——即阿毗达磨中所开示的方法:1.眼识及其相应名法组只依眼所依处色而生。
၂။ သောတဝိညာဏ်နှင့် တကွသော ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုသည် သောတဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
2.耳识及其相应名法组只依耳所依处色而生。
၃။ ဃာနဝိညာဏ်နှင့် တကွသော ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဃာနဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
3.鼻识及其相应名法组只依鼻所依处色而生。
၄။ ဇိဝှါဝိညာဏ်နှင့် တကွသော ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဇိဝှါဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
4.舌识及其相应名法组只依舌所依处色而生。
၅။ ကာယဝိညာဏ်နှင့် တကွသော ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ကာယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
5.身识及其相应名法组只依身所依处色而生。
၆။ မနောဝိညာဏ်နှင့် တကွသော ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။
6.意识及其相应名法组只依心所依处色而生。
原书第 156 页
ထိုကြောင့် အဘိဓမ္မာနည်းအရ ဝတ္ထုရုပ်အရ စက္ခုဝတ္ထုစသော (၆)မျိုးကုန်သော ဝတ္ထုရုပ်တို့ကိုသာလျှင် စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် (၆)ပါးနှင့်တကွ ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့၏ အသီးအသီး မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဝတ္ထုရုပ်ဟု ခေါ်ဆိုအပ်၏။
因此,依阿毗达磨法,就所依处色而言,只有眼所依处色等六种所依处色称为所依处色;因为眼识界等六识界及其相应心所法组,分别依这些色法而生。
သို့သော် သုတ္တန္တပရိယာယနည်း (= သုတ္တန်နည်း) အရမူကား ဝတ္ထုအရ စက္ခုဝတ္ထု စသော (၆)မျိုးသော ဝတ္ထုရုပ်တို့ကိုသာလျှင် တရားကိုယ် ကောက်မယူရ၊ ယင်း စက္ခုဝတ္ထုစသော ဆိုင်ရာဆိုင်ရာ ဝတ္ထုရုပ်တို့နှင့် ရုပ် ကလာပ် အလိုက် အတူဖြစ်နေကြသည့် ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ် အားလုံးကိုပင် ကောက် ယူရသည်။ (၅၄-၄၄) စသော ရုပ်အားလုံးကိုပင် ကောက်ယူရသည်။
然而,依经教法,解释“所依”时,不应只取眼所依处等六种所依处色为法体;还必须取称为所生身的全部大种色与所造色——它们分别与眼所依处等相应的所依处色同在一个色聚中俱生。也就是说,应把五十四种、四十四种等全部相关色法都摄取进来。
သုတ္တန်နည်းကား အလုပ်လုပ်သော နည်းဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရ၏၊ ရှုပွားရ၏။ ရုပ်ကလာပ်ဟူသည် ရုပ်ပရမတ်နယ်၌ အသေးဆုံး အဖွဲ့အစည်း ဖြစ်၏။
经教法是实际修行的方法。瑜伽行者摄取名色时,必须以智拆解、破除所谓色法团块与名法团块的色法密集、名法密集,摄取并观修到智见抵达究竟法。色聚,是究竟色法领域中最小的组合。
အသေးဆုံး အတုံးအခဲ ဖြစ်၏။ ယင်းအတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ ရုပ်ကလာပ်တိုင်းတွင်လည်း ဘူတရုပ် ဥပါဒါရုပ်တို့ ပါဝင်တည်ရှိနေကြ၏။ ပုံစံအားဖြင့်ဆိုရသော် စက္ခု ဝတ္ထုရုပ်ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် စက္ခုဒသကကလာပ်အတွင်း၌ ပါဝင်တည်ရှိကြသော (၁ဝ)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ စက္ခုပသာဒ (= စက္ခု ဝတ္ထု) ရုပ်ကို သိရှိနိုင်မည် ဖြစ်သည်။ သို့အတွက် သုတ္တန်နည်းအရ (၅၄-၄၄) စသော မှီရာဝတ္ထုရုပ်တို့ကို ဇယား များတွင် ဖော်ပြထားပါသည်။ သို့သော် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသည့် သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ကား ရနိုင်သမျှသော ရုပ်အစစ်တွင်သာမက ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။ ဝိပဿနာ ပိုင်းသို့ ရောက်ရှိလာသောအခါ၌ကား ရုပ်အတုများကို ချန်လှပ်၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုပါ။ ဇယားများ
它也是最小的聚块。只有以智拆解这些聚块,智见才能抵达究竟法。每个色聚都含有大种色与所造色。以眼所依处为例:要摄取眼所依处的瑜伽行者,只有以智分别、摄取眼十法聚中所含的十种大种色与所造色,才能了知眼净色(眼所依处色)。因此,这些表依经教法列出五十四种、四十四种等所依处色。不过,在以智分别、摄取名色的名色分别智阶段,应把能取得的真实色法和非真实色法混合起来一并摄取;到了毗婆舍那阶段,则应舍去非真实色法,只对真实色法修毗婆舍那观。各表——
တွင် ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။
——只把真实色法作为重点列出。
ဘဝင်ကို သတိပြုပါ
注意有分
ဤဇယားများတွင် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ အကြား၌လည်းကောင်း၊ မနောဒွါရဝီထိတို့၏လည်း ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင်လည်းကောင်း ဘဝင်များ အကြိမ်များစွာခြားလျက် ရှိကြောင်းကို ဖော်ပြထား၏။
这些表也显示:眼门心路与意门心路之间,以及一道意门心路与另一道意门心路之间,都有许多有分心间隔。
ဘဝင်တွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက် ရည်ရွယ်၍ နာမ်တရား (၃၄)ဟု ဖော်ပြထားပါသည်။ ဥပေက္ခာဝေဒနာနှင့် ယှဥ်လျက် ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ် ဖြစ်ပါမူ ယင်းဘဝင်နာမ်တရားမှာ (၃၃) ဖြစ်သည်၊ ပီတိ မယှဥ်ပေ။ ဒွိဟိတ်ပုဂ္ဂိုလ် စသည်တို့၌လည်း ယင်း ဘဝင်နာမ် တရားများမှာ (၃၃-၃၂) စသည်ဖြင့် ထိုက်သလို ရှိနေမည်သာ ဖြစ်သည်။ ယင်းဘဝင်စိတ်သည် လွန်ခဲ့သော အတိတ်ဘဝ သေခါနီး မရဏာသန္နအခါ၌ ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သည့် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟူသော အာရုံ (၃) မျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြု၏။ ယေဘုယျအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ပိုင်းသို့ တက်လှမ်းသောအခါကျမှ ယောဂီပုဂ္ဂိုလ် အများစုမှာ အတိတ်မရဏာသန္နဇော၏ အာရုံကို ပုံစံမှန် ရှုနိုင် ကြ၏၊ ယင်း အတိတ်မရဏာသန္နဇော၏ အာရုံမှန်ကို ပုံစံမှန် ရှုမြင်နိုင်သောအခါမှ ဘဝင်၏ အာရုံမှန်ကိုလည်း
表中以悦受结生的三因者为例,把有分名法列为三十四种。若是舍受结生的三因者,有分名法则为三十三种,因为不与喜相应;二因者等的有分名法,也会随其所应为三十三种、三十二种等。这个有分心只取三种所缘——业、业相、趣相——三者之一为所缘;该所缘曾在过去一生临终时显现,并成为临死速行的所缘。一般而言,多数瑜伽行者要到进入缘摄受智阶段以后,才能如实观见过去临死速行的所缘;只有如实观见过去临死速行的真实所缘,才能——
ပုံစံမှန် ရှုနိုင်မည် သိရှိနိုင်မည် ဖြစ်သည်။ ဘဝင်၏ အာရုံမှန်ကို ရှုနိုင်သောအခါ သိနိုင်သောအခါမှ ဘဝင်စိတ်နှင့် ယှဥ်တွဲဖြစ်ပေါ်နေသော ဘဝင်နာမ်တရားစုတို့ကိုလည်း ပုံစံမှန် ရှုပွားနိုင်မည် ဖြစ်သည်။ ထိုသို့ ရှုနိုင်သောအခါမှ ဝီထိစိတ်အစဥ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းရန် ရှုပွားရန် ဖြစ်သည်။ ယခု နာမ်တရားတို့ကို သိမ်းဆည်းနေဆဲဖြစ်သော သိမ်းဆည်းစအခါ၌ကား ယင်း ဘဝင်
——如实观见、了知有分的真实所缘;也只有在如实观见、了知有分的真实所缘以后,才能如实观修与有分心俱生的有分名法组。能这样观修以后,才应把通常生起于各心路心相续之间的有分名法也混合进来,一并摄取、观修。现在仍处于刚开始摄取名法的阶段;此时,对于这些有分——
原书第 157 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း နာမ်တရားစုတို့၏ အာရုံမှန်ကို မရှုတတ်သေး မရှုနိုင်သေးလျှင် ဘဝင်နာမ်တရားတို့ကို မသိမ်းဆည်းသေးဘဲ မရှုသေးဘဲ ခေတ္တ ချန်လှပ်ထားနိုင်သည်။ သို့အတွက် ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို တစ်ကြိမ်တစ်ခါ ရှုရုံမျှဖြင့် လိုရင်းကိစ္စ မပြီး၊ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပွားပါမှ လိုရင်းကိစ္စ ပြီးစီးနိုင် သောကြောင့် အနုဗောဓဉာဏ်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ (ဒီ-ဋီ-၂-၈၉-၉ဝ - ကြည့်။)
——名法组的真实所缘,若还不会观、还不能观,就可以暂时搁置,不先摄取、观照有分名法。因此,名色分别智与缘摄受智这两种智,只观一次不能完成所需之事;唯有反复、一再观修,才能完成所需之事,所以称为随觉智。(参见《长部复注》2-89—90。)
ယောနိသောမနသိကာရ
如理作意
၁။ ရူပါရုံ (= အရောင်)ကို ရူပါရုံ (= အရောင်)ဟု ရှုခဲ့သော် ရူပါရုံ (= အရောင်)ဟု သိသော စက္ခုဒွါရဝီထိနှင့် နောက်လိုက်မနောဒွါရဝီထိ၊ သုဒ္ဓမနောဒွါရဝီထိဟူသော ရူပါရုံကိုပင် ဆက်လက်အာရုံယူနေသော သိနေ သော မနောဒွါရဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြမည် ဖြစ်၏။ (ရှုပုံကို ဖော်ပြခဲ့ပြီးပြီ။) တစ်ဖန် ---- ၂။ ထိုရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ရုပ်တရားဟု သိနေသော မနောဒွါရဝီထိ စိတ်အစဥ်များသည်လည်း- ကောင်း၊ ၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း၊ ၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံနေရသည့်သဘောကို အာရုံ ယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟု ရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိစိတ်များသည်
1.若把色所缘(颜色)观为色所缘(颜色),便会生起了知“色所缘(颜色)”的眼门心路,以及随转意门心路、纯意门心路等继续取该色所缘为所缘而了知的意门心路心相续。(观法已经说明。)再者:2.若把该色所缘观为色法,便会生起了知“色法”的意门心路心相续;3.若取该色所缘的生起、坏灭之性为所缘,以智观见而观为无常,便会生起了知“无常”的意门心路;4.若取该色所缘因生灭打击而不断遭受逼迫之性为所缘,以智观见而观为苦,便会生起了知“苦”的意门心路——
လည်းကောင်း၊ ၅။ ထိုရူပါရုံ၏ ခိုင်မာသည့် မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း၊ ၆။ ထိုရူပါရုံ၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း ---- အသီးအသီး ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ယင်း အသီးအသီးသော မနောဒွါရဝီထိစိတ်အစဥ်များကိုလည်း သမ္ပယုတ်တရားတို့နှင့် အတူတကွ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် အသီးအသီး မြင်အောင် ရှုပါ၊ ဆက်လက်၍ သိမ်းဆည်းပါ။
——5.若取该色所缘并无一个坚固、不坏、以凝实团块和牢固本质而存立的“我”这一性质为所缘,以智观见而观为无我,便会生起了知“无我”的意门心路;6.若取该色所缘可厌、可恶的不净性质为所缘,以智观见而观为不净,便会生起了知“不净”的意门心路。应当以智逐一拆解、破除每一种意门心路心相续及其相应法的名法密集,使它们逐一显现而观,并继续摄取。
〔မှတ်ချက် ---- ထို ရူပါရုံ၊ ထို ရူပါရုံ - ဟု ဤ၌ ဖော်ပြခြင်းမှာ ဧကတ္တနည်းအရ ရူပါရုံချင်း တူညီ၍ ပြောဆိုခြင်းသာ ဖြစ်ပါသည်။ ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရူပါရုံတစ်ခုတည်းကို စိတ္တက္ခဏ (၁၇)ချက် သက်တမ်းမကုန်ဆုံးမီ ထိုကဲ့သို့ (၆)ကြိမ်တိုင်တိုင် ရှုပွားရမည်ဟု ဆိုလိုသည်ကား မဟုတ်ပါ။ အလားတူ ရူပါရုံမျိုးကို အာရုံယူ၍ ထပ်ကာထပ်ကာ သိမ်းဆည်းရှုပွားရန်သာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။〕
〔注:这里屡次说“该色所缘、该色所缘”,只是依同一理路,就色所缘同类而言;并不是说,在一个色聚中的同一个色所缘尚未度过十七心刹那的寿命以前,就必须如此观修六次。其意只在于取同类的色所缘,反复摄取、观修。〕
(၆) ကြိမ်မျှ ရှုရခြင်း၏ အကြောင်းရင်း
约观六次的原因
ဝိဘင်းပါဠိတော် (အဘိ-၂-၃၂၃) နှင့် အဋ္ဌကထာ (အဘိ-ဋ္ဌ-၂-၃၈၈) တို့၏ ဖွင့်ဆိုချက်များအတိုင်း စက္ခုဒွါရဝီထိစိတ်များဖြင့် ရူပါရုံ အရောင်ကို ရူပါရုံ အရောင်ဟုသာ သိနိုင်၏။ ယင်းစက္ခုဒွါရဝီထိစိတ်များက ယင်းရူပါရုံ အရောင်ကို ----
依照《分别论》巴利本(《阿毗达磨》2-323)及其义注(《阿毗达磨义注》2-388)的解释,眼门心路只能把色所缘(颜色)了知为色所缘(颜色)。这些眼门心路不能把该色所缘(颜色)了知为——
原书第 158 页
၁။ ရုပ်တရားဟုလည်းကောင်း ၂။ အနိစ္စတရားဟုလည်းကောင်း ၃။ ဒုက္ခတရားဟုလည်းကောင်း ၄။ အနတ္တတရားဟုလည်းကောင်း ၅။ အသုဘတရားဟုလည်းကောင်း မသိနိုင်ပေ။
——1.色法;2.无常法;3.苦法;4.无我法;5.不净法。
အလားတူပင် သောတဒွါရဝီထိစိတ်များက သဒ္ဒါရုံကို သဒ္ဒါရုံဟုသာ၊ ဃာနဒွါရဝီထိစိတ်များက ဂန္ဓာရုံကို ဂန္ဓာရုံဟုသာ၊ ဇိဝှါဒွါရဝီထိစိတ်များက ရသာရုံကို ရသာရုံဟုသာ၊ ကာယဒွါရဝီထိစိတ်များကလည်း ဖောဋ္ဌဗ္ဗာရုံ ကို ဖောဋ္ဌဗ္ဗာရုံဟုသာ သိနိုင်၏။ ယင်းအသီးအသီးသော ဝီထိစိတ်များက အသီးအသီးသော အာရုံကို ---- ၁။ ရုပ်တရားဟုလည်းကောင်း၊ ၂။ အနိစ္စတရားဟုလည်းကောင်း၊ ၃။ ဒုက္ခတရားဟုလည်းကောင်း၊ ၄။ အနတ္တတရားဟုလည်းကောင်း၊ ၅။ အသုဘတရားဟုလည်းကောင်း ---- မသိနိုင်ပေ။
同样,耳门心路只能把声所缘了知为声所缘,鼻门心路只能把香所缘了知为香所缘,舌门心路只能把味所缘了知为味所缘,身门心路也只能把触所缘了知为触所缘。这些各别心路不能把各自的所缘了知为:1.色法;2.无常法;3.苦法;4.无我法;5.不净法。
ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိစိတ်တို့သည်ကား ယင်းရူပါရုံ အရောင်ကို ---- ၁။ ရူပါရုံ = အရောင်ဟုလည်းကောင်း၊ ၂။ ရုပ်တရားဟုလည်းကောင်း၊ ၃။ အနိစ္စတရားဟုလည်းကောင်း၊ ၄။ ဒုက္ခတရားဟုလည်းကောင်း၊ ၅။ အနတ္တတရားဟုလည်းကောင်း၊ ၆။ အသုဘတရားဟုလည်းကောင်း ---- အသီးအသီး သိရှိနိုင်ပေသည်။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ဆက်လက် အာရုံယူနေကြသော မနောဒွါရဝီထိစိတ်တို့ကလည်း ဆိုင်ရာ ဆိုင်ရာအာရုံတို့ကို အလားတူပင် သိရှိနိုင်ကြပေသည်။
然而,继续取色所缘为所缘的诸意门心路,能够逐一把该色所缘(颜色)了知为:1.色所缘(颜色);2.色法;3.无常法;4.苦法;5.无我法;6.不净法。继续取声所缘、香所缘、味所缘、触所缘为所缘的诸意门心路,也能以同样方式了知各自相应的所缘。
ထိုသို့ ရူပါရုံစသည့် ရုပ်တရား အသီးအသီးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ထိုကဲ့သို့ ရုပ်ဓာတ် တစ်လုံး တစ်လုံး၌ (၆)ကြိမ်မျှ ရှုနေခြင်းမှာ ယောနိသောမနသိကာရဖြစ်က နှလုံးသွင်းမှန်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်စေလိုသည်မှာ ပထမအကြောင်းတစ်ရပ် ဖြစ်၏။
像这样,对取色所缘等每一种色法为所缘而生起的名法,在每一种色法上约观六次;第一个理由,是要使人明白:若为如理作意、内心作意正确,善速行便会生起。
တစ်ဖန် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တကရှုနည်း (ဝိသုဒ္ဓိ-၂-၂၆၁-၂၆၅။)တို့၌ ဝိပဿနာ ရှုနေသော ရှေ့စိတ်ကို နောက်စိတ်ဖြင့် = ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိကို နောက်ဝိပဿနာ မနောဒွါရိက ဇောဝီထိဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ နောက်ပိုင်း ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိ သွားသောအခါ၌လည်း ---- ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ-၂-၂၇၈။) = ဉာတအမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် သိရှိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း၊ ဉာဏ အမည်ရသည့် ရှုနေသော ဝိပဿနာဉာဏ်ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်များကိုလည်းကောင်း - ဤ ဉာတ ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပါဟု ရှေးရှေး အဋ္ဌကထာဆရာတော်တို့က သတ်မှတ် ညွှန်ကြားထားတော်မူ၏။
再者,到了毗婆舍那阶段,《清净道论》2-261—265 所说的非色七法观法,指示以后心——即后起的观意门速行心路——再次对前心——即前起的观意门速行心路——修毗婆舍那观。“所知与能知,二者都应作毗婆舍那观。”(《清净道论》2-278。)历代义注师据此规定:一方面,应观名为“所知”的诸行法,即由观智所知的苦谛法与集谛法;另一方面,也应观名为“能知”的意门观速行心路之心与心所,即其中包含正在观照的观智。所知与能知二者,都应修毗婆舍那观。
原书第 159 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ယင်းရှေးထုံးဟောင်း ဥပဒေသကြီးအရ ဉာဏအမည်ရသည့် ဝိပဿနာဉာဏ် ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်တို့ကိုလည်း ဝိပဿနာ တစ်ဖန်ပြန်၍ ရှုရမည် ဖြစ်သဖြင့် ရှုနေသည့် ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုတတ်ရန် ကြိုတင်၍ ပြင်ဆင်ခြင်း ဖြစ်သည်မှာ ဒုတိယအကြောင်းတစ်ရပ် ပင် ဖြစ်ပေသည်။
依这项古老轨范教示,因为还必须再次对包含称为“能知”的观智的意门观速行心路之心与心所修毗婆舍那观,所以这是预先训练自己,学会再次观照正在观照的观智;这就是第二个理由。
ဤအကြောင်းနှစ်ရပ်ကြောင့် ရုပ်ဓာတ်တစ်လုံး တစ်လုံးကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ထိုသို့ (၆)ကြိမ်မျှ သိမ်းဆည်းခြင်း ဖြစ်သည်ဟု မှတ်ပါ။ အားလုံးပေါင်းသော် - ၆ × ၄ = ၂၄-ကြိမ် ဖြစ်သည်။
由于这两个理由,对取每一种色法为所缘而生起的名法,才约作六次摄取。全部合计为:6 × 4 = 24 次。
ဤ၌လည်း ရုပ်ဓာတ်တစ်လုံး တစ်လုံး၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုသာ သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမျှသာ ဖြစ်သေးသဖြင့် ရုပ်ဓာတ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို သိနေသော မဟာကုသိုလ် မနောဒွါရိကဇောများနောင်၌ တဒါရုံကို ချထားပေသည်။
这里仍然只是名色分别智阶段,只是在摄取那些以每一种色法的无常、苦、无我之相为所缘而生起的名法;因此,在了知色法无常、苦、无我之相的大善意门速行之后,表中列出了彼所缘。
သို့သော် အာရုံ၏ ဝိဘူတ အဝိဘူတ (= ထင်ရှားမှု မထင်ရှားမှု) အပေါ် မူတည်၍ တဒါရုံသည် ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိလေရာ၏။
不过,彼所缘是否生起,要取决于所缘清晰或不清晰;它有时生起,有时也不生起。
ထပ်မံ ရှင်းလင်းချက်များ
进一步说明
ပဉ္စဒွါရာဝဇ္ဇန်း ---- ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဥ်၏။
五门转向——五门转向(即作意)固定有十一种心与心所,恒与舍受相应。
စက္ခုဝိညာဏ် ---- စက္ခုဝိညာဏ် (= မြင်သိ) ၌ စိတ်စေတသိက် (၈)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဥ်၏။
眼识——眼识(即见知)固定有八种心与心所,恒与舍受相应。
သမ္ပဋိစ္ဆိုင်း ---- သမ္ပဋိစ္ဆိုင်း (= လက်ခံ) ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဥ်၏။
领受——领受(即接受)固定有十一种心与心所,恒与舍受相应。
သန္တီရဏ ---- သန္တီရဏ (= စုံစမ်း) ၌ သောမနဿဝေဒနာနှင့် ယှဥ်သော် ပီတိပါ၍ စိတ်စေတသိက် (၁၂)လုံး ဖြစ်၏၊ ဒုတိယ တန်း စတုတ္ထတန်းတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဥ်သဖြင့် ပီတိ မပါရကား စိတ်စေတသိက် (၁၁)လုံး ဖြစ်၏။
推度——推度(即审察)与悦受相应时,因为有喜,共有十二种心与心所;第二行与第四行由于与舍受相应,没有喜,所以共有十一种心与心所。
ဝုဋ္ဌော ---- ဝုဋ္ဌော (= ဆုံးဖြတ်) ၌ စိတ်စေတသိက် (၁၂)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာ ဝေဒနာနှင့် အမြဲယှဥ်၏။
确定——确定固定有十二种心与心所,恒与舍受相应。
ဇော ---- ဇော၌ စိတ်-စေတသိက် (၃၄) ဟူသည် သဒ္ဓါ-ပညာအုပ်စု (၃၄)ပင် ဖြစ်၏။
速行——速行中的“三十四种心与心所”,就是信慧组的三十四种名法。
၁။ ဉာဏ်ယှဥ် ပီတိ ယှဥ်သော် (၃၄) ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဥ်၏။
1.智相应、喜相应时,共三十四种,与悦受相应。
၂။ ဉာဏ်ယှဥ် ပီတိ မယှဥ်သော် (၃၃) ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
2.智相应、喜不相应时,共三十三种,与舍受相应。
၃။ ဉာဏ်မယှဥ် ပီတိယှဥ်သော် (၃၃) ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဥ်၏။
3.智不相应、喜相应时,共三十三种,与悦受相应。
၄။ ဉာဏ်မယှဥ် ပီတိမယှဥ်သော် (၃၂) ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
4.智不相应、喜不相应时,共三十二种,与舍受相应。
တဒါရုံ ---- တဒါရုံ၌ ဇောနှင့် နည်းတူ (၄)ချက်ပင် မှတ်ပါ။
彼所缘——彼所缘也与速行相同,应按上述四种情况理解。
မနောဒွါရာဝဇ္ဇန်း ---- မနောဒွါရာဝဇ္ဇန်း (= ဆင်ခြင်ဆုံးဖြတ်) ကား ဝုဋ္ဌောနှင့် တူ၏။ ဥပေက္ခာဝေဒနာ မြဲ၏။
意门转向——意门转向(即作意、确定)与确定相同,恒与舍受相应。