有爱染乐受
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 482–484 页 · 14 个翻译单元
本页并入了原书的相邻小节:悦受如何缘过去所缘而生。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 482 页
သာမိသ သုခဝေဒနာ
有爱染乐受
ကာမတဏှာ၏ ကျက်စားရာ ဖြစ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောဟူ- သော ဤလိုချင်စရာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုသည် ကာမဂုဏ် မည်၏။ ယင်းကာမဂုဏ်များကို ကာမ တဏှာ၏ နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟူ၍ ခေါ်ဆို၏။ ကာမဂုဏ်ကို မှီခို အားထားကြကုန်သော ကာမာဝစရသတ္တဝါတို့၏ မှီခိုရာ အားထားရာ ပုန်းအောင်းရာ လည်းလျောင်းရာ နေထိုင်ရာဟူသော အနက် သဘောကြောင့် ကာမဂုဏ်တို့ကို ဂေဟ = ကာမဂုဏ်အိမ်ဟု ဆိုလိုသည်။ ထိုဂေဟ မည်သော ကာမဂုဏ်ကို အာရုံပြု၍ အကြောင်းပြု၍ ယင်းကာမဂုဏ်၌ ငြိကပ်လျက် ဖြစ်ပေါ်လာသော (နာမ်ကမ္မဋ္ဌာန်း ရှုကွက်တွင် ဖော်ပြခဲ့သော လောဘဒိဋ္ဌိ အုပ်စု၊ လောဘမာန အုပ်စုများတွင် ပါဝင်သော) ဝမ်းမြောက်ခြင်း သောမနဿ- ဝေဒနာကို ဂေဟသိတ သောမနဿဝေဒနာဟု ခေါ်၏။ ယင်းဂေဟသိတ သောမနဿဝေဒနာသည် သာမိသ သုခဝေဒနာ မည်ပေသည်။
色、声、香、味、触与法所缘等一切可欲的有情、无情欲事,都是欲爱游行、觅食之处,故称为五欲功德。这些五欲功德犹如欲爱的大宅,所以又称为“家”(geha)。欲界有情依靠、倚赖、藏身、躺卧并居住于五欲功德,正因具有这种意义,五欲功德便称为“家”,也就是五欲之家。缘取并依靠这座名为“家”的五欲功德,黏著其中而生起的悦受——也就是前面名业处观法中所列贪—邪见组、贪—慢组里的悦受——称为“依家悦受”(gehasita somanassa-vedanā)。这种依家悦受就是有爱染乐受。
ယင်း သာမိသ သုခဝေဒနာကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးနာမ်ကမ္မဋ္ဌာန်း ရှုကွက်များတွင် ဖော်ပြခဲ့သည့်အတိုင်း --- ၁။ စက္ခုဒွါရ-မနောဒွါရ စသည့် ဆိုင်ရာဆိုင်ရာ ဒွါရတို့ကိုလည်းကောင်း၊ ၂။ ဣဋ္ဌဖြစ်သော ရူပါရုံ စသည့် ဆိုင်ရာဆိုင်ရာ အာရုံတို့ကိုလည်းကောင်း --- ပူးတွဲသိမ်းဆည်းလျက် ယင်းဣဋ္ဌဖြစ်သော အာရုံ (၆)ပါးတို့တွင် ဆိုင်ရာဆိုင်ရာ အာရုံတစ်ခုခုက ဆိုင်ရာ ဆိုင်ရာ ဒွါရတို့၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ အယောနိသော မနသိကာရကို အခြေ စိုက်လျက် ဖြစ်ပေါ်လာကြကုန်သော သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော လောဘ-ဒိဋ္ဌိအုပ်စု၊ လောဘ -မာနအုပ်စုဟူသော လောဘဇောများ စောသည့် ဝီထိစိတ်အစဥ်များကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။
想要摄取、观修这种有爱染乐受的瑜伽行者,应当依前面名业处观法所示,同时摄取:1.眼门、意门等各自相关的门;2.可意的色所缘等各自相关的所缘。当六种可意所缘中的某一所缘撞击、显现于相应门时,应以受为首,摄取由不如理作意为基础而生起的心路相续;其中运行的是与悦受俱生的贪速行,也就是贪—邪见组与贪—慢组。
အာယတနဒွါရအလိုက် (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။ အာရုံ (၆)ပါးတို့တွင် အာရုံတစ်မျိုးမျိုးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သာမိသသုခဝေဒနာကို အဦးမူ၍ နာမ်တုံးနာမ်ခဲဟူသော နာမ် ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်- ဖြင့် ပိုင်းခြားယူပါ။ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သာမိသ သုခဝေဒနာကို
应依处门在全部六条所缘线中摄取。对于随其所应缘取六种所缘之一而生起的诸名法,应以有爱染乐受为首,以智逐一拆解、破除称为名法团块、名法凝块的每一个名法密集,摄取、以智分别,直至智见抵达究竟法。对于随其所应缘六种所缘而生起的诸有爱染乐受,
原书第 483 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း အဦးမူသဖြင့် နာမ်တရားအားလုံးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ပါက သာမိသ သုခ ဝေဒနာကို ကွဲကွဲပြားပြား သိသည် မည်ပေသည်။ နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည်ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။
若能以这些受为首,把全部名法摄取到智见抵达究竟法的程度,就称为清楚分别了知有爱染乐受。还请不要忘记:摄取诸名法以后,必须继续摄取所依处色与所缘色。
ယင်း ဂေဟသိတ သောမနဿဝေဒနာသည် (၆)ဒွါရ၌ ထိုက်သလို ထင်လာသော ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုးတို့ကို သာယာတပ်မက်တတ်သော တဏှာလောဘနှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော သောမနဿဝေဒနာ ဖြစ်ရကား အာရုံ (၆)ပါး ကွဲပြားသဖြင့် ယင်း ဂေဟသိတ သောမနဿဝေဒနာလည်း (၆)မျိုးပင် ပြားလေသည်။
这种依家悦受,是与欣求、贪著六种可意所缘的爱贪一同生起的悦受;六种可意所缘会随其所应显现于六门。由于所缘有六种差别,依家悦受也分为六种。
စက္ခုဝိညေယျာနံ ရူပါနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ ပဋိလာဘံ ဝါ ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ ဂေဟသိတံ သောမနဿံ။ (မ-၃-၂၆ဝ။) စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော၊ အလိုရှိအပ် = ရှာမှီးအပ်ကုန်သော၊ နှစ်သက်အပ်ကုန်သော၊ မြတ် နိုးအပ်ကုန်သော = စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော၊ စိတ်နှလုံး၏ မွေ့လျော်ရာ ဖြစ်ကုန်သော = စိတ်ကို မွေ့လျော်စေတတ်ကုန်သော၊ လောကာမိသ = လောက၏ အာမိသ အမည်ရသော တဏှာနှင့် စပ်ယှဥ်ကုန်သော ရူပါရုံတို့ကို ရရှိခြင်းကြောင့် ရရှိထားအပ်သော ရူပါရုံကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ ရှေးရှေး၌ လွန်ခဲ့လေပြီးသော ချုပ်ဆုံးခဲ့လေပြီးသော ဖောက်ပြန်ပျက်စီးလေ
“对于眼识所知的诸色——可意、可爱、悦意、怡心、与世间之饵相应者——由于获得它们,或在获得以后反复随观它们;又或者忆念过去曾经获得、如今已经灭去、变异的诸色,悦受便会生起。如此之悦,称为依家悦受。”(《中部》3-260。)所谓这些色,是眼识所能了知、为人所欲求,所喜爱、所珍重,能令心增长,是心的悦乐处、能令心悦乐,并与称为“世间之饵”的贪相应的色所缘。由于获得这些色所缘,已获得以后又反复、多次观看的人,其相续中会生起悦受;又或者,对于从前曾经获得、如今已经过去、止息并变坏
ပြီးသော ရအပ်ခဲ့ဖူးသော ရူပါရုံကို အဖန်ဖန် အောက်မေ့ သတိရသောသူ၏ သန္တာန်၌လည်းကောင်း ဝမ်း- မြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ဤသို့ သဘောရှိသော ဝမ်းမြောက်မှု သောမနဿ ဝေဒနာကို ဂေဟသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆိုအပ်၏။ (သဒ္ဒါရုံ စသည်တို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) ယင်း ဂေဟသိတ သောမနဿဝေဒနာကိုပင် သာမိသ သုခဝေဒနာဟု ခေါ်ဆိုရကား အာရုံ (၆)ပါး ပြားသဖြင့် ယင်းသာမိသ သုခဝေဒနာလည်း (၆)မျိုးပင် ပြားသည်။ ယင်းအာရုံ (၆)မျိုးတို့မှာ အထက်ပါ (မ-၃- ၂၆ဝ) သဠာယတနဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ ပစ္စုပ္ပန်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ အတိတ်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ ယင်း ဂေဟသိတ သောမနဿဝေဒနာ = သာမိသ သုခဝေဒနာကို အသေဝိတဗ္ဗ = မမှီ ဝဲအပ်သော ဝေဒနာဟု သက္ကပဥှသုတ္တန် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။
的色所缘,一再忆念的人,其相续中也会生起欢悦的悦受。具有这种性质的悦受,称为依家悦受。(声所缘等也以同样方式开示。)由于这种依家悦受就是有爱染乐受,而所缘共有六种,所以有爱染乐受也分为六种。依上引《六处分别经》(《中部》3-260)的教说,这六种所缘既可以是六种现在所缘,也可以是六种过去所缘。在《帝释所问经》等经中,世尊把这种依家悦受=有爱染乐受称为 asevitabba,即“不应亲近修习的受”。
ဤ၌ မမှီဝဲအပ်ဟူ၍ ဆိုသဖြင့် ဝိပဿနာမရှုကောင်းဟူ၍ကား အယူအဆ မမှားစေလိုပါ။ အကယ်၍ ဝိပဿနာမရှုကောင်းလျှင် ယင်းသာမိသ သုခဝေဒနာကို ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရှုပွားဖို့ရန် အဆင့် ဆင့် ဝိပဿနာ ရှုပွားသုံးသပ်သွားဖို့ရန် ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်သည် ညွှန်ကြားတော်မမူလေ ရာ။ ယင်းသာမိသ သုခဝေဒနာကို မှီဝဲလျှင်၊ ထပ်တလဲလဲ ဖြစ်ပွားစေလျှင်၊ ကာမဂုဏ်ကို ခံစားလျက် ဖြစ်ပေါ် စေလျှင် အကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာကြကုန်၍ ကုသိုလ်တရားတို့သည် လဆုတ် ပက္ခ လရေးကဲ့သို့ တစ်နေ့တခြား ဆုတ်ယုတ်ကုန်လေရာသည်၊ ထိုကြောင့် ဂေဟသိတ သောမန- ဿဝေဒနာ = သာမိသ သုခဝေဒနာကို မမှီဝဲအပ် မမှီဝဲကောင်းဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်၏၊ သို့သော် ဝိပဿနာကား ရှုကောင်းသည်သာ ဖြစ်၏၊ ရှုရမည်သာ ဖြစ်၏။ ယင်းသာမိသ သုခဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွ ယင်း
这里说“不应亲近修习”,切勿误解成“不应对它修观”。如果有爱染乐受不能作为观的所缘,世尊就不会在这部《大念处经》中教导:应摄取、观修这种受,清楚分别了知它,并逐步以观智观修、审察。若亲近、反复令有爱染乐受生起,以享受五欲功德的方式促使它生起,不善法便会如涨潮般日益增长,善法则如黑月分中日渐亏缺的月轮般逐日衰减。因此,世尊才说依家悦受=有爱染乐受不应亲近修习;但它确实可以而且必须作为观的所缘。应以这种有爱染乐受为首摄取名色,寻查诸因,然后把这些名色连同诸因
နာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။
安立于三相之下,修习毗婆舍那、作观照。
原书第 484 页
အတိတ်၌ သောမနဿဖြစ်ပုံ
悦受如何缘过去所缘而生
အတီတန္တိ ပဋိလဒ္ဓံ။ ပစ္စုပ္ပန္နံ တာဝ အာရဗ္ဘ သောမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီ- တေပိ ''ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ အနုဘဝါမိ၊ ဧဝံ ပုဗ္ဗေပိ အနုဘဝိ''န္တိ အနုဿရန္တဿ ဗလဝသောမနဿံ ဥပ္ပဇ္ဇတိ။ (မ-ဋ္ဌ-၄-၁၈၆။) = ပစ္စုပ္ပန်အာရုံ (၆)ပါးကို အာရုံပြု၍ သောမနဿဝေဒနာ ဖြစ်တန်စေ၊ အတိတ်ကရအပ်ခဲ့ဖူးသောအတိတ် အာရုံ (၆)ပါး၌ အဘယ်သို့လျှင် သောမနဿဝေဒနာ ဖြစ်နိုင်ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။
“‘过去’是指曾经获得的。缘现在所缘生起悦受,姑且如此;缘过去又如何生起呢?对于过去,忆念‘正如我现在体验可意所缘,过去也曾如此体验’的人,会生起强烈的悦受。”(《中部义注》4-186。)现在有一个问题:悦受缘六种现在所缘生起,固然可以理解;缘从前曾经获得的六种过去所缘,悦受又如何生起?答案如下。
''ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို ခံစားရသကဲ့သို့ အလားတူပင် ရှေး၌လည်း ခံစားခဲ့ဖူးလေပြီ''ဟု လက်ငင်းခံ စားဆဲ အာရုံကို ပိုင်းခြားယူခြင်းကို အစဥ်လျှောက်သဖြင့် အတိတ်အာရုံကို အစဥ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် ဗလဝသောမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။
一个人依循当前正在体验的所缘而回溯,连续忆念过去所缘:“正如我现在体验可意所缘,从前也曾如此体验。”这时,他的相续中便会生起强烈的悦受。
(မ-ဋ္ဌ-၄-၁၈၆။)
(《中部义注》4-186。)