《迷惑冰消》义注的解释

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 443–447 页 · 40 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 443 页
သမ္မောဟဝိနောဒနီအဋ္ဌကထာအဖွင့်
《迷惑冰消》义注的解释
အဘိဓမ္မာ ဝိဘင်းပါဠိတော်ကြီး၏ အဖွင့် ဖြစ်သော သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးတွင် ဤ ဂတေ- ဌိတေ-နိသိန္နေ စသော ပါဠိတော်၌ ဆိုလိုသော အဓိပ္ပါယ်ကို တစ်နည်း ထပ်မံ၍ ဖွင့်ဆိုထားတော်မူပေသည်။
《迷惑冰消》是阿毗达磨《分别论》巴利原典的义注。对于 gate、ṭhite、nisinne 等巴利语所表达的意义,这部义注又以另一种方法作了解释。
ယင်းအဖွင့်ကို ဋီကာဆရာတော်များက မဇ္ဈိမဘာဏကာ ပန ဘဏန္တိ (ဒီ-ဋီ-၁-၂၅၃။) = မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့၏ ဝါဒဟု ဖွင့်ဆိုထားပေသည်။ ယင်းအဖွင့်များကို ဤတွင် ဆက်လက်၍ ဖော်ပြအပ်ပါသည်။
复注师们把这一解释说明为:“မဇ္ဈိမဘာဏကာ ပန ဘဏန္တိ (ဒီ-ဋီ-၁-၂၅၃။)”——“然而,中部诵者们如此说。”也就是说,这是诸中部诵者长老之说。现将这些解释续录如下。
ဂတာဒီသု သမ္ပဇာနကာရီ
于行等时正知而行
အယံ ပနေတ္ထ အပရောပိ နယော --- ဧကော ဟိ ဘိက္ခု ဂစ္ဆန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော ဂစ္ဆတိ၊ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ ဂစ္ဆတိ၊ တထာ ဧကော တိဋ္ဌန္တော၊ နိသီဒန္တော၊ ဘယန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော သယတိ။ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ သယတိ။
巴利《迷惑冰消》义注原串(逐字):အယံ ပနေတ္ထ အပရောပိ နယော --- ဧကော ဟိ ဘိက္ခု ဂစ္ဆန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော ဂစ္ဆတိ၊ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ ဂစ္ဆတိ၊ တထာ ဧကော တိဋ္ဌန္တော၊ နိသီဒန္တော၊ ဘယန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော သယတိ။ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ သယတိ။译义:“这里还有另一种方法。一位比丘行走时,想着一事、思惟另一事而行;另一位比丘则不舍弃业处而行。同样,一位比丘在站立、坐着、躺卧时,想着一事、思惟另一事而卧;另一位比丘则不舍弃业处而卧。”
၁။ ဧတ္တကေန ပန န ပါကဋံ ဟောတီတိ စင်္ကမေန ဒီပယိံ သု။ ယော ဟိ ဘိက္ခု စင်္ကမနံ သြတရိတွာ စင်္ကမနကောဋိယံ ဌိတော ပရိဂ္ဂဏှာတိ၊ ပါစီနစင်္ကမနကောဋိယံ ပဝတ္တာ ရူပါရူပဓမ္မာ ပစ္ဆိမစင်္ကမန- ကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၂။ ပစ္ဆိမစင်္ကမနကောဋိယံ ပဝတ္တာပိ ပါစီနစင်္ကမနကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၃။ စင်္ကမနဝေမဇ္ဈေ ပဝတ္တာ ဥဘော ကောဋိယော အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၄။ စင်္ကမနေ ပဝတ္တာ ရူပါရူပဓမ္မာ ဌာနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၅။ ဌာနေ ပဝတ္တာ နိသဇ္ဇံ၊ ၆။ နိသဇ္ဇာယ ပဝတ္တာ သယနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါတိ ဧဝံ ပရိဂ္ဂဏှန္တော ပရိဂ္ဂဏှန္တောယေဝ ဘဝင်္ဂံ သြတာရေတိ၊ ဥဋ္ဌဟန္တော ကမ္မဋ္ဌာနံ ဂဟေတွာဝ ဥဋ္ဌာတိ။ အယံ ဘိက္ခု ဂတာဒီသု သမ္ပဇာနကာရီ နာမ ဟောတီတိ။ (အဘိ-ဋ္ဌ-၂-၃၄၇။) ဂတေ-ဌိတေ စသည်၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိပုံကို အဘိက္ကန္တေ ပဋိက္ကန္တေ စသည်တို့၌ ဖွင့်ဆိုခဲ့
同一巴利《迷惑冰消》义注原串续(逐字):၁။ ဧတ္တကေန ပန န ပါကဋံ ဟောတီတိ စင်္ကမေန ဒီပယိံ သု။ ယော ဟိ ဘိက္ခု စင်္ကမနံ သြတရိတွာ စင်္ကမနကောဋိယံ ဌိတော ပရိဂ္ဂဏှာတိ၊ ပါစီနစင်္ကမနကောဋိယံ ပဝတ္တာ ရူပါရူပဓမ္မာ ပစ္ဆိမစင်္ကမန- ကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၂။ ပစ္ဆိမစင်္ကမနကောဋိယံ ပဝတ္တာပိ ပါစီနစင်္ကမနကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၃။ စင်္ကမနဝေမဇ္ဈေ ပဝတ္တာ ဥဘော ကောဋိယော အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၄။ စင်္ကမနေ ပဝတ္တာ ရူပါရူပဓမ္မာ ဌာနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊ ၅။ ဌာနေ ပဝတ္တာ နိသဇ္ဇံ၊ ၆။ နိသဇ္ဇာယ ပဝတ္တာ သယနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါတိ ဧဝံ ပရိဂ္ဂဏှန္တော ပရိဂ္ဂဏှန္တောယေဝ ဘဝင်္ဂံ သြတာရေတိ၊ ဥဋ္ဌဟန္တော ကမ္မဋ္ဌာနံ ဂဟေတွာဝ ဥဋ္ဌာတိ။ အယံ ဘိက္ခု ဂတာဒီသု သမ္ပဇာနကာရီ နာမ ဟောတီတိ။ (အဘိ-ဋ္ဌ-၂-၃၄၇။)译义:“仅说到这里仍不够明显,所以诸义注师以经行来说明。一位比丘走上经行道,站在经行道的一端,如是摄取:1.在东端转起的色法与名法,未到西端,已经就在东端灭尽;2.在西端转起的色法与名法,也未到东端,已经就在西端灭尽;3.在经行道中段转起的诸法,未到两端,已经就在中段灭尽;4.经行时转起的色法与名法,未到站立时,已经就在经行时灭尽;5.站立时转起的诸法,未到坐时,已经就在站立时灭尽;6.坐时转起的诸法,未到卧时,已经就在坐时灭尽。他如此反复摄取,便在持续摄取之中使心落入有分;醒来时,也只取业处而起。这位比丘称为‘于行等时正知而行者’。”(《迷惑冰消》2-347。)对于 gate、ṭhite 等处如何正知而行,应当依照解释 abhikkante、paṭikkante 等处时所说
သည့်နည်းအတိုင်းပင်လျှင် သမ္ပဇဥ် ဖြစ်ပုံကို သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိပုံကို သိရှိပါလေ။ နောက်တစ်နည်းမှာ ဤသို့ ဖြစ်၏။
的同一方法,理解正知如何生起以及如何正知而行。另一种方法如下。
ဆက်၍ ဆိုဦးအံ့ --- ဤ ဂတေ-ဌိတေ စသော ပါဠိတော်၌ ဤဆိုလတ္တံ့သည်ကား ဆိုအပ်ပြီးသောနည်း မှ အခြားတစ်ပါးလည်းဖြစ်သော နည်းတည်း --- အကျယ်ကား --- ယောဂါဝစရ ရဟန်းတော်တစ်ပါးသည် သွားရင်း မိမိ နှလုံးသွင်းနေသည့် ကမ္မဋ္ဌာန်းအာရုံမှ အခြားတစ် ပါးသော အကြောင်းအရာကို စဥ်းစားလျက် ကမ္မဋ္ဌာန်းအာရုံမှ အခြားတစ်ပါးသော အကြောင်းအရာကို ကြံစည်လျက် သွား၏။
接着再说:在 gate、ṭhite 等巴利语中,以下所说的是不同于前述方法的另一种解释。详言之,一位瑜伽行比丘在行走时,心里思考、寻思着与自己正在作意的业处所缘不同的事情而行。
အခြားတစ်ပါးသော ယောဂါဝစရ ရဟန်းတော်သည်ကား မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကို မစွန့်လွှတ် မူ၍သာလျှင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် သွား၏။ အလားတူပင်လျှင် ယောဂါဝစရ ရဟန်းတော်တစ်ပါး သည် ရပ်သောအခါ ထိုင်သောအခါ အိပ်သောအခါ၌ ကမ္မဋ္ဌာန်းအာရုံမှ တစ်ပါးသော အာရုံကို ကြံစည်စိတ်- ကူး စဥ်းစားလျက် ရပ်၏၊ ထိုင်၏၊ အိပ်၏။ အခြားတစ်ပါးသော ယောဂါဝစရ ရဟန်းတော်သည်ကား မိမိ၏
另一位瑜伽行比丘则不舍弃自己惯常作意的业处,持续作意该业处而行。同样,一位瑜伽行比丘在站立、坐着或躺卧时,想着、寻思着业处所缘以外的其他所缘而站、坐、卧;另一位瑜伽行比丘则不舍弃自己的
原书第 444 页
ကမ္မဋ္ဌာန်းကို မစွန့်လွှတ်မူ၍သာလျှင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ရပ်၏၊ ထိုင်၏၊ အိပ်၏။ ဤမျှဖြင့်ကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ သိပ်မထင်ရှားလှသေး မရှင်းလင်းလှသေး ဖြစ်နိုင်ရကား စင်္ကြံသွားခြင်း- ဖြင့် ထင်ရှားပြကြကုန်ပြီ။
业处,只作意该业处而站、坐、卧。不过,只说明到这里,对瑜伽行者来说仍可能不够鲜明、不够清楚,所以诸义注师又以经行加以明确说明。
ယောဂါဝစရ ရဟန်းတော်တစ်ပါးသည် စင်္ကြံသို့ သက်ဆင်း၍ စင်္ကြံဦး၌ ရပ်လျက် ရုပ်နာမ်တို့ကို ဤသို့ သိမ်းဆည်း၏ --- ၁။ အရှေ့ စင်္ကြံစွန်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် အနောက် စင်္ကြံစွန်းသို့ မရောက်မူ၍ ဤအရှေ့ စင်္ကြံစွန်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။
一位瑜伽行比丘走上经行道,站在经行道的一端,如是摄取色法与名法:1.在经行道东端生起的色法与名法,未到西端,已经就在东端灭尽。
၂။ အနောက် စင်္ကြံစွန်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း အရှေ့ စင်္ကြံစွန်းသို့ မရောက် မူ၍ ဤအနောက် စင်္ကြံစွန်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။
2.在经行道西端生起的色法与名法,也未到东端,已经就在西端灭尽。
၃။ စင်္ကြံအလယ်၌ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့သည် နှစ်ဘက်ကုန်သော စင်္ကြံစွန်းတို့သို့ မရောက် မူ၍ ဤစင်္ကြံအလယ်၌သာလျှင် ချုပ်ပျက်ခဲ့ကုန်ပြီ။
3.在经行道中段生起的色法与名法,未到两端,已经就在中段灭尽。
၄။ စင်္ကြံသွားခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ရပ်ခြင်းသို့ မရောက်မူ၍ ဤစင်္ကြံသွား ခြင်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။
4.经行时生起的色法与名法,未到站立时,已经就在经行时灭尽。
၅။ ရပ်ခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ထိုင်ခြင်းသို့ မရောက်မူ၍ ဤရပ်ခြင်း၌သာ- လျှင် ချုပ်ပျက်ခဲ့ကုန်ပြီ။
5.站立时生起的色法与名法,未到坐时,已经就在站立时灭尽。
၆။ ထိုင်ခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် လျောင်းခြင်းသို့ မရောက်မူ၍ ဤထိုင်ခြင်း- ၌သာ ချုပ်ပျက်ခဲ့ကြကုန်ပြီ။
6.坐时生起的色法与名法,未到卧时,已经就在坐时灭尽。
ဤသို့လျှင် ရုပ်နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူစဥ် ပိုင်းခြား၍ ယူစဥ်မှာပင်လျှင် အိပ်သော ဘဝင်သို့ သက်ရောက်စေ၏။ အိပ်ရာမှ ထလတ်သော် ကမ္မဋ္ဌာန်းကို ယူလျက်သာလျှင် အိပ်ရာမှ ထ၏။ ဤရဟန်းတော် မျိုးသည်ကား သွားခြင်း စသည်တို့၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ --- ဤသို့ ပြတော်မူကြကုန်ပြီ။
他如此以智慧反复分别、摄取色法与名法,就在持续摄取之中使心落入睡眠的有分。醒来时,也只取业处而起。这样的比丘,称为于行等时正知而行者。义注师们就是这样说明的。
(အဘိ-ဋ္ဌ-၂-၃၄၇။)
(《迷惑冰消》2-347。)
〔စင်္ကြံဦး၌ ရပ်လျက် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ရုပ်တရား နာမ်တရားတို့ကို အထက်တွင် အဆင့်ဆင့် ဖော်ပြခဲ့သည့်အတိုင်း စင်္ကြံသွားခိုက်မှသည် အိပ်သည်တိုင်အောင် ရှေးရှေး ဣရိယာပုထ် အခိုက်၌ ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို နောက်နောက် ဣရိယာပုထ်အခိုက်သို့ ရောက်တိုင်း ရောက်တိုင်း တစ်ဖန်ပြန်၍ သိမ်း ဆည်းပါ။〕〕〕 သုတ္တေ သမ္ပဇာနကာရီ ဟောတိ။
〔站在经行道的一端,逐步建立定之后,应依前文次第所示,从经行直到入睡:每当进入后一威仪阶段,都要重新摄取在前一威仪阶段生起的色法与名法。〕巴利公式:“သုတ္တေ သမ္ပဇာနကာရီ ဟောတိ။”译:“眠时正知而行。”
ဆက်လက်၍ ဆိုဖွယ် ရှိလာပြန်၏။ ဤ ထိုင်ခြင်း ရပ်ခြင်း စင်္ကြံသွားခြင်း၌ ဆိုအပ်ပြီးသောနည်းဖြင့် ရုပ် နာမ်ကို ပိုင်းခြားသိတတ်သော သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပါသော်လည်း အိပ်ပျော်စဥ်၌ ကမ္မဋ္ဌာန်း ကား (ကမ္မဋ္ဌာန်းရှုကွက်ကား) မထင်ရှားသေး ဖြစ်နေ၏။ ထိုကြောင့် ယောဂါဝစရ ရဟန်းတော်သည် အကြင်မျှ လောက်သော ကာလပတ်လုံး ကမ္မဋ္ဌာန်းတရားကို နှလုံးသွင်းခြင်းငှာ စွမ်းနိုင်၏ = ရုပ်နာမ်ကို သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏။ ထိုသို့ သိမ်းဆည်းခြင်းငှာ စွမ်းနိုင်သမျှ ကာလသို့ တိုင်အောင် စင်္ကြံလျှောက်၍လည်းကောင်း၊ ရပ်၍လည်းကောင်း၊ ထိုင်၍လည်းကောင်း လျောင်းစက်လတ်သော် ဤသို့ ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ လျောင်းစက်၏။
接下来还有一点需要说明。虽然坐、住、经行时,能依上述方法分别了知色法与名法,便称为以正知智而行,但在已经睡着时,业处——也就是业处的观照对象——仍不显现。因此,瑜伽行比丘应在自己尚能作意业处、尚能摄取色法与名法的期间,持续经行、站立或坐着;到躺卧时,也仍以智慧分别、摄取色法与名法,如此而卧。
原书第 445 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၁။ ငါ၏ ရူပကာယ = ရုပ်တရားအပေါင်းသည်လည်း စိတ်စေတနာ မရှိ၊ ၂။ အိပ်ရာညောင်စောင်းသည် (ဥတုဇသြဇဋ္ဌမကရုပ်တို့သာ ဖြစ်၍) စိတ်စေတနာ မရှိ။
1.我的色身——一切色法——没有心与意图;2.床榻〔仅是时节生食素八法色〕也没有心与意图。
၃။ ရူပကာယ = ရုပ်တရားအပေါင်းသည် --- ''ငါသည် အိပ်ရာညောင်စောင်းပေါ်၌ လျောင်းစက်ပြီ''ဟု မသိ။
3.色身——一切色法——不知道:“我已躺在床榻上。”
၄။ အိပ်ရာညောင်စောင်းသည်လည်း --- ''ငါ့အပေါ်၌ ရူပကာယ = ရုပ်တရားအပေါင်းသည် လျောင်းစက် လေပြီ''ဟု မသိ။
4.床榻也不知道:“色身——一切色法——已躺在我上面。”
၅။ စိတ်စေတနာ မရှိသော ရူပကာယ ရုပ်တရားအပေါင်းသည် စိတ်စေတနာ မရှိသော (ဥတုဇသြဇဋ္ဌမက ရုပ်တရားအပေါင်းဟု ဆိုအပ်သော) အိပ်ရာညောင်စောင်းပေါ်၌ လျောင်းစက်လေပြီ --- ဤသို့လျှင် မိမိ ရူပကာယ = ရုပ်တရားအပေါင်းနှင့် အိပ်ရာ ညောင်စောင်းဟူသော ဥတုဇသြဇဋ္ဌမက ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သိမ်းဆည်း လျက်သာလျှင် စိတ်ကို အိပ်သော ဘဝင်သို့ သက်ရောက်စေ၏။ နိုးလတ်သော် ကမ္မဋ္ဌာန်းကို ယူ၍သာလျှင် (ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ရုပ်တရားတို့ကို သိမ်းဆည်းလျက်သာလျှင် သို့မဟုတ် ရုပ်တရား နာမ် တရားတို့ကို သိမ်းဆည်းလျက်သာလျှင်) အိပ်ရာမှ နိုး၏။ ဤရဟန်းသည် သုတ္တေ သမ္ပဇာနကာရီ = အိပ်ခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိလျက် အိပ်မှုကို ပြုလေ့ရှိသူ မည်သည် = အိပ်ခြင်း၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့
5.没有心与意图的色身——一切色法——躺在同样没有心与意图的床榻〔即所谓时节生食素八法色〕上。如此一再以智慧分别、摄取自己的色身与床榻中的时节生食素八法色,才使心落入称为睡眠的有分。醒来时,也只取业处而醒〔即只作意业处,只摄取色法,或摄取色法与名法〕。这位比丘称为 sutte sampajānakārī——眠时善加、周遍了知而行,也就是眠时以正知智
ရှိသူ မည်သည် ဖြစ်ပေ၏။ (အဘိ-ဋ္ဌ-၂-၃၄၈။) 〔ဤ၌ သမာဓိကို အဆင့်ဆင့် ထူထောင်၍ စင်္ကြံကြွခိုက်၊ ရပ်ခိုက်၊ ထိုင်ခိုက်၊ အိပ်ခိုက်တို့၌ ရုပ်တရား နာမ် တရားတို့ကို သိမ်းဆည်းပါ။ အိပ်စဥ် မိမိ၏ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရှိသော ရုပ်အားလုံးကို သိမ်းဆည်း- ပါ။ ထိုနောင် အိပ်ရာညောင်စောင်း၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိနိုင်ပေပြီ။ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဓာတ်ခွဲပါ။
而行者。(《迷惑冰消》2-348。)〔这里,应逐步建立定,摄取经行、站立、坐着、躺卧时的色法与名法。躺卧时,应摄取自己六门、四十二身分中的一切色法;随后专注观见床榻中的四大种,便能轻易见到色聚微粒。再分析这些色聚,使智见抵达究竟法。
ရုပ်ကလာပ် တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် နောက်ထပ် ရုပ်ကလာပ် အသစ် အသစ်တို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်ပွားနေကြသော ဥတုဇသြဇဋ္ဌမကရုပ်တို့တည်း။ မိမိ၏ ရူပ- ကာယ = ရုပ်တရားအပေါင်းနှင့် အိပ်ရာညောင်စောင်း၌ ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင်ကား အထက်ပါ ရှုကွက်မှာ လွယ်ကူပြီ ဖြစ်ပေသည်။〕 ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။
一个色聚中所含的火界——时节——又一代接一代地产生新的色聚;这些就是时节生食素八法色。若能以智慧分别、摄取自己色身中的一切色法与床榻中的一切色法,上述观法便已经容易实行。〕巴利公式:“ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ。”译:“觉时正知而行。”
ဇာဂရိတေတိ ဇာဂရဏေ။ တတ္ထ ကိရိယာမယပဝတ္တဿ အပ္ပဝတ္တိယာ သတိ ဇာဂရိတံ နာမ န ဟောတိ၊ ကိရိယာမယပဝတ္တဝဠဉ္ဇေ ပဝတ္တန္တေ ဇာဂရိတံ နာမ ဟောတီတိ ပရိဂ္ဂဏှန္တော ဘိက္ခု ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ အပိစ ရတ္တိန္ဒိဝံ ဆ ကောဋ္ဌာသေ ကတွာ ပဉ္စ ကောဋ္ဌာသေ ဇဂ္ဂန္တောပိ ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၂-၃၄၈။) ကိုယ်အမူအရာ နှုတ်အမူအရာ ဟူသော ဝိညတ်ရုပ်ကို ဖြစ်စေတတ်သော အဆက်မပြတ် ဖြစ်သော မနောဒွါရိကဇော၏၊ တစ်နည်းဆိုသော် --- အာဝဇ္ဇန်း ကြိယာစိတ်ကြောင့် ဖြစ်သော အဆက်မပြတ် ဖြစ်ပေါ် နေသော မနောဒွါရိကဇော သို့မဟုတ် (၆)ဒွါရ၌ ဖြစ်သော ဆဒွါရိကဇော၏ မဖြစ်ခြင်းသည် ထင်ရှားရှိလတ် သော် နိုးခြင်း မည်သည် မဖြစ်ပေ။ ကိုယ်အမူအရာ နှုတ်အမူအရာဟူသော ဝိညတ်ရုပ်ကို ဖြစ်စေတတ်သော အဆက်မပြတ် ဖြစ်နေသော ဇောကို အသုံးပြုခြင်းသည်၊ တစ်နည်းဆိုသော် အာဝဇ္ဇန်း ကြိယာစိတ်ကြောင့် ဖြစ်
“‘觉时’,即醒觉之时。在这里,如果由动作构成的转起不转起,就不称为‘觉’;当这种转起的惯行正在转起时,才称为‘觉’。能如此摄取的比丘,称为‘觉时正知而行者’。此外,把昼夜分成六分而在其中五分保持醒觉者,也称为‘觉时正知而行者’。”(《迷惑冰消》2-348。)能够产生身表、语表的相续意门速行,换一种说法,由转向唯作心引生而相续转起的意门速行,或在六门生起的六门速行——如果这些速行不生起,就不称为觉。若能够产生身表、语表的相续速行正在运作,换一种说法,由转向唯作心引生而
သော အဆက်မပြတ်ဖြစ်သော ဇောကို အသုံးပြုခြင်းသည် ဖြစ်လတ်သော် နိုးခြင်း မည်သည် ဖြစ်ပေါ်လာ၏၊
相续转起的意门速行正在运作,觉便随之生起。
原书第 446 页
ဤသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းတတ်သော ယောဂါဝစရ ရဟန်းတော်သည် ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ = နိုးရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (အဘိ-ဋ္ဌ-၂-၃၄၈။) သည်မျှသာမကသေး --- နေ့၌ နံနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း - ဟု သုံးပိုင်း၊ ည၌ ညဥ့်ဦးယာမ်၊ သန်းခေါင်ယာမ်၊ မိုးသောက်ယာမ် - ဟု သုံးပိုင်း၊ ဤသို့လျှင် ညဥ့်-နေ့ ကို (၆)ပုံ ပုံ၍ အိပ်ဖို့ရန် မဇ္ဈိမယာမ် = သန်းခေါင်ယာမ်ကို ချန်ထားပြီးလျှင် ကြွင်းကျန်သော ငါးပုံတို့၌ အကုသိုလ် မဖြစ်အောင် စောင့်ရှောက်သော = သမထ ဝိပဿနာဘာဝနာတို့ကို ကြိုးပမ်းလျက်ရှိသော ရဟန်းသည်လည်း နိုးရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ ရှိသည်ပင် မည်ပေသည်။ (အဘိ-ဋ္ဌ-၂-၃၄၈။) ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။
能够这样摄取色法与名法的瑜伽行比丘,称为 jāgarite sampajānakārī——觉时以正知智而行者。(《迷惑冰消》2-348。)不但如此:把白天分成早晨、中午、傍晚三分,把夜间分成初夜、中夜、后夜三分;如此把昼夜分成六分,只留下中夜用于睡眠,在其余五分防护不善法生起——也就是精勤修习止与观——的比丘,也称为觉时以正知智而行者。(《迷惑冰消》2-348。)巴利公式:“ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ。”译:“语时正知而行。”
ဘာသိတေတိ ကထနေ။ တတ္ထ ဥပါဒါရူပဿ သဒ္ဒါယတနဿ အပ္ပဝတ္တေ သတိ ဘာသိတံ နာမ န ဟောတိ၊ တသ္မိံ ပဝတ္တန္တေ ဟောတီတိ ပရိဂ္ဂါဟကော ဘိက္ခု ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ ဝိမု- တ္တာယတနသီသေန ဓမ္မံ ဒေသေန္တောပိ ဗာတ္တိံ သ တိရစ္ဆာနကထာ ပဟာယ ဒသကထာဝတ္ထုနိဿိတ ကထံ ကထေန္တောပိ ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၂-၃၄၈။) ဥပါဒါရုပ် ဖြစ်သော သဒ္ဒါယတန၏ မဖြစ်ခြင်းသည် ရှိလတ်သော် စကားပြောခြင်း မည်သည် မဖြစ်နိုင်၊ ထိုသဒ္ဒါယတန ဖြစ်လတ်သော် စကားပြောခြင်း မည်သည် ဖြစ်ပေါ်လာ၏။ ဤသို့ သိမ်းဆည်းတတ်သော ရဟန်းသည် စကားပြောရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။
“‘语时’,即说话时。在这里,当属于所造色的声处不转起时,就不称为‘语’;它转起时,才有‘语’。能如此摄取的比丘,称为‘说话时正知而行者’。以解脱处为首而说法者,以及舍弃三十二种俗论、谈论依止十种论题之语者,也称为‘说话时正知而行者’。”(《迷惑冰消》2-348。)当属于所造色的声处不生起时,言语便不能生起;声处生起时,言语才会生起。能如此摄取的比丘,称为说话时以正知智而行者。
အရဟတ္တဖိုလ်၏ ရရာရကြောင်း အကြောင်းတရားကို အဦးပြုသဖြင့် တရားတော်ကိုဟောသော ရဟန်း- တော်သည်လည်းကောင်း၊ (၃၂)ပါးသော တိရစ္ဆာနကထာ အမည်ရသော မဂ်ဖိုလ်နိဗ္ဗာန်မှ ဖီလာကန့်လန့်ဖြစ် သော စကားတို့ကို ပယ်စွန့်၍ (၁ဝ)ပါးသော ကထာဝတ္ထု၌ မှီသော စကားကို ပြောဆိုသော ရဟန်းသည် လည်းကောင်း ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ = စကားပြောရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (အဘိ-ဋ္ဌ-၂-၃၄၈။)
以获得阿罗汉果的因缘为首要宗旨而说法的比丘,以及舍弃三十二种称为俗论、会阻碍道果涅槃之语,而谈论依止十种论题之语的比丘,也都称为 bhāsite sampajānakārī——说话时以正知智而行者。(《迷惑冰消》2-348。)
ကထာဝတ္ထု (၁ဝ) ပါး
十种论题
၁။ အပ္ပိစ္ဆ ကထာ = အလိုနည်းမှုနှင့် စပ်သော စကား၊ ၂။ သန္တုဋ္ဌိ ကထာ = ရောင့်ရဲလွယ်မှုနှင့် စပ်သော စကား၊ ၃။ ပဝိဝေက ကထာ = ဆိတ်ငြိမ်မှုနှင့် စပ်သော စကား၊ ၄။ အသံသဂ္ဂ ကထာ = ဒါယကာ ဒါယိကာမတို့နှင့် ရောရောနှောနှော မနေထိုင်မှုနှင့် စပ်သော စကား၊ ၅။ ဝီရိယာရမ္ဘ ကထာ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် စပ်သော စကား၊ ၆။ သီလ ကထာ = သီလနှင့် စပ်သော စကား၊ ၇။ သမာဓိ ကထာ = ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိနှင့် စပ်သော စကား၊ ၈။ ပညာ ကထာ = စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ပညာနှင့် စပ်သော စကား၊ ၉။ ဝိမုတ္တိ ကထာ = ကိလေသာတို့မှ လွတ်မြောက်မှု = အရဟတ္တဖိုလ်နှင့် စပ်သော စကား၊
1.appicchakathā:关于少欲的谈论;2.santuṭṭhikathā:关于知足的谈论;3.pavivekakathā:关于远离的谈论;4.asaṃsaggakathā:关于不杂处——不与男女施主混杂而住——的谈论;5.vīriyārambhakathā:关于激发精进的谈论;6.sīlakathā:关于戒的谈论;7.samādhikathā:关于近行定与安止定的谈论;8.paññākathā:关于四圣谛正见智之慧的谈论;9.vimuttikathā:关于从烦恼解脱、即阿罗汉果的谈论;
原书第 447 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၁ဝ။ ဝိမုတ္တိဉာဏဒဿန ကထာ = ကိလေသာတို့မှ လွတ်မြောက်မှု = အရဟတ္တဖိုလ်၌ဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် စပ်သော စကား။
10.vimuttiñāṇadassanakathā:关于阿罗汉果这一烦恼解脱中所生省察智见的谈论。
(အံ-၂-၁ဝ၃။)
(《增支部》2-103。)
တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။
默时正知而行
တုဏှီဘာဝေတိ အကထနေ။ တတ္ထ ဥပါဒါရူပဿ သဒ္ဒါယတနဿ ပဝတ္တိယံ သတိ တုဏှီဘာဝေါ နာမ နတ္ထိ၊ အပ္ပဝတ္တိယံ ဟောတီတိ ပရိဂ္ဂါဟကော ဘိက္ခု တုဏှီဘာဝေ သမ္ပဇာနကာရီ နာမ ဟောတိ။အဋ္ဌတိံ သာယ အာရမ္မဏေသု စိတ္တရုစိယံ ကမ္မဋ္ဌာနံ ဂဟေတွာ နိသိန္နောပိ ဒုတိယဇ္ဈာနံ သမာပန္နောပိ တုဏှီဘာဝေ သမ္ပဇာန- ကာရီယေဝ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၂-၃၄၈။) ဥပါဒါရုပ် ဖြစ်သော သဒ္ဒါယတန၏ ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် ဆိတ်ဆိတ်နေသည်၏ အဖြစ် မည်သည် မရှိ၊ ဥပါဒါရုပ်ဖြစ်သော သဒ္ဒါယတန၏ မဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် ဆိတ်ဆိတ်နေသည်၏ အဖြစ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ သဒ္ဒါယတန၏ ထင်ရှားဖြစ်မှု မဖြစ်မှုကို သိမ်းဆည်းတတ်သော ရဟန်းသည် ဆိတ်ဆိတ်နေရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (၃၈)ပါးကုန်သော ကသိုဏ်းပညတ် စသော သမထ ကမ္မဋ္ဌာန်းအာရုံတို့တွင် မိမိ၏ စိတ်ကြိုက်ဖြစ်သော နှစ်သက်အပ်သော ကမ္မဋ္ဌာန်းအာရုံကို အာရုံယူ၍ တရားထိုင်
“‘默时’,即不说话时。在这里,当属于所造色的声处转起时,就没有所谓‘默’;当它不转起时,才有‘默’。能如此摄取的比丘,称为‘默然时正知而行者’。坐着取三十八种所缘中自己所喜的业处,或入第二禅者,也都称为‘默然时正知而行者’。”(《迷惑冰消》2-348。)属于所造色的声处正在生起时,就没有沉默;声处不生起时,沉默才会出现。能如此摄取声处生起与否的比丘,称为默然时以正知智而行者。在三十八种遍处概念等止业处所缘中,取自己所喜、所乐的业处所缘而坐禅
နေသော ရဟန်းသည်လည်းကောင်း၊ ဒုတိယစျာန်သို့ ကောင်းစွာ ရောက်ရှိနေသော ဒုတိယစျာန်ကို ဝင်စားနေသော ရဟန်းသည်လည်းကောင်း၊ ဆိတ်ဆိတ်နေရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်သာ မည်ပေသည်။
的比丘,以及已经善达第二禅、正在入第二禅的比丘,也都称为默然时以正知智而行者。
(အဘိ-ဋ္ဌ-၂-၃၄၈။)
(《迷惑冰消》2-348。)
ဖုဿဒေဝမထေရ် မဟာနာဂမထေရ် စသော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့၏ ထုံးကို နှလုံးမူ၍ အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသတည်း။
愿诸位铭记并效法弗沙提婆长老、摩诃那伽大长老等卓越、著名诸大长老与杰出人物的典范,能够精勤修习,努力培育这些法。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。