受的分类方法

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 477–480 页 · 52 个翻译单元

本页并入了原书的相邻小节:有爱染的乐受、苦受、舍受、无爱染的乐受、苦受、舍受。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 477 页
ဝေဒနာ အမျိုးအစား ခွဲပုံ
受的分类方法
ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ တစ်နည်း နာမ်ရုပ်တို့ကို သိမ်းဆည်းရာ၌ ဝီထိ- မုတ်စိတ်နှင့် ဝီထိစိတ် နှစ်မျိုးလုံးတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရ၏။ ဝီထိမုတ်စိတ် ဖြစ်ကြသော ပဋိသန္ဓေ- ဘဝင်-စုတိတို့၌ကား ဝေဒနာမှာ မြဲ၏။ သောမနဿဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေနေခဲ့သူ လူသား ဖြစ်အံ့ ဘဝ တစ်လျှောက်လုံး၌ ပဋိသန္ဓေ-ဘဝင်-စုတိတို့မှာ သောမနဿချည်းသာ ဖြစ်ကြ၏။ နာမ်တရားများမှာ ဉာဏ်ယှဥ် သော် (၃၄) ဉာဏ်မယှဥ်သော် (၃၃) အသီးအသီး ဖြစ်သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဥပေက္ခာဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ ပဋိသန္ဓေ-ဘဝင်-စုတိ တို့မှာလည်း ဥပေက္ခာဝေဒနာချည်းသာ ဖြစ်ကြသည်။ နာမ်တရားတို့မှာ ဉာဏ် ယှဥ်သော် (၃၃) ဉာဏ် မယှဥ် သော် (၃၂) အသီးအသီး ဖြစ်သည်။
以受为先摄取名法——换言之,摄取名色——时,离路心与路心这两类心中的名法都必须摄取。在属于离路心的结生、有分、死亡心中,受的种类是固定的。若某人以悦受相应的结生心投生为人,那么他一生中的结生、有分、死亡心都只与悦受相应;其中名法的数目,智相应时各有34种,智不相应时各有33种。贤善的瑜伽行者,若你是以舍受相应的结生心结生的人,那么你的结生、有分、死亡心也都只与舍受相应;其中名法的数目,智相应时各有33种,智不相应时各有32种。
တစ်ဖန် ဝီထိစိတ်တို့ကို သိမ်းဆည်းရာဝယ် ဝေဒနာကို အဦးမူသဖြင့် ယင်းဝီထိနာမ်တရားတို့ကို သိမ်း ဆည်းလိုပါက အောက်ပါ သတ်မှတ်ချက်များကို သိထားသင့်ပေသည်။
再者,在摄取诸路心时,若要以受为先摄取这些心路名法,就应当知道下列规定。
ပဉ္စဒွါရဝီထိဝယ် --- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဥ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။
在五门心路中——1.五门转向:恒与舍受相应,共有11种名法。
၂။ စက္ခုဝိညာဏ်၌ --- ဥပေက္ခာဝေဒနာ အမြဲယှဥ်၏၊ နာမ်တရား (၈)လုံး ရှိ၏။
2.眼识:恒与舍受相应,共有8种名法。
原书第 478 页
(သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ နည်းတူပင်တည်း။ ကာယဝိ-
(耳识、鼻识、舌识也同样如此。至于身
ညာဏ်၌ ရံခါ ဒုက္ခဝေဒနာ ယှဥ်၏၊ ရံခါ သုခဝေဒနာ ယှဥ်၏။ နာမ်တရား (၈)လုံး
识,有时与苦受相应,有时与乐受相应;共有8种名法
ပင်တည်း။)
而已。)
၃။ သမ္ပဋိစ္ဆိုင်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဥ်၏။ နာမ်တရား (၁၁)လုံး ရှိ၏။
3.领受:恒与舍受相应,共有11种名法。
၄။ သန္တီရဏ၌ --- ရံခါ သောမနဿဝေဒနာ ယှဥ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။
4.推度:有时与悦受相应,共有12种名法;
ရံခါ ဥပေက္ခာဝေဒနာ ယှဥ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။
有时与舍受相应,共有11种名法。
၅။ ဝုဋ္ဌော၌ --- ဥပေက္ခာဝေဒနာ အမြဲယှဥ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။
5.确定:恒与舍受相应,共有12种名法。
၆။ ဇော၌ --- (က) လောဘဇော ဖြစ်အံ့ --- ရံခါ သောမနဿဝေဒနာနှင့် ယှဥ်၏။
6.在速行中——(甲)若为贪根速行:有时与悦受相应。
အသင်္ခါရိက ဖြစ်သော် နာမ်တရား (၂ဝ) ရှိ၏။
若为无行,共有20种名法。
သသင်္ခါရိက ဖြစ်သော် နာမ်တရား (၂၂) ရှိ၏။
若为有行,共有22种名法。
ယင်းလောဘဇောသည် ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
这种贪根速行有时与舍受相应。
အသင်္ခါရိက ဖြစ်သော် နာမ်တရား (၁၉)လုံး ရှိ၏။
若为无行,共有19种名法。
သသင်္ခါရိက ဖြစ်သော် နာမ်တရား (၂၁)လုံး ရှိ၏။
若为有行,共有21种名法。
( ခ ) ဒေါသဇော ဖြစ်အံ့၊ ဒေါမနဿဝေဒနာနှင့် အမြဲယှဥ်၏။ နာမ်တရား (၁၈-၂ဝ
(乙)若为嗔根速行,则恒与忧受相应,共有18至20
စသည် ရှိ၏။ နာမ်ကမ္မဋ္ဌာန်း ဇယားများကို ကြည့်ပါ။)
种等名法。(参见名业处诸表。)
( ဂ ) မောဟဇော ဖြစ်အံ့၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဥ်၏။ နာမ်တရား (၁၆)လုံးရှိ၏။
(丙)若为痴根速行,则恒与舍受相应,共有16种名法。
(ဃ) ကုသိုလ်ဇော ဖြစ်အံ့၊ ရံခါ သောမနဿဝေဒနာနှင့် ယှဥ်၏။
(丁)若为善速行,有时与悦受相应。
ဉာဏ်ယှဥ်သော် နာမ်တရား (၃၄)လုံး ရှိ၏။
若智相应,共有34种名法。
ဉာဏ်မယှဥ်သော် နာမ်တရား (၃၃)လုံး ရှိ၏။
若智不相应,共有33种名法。
ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
有时与舍受相应。
ဉာဏ်ယှဥ်သော် နာမ်တရား (၃၃)လုံး ရှိ၏။
若智相应,共有33种名法。
ဉာဏ်မယှဥ်သော် နာမ်တရား (၃၂)လုံး ရှိ၏။
若智不相应,共有32种名法。
၇။ တဒါရုံ၌ --- (က) အဟိတ် အကုသလဝိပါက် သန္တီရဏတဒါရုံ ဖြစ်အံ့၊ ဥပေက္ခာဝေဒနာနှင့် ယှဥ် ၏။ နာမ်တရား (၁၁)လုံး ရှိ၏။
7.在彼所缘中——(甲)若为无因不善果报推度彼所缘,则与舍受相应,共有11种名法。
( ခ ) အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ ဥပေက္ခာဝေဒနာ
(乙)若为无因善果报舍俱推度彼所缘,则与舍受
နှင့် ယှဥ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။
相应,共有11种名法。
( ဂ ) အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ ဖြစ်အံ့၊ သောမနဿ ဝေဒ-
(丙)若为无因善果报悦俱推度彼所缘,则与悦
နာနှင့် ယှဥ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။
受相应,共有12种名法。
(ဃ) မဟာဝိပါက်တဒါရုံ ဖြစ်အံ့၊ ရံခါ သောမနဿဝေဒနာနှင့် ယှဥ်၏။
(丁)若为大果报彼所缘,有时与悦受相应。
ဉာဏ်ယှဥ်သော် နာမ်တရား (၃၄)လုံး ရှိ၏။
若智相应,共有34种名法。
ဉာဏ်မယှဥ်သော် နာမ်တရား (၃၃)လုံး ရှိ၏။
若智不相应,共有33种名法。
( င ) ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။
(戊)〔大果报彼所缘〕有时与舍受相应。
ဉာဏ်ယှဥ်သော် နာမ်တရား (၃၃)လုံး ရှိ၏။
若智相应,共有33种名法。
ဉာဏ်မယှဥ်သော် နာမ်တရား (၃၂)လုံး ရှိ၏။
若智不相应,共有32种名法。
原书第 479 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း မနောဒွါရဝီထိဝယ် --- ၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဥ်၏။ နာမ်တရား (၁၂)လုံး ရှိ၏။ (ဇောနှင့် တဒါရုံတို့ကို အထက်ပါ ဇော-တဒါရုံအတိုင်း မှတ်ပါ။) ယင်းအထက်ပါ ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ကုဋေပေါင်းများစွာ ဖြစ်နိုင်သော သဘောရှိ၏။ တစ်ဝီထိ အတွင်းမှာလည်း ဝေဒနာ အမျိုးအစားများစွာ ပါဝင် နိုင်၏။ ယင်းဝေဒနာကို အဦးမူသဖြင့် ယင်းဝီထိ စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွား ရမည် ဖြစ်ပေသည်။
在意门心路中——1.意门转向:恒与舍受相应,共有12种名法。(速行与彼所缘,应依上述速行、彼所缘的方式理解。)上述五门心路与意门心路的名法聚,在眨眼或电光一闪的短暂时间内,可以生起许多俱胝次;一道心路之内也可能含有多种受。因此,必须以受为先,对存在于这些心路每一心刹那中的名法,以智逐一拆解、破除各个名法块、名法团、名法密集,摄取、观修直至智见到达究竟法。
ဝီထိ တစ်ခု တစ်ခု၏ အတွင်း၌ပင် --- သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာတို့ ထိုက်သလို ယှဥ်တွဲ၍ ဖြစ်နေကြသဖြင့် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အချိန်ကာလ အတွင်းမှာလည်း ဝေဒနာ အမျိုးမျိုးတို့ ထိုက်သလို ဖြစ်နိုင်ကြသည်သာ ဖြစ်၏။ သို့အတွက် တစ်ထိုင်အတွင်းဝယ် အချိန်ကြာမြင့်စွာ --- (မိနစ်ပေါင်းများစွာ၊ နာရီပေါင်းများစွာ) --- ၁။ ဒုက္ခဝေဒနာတစ်ခုတည်းကိုသာ ရှုနေခြင်းသည်လည်းကောင်း၊ ၂။ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ထိုက်သလို ယှဥ်တွဲနေ သည့် ဝေဒနာအမျိုးမျိုးကို အဦးမူ၍ ကုန်စင်အောင် မသိမ်းဆည်း မရှုပွားနိုင်ခြင်းသည်လည်းကောင်း၊ ၃။ ဝေဒနာနှင့် တကွသော နာမ်တရား အသီးအသီးတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင်ခြင်းသည်လည်းကောင်း ---
就在每一道心路之内,悦受、忧受、舍受、乐受、苦受都会依其相应情形与不同心刹那相应而生;所以,即使在眨眼或电光一闪之间,也可能依情况生起多种受。因此,若在一座之中长时间——数十分钟乃至数小时——(1)只观一个苦受;(2)不能以依心定律轨道生起的诸名法所相应的种种受为先,毫无遗漏地摄取、观修;(3)不能把每一组与受同在的名法所依之依处色及其所缘色,摄取、观修直至智见到达究竟法,
ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်ရာ၌ မလုံလောက်သေးသည်သာ ဖြစ်၏၊ မပြည့်စုံ သေးသည်သာ ဖြစ်၏။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို စည်းစနစ်တကျ မပွားများနိုင်သေးသည်သာ ဖြစ်၏။
那么,这样修习受随观念处仍然是不充分、不完整的;还不能算是依系统方法修习受随观念处。
သာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ
有爱染的乐受、苦受、舍受
အာရုံ (၅)ပါး ကာမဂုဏ်တရားတည်းဟူသော အာမိသကို မှီသော၊ ကိလေသာတို့၏ ပျော်မွေ့ရာ ကာမ ဂုဏ်တည်းဟူသော အိမ်၌ မှီသော၊ အာရုံ (၆)ပါးကို အစွဲပြု၍ အကြောင်းပြု၍ ဖြစ်ပေါ်လာသော၊ အာရုံ (၆) ပါးကို အာရုံပြုနေသော --- ၁။ (၆)မျိုးသော သောမနဿဝေဒနာသည် သာမိသ သုခဝေဒနာ မည်၏။
这些受依止称为五欲功德的五种所缘——即爱染;依止称为五欲功德、令烦恼乐着的“家”;以六种所缘为所依、为因而生起,并缘取这六种所缘。其中:1.六种悦受称为“有爱染乐受”。
၂။ (၆)မျိုးသော ဒေါမနဿဝေဒနာသည် သာမိသ ဒုက္ခဝေဒနာ မည်၏။
2.六种忧受称为“有爱染苦受”。
၃။ (၆)မျိုးသော ဥပေက္ခာဝေဒနာသည် သာမိသ ဥပေက္ခာဝေဒနာ မည်၏။
3.六种舍受称为“有爱染舍受”。
နိရာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ
无爱染的乐受、苦受、舍受
နေက္ခမ္မသိတာနီတိ ဝိပဿနာနိဿိတာနိ။ (မ-ဋ္ဌ-၄-၁၈၆။) ရူပါရုံ စသည့် အာရုံ (၆)ပါးတို့၏ အနိစ္စ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍ ဇရာ မရဏဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍၊ ကုန်တတ် ပျက်တတ်- သော ခယဝိရာဂသဘောကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍၊ ချုပ်ပျက်တတ်သော ခယနိရောဓ သဘောတရားကို
“所谓‘依出离〔诸受〕’,即‘依止毗婆舍那〔诸受〕’。”(《中部义注》4-186。)如实了知色所缘等六种所缘的无常性质,如实了知它们会因老、死而变异坏灭的变异性质,如实了知它们会穷尽、坏灭的尽离贪性质,并对它们会止息、坏灭的尽灭性质
原书第 480 页
ဟုတ်တိုင်း မှန်စွာ သိရှိရ၍ --- ''ရှေးယခင်က ဖြစ်ခဲ့ကြကုန်သော အာရုံ (၆)ပါးတို့သည်လည်းကောင်း၊ ယခု ပစ္စုပ္ပုန်၌ ဖြစ်ဆဲ ဖြစ်ကြကုန်သော အာရုံ (၆)ပါးတို့သည်လည်းကောင်း ထိုအလုံးစုံသော အာရုံ (၆)ပါး (= ရုပ် နာမ်တရား) တို့သည် --- ၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊ ၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံနေရသော ဒုက္ခတရားတို့သာတည်း၊ ၃။ ဇရာ မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း''ဟု ဤသို့လျှင် ဤအနိစ္စ ဒုက္ခ ဝိပရိဏာမ သဘောတရားကို ဟုတ်တိုင်းမှန်စွာ ဝိပဿနာပညာဖြင့် ထွင်းဖောက် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အာရုံ (၆)ပါးကို အသီးအသီး ဝိပဿနာရှုခိုက် ဖြစ်ပေါ် လာသော --- ၁။ (၆)မျိုးသော သောမနဿဝေဒနာသည် နိရာမိသ သုခဝေဒနာ မည်၏၊ ၂။ (၆)မျိုးသော ဒေါမနဿဝေဒနာသည် နိရာမိသ ဒုက္ခဝေဒနာ မည်၏၊
如实了知以后,他如此观见:“过去曾经生起的六种所缘也好,现在正在生起的六种所缘也好,这一切六种所缘(即色法、名法):1.都只是生起以后即会坏灭的无常法;2.都只是不断遭受生、灭逼迫的苦法;3.都只是会因老、死而变异坏灭的变异法。”瑜伽行者以毗婆舍那慧如实通达、知见这些无常、苦、变异性质;在其相续中,逐一观照六种所缘时生起的:1.六种悦受,称为“无爱染乐受”;2.六种忧受,称为“无爱染苦受”;
၃။ (၆)မျိုးသော ဥပေက္ခာဝေဒနာသည် နိရာမိသ ဥပေက္ခာဝေဒနာ မည်၏။
3.六种舍受,称为“无爱染舍受”。
ယင်း နိရာမိသ ဝေဒနာတို့ကို ကာမမှ ထွက်မြောက်ကြောင်း နေက္ခမ္မသိတဝေဒနာတို့ဟူ၍လည်း ခေါ်ဆို ပေသည်။ 〔အကျယ်ကို ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် သဠာယတနဝိဘင်္ဂသုတ္တန် (မ-၃-၂၆ဝ-၂၆၁-၂၆၂)၌ ကြည့်ပါ။ နောက်တွင် ထင်ရှားလတ္တံ့။〕 အကြောင်းတရားတို့ကို သိမ်းဆည်း ရှုပွားပုံ အခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း၊ ဝိပ- ဿနာ ရှုပွားပုံ အခြင်းအရာကို ဝိပဿနာပိုင်းတွင်လည်းကောင်း အပြည့်အစုံ တွေ့ရှိရပေလတ္တံ့။
这些无爱染受,因为能导向从欲中出离,也称为“依出离受”。〔详见《中部·后五十经篇·分别品·六处分别经》(《中部》3-260—262);下文还会进一步说明。〕关于如何摄取、观修诸因法,可在缘起部分看到完整说明;关于如何修习毗婆舍那,则可在观禅部分看到完整说明。
ဤတိုင်အောင် ဝေဒနာနုပဿနာသတိပဋ္ဌာန်နှင့် ဆက်စပ်၍ ရှင်းလင်းတင်ပြခဲ့သော သိမှတ်ဖွယ်ရာအဖြာ ဖြာတို့ကို ဖတ်ရှုလေ့လာပြီးသောအခါ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ''ငါသည် ဘာမှားနေသလဲ?''ဟု မိမိကိုယ်ကို မိမိ မေးကြည့်ပါ။
读完并学习至此所说明的、与受随观念处有关的种种应知事项以后,贤善的瑜伽行者,请问一问自己:“我错在哪里?”
အကယ်၍ အသင်သူတော်ကောင်းသည် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နိုင်လောက်အောင် ကျေးဇူးပြု ပေးနိုင်သည့် ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိတို့တွင် တစ်မျိုးမျိုးသော စံချိန်မီ သမာဓိကို မထူထောင်ဘဲ ''ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်''ဟူသော စည်းမျဥ်းဥပဒေသကို လိုက်နာကျင့်သုံးမိသဖြင့် ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင် ဖြစ်နေ ပါက ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးသော စည်းမျဥ်းဥပဒေသကိုကား တရားစစ် တရားမှန်ကို ရရှိရေးအတွက် ရိုသေစွာ ဦးထိပ်ရွက်လျက် ပန်ဆင်သင့်လှပေသည်။
贤善者,如果你没有先建立近行定、安止定这两种定中任何一种达到标准、足以帮助智见抵达究竟法的定,却遵循并实行“专注身体、追随感受”这一主张,以致无法以受为先,摄取、观修名色直至智见抵达究竟法;那么,为了证得真实、正确之法,实在应当恭敬顶戴并遵循巴利圣典、义注与复注所规定的修行准则。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。