根本遍知

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 57–59 页 · 24 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 57 页
မူလပရိညာ
根本遍知
မူလပရိညာဝသေန တာဝ ---- ဘဝင်္ဂါဝဇ္ဇနံ စေဝ၊ ဒဿနံ သမ္ပဋိစ္ဆနံ။
巴利义注偈颂(缅文转写,上行):“မူလပရိညာဝသေန တာဝ ---- ဘဝင်္ဂါဝဇ္ဇနံ စေဝ၊ ဒဿနံ သမ္ပဋိစ္ဆနံ။”译:“先就根本遍知而言:有分与转向,以及见与领受;”
သန္တီရဏဝေါဋ္ဌဗ္ဗနံ၊ ဇဝနံ ဘဝတိ သတ္တမံ။
“推度、确定,速行为第七项。”
တတ္ထ ဘဝင်္ဂံ ဥပပတ္တိဘဝဿ အင်္ဂကိစ္စံ သာဓယမာနံ ပဝတ္တတိ၊ တံ အာဝဋ္ဋေတွာ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ၊ တန္နိရောဓာ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓယမာနံ၊ တန္နိရောဓာ ဝိပါကမနောဓာတု
“其中,有分完成生有之支的作用而转起;使有分转动以后,唯作意界完成转向作用而生起;该心灭后,眼识完成见的作用而生起;该心灭后,果报意界——”
原书第 58 页
သမ္ပဋိစ္ဆနကိစ္စံ သာဓယမာနာ၊ တန္နိရောဓာ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓယမာနာ၊ တန္နိရောဓာ ကိရိယမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓယမာနာ၊ တန္နိရောဓာ သတ္တက္ခတ္တုံ ဇဝနံ ဇဝတိ။ တတ္ထ ပဌမ- ဇဝနေပိ ''အယံ ဣတ္ထီ၊ အယံ ပုရိသော''တိ ရဇ္ဇနဒုဿနမုယှနဝသေန အာလောကိတဝိလောကိတံ န ဟောတိ။
“——完成领受作用而生起;该心灭后,果报意识界完成推度作用而生起;该心灭后,唯作意识界完成确定作用而生起;该心灭后,速行生起七次。其中,即使在第一速行中,也不会以‘这是女人,这是男人’而贪著、憎恶、愚痴的方式向前直视或向旁侧视。”
ဒုတိယဇဝနေပိ။ ပ ။ သတ္တမဇဝနေပိ။ ဧတေသု ပန ယုဒ္ဓမဏ္ဍလေ ယောဓေသု ဝိယ ဟေဋ္ဌုပရိယဝသေန ဘိဇ္ဇိတွာ ပတိတေသု ''အယံ ဣတ္ထီ အယံ ပုရိသော''တိ ရဇ္ဇနာဒိဝသေန အာလောကိတဝိလောကိတံ ဟောတိ။
“第二速行中也不会……乃至第七速行中也不会。然而,当这些速行如战场上的士兵一般,依前后上下的次第崩解、落下之后,才会以‘这是女人,这是男人’而贪著等方式向前直视或向旁侧视。”
ဧဝံ တာဝေတ္ထ မူလပရိညာဝသေန အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။
“在这里,首先应当如此依根本遍知了知不痴正知。”
(မ-ဋ္ဌ-၁-၂၆၆-၂၆၇။ ဒီ-ဋ္ဌ-၁-၁၇၄။ သံ-ဋ္ဌ-၃-၂၂၆-၂၂၇။ အဘိ-ဋ္ဌ-၂-၃၄၁။)
(《中部义注》1-266—267;《长部义注》1-174;《相应部义注》3-226—227;《阿毗达磨义注》2-341。)
''ပဌမဇဝနေပိ။ ပ ။ န ဟောတီ''တိ ဣဒံ ပဉ္စဒွါရဝိညာဏဝီထိယံ ''ဣတ္ထီ ပုရိသော''တိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗာနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော၊ အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ၊ မနောဒွါရေ ပန ''ဣတ္ထီ ပုရိသော''တိ ရဇ္ဇနာဒိ ဟောတိ၊ တဿ ပဉ္စဒွါရာဝဇ္ဇနံ မူလံ၊ ယထာ ဝုတ္တံ ဝါ သဗ္ဗံ ဘဝင်္ဂါဒိ။ ဧဝံ မနောဒွါရဇဝနဿ မူလဝသေန မူလပရိညာ ဝုတ္တာ။
“‘即使在第一速行中……也不会’这句话,是针对五门识心路中没有以‘女人、男人’而贪著等情形说的。在那里,由于转向与确定作了不如理的转向、确定,对女人的色所缘等可意对象会生起贪,对不可意对象会生起嗔;但在意门中,才会以‘女人、男人’而贪著等。它的根本是五门转向,或是上述有分等全部心。如此,是就意门速行的根本而说根本遍知。”
(မ-ဋီ-၁-၃၆ဝ။)
(《中部复注》1-360。)
ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
上述义注与复注的意思如下。
တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံကို ဤသို့ သိပါ ---- ရူပါရုံကို မြင်ရာ၌ စက္ခုဒွါရဝီထိ ဖြစ်ပြီးနောက်၌ ဘဝင်များ ခြားလျက် မနောဒွါရဝီထိများ ဆက်၍ ဝီထိပေါင်း များစွာ ဖြစ်ကြ၏။ ထို မနောဒွါရဝီထိစိတ်အစဥ်များက ထို ရူပါရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း သိ၏၊ ဣဋ္ဌဖြစ်သော ရူပါရုံ၌ တပ်မက်ခြင်း လောဘ၊ အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသ စသည်လည်း ဖြစ်တတ်၏။ ထိုရူပါရုံကို နှလုံးသွင်းမှားခဲ့သော် လောဘ ဒေါသ စသည် ဖြစ်နိုင်၏ဟု ဆိုလိုပေသည်။ အကယ်၍ ထိုရူပါရုံအပေါ်၌ နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရ ဖြစ်ခဲ့သော် ကုသိုလ်ဇောများလည်း ထိုက်သလို စောမည် ဖြစ်ပေသည်။ ထိုမနောဒွါရိကဇောဝီထိ စိတ်အစဥ်တို့ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိ စသော ပဉ္စဒွါရိကဇောဝီထိစိတ်အစဥ် အားလုံးနှင့် ဘဝင်စသည်သည် ထိုရူပါရုံစသည်ကို ဆက်လက်
向前直视或向旁侧视时,应当如下了知依根本遍知而生起不痴正知的方式。看见色所缘时,眼门心路生起;其后隔着若干有分,诸意门心路继续生起,形成许多心路。这些意门心路相续不仅把色所缘了知为可意、不可意等,也可能对可意的色所缘生起贪著,对不可意的色所缘生起嗔恨等;意思是说,若错误作意色所缘,贪、嗔等便可能生起。若对色所缘作如理作意,善速行也会相应生起。这些意门速行心路相续之所以生起,是因为眼门心路等一切五门速行心路相续与有分等,都是——
အာရုံပြုကြသည့် မနောဒွါရိကဇောဝီထိ စိတ်အစဥ်တို့၏ မူလအကြောင်းရင်း ဖြစ်ကြ၏။
——后续缘取这些色所缘等的意门速行心路相续之根本因。
ယင်းမနောဒွါရိကဇောဝီထိစိတ်အစဥ်၏ မူလအကြောင်းရင်း ဖြစ်သော ပဉ္စဒွါရိကဇောဝီထိ စိတ်အစဥ်ကို ပိုင်းခြားသိခြင်းကို မူလပရိညာဟု ခေါ်ဆိုပေသည်။ ထိုမူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံကို ဤသို့ သိပါ။
分别了知作为这些意门速行心路相续之根本因的五门速行心路相续,称为“根本遍知”。依根本遍知而生起不痴正知的方式,应当如下了知。
(၁) ဘဝင်၊ (၂) အာဝဇ္ဇန်း၊ (၃) ဒဿန အမည်ရသော စက္ခုဝိညာဏ်၊ (၄) သမ္ပဋိစ္ဆိုင်း၊ (၅) သန္တီရဏ၊ (၆)ဝုဋ္ဌော၊ (၇) ဇော - ဟု စိတ် (၇)မျိုး ဖြစ်၏။
共有七类心:(1)有分;(2)转向;(3)称为“见”的眼识;(4)领受;(5)推度;(6)确定;(7)速行。
ထို (၇)မျိုးတို့တွင် ဘဝင်သည် ဥပပတ္တိဘဝ၏ စိတ်အစဥ် မပြတ်စဲရေးအတွက် အကြောင်းကိစ္စကို ပြီးစီး စေလျက် ဖြစ်ပေါ်လာ၏၊ ထိုဘဝင်ကို လည်စေလျက် = ရပ်တန့်စေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်သွားခြင်းကြောင့် စက္ခုဝိညာဏ်စိတ်သည် ရူပါရုံကို မြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။
在这七类心中,有分为了维持生有的心相续不断而完成根本支分的作用,并依此生起;使有分转动——也就是使其停止——以后,名为唯作意界的五门转向心完成转向色所缘的作用而生起。五门转向心灭去以后,眼识心完成看见色所缘的作用而生起。
ထိုစက္ခုဝိညာဏ်စိတ် ချုပ်ပျက်သွားသည်မှ နောက်၌ ဝိပါက်မနောဓာတ် အမည်ရသော သမ္ပဋိစ္ဆိုင်းစိတ်သည် ရူပါရုံကို ခံလင့်သကဲ့သို့သော လက်ခံခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုသမ္ပဋိစ္ဆိုင်း ချုပ်ပြီးသည်မှ နောက်၌ ဝိပါက်မနောဝိညာဏဓာတ် ဖြစ်သော သန္တီရဏစိတ်သည် ရူပါရုံကို စုံစမ်းခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ချုပ်ပျက်သည်မှ နောက်၌ ကိရိယမနောဝိညာဏဓာတ်ဖြစ်သော ဝုဋ္ဌောစိတ်
眼识心灭去以后,名为果报意界的领受心完成如同承接色所缘的领受作用而生起;领受心灭去以后,作为果报意识界的推度心完成审查色所缘的作用而生起;推度心灭去以后,作为唯作意识界的确定心——
原书第 59 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သည် ရူပါရုံကိုပင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်သည်မှ နောက်ကာလ၌ (၇) ကြိမ်သော ဇောစိတ်သည် အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏။
——完成把同一色所缘判定为可意、不可意等的作用而生起;确定心灭去以后,七个速行心猛烈地连续生起。
ထို ဇော (၇) ကြိမ်တို့တွင် ပထမဇော၌လည်း - ''ဤသူသည် အမျိုးသ္မီးတည်း၊ ဤသူသည် အမျိုးသား တည်း'' ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် မဖြစ်။ ဒုတိယဇော၌လည်း။ ပ ။ သတ္တမဇော၌လည်း မဖြစ်။
在这七个速行中,即使在第一速行,也不会由于认作“此人是女人,此人是男人”而以贪著、嗔恨、愚痴的方式向前直视或向旁侧视;第二速行也不会……乃至第七速行也不会。
စစ်မြေပြင်၌ စစ်သည်တို့ကဲ့သို့ ထို (၇)ကြိမ်ကုန်သော ဇောတို့သည် ထက်အောက်ပြောင်းပြန်၏ အစွမ်းဖြင့် ပျက်စီး၍ ကျကုန်လတ်သော် ''ဤသူကား အမျိုးသ္မီး၊ ဤသူကား အမျိုးသား''ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဖြစ်ပေါ်လာ၏ ---- ဤသို့လျှင် ရှေးဦးစွာ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။
当这七个速行像战场上的士兵一般,依上下前后的次第崩解、落下以后,才会由于认作“此人是女人,此人是男人”而以贪著、嗔恨、愚痴的方式向前直视或向旁侧视。首先应当如此依根本遍知了知不痴正知。
(မ-ဋ္ဌ-၁-၂၆၆-၂၆ရ။ ဒီ-ဋ္ဌ-၁ ၁၇၄။ သံ-ဋ္ဌ-၃-၂၂၆-၂၂၇။ အဘိ-ဋ္ဌ-၂-၃၄၁။)
(《中部义注》1-266—267;《长部义注》1-174;《相应部义注》3-226—227;《阿毗达磨义注》2-341。)
ထိုစက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ ဆင်ခြင်ဆုံးဖြတ်မှုမှာ အယောနိ သော မနသိကာရ ဆင်ခြင်ဆုံးဖြတ်မှု ဖြစ်ခဲ့သော် ---- ယင်း ဆင်ခြင် ဆုံးဖြတ်မှု၏ အစွမ်းဖြင့် ဣဋ္ဌဖြစ်သော အမျိုးသား အမျိုးသ္မီးတို့၏ ရူပါရုံ၌ တပ်မက်မှု လောဘ၊ အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသကား ဖြစ်နိုင်သေး၏။ သို့သော် ထိုပဉ္စဒွါရဝီထိစိတ်တို့ကား ''ဤသူကား အမျိုးသ္မီး၊ ဤသူကား အမျိုးသား''ဟု မသိပေ။
在眼门心路等五门心路中,若五门转向与确定的转向、判定属于不如理作意,那么依这一转向与判定,对男人、女人等可意的色所缘仍可能生起贪,对不可意的色所缘仍可能生起嗔;然而,这些五门心路之心并不知道“此人是女人,此人是男人”。
ဤသူကား အမျိုးသား၊ ဤသူကား အမျိုးသ္မီး''ဟု သိ၍ တပ်မက်သည်လည်း မဟုတ်ပေ။ ပြစ်မှားသည်လည်း မဟုတ်ပေ။ ရူပါရုံ အရောင်မျှ၌သာ တပ်မက်မှုတည်း။ ပြစ်မှားမှုတည်း။ ယင်း ပဉ္စဒွါရဝီထိနောင် ဘဝင်များ ခြားလျက် ဆက်လက်ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိစိတ်အစဥ်တို့ကသာလျှင် ''ယောကျာ်း မိန်းမ'' စသည်ဖြင့် သိတတ်၏။ ထိုသို့ သိသဖြင့် ယင်း မနောဒွါရဝီထိစိတ်တို့၌သာလျှင် ''ဤသူကား ယောကျာ်း ဤသူကား အမျိုးသ္မီး''ဟု တပ်မက်ခြင်း ပြစ်မှားခြင်း စသည်သည် ဖြစ်ပေါ်လာ၏။ ထိုသို့ တပ်မက်ခြင်း ပြစ်မှားခြင်း စသည့် စိတ်အစဥ်မှာ မနောဒွါရိကဇောဝီထိစိတ်များတည်း။ ယင်းမနောဒွါရဝီထိတို့၏ မူလအကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိစိတ်များပင်ဖြစ်၏။ ယင်းစက္ခုဒွါရဝီထိ စိတ်အစဥ်တို့ကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် သိခဲ့သော် အသမ္မောဟသမ္ပဇဥ် ဖြစ်ပေပြီ။ ဤကား တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌
它们不是在知道“此人是男人,此人是女人”之后才贪著或嗔恨,而只是对色所缘的颜色本身贪著、嗔恨。五门心路之后隔着若干有分继续生起的诸意门心路相续,才会知道“男人、女人”等;正因为有这种认知,只有在这些意门心路中,才会生起认作“此人是男人,此人是女人”而贪著、嗔恨等情形。这样的贪著、嗔恨等心相续,就是意门速行心路;这些意门心路的根本因,正是眼门心路。若能连同相应诸法,以智如实知见眼门心路相续直至究竟层面,不痴正知便已生起。这就是向前直视或向旁侧视时——
မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံတည်း။ ဤသည်မှာလည်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားကြသော ကျမ်းဂန် အဆိုအမိန့်တို့ပင် ဖြစ်ကြသည်။
——依根本遍知而生起不痴正知的方式。这些也都是经典依据,教人把握、观修名法时,应当沿着称为心路的心定律轨道逐一把握、观修。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。