名色分别智(nāmarūpavavatthānañāṇa)

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 584–594 页 · 80 个翻译单元

本页并入了原书的相邻小节:四念处第二阶段全部完成、念处修行第三阶段。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 584 页
နာမရူပဝဝတ္ထာနဉာဏ်
名色分别智(nāmarūpavavatthānañāṇa)
အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံးတို့၌ --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း = ရူပ ပရိဂ္ဂဟ၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း = အရူပ ပရိဂ္ဂဟ၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း = ရူပါရူပ ပရိဂ္ဂဟ --- ဤပရိဂ္ဂဟ သုံးမျိုးလုံး၌ ပါရဂူမြောက် ကမ်းတစ်ဖက်သို့ ရောက်ပြီးသော ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ရှိသော = ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် --- ၄။ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း = နာမရူပဝဝတ္ထာန လုပ်ငန်းရပ်ကြီးကိုပါ ဆက်လက်၍ ပြုကျင့်ရန် အထက်၌ ဖော်ပြခဲ့၏။ ထိုသို့ နာမရူပဝဝတ္ထာန ဘာဝနာလုပ်ငန်းရပ်ကို ဆက်လက်၍ ပြုလုပ်သင့်ကြောင်း ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထားတော်မူ၏။
对于内在、外在两者,修习观禅业处的观业者瑜伽行者,已经在以下三种把握中臻于精熟、到达彼岸:1.只把握色法=色把握(rūpa-pariggaha);2.只把握名法=非色把握(arūpa-pariggaha);3.把握色法与名法=色与非色把握(rūpārūpa-pariggaha)。前文已经说明,他还应继续实行第四项主要作业:分别、标记名色=名色分别(nāmarūpavavatthāna)。对于应当继续修习这项名色分别业处,《清净道论》也作了如下解释。
သော ဧဝံ ယာထာဝသရသတော နာမရူပံ ဝဝတ္ထပေတွာ သုဋ္ဌုတရံ ''သတ္တော ပုဂ္ဂလော''တိ ဣမိဿာ လောကသမညာယ ပဟာနတ္ထာယ သတ္တသမ္မောဟဿ သမတိက္ကမတ္ထာယ အသမ္မောဟဘူမိယံ စိတ္တံ ဌပနတ္ထာယ သမ္ဗဟုလသုတ္တန္တဝသေန ''နာမရူပမတ္တမေဝိဒံ၊ န သတ္တော၊ န ပုဂ္ဂလော အတ္ထီ''တိ ဧတမတ္ထံ သံသန္ဒေတွာ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ-၂-၂၂၈။) လောကသမညာယပိ ပဟာနတ္ထာယ၊ ပဂေဝ ''သတ္တော ဇီဝေါ''တိ ပဝတ္တနကမိစ္ဆာဘိနိဝေသဿာတိ အဓိပ္ပါယော။ နာမရူပမတ္တတာယ အဝိနိစ္ဆိတတ္တာ၊ သန္တာနာဒိဃနဘေဒဿ စ အကတတ္တာ အဘိနိဝေသေန ဝိနာ သမူဟေကတ္တဂ္ဂဟဏဝသေန ''သတ္တော''တိ ပဝတ္တော သမ္မောဟော သတ္တသမ္မောဟော၊ တဿ ဝိက္ခမ္ဘနာ အသမ္မောဟဘူမိ။ (မဟာဋီ-၂-၃၆၂။) ၁။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ထို ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ရှင်းလင်း တင်ပြခဲ့သည့် အစီအစဥ်အတိုင်း မဖောက်မပြန် ဟုတ်မှန်တိုင်းသော မိမိ၏ ကိုယ်ပိုင်
“他如此依各自如实的自性分别名色之后,为了更加彻底地舍断‘有情、补特伽罗’这一世间通称,为了超越有情迷惑,也为了把心安住于无迷惑之地,他依据许多经文相互印证而确定此义:‘这里只有名色,并无有情,也无补特伽罗。’”(《清净道论》“‘也是为了舍断世间通称’;其意为:更不用说舍断以‘有情、生命’形式现行的邪执。由于尚未判定唯有名色,也尚未破除相续等密集,即使没有这种邪执,也会仅由于把聚合执为一个整体,而生起以‘有情’为内容的迷惑;这称为有情迷惑。压伏它,就是无迷惑之地。”(《大复注》2-362。)1.修观业处的这位观业者瑜伽行者,依照上文清楚说明而不偏离的次第,以名色各自如实的
သဘာဝလက္ခဏာအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍ ကောင်းသည်ထက် ကောင်းမွန်စွာ သတ္တဝါဟု ပုဂ္ဂိုလ်ဟု လောက၌ လူတို့ခေါ်ဝေါ်သုံးစွဲနေသော (= သတ္တဝါ ထင်ရှားရှိ၏၊ ပုဂ္ဂိုလ်ထင်ရှားရှိ၏ဟု ယုံကြည်ချက် ဖြင့် လူတို့ ခေါ်ဝေါ်သုံးစွဲနေသော) လောကသမညာအတ္တစွဲ သတ္တစွဲကိုလည်းကောင်း၊ အသက်ကောင် လိပ်ပြာ ကောင် ဝိညာဏ်ကောင် သတ္တဝါကောင် အတ္တကောင် တကယ် ထင်ရှားရှိ၏ဟု သာသနာပ အယူဝါဒ ရှိသူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော အမှားမှား အယွင်းယွင်း နှလုံးသွင်းခြင်း = မိစ္ဆာဘိနိဝေသ အတ္တဒိဋ္ဌိစွဲကိုလည်းကောင်း ပယ်ရှားခြင်းငှာ၊
自性特相分别、标记名色以后,为了更加彻底地舍断世人在世间以“有情”“补特伽罗”而使用的通称——也就是基于相信“确有有情、确有补特伽罗”而使用这些称谓——所形成的世间通称之我执、有情执;也为了舍断外道信仰者心相续中生起的错误作意=邪执,即执取实有命体、魂体、识体、有情体、自体的我见执;
原书第 585 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၂။ နာမ်ရုပ်မျှသာ ရှိသည်၏အဖြစ်ကို ဆုံးဖြတ်ချက် မချနိုင်သည့်အတွက်ကြောင့်လည်းကောင်း၊ သန္တတိ- ဃန၊ သမူဟဃန၊ ကိစ္စဃန၊ အာရမ္မဏဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး ခြင်းကို မပြုလုပ်နိုင်သည်၏ အဖြစ် မပြုလုပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဝိပဿနာ၏ ရှေးအဖို့၌ ပြု သင့် ပြုထိုက်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို နှလုံးသွင်းခြင်း အဘိနိဝေသနှင့် ကင်း၍ အပေါင်းအစု သမူဟအတုံးအခဲ တစ်ခုတည်း၏ အဖြစ်ကို စွဲယူခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သမ္မောဟ = ပြင်းစွာ တွေဝေမှု = လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ တကယ် ထင်ရှား ရှိ၏ဟု အသိမှားမှုသည် သတ္တသမ္မောဟ မည်၏။ ယင်းသတ္တသမ္မောဟကို ကောင်းစွာ လွန်မြောက်ခြင်း အကျိုးငှာ၊ ၃။ သတ္တဝါဟု လွန်စွာ တွေဝေတတ်သော = သတ္တဝါဟု အသိမှားနေသော သမ္မောဟတရား၏ ဆန့်ကျင်ဘက်
2.由于未能判定唯有名色,又未能以智破除名为相续密集、组合密集、作用密集、所缘密集的色法硬块与名法硬块,因此没有把心投入应在毗婆舍那前行阶段作为观智所缘的究竟色法、究竟名法,反而以把聚合的一整个块体执为单一的方式生起迷惑=强烈的昏昧,即误知实有男人、天、梵天、补特伽罗、有情、生命、自我;这就称为有情迷惑。为了彻底超越这种有情迷惑;3.为了把心安住于无迷惑之地——它与把有情误认为真实存在的迷惑法相反,并能舍断这种迷惑法
ဖြစ်၍ ထိုသမ္မောဟတရားကို ပယ်ခွာတတ်သော အသမ္မောဟဘုံ၌ စိတ်ကိုထားခြင်း အကျိုးငှာ --- ''ဤဘုံသုံးပါး အတွင်း၌ ဖြစ်နေသော တရားအပေါင်းသည် နာမ်နှင့် ရုပ်မျှသာလျှင်တည်း၊ သတ္တဝါ မရှိ၊ ပုဂ္ဂိုလ် မရှိ၊ ဇီဝ မရှိ၊ အတ္တ မရှိ'' တစ်နည်းဆိုသော် --- ''ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။'' ဤသို့သော အနက်သဘောကို များစွာသော သုတ္တန်တို့၏ အစွမ်းဖြင့် နှီးနှော၍ နာမ်ရုပ်ကို ပိုင်းခြား မှတ်သား၏။ (ဝိသုဒ္ဓိ-၂-၂၂၈။) ယထာ ဟိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထော ဣတိ။
他依据许多经文相互印证而分别、确定名色:“在这三界之中生起的一切法,都只是名与色;没有有情,没有补特伽罗,没有生命,没有自我。”换一种说法:“没有补特伽罗、有情、生命、自我;只有色法与名法。”(“正如诸零件组合,遂有‘车’的称说;”
ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္တောတိ သမ္မုတိ။ (သံ-၁-၁၃၇။)
“同样,诸蕴存在时,便有‘有情’的世俗称说。”(《相应部》1-137。)
သေယျထာပိ အာဝုသော ကဋ္ဌဉ္စ ပဋိစ္စ ဝလဒိဉ္စ ပဋိစ္စ တိဏဉ္စ ပဋိစ္စ မတ္တိကဉ္စ ပဋိစ္စ အာကာသော ပရိဝါ- ရိတော အဂါရန္တွေဝ သင်္ခံ ဂစ္ဆတိ၊ ဧဝမေဝ ခေါ အာဝုသော အဋ္ဌိဉ္စ ပဋိစ္စ နှာရုဉ္စ ပဋိစ္စ မံသဉ္စ ပဋိစ္စ စမ္မဉ္စ ပဋိစ္စ အာကာသော ပရိဝါရိတော ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ။ (မ-၁-၂၄၈။) ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
“朋友,譬如依木材、依藤、依草、依泥,由这些围绕的空间,才被称为‘房屋’;同样,朋友,依骨、依筋、依肉、依皮,由这些围绕的空间,只被称为‘色〔身体〕’。“唯有苦生起,唯有苦住立、消逝;”
နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။ (သံ-၁-၁၃၇။)
“除苦之外,无有生起;除苦之外,无有灭去。”(《相应部》1-137。)
ယထာဘူတဒဿနဉာဏ်
如实见智
ဝင်ရိုး လှည်းဘီး ပုံတောင်း ထောက်အကန့် စသည့် အစိတ်အပိုင်း အဆောက်အဦတို့သည် ရထားဟု ခေါ်ဝေါ်ခြင်း၏ အကြောင်းရင်း ဖြစ်သော တစ်ခုသော ပုံစံ အနေအထားအားဖြင့် တည်နေခဲ့သော် ရထားဟု ခေါ်ဝေါ်ရုံမျှသာ ဖြစ်သကဲ့သို့ ပရမတ္ထ ဉာဏ်ပညာမျက်စိဖြင့် ရထား၏ အင်္ဂါအစိတ်အပိုင်း တစ်ခုစီ တစ်ခုစီကို စူးစမ်းဆင်ခြင်ခဲ့သော် ရထားမည်သည် မရှိသကဲ့သို့ (ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုသာ ဖြစ်သကဲ့သို့) အလားတူပင် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထင်ရှားရှိကုန်လတ်သော် သတ္တဝါဟူသော ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ (ပရမတ္ထအားဖြင့် သတ္တဝါဟူသည် မရှိ ဥပါဒါနက္ခန္ဓာငါးပါးသာ ရှိသည် ဟူလိုသည်။) သစ်သား၊ နွယ်၊ မြေညက်၊ မိုးစရာမြက် စသည့် အိမ်၏ အဆောက်အဦတို့သည် အိမ်ဟု ခေါ်ဝေါ်ခြင်း၏ အကြောင်းဖြစ်သော တစ်ခုသော အခြင်းအရာအားဖြင့် အာကာသကို ခြံရံ၍ တည်ကုန်လတ်သော် အိမ်ဟူသော
车轴、车轮、车毂、辐条等构件,以足以成为称作“车”之因的某种形态安置时,只是依世俗称为“车”;但若以观究竟法的智慧之眼逐一审察车的各个构件,便找不到所谓的车(只有时节生食素八法聚诸色的聚集)。同样,五取蕴显现存在时,便产生“有情”这一称说(意即:究竟而言并无有情,只有五取蕴)。又如木材、藤、泥、盖屋的茅草等房屋材料,以足以作为称“房屋”之因的某种方式围绕空间而安置时,便产生“房屋”这一
ဝေါဟာရသည် ဖြစ်ပေါ်လာသကဲ့သို့ ပရမတ်အားဖြင့် အိမ်ဟူသည် မရှိသကဲ့သို့ (ဥတုဇသြဇဋ္ဌမကရုပ်တို့၏
称谓;究竟而言并无房屋(只有时节生食素八法聚诸色的
原书第 586 页
အပေါင်းအစုမျှသာ ဖြစ်သကဲ့သို့)၊ ဤဥပမာအတူပင် အရိုး၊ အကြော၊ အသား၊ အရေကို အစွဲပြု၍ အရိုး အကြော စသည်တို့ဖြင့် ခြံရံထားအပ်သော အာကာသကို သရီရ = ခန္ဓာကိုယ်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ရုပ်တရားဟု ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။
聚集)。同样,依骨、依筋、依肉、依皮,由骨、筋等围绕的空间,便产生“身体”这一称谓,也产生“色法”这一称谓。
〔သစ်သား စသည်တို့သည် အိမ် ကျောင်းဟု ခေါ်ဝေါ်နိုင်လောက်သော အခြင်းအရာ တစ်မျိုးဖြင့် တည်နေ ခဲ့သော် သစ်သား စသည့် မူလအမည်ဟောင်းကို စွန့်၍ အိမ် ကျောင်း ဟူ၍သာလျှင် အမည်သညာ ဝေါဟာရသို့ ရောက်သကဲ့သို့ ထို့အတူ အရိုး အကြော စသည်တို့သည် ရုပ်ဟု ကိုယ်ဟု ခေါ်နိုင်လောက်သော အခြင်းအရာ တစ်မျိုးဖြင့် တည်နေခဲ့သော် အရိုး အကြော စသည့် မူလအမည်ကို စွန့်၍ ရူပ = ရုပ်၊ သရီရ = ကိုယ်ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟု ဆိုလိုသည်။။ ရူပံ သရီရမိစ္စေဝ သင်္ခံ ဂစ္ဆတီတိ ယောဇနာ (မဟာဋီ-၂-၃၆၂။) - ဤ၌ သရီရ = ကိုယ်ဟူသည် ရူပ-ရုပ်ကိုပင် ဆိုလိုသည်။ တစ်နည်း ဥပါဒါနက္ခန္ဓာငါးပါးကို ဆိုလိုသည်။〕 လက်ချောင်း လက်မ စသည်တို့သည် လက်သီးဆုပ်ဟု ခေါ်ဝေါ်နိုင်လောက်အောင် တစ်ခုသော အခြင်း အရာအားဖြင့် တည်ကုန်လတ်သော် လက်သီးဆုပ်ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့၊ စောင်းခွက်၊
〔木材等以可称为房屋、寺院的某种形态安置时,便舍弃木材等原有名称,只以“房屋”“寺院”而得称说;同样,骨、筋等以可称为色、身体的某种形态安置时,也舍弃骨、筋等原有名称,只以 rūpa=“色”、sarīra=“身体”而得称“应这样连结其义:它便以‘色’或‘身体’而得称说。”(《大复注》2-362。)这里的 sarīra=“身体”就是指 rūpa=“色”;另一种解释,则指五取蕴。〕又如食指、拇指等以足以称为拳头的某种方式安置时,便产生“拳头”这一称谓;又如琴腹、
စောင်းညို့ စသည်တို့သည် စောင်းဟု ခေါ်ဝေါ်နိုင်လောက်အောင် တစ်ခုသော အခြင်းအရာအားဖြင့် တည်နေ ကုန်လတ်သော် စောင်းဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့၊ ဆင် မြင်း စသည်တို့သည် စစ်တပ်ဟု ခေါ်ဝေါ်နိုင်လောက်သော တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် စစ်တပ်ဟူသော ဝေါ- ဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့၊ တံတိုင်း အိမ် တံခါးမုခ် ပြအိုး တန်ဆောင်း စသည်တို့သည် မြို့ဟု ခေါ်ဝေါ် နိုင်လောက်အောင် တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် မြို့ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့၊ ပင်စည် အခက် အရွက် စသည်တို့သည် သစ်ပင်ဟု ခေါ်ဝေါ်နိုင်လောက်သော တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် သစ်ပင်ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာရသကဲ့သို့၊ ပရမတ် အားဖြင့် ပင်စည် သစ်ခက် စသော တစ်ခု တစ်ခုသော အစိတ်အပိုင်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သည်
琴弦等以足以称为琴的某种方式安置时,便产生“琴”这一称谓;又如象、马等以足以称为军队的某种方式集合时,便产生“军队”这一称谓;又如城墙、房屋、城门、门楼、堡塔、亭堂等以足以称为城市的某种方式安置时,便产生“城市”这一称谓;又如树干、枝、叶等以足以称为树的某种方式安置时,便产生“树”这一称谓;但究竟而言,若以智逐一审察树干、树枝等每一个部分
ရှိသော် သစ်ပင်မည်သည် မရှိသကဲ့သို့ (ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သကဲ့သို့ ) --- ဤဥပမာအတူပင်လျှင် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ရှေးနှင့်နောက် အစဥ်မပြတ် ဆက် စပ်လျက် သန္တာန်အစဥ်၏ အစွမ်းဖြင့် တစ်ပေါင်းတစ်စုတည်း ဖြစ်ကုန်လတ်သော် ပုဂ္ဂိုလ် သတ္တဝါ (ဇီဝ အတ္တ) ဟူသော ဝေါဟာရမျှသာ ဖြစ်၏၊ ပရမတ်အားဖြင့် တစ်ခု တစ်ခုသော တရားကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ် သော် --- ''ငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဟူ၍လည်းကောင်း'' ဤသို့သော မိစ္ဆာအယူစွဲ၏ တည်ရာဝတ္ထု ဖြစ်သော သတ္တဝါမည်သည် မရှိသည်သာတည်း။ ပရမတ်အားဖြင့်ကား နာမ်ရုပ်မျှသာ ရှိ၏။ --- ဤသို့ ဟုတ်မှန်သောသဘော အားဖြင့် သိခြင်းသည် ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာပေသည်။
便找不到所谓的树(只有时节生食素八法聚诸色的聚集)。同样,五取蕴=色名法以前后相续、从不间断连接的相续流而聚成一体时,便只有“补特伽罗、有情〔生命、自我〕”这些称谓;但究竟而言,若以智逐一审察每一个法,便找不到作为“我是”或“我”这类邪见执取之所依的所谓有情。究竟而言,只有名色。对于修观业处的观业者瑜伽行者,如是依真实自性而知的认识便会在其心相续中生起。
ဧဝံ ပဿတော ဟိ ဒဿနံ ယထာဘူတဒဿနံ နာမ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၂၉။) ''ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏'' --- ဟု ဤသို့ သိမြင်နေသော ဉာဏ်အမြင်သည် ယထာဘူတဒဿန = ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် မည်ပေသည်။ ဤယထာဘူတ ဉာဏ်အမြင်ကိုပင် ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တဟု အမှားမှား အယွင်းယွင်း စွဲယူခြင်း မိစ္ဆာဂါဟမှ စင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဟူ၍ ခေါ်ဆို၏။ (ဝိသုဒ္ဓိ-၂-၂၂၈-၂၂၉။) သို့သော် အသင်သူတော်ကောင်းသည် ဤမျှဖြင့်ကား မကျေနပ်သင့်သေး၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းရဦးမည် ဖြစ်ပါသည်။ လက္ခဏာဒိစတုက္ကပိုင်းတွင် ဖော်ပြထားပါသည်။
“如此观见者,其见称为如实见。”(《清净道论》2-229。)如是知见“没有补特伽罗、有情、生命、自我;只有色法与名法”的智见,称为 yathābhūta-dassana=如实见。由于这项如实的智见已经净除把补特伽罗、有情、生命、自我错误执取为实有的邪取,所以称为见清净。(《清净道论》2-228—229。)然而,贤善者不应至此便感到满足;还须继续依特相、作用、现起、近因的方法把握名色。这将在“特相等四法”部分说明。
原书第 587 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း နိဗ္ဗာန်ဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းတွင်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းပြီးပါမှ လက္ခဏာဒိစတုက္က ပိုင်းကို ဖော်ပြထားပါသည်။ အကြောင်းမှာ ဤသို့ ဖြစ်၏ --- အချို့အချို့သော ပရမတ်တရားတို့၏ လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်တို့မှာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သည့် ပစ္စယ- ပရိဂ္ဂဟဉာဏ်ကို ရရှိပြီးမှသာလျှင် သိမ်းဆည်းရှုပွားပါက သဘောပေါက်နိုင်၏။ ဥပမာ ပုံစံတစ်ခုကို ဆိုအံ့ --- သင်္ခါရက္ခန္ဓာကို ခြုံ၍ရှုသော လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်သည် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံ စသည့် အတိတ်အ- ဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ် သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပါမှသာလျှင် ရှု၍ရနိုင်သော ရှုကွက်တစ်မျိုး ဖြစ်၏။ ဤသို့ စသည့် အကြောင်း
在这部名为《趣向涅槃之道》的书中,要到缘摄受智部分结束以后,才说明“特相等四法”部分。理由如下:有些究竟法的特相、作用、现起、近因等观法,只有在已经获得能够把握因法与果法的缘摄受智以后再加以把握、观修,才能领会。举一个例子:总观行蕴的特相、作用、现起、近因,是这样一种观法——只有已经获得能够在过去各世与未来各世中,分别、把握因法与果法的缘摄受智,例如过去之因如何产生现在之果、现在之因如何产生未来之果等,才能进行这种观照。由于这些
ပြချက်တို့ကြောင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း = ပဋိစ္စသမုပ္ပါဒ်ပိုင်း ပြီးစီးပါမှ လက္ခဏာဒိစတုက္ကပိုင်းကို ဖော်ပြထား ခြင်း ဖြစ်သည်။ ရှုကွက်များကို တိတိကျကျ ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နိုင်ရန်အတွက်ပင် ဖြစ်သည်။
理由,要等缘摄受智部分=缘起部分完成以后,才说明“特相等四法”部分;这正是为了能更准确、更深入地领会各种观法。
သို့သော် အဋ္ဌကထာကြီးများ၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌လည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်တို့ကို သိမ်းဆည်းပါ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီး သောအခါ၌လည်း တစ်ကြိမ် ထပ်မံ၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နာမ်ရုပ်တို့ကို သိမ်း ဆည်းပါ။ ထိုနောင်မှ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပြီးမှ ဝိပဿနာသို့ ကူးပါ။ ထိုသို့ လိုက်နာ ပြုကျင့်ပါက ရုပ်တရား နာမ်တရားတို့နှင့် ပတ်သက်သော အသိဉာဏ်သည် ပို၍ ပို၍ သန့်ရှင်းလာမည် ဖြစ်ပေသည်။
然而,应当依照诸大义注的指导,在这个名色分别智部分,也依特相、作用、现起、近因来把握名色。获得缘摄受智以后,还应再次依特相、作用、现起、近因的方法把握名色。此后,再把握色、名、因、果=诸行法,然后才转入毗婆舍那。若能如此遵行,对于色法与名法的认识便会越来越清净。
အနုဗောဓဉာဏ်
随觉智
နာမရူပပရိစ္ဆေဒေါ၊ တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ-ဋီ-၂-၈၉-၉ဝ။) အနု အနု ဗုဇ္ဈနဋ္ဌေန အနုဗောဓော --- ဟူသော ဖွင့်ဆိုချက်နှင့်အညီ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယ- ပရိဂ္ဂဟဉာဏ်ဟူသော နှစ်မျိုးသော ဉာဏ်တို့သည်ကား ရှေးဦးအစ ပထမ တစ်ကြိမ်တစ်ခါမျှ နှလုံးသွင်းလိုက် ရုံမျှဖြင့်ကား ဖြစ်ပေါ်လာနိုင်သည် မဟုတ်သေး၊ ကိစ္စ မပြီးနိုင်သေး၊ ထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံ၌ တပြောင်းပြောင်း တပြန်ပြန် ဉာဏ်၏ ဖြစ်ပေါ်ခြင်းဟု မှတ်သားအပ်သော ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိခြင်းဖြင့်သာ လိုရင်းကိစ္စ ပြီးစီးနိုင်သောကြောင့် အနုဗောဓဉာဏ် မည်၏။ ပုံစံတစ်ခု ဆိုရသော် --- အသင် သူတော်ကောင်းသည် ယခုအချိန်ထိ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်သွားကြကုန်သော ဘဝင်နာမ်တရား တို့ကို မသိမ်းဆည်းနိုင်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေးသည်ကို ထောက်ရှုကြည့်ပါ။ သို့အတွက် ကြိမ်ဖန်
“名色的分别以及对其缘的把握,并非仅由最初一次投入而成;而是由其后相续生起的智——亦即反复、一再觉知——而成。”(《长部“因具有反复、一再觉知之义,故名随觉。”依照这一解释,名色分别智与缘摄受智这两种智,并不能仅由最初一次作意便生起,所需之事也还不能完成;只有对色、名、因、果=诸行这一所缘反复来回,令智一次又一次生起,也就是一再、多次地了知,才能完成所需之事,所以称为随觉智。举一个例子:请看看,直到现在,贤善的你仍未能把握心路之间生起的有分名法,也还不能以智分别这些名法。因此,若能多次
များစွာ ထပ်ကာထပ်ကာ ရှုနိုင်လျှင် ရုပ်နာမ်နှင့် ပတ်သက်သော အသိဉာဏ်များ ပို၍ ပို၍ သန့်ရှင်းလာမည် ဖြစ်ပေသည်။
反复、一再观照,对于名色的认识便会越来越清净。
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ရုပ်နာမ်တို့ကို မသိမ်း ဆည်းရသေးမီ ယခုကဲ့သို့သော အချိန်အခါမျိုး၌လည်း ရုပ်တရား နာမ်တရားတို့၏ သဘာဝလက္ခဏာကို ဦး စားပေးလျက် နာမရူပပရိစ္ဆေဒဉာဏ်ကို ရအောင် ရုပ်နာမ်ကို ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းလျက် ရှိ၏။
瑜伽行者尚未依特相、作用、现起、近因把握名色以前,在当前这一阶段,也正以色法与名法各自的自性特相为重点,努力清楚分别名色,以获得名色分别智。
တစ်ဖန် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့်လည်း ရုပ်နာမ်တို့ကို ထပ်မံ၍ သိမ်းဆည်းပြန်၏။ ထိုတွင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်နာမ်တို့ကို မသိမ်းဆည်းရသေးမီအခါ၌ ရုပ်နာမ်တို့ကို သိ နေသော အသိဉာဏ်နှင့် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို တစ်ဖန် သိမ်းဆည်း
此后,他又依特相、作用、现起、近因的方法再次把握名色。若把尚未依特相、作用、现起、近因把握名色时对于名色的认识,与后来依这种方法再次把握
原书第 588 页
ပြီးရာအခါ၌ ရုပ်နာမ်တို့ကို သိနေသော အသိဉာဏ် --- ဤအသိဉာဏ် နှစ်မျိုးတို့ကို နှိုင်းယှဥ်ကြည့်လိုက်သော်၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် ရရှိလာသော ရုပ်နာမ်တို့ကို ထိုးထွင်းသိမြင်နေသော အသိဉာဏ်မှာ ပို၍ ပို၍ အသိဉာဏ် သန့်ရှင်းလာသည်ကို ယောဂါဝစရပုဂ္ဂိုလ်အများစု၌ တွေ့ရတတ်၏။ သို့အတွက် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းခြင်းကို အပိုလုပ်ငန်း တစ်ခုအဖြစ် ယူဆနေလျှင်ကား အသင်သူတော်ကောင်းအတွက် သာသနာတော်အတွင်း၌ ရရှိ နိုင်သော အခွင့်ကောင်းကြီးများသည် ဆုံးရှုံးသွားကြတော့မည်။ ပရမတ်တရားတို့ကို လေးဘက်လေးတန်က လှည့်လည်၍ ဉာဏ်၏ ကျက်စားခွင့်ကို ရရှိခြင်းသည် ဗုဒ္ဓမြတ်စွာသာသနာတော်၏ လွန်ကဲထူးမြတ်သော အခွင့် ကောင်းကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ ''တို့ ရှုနေသည့် အထဲမှာ အားလုံး ပါသွားတာပဲ''ဟု ကျွဲကူးရေပါ စိတ်
名色以后对于名色的认识相比较,在大多数瑜伽行者身上都可以看到:依特相、作用、现起、近因把握名色以后,洞察名色的认识会越来越清净。因此,若把依特相、作用、现起、近因把握名色看成一项多余的作业,贤善的你便会失去只有在佛陀教法中才能获得的殊胜良机。让智从四个方面回环于究竟法而充分行履,正是佛陀教法所提供的一项极其殊胜的良机。“反正我们所观的已经把一切都包括了”——这种笼统草率的
သဘောထားမျိုးကိုကား အထူး ရှောင်ရှားသင့်လှပေသည်။
心态,尤其应当避免。
အယူအဆ မမှားသင့်ပေ
不应误解
ဤ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းသည့်အပိုင်းတွင် အောက်ပါ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပိုင်းတွင် ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာအဖွင့်နှင့် ပတ်သက်၍ အယူအဆ မလွဲမိအောင် အထူး သတိပြု သင့်လှပေသည်။
在把握这些内在、外在名色的部分,对于下面心随观念处部分所引用的义注解释,尤其应当谨慎,不可误解。
ဣတိ အဇ္ဈတ္တံ ဝါတိ ဧဝံ သရာဂါဒိပရိဂ္ဂဟဏေန ယသ္မိံ ယသ္မိံ ခဏေ ယံ ယံ စိတ္တံ ပဝတ္တတိ၊ တံ တံ သလဒက္ခေန္တော အတ္တနော ဝါ စိတ္တေ၊ ပရဿ ဝါ စိတ္တေ၊ ကာလေန ဝါ အတ္တနော၊ ကာလေန ဝါ ပရဿ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ-ဋ္ဌ-၁-၂၈၅။) = အဇ္ဈတ္တ၌လည်းကောင်း၊ ဗဟိဒ္ဓ၌လည်းကောင်း သရာဂစိတ် = ရာဂနှင့် အတူတကွဖြစ်သော စိတ် စသော စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဟောကြားထားတော်မူအပ်သော (၁၆)မျိုးသော စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်း သိမ်းဆည်းခြင်းဖြင့် အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုခဏ၌ ထိုထိုစိတ်ကို ကောင်းစွာ မှတ်သားလျက် မိမိ၏ စိတ်၌လည်းကောင်း၊ သူတစ်ပါး၏ စိတ်၌လည်းကောင်း၊ ရံခါ မိမိ၏စိတ်၌လည်းကောင်း၊ ရံခါ သူတစ်ပါး၏ စိတ်၌လည်းကောင်း စိတ်ဟု အဖန်တလဲလဲ ရှု၍ နေ၏ = ရှုနေပါ။
“‘如是,或于内’:如此把握有贪等心时,无论哪一种心在哪一个刹那转起,他都善加标记该心;于是,或于自己的心,或于他人的心,时而于自己的心,时而于他人的心,随观心而住。”(《中部义注》1-285。)也就是说:在内在与外在,以智分别、把握心随观念处所教导的有贪心=与贪俱心等十六种心;无论哪一种心在哪一个刹那生起,都在那个刹那善加标记该心;或于自己的心,或于他人的心,时而于自己的心,时而于他人的心,轮流一再观为“心”=应当如此观照。
(မ-ဋ္ဌ-၁-၂၈၅။)
(《中部义注》1-285。)
ဤအထက်ပါ အဋ္ဌကထာ၏ စကားရပ်၌ --- သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို သိမ်းဆည်းလျက် ကောင်းစွာ မှတ်သားလျက် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ စိတ်-ဟု တစ်လှည့်စီ ရှုနေပါဟူသော ညွှန်ကြားချက်နှင့် ပတ်သက်၍ ပညတ် ပရမတ်မဟူ ရှုချင်ရာကို ရှုချင်သလို ရှုရမည်ဟု နားလည်သဘောကျသော ဆရာမြတ်တို့ လည်း ရှိကြ၏။ ဤစိတ္တာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်ကား အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ် တရားတို့ကို တစ်နည်း နာမ်ရုပ်တို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် သိမ်းဆည်းရန် ညွှန်ကြားတော်မူသော ဒေသနာတော်သာ ဖြစ်ကြောင်းကို ရှေးစိတ္တာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်၏။
对于上述义注所说“把握有贪心等十六种心,善加标记,并在内在、外在两处轮流观为‘心’”这一指导,也有一些导师理解为:不论概念法还是究竟法,都可以随意想观什么便观什么、想怎样观便怎样观。然而,前面的心随观念处部分已经清楚说明:这项心随观念处教法,是以识=心为先导,指导人们善加分别、标记并把握名法,换一种说法,也就是把握名色的教法。
အထက်ပါ အဋ္ဌကထာစကားရပ်ဝယ် --- ၁။ အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်၏၊ ထိုထို စိတ်ကို --- ၂။ ကောင်းစွာ ပိုင်းခြား မှတ်သားလျက်၊ ၃။ (က) မိမိ၏ စိတ်၌လည်းကောင်း၊ ( ခ ) သူတစ်ပါး၏ စိတ်၌လည်းကောင်း၊
上述义注的语句指导如下:1.无论哪一种心在哪一个刹那生起,都应对该心——2.善加分别、标记;3.(甲)或于自己的心,(乙)或于他人的心,
原书第 589 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ( ဂ ) ရံခါ မိမိ၏ စိတ်၌လည်းကောင်း၊ ရံခါ သူတစ်ပါး၏ စိတ်၌လည်းကောင်း စိတ်-ဟု အဖန်ဖန် အထပ် ထပ် ရှုရန် သိမ်းဆည်းရန် ညွှန်ကြားထား၏။
(丙)时而于自己的心,时而于他人的心,一再、反复观为“心”、加以把握。
ဤညွှန်ကြားတော်မူချက် စကားရပ်ဝယ် အရှုခံစိတ်နှင့် ရှုတတ်သောစိတ်ဟု စိတ်နှစ်မျိုးရှိနေသည်ကို သတိပြုပါ။
在这项指导中,请注意存在两种心:所观心与能观心。
၁။ အကြင် အကြင် ခဏ၌ အကြင် အကြင် စိတ်သည် ဖြစ်ပေါ်၏၊ ထိုထို စိတ်ကိုဟူသော စကားရပ်ဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို ညွှန်ပြတော်မူ၏။
1.“无论哪一种心在哪一个刹那生起,都应对该心”这句话,指的是作为观智所观之所缘的有贪心等十六种心。
၂။ ကောင်းစွာ ပိုင်းခြား မှတ်သားလျက် --- ဟူသော စကားရပ်ဖြင့် ရှုတတ်သည့် ဝိပဿနာစိတ် = အရူပ- ပရိဂ္ဂဟဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ်ကို ညွှန်ပြတော်မူ၏။
2.“善加分别、标记”这句话,指的是能观的观心=非色把握智=名色分别智。
ထိုတွင် အရှုခံစိတ်မှာ သရာဂစိတ် စသော (၁၆)မျိုးသော စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဟောကြား ထားတော်မူအပ်သော စိတ်တည်း။ ရှုတတ်သော စိတ်ကား ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဝိပဿနာဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဥ်တည်း။ ဝီတရာဂစိတ်၊ ဝီတဒေါသစိတ်၊ ဝီတမောဟစိတ် စသည်တို့၌ ပါဝင်၏။ ယင်းသရာဂစိတ် စသော အရှုခံစိတ်နှင့် ရှုတတ်သော စိတ်တို့ကား ဝီထိစဥ်တစ်ခု၏ အတွင်း၌လည်းကောင်း၊ စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်းကောင်း အတူယှဥ်တွဲ ၍ကား မဖြစ်နိုင်ကြပေ။ အရှုခံစိတ်နှင့် ရှုတတ်သော စိတ်တို့ကား ဝီထိစဥ် တစ်ခုစီသာ ဖြစ်ကြ၏၊ စိတ္တက္ခဏ တစ်ခုစီသာ ဖြစ်၏။ အရှုခံစိတ်ကား တခြားတစ်ပါးသာတည်း၊ ရှုတတ်သောစိတ်ကား တခြားတစ်ပါးသာတည်း။
其中,所观心就是心随观念处部分所教导的有贪心等十六种心。对凡夫与有学者而言,能观心则是以观智=名色分别智为主导的大善意门速行心路相续,属于离贪心、离嗔心、离痴心等。所观的有贪心等与能观心,不可能在同一个心路或同一个心刹那中俱生;所观心与能观心各属不同的心路、不同的心刹那。所观心是一种,能观心是另一种。
သရာဂစိတ် စသော အရှုခံစိတ်သည် ဥပါဒ်-ဌီ-ဘင် (ဖြစ်-တည်-ပျက်) အနေအားဖြင့် ထင်ရှားရှိခိုက် ရှုတတ်သော (ကုသိုလ်) စိတ်ကား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်သေး၊ ရှုတတ်သော စိတ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက်၌လည်း အရှုခံစိတ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပြီ ဖြစ်၏။
当有贪心等所观心以生起—住立—坏灭的状态显现存在时,能观的善心尚未以生起—住立—坏灭的状态显现;而当能观心以生起—住立—坏灭的状态显现时,所观心已经不再以生起—住立—坏灭的状态存在。
သို့အတွက် ''အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုစိတ်ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် = မှတ်သားပါ''ဟူသော အဋ္ဌကထာစကားသည် အဘယ်ကို ဆိုလိုပါသနည်းဟု မေးရန် ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။
那么,可以问:“义注所说‘无论哪一种心在哪一个刹那生起,都应善加分别、标记该心=标记它’,究竟是什么意思?”回答如下。
သရာဂစိတ် စသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ထိုထိုစိတ်နှင့် တကွသော နာမ်တရားတို့ကို = ထိုထိုဖြစ်ဆဲခဏ၌ အတူယှဥ်တွဲ ဖြစ်ကြသည့် စိတ်စေတသိက်တရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် ယင်းနာမ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏပစ္စုပ္ပန်ကို မြင်အောင် ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါဟုသာ ဆိုလိုရင်း ဖြစ်သည်။ (ဘဒ္ဒေကရတ္တသုတ္တန်ပိုင်းတွင် ရှင်းလင်းတင်ပြပြီး ဖြစ်သည်။
把握、观修有贪心等名法时,应当善加分别与每一种心同在的名法=在该心正在生起的刹那与它俱生的心与心所;应当把握、观修到能够看见这些名法的生起—住立—坏灭这一刹那现在,使智见抵达刹那现在。义注的意思只是如此。(这已在《一夜贤者经》部分清楚说明;
ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပုံစနစ်များကိုလည်း ဖော်ပြပြီး ဖြစ်သည်။) တစ်ဖန် ဤစိတ္တာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်နှင့် ဤအထက်ပါ အဋ္ဌကထာအဖွင့်တို့သည် ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို ရှုရန် ညွှန်ကြားနေသော ဒေသနာတော်များကား မဟုတ်ကြပေ။ အသင် ယောဂီသူတော်ကောင်းသည် စဥ်းစားနှိုင်းချိန်နိုင်ရန် အချက်တစ်ရပ်ကို တင်ပြရသော် - ယင်း (၁၆)မျိုးသော စိတ်တို့တွင် ပါဝင်သော မဟဂ္ဂုတ်စိတ် အမည်ရသော စျာန်စိတ်တို့ပင် ဖြစ်ကြသည်။ စျာန်စိတ်တို့ကား သမထယာ- နိကပုဂ္ဂိုလ် ယောဂီသူတော်မွန်တို့သည် သိမ်းဆည်းရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားတို့တွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက် ရှိကြ၏။ ယင်းစျာန်စိတ်တို့ကား ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို မပြတ်တရစပ် ရှုနေရုံမျှဖြင့် ဖြစ်ပေါ်လာနိုင်သော တရားမျိုးတို့ကား မဟုတ်ကြကုန်။ စျာန်ရနိုင်သည့် ကမ္မဋ္ဌာန်း
本名业处部分也已经说明各种观法。)再者,这项心随观念处教法与上述义注的解释,并不是指导人们不分概念法与究竟法,随意想观什么便观什么、想怎样观便怎样观。这里提出一点,供贤善的瑜伽行者亲自思量:在这十六种心中,包含名为广大心的禅那心。对于止乘者瑜伽行者,这些禅那心属于必须作为观智所观之所缘而把握、观修的一类法。它们绝不是不分概念法与究竟法,只靠随意想观什么便观什么并持续不断观下去就能生起的法;必须选取一种能够获得禅那的业处
原书第 590 页
တစ်ခုခုကို စည်းကမ်းစနစ်တကျ ရှုနိုင်ပါမှသာလျှင် ရရှိနိုင်သော တရားမျိုးတို့ ဖြစ်ကြ၏။ ဤသည်မှာလည်း အသင်သူတော်ကောင်းကိုယ်တိုင် နှိုင်းချိန်နိုင်ရန် အချက်တစ်ရပ် ဖြစ်သည်။
依照规范而有系统地修习,只有这样才能获得这些法。这也是贤善者应当亲自思量的一点。
တစ်ဖန် ဤ (၁၆)မျိုးသော စိတ်တို့ကို သိမ်းဆည်းရာဝယ် ယင်းစိတ်တို့ကို တစ်ခုပြီးတစ်ခု သီးသန့် သိမ်း ဆည်းရှုပွားရန် မလို၊ သူ့ဟာသူ အလိုအလျောက် ဖြစ်ပေါ်လာခိုက်၌သာ သိမ်းဆည်းရှုပွားရမည်ဟုလည်း အချို့ ဆရာမြတ်တို့က အယူရှိတော်မူကြပြန်၏။ ပရမတ်တရားတို့တွင် နိဗ္ဗာန် ပရမတ် တရားတော်မြတ်ကြီးကလွဲလျှင် မည်သည့် ပရမတ်တရားမဆို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစု၍ ပြုပြင်ပေးမှသာ လျှင် ဖြစ်ပေါ်လာနိုင်ကြသော တရားတို့သာ ဖြစ်ကြ၏၊ သူဟာသူ အလိုအလျောက် ဖြစ်ပေါ်လာသော တရား ဟူ၍ကား မရှိစကောင်းသည်သာ ဖြစ်၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။) တစ်ဖန် အချို့သူတော်စင်ကြီးတို့ကား သရာဂစိတ် စသော အကုသိုလ်စိတ်တို့ကို သီးသန့် တစ်ခမ်းတစ်နား အာရုံယူ၍ ရှုပွားမှုကို အလိုမရှိ ဖြစ်နေကြပြန်၏။ အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်နေခြင်းပင်
再者,对于如何把握这十六种心,有些德高的导师又主张:不必把这些心逐一分别把握、观修,只须在它们自行、自动生起时才把握、观修。然而,在究竟法中,除了殊胜的涅槃究竟法以外,任何究竟法都只有在各自相关的因法和合造作以后才能生起;根本不存在自行、自动生起的法。(这将在缘起部分清楚显示。)还有一些德高望重者不愿特意另取有贪心等不善心为所缘加以观修;他们认为这样做正是在令不善法
ဖြစ်၏ဟု အယူရှိကြ၏။ ယင်း အကုသိုလ်တရားတို့သည်လည်း အကျိုးပေးနိုင်၏ဟု အယူရှိကြ၏။ သမ္မပ္ပဓာန် ပိုင်းတွင် --- အနုပ္ပန္နန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ …(မ-၁-၈၉) မဖြစ်ပေါ်လာသေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်လာအောင်သာ ကြိုးစားအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူသောကြောင့် ယခုကဲ့သို့ သရာဂစိတ် စသော အကုသိုလ်တရားတို့ကို တမင်ဖြစ်ပေါ်လာအောင် ကြိုးပမ်း၍ အားထုတ်ခြင်းသည် = အယောနိသောမနသိကာရ ဖြစ်အောင် ပြုလုပ်၍ ကြိုးစားအားထုတ်ခြင်းသည် မဖြစ်ပေါ်လာကုန်သေးသော အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစား အားထုတ်ရာ ရောက်၏ဟုလည်း အယူရှိကြပြန်၏။
生起,并认为这些不善法也可能产生果报。他们又以正勤部“为令尚未生起的不善法不生,他生起欲……”(《中部》1-89。)由于佛陀只教导应当努力使尚未生起的不善法不生,他们便认为:像现在这样刻意努力令有贪心等不善法生起=刻意造作不如理作意,就是在努力使尚未生起的不善法生起。
ဤသို့ ယူဆသူတို့အား ''သရာဂစိတ် စသော အကုသိုလ်တရားတို့ကို ဘယ်အခါကျမှ ရှုရမှာလဲ?'' --- ဤ သို့ မေးမြန်းလိုက်သောအခါ အာရုံ-မနသိကာရ တိုက်ဆိုင်၍ ဖြစ်ပေါ်လာသော အခါကျမှ ရှုရန် ဘုရားရှင်က ညွှန်ကြားနေကြောင်းကို အဖြေပေးကြ၏။
若问抱持这种看法的人:“那么,什么时候才观照有贪心等不善法呢?”他们回答说:佛陀指导人们,要等到所缘与作意相合而使这些法生起时才观照。
ဤတွင် အသင်သူတော်ကောင်းသည် ခေတ္တရပ်နား၍ စဥ်းစားပါ။ အယောနိသောမနသိကာရသည် ခပ် သိမ်းသော အကုသိုလ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်၏။ အယောနိသောမနသိကာရ ဟူသည် ဆိုင်ရာဒွါရတို့၌ ဆိုင်ရာအာရုံတို့ ထင်လာသောအခါ ရှေးရှူ ကျရောက်လာသောအခါ ယင်းအာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းမှု = နိစ္စ-သုခ-အတ္တ-သုဘဟု နည်းမှား လမ်းမှား နှလုံးသွင်းမှုပင် ဖြစ်၏။ ယင်း အယောနိသောမနသိကာရ ဖြစ်က အကုသိုလ်တရားများ ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ယင်း အယောနိသော မနသိကာရကို မည်သူက ပြုလုပ်နေပါသနည်း? --- ယင်း အယောနိသောမနသိကာရသည် မြင်းလှည်းစီးလျက် သို့မဟုတ် ကားစီးလျက် အသင်သူတော်ကောင်းထံသို့ ဆိုက်ရောက်လာပါသလား? စဥ်းစားပါ။
贤善者,请在这里停一停,思考一下。不如理作意是一切不善法最切近的因。不如理作意,就是当相关所缘显现、趋入相应诸门时,没有以正确方法对该所缘作意,反而以无常为常、以苦为乐、以无我为我、以不净为净,作错误的作意。不如理作意一旦生起,各种不善法便会生起。那么,是谁在造作这种不如理作意?这种不如理作意难道是乘着马车或汽车来到贤善者面前的吗?请思考。
သရာဂစိတ် စသော အကုသိုလ်တရားတို့သည် အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ပေါ်လာခဲ့သည် ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ အယောနိသောမနသိကာရကြောင့်ပင် ဖြစ်ပေါ်လာရ၏။ ယင်းအယောနိသော မနသိကာရကို အသင်သူတော်ကောင်းသည်ပင် ပြုလုပ်သည် မဟုတ်ပါလား။ ယင်းအယောနိသော မနသိကာရ ကို ပြုလုပ်ပေးနေသော အခြားသော ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်များ ရှိနေပါသေးသလား? စဥ်းစားပါ။
如果有贪心等不善法在贤善者的心相续中生起,它们正是由于贤善者自己的不如理作意而生起。造作这种不如理作意的,不正是贤善者自己吗?难道还有另一个补特伽罗或有情在替你造作这种不如理作意吗?请思考。
သို့မဟုတ် အလိုအလျောက် ဖြစ်ပေါ်လာပါသလား? စဥ်းစားပါ။
或者,它是自行、自动生起的吗?请思考。
原书第 591 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း အကယ်၍ မိမိ၏ အယောနိသောမနသိကာရကြောင့်ပင် ယင်း အကုသိုလ်တရားတို့သည် မိမိ၏ နာမ် သန္တတိအစဥ်၌ ဖြစ်ပေါ်လာသည်ဟုပင် လက်ခံနိုင်ငြားအံ့၊ ထိုသို့ ဖြစ်ပေါ်လာသော အကုသိုလ်တရားတို့ကိုလည်း ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် သိမ်းဆည်း ရှုပွားရမည်ဟု လက်ခံနိုင်ငြားအံ့ --- ဤ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင်လည်း ယင်း အယောနိသောမနသိကာရကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားတို့ကို သိမ်းဆည်း ရှုပွားခြင်းကို အသင်သူတော်ကောင်းသည် အဘယ်အကြောင်းကြောင့် လက်မခံနိုင်ပါသနည်း? စဥ်းစားပါ။
如果你能够接受:这些不善法正是由于自己的不如理作意而在自己的名相续中生起;也能够接受:对于如此生起的不善法,也必须运用三种遍知之慧加以把握、观修,直至清楚分别了知——那么,在这个名业处部分,贤善的你为何不能接受把握、观修以这种不如理作意为因而生起的不善法呢?请思考。
တစ်ဖန် ကုသိုလ်တရားတို့ကိုသာ တိုးပွားအောင် ကြိုးစားအားထုတ်သင့်၏၊ အကုသိုလ်တရားတို့ကို တိုး ပွားအောင် မကြိုးစားသင့်ဟု အကြောင်းပြပြန်၏။
又有人提出理由说:只应努力使善法增长,不应努力使不善法增长。
သရာဂစိတ် စသော အကုသိုလ်တရားတို့ အဝင်အပါ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ပရိညာပညာ သုံးမျိုးတို့ ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည်ကား အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သော လောကီသတိပဋ္ဌာန် ကျင့်စဥ်ပင် ဖြစ်၏။
为了以三种遍知之慧清楚分别有贪心等不善法在内的五取蕴而精勤修习,正是应在圣道之前完成、称为前分念处道的世间念处修行。
လောကီမဂ္ဂသစ္စာတရားတို့ကို ပွားများခြင်းပင် ဖြစ်၏။
这正是在修习、培育世间道谛诸法。
၁။ မဖြစ်ပေါ်လာသေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင်၊ ၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင်၊ ၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်၊ ၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းပင် ဖြစ်၏။
这正是在努力:1.使尚未生起的不善法不生;2.使已经生起的不善法得以舍断;3.使尚未生起的善法生起;4.使已经生起的善法增长。
၁။ အကုသိုလ်တရားတို့ကို ပိုင်းခြားသိတတ်သော နာမရူပပရိစ္ဆေဒဉာဏ်၊ ၂။ ယင်းအကုသိုလ်တရားတို့၏ အကြောင်းတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟ ဉာဏ်၊ ၃။ အကြောင်းတရားနှင့် တကွသော ယင်းအကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာ အသုဘအခြင်းအရာကို ထိုးထွင်းသိသော ဝိပဿနာဉာဏ် --- ဤဉာဏ် အသီးအသီးတို့ကို ရရှိအောင်သာ ကြိုးပမ်းနေခြင်းပင် ဖြစ်၏၊ အကုသိုလ်တရားတို့ကို တိုးပွား အောင် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။
所努力的,只是为了获得以下每一种智:1.能够分别了知不善法的名色分别智;2.能够分别、把握这些不善法之因的缘摄受智;3.能够洞察这些不善法连同其因之无常相、苦相、无我相、不净相的观智;并不是在努力使不善法增长。
တစ်ဖန် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။
也不是在努力使尚未生起的不善法生起。
သတ္တဝါတို့ကား ကုသိုလ်တရားတို့ အပေါ်၌သာ အစွဲကြီး စွဲကြသည် မဟုတ်၊ အကုသိုလ်တရားတို့ အပေါ်၌ လည်း အစွဲကြီး စွဲနေကြ၏။
众生不只深深执著于善法,也会深深执著于不善法。
''ငါ့လောဘက သူများလောဘနှင့် တူတာမဟုတ်ဘူး'' ''ငါ့ဒေါသက သူများဒေါသနှင့် တူတာမဟုတ်ဘူး'' ''ငါ့မာနက သူများမာနနှင့် တူတာမဟုတ်ဘူး'' ''ငါ့စိတ်က သူများစိတ်နှင့် တူတာမဟုတ်ဘူး'' --- ဤသို့ စသည်ဖြင့် အကုသိုလ်တရားတို့ အပေါ်၌လည်း အစွဲကြီး စွဲနေတတ်၏။ တစ်ဖန် မိမိတို့ စွဲလမ်း ယုံကြည်နေသော အတ္တဝါဒကဲ့သို့သော မိစ္ဆာဒိဋ္ဌိ အယူဝါဒမျိုး၌လည်း အစွဲကြီး စွဲနေတတ်ပြန်၏။
“我的贪和别人的贪不一样。”“我的嗔和别人的嗔不一样。”“我的慢和别人的慢不一样。”“我的心和别人的心不一样。”如此等等,众生也会深深执著于不善法;又会深深执著于自己所执持、信奉的我论等邪见学说。
သို့အတွက် ယင်းအကုသိုလ်တရားတို့ အပေါ်၌ စွဲနေသော တဏှာ-မာန-ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲဖျက်ဆီးနိုင်
因此,为了能够破除对这些不善法的爱执、慢执与见执
原书第 592 页
ရေးအတွက်လည်း ယင်းအကုသိုလ်တရားတို့ကို အနိစ္စာနုပဿနာဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုပွားသုံးသပ်ရခြင်း ဖြစ်ပေသည်။
也必须以无常随观智等诸观智,一再反复地修习、审察这些不善法。
တစ်ဖန် စဥ်းစားပါဦး --- အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် သက်သက်နှလုံးသွင်း၍ မရှုပါနှင့်၊ အာရုံနှင့် မနသိကာရ တိုက်ဆိုင်မှသာ ရှုပါ --- ဟူသော အဆို၌ ထပ်မံစဥ်းစားရန် အချက်တို့လည်း ရှိလာကြပြန် ၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နေ့ညမစဲ လုံ့လသဲနေသော ပကတိသော ဝိပဿကပုဂ္ဂိုလ်၏ သန္တာန်၌ ယောနိသောမနသိကာရကား အဖြစ်များလျက်ပင် ရှိ၏။ တစ်နာရီ နှစ်နာရီ စသည့် အချိန်တို့ပတ်လုံး ဝိပဿနာ ဉာဏ်များ ဆက်တိုက် ဖြစ်နေပါက သရာဂစိတ် စသော အကုသိုလ်တရားတို့ကား ရာဂ စသည်ဖြစ်အောင် သက်သက် နှလုံး မသွင်းခဲ့လျှင် ဖြစ်ခွင့် မရနိုင်ကြပေ။ ဝိပဿနာကို မပွားများသော အချိန်အခါတို့၌သာလျှင် ဖြစ်ခွင့် ရကောင်း ရနိုင်၏။ သို့သော် အယောနိသောမနသိကာရ ရှိပါမှသာ ရနိုင်၏။
再想一想:“不要为了令不善法生起而特意作意后观照;只在所缘与作意相合时才观照。”对于这种主张,还有若干应再加思考之处。一位日夜不懈修习毗婆舍那业处的观行者,其心流中如理作意本来就经常生起。若观智连续生起一小时、两小时等时段,那么,只要他没有为了令贪等生起而特意作意,有贪心等不善法就没有生起的机会。它们只可能在不修习毗婆舍那的时候获得生起机会;然而,即使如此,也必须有不如理作意才会生起。
ထိုသို့ ဝိပဿနာဉာဏ်များ မဖြစ်ခိုက် ဝိပဿနာ မရှုခိုက်၌ သရာဂစိတ် စသည့် အကုသိုလ်တရားတို့ ဖြစ် ခဲ့သော် ဝိပဿနာ မပွားများချိန် ဖြစ်နေသဖြင့် ထိုအကုသိုလ် နာမ်တရားတို့ကို ဃနဟုခေါ်သော နာမ်တုံးနာမ်ခဲ လေးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနိုင်ရေးမှာလည်း အလှမ်းဝေး နေဦးမည်သာ ဖြစ်၏။ တစ်ဖန် ယင်းနာမ်တရား အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းနိုင်ရေးမှာလည်း ဝိပဿနာဉာဏ် သို့မဟုတ် နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ခိုက် မဟုတ်သဖြင့် ပို၍ ပို၍ပင် ခက်ခဲဖွယ်ရာ ရှိ၏။ ဝိပဿနာဉာဏ် ဖြစ်ခိုက် သို့မဟုတ် နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ခိုက်၌သာ ရှု၍ ရနိုင်သော တရားများဖြစ်သောကြောင့်တည်း။ နာမရူပပရိစ္ဆေဒဉာဏ် အဝင်အပါ ဖြစ်သော ဝိပဿနာဉာဏ် တို့ဖြင့်သာ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဃနပြိုအောင် ပရမတ်သို့ဆိုက်အောင် သိနိုင်သော တရားများသာ ဖြစ်-
如果有贪心等不善法恰在观智未生起、没有修观的间隙生起,那么,由于当时并未修习毗婆舍那,要以智破除称为“密集”的四种名法团块,使智见抵达究竟法而观见这些不善名法,仍然相去甚远。再者,当时既非观智或名色分别智生起之际,要依特相、作用、现起、近因分别把握其中每一种名法,就更加困难。因为这些法,只有在观智或名色分别智生起之际才能观见;它们是只有依包含名色分别智在内的诸观智,才能使智见抵达刹那现在、破除密集、抵达究竟法的法
ကြသဖြင့် ဝိပဿနာဉာဏ် မဟုတ်သော ဝိပဿနာဉာဏ် မပါဝင်သော စိတ်တို့ဖြင့် ရှုနေခြင်းမှာ အဓိပ္ပါယ် ကင်းမဲ့ နေမည်သာ ဖြစ်၏။ ဝိပဿနာဉာဏ် မပါသည့် ရိုးရိုးစိတ်တို့ဖြင့် ယင်းအကုသိုလ်တရားတို့၏ လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှု ရနိုင်-မရနိုင်ကိုကား အသင်သူတော်ကောင်း ကိုယ်တိုင်ပင် လက်တွေ့သုတေသန ပြုကြည့်ပါ။
所以,用并非观智、不含观智的心去观照它们,终究没有意义。至于以不含观智的普通心,究竟能否观见这些不善法的特相、作用、现起、近因,贤善的你不妨亲自实际检验。
တစ်ဖန် မဟာနာဂမထေရ်မြတ်ကြီးတို့၏ သန္တာန်၌မှာကဲ့သို့ နှစ်ပေါင်း (၆ဝ)ခန့်လောက်ကြာအောင် ကိလေသာတို့ကို စျာန်သမာပတ်တို့၏ စွမ်းအားဖြင့်လည်းကောင်း၊ ဝိပဿနာဉာဏ်တို့၏ စွမ်းအားဖြင့်လည်း ကောင်း ခပ်ကြာကြာ ခွာထားနိုင်ခဲ့သော် ထိုမျှကာလပတ်လုံး ယင်းကိလေသာတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခွင့် မရခဲ့သော် ယင်းကိလေသာတို့ကို ဝိပဿနာမရှုဘဲ ထားရတော့မည်လော? ဤသည်မှာလည်း စဥ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။
再者,像摩诃那伽大长老的心流那样,若以禅那等至之力或观智之力,能够把诸烦恼长久隔离约六十年,以致在这整段时间里,这些烦恼都没有机会以生、住、坏而明显生起,难道就应当完全不观照这些烦恼吗?这也是一个值得思考的问题。
တစ်ဖန် သမုဒယသစ္စာတရားတို့တွင် တဏှာသည် ပြဓာန်းလျက် ရှိ၏။ လက်ရှိ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အကြောင်းရင်း သမုဒယသစ္စာ တဏှာကား အတိတ်က ဤဘဝ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ဖြစ်စေမည့် ကံကို ပြုစုပျိုးထောင်ခဲ့စဥ်က ဖြစ်ခဲ့၏၊ တစ်ဖန် ဤဘဝ၌ ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာ တဏှာကား နောင်အနာဂတ်ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်းသာ ဖြစ်၏။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တို့တွင် ယင်းသမုဒယသစ္စာလည်း ပါဝင်လျက် ရှိ၏။ ဝိပဿနာဉာဏ်ဖြင့် သိအောင် ရှုရမည့်တရား ဖြစ်၏။
再者,在集谛诸法中,爱居于主导。作为当前五蕴之因的集谛之爱,是在过去培育能产生今生五蕴——苦谛诸法——之业时生起的;而今生所培育的集谛之爱,只是未来五蕴——苦谛诸法——之因。作为集谛的这种爱,也属于观智的所观对象,是必须以观智如实观见的法。
ကြောင်း-ကျိုး ဆက်ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ပါဝင်၏။
这种因果相续关系,属于缘起部分。
သဠာယတနကြောင့် ဖဿဖြစ်ပုံ၊ ဖဿကြောင့် ဝေဒနာဖြစ်ပုံ၊ ဝေဒနာကြောင့် တဏှာဖြစ်ပုံ စသည့် ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် သိမြင်အောင် ရှုရမည် ဖြစ်၏။
禅修者必须以观智观见:六处如何缘触,触如何缘受,受如何缘爱,等等因果相续之理。
原书第 593 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ထိုသို့ ရှုရာ၌ ယောဂါဝစရပုဂ္ဂိုလ်ဘက်က ယောနိသော မနသိကာရကို ရှေ့သွားပြုထားသဖြင့် ဝေဒနာ ကြောင့် တဏှာ မဖြစ်ခဲ့သော် ရှေ့သို့ ဆက်လက်၍ မရှုသေးဘဲ တဏှာဖြစ်သည်တိုင်အောင် ထိုင်၍ စောင့် နေရဦးမည်လော? စဥ်းစားသင့်လှပေ၏၊ စဥ်းစားထိုက်လှပေ၏။
如此观照时,由于禅修者这一方以如理作意为先导,受若没有缘生爱,难道他就要停下后续观照,坐在那里一直等到爱生起吗?这的确非常值得、也应当认真思考。
ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားမှန်ပါက၊ ယောဂါဝစရပုဂ္ဂိုလ်ကလည်း ရှု၍ရနိုင်သည့် တရားမှန် ပါက မည်သည့်တရားကို မဆို အချိန်မရွေး ဝိပဿနာရှု၍ရအောင် ယောဂါဝစရပုဂ္ဂိုလ်ဘက်က ကြိုးစားထား သင့်သည်သာ ဖြစ်သည်။ မိမိ ရရှိထားပြီး စျာန်တရားမှန်ခဲ့လျှင်လည်း အချိန်မရွေး ဝိပဿနာရှု၍ ရနိုင်အောင် ကြိုးပမ်းထားသင့်၏။ အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသော ကိလေသာမှန်ခဲ့လျှင်လည်း အချိန်မရွေး ဝိပဿနာ ရှု၍ ရနိုင်အောင် ကြိုးပမ်းထားသင့်သည်သာ ဖြစ်၏။
只要某法确实是观智的所观对象,而且禅修者确实能够观见,禅修者就应当努力训练,使自己无论何时都能对任何这样的法修习毗婆舍那。若是自己已经证得的真实禅那,也应训练到随时都能观照;若是尚未被圣道断除的任何烦恼,也同样应训练到随时都能观照。
အထက်တွင် ဖော်ပြခဲ့သော စိတ္တာနုပဿနာသတိပဋ္ဌာန်ပါဠိတော် (မ-၁-၇၆။)နှင့် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ (မ-ဋ္ဌ-၁-၂၈၅။)တို့၏ ညွှန်ကြားထားတော်မူချက်ကိုပင် ပြန်လည်၍ ဖတ်ရှုကြည့်ပါ။
请再读一遍上文所引心随观念处的巴利经文(《中部》1-76)及《大念处经义注》(《中部义注》1-285)的教导。
၁။ ရံခါ အဇ္ဈတ္တ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို၊ ၂။ ရံခါ ဗဟိဒ္ဓ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို၊ ၃။ ရံခါ အဇ္ဈတ္တ-ဗဟိဒ္ဓ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုရန် ညွှန်ကြားထားတော်မူ၏။ စိတ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း နာမ်ရုပ်တို့ကို ဝိပဿနာ ရှုပွားသုံး သပ်ရန်သာ ညွှန်ကြားထားတော်မူသော ဒေသနာတော်တို့သာ ဖြစ်ကြ၏။ ထိုကြောင့် ယင်းပါဠိတော်နှင့် အဋ္ဌ- ကထာအဖွင့်တို့သည် ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို မပြတ်ရှုမှတ်ရန် ညွှန်ကြားနေသော ဒေသ- နာတော်များ မဟုတ်ကြသည်ကိုကား စိတ်ချယုံကြည်စွာဖြင့် ရိုသေစွာ နာယူမှတ်သားလေရာသည်။
经文教导:1.时而反复、一再观照内在有贪心等十六种心;2.时而反复、一再观照外在有贪心等十六种心;3.时而反复、一再观照内外有贪心等十六种心。这些教说所指示的,只是这样一种修法:以心为先把握名色,继而寻查诸因,再对连同诸因的这些名色修习毗婆舍那、加以审察。因此,应当恭敬而确信地领会:这些巴利经文与义注的解释,并不是在教人不分概念法与究竟法,随自己想观什么、想怎样观,便不间断地随意观照。
သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် အောင်မြင်ပြီ
四念处第二阶段全部完成
ဤတွင် --- ၁။ အဇ္ဈတ္တ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း၊ ၂။ ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း၊ ၃။ အဇ္ဈတ္တ-ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း --- ဟူသော သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် ကျင့်စဥ်ကား အောင်မြင်ပြီးဆုံးပြီ ဖြစ်ပေသည်။ ကာယာ- နုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော အာနာပါနဿတိသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ရုပ် နာမ်တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ သိမ်းဆည်းပုံ အစီအရင်ပင် ဖြစ်ပေသည်။
至此,四念处第二阶段的修法——1.把握内在的身、受、心、法;2.把握外在的身、受、心、法;3.把握内外的身、受、心、法——已经全部圆满完成。这一整套次第,是以身随观念处所摄的入出息念定作为观修的基础,在内在与外在两处把握色名。
ယခုအခါ အသင်သူတော်ကောင်းသည် အာနာပါနကမ္မဋ္ဌာန်းကို အစီအစဥ်တကျ တစ်ဆင့်ပြီး တစ်ဆင့် ပွားများ အားထုတ်ခြင်းဖြင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိ၏ တည်ရာ ဝိပဿနာဉာဏ်၏ တည်ရာ အာရုံလေးမျိုးကို = သတိပဋ္ဌာန်လေးပါးကို သိမ်းဆည်း ရှုပွားခြင်း ကိစ္စလည်း အကျုံးဝင်သွားပြီ ဖြစ်သည်ကို သဘောပေါက်သင့်လောက်ပေပြီ။
如今,贤善的你循序渐进、逐阶修习入出息业处,应已足以明白:在这一过程中,也同时包含了把握、观修作为念之住处与观智所缘的身、受、心、法四法——即四念处——这一项工作。
原书第 594 页
သတိပဋ္ဌာန်ကျင့်စဥ် တတိယဆင့်
念处修行第三阶段
ယခုတစ်ဖန် အသင်သူတော်ကောင်းသည် ရှေ့သို့ ဆက်လက်၍ ကျင့်ရမည့် သတိပဋ္ဌာန် လေးပါးလုံး၌ တတိယဆင့်ကို ဆက်လက် တင်ပြပေအံ့။
现在,贤善的你应继续向前修习;下面将接着说明四念处共同的第三阶段。
၁။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ-၁-၇၁။ ) ၂။ သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။ (မ-၁-၇၅။ ) ၃။ သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။ (မ-၁-၇၆။ ) ၄။ သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။ (မ-၁-၇၇-၇၈။ ) ၁။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ်နည်း ရူပကာယ နာမကာယ၌) ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်း သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ် နည်း ရူပကာယ နာမကာယ၌) ပျက်ကြောင်းတရား = ချုပ်ကြောင်းတရားနှင့် ပျက်ခြင်းသဘော = ချုပ်ခြင်းသ
“或于身随观生法而住,或于身随观灭法而住,或于身随观生灭法而住。”(《中部》1-71。)2.“သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။”译:“或于诸受随观生法而住,或于诸受随观灭法而住,或于诸受随观生灭法而住。”(《中部》1-75。)3.“သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။”译:“或于心随观生法而住,或于心随观灭法而住,或于心随观生灭法而住。”(《中部》1-76。)4.“သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။”译:“或于诸法随观生法而住,或于诸法随观灭法而住,或于诸法随观生灭法而住。”(《中部》1-77—78。)缅文释义:1.他或反复、一再地观照色身——即色法的聚集〔另一种解释:色身与名身〕——的生起之因与生起本身而住;他或反复、一再地观照色身——即色法的聚集〔另一种解释:色身与名身〕——的止息之因,以及止息
ဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ်နည်း ရူပကာယ နာမကာယ၌) ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော၊ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ-၁-၇၁။) ၂။ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ဝေဒနာတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏၊ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော၊ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ-၁-၇၅။) ၃။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း
本身而住;他或反复、一再地观照色身——即色法的聚集〔另一种解释:色身与名身〕——的生起之因与生起本身、止息之因与止息本身而住。(《中部》1-71。)2.他或反复、一再地观照诸受的生起之因与生起本身而住;或反复、一再地观照诸受的止息之因与止息本身而住;或反复、一再地观照诸受的生起之因与生起本身、止息之因与止息本身而住。(《中部》1-75。)3.他或反复、一再地观照心的生起之因与生起本身而住;或反复、一再地观照心的止息之因与止息本身而
နေ၏၊ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော၊ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ-၁-၇၆။) ၄။ ဓမ္မသဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ဓမ္မသဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ် ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ဓမ္မသဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော၊ ချုပ် ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။
住;或反复、一再地观照心的生起之因与生起本身、止息之因与止息本身而住。(《中部》1-76。)4.他或反复、一再地观照诸法的生起之因与生起本身而住;或反复、一再地观照诸法的止息之因与止息本身而住;或反复、一再地观照诸法的生起之因与生起本身、止息之因与止息本身而住。
(မ-၁-၇၇-၇၈။)
(《中部》1-77—78。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。