所见唯是所见
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 51–52 页 · 11 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 51 页
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ
所见唯是所见
အထက်တွင် ဖော်ပြထားခဲ့သော ---- ''ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် = ရပ်စေအပ်ပြီးသည်ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍ သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယာမနောဓာတ်နှင့် ဝုဋ္ဌော၏အကြား၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း၊ သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း၊ သန္တီရဏ၌သော်လည်းကောင်း ဝီထိစိတ်အစဥ်သည် တန့်ရပ်၍ ဆုတ်နစ် သွားလတ္တံ့ = ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်းအရာသည် မရှိသည်သာတည်း။'' (အဘိ-ဋ္ဌ- ၁-၃ဝ၉-၃၁ဝ။) ---- ဟူသော ဤစကားရပ်မှာလည်း ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဥ်ကို ကျင့်လိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်တို့သည် အထူးမှတ်သားထားရမည့် စကားတစ်ရပ်ပင် ဖြစ်ပေသည်။
前文曾引:“当唯作意界使有分转动、止息以后,心路不可能尚未到达对所缘作可意、不可意等判断的确定心,便在五门转向这一唯作意界与确定之间,于眼识、领受或推度处停住、退没而落入有分。”(《殊胜义注》1-309—310。)这段话,也是想要修习“所见唯是所见”的瑜伽行者特别应当牢记的一段。
ယင်းစက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိတို့တွင် ရူပါရုံကို မြင်တတ် သော ဒဿနကိစ္စကို ရွက်ဆောင်တတ်သော တရားမှာ စက္ခုဝိညာဏ် ဖြစ်၏။
在眼门心路以及随后继续缘取该色所缘的诸意门心路中,执行看见色所缘这一见作用的法,是眼识。
ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ-ဋ္ဌ-၁-၃၂ဝ။) ဒိဋ္ဌေ ဒိဋ္ဌမတ္တံ-အရ ''မြင် မြင်ကာမတ္တ စိတ်ထားရမည်''ဟူသော အချက်နှင့် ပတ်သက်၍ အယူအဆ မလွဲမှားရန်ကား သတိပြုရမည် ဖြစ်သည်။ ''မြင် မြင်ကာမတ္တ စိတ်ထားရမည်'' ဟူသောအချက်ကို ''မြင်ရုံတွင်သာ စိတ်ထားရန် နောက်ထပ် ထိုရူပါရုံအပေါ်၌ စိတ်များ ထပ်မဖြစ်အောင် ကျင့်ရန် ညွှန်ကြားတော်မူသည်ဟု ယူဆ ခဲ့လျှင်ကား၊ မြင်တတ်သောတရားမှာ စက္ခုဝိညာဏ်ဖြစ်၍ ထိုစက္ခုဝိညာဏ်၏ နောက်၌ ဝီထိစိတ်များ ထပ်မဖြစ် အောင် ကျင့်ရမည်ဟု ဆိုသည်နှင့် အဓိပ္ပါယ်တူလျက် ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက်၊ နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင်ကား မကျင့်နိုင်၊ ကျင့်၍ မရနိုင်၊ အောက်ထစ်ဆုံးအားဖြင့် စက္ခုဝိညာဏ်ဖြစ်ပြီးနောက် ဝုဋ္ဌောသို့ မရောက်သေးဘဲ ဝီထိစိတ်အစဥ်၏ တန့်ရပ်ခြင်းမည်သည် မဖြစ်ကောင်းသောကြောင့်ပင်တည်း။ အထက်ပါ
“严格说来,唯有眼识完成见的作用。”(《殊胜义注》1-320。)关于“所见唯是所见”所说的“应把心保持在只是看见”,必须谨防误解。若把它理解为“心只停留在看见,不让心继续在该色所缘上生起”,那就等于说:执行看见的法是眼识,因此应修到眼识之后不再有后续路心。但眼识生起以后,要使后续路心不再生起,是无法修成、绝不可能的;因为眼识之后,心路至少必须继续到确定,不能在尚未到达确定时中止。请参照上述——
အဋ္ဌကထာစကားတော်ကို ထောက်ရှုပါ။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက် နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင် သာဝကများကို မဆိုထားဘဲ ဘုရားရှင်သော်မှလည်း ကျင့်၍ကား မရနိုင်သော အရာဌာနပင် ဖြစ်သည်။ အဘိဓမ္မာ စည်းမျဥ်းကို မကျော်လွှားနိုင်သောကြောင့် ဖြစ်၏။
——义注之说。眼识之后不再生起后续路心,这不只声闻做不到,即使佛陀也不可能如此修成,因为任何人都不能越过阿毗达磨的定则。
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“所见唯是所见”的旨义如下。
၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏။
1.色所缘因为是被见之法,称为“所见(diṭṭha)”。
၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရ၌ ဖြစ်ကုန်သော စိတ်စေတသိက် နာမ်တရားစုတို့သည်လည်းကောင်း၊ ထိုရူပါရုံကိုပင် ဆက်လက် အာရုံယူကြသည့် မနောဒွါရိက စိတ်စေတသိက် နာမ်တရားစုတို့သည်လည်း- ကောင်း ထိုရူပါရုံကို မြင်တတ်သောကြောင့် ဒိဋ္ဌ မည်၏။
2.与眼识一起在该眼门中生起的心、心所名法,以及在继续缘取同一色所缘的意门心路中生起的心、心所名法,因为能见该色所缘,也称为“所见(diṭṭha)”。
ယင်းမြင်အပ်သောတရား မြင်တတ်သောတရားတို့ကို မှီရာဝတ္ထုရုပ်နှင့် တကွ သိမ်းဆည်း၍ အကြောင်း
把这些被见之法与能见之法连同所依色一起把握,再找出它们的因——
原书第 52 页
တရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ဖြစ်ကုန်သော ယင်း ဒိဋ္ဌ အမည်ရသည့် မြင်အပ် မြင်တတ်သော တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခဲ့သော် ယင်းဝိပဿနာဉာဏ်တို့က ယင်းမြင်အပ် မြင်တတ်သော ဒိဋ္ဌတရားတို့ အပေါ်၌ တွယ်တာ တပ်မက်နေသည့် ရာဂ ဒေါသ မောဟတို့ကို တဒင်္ဂအားဖြင့် ပယ်ခွာနိုင်မည် ဖြစ်၏။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာကုန်သော အရိယမဂ်တရားတို့က ရာဂ ဒေါသ မောဟတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်ကြမည် ဖြစ်၏။ ဤသို့လျှင် မြင်ခိုက်၌ ဖြစ်ပေါ်သွားကြကုန် သော အကြောင်းတရားနှင့် တကွ ဖြစ်ကုန်သော ယင်းဒိဋ္ဌတရားတို့ အပေါ်၌ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရအောင် ကျင့်ပါဟု ဆိုလိုရင်း ဖြစ်ပေသည်။ အကျယ်ရှုကွက်သည် နောက်၌ ထင်ရှားလတ္တံ့။
——法;随后,对这些连同因法而生、称为“所见”的被见之法与能见之法,轮流标举无常、苦、无我三相而修观、审察。如此,观智便能对黏着、贪著于这些所见法的贪、嗔、痴作彼分断;在诸观智终了时生起的圣道法,则会以正断将贪、嗔、痴无余断除。这段教示的意思是:应当修行,使贪、嗔、痴不再有机会依这些连同因法的所见法而生起。详细观法将在后文说明。
(ဗာဟိယသုတ်၊ ဥဒါန်းအဋ္ဌကထာ-၈၁-၈၂ - တို့၌ ကြည့်ပါ။)
(参见《婆醯经》(Bāhiya Sutta)及《自说义注》81—82。)