六种心路

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 37–38 页 · 20 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 37 页
ဝီထိ (၆) ပါး
六种心路
ဝီထိဟူသည် စိတ္တပ္ပဝတ္တိတည်း။ စိတ္တပ္ပဝတ္တိဟူသည် ကိန်းသေမြဲသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဥ်အားဖြင့် ဖြစ်နေကြသော စိတ်များတည်း၊ စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဥ်အားဖြင့် အစီ အစဥ်တကျ ဖြစ်နေကြသော စိတ်များကို ဝီထိဟု ခေါ်သည်။ ထိုစိတ္တပ္ပဝတ္တိကို ဝီထိဟု ခေါ်ဆိုရာ၌လည်း ထိုထို ဒွါရနှင့် မသက်ဆိုင်သော ဒွါရမှ အလွတ်ဖြစ်၍ ဒွါရဝိမုတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ ဖြစ်ခြင်း ပဝတ္တိကိုကား ဝီထိဟု မခေါ်ဆိုနိုင်၊ ထိုထို ဒွါရ၌ ဖြစ်သော စိတ္တပ္ပဝတ္တိကိုသာ ဝီထိဟု ခေါ်ဆိုပေသည်။
“心路”(vīthi)就是心的转起(cittappavatti)。所谓心的转起,是诸心依固定的心定律轨道次第生起。依心定律轨道有次序地生起的诸心,称为心路。不过,并非所有心的转起都称为心路:与各门无关、离于门而称为离门心(dvāravimutta)的结生心、有分心和死亡心之生起,不称为心路;唯有在各门中发生的心之转起,才称为心路。
ဤဝီထိ အမည်ရသော နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်ပြီး ဖြစ်ရကား ဝီထိစိတ်တို့ကို သိမ်းဆည်းလျှင် ဘဝင်စိတ်တို့ကိုလည်း သိမ်းဆည်းပြီးပင် ဖြစ်သည်။
禅修者把握这些称为心路的名法时,也已能把握有分意净界;因此,把握路心,也就一并把握了有分心。
ဤ၌ ဘဝင်မနောအကြည်ဓာတ်ကိုသာ အထူးဆိုလိုပါသည်၊ ဘဝင်နာမ်တရားတို့ကို မဆိုလိုသေးပါ။ ဘဝင်စိတ် တို့ကို သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပဋိသန္ဓေစိတ် စုတိစိတ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရန်မှာ မခက်ခဲတော့ပြီ ဖြစ်သည်။ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း (၆)မျိုး ရှိကြသည်။
这里特别是指有分意净界本身,还不是说有分名法。对于已经能够把握有分心的禅修者,继续把握结生心与死亡心已经不难。这些心路共有如下六种。
စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ - ဟု ဒွါရ၏ အစွမ်းဖြင့် ဝီထိ (၆)မျိုး ရှိ၏။
从门而言,有眼门心路、耳门心路、鼻门心路、舌门心路、身门心路、意门心路六种。
စက္ခုဝိညာဏဝီထိ၊ သောတဝိညာဏဝီထိ၊ ဃာနဝိညာဏဝီထိ၊ ဇိဝှါဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ - ဟု ဝိညာဏ်၏ အစွမ်းဖြင့်လည်း ဝီထိ (၆)မျိုး ရှိ၏။
从识而言,也有眼识心路、耳识心路、鼻识心路、舌识心路、身识心路、意识心路六种。
ထိုဝီထိတို့ကို ဒွါရနှင့် စပ်၍လည်း နာမည် တပ်နိုင်၏။ စက္ခုဒွါရ (မနောဒွါရ)၌ ရူပါရုံထင်လာလျှင် ထိုရူပါရုံ ကို အာရုံပြုသော စိတ်အစဥ်သည် စက္ခုဒွါရဝီထိ မည်၏။
这些心路也可依门命名。当色所缘显现于眼门(以及意门)时,缘取该色所缘的心相续,称为眼门心路。
စက္ခုပသာဒ (စက္ခုဒွါရ)၌ ရူပါရုံ ထိခိုက်သည့်အခါ မနောဒွါရဟူသော ဘဝင်မနောအကြည်ဓာတ်၌လည်း ယင်းရူပါရုံသည် တစ်ပြိုင်နက် ထင်လျက် ရှိလေသည်။ ဤသို့လျှင် ရူပါရုံ စသောအာရုံ (၅)မျိုးသည် နှစ်ဒွါရ နှစ်ဒွါရတို့၌ ထင်လေ့ရှိသော်လည်း မနောဒွါရမှာ အာရုံအားလုံးနှင့် ဆက်ဆံနေသောကြောင့် မနောဒွါရ၌ ထင်လာ သည်ဟု အထူးမပြတော့ဘဲ အများနှင့် မဆက်ဆံသော ဒွါရဖြင့် ပိုင်းခြား၍ ရူပါရုံသည် စက္ခုဒွါရ၌ ထင်သည်ဟု အသာဓာရဏနည်းအားဖြင့် ပြတော်မူသည်။ ထိုဝီထိစိတ်အစဥ်ကိုလည်း စက္ခုဒွါရဝီထိဟု အသာဓာရဏနည်း အားဖြင့် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ ထိုဝီထိစိတ်အစဥ်ဝယ် စက္ခုဝိညာဏ်နှင့် တကွသော (၈)လုံးသော သမ္ပယုတ်တရားစုသည်သာလျှင် စက္ခုဒွါရ (စက္ခုအကြည်ဓာတ်)ကို မှီဖြစ်၍ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း စသော စက္ခုဒွါရဝီထိစိတ်အားလုံးတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြသည်။
色所缘撞击眼净色(眼门)时,也同时显现于称为意门的有分意净界。这样,色所缘等五所缘虽然每一种通常都显现于两个门,但意门与一切所缘都有关联,所以不再特别说明“显现于意门”,而以不与其他所缘共通的门来作区别,依不共门立名的方式,说色所缘显现于眼门;该路心相续也依同一方式命名为眼门心路。在这一路心相续中,只有眼识及与之相应的心所,共八种名法,依眼门——即眼净色——而生;五门转向、领受等其余一切眼门路心,则以有分意净界为门,依心所依处而生。
သို့သော်လည်း အများနှင့် မဆက်ဆံသော စက္ခုဒွါရဖြင့် မှတ်သား၍ အသာဓာရဏနည်းအားဖြင့် စက္ခုဒွါရဝီထိ ဟုပင် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူ မှတ်ပါ။
不过,仍以不与其他所缘共通的眼门作为标志,依不共门立名的方式,将它命名为眼门心路。耳门心路等也应作同样理解。
တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း ဝီထိ နာမည်ကို မှတ်သားရမည်။ စက္ခုဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်တည်း။ သောတဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်တည်း။ ဃာနဒွါရ ဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိများလည်း ဤနည်းပင်တည်း။
又应了解依识而立的心路名称。眼门心路依次包括:五门转向、眼识、领受、推度、确定、七次速行、两次彼所缘。耳门心路则包括:五门转向、耳识、领受、推度、确定、七次速行、两次彼所缘。鼻门心路、舌门心路和身门心路也同此理。
ဤဝီထိများ၌ ထူးခြားသောစိတ်ကား စက္ခုဝိညာဏ် သောတဝိညာဏ်စသော ဝိညာဏဓာတ်များတည်း။
这些心路中各自独特的心,是眼识、耳识等识界。
ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့ကား ပဉ္စဒွါရဝီထိတိုင်း လိုလို၌ ပါဝင်လျက် ရှိကြသဖြင့် မထူးခြားချေ၊ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ သောတဝိညာဏဝီထိ စသည်
五门转向、领受、推度、确定、速行和彼所缘几乎每一种五门心路都有,因而并不独特。因此,也可依其中独特的识来辨名,以“眼识心路”“耳识心路”等——
原书第 38 页
ဖြင့်လည်း အမည်တပ်၍ ခေါ်ဝေါ်သုံးစွဲနိုင်ပေသည်။
——名称来命名、称说和使用。
တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနဒွါရအလိုက် သိမ်းဆည်း ရမည် ဖြစ်သဖြင့် အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြကုန်သော ဝီထိစိတ်တို့၏ အမည်နာမများကိုလည်း သိထားသင့်ပေသည်။ စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိကြသော ဝီထိစိတ်တို့၏ အမျိုးအစားများမှာ အောက်ပါ အတိုင်း (၇)မျိုး ရှိပေသည်။
再者,禅修者必须依处门把握名法,所以也应了解依各处门生起的路心名称。眼门心路中的路心共有以下七类。
၁။ ပဉ္စဒွါရာဝဇ္ဇန်း = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို ဆင်ခြင်သောစိတ်။ (သောတဒွါရ၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်သောစိတ် ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။) (= ဆင်ခြင်)။
1.五门转向:审察显现于眼门的色所缘之心。(显现于耳门的声所缘等,也应同样理解。)亦即“审察”。
၂။ စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ် (= မြင်သိ) ၃။ သမ္ပဋိစ္ဆိုင်း = (ရူပါရုံ) အာရုံကို လက်ခံသောစိတ် (= လက်ခံ)။
2.眼识:依眼依处而生、了知色所缘的心,亦即“见知”。3.领受:领受色所缘的心,亦即“领受”。
၄။ သန္တီရဏ = (ရူပါရုံ) အာရုံကို စူးစမ်းသောစိတ် (= စုံစမ်း)။
4.推度:考察色所缘的心,亦即“考察”。
၅။ ဝုဋ္ဌော = (ရူပါရုံ) အာရုံကို (ဣဋ္ဌ - အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ချက်ချသောစိတ် (= ဆုံးဖြတ်)။
5.确定:把色所缘判定为可意、不可意等的心,亦即“确定”。
၆။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အာရုံ၏ အရသာကို ခံစားသောစိတ် (= ဇော)။
6.速行:以强劲势力连续生起、体验所缘滋味的心,亦即“速行”。
၇။ တဒါရုံ = ဇော၏ အာရုံကိုပင် ဆက်လက်သိသောစိတ် (= တဒါရုံ)။
7.彼所缘:继续了知速行所取所缘的心,亦即“彼所缘”。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。