增盛说明论(Ussada-kittana-kathā)(下)

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 345–346 页 · 17 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 345 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ''အရှင်ဂေါတမ …တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အရှင်ဂေါတမ …တရားတော် သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အရှင်ဂေါတမ …နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား မှောက် ထားသော အရာဝတ္ထုကို လှန်၍ ပြလိုက်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သော အရာဝတ္ထုကို ဖွင့် လှစ်၍ ပြလိုက်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည် လမ်းမှား၍ နေသောသူအား လမ်းမှန်ကို ပြောကြား ပြသလိုက်ဘိသကဲ့သို့လည်းကောင်း၊ ''မျက်စိအမြင်ရှိကြသော သူတို့သည် အဆင်းရူပါရုံတို့ကို မြင်တွေ့ကြ လိမ့်မည်''ဟု နှလုံးပိုက်၍ အမိုက်မှောင်ထဲ၌ ဆီမီးတန်ဆောင်ကို ထွန်းညှိကိုင်ဆောင်၍ ပြလိုက်ဘိသကဲ့သို့ လည်းကောင်း၊ အရှင်ဂေါတမ …ဤဥပမာများ အတူပင်လျှင် အရှင်ဂေါတမသည် တပည့်တော်အား များ စွာသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ဟောကြားပြသတော်မူပေ၏။ အရှင်ဂေါတမ … ထို
“妙哉,乔答摩尊者!妙哉,乔答摩尊者!犹如扶起倾覆之物、揭开被覆盖之物、为迷路者指示正道,或在黑暗中举起明灯,心想‘有眼者将能看见诸色’;同样,乔答摩尊者也以种种理路、种种方便为我开示了法。乔答摩尊者,我
တပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်း ကပ်ပါ၏။ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု (၁ဝ)တန် ထင်ပေါ် တရားတော်မြတ်ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ ရှစ်ယောက်ထင်ပေါ် အရိယာသံဃာတော်မြတ် အပေါင်းကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ အရှင် ဂေါတမသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် တတ်သော ဥပါသကာ ဒါယကာဟူ၍ အသိအမှတ် ပြုတော်မူပါဘုရား'' --- ဟု ဇာဏုသောဏိပုဏ္ဏားကြီးက လျှောက်ထားသွားလေ၏။ (အံ-၃-၄၇၈-၄၈၂။)
归依乔答摩尊者,以您为庇护、依止;我也归依由诸道、诸果、涅槃与法蕴构成的十项殊胜法,以法为庇护、依止;我也归依由八类圣者组成的圣僧团,以僧团为庇护、依止。乔答摩尊者,请您记持我为从今日起直至命终、终身归依三宝的近事男与施主。”大婆罗门阇努须尼如此说道。(《增支部》3-478—482。)
ခြွင်းချက်အနည်းငယ်
少数例外
အလှူပေးသည့် ပုဂ္ဂိုလ်ဘက်က --- ၁။ ဒုဿီလ = သီလမရှိသည့် ပုဂ္ဂိုလ်ဖြစ်ခြင်း - ၂။ မတရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း - ၃။ မကြည်လင်သော စိတ်ထားရှိခြင်း - ၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်မှု မရှိခြင်းဟူသော အင်္ဂါ လေးရပ်နှင့် ပြည့်စုံနေ၏။
在布施者一方,具足以下四项缺陷:1.破戒(dussīla),即无戒之人;2.所施之物以不正当方法取得;3.心意不清净;4.不信受广大而殊胜的业与业果。
သို့သော် အလှူခံပုဂ္ဂိုလ်ဘက်ကမူ --- ၅။ သီလရှိခြင်း --- ဟူသော အင်္ဂါရပ်နှင့် ပြည့်စုံနေ၏။
然而,在受施者一方,却具足第5项清净条件:持戒。
ဤကဲ့သို့သော အလှူဒါနမျိုးကိုလည်း အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏၊ အကျိုးကြီး၏ဟု ဒက္ခိဏဝိဘင်္ဂ သုတ္တန် (မ-၃-၃ဝဝ)၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။
佛陀在 Dakkhiṇāvibhaṅga Sutta(《布施分别经》,工作译名;《中部》3-300)中说,这样的布施也会因受施者而清净,并有大果报。
အဋ္ဌကထာကလည်း ကလျာဏီမြစ်ဝ၌ နေထိုင်သော တံငါသည်တစ်ဦးကို ပုံစံထုတ်ပြထား၏။ ထိုတံငါ သည်သည် ဒီဃသောမ မထေရ်မြတ်ကြီးအား သုံးကြိမ်တိုင်တိုင် ဆွမ်းလှူခဲ့ဖူး၏။ သေရာ ညောင်စောင်း လျောင်းစက်သောအခါ မရဏာသန္နဇော အခိုက်ဝယ် အရှင်ဒီဃသောမ မထေရ်မြတ်ကြီးအား လှူဒါန်းခဲ့သော ဆွမ်းအလှူနိမိတ် အာရုံထင်လာသဖြင့် --- အယျဿ မံ ဒီဃသောမတ္ထေရဿ ဒိန္နပိဏ္ဍပါတော ဥဒ္ဓရတိ = အရှင်ဒီဃသောမ မထေရ်ကြီးအား လှူဒါန်းအပ်သော ဆွမ်းအလှူဒါနသည် ငါ့ကို ပြုခဲ့ပြီးသော မကောင်းမှု အကုသိုလ်ကံကြောင့် ရရှိမည့် အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်သွားပြီဟု ပြောကြားသွား၏။
义注也以一位住在 Kalyāṇī 河口的渔夫为例。这名渔夫曾三次供养 Dīghasoma 长老钵食。临终卧在床榻上时,在临死速行(maraṇāsanna-javana)之际,他供养 Dīghasoma 长老钵食的布施相显现为所缘,于是说道:“供养 Dīghasoma 长老的钵食正将我救拔出来。”也就是说,“这项供养已经把我从过去所造不善业本会带来的恶趣大难中救拔出来了。”
(မ-ဋ္ဌ-၃-၂၂၇။)
(《中部义注》3-227。)
原书第 346 页
ဤသည်မှာ ခြွင်းချက် အနည်းငယ်သာ ဖြစ်ပါသည်။ ရဟန္တာအရှင်မြတ်ကြီးတို့ကဲ့သို့သော အလွန်သီလ စင်ကြယ်တော်မူသော အလှူခံပုဂ္ဂိုလ်တို့ကို ရရှိခြင်းကြောင့် ထိုအလှူခံပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးတော်တို့က အလွန် ကြီးမားတော်မူသဖြင့် ထိုကဲ့သို့သော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူဒါနသည် အကျိုး ပေးဖို့ရန် အခါအခွင့် သင့်၍ ရင့်ကျက်ခြင်းသို့ ရောက်ရှိပါမှသာလျှင် ထိုဒါနကံက အပါယ်ဘေးမှ တံငါသည် တစ်ဦးကို ထုတ်ဆောင် ကယ်တင်သွားခြင်း ဖြစ်၏။ အကျိုးပေးသည်ဟု ဆိုသော်လည်း ထိုကံ၌ ရှေ့နောက်တွင် အကုသိုလ်များ ခြံရံထားသဖြင့် ထိုကံသည် အညံ့စားကံမျိုးသာ ဖြစ်၏။ သို့သော် ဤကဲ့သို့သော အခွင့်အရေး မျိုးကား ကြုံတောင့် ကြုံခဲလှပေသည်။ ထိုကဲ့သို့သော ကံက အကျိုးပေးဖို့ရန် အခါအခွင့် မသင့်၍ မရင့်ကျက် သေးလျှင်ကား အမြဲလေ့ကျက်နေသော တံငါသည်ဘဝ၏ ပါဏာတိပါတကဲ့သို့သော အာစိဏ္ဏကံက အကျိုး
这只属于少数例外。由于受施者是阿罗汉尊者那样戒行极其清净的人,其德行功德极为广大;只有当供养这种受施者的布施业得到给果机会、成熟到能够给果时,这项布施业才把那名渔夫从恶趣之险中救拔出来。虽说这项业已经给果,但由于它的前后都被不善法包围,所以仍只是一种低劣的业。况且,这样的机会极为难遇。如果这种业尚未获得给果机会、尚未成熟,那么渔夫生涯中因恒常熟习杀生而形成的惯行业(āciṇṇa-kamma),就会更有机会
ပေးဖို့ရန် အခွင့်အလမ်း သာနေမည်သာ ဖြစ်ပေသည်။
先行给果。
ထိုကြောင့် အသင်သူတော်ကောင်းသည် --- ၁။ အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်လိုလျှင် - ၂။ အဆင့်အတန်းမြင့်မားသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့ကို အလိုရှိခဲ့လျှင် - ၃။ သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးမှ ထွက်မြောက်လိုခဲ့လျှင် - အသင်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ၊ ဖြူစင်သန့်ရှင်းအောင် ကြိုးစားပါ။
因此,贤者,若想:1.脱离恶趣的大难;2.获得层次较高的人生、天界生命或梵天生命;3.出离轮回流转的巨大苦难——就应提升自己的心,努力使它清净。
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
“诸恶莫作,众善奉行;”
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ (ဒီ-၂-၄၂။)
“自净其意,是诸佛教。”(《长部》2-42。)
၁။ မကောင်းမှု အကုသိုလ်မှန်သမျှကို မပြုလုပ်ပါနှင့်။
1.不应造作任何恶不善业。
၂။ ကုသိုလ်မှန်သမျှကို ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။
2.应努力圆满一切善法。
၃။ မိမိ၏ စိတ်ကို အဆင့်ဆင့်သော မဂ်ရေစင် ဖိုလ်ရေစင်တို့ဖြင့် အပြီးတိုင် စင်ကြယ်အောင် ဆေးကြော သုတ်သင်ပါ။
3.应以次第生起的道之净水、果之净水,彻底洗净自己的心。
ဤသည်ကား ဂင်္ဂါဝါလု သဲစုမက ပွင့်ပေါ်တော်မူကြကုန်သော အဆူဆူကုန်သော ရှင်တော်မြတ်ဘုရား- တို့၏ အဆုံးအမ သြဝါဒစကားတော်ပေတည်း။ (ဒီ-၂-၄၂။)
这就是比恒河沙数还多、曾出现于世的一切诸佛所留下的教诫。(《长部》2-42。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。