关于彼所缘应知之事

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 125–146 页 · 214 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 125 页
တဒါရုံ အကြောင်း သိကောင်းစရာ
关于彼所缘应知之事
သမ္မောဟဝိနောဒနီ အဋ္ဌကထာအဖွင့်
《迷惑冰消》义注的解释
တဒါရုံ ဟူသည် ဇောယူသည့် အာရုံကိုပင် ဆက်လက်၍ အာရုံယူသည့် ဝိပါက်စိတ်တစ်မျိုး ဖြစ်ကြောင်းကို ရှေးစာမျက်နှာ (၃၈-၄၁)တို့၌ ရှင်းပြထားခဲ့၏။ နာမ်ဝီထိစိတ်အစဥ်များကို သိမ်းဆည်းရှုပွားရာ၌ ဇောများ၏ နောင်၌ ဆက်လက်၍ ဖြစ်ပေါ်လာတတ်သော တဒါရုံတို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရသဖြင့် မည်သည့် ဇောစိတ်များ၏ နောင်၌ မည်သည့်တဒါရုံများ ကျနိုင်သည် မကျနိုင်သည်ဟူသော အကြောင်းအချက်များကိုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့သည် သိထားသင့်ပေသည်။ ဤအချက်နှင့် ပတ်သက်၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ကြီးတွင် အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆိုထားပေသည်။
前文第38—41页已经说明:所谓彼所缘,是一种继续缘取速行所缘的果报心。摄取、观修名心路相续时,还须把可能接在速行之后生起的彼所缘一并摄取、观修;因此,瑜伽行者也应了解:哪些彼所缘能在何种速行心之后生起,哪些不能生起。关于这一点,《迷惑冰消》义注作如下解释。
၁။ ဧကာဒသ တဒါရမ္မဏစိတ္တာနိ နာမဂေါတ္တံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န ဂဏှန္တိ။
十一种彼所缘心,当速行以名称或族姓为所缘而生起时,不执行彼所缘作用。
၂။ ပဏ္ဏတ္တိံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။
速行以概念为所缘而生起时,不得彼所缘。
၃။ တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။
在以三相为所缘的观中,不得彼所缘。
၄။ ဝုဋ္ဌာနဂါမိနိယာ ဗလဝဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။
在趣向出起的强力观中,不得彼所缘。
၅။ ရူပါရူပဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။
速行以色界、无色界诸法为所缘而生起时,不得彼所缘。
〔ရူပါရူပဓမ္မေတိ ရူပါရူပါဝစရေ ဓမ္မေ။ (မူလဋီ-၂-၁ဝ၃။)〕
“所谓色界、无色界诸法,是指色界及无色界范围内的诸法。”(《根本复注》2-103。)〕
၆။ မိစ္ဆတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။
在邪性决定法上,不得彼所缘。
၇။ သမ္မတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။
在正性决定法上,不得彼所缘。
၈။ လောကုတ္တရဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။
速行以出世间法为所缘而生起时,不得彼所缘。
၉။ အဘိညာဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။
速行以神通智为所缘而生起时,不得彼所缘。
၁ဝ။ ပဋိသမ္ဘိဒါဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။
速行以无碍解智为所缘而生起时,不得彼所缘。
၁၁။ ကာမာဝစရေ ဒုဗ္ဗလာရမ္မဏေ တဒါရမ္မဏံ န လဗ္ဘတိ။
对于欲界的微弱所缘,不得彼所缘。
၁၂။ ဆသု ဒွါရေသု ဗလဝါရမ္မဏေ အာပါထဂတေယေဝ လဗ္ဘတိ။
唯有强力所缘进入六门的范围时,才有彼所缘。
၁၃။ လဗ္ဘမာနဉ္စ ကာမာဝစရေယေဝ လဗ္ဘတိ။
即使有彼所缘,也只在欲界中才有。
၁၄။ ရူပါရူပဘဝေ တဒါရမ္မဏံ နာမ နတ္ထိ။ (အဘိ-ဋ္ဌ-၂-၁၇၄။) ၁။ မဟာဝိပါက်စိတ် ---- ၈ - မျိုး ၂။ အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ ---- ၁ - မျိုး ၃။ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ---- ၁ - မျိုး ၄။ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ---- ၁ - မျိုး အားလုံးပေါင်းသော် ---- ၁၁ - မျိုး ဤသည်တို့ကား ဇောယူသည့် အာရုံကို ဆက်လက်ယူသည့် တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သည့် စိတ် (၁၁)မျိုးတို့ ဖြစ်ကြသည်။
在色界有与无色界有中,不存在所谓彼所缘。(《阿毗达磨义注》2-174。)能够执行彼所缘作用、继续缘取速行所缘的十一种心是:1.大果报心——8种;2.悦俱善果报推度心〔无因〕——1种;3.舍俱善果报推度心〔无因〕——1种;4.舍俱不善果报推度心〔无因〕——1种;合计——11种。
၁။ တဒါရုံကိစ္စ တပ်နိုင်သော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သော တဒါရုံစိတ်ဟူသော အမည်ကို ရထိုက်သော တဒါရုံ ဖြစ်ကြောင်းဖြစ်ရာ စိတ်အမျိုးအစား (၁၁)မျိုးတို့သည် အမည်နာမပညတ်ကိုသော်လည်းကောင်း အနွယ် ဂေါတ္တပညတ် (ဂေါတမဟူသော အနွယ်ပညတ် ဥဒ္ဒိစ္စဗြာဟ္မဏ စသော အမည်ပညတ်)ကိုသော်
1.上述十一种心能够执行彼所缘作用,因而有资格称为“彼所缘心”。然而,若速行以名称概念,或以族姓概念〔如“乔答摩”这一族姓概念,以及“伍谛遮婆罗门”等名称概念〕为所缘而生起,这十一种心——
原书第 126 页
လည်းကောင်း အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် တဒါရုံကိစ္စ တဒါရုံ၏ အဖြစ်ကို မယူနိုင်ကုန်၊ ဇောယူသည့် အာရုံကို မယူနိုင်ကုန်။ (ယင်းဝိပါက်စိတ် တစ်မျိုးမျိုးသည် တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဇောယူသည့် အာရုံကို ယူလျက် ဖြစ်ပေါ်မလာ ဟူလိုသည်။) ၂။ အမည်နာမပညတ်၊ အနွယ်ဂေါတ္တပညတ်မှ တစ်ပါးသော ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသော ပညတ်အမျိုးမျိုးကို အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇောနောင်၌ တဒါရုံကို မရအပ်ပေ။
不能取得彼所缘作用、不能成为彼所缘,也不能缘取速行所缘。(意思是:这十一种果报心中的任何一种,都不会以执行彼所缘作用、缘取速行所缘的方式生起。)2.若速行以名称概念和族姓概念以外的种种概念——如男人、女人、个人、有情等——为所缘而生起,速行之后不得彼所缘。
၃။ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့၏ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ ဖြစ်ရာအခါ၌ ယင်းသင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာကို သိနေသော အနိစ္စာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော၊ ဒုက္ခ အခြင်းအရာကို သိနေသော ဒုက္ခာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော၊ အနတ္တအခြင်းအရာကို သိနေ သော အနတ္တာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော ---- ဤဝိပဿနာဇော အသီးအသီးတို့၏ နောင်၌ လည်း တဒါရုံကို မရအပ်ပေ။
3.当观速行只以色、名、因、果——即诸行法——的无常相、苦相或无我相为所缘时,便分别有:了知诸行无常相的无常随观智之观速行,了知其苦相的苦随观智之观速行,以及了知其无我相的无我随观智之观速行。每一种这样的观速行之后,都不得彼所缘。
၄။ အကြောင်းနှင့်အကျိုး ဆက်သွယ်လျက် အဆက်မပြတ် ဖြစ်ပေါ်နေသော သင်္ခါရတရားတို့၏ ဖြစ်စဥ် ဟူသော သင်္ခါရပဝတ္တတို့မှ ထမြောက်သော အရိယမဂ်ဉာဏ်သို့ ရောက်ကြောင်း ဖြစ်သော အားကြီးသော ဝုဋ္ဌာနဂါမိနိ ဗလဝဝိပဿနာဇောများ ဖြစ်ရာအခါ၌ တဒါရုံကို မရအပ်ပေ။
4.当趣向出起的强力观速行生起时,不得彼所缘。这些强力观速行能导向从“诸行转起”中出起的圣道智;所谓诸行转起,就是诸行法因果相联而相续不断生起的流程。
၅။ မဟဂ္ဂုတ်တရားဟု အမည်ရသော ရူပါဝစရစျာန် အရူပါဝစရစျာန် အဝင်အပါ ဖြစ်သော ရူပါဝစရတရား အရူပါဝစရတရားတို့ကိုအာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇော၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။
5.速行若以色界法、无色界法——即色界禅与无色界禅所摄、称为广大法的诸法——为所缘而生起,其后也不得彼所缘。
၆။ (က)အမိကို သတ်ခြင်း = မာတုဃာတကကံ၊ ( ခ )အဖကို သတ်ခြင်း = ပိတုဃာတကကံ၊ ( ဂ )ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း = အရဟန္တဃာတကကံ၊ (ဃ)ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း = လောဟိတုပ္ပါဒကကံ၊ ( င )သံဃာကို သင်းခွဲခြင်း = သံဃဘေဒကကံ ---- ဤ (၅)ပါးတို့ကား အခြားမဲ့ ဘဝ၌ ကျိန်းသေ အပါယ်၌ အကျိုးပေးမြဲသော အာနန္တရိက = အနန္တရိယ ကံကြီးတို့တည်း။
6.(a)杀母业;(b)杀父业;(c)杀阿罗汉业;(d)以恶心使佛身出血之业;(e)破僧业。这五种是无间业,即必定在紧接的下一世于恶趣中给果的重大业。
(က) အဟေတုကဝါဒ = အကြောင်းမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ၊ ( ခ ) အကိရိယဝါဒ = ပြုသော်လည်း ပြုသည် မမည်ဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ၊ ( ဂ ) နတ္ထိကဝါဒ = အကျိုးမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ ---- ဤဒိဋ္ဌိကြီး (၃)ပါးတို့ကား ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သော ဒိဋ္ဌိကြီး (၃)မျိုးတို့တည်း။ ယင်းမိစ္ဆာဒိဋ္ဌိ (၃)မျိုးကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်၏။ သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့သော် အပါယ်၌ အကျိုးပေးမြဲသော တရားပင်တည်း။
(a)无因见,即执取“没有因”的邪见;(b)无作见,即执取“虽然作了,也不能说是作”的邪见;(c)虚无见,即执取“没有果”的邪见。这三种大邪见否定业及业果,合称为“决定邪见”。若直到死亡仍未舍弃,便必定在恶趣中给果。
ယင်းအနန္တရိယကံကြီး (၅)ပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိ --- ဤတရား (၆)မျိုးကို မိစ္ဆတ္တနိယတတရားဟု ခေါ်၏။
上述五种无间业,加上决定邪见,这六类法称为“邪性决定法”。
(အဘိ-၁-၂၁၁။)
(《阿毗达磨》1-211。)
ယင်းမိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို မရအပ် မရနိုင်။ 〔အရိယမဂ်တရားသည် ကုသိုလ်ဘာဝနာဟု
在这些邪性决定法上,彼所缘不得、也不可能生起。〔正如圣道法依凭所谓“善修习”——
原书第 127 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ခေါ်ဆိုအပ်သော ဝိပဿနာဘာဝနာကြောင့် ပြီးစီးရသကဲ့သို့ မိစ္ဆတ္တနိယတ တရားတို့သည် အကုသိုလ်ဘာဝနာ ကြောင့် ပြီးစီးကုန်၏။ အကုသိုလ်တရားတို့သည်လည်း ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်နေလျှင် ကိလေသာ များကို တိုးပွားစေသောကြောင့် ဘာဝနာဟူသော အမည်ကို ရနိုင်ကုန်၏။ အကုသလဘာဝနာပင်တည်း။ ထို အကုသိုလ်ဘာဝနာကြောင့် မိစ္ဆာသမာဓိတစ်မျိုး ဖြစ်နိုင်၏၊ ထိုမိစ္ဆာသမာဓိကို အခြေခံ၍ မိစ္ဆတ္တနိယတသို့ သက် ဝင်နိုင်ရကား ထိုမိစ္ဆတ္တနိယတတရားတို့သည် ခွန်အားလည်း ကြီးမားကုန်၏။ ထိုကြောင့် ထိုမိစ္ဆတ္တနိယတတရား တို့၌ ဇောဖြစ်လတ်သော် စောလတ်သော် ဇော၏နောက်သို့ အစဥ်လိုက်တတ်သော တဒါရုံနှင့်တကွ မဖြစ်ထိုက်ပေ။
即毗婆舍那修习而成就一样,邪性决定法则由不善修习而成就。不善法若一再、连续不断地生起,就会增长烦恼,因而也可获得“修习”之名;这就是不善修习。由这种不善修习可以生起某种邪定;依止该邪定,便能进入邪性决定。因此,这些邪性决定法具有强大力量。所以,当速行以这些邪性决定法为所缘生起时,不应与那种通常紧随速行的彼所缘一同生起。
ထိုကြောင့် မိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို ပယ်မြစ်တော်မူခြင်း ဖြစ်သည်။ (မူလဋီ-၂-၁ဝ၃။)〕 ၇။ သမ္မတ္တနိယတ အမည်ရသော သံသရာဝဋ်ဆင်းရဲ၌ အကျုံးမဝင်ကုန်သော လောကုတ္တရာ အရိယမဂ်ဇော တို့၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။ (မဂ္ဂဝီထိတို့၌ တဒါရုံ မကျနိုင် ဟူလိုသည်။) ၈။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ဟူသော လောကုတ္တရာတရားတို့ကို အာရုံပြု၍ ဇော စောလတ်သော် တဒါရုံကို မရအပ်ပေ။
因此,才在邪性决定法上排除彼所缘。(《根本复注》2-103。)〕7.称为“正性决定法”、不摄属于轮回苦的出世间圣道速行之后,也不得彼所缘。(意思是:道心路中不能生起彼所缘。)8.速行若以四道、四果与涅槃这些出世间法为所缘而生起,也不得彼所缘。
〔〔〔 (က)မဂ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ၊ ( ခ )ဖိုလ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ၊ ( ဂ )နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇောများ နောင်၌ တဒါရုံ မကျနိုင်။
〔也就是说,以下速行之后不能生起彼所缘:(a)以四道为所缘的省察速行;(b)以四果为所缘的省察速行;(c)省察涅槃的省察速行。
(ဃ)တစ်ဖန် နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂဝီထိ အတွင်း၌ တည်ရှိသော မဂ်ဇော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်။
(d)此外,在以涅槃为所缘的道心路内,道速行与果速行之后,也不能生起彼所缘。
( င )နိဗ္ဗာန်ကို အာရုံပြုသော ဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်ဟု ဆိုလို၏။
(e)在以涅槃为所缘的果等至心路内,果速行之后也不能生起彼所缘。这就是其意。
ယင်းသို့ဖြစ်သော် ဤလောကုတ္တရဓမ္မအရ၌ သမ္မတ္တနိယတဓမ္မ အမည်ရသော အရိယမဂ်တရားများလည်း ပါဝင်နိုင်ပါလျက် သမ္မတ္တနိယတဓမ္မကို သီးခြားဖွင့်ဆိုခြင်းကား သမ္မတ္တနိယတတရား မိစ္ဆတ္တနိယတတရားတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ်၊ အလွန်အားရှိကုန်သည်၏ အဖြစ်ကြောင့် တဒါရုံ၏ တည်ရာ မဟုတ် သည်၏ အဖြစ်ကို ထင်ရှားပြခြင်း အကျိုးငှာ အဋ္ဌကထာ၌ သမ္မတ္တနိယတဓမ္မကို သီးခြားထုတ်ဆောင်ပြခြင်း ဖြစ်သည်။ (မူလဋီ-၂-၁ဝ၄။)〕 ၉။ အဘိညာဥ်ဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။
既然如此,“出世间法”一语本来已经可以摄入称为正性决定法的圣道法,义注仍把正性决定法另行列出,是为了彰显:正性决定法与邪性决定法互为反面,且都极有力,因而不是彼所缘的生起处。(《根本复注》2-104。)〕9.速行若以神通智为所缘而生起,不得彼所缘。
၁ဝ။ ပဋိသမ္ဘိဒါဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။
10.速行若以无碍解智为所缘而生起,不得彼所缘。
၁၁။ ကာမာဝစရဖြစ်သော အားမရှိသော ရုပ်အာရုံ နာမ်အာရုံ၌ တဒါရုံကို မရအပ်ပေ။ 〔တဒါရုံ ဖြစ်နိုင်လောက် အောင် အားမရှိသော ဆိုင်ရာ ဒွါရ၌ ထင်လာသည့် အချိန်အခါမှ စ၍ ရေတွက်သော် ဥပါဒ်ပြီးနောက် စိတ္တက္ခဏပေါင်းများစွာသော်လည်းကောင်း၊ အနည်းငယ်သော်လည်းကောင်း လွန်ပြီးမှ ဆိုင်ရာ ဒွါရ၌ ထင်လာသဖြင့် စိတ္တက္ခဏ (၁၇)ချက် အသက်မပြည့်တော့သော မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံများကို လည်းကောင်း၊ အလွန်အားနည်းနေသော မထင်ရှားသော အဝိဘူတာရုံများကိုလည်းကောင်း ဆိုလိုပေ သည်။〕 ၁၂။ ဒွါရ (၆)ပါးတို့၌ အားကြီးသော အာရုံသည် တဒါရုံ ကျနိုင်လောက်အောင် အားကောင်းသော သက်တမ်း ကြွင်းကျန်နေသေးသော ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံသည် ရှေးရှု ကျရောက်သော် သာလျှင် ထင်ခြင်းသို့ ရောက်သော်သာလျှင် တဒါရုံကို ရအပ် ရနိုင်သည်။
11.对于欲界中无力的色所缘或名所缘,不得彼所缘。〔所谓力量不足以令彼所缘生起,是指:从所缘显现于相应门的时刻起计算,由于它在生起之后经过许多或少数心刹那才显现于相应门,剩余寿命已不足十七心刹那的大所缘、微细所缘与极微细所缘;以及极其微弱、不明显的不清晰所缘。〕12.六门中的强力所缘,只有还剩足以令彼所缘生起的寿命——即五门中的极大所缘、意门中的清晰所缘进入范围而显现时——才能有彼所缘。
原书第 128 页
၁၃။ ရအပ်ပြန်ပါသော်လည်း ကာမာဝစရအာရုံ၌သာလျှင် ရအပ် ရနိုင်သည်။
13.即使有彼所缘,也只能在欲界所缘上才有。
၁၄။ ရူပါဝစရဘုံ အရူပါဝစရဘုံ၌ တဒါရုံ မည်သည် မရှိစကောင်းပေ။
14.在色界地与无色界地中,不存在所谓彼所缘。
ဤကား ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုချက် ဖြစ်သည်။ (အဘိ-ဋ္ဌ-၂-၁၄၇။) အထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်အရ ယေဘုယျအားဖြင့် တဒါရုံ ဟူသည် ---- ၁။ ကာမဇော ဖြစ်ခြင်း၊ ၂။ ကာမသတ္တဝါ ဖြစ်ခြင်း၊ ၃။ ကာမအာရုံ ဖြစ်ခြင်း ---- ဟူသော အင်္ဂါ (၃)ရပ် စုံညီပါမှသာလျှင် ဇောနောင် တဒါရုံကျနိုင်၏။ ကာမအာရုံဟူသည် ကာမတရား အမည်ရသော ကာမ စိတ်စေတသိက်တရားတို့နှင့် ရုပ် (၂၈)ပါးတို့ ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်+စေတသိက်ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကာမာဝစရ မနောဒွါရိက ဇောဝီထိတို့၏အတွင်း ကာမဇောများ နောင်၌ တဒါရုံ ကျနိုင်၏။ ကာမဇော ဟူသည် ---- ၁။ အကုသိုလ်ဇော ---- ၁၂ - မျိုး ၂။ မဟာကုသိုလ်ဇော ---- ၈ - မျိုး ၃။ မဟာကြိယာဇော ---- ၈ - မျိုး ၄။ ဟသိတုပ္ပါဒ်ဇော ---- ၁ - မျိုး အားလုံးပေါင်းသော် ---- ၂၉ - မျိုးတို့ ဖြစ်ကြ၏။
以上是古代义注中的解释。(《阿毗达磨义注》2-147。)依上述大义注的解释,一般而言,只有三项条件齐备,彼所缘才能在速行之后生起:1.速行是欲界速行;2.有情是欲界有情;3.所缘是欲界所缘。所谓欲界所缘,是指称为欲界法的欲界心、心所,以及二十八种色法。在欲界有情的相续中,以欲界心与心所这些欲界法为所缘而生起的欲界意门速行心路内,彼所缘可以在欲界速行之后生起。所谓欲界速行,共有:1.不善速行——12种;2.大善速行——8种;3.大唯作速行——8种;4.生笑速行——1种;合计——29种。
ထိုတွင် မဟာကြိယာဇောနှင့် ဟသိတုပ္ပါဒ်ဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြသော ဇောစိတ်တို့ ဖြစ်ကြ၏။ နာမ်ကမ္မဋ္ဌာန်းကို ယခုမှ အားသစ်စ ဖြစ်သော အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ကား အကုသိုလ်ဇော (၁၂)မျိုးနှင့် မဟာကုသိုလ်ဇော (၈)မျိုးတို့သာ ထိုက်သလို ဖြစ်ခွင့် ရှိကြပေသည်။
其中,大唯作速行与生笑速行只会在阿罗汉诸大德的相续中生起。对于刚开始用功名业处的贤善瑜伽行者,其相续中只有十二种不善速行与八种大善速行能随其所应而生起。
တစ်ဖန် ရုပ် (၂၈)ပါးသည်လည်း ကာမတရားပင် အမည်ရရှိသဖြင့် ရုပ် (၂၈)ပါးကိုပင် အာရုံပြု၍ သို့မဟုတ် ရုပ် (၂၈)ပါးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဝီထိ မနောဒွါရိကဝီထိ စိတ်အစဥ် များဝယ် ကာမဇောများ နောင်၌လည်း တဒါရုံ ကျနိုင်၏။ သို့သော် ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ အာရုံသည် ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏။ သို့အတွက် ''ယေဘုယျ အားဖြင့်''ဟု ဆိုခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဝီထိ စိတ်အစဥ်များ၌ ဇောနောင်ဝယ် တဒါရုံ မကျနိုင်ဟု မှတ်ပါ။
再者,二十八种色法也称为欲界法,所以,在以全部二十八种色法或其中任一种为所缘而生起的五门心路及意门心路相续中,彼所缘也能在欲界速行之后生起。不过,五门心路的所缘必须是极大所缘,意门心路的所缘必须是清晰所缘,彼所缘才会生起。因此才说“一般而言”。依此规定,应知:在以概念为所缘而生起的心路相续中,速行之后不能生起彼所缘。
တစ်ဖန် ဝိဘင်းပါဠိတော်ကြီး၏ အဖွင့်ဖြစ်သော အထက်တွင် ဖော်ပြခဲ့သော သမ္မောဟဝိနောဒနီအဋ္ဌကထာ ကြီး၌ ---- တိလက္ခဏာရမ္မဏိက ဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၁၄၇။) ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံ မကျနိုင်ဟု ဖွင့်ဆို ထား၏။ ဤဖွင့်ဆိုချက်မှာ အလွန်အားကောင်းနေသည့် ဗလဝဝိပဿနာပိုင်းကိုသာ ရည်ရွယ်ထားသည်ဟု မှတ်ပါ။
再者,在作为《分别论》巴利解释、前述“在以三相为所缘的观中,不得彼所缘。”(《阿毗达磨义注》2-147。)其解释是:在只以色、名、因、果——即诸行法——的无常相、苦相或无我相为所缘的观速行之后,不能生起彼所缘。应知,这一解释仅针对力量极强的强力观阶段。
အလွန်နုနယ်နေသေးသော = တရုဏ ဝိပဿနာဇောများ၏ နောင်၌ကား တဒါရုံ ကျခွင့်ရှိကြောင်း ဘုရားဟော ဒေသနာများလည်း အထင်အရှား ရှိသည်သာ ဖြစ်ပေသည်။
至于尚处于极为初步阶段的初步观速行,佛陀的教说中也有明确证据表明:其后可以生起彼所缘。
原书第 129 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန-၁-၁၃၃။) ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မ- ဏတာတိ တဒါရမ္မဏတာယ၊ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (ပဋ္ဌာနပကရဏအဋ္ဌကထာ - အဘိ-ဋ္ဌ-၃-၄၃၆။) အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သောတာပန် သကဒါဂါမ် အနာဂါမ် ဟူသော ကျင့်ဆဲ သေက္ခသူတော်ကောင်းကြီးတို့သည်လည်းကောင်း၊ ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ်
“有学或凡夫观善法为无常、苦、无我;善法灭去时,果报以彼所缘的方式生起。”(《发趣论》1-“‘善法灭去时’,是指观速行心路已经终止;‘果报’,是指欲界果报;‘以彼所缘的方式’,即作为彼所缘。其义是:以所观的善法——也就是该善速行的所缘——为所缘而生起。不仅只作为彼所缘,也能作为结生、有分与死亡而生起。事实上,对于以业为所缘而取得结生者,果报心确实以该善业为所缘;但这很难了知,所以此处没有显示。”(《发趣论义注》,《阿毗达磨义注》3-436。)上述巴利圣典与义注的旨意如下:入流者、一来者、不还者这些仍在修学的有学圣者,以及诸凡夫,都把善法——
တရားကို (= ကုသိုလ်ဇော စောသည့် ဇောဝီထိတို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော ၃၄-၃၃-စသော ကုသိုလ် နာမ်တရားစုကို ) အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသီးအသီး ဝိပဿနာ ရှုတော်မူကြကုန်၏။ ဝိပဿနာရှုနေသော ရှုတတ်သော မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဥ်သည် ဇော (၇)ကြိမ် စေ့၍ ယင်းကုသိုလ်ဇောတွင်ပင် ဝီထိစဥ်သည် ချုပ်ဆုံးပြတ်စဲသွားသောအခါ တဒါရုံကိစ္စကို ရွက်ဆောင်ပေးနိုင်သော ကာမာဝစရဝိပါက် တစ်မျိုး မျိုးသည် ရှုတတ်သော ဝိပဿနာကုသိုလ်ဇော၏ အရှုခံအာရုံဖြစ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကုသိုလ်ကို အာရုံပြု၍ (ဝိပဿနာဇောက ယူထားသည့် အာရုံကိုပင် ဆက်လက်၍ အာရုံပြုခြင်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက်) ဖြစ်ပေါ်လာပေသည်။
也就是善速行心路中所含的三十四、三十三等善名法聚——分别观为无常、苦、无我。正在修观、能作观照的意门善速行心路相续生起足七次速行,并在该善速行处终止时,某一种能执行彼所缘作用的欲界果报心,便以能观的观智善速行所观之善法——即观智的所观所缘——为所缘而生起;也就是说,它继续取观速行所取的同一所缘,执行彼所缘作用。
ဤကာမာဝစရ ဝိပါက်စိတ်ကား သက်သက် တဒါရုံ၏အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသည် မဟုတ်သေး၊ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့်လည်း ဖြစ်ပေါ်နိုင်သည်သာ ဖြစ်၏။ မှန်ပေသည် ---- ဝိပါက်နာမ်တရားသည် ကုသိုလ်ကံကို အာရုံပြု၍ ယူအပ်ပြီးသော ပဋိသန္ဓေ ရှိသောသူ၏ သန္တာန်ဝယ် ယင်းကုသိုလ်လျှင် အာရုံရှိသည် ယင်းကုသိုလ်ကိုပင် အာရုံပြုသည်သာ ဖြစ်သည်။ ထိုကုသိုလ်ကို အာရုံပြုနေသော ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်သော ဝိပါက်ကား သိနိုင်ခဲသောကြောင့် ဤ၌ ဘုရားရှင်သည် ညွှန်ပြတော် မမူပေ။
这种欲界果报心并非只能依彼所缘作用生起,也能依结生、有分、死亡作用生起。的确,对于以善业为所缘而取得结生者,其相续中的果报名法只以该善业为所缘。由于执行结生、有分、死亡作用并取该善业为所缘的果报心很难了知,世尊在这里没有加以指示。
(ပဋ္ဌာန-၁-၁၃၃။ အဘိ-ဋ္ဌ-၃-၄၃၆။)
(《发趣论》1-133;《阿毗达磨义注》3-436。)
အထူးသတိပြုသင့်သောအရာ
特别应注意之处
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂-၂၆၁-၂၆၂။)၌ အရူပသတ္တကရှုနည်းများကို ဖော်ပြထား၏။ ရှေ့ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ထပ်၍ ဝိပဿနာ ရှုရန် ညွှန်ကြားထား၏၊ တစ်နည်းဆိုရသော် ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိကို နောက်ဝိပဿနာ မနောဒွါရိကဇောဝီထိဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြား ထားတော်မူ၏။ တိဟိတ်ပုထုဇန်များအတွက် အထူးကွက်၍ ဆိုရမူ - အရှုခံကုသိုလ်နှင့် ရှုတတ်သောကုသိုလ် နှစ်မျိုးတို့တွင် ---- ၁။ အရှုခံကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။
《清净道论》义注2-261—262说明了“非色七法”的观法,指示要以后起观心再观前起观心;换言之,要以后起意门观速行心路,再观前起意门观速行心路。特别就三因凡夫而言,在所观善法与能观善法二者中:1.作为所观的善法,也只是观智善速行中的名法聚。
၂။ ရှုတတ်သော ကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။
2.作为能观的善法,也只是观智善速行中的名法聚。
ယင်း ရှေးဝိပဿနာ ကုသိုလ်ဇောဝီထိကို နောက်ဝိပဿနာ ကုသိုလ်ဇောဝီထိဖြင့် ဝိပဿနာ ရှုလာရာ ယင်းဝိပဿနာဇောတို့က ပဋိသန္ဓေ ဘဝင် စုတိ ဟူသော အကျိုးကို ပေးဖို့ရန် အခွင့်သာလာသောအခါ မရဏာ သန္နဇောတို့ကလည်း ယင်းဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့ကိုပင် အာရုံယူလျက် ရှိ၏၊ တစ်နည်းဆိုရ သော် မရဏာသန္နဇောတို့ကလည်း ယင်း ဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာ
如此以后起观智善速行心路再观前起观智善速行心路时,若这些观速行获得机会,能产生结生、有分与死亡这些果报,临死速行也会取那些作为观智所观的善法为所缘;换言之,临死速行也会取这些所观善法的无常相,
原书第 130 页
သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကိုပင် အာရုံယူလျက် ရှိ၏။ ဘဝသစ်၏ ပဋိသန္ဓေ ဘဝင် စုတိတို့ကား ယင်း မရဏာသန္နဇော၏ အာရုံကိုပင် ဆက်ခံရသဖြင့် ယင်းကုသိုလ်ကိုပင် အာရုံပြုရပေသည်။
或苦相,或无我相为所缘。新生命的结生心、有分心与死亡心,由于承接这些临死速行的所缘,也就以该善法为所缘。
ဤအချက်ကား သိနိုင်ခဲသောကြောင့် ဘုရားရှင် ညွှန်ပြတော် မမူဟု ဆိုလိုသည်။ ဤအချက်ကား ဝိပဿနာဇော တို့က ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်ပုံ သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။ (စာမျက်နှာ -၁၃၄- စသည် ကိုလည်း ကြည့်ပါ။)
其意是:这一点很难了知,所以世尊没有加以指示。这也是一个例证,说明观速行能够给出结生果与转起果。(另请参见第134页等。)
သဘာဝယုတ္တိဖြင့် နှိုင်းချိန်ရန်
应以自然义理衡量
ယခုကဲ့သို့ ရုပ်နာမ်တို့ကို သိမ်းဆည်းနေဆဲ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်အခိုက်၌လည်း စက္ခုအကြည် ဓာတ်ကဲ့သို့သော ရုပ်ပရမတ်အစစ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် တစ်နည်းဆိုရသော် စက္ခုဒသကကလာပ် တစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော စက္ခုအကြည်ဓာတ်နှင့် တကွသော (၁ဝ)မျိုးသော ရုပ်ပရမတ်အစစ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် ထိုရုပ်တရားတို့၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကိုလည်း မြင်နေ သည်သာ ဖြစ်သည်။ အကြောင်းမူ သင်္ခတတရားတိုင်း၌ ဖြစ်မှု တည်မှု ပျက်မှု ဟူသော သင်္ခတလက္ခဏာ (၃)မျိုး ထင်ရှားရှိသောကြောင့် ဖြစ်၏။ ယင်းရုပ်ပရမတ်အစစ်တို့၏ အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်တွေ့နေသော် လည်း ရုပ်ပရမတ်အစစ်ကိုသာ အာရုံယူခိုက်ဝယ် တဒါရုံများ ကျခွင့်ရှိသည်သာ ဖြစ်သည်။ ယင်း ရုပ်ပရမတ် အစစ်များသည်လည်း ကာမတရား အမည်ရသောကြောင့် ဖြစ်၏။ အလားတူပင် ယခုကဲ့သို့ စက္ခုအကြည်ဓာတ်၏
在像现在这样仍在摄取色名的名色分别智阶段,以智分别眼净色等真实究竟色时;换言之,以智分别一个眼十法聚中包括眼净色在内的十种真实究竟色时,也会看见这些色法生后即灭的无常相。因为一切有为法都有生起、住立、坏灭三种有为相。虽然以智看见这些真实究竟色的无常相,但当下只取真实究竟色为所缘时,彼所缘仍可能生起;因为这些真实究竟色也称为欲界法。同样,在像现在这样,取眼净色的
အနိစ္စအခြင်းအရာကို အာရုံယူ၍ ဖြစ်ပေါ်လာသော အနိစ္စ အခြင်းအရာကို သိသိနေသော မနောဒွါရိက နာမ် တရားစုတို့ကို သိမ်းဆည်းခိုက် ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်၌လည်း ဇောနောင် တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်သည်။ သို့အတွက် နုနယ်နေသေးသော တရုဏ ဝိပဿနာဇောများနောင်၌လည်း တဒါရုံ ကျခွင့်ရှိသည် ဟူသော အဆိုအမိန့်များမှာလည်း အလေးဂရုပြုထိုက်သော အဆိုအမိန့် တစ်ရပ်ပင် ဖြစ်ပေသည်။ ယင်းသို့ မယူခဲ့ပါလျှင် စက္ခုအကြည်ဓာတ်ကဲ့သို့သော ကာမတရားအစစ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကာမဇောများ နောင်၌ တဒါရုံကျခွင့်ရှိသည်ဟူသော အဆိုအမိန့်များမှာ အဓိပ္ပါယ်ကင်းမဲ့လျက် ရှိနေမည် ဖြစ်သည်။ စက္ခုအကြည် ဓာတ် ပရမတ်အစစ်ကို မြင်မှုနှင့် ယင်းစက္ခုအကြည်ဓာတ်၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကို သိမြင်မှုတို့မှာ မကင်းစကောင်းသောကြောင့် ဖြစ်၏။ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ဆိုက်အောင် မြင်လျှင်
无常相为所缘,摄取并以智分别由此生起、正在了知该无常相的意门名法聚时,速行之后也可能生起彼所缘。因此,“在尚属初步的观速行之后,也可能有彼所缘生起”这一论述,确实很值得重视。若不这样理解,那么“取眼净色等真实欲界法为所缘而生起的欲界速行之后,可能有彼所缘生起”这一论述便会失去意义;因为观见究竟真实的眼净色,与了知该眼净色生后即灭的无常相,二者不可分离。若观见眼净色直达究竟法,
ဃနကား ပြိုပြီ ဖြစ်၏။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်လျှင်လည်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာကား ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာသည်သာပင် ဖြစ်၏။
密集便已破除。只有破除密集,智见才能抵达究竟法;智见抵达究竟法时,无常、苦、无我三相便会依其如实自性特相,清楚地显现于瑜伽行者的智中。
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။
“将种种界分别开来、完成密集的分解时,无我相便依其如实自性而现起。”
(အဘိ-ဋ္ဌ-၂-၄၇။)
(《阿毗达磨义注》2-47。)
စက္ခုအကြည်ဓာတ်၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောကို သိနေသော တရုဏဝိပဿနာ ဇောများနောင်၌ တဒါရုံကျခွင့် ရှိနိုင်သကဲ့သို့ ယင်းစက္ခုအကြည်ဓာတ် ပရမတ္ထရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်နေကြသည့်အတွက် ရွံရှာစက် ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု သိနေသော ဇောစိတ်တို့၏ နောင်၌လည်း တဒါရုံ ကျနိုင်ခွင့် ရှိသည်သာ ဖြစ်၏။ အသုဘအလောင်းကောင် ပညတ်ကို အာရုံယူနေသည်ကား မဟုတ်၊ စက္ခုအကြည်ဓာတ် ကဲ့သို့သော ပရမတ်အစစ် ရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့ စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်နေရသည့် အတွက် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကိုသာ အာရုံယူနေခြင်း ဖြစ်သည်။ စက္ခုအကြည်ဓာတ် စသော ဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်နေကြသော
了知眼净色无常、苦、无我自性的初步观速行之后,可以生起彼所缘;同样,眼净色等究竟色法由于和不佳的颜色、气味等色法共同相应生于同一色聚,具有可厌恶、不净的自性,取这种不净自性为所缘、了知为“不净”的速行心之后,也可以生起彼所缘。这里所取的不是“尸体不净”概念,而只是眼净色等究竟真实色法由于和不佳的颜色、气味等色法共同生于同一色聚而具有的可厌恶、不净自性。取眼净色等称为法所缘的色法为所缘而生起的意门速行之后,
原书第 131 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း မနောဒွါရိက ဇောများနောင်၌ တဒါရုံကျခွင့်ရှိသော်လည်း ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်မှသာလျှင် တဒါရုံ ကျနိုင်ခွင့် ရှိပေသည်။
虽可生起彼所缘,但只有所缘是清楚显明的清晰所缘时,彼所缘才可能生起。
တစ်ဖန် မဟာကုသိုလ် ဇောများနောင်၌ မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို ကျနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို အလားတူပင် ကျနိုင်၏။ ဤကျမ်း၌ကား ဇယားများတွင် များသောအားဖြင့် တစ်မျိုးစီလောက်ကိုသာ ဦးစားပေးလျက် နမူနာအဖြစ် ဖော်ပြထားပါသည်။
又,大善速行之后,大果报彼所缘与无因推度彼所缘,都可以随其所应与悦受或舍受相应而生起;不善速行之后也一样,大果报彼所缘与无因推度彼所缘,也可以随其所应与悦受或舍受相应而生起。本书各表大多只优先选列一种,作为示例。
ကျန်သည့် အပိုင်းများ၌ တဒါရုံကျပုံ ရှုကွက်များကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘော ပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ ---- ၁။ သောမနဿဇောနောင်၌ သောမနဿတဒါရုံကိုလည်းကောင်း၊ ၂။ ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း၊ ၃။ အကုသိုလ်ဇောများနောင်၌ အဟိတ်တဒါရုံများကိုလည်းကောင်း ---- ဦးစားပေး၍ ဇယားများတွင် အသီးအသီး ချပြထားပါသည်။ သို့သော် ကုသိုလ်ဇောများနောင်၌ အဟိတ် ဝိပါက်တဒါရုံများသည်လည်း ကျခွင့်ရှိနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက်တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်၏။
至于其余各部分的彼所缘观法,希望瑜伽行者在实际观照过程中逐渐明白。本书依一般规则,在各表中优先列示:1.悦俱速行之后,列悦俱彼所缘;2.舍俱速行与忧俱速行之后,列舍俱彼所缘;3.不善速行之后,列无因彼所缘。不过,善速行之后也可能生起无因果报彼所缘;不善速行之后也可能生起大果报彼所缘。
မဟာဝိပါက်စိတ် (၈)မျိုးနှင့် အဟိတ် သန္တီရဏစိတ် (၃)မျိုး နှစ်ရပ်ပေါင်းသော် (၁၁)မျိုးသော စိတ်တို့သည် ဇောယူသည့် အာရုံကို ဆက်လက်ခံယူခြင်းတည်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြပေသည်။ ဤတွင် တိဟိတ်ပုထုဇန်များအတွက် အထူး ရည်ရွယ်၍ ဇောနောင် တဒါရုံကျနိုင်သည့် ဇယားတစ်ခုကို ဖော်ပြအပ်ပါသည်။
八种大果报心与三种无因推度心,合计十一种心,都能执行彼所缘作用,即继续取速行所取的所缘。这里特别针对三因凡夫,列出一张速行之后可能生起何种彼所缘的表。
သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ ပယ်ထားပြီးသော ကိလေသာတို့ကို နှုတ်ပယ်၍ နည်းတူ မှတ်ယူနိုင်ပါသည်။
入流者、一来者与不还者,只须排除与各自已经断除的烦恼相应的情形,也可以依同样方式理解。
တိဟိတ်ပုထုဇန်များအတွက် တဒါရုံ ဇယား
三因凡夫的彼所缘表
မဟာကုသိုလ်ဇော (၈) ခု တစ်ခုခုနောင်၌ တဒါရုံ (၁၁) မျိုး တစ်မျိုးမျိုး ကျနိုင်၏။
大善速行(8种)中的任一种之后|彼所缘(11种)中的任一种都可能生起。
လောဘမူဇော (၈) ခု တစ်ခုခုနောင်၌ တဒါရုံ (၁၁) မျိုး တစ်မျိုးမျိုး ကျနိုင်၏။
贪根速行(8种)中的任一种之后|彼所缘(11种)中的任一种都可能生起。
ဒေါသမူဇော (၂) ခု တစ်ခုခုနောင်၌ ဥပေက္ခာတဒါရုံ (၆) မျိုး တစ်မျိုးမျိုး ကျနိုင်၏။
嗔根速行(2种)中的任一种之后|舍俱彼所缘(6种)中的任一种都可能生起。
မောဟမူဇော (၂) ခု တစ်ခုခုနောင်၌ တဒါရုံ (၁၁) မျိုး တစ်မျိုးမျိုး ကျနိုင်၏။
痴根速行(2种)中的任一种之后|彼所缘(11种)中的任一种都可能生起。
ဝိပါက် အမှန် - ဇော အပြန်
果报有定,速行不定
၁။ သဘာဝဣဋ္ဌာရုံ = သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံနှင့် သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန်အလိုရှိအပ်သော နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရ၏။
1.自然可意所缘,即本来自然可意的所缘;以及自然极可意所缘,即本来自然极为可意、可喜爱的所缘——这两类所缘都只能由于过去善业而遇到。
ထိုကြောင့် တဒါရုံများမှာ ကုသလဝိပါက်တို့သာ ဖြစ်ခွင့် ရှိကြ၏။
因此,在这种场合,彼所缘只能是善果报。
ထိုတွင် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော အလယ်အလတ် ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်း နှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် ရှေးကုသိုလ်ကံ၏ အကျိုးဖြစ်ကြသော မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်စိတ်
其中,当遇到称为“中等可意”(iṭṭha-majjhatta)的、程度中等的自然可意所缘时,除转向与速行之外,其余心路心都只能是过去善业所生的大果报心与无因善果报心,也就是五识、领受、推度与彼所缘等果报心——
原书第 132 页
တို့ကို ဆိုလိုပေသည်။ ဇောမှာ ယင်း အာရုံအပေါ်၌ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။
本句所指就是这些心。至于速行,若对该所缘如理作意,善速行便会生起;若不如理作意,不善速行便可能生起。
၂။ သဘာဝအတိုင်း အလွန်အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဘုရားအစရှိသော သဘာဝအတိဣဋ္ဌာရုံ နှင့် တွေ့ကြုံသောအခါ ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံခွင့် ရရှိသဖြင့် မဟာဝိပါက် သောမနဿ တဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ တစ်မျိုးဟူသော (၅)မျိုးသော သောမနဿတဒါရုံတို့သာ ကျနိုင်ခွင့်ရှိသည်။ ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် နှလုံးသွင်းမှားလျှင် အကုသိုလ်ဇော စောနိုင်သည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည်လည်း ကုသလဝိပါက်တို့သာ ဖြစ်ကြရ၏။
2.当遇到佛陀等自然极可意所缘——即依其自性极为可欲、可喜、可爱的所缘——时,由于只有过去善业才能带来这种际遇,所以只可能生起五种悦俱彼所缘心:四种悦俱大果报彼所缘心,以及一种悦俱无因善果报推度彼所缘心。至于速行,若如理作意,善速行便会生起;若不如理作意,即错误作意,不善速行便可能生起。五识、领受与推度也都只能是善果报。
၃။ သဘာဝအတိုင်း အလိုမရှိအပ်သည့် သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရ သည်ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ် ဇော၊ အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ စက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံများသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်- ချက်အရ အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဇော၊ မနောဒွါရိကဇောတို့ နောင်၌ အကုသိုလ် ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတစ်မျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။
3.依其自性不可欲的自然不可意所缘,只会由于过去不善业而被遇到。因此,遇到这种不可意所缘时,若如理作意,善速行便会生起;若不如理作意,不善速行便会生起。眼识等五识、领受、推度与彼所缘,则全都只能是无因不善果报心。依此规定,应当记住:在取不可意所缘而生起的五门速行与意门速行之后,只可能生起一种彼所缘心,即作为不善业果报的舍俱无因不善果报推度彼所缘心。
ကံနှင့် အကျိုးတရားအပိုင်း
业与果报部分
ဤတွင် ---- ၁။ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်၊ ၂။ တိဟိတ် သြမက ကုသိုလ်၊ ၃။ ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်၊ ၄။ ဒွိဟိတ် သြမက ကုသိုလ်၊ ဤကုသိုလ်ကံ (၄)မျိုးတို့နှင့် ယင်း ကုသိုလ်ကံတို့၏ အကျိုးတရားတို့ကိုလည်း သိထားသင့်ပေသည်။ သို့မှ သာလျှင် တဒါရုံကို ရှုရာ၌ ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်မည် ဖြစ်သည်။
这里还应了解以下四种善业及其果报:1.上等三因善业;2.下等三因善业;3.上等二因善业;4.下等二因善业。只有如此,观照彼所缘时才能获得更深入的理解。
တတ္ထာပိ တိဟေတုကမုက္ကဋ္ဌံ ကုသလံ တိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ သောဠသဝိပါကာနိ ဝိပစ္စတိ။
“其中,上等三因善业带来三因结生,并在生命转起期间产生十六种果报。”
တိဟေတုကမောမကံ၊ ဒွိဟေတုကမုက္ကဋ္ဌဉ္စ ကုသလံ ဒွိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ တိဟေတုက- ရဟိတာနိ ဒွါဒသ ဝိပါကာနိ ဝိပစ္စတိ။
“下等三因善业与上等二因善业带来二因结生,并在生命转起期间产生十二种不含三因的果报。”
ဒွိဟေတုကမောမကံ ပန ကုသလံ အဟေတုကမေဝ ပဋိသန္ဓိံ ဒေတိ၊ ပဝတ္တေ စ အဟေတုကဝိပါကာနေဝ ဝိပစ္စတိ။
“至于下等二因善业,只带来无因结生,并在生命转起期间也只产生无因果报。”
အသင်္ခါရံ သသင်္ခါရ-ဝိပါကာနိ န ပစ္စတိ။
“无行善业不产生有行果报;”
သသင်္ခါရမသင်္ခါရ-ဝိပါကာနီတိ ကေစန။
“有行善业也不产生无行果报——有些论师这样主张。”
တေသံ ဒွါဒသ ပါကာနိ၊ ဒသာ၊ဋ္ဌ စ ယထာက္ကမံ။
“依其顺序,他们所立的果报数为十二、十与八;”
ယထာဝုတ္တာနုသာရေန၊ ယထာသမ္ဘဝမုဒ္ဒိသေ။
“应当依照上述说明,随其可能而列举。”
(အဘိဓမ္မတ္ထသင်္ဂဟ - ဝီထိမုတ်ပိုင်း)
(《摄阿毗达磨义论·离路品》。)
原书第 133 页
ကုသိုလ်နှင့် ဝိပါက် ဇယား
善业与果报表
ကုသိုလ် သမာနဝါဒ ဝိပါက် ကေစိဝါဒ ဝိပါက်
善业|通说的果报数|有些论师所说的果报数
အသင်္ခါရိက
无行
တိဟိတ် - ဥက္ကဋ္ဌ - ၁၆ ၁၂
上等三因|16|12
သသင်္ခါရိက
有行
တိဟိတ် - သြမက အသင်္ခါရိက
下等三因·无行
- ၁၂ ၁ဝ
—|12|10
ဒွိဟိတ် ဥက္ကဋ္ဌ သသင်္ခါရိက
上等二因·有行
အသင်္ခါရိက
无行
ဒွိဟိတ် - သြမက - ၈ ၈
下等二因|8|8
သသင်္ခါရိက
有行
တိဟိတ်-ဥက္ကဋ္ဌ ကုသိုလ်
上等三因善业
ကုသိုလ်ပြုစဥ်ဝယ် ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် ယှဥ်တွဲလျက်ရှိသော ကံ-ကံ၏ အကျိုးတရားကို တတ်သိနားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းသော ကုသိုလ်မျိုးသည် လည်းကောင်း၊ အကယ်၍ ကောင်းမှုရှင်သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်ပြီးသူ ဖြစ်သဖြင့် ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်မျိုးစေ့တို့ကို ပြုစုပျိုးထောင်ရာဝယ် အလှူ ပေး ပုဂ္ဂိုလ် အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုစသည့် သက်ရှိ သက်မဲ့ ရုပ်နာမ်တရားစုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ယင်းရုပ်နာမ် ပရမတ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့် စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်သဖြင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာ ဉာဏ်စသော ဝိပဿနာဉာဏ်များ ပါဝင် ခြံရံလျက်ရှိသော ဒါန သီလ ဘာဝနာ စသော ကုသိုလ်မျိုးသည်
行善时,有一类善业以“业为己有正见智”为主导;这种智能够理解业与业果,并与深信业及业果的信相应。又或者,行善者已经以智见抵达色、名、因、果这些行法聚的究竟层次;因此,在培育布施、持戒、禅修等善业种子时,他能把施者、受施者、所施物等有情与无情的色名法聚摄取、分别至究竟层次,再轮流把三相安立于这些究竟色名法上而修习、审察毗婆舍那。由此,布施、持戒、禅修等善业便有无常随观智、苦随观智、无我随观智等诸观智参与、围绕——
လည်းကောင်း အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်ဟူသမျှတို့၏ အခြေခံ အကြောင်းရင်း အရင်း အမြစ် ဖြစ်ကြသည့် = ဟိတ်တရား (၃)ပါးနှင့် ယှဥ်တွဲနေသည့်အတွက် တိဟိတ်ကုသိုလ် ဖြစ်၏။ ဉာဏသမ္ပယုတ် မဟာကုသိုလ် ဝိပဿနာဇောတို့ကား တိဟိတ်ကုသိုလ်မျိုး အစစ်သာ ဖြစ်၏။
这一类善业,以及前述由业为己有正见智主导的善业,都与无贪、无嗔、无痴三因相应;这三因是一切善法的基础、原因与根本,所以它们属于三因善业。智相应大善观速行,正是真正的三因善业。
ထိုကဲ့သို့သော တိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း၊ ပြုပြီး နောက်သော်လည်းကောင်း လောဘ ဒေါသ မာန်မာန စသော အကုသိုလ်များ မခြံရံဘဲ၊ အလောဘ အဒေါသ အမောဟစသော ကုသိုလ်များသာ ခြံရံနေလျှင် ထိုတိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် ဥက္ကဋ္ဌ = ဥက္ကဌ် အဖြစ်သို့ ရောက်ရှိသွားသော ကုသိုလ် မည်၏။ ထိုကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်အလွန် မြင့်မြတ်သော ဥက္ကဌ်ကုသိုလ် ဖြစ်လေတော့၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်တည်း။ သို့မဟုတ် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်စေတသိက်တရားစုတည်း။ ပုညာဘိသင်္ခါရ အမည် ရသော နာမ်တရားစုတို့တည်း။ သောမနဿဝေဒနာနှင့် ယှဥ်သော် (၃၄)၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်သော် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။ ယေဘုယျဟု မှတ်ပါ။
培育这样的三因善业时,如果行善之前与行善之后都没有贪、嗔、慢等不善法围绕,只有无贪、无嗔、无痴等善法围绕,这一三因善业便成为殊胜、高上的“上等善业”。若每次忆念该善业时又都欢喜愉悦,它就成为极其殊胜的上等善业。其法体是智相应大善心;或者说,是智相应大善心与心所之法聚,也就是称为“福行”的名法聚。与悦受相应时有三十四种名法,与舍受相应时有三十三种名法;应知这是就一般情形而言。
အကျိုးပေးပုံ ---- ထို တိဟိတ်ဥက္ကဌ် အမြတ်စား မဟာကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာဝိပါက် ဉာဏသမ္ပယုတ်ဟူသော တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား မဟာဝိပါက်နှင့် အဟိတ် ကုသလဝိပါက်ဟူသော (၁၆)ချက်သော အကျိုးတို့ကို ပေး၏။ ပဋိသန္ဓေ၌ သောမနဿဝေဒနာနှင့် ယှဥ်သော် နာမ်တရား (၃၄)၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်သော် ပီတိ မပါသဖြင့် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။
产生果报的方式——这种上等三因的殊胜大善业,在结生时带来称为“智相应大果报”的三因结生果;在生命转起期间,则带来大果报与无因善果报这十六种果报。结生名法与悦受相应时共有三十四种;与舍受相应时,由于没有喜,共有三十三种名法。
原书第 134 页
ဝိပဿနာဇောစေတနာတို့ကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံ
观速行之思也能产生结生果报的方式
နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ-၁-၂၉၅ - စေတနာသုတ္တန်။) နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမကစေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမက- ဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ-ဋ္ဌ-၂-၆၆။) အနုသေတီတိ တေဘူမကကုသလေ ဥပနိဿယကောဋိယာ၊ စတူသု အကုသလစေတနာသု သဟဇာတ-
“诸比丘,若不思,若不筹划,但仍有随眠,这便成为识住立的所缘。有所缘时,识便有所依而住;当识住立、增长时,未来再有便会现起;未来再有现起时,未来的生、老死、愁、悲、苦、忧、恼便会生起。如此,这整个苦蕴便集起。”(《相应部·思经》1-295。)义注解释:“若不思”,是说三界之思不转起之时;“若不筹划”,是说爱与见所作筹划不转起之时;“但仍有随眠”,则是在三界果报、欲界唯作与色法中,依尚未断除这一端而取随眠。“这便成为所缘”,是说有随眠时,业识的生起未受遮止,所以这种随眠本身就是缘。(《相应部义注》2-66。)所谓“仍有随眠”,在三界善中依亲依止缘一端而取,在四种不善思中则依俱生缘——
ကောဋိယာ စေဝ ဥပနိဿယကောဋိယာ စ အနုသယော ဂဟိတော။ (သံ-ဋ္ဌ-၂-၆၆။) ဧတ္ထ စ ''နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ ခေါ အနုသေတီ''တိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တက ကုသလာကုသလာယူဟနံ၊ ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ၊ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ၊ တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ-ဋီ-၂-၈၃။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ----- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်အတွင်း၌ တည်ရှိကြသော တေဘူမကသင်္ခါရ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်လျက် တွင်တွင်ကြီး
“——以及亲依止缘两端而取随眠。(《相应部义注》2-66。)这里,世尊以第二种方法说:‘诸比丘,若不思,若不筹划,但仍有随眠。’这是为了显示:在前分,即使没有积集、筹划能产生有的善与不善,对于已经看见诸有过患的禅修者,观速行之思仍会以随眠为缘而成为能生结生者;也是为了显示:纵然善与不善不转起,当时仍存在的三界果报等法中,因尚未断除一端的随眠烦恼为缘,能产生有的业识仍能住立。”(《相应部复注》2-83。)上述经、义注与复注的要义如下:一位禅修者对于欲界有、色界有、无色界有这三种有、三界中的三界行——即色、名、因、果诸行法——置于三相之下,持续有力地——
ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိ၏။ ဘုံသုံးပါးတို့၌ အနိစ္စပြစ်ချက်ကြီး ဒုက္ခပြစ်ချက်ကြီး အနတ္တပြစ်ချက်ကြီး ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမပြစ်ချက်ကြီးတို့ကို ဉာဏ်ပညာမျက်စိဖြင့် လင်းလင်းထင်ထင် တွေ့မြင် လျက် ရှိနေ၏။ ထိုသို့ ဝိပဿနာဉာဏ်များသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အဆက်မပြတ် အရှိန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်နေချိန်ဝယ် ထိုသူတော်ကောင်း၏ သန္တာန်၌ ---- ၁။ သံသရာဝဋ်ကို လည်ပတ်စေတတ်သော ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံများ လည်း ဖြစ်ခွင့် မရှိပေ။
——修习观禅,加以观照审察。他以慧眼清楚明见三界中的无常大过患、苦大过患、无我大过患,以及会变异坏灭的变异大过患。当这些观智在这位禅修者的相续中不间断而强有力地接连生起时,在这位善人的相续中:1.令轮回流转、能产生新有的善业与不善业,没有生起的机会。
၂။ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရပါလို၏ စသော တဏှာဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည် စိတ်ကူးမှုလည်း မရှိပေ။
2.也没有伴随爱与见而作“愿我成为优秀的人、殊胜的天人”等筹划与设想。
၃။ သို့သော် အနုသယဓာတ်ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်ရှားရသေးသဖြင့် ထိုသူတော်ကောင်း၏ ရုပ်နာမ်သန္တာန် အစဥ်ဝယ် အနုသယဓာတ်ကား ကိန်းဝပ်လိုက်ပါလျက်ပင် ရှိနေသေး၏။
3.然而,由于尚未以圣道法将随眠界灭除无余,随眠界仍潜伏在这位善人的名色相续之中。
ဤသို့လျှင် ဝိပဿနာဉာဏ်အခိုက်ဟူသော ရှေ့အဖို့ဝယ် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ် ကံတို့ကို ပြုစုပျိုးထောင်နေသည် မဟုတ်ဘဲ ဘဝ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂင်လမ်းကြောင်းပေါ်
这样,在观智生起的前分,他并不是在培育能产生有的善业与不善业,而只是在通往诸有终尽处——涅槃——的道支道路上——
原书第 135 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သို့သာ ဖြောင့်တန်းစွာ လျှောက်သွားနေခြင်းသာ ဖြစ်သောကြောင့် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံကို ကြိုးစားအားထုတ်မှုနှင့် ကင်းနေသည် ဖြစ်ငြားသော်လည်း၊ လူတော်လူကောင်း နတ်ကောင်း နတ်မြတ်ဖြစ်ရန် စသော တဏှာ-ဒိဋ္ဌိတို့ဖြင့် ပူးတွဲ၍ ကြံစည်စိတ်ကူးမှုနှင့် ကင်းနေသည် မှန်ငြားသော်လည်း ဘဝသုံးပါးတို့၌ အပြစ်အာဒီနဝကို ဉာဏ်မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနုသယဓာတ် ကိန်းဝပ်တည်နေခြင်းတည်းဟူသော အကြောင်းကြောင့် ဝိပဿနာဇော တို့နှင့် ယှဥ်တွဲလျက်ရှိသော ဝိပဿနာစေတနာသည်လည်း ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်ရကား ဤအနုသယ ဓာတ်၏ ကိန်းအောင်းခြင်းသည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိ လာဖို့ရန် အကြောင်းတရား ဖြစ်ပေသည်။ အနုသယဓာတ်သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပါက် ရုပ်နာမ် စသည့်
——笔直前行。因此,他虽然不再努力造作能产生有的善业与不善业,虽然不再伴随爱、见而筹划成为优秀的人或殊胜的天人等,但这位以慧眼亲自现前、洞彻知见三有过患的禅修者,其相续中仍有随眠界潜伏;以此为因,观速行之思也能产生结生果报。由此,随眠界的潜伏,成为将来再次产生新有之业识得以生起、住立的缘。随眠界仍潜伏在这位禅修者的果报名色等——
ရုပ်နာမ်သန္တာန် အစဥ်တို့၌ ကိန်းဝပ်တည်ရှိနေသေးခြင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဝိညာဏ် သည်လည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်အရာ၌ တည်နေ၏ဟု ဆိုလိုသည်။
——名色相续之中,所以与观智相应的识,也以将来能够再次产生新有的业识这一身份而住立。这就是本段的意思。
ဤရှင်းလင်းချက်များအရ အထက်ပါ စေတနာသုတ္တန်ကောက်နုတ်ချက်ပါဠိတော်၏ မြန်မာပြန်မှာ ဤသို့ ဖြစ်၏။
依照上述解释,前引《思经》巴利节文的缅译如下。
ရဟန်းတို့ …အကြင်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သည့် ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်း အကယ်၍ စေ့ဆော်အားမထုတ်စေကာမူ၊ လူတော်လူကောင်း နတ်ကောင်းနတ်မြတ်ဖြစ်ရန် စသည်ဖြင့် တဏှာ- ဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည်စိတ်ကူးမှု အကယ်၍ မရှိစေကာမူ၊ ထိုသို့ဖြစ်သော်လည်း အကယ်၍ကား အနုသယ ဓာတ်သည် ကိန်းအောင်းတည်နေသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ကိန်းအောင်းခြင်းသည်ပင်လျှင် နောင် တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိလာဖို့ရန် အကြောင်း တရား ဖြစ်၏။ အနုသယဓာတ်ဟူသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဘဝသစ်ကို ဖြစ်ပေါ် စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကမ္မဝိညာဏ်သည် တည်ရှိသည်ရှိသော် စည်ပင်လာသည်ရှိသော် နောင်အခါ၌ တစ်ဖန် ဘဝအသစ်ဟု ဆိုအပ်သော ဘဝဖြစ်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။ နောင်အခါ၌ တစ်ဖန် ဘဝသစ်၏ ဖြစ်ခြင်းသည် ထင်ရှားရှိခဲ့သော် နောင်အခါ၌ ----
诸比丘……即使不发动、不造作能产生新有的善思与不善思,即使没有伴随爱、见而筹划成为优秀的人、殊胜的天人等,然而只要随眠界仍潜伏着,这一随眠界的潜伏本身就是缘,能使具有将来再次产生新有之力量的业识生起、住立。当随眠界这一缘显然存在时,具有产生新有之力量的业识便显然生起、住立;当该业识住立、增长时,将来所谓再次成为新有的有便显然生起;当未来新有显然生起时,未来便有——
၁။ ပဋိသန္ဓေတည်နေရခြင်း ဇာတိတရား၊ ၂။ အိုရခြင်း ဇရာတရား၊ ၃။ သေရခြင်း မရဏတရား၊ ၄။ စိုးရိမ်ရခြင်း သောကတရား၊ ၅။ ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရား၊ ၆။ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ ၇။ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ၈။ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့သည် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုအပုံသည် ဖြစ်ပေါ်လာ၏။
——1.结生而有的生法;2.衰老的老法;3.死亡的死法;4.忧愁的愁法;5.哭泣哀号的悲法;6.身体痛苦的苦法;7.心中痛苦的忧法;8.强烈煎迫的恼法。这些都显然生起。如此,整个苦蕴便生起。
(သံ-၁-၂၉၅။)
(《相应部》1-295。)
ဤဒေသနာတော်ကား ဝိပဿနာဇော စေတနာတို့ကလည်း အခါအခွင့်သင့်လျှင် အနုသယဓာတ် ကိလေ သာ ကိန်းဝပ်တည်ရှိနေသေးသူ သူတော်မွန်၏သန္တာန်ဝယ် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးတို့ကို ပေးနိုင်ပုံ ဒေသနာ တော်တစ်ခု ဖြစ်၏။ ဉာဏသမ္ပယုတ် ဝိပဿနာဇော စေတနာတို့က မဟာဝိပါက် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၍ ပဝတ္တိအခါ၌ အထက်တွင် ဖော်ပြထားခဲ့သော (၁၆)ချက်သော အကျိုးဝိပါက်တို့ကို ပေးနိုင်၏။ ဉာဏ ဝိပ္ပယုတ် ဝိပဿနာဇောစေတနာတို့ကား အောက်တွင် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ပိုင်း၌ ဖော်ပြထားသော ပဋိသန္ဓေ
本教说显示:机缘适当时,对于随眠界烦恼仍然潜伏的善人,观速行之思也能在其相续中产生结生果报与生命期间的果报。智相应观速行之思,在结生时产生三因大果报结生,并在生命转起期间产生前述十六种果报;至于智不相应观速行之思,应知它们能产生下文“上等二因善业”一节所说的结生——
原书第 136 页
ကျိုး ပဝတ္တိကျိုးတို့ကို ဖြစ်စေတတ်ကုန်၏ဟု မှတ်ပါ။ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို ပေးတတ်သော ဝိပဿနာဇော စေတနာတို့ကား စရဏမျိုးစေ့တွင် အကျုံးဝင်၍ ယင်းသို့ အကျိုးမပေးသော ဝိပဿနာဇောတို့ကား ဝိဇ္ဇာမျိုးစေ့ တွင် အကျုံးဝင်ကြ၏။
——果报与生命期间的果报。能产生结生果报和生命期间果报的观速行之思,摄入行种子;不能如此产生果报的观速行,则摄入明种子。
ကထံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ။ ပုထုဇ္ဇ- နဿ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ၊ ပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ သေက္ခဿပိ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ၊ ဥတ္တရိပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ဧဝံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ အဘိနန္ဒဋ္ဌေန။ (ပဋိသံ-၆ဝ။) အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သေက္ခေသု သောတာပန္နသကဒါဂါမီနံ အနဓိဂတဇ္ဈာနာနံ သင်္ခါရုပေက္ခာကမ္မေန ဒီယမာနာယ ကာမာဝစရသုဂတိပဋိသန္ဓိယာ အဘိနန္ဒနကိလေသော ပစ္စယော ဟောတိ၊ စျာနလာဘီနံ ပန အနာဂါမိဿ စ ဗြဟ္မလောကေယေဝ ပဋိသန္ဓာနတော ပစ္စယော န ဟောတိ၊ အနုလောမ- ဂေါတြဘူဟိ စ ဒီယမာနာယ ပဋိသန္ဓိယာ အယမေဝ ကိလေသော ပစ္စယော ဟောတီတိ ဝေဒိတဗ္ဗော။
“凡夫与有学把心导向行舍,其共同性如何?凡夫欣乐行舍时,心被染污,成为修习的障碍、通达的障碍,并成为未来结生之缘。有学欣乐行舍时,心也被染污,成为修习的障碍、更高通达的障碍,并成为未来结生之缘。如此,凡夫与有学把心导向行舍,依欣乐之义而具有共同性。”(《无碍解道》60。)“成为未来结生之缘”是说:在有学之中,对未证得禅那的预流者与一来者而言,当行舍业给予欲界善趣结生时,欣乐烦恼成为其缘;对已经证得禅那者及不来者而言,由于他们只在梵界结生,所以它不成为此缘。对于随顺智与种姓智所给予的结生,也应知正是这一烦恼成为其缘。
(ပဋိသံ-ဋ္ဌ-၁-၂၅ဝ။)
(《无碍解道义注》1-250。)
ပုထုဇန် ပုဂ္ဂိုလ်အားလည်းကောင်း၊ စျန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အားလည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် အဘယ်သို့လျှင် တူညီမှုရှိခြင်းသည် ဖြစ်လေသနည်း? … ၁။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော ပုထုဇန်ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝ- နာ၏ ဘေးရန်ဖြစ်၏။ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်း = သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ-၆ဝ။) သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဥ်သော စေတနာကံသည် စွမ်းအင် ကြီးမားသောကြောင့် ထိုကံကပင်လျှင် သုဂတိပဋိသန္ဓေကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးခြင်းဟု ဆိုအပ်သော လောဘကိလေသာသည် နောင်အနာဂတ်ဘဝ၌ ကာမာဝစရသုဂတိပဋိသန္ဓေကို အားပေးထောက်ပံ့တတ်သော
对于凡夫,以及未证禅那的预流者、一来者这些仍在学修的有学,把心导向行舍为何具有共同性呢?……1.对喜爱行舍智的凡夫而言,心被染污,成为观禅修习的危害,也障碍获得本应由观禅修习证得、能够洞彻知见四圣谛的谛通达智;并且成为未来欲界善趣结生之缘。(《无碍解道》60。)由于与行舍智相应的思所成之业力量强盛,当该业本身给予善趣结生果报时,称为“极其喜爱行舍智”的贪烦恼,就在未来世成为欲界善趣结生的扶助——
ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးသော လောဘကိလေသာ အပေါင်း အဖော်ကို ရရှိသော သင်္ခါရုပေက္ခာကုသိုလ်ကံသည် အကျိုးဝိပါကဝဋ်ကို ဖြစ်စေနိုင်၏။ ထိုကြောင့် သင်္ခါရုပေက္ခာ ကံကား ပဋိသန္ဓေ စသော အကျိုးဝိပါက်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။
——缘。行舍善业若有喜爱行舍智的贪烦恼为伴,便能产生果报轮。因此,行舍业是直接产生结生等果报的能生缘。
သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာကား ယင်းဇနကကံကို အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ (ပဋိသံ-ဋ္ဌ-၁-၂၅ဝ။) ၂။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော စျာန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန်ဖြစ်၏၊ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော အထက်အထက်သော အရိယမဂ်ဉာဏ်တည်းဟူသော သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ-၆ဝ။)
喜爱行舍智的贪烦恼,是对上述能生业给予支持的扶助缘。(《无碍解道义注》1-250。)2.对于喜爱行舍智而未证禅那的预流者、一来者这些有学,心被染污,成为观禅修习的危害,也障碍获得本应由观禅修习证得、能够洞彻知见四圣谛的更高阶圣道智,即谛通达智;并且成为未来欲界善趣结生之缘。(《无碍解道》60。)
原书第 137 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား သင်္ခါရု- ပေက္ခာကံက ကာမာဝစရသုဂတိပဋိသန္ဓေကျိုးကို ပေးလတ်သော် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက် မြတ်နိုးသော လောဘကိလေသာသည် ယင်းသင်္ခါရုပေက္ခာကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာကံကား ဇနက အကြောင်းတရား ဖြစ်၏။ စျာန်ကို ရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း ဗြဟ္မာ့ပြည်၌သာ ပဋိသန္ဓေတည်နေရခြင်းသဘော ရှိသောကြောင့် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာသည် ဗြဟ္မာပဋိသန္ဓေကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံ ဖြစ်သော မဟဂ္ဂုတ်စျာန် ကုသိုလ်ကံအား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား မဖြစ်နိုင်။ (မဟဂ္ဂုတ်စျာန်ကိုလည်း
在有学之中,当行舍业为未证禅那的预流者与一来者产生欲界善趣结生果报时,极其喜爱行舍智的贪烦恼,是对该行舍业给予支持的扶助缘;行舍业则是能生缘。至于已经证得禅那的预流者、一来者,以及不来者,由于他们只会在梵界结生,所以喜爱行舍智的贪烦恼,不能成为广大禅善业的扶助缘;后者才是直接产生梵界结生的能生业。(因为对广大禅那以及——
ကောင်း ဗြဟ္မာဘဝကိုလည်းကောင်း တွယ်တာမက်မောတတ်သော တဏှာလောဘကသာလျှင် အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်သောကြောင့်တည်း။) အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့က ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးရာ၌လည်း ယင်းဝိပဿနာဉာဏ်တို့ကို အလွန် နှစ်သက်မြတ်နိုးသော ယင်းလောဘကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော အကြောင်းတရားဖြစ်သည်ဟု သိရှိပါလေ။
——梵界生命的爱贪,才是给予支持的扶助缘。)同样,当随顺智与种姓智产生欲界善趣结生果报时,应知极其喜爱这些观智的贪烦恼,就是给予支持的缘。
(ပဋိသံ-ဋ္ဌ-၁-၂၅ဝ။)
(《无碍解道义注》1-250。)
ဤသို့လျှင် ပုထုဇန်နှင့် ကျင့်ဆဲ = သေက္ခပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် နှစ်သက်တတ်သော သဘောအားဖြင့် ဤသို့ တူညီမှုရှိခြင်း ဖြစ်ပေသည်။ (ပဋိသံ-၆ဝ။) ဤကဲ့သို့သော ဝိပဿနာကံတို့ကား တိဟိတ် ဥက္ကဌ် အမြတ်စား ကာမာဝစရကံတို့ပင် ဖြစ်ကြပေသည်။
如此,凡夫与仍在学修的有学把心导向行舍,在会生欣乐这一点上具有共同性。(《无碍解道》60。)这样的观业,都是上等三因欲界业。
အဆင့်အမြင့်ဆုံးသော ကာမဘဝကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကံတို့ပင်တည်း။
也正是具有产生最高层欲界有之能力的业。
တိဟိတ် သြမက ကုသိုလ်
下等三因善业
ယင်း တိဟိတ်ကုသိုလ်မျိုးစေ့ကိုပင် ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း၊ ပြုအံ့ ဆဲဆဲ အလွန်နီးကပ်သော အချိန်၌သော်လည်းကောင်း၊ ပြုပြီး၌သော်လည်းကောင်း လောဘ၊ ဒေါသ၊ မာန် = မာန၊ ဣဿာ၊ မစ္ဆရိယ စသော အကုသိုလ်ဆိုးများက ယင်းကုသိုလ်ကို ခြံရံနေလျှင် ယင်းတိဟိတ်ကုသိုလ် သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား ''တိဟိတ် သြမက''ဟူသော အမည်ကို ရရှိလေသည်။
培育这种三因善业种子时,如果在行善以前、即将行善的极近时刻,或行善以后,有贪、嗔、慢、嫉、悭等恶不善法围绕这项善业,那么该三因善业本身便降为下等,因此得名“下等三因”。
ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်
上等二因善业
ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ရာဝယ် ကလေးသူငယ်များ ပြုလုပ်သကဲ့သို့ ကံနှင့် ကံ၏အကျိုးကို တတ်သိနားလည်သော ဉာဏ်မပါလျှင် အလောဘ အဒေါသ ဟိတ်နှစ်ပါးနှင့်သာ ယှဥ်၍ အမောဟဟိတ်နှင့် မယှဥ်သောကြောင့် ယင်းကုသိုလ်မျိုးသည် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ ထိုကုသိုလ်၏ ရှေ့နောက်၌ ကုသိုလ်များ ခြံရံနေလျှင် အမြတ်စား ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် တရားစု တည်း။
培育善行时,若像儿童行善那样,没有了知业与业果的智,便只与无贪、无嗔二因相应,而不与无痴因相应,所以这种善业是二因善业。如果该善业的前后都有善法围绕,它便成为上等二因善业。其法体是智不相应大善法聚。
အကျိုးပေးပုံ ---- ဤ တိဟိတ်သြမကကုသိုလ်နှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာ ဝိပါက် ဉာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား တိဟိတ် မဟာဝိပါက် ဉာဏသမ္ပယုတ် အကျိုးကို မပေးနိုင်တော့ဘဲ မဟာဝိပါက် ဉာဏဝိပ္ပယုတ် (၄)မျိုး၊ အဟိတ် ကုသလဝိပါက် (၈)မျိုးဟူသော (၁၂)မျိုးသော အကျိုးကိုသာ ပေးတော့သည်။
给果方式——下等三因善业与上等二因善业,在结生时产生称为智不相应大果报心的二因结生果报;在生命转起期间,它们不能产生智相应三因大果报,而只产生十二种果报:四种智不相应大果报与八种无因善果报。
原书第 138 页
ဒွိဟိတ် သြမက ကုသိုလ်
下等二因善业
ယင်း ဒွိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ယင်းကုသိုလ်၏ ရှေ့နောက်၌ အကုသိုလ်များ ခြံရံ နေလျှင် ယင်းဒွိဟိတ်ကုသိုလ်သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား ''ဒွိဟိတ် သြမက''ဟူသော အမည်ကို ရရှိလေသည်။
培育这种二因善业时,如果该善业前后都有不善法围绕,那么二因善业本身便降为下等,因此得名“下等二因”。
အကျိုးပေးပုံ ---- ယင်း ဒွိဟိတ်သြမကကုသိုလ်ကား ပဋိသန္ဓေအခါဝယ် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟူသော အညံ့စား ပဋိသန္ဓေအကျိုးကို ပေး၏။ ယင်း ပဋိသန္ဓေစိတ်၌ ဆန္ဒ၊ ပီတိ၊ ဝီရိယ မပါသော အညသမာန်း စေတသိက် (၁ဝ)လုံးတို့ ယှဥ်သဖြင့် စိတ်+စေတသိက် = နာမ်တရားစုမှာ (၁၁) ဖြစ်၏။ အမိ ဝမ်းတွင်းဝယ် ကာဏ်းလာသူ ဝမ်းတွင်းကာဏ်းလူသား ဝမ်းတွင်းပါ အင်္ဂါ ခြေလက် ချို့တဲ့သူ လူသားတို့၏ ပဋိသန္ဓေမှာ ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေပင် ဖြစ်၏။ ဝိနိပါတိကအသုရာတို့၏ ပဋိသန္ဓေမျိုးစေ့မှာလည်း ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ပင် ဖြစ်သည်။ ပဝတ္တိအခါ၌ကား အဟိတ် ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ ဤဆိုအပ်ခဲ့ပြီးသော စကားရပ်ကား အများသဘောတူ ဆုံးဖြတ်အပ်သော သမာနဝါဒ တည်း။ ကေစိဆရာဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က ခေါ်ဝေါ်သုံးနှုန်းထားသော မောရဝါပီ မည်သော အရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တထေရ် - တို့ကမူ ----
给果方式——下等二因善业在结生时,产生称为舍俱无因善果报推度心的下等结生果报。该结生心与十个同他心所相应,不含欲、喜、精进,因此心加心所共有十一种名法。先天失明者、先天肢体残缺者的结生,就是这种舍俱无因善果报推度结生;堕落阿修罗天的结生种子,也同样是这种舍俱无因善果报推度心。在生命转起期间,它只产生八种无因善果报。上述说法,是大众共同认可的通说。至于住在名为摩罗洼比(Moravāpi)之地的大达长老等人——阿努律陀长老称他们为“有些论师”——则主张:
၁။ အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရိက အကျိုးကို မပေး။
1.无行善业不产生有行果报。
၂။ သသင်္ခါရိက ကုသိုလ်ကံကလည်း အသင်္ခါရိက အကျိုးကို မပေးနိုင်ဟု ---- ဤသို့ အယူရှိတော်မူ၏။ ဤအယူအတိုင်း ရေတွက်လျှင် ဤသို့ ဖြစ်၏။
2.有行善业也不能产生无行果报。他们持有这样的见解。依此见解计算,果报数如下。
၁။ ဒွါဒသ ---- တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်သည် အသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ --- (က)အဟိတ် ကုသလဝိပါက် ---- (၈) မျိုး ( ခ )မဟာဝိပါက် အသင်္ခါရိက ---- (၄) မျိုး ဤ (၁၂)မျိုးသော အကျိုးကို ပေး၏။
1.十二种——若上等三因善业属于两种无行智相应大善心,则产生:(甲)八种无因善果报;(乙)四种无行大果报;共十二种果报。
တစ်ဖန် ယင်းတိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် သသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ -- (က)အဟိတ် ကုသလဝိပါက် ---- (၈) မျိုး ( ခ )မဟာဝိပါက် သသင်္ခါရိက ---- (၄) မျိုး ဤ (၁၂)မျိုးသော အကျိုးကို ဖြစ်စေ၏။
再者,若上等三因善业属于两种有行智相应大善心,则产生:(甲)八种无因善果报;(乙)四种有行大果报;共十二种果报。
(အဟိတ် ဝိပါက်ကား သသင်္ခါရိက အသင်္ခါရိကဟု မဆိုရ၍ နှစ်ဘက်ရ ဖြစ်သည်။) ၂။ ဒသ ---- တိဟိတ်သြမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည်လည်း အသင်္ခါရိက ဖြစ်အံ့ ---- (က)အဟိတ် ကုသလဝိပါက် ---- (၈) မျိုး ( ခ )မဟာဝိပါက် ဉာဏဝိပ္ပယုတ် အသင်္ခါရိက ---- (၂) မျိုး ဤ (၁ဝ)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။
(无因果报不分有行或无行,所以两边都可计算。)2.十种——若下等三因善业与上等二因善业属于无行,则产生:(甲)八种无因善果报;(乙)两种无行智不相应大果报;共十种果报。
သသင်္ခါရိက ဖြစ်အံ့ ---- (က)အဟိတ် ကုသလဝိပါက် ---- (၈) မျိုး ( ခ )မဟာဝိပါက် ဉာဏဝိပ္ပယုတ် သသင်္ခါရိက ---- (၂) မျိုး
若属于有行,则产生:(甲)八种无因善果报;(乙)两种有行智不相应大果报——
原书第 139 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤ (၁ဝ)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။
产生这十种果报法。
၃။ အဋ္ဌ --- ဒွိဟိတ်သြမက ကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက (၂)မျိုးလုံးသည်ပင် အဟိတ်ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)
3.八种——下等二因善业,无论是无行还是有行,都只能产生八种无因善果报。(《摄阿毗达磨义论》。)
မှတ်သားစေလိုသော ရည်ရွယ်ချက်
说明这些业果的用意
လူသားတို့အတွက် ဦးတည်လျက် အထက်ပါ ကုသိုလ်ကံနှင့် ကံ၏ အကျိုးတရားတို့ကို ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုရာဝယ် ကံနှင့် ကံ၏အကျိုးတရားတို့ကို သိ စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏၊ ဤနာမ်ကမ္မဋ္ဌာန်းပိုင်းဝယ် ဇောနောင်၌ တဒါရုံကို သိမ်းဆည်းရာ ဝယ် ယင်းတဒါရုံတို့ကို တိတိကျကျ သိမ်းဆည်းတတ်စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏။ ယင်းကံ၏ အကျိုးတရားပိုင်းတွင် ပါဝင်ကြသော သန္တီရဏစိတ်နှင့် မဟာဝိပါက်စိတ်တို့ကား တဒါရုံကိစ္စကို ရွက်ဆောင်ပေး နိုင်သော စိတ်အမျိုးအစားများပင် ဖြစ်ကြပေသည်။ (အကျယ်ကို - အဘိ-ဋ္ဌ-၁-၃ဝ၇-၃၂၇ - တို့၌ ကြည့်ပါ။)
以上以人类为主要对象说明善业及其果报,目的有二:第一,在观照因果相续的缘起部分时,使人能够了解业与业果;第二,在本名业处部分摄取速行之后的彼所缘时,使人能够准确地摄取这些彼所缘。属于业果报一方的推度心与大果报心,正是能够执行彼所缘作用的心类。(详见《阿毗达磨义注》1-307—327。)
အာရုံနှင့် ဝိပါက် သတ်မှတ်ပုံ
所缘与果报如何确定
သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ အာရမ္မဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏ-သမ္ပဋိစ္ဆန-သန္တီရဏ- တဒါရမ္မဏာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ။
“在一切情形下,于不可意所缘,五识、领受、推度与彼所缘都只是无因不善果报;于可意所缘,则是善果报;于极可意所缘,推度与彼所缘都只与悦受相应。”
(အဘိဓမ္မတ္ထသင်္ဂဟ။)
(《摄阿毗达磨义论》。)
စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်အစ တဒါရုံ အဆုံးရှိသော ဝီထိစိတ်တို့၏ အတွင်း၌ တည်ရှိကြသော ဝိပါက်စိတ်တို့၏ ကုသလဝိပါက် ဖြစ်ရခြင်း၊ အကုသလဝိပါက် ဖြစ်ရခြင်း၊ သောမနဿနှင့် ယှဥ်ရခြင်း၊ ဥပေက္ခာနှင့် ယှဥ်ရခြင်းတို့မှာ (၁) ဣဋ္ဌာရုံ (၂) အတိဣဋ္ဌာရုံ (၃) အနိဋ္ဌာရုံများနှင့် ဆက်သွယ်လျက် ရှိ၏။ ထို ဣဋ္ဌ၊ အတိဣဋ္ဌ၊ အနိဋ္ဌ အာရုံတို့ကို အလယ်အလတ်တန်းစား လူများ၏ အလိုအားဖြင့် ခွဲခြားရ၏။
在从眼识等五识开始、直到彼所缘为止的心路心中,各种果报心究竟属于善果报还是不善果报,与悦受相应还是与舍受相应,都与三类所缘有关:1.可意所缘;2.极可意所缘;3.不可意所缘。这三类所缘应依中等人的共同感受加以区分。
(အကျယ်ကို - အဘိ-ဋ္ဌ-၂-၁ဝ - စသည်၌ ကြည့်ပါ။)
(详见《阿毗达磨义注》2-10等。)
အလယ်အလတ်တန်းစားလူတို့၏ အလိုအားဖြင့် ကောင်းသော ရူပ သဒ္ဒ စသည့် အာရုံ (၆)ပါးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံတို့တည်း။ တွေ့ကြုံခဲလှသော ဘုရားရှင်၏ အဆင်းတော် အသံတော် စသည်နှင့် အလွန် လှပသော ယောကျာ်း မိန်းမတို့၏ အဆင်း အသံ စသည်တို့ကား အလွန် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် သော အတိဣဋ္ဌာရုံတို့တည်း။ ကျင်ကြီး ကျင်ငယ် အလောင်းကောင် စသည်နှင့် မကောင်းဆိုးဝါးသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ စသည့် အာရုံတို့ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့တည်း။
依中等人的共同感受,良好的颜色、声音等六种所缘,是为人所欲的可意所缘。极难遇见的佛陀色身、声音等,以及极为俊美的男女之形色、声音等,是极可欲、可喜、可爱的极可意所缘。粪便、尿液、尸体等,以及恶劣的颜色、声音、气味、滋味、触感等,则是不可欲、不可喜、不可爱的不可意所缘。
သဘာဝ အနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသဖြင့် အနိဋ္ဌာရုံကို အာရုံပြုကုန်သော ဝီထိစိတ်တို့၌ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြကုန်၏။
自然不可意所缘只能由于过去的不善业而被遇到,因此,在取不可意所缘而生起的心路中,五识、领受、推度与彼所缘都只是无因不善果报心。
ရှေးကုသိုလ်ကံကြောင့်သာ သဘာဝ ဣဋ္ဌာရုံများကို တွေ့ကြုံရသဖြင့် ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ကြ ကုန်သော ဝီထိစိတ်တို့၌ ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြရကုန်၏။
自然可意所缘只能由于过去的善业而被遇到,因此,在取该可意所缘而生起的心路中,五识、领受、推度与彼所缘都只是善果报心。
(တဒါရုံ၌ မဟာဝိပါက်စိတ်တို့လည်း ပါဝင်ကုန်၏။)
(在彼所缘中,也包括大果报心。)
原书第 140 页
ရှေးပါရမီ ကုသိုလ်ကံ အဟုန်အရှိန်က ဆောင်ပို့လိုက်သောကြောင့်သာလျှင် သဘာဝ အတိဣဋ္ဌာရုံများနှင့် တွေ့ကြုံရသောကြောင့် သဘာဝ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ (ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း) သောမနဿသန္တီရဏ၊ သောမနဿတဒါရုံတို့သာ ဖြစ်ကြရကုန်၏။ (အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ တဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံတို့သည် တဒါရုံအဖြစ်နှင့် ကျကုန်၏။)
自然极可意所缘只能由于过去波罗蜜善业的力量带来而被遇到。因此,遇到自然极可意所缘时,〔五识与领受是善果报,〕推度与彼所缘都只与悦受相应;也就是说,悦俱无因善果报推度心,以及悦俱大果报心,会作为彼所缘生起。
ဇောနှင့် တဒါရုံ သတ်မှတ်ပုံ
速行与彼所缘如何确定
ယံ ပန ''ဇဝနေန တဒါရမ္မဏံ နိယမေတဗ္ဗ''န္တိ ဝုတ္တံ။ တံ ကုသလံ သန္ဓာယ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။
“至于所说‘应以速行确定彼所缘’,应知这是针对善速行而说的。”
(အဘိ-ဋ္ဌ-၁-၃၁၇။)
(《阿毗达磨义注》1-317。)
''ဇောဖြင့် တဒါရုံကို သတ်မှတ်ထိုက်၏''ဟူသော ယင်း စကားကို (အဘိ-ဋ္ဌ-၁-၃ဝ၉။) ဟေတုကိတ္တန ကထာပိုင်းတွင် ဆိုခဲ့၏။ ထိုစကားရပ်ကို ကုသိုလ်ဇောကို ရည်ရွယ်၍ မိန့်ဆိုခဲ့သည်ဟု မှတ်ပါ။
“应以速行确定彼所缘”这句话,先前是在《阿毗达磨义注》1-309的“因的说明”部分说的。应当记住,这句话是针对善速行而说。
ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမ္မဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမ္မဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမ္မဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါ- တောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။ (အဘိဓမ္မတ္ထသင်္ဂဟ။) = ဒေါမနဿဝေဒနာသည် မသာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏၊ သောမနဿဝေဒနာကား သာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏။ ထိုကြောင့် ဒေါမနဿဝေဒနာနှင့် သောမနဿဝေဒနာ တို့သည် အချင်းချင်း ရှေ့သွားနောက်လိုက် နှီးနှောလို့ မရနိုင် ဖြစ်နေကြ၏။ ဥပေက္ခာဝေဒနာကား အလယ် အလတ် သဘောအားဖြင့် သင့်ရုံတော်ရုံသာလျှင် အာရုံ၏ အရသာကို ခံစားသဖြင့် ဒေါမနဿဝေဒနာ၊ သော- မနဿဝေဒနာ နှစ်ပါးလုံးနှင့်ပင် သင့်တင့်လိုက်လျောနိုင်ပေသည်၊ ထိုကြောင့် ဒေါမနဿသဟဂုတ်ဇောနောင်၌
“在忧俱速行之末,彼所缘与有分都只与舍受相应。因此,若悦俱结生者在忧俱速行之末没有彼所缘生起的可能,此时便以过去曾经熟习的某一欲界所缘为所缘,生起舍俱推度心;诸阿阇梨说,紧接其后便落入有分。”(《摄阿毗达磨义论》。)忧受以不悦的方式体验所缘之味,悦受则以愉悦的方式体验所缘之味,因此忧受与悦受不能彼此紧接着前后生起。舍受以中等、适度的方式体验所缘之味,所以既能与忧受相顺,也能与悦受相顺。因此,在忧俱速行之后,
တဒါရုံဖြစ်စေ၊ ဘဝင်ဖြစ်စေ ဥပေက္ခာသဟဂုတ်တို့သာ ဖြစ်ကြရလေသည်။
无论彼所缘还是有分,都只能是舍俱。
အကယ်၍ သောမနဿသဟဂုတ် မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ၏ သန္တာန်ဝယ် ဒေါသ ဇော၏နောင် တစ်စုံတစ်ခုသော အကြောင်းကြောင့် တဒါရုံ၏ ဖြစ်ခွင့်ကို အကယ်၍များ မရရှိခဲ့ပါလျှင် ထိုသို့ တဒါရုံ၏ ဖြစ်ခွင့်ကို မရရှိခဲ့သော် စိတ္တနိယာမ ဓမ္မတာအတိုင်းဆိုရမူ ဒေါသဇော၏ နောင်၌ ဘဝင်ကျရတော့မည် ဖြစ်သည်။ ဘဝင်ကျပြန်လျှင်လည်း - တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် တစ်ထပ်တည်း တူကြရလေ သောကြောင့် ဝေဒနာချင်းလည်း တူညီရမည် ဖြစ်ရကား - မူလက သောမနဿဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေ တည်နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက် လျောနိုင်ချေ၊ ဤကဲ့သို့ အခက်အခဲ ကြုံတွေ့နေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ရှေးရှေး လေ့ကျက်ခဲ့ဖူးသော ကျက်စားခဲ့ဖူးသော ကာမ (ရုပ်-နာမ်) အာရုံ တစ်ခုခုကိုပင် အာရုံယူ၍ စိတ်အစဥ် မပြတ်အောင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ဖြစ်ပေါ်လာရပေသည်ဟု ဆရာ
假如一位以悦俱大果报心结生的人,在其心相续中,嗔速行之后由于某种原因没有彼所缘生起,那么依心的定律,嗔速行之后本应落入有分。然而,一生中的结生心、有分心与死亡心完全相同,所相应的受也必须相同;此人原以悦俱心结生,接着便应落入悦俱有分,但悦俱有分不能紧接在嗔速行之后。遇到这种困难时,为了衔接嗔速行与悦俱有分,舍俱推度心会取过去曾经熟习的某一欲界色、名所缘而生起,使心相续不致中断;诸位
မြတ်တို့ မိန့်ဆိုတော်မူကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ။) သောမနဿသဟဂတသ္မိဥှိ ဇဝနေ ဇဝိတေ ပဉ္စ တဒါရမ္မဏာနိ ဂဝေသိတဗ္ဗာနိ၊ ဥပေက္ခာသဟဂတသ္မိံ ဇဝနေ ဇဝိတေ ဆ ဂဝေသိတဗ္ဗာနီတိ။
大德如是说。(《“悦俱速行生起后,应寻求五种彼所缘;舍俱速行生起后,应寻求六种彼所缘。”
အထ ယဒါ သောမနဿပဋိသန္ဓိကဿ ပဝတ္တေ စျာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ''ပဏီတဓမ္မော မေ နဋ္ဌော''တိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ တဒါ ကိံ ဥပ္ပဇ္ဇတိ၊
“又,当一位悦俱结生者在生命期间成就禅那,后来由于放逸而退失禅那;他省察‘我的殊胜法失去了’时,由懊悔而生起忧受,此时会生起什么?”
原书第 141 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သောမနဿာနန္တရဥှိ ဒေါမနဿံ ဒေါမနဿာနန္တရဉ္စ သောမနဿံ ပဋ္ဌာနေ ပဋိသိဒ္ဓံ၊ မဟဂ္ဂတဓမ္မံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏမ္ပိ တတ္ထေဝ ပဋိသိဒ္ဓန္တိ။ ကုသလဝိပါကာ ဝါ အကုသလဝိပါကာ ဝါ ဥပေက္ခာသဟဂတာ- ဟေတုကမနောဝိညာဏဓာတု ဥပ္ပဇ္ဇတိ။ (အဘိ-ဋ္ဌ-၁-၃၁၇-၃၁၈။) သောမနဿဝေဒနာနှင့် ယှဥ်သော ဇောသည် စောလတ်ပြီးသော် ယင်းဇော၏ နောင်၌ မဟာဝိပါက် သောမနဿတဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ တစ်မျိုးဟူသော သောမနဿ တဒါရုံ (၅)မျိုးတို့ကို ရှာထိုက်ကုန်၏။ သောမနဿတဒါရုံ (၅)မျိုးတို့တွင် တစ်မျိုးမျိုးသာကျ၏။ ဥပေက္ခာဝေဒနာနှင့် ယှဥ်သော ဇောသည် စောလတ်ပြီးသော် ယင်းဥပေက္ခာဇော၏ နောင်၌ မဟာဝိပါက် ဥပေက္ခာတဒါရုံ (၄)မျိုး နှင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏဟူသော အဟိတ် ဥပေက္ခာတဒါရုံ (၂)မျိုး - ပေါင်းသော် (၆)မျိုးကုန်သော ဥပေက္ခာတဒါရုံတို့ကို ရှာထိုက်ကုန်၏။ ဥပေက္ခာတဒါရုံ
“《发趣论》遮止悦受之后紧接忧受,也遮止忧受之后紧接悦受;以广大法为所缘而生起速行时,彼所缘也在同一《发趣论》中被遮止。于是会生起属于善果报或不善果报的舍俱无因意识界。”(《阿毗达磨义注》1-317—318。)悦俱速行生起之后,应在其后寻求五种悦俱彼所缘:四种悦俱大果报彼所缘,以及一种悦俱无因善果报推度彼所缘;五种之中只会生起一种。舍俱速行生起之后,应在其后寻求六种舍俱彼所缘:四种舍俱大果报彼所缘,以及两种无因舍俱推度彼所缘——一种是无因善果报舍俱推度,另一种是无因不善果报舍俱推度。合计六种;在这六种舍俱彼所缘
(၆)မျိုးတို့တွင် တစ်မျိုးမျိုးသာ ကျ၏။ ဤကား မဟာဓမ္မရက္ခိတ မထေရ်မြတ်ကြီး၏ ဝါဒတည်း။
之中,也只会生起一种。这是摩诃法护大长老的主张。
ထိုသို့ ရှာဖွေရာဝယ် ---- သူတော်ကောင်းတစ်ဦးသည် သောမနဿဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေ တည် နေခဲ့၏။ စျာန်ကိုရအောင် ကြိုးစားအားထုတ်ခဲ့၏။ တစ်ချိန် မေ့လျော့မှု ပမာဒတရား လွှမ်းမိုးခံရသည့်အတွက် ရပြီးစျာန်သည် လျှောကျသွား၏၊ ပျောက်ပျက်သွား၏။ ''ငါ၏ မွန်မြတ်သော စျာန်တရားသည် ပျက်စီးပါပေါ့ တကား''ဟု ဆင်ခြင်လတ်သော် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် စိတ်နှလုံး မသာယာခြင်း၏အစွမ်းဖြင့် ဒေါသ ဇောသည် ဖြစ်ပေါ်လာ၏။ ထိုအခါ၌ ယင်းဒေါသဇော နောင်၌ အဘယ်တဒါရုံသည် ဖြစ်ပေါ်လာပါသနည်းဟု မေးရန်ရှိ၏။
在这样寻求彼所缘时,举例说:一位善人以悦俱心结生,后来努力成就了禅那。某时由于被放逸所压伏,已经获得的禅那退失、消失了。他思惟:“我的殊胜禅法已经失去了!”由于内心不悦,嗔速行便在其心相续中生起。此时应问:这种嗔速行之后,会生起哪一种彼所缘?
၁။ သောမနဿ၏ အခြားမဲ့၌ ဒေါမနဿဖြစ်မှုကိုလည်းကောင်း၊ ၂။ ဒေါမနဿ၏ အခြားမဲ့၌ သောမနဿဖြစ်မှုကိုလည်းကောင်း ---- ပဋ္ဌာန်းဒေသနာတော်မြတ် (ပဋ္ဌာန-၁-၃၁၂) ၌ ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။ မဟဂ္ဂုတ်တရားကို အာရုံပြု၍ ဇောသည် စောလတ်သော် ထို မဟဂ္ဂုတ်တရားကို အာရုံပြုသော ဇော၏ နောင်၌ တဒါရုံကျမှုကိုလည်း ထို ပဋ္ဌာန်းပါဠိတော်၌ပင်လျှင် ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။
世尊在《发趣论》1-312中遮止两种情形:1.悦受之后无间生起忧受;2.忧受之后无间生起悦受。世尊也在同一《发趣论》中遮止:速行以广大法为所缘生起之后,再生起取该广大法为所缘的彼所缘。
ထိုကြောင့် ထိုဒေါသဇော၏ နောင်၌ ကုသလဝိပါက်သော်လည်းဖြစ်သော အကုသလဝိပါက်သော်လည်း ဖြစ်သော ဥပေက္ခာသဟဂုတ် အဟိတ်မနောဝိညာဏဓာတ်ဟူသော ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ ဟု ဖြေဆိုရာ၏။ (အဘိ-ဋ္ဌ-၁-၃၁၇-၃၁၈။) ဤအရာဝယ် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမ (ရုပ်+နာမ်) ကို အာရုံပြု၍ အာဂန္တုကဘဝင် ကျသည် ဖြစ်ရာ ယင်းအာရုံမှာ ဣဋ္ဌာရုံ ဖြစ်သော် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ အနိဋ္ဌာရုံဖြစ်သော် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ အသီးအသီး ကျသည်ဟု မှတ်ပါ။
因此应当回答:在嗔速行之后,会生起舍俱无因意识界,即舍俱推度心;它既可能是善果报,也可能是不善果报。(《阿毗达磨义注》1-317—318。)这里是以过去曾经熟习的欲界色、名为所缘而落入客来有分(āgantuka-bhavaṅga):若该所缘是可意所缘,便生起无因善果报舍俱推度心;若是不可意所缘,便生起无因不善果报舍俱推度心。应当如此理解。
တဒါရုံကျခွင့် မရသော ဝါရများ
彼所缘不得生起的诸种情形
၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ သာသနာပ မိစ္ဆာအယူရှိသူသည် အလွန် အလိုရှိအပ်သော ဘုရား အစရှိသော အတိဣဋ္ဌာရုံ၊ စိတ္တက္ခဏ (၁၇)ချက် အပြည့်ရှိသော ဝီထိစိတ်တို့၏ အာရုံဖြစ်သော အတိ မဟန္တာရုံ၊ မနောဒွါရ၌ ထင်ရှားသော ဝိဘူတာရုံ ---- ဤအာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဒေါသဇော စောခဲ့သော်လည်းကောင်း ---- သို့မဟုတ် သောမနဿပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌာရုံ ဖြစ်သည့် နတ်သ္မီးစသော အတိမဟန္တာရုံ၊ ဝိဘူတာရုံများကို အာရုံပြုလျက် ရွံ့ကြောက် ထိတ်လန့်သော
1.一位以悦俱心取得结生、持教外邪见的人,若以三种所缘之一为所缘而生起嗔速行:极可意所缘,如极为可欲的佛陀等;极大所缘,即作为具有完整十七心刹那之心路的所缘;或者意门中的清晰所缘。又或者,一位悦俱结生者以天女等对他而言属于极可意的极大、清晰所缘为所缘,由厌恶、恐惧与惊骇
原书第 142 页
အားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း --- ယင်းဇောတို့၏ နောင်၌ တဒါရုံကျခွင့် မရနိုင်။ အာရုံမှာ အလွန်အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အတိဣဋ္ဌာရုံ ဖြစ်နေသောကြောင့် တဒါရုံကျခဲ့သော် သောမနဿတဒါရုံသာ ကျရလိမ့်မည်။ ထိုသောမနဿတဒါရုံသည် ဒေါသဇော၏နောင်၌ မဖြစ်ထိုက်ပေ။
而生起嗔速行——在这些速行之后,都不可能生起彼所缘。由于所缘是极为可欲、可喜、可爱的极可意所缘,如果彼所缘能够生起,就只能是悦俱彼所缘;但悦俱彼所缘不应紧接在嗔速行之后生起。
ဥပေက္ခာတဒါရုံ ကျဖို့ရန်မှာလည်း ---- အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ = အတိဣဋ္ဌာရုံ၌ သောမနဿ တဒါရုံ ဝိပါက်တို့သာ ဖြစ်ကြောင်းကိုသာ ဖွင့်ဆိုလျက် ရှိသောကြောင့် အတိဣဋ္ဌာရုံနှင့် ဥပေက္ခာကား မလျော်ကန်ချေ။
“但于极可意所缘,只有悦俱者〔能生起〕。”既然论中只解释极可意所缘上会有悦俱彼所缘果报,极可意所缘便与舍受不相适合。
၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏သန္တာန်၌ ပဉ္စဒွါရဝယ် မဟန္တာရုံ၊ မနောဒွါရဝယ် အဝိဘူတာရုံဖြစ်အံ့၊ ထိုအာရုံ၌ ဒေါသဇောစောလျှင် ယင်းဒေါသဇောနောင်၌ တဒါရုံ မကျထိုက်။ မနောဒွါရဝယ် ဝိဘူတာရုံ ဖြစ်ပါမှ၊ ပဉ္စဒွါရဝယ် အတိမဟန္တာရုံ ဖြစ်ပါမှ တဒါရုံကို အလိုရှိအပ်သောကြောင့်တည်း။
2.在悦俱结生者的心相续中,若五门所缘只是大所缘,或者意门所缘是不清晰所缘,而嗔速行以该所缘生起,那么嗔速行之后不应生起彼所缘。因为只有意门中出现清晰所缘、五门中出现极大所缘时,才可能有彼所缘生起。
၃။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်ဝယ် စျာန်ကို ရရှိပြီးပါမှ စျာန်လျှောကျသဖြင့် ထိုလျှောကျ လေပြီးသော မဟဂ္ဂုတ်စျာန်ကို အာရုံပြုလျက် ''ငါ၏ မွန်မြတ်သောတရားသည် ပျက်ပြားခဲ့ချေပေါ့''ဟု ဒေါသဇော ဖြစ်သည့်အခါ တဒါရုံ မကျထိုက်။ ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ဖြစ်ပါမှ တဒါရုံ ကျခွင့် ရှိရကား ဤ၌ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်ခြင်း ဖြစ်သည်။
3.在悦俱结生者的心相续中,若其曾获得禅那,后来禅那退失,他以已退失的广大禅为所缘,想着“我的殊胜法已经毁失了”,由此生起嗔速行,那么彼所缘不应生起。只有同时具备欲界速行、欲界有情、欲界所缘,彼所缘才可能生起;这里的所缘是广大所缘,所以彼所缘不得生起。
၄။ သောမနဿပဋိသန္ဓေ နေ၍ ပညတ်အာရုံ တစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ် ကို အာရုံပြု၍ တဒါရုံ မကျထိုက်ပေ။ တဒါရုံကား ကာမတရား (= ကာမရုပ်နာမ်) ကိုသာ အာရုံပြု၍ ပညတ်ကို အာရုံမပြုသောကြောင့် ဖြစ်၏။
4.一位悦俱结生者若以某一概念所缘为所缘而生起嗔速行,彼所缘不应再取该概念而生起。因为彼所缘只取欲界法——即欲界色、名——为所缘,不取概念为所缘。
ဤသို့ တဒါရုံကျခွင့် မရသော ဇောဝါရ (၄)မျိုးတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿဘဝင်သည်လည်း မကျနိုင်။
在上述四种彼所缘不得生起的速行过程中,由于紧接在嗔速行之后,与结生相同的悦俱有分也不能生起。
ထိုသို့ တဒါရုံလည်း မကျနိုင် ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇော နှင့် (သောမနဿပဋိသန္ဓေ နေသူ၏) သောမနဿဘဝင်တို့၏ အကြားဝယ် ဘဝဝယ် စိတ်အစဥ် မပြတ်စဲအောင် ဆက်သွယ်ပေးဖို့ရန်အတွက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် အာဂန္တုကဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာရပေသည်။ ဒေါသဇောနောင်၌ ဤသန္တီရဏစိတ်မှ မဖြစ်လျှင် စိတ်အစဥ်ပြတ်၍ ဘဝအဆုံးသတ် ရတော့မလို ဖြစ်ရကား --- ဘဝဿ အင်္ဂံ ဘဝင်္ဂံ - ဟူသော ဝစနတ္ထ-အရ ဘဝမပြတ်ဖို့ရန် ဘဝ၏အကြောင်းတရား အဖြစ်ဖြင့် ဥပေက္ခာသန္တီရဏစိတ်တို့သည် ဘဝင်ကိစ္စတပ်၍ ဖြစ်ကြရလေသည်။
如此,彼所缘不能生起,原来的悦俱有分也不能生起;遇到这种困难时,为了在嗔速行与〔悦俱结生者的〕悦俱有分之间加以衔接,使生命中的心相续不致中断,舍俱推度心便执行客来有分(āgantuka-bhavaṅga)的作用而生起。嗔速行之后若连这种推度心也不生起,心相续便会中断,仿佛生命“作为有之支分,故称有分。”为使生命不中断,舍俱推度心便作为维持生命相续的要素,执行有分作用而生起。
အာဂန္တုကဘဝင် ---- ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဘဝတစ်လျှောက် ဝီထိစိတ်တို့၏ အကြားအကြား ဝယ် ဝီထိစိတ်တို့ မဖြစ်ခိုက် ဘဝ၌ စိတ်အစဥ် မပြတ်စဲရေးအတွက် ဖြစ်ခဲ့ကြသော ဘဝင်စိတ်တို့သည် ပဋိသန္ဓေ စိတ်နှင့် တစ်ထပ်တည်း တူကြ၏။ ဥပမာ - ပဋိသန္ဓေက သောမနဿဖြစ်လျှင် ဘဝင်လည်း သောမနဿပင် ဖြစ်ရ၏။ ဥပေက္ခာဖြစ်လျှင် ဥပေက္ခာ၊ သသင်္ခါရိကဖြစ်လျှင် သသင်္ခါရိက၊ အသင်္ခါရိကဖြစ်လျှင် အသင်္ခါရိက၊ ဉာဏသမ္ပယုတ်ဖြစ်လျှင် ဉာဏသမ္ပယုတ် - ဤသို့ စသည်ဖြင့် တစ်ထပ်တည်း တူညီကြရ၏။ ထိုကြောင့် ခန္ဓာအိမ် ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိနေကြသော ဘဝင်များတည်း။ သို့ဖြစ်၍ ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင်ဟု ခေါ်ဆိုရ၏၊ ဤဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုက = ဧည့်သည်ဘဝင်ဟု ခေါ်သည်။
客来有分(āgantuka-bhavaṅga)——从结生心之后开始,贯穿一生,在一道道心路之间、心路心不生起时,为使生命中的心相续不中断而生起的通常有分心,与结生心完全相同。例如,结生若是悦俱,有分也必须是悦俱;结生若是舍俱,有分也必须是舍俱;若是有行,便同为有行;若是无行,便同为无行;若是智相应,便同为智相应,如此等等,必须完全一致。因此,这些有分从五蕴之家形成之初便常住其中,故称为住家有分(āvāsika-bhavaṅga),原书释作“主人有分”。至于这里的舍俱推度心,只在遇到上述困难时偶尔来临,所以称为“客来”,即客来有分(āgantuka-bhavaṅga)。
原书第 143 页
ပရမတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ
《胜义灯》(Paramatthadīpanī)——雷迪西亚多的主张
ယဒါ ဟိ ကုသလဇဝနာနံ အန္တရန္တရာ အကုသလံ ဇဝတိ၊ တဒါ ကုသလာဝသာနေ အာစိဏ္ဏသဒိသမေဝ အကုသလာဝသာနေ သဟေတုကံ တဒါရမ္မဏံ ယုတ္တံ။ ယဒါ နိရန္တရံ အကုသလမေဝ၊ တဒါ အဟေတုကံ။
“当不善速行间或生起于善速行之间时,在不善速行结束后,适宜生起有因彼所缘,正如善速行结束后惯常生起的彼所缘一样;当相续不断地只有不善速行时,则生起无因彼所缘。”
(အဘိ-ဋ္ဌ-၁-၃၂၆-၃၂၇။)
(《阿毗达磨义注》1-326—327。)
= အကြင်အခါ၌ ကုသိုလ်ဇောတို့၏ အကြားအကြားဝယ် အကုသိုလ်ဇောသည် စော၏၊ ထိုအခါမျိုးဝယ် ကုသိုလ်ဇော၏ အဆုံး၌ ကြိမ်ဖန်များစွာ လေ့ကျက်ထားအပ်သော အလေ့အကျက်နှင့် တူစွာသာလျှင် (ကုသိုလ် ကို ကြိမ်ဖန်များစွာ လေ့ကျက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ်) အကုသိုလ်ဇော၏ အဆုံး၌ သဟိတ် မဟာဝိပါက် တဒါရုံသည် ဖြစ်သင့်၏။
意即:当不善速行间或生起于善速行之间时,在这种情形下,正如善速行结束后反复熏习而形成的惯常方式一样——也就是在经常反复修习善法的瑜伽行者相续中——不善速行结束后也应生起有因大果报彼所缘心。
အကြင်အခါ၌ကား အမြဲမပြတ် အကုသိုလ်ဇောသာလျှင် စော၏၊ ထိုအခါမျိုးဝယ် ထိုအကုသိုလ်ဇော၏ အဆုံး၌ အဟိတ်တဒါရုံသည်သာလျှင် ဖြစ်သင့်ပေသည်။ (အဘိ-ဋ္ဌ-၁-၃၂၆-၃၂၇။) ဤ အဋ္ဌကထာ စကားရပ်များကို ရည်ညွှန်းလျက် လယ်တီဆရာတော်ဘုရားကြီးက ပရမတ္ထဒီပနီတွင် ဤသို့ မိန့်ဆိုထား၏။
然而,当相续不断地只有不善速行生起时,在这种情形下,该不善速行结束后只应生起无因彼所缘。(《阿毗达磨义注》1-326—327。)雷迪西亚多依据这些义注文句,在《胜义灯》(Paramatthadīpanī)中作如下说明。
ပင်ကိုယ်ရင်းက မဟာဝိပါက် ဥပေက္ခာသဟဂုတ် အဖြစ်များလျှင် ထိုမဟာဝိပါက် ဥပေက္ခာသဟဂုတ် စိတ်များသည်လည်း အာဂန္တုကဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ၌လည်း -''ကုသိုလ်ဇော၏ နောင်၌ သဟိတ်တဒါရုံ အဖြစ်များနေလျှင် ကုသိုလ်ဇောဝီထိတို့၏ အကြားအကြား၌ ရံခါ အကုသိုလ်ဇောသည် စောစေကာမူ ထိုအကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံပင် ဖြစ်၏''ဟု အဆိုရှိ၏။ ဤအဋ္ဌကထာ အလိုအားဖြင့် - အကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံ ဖြစ်နိုင်ပါလျှင် တဒါရုံ၏ကိုယ်စား ကျရ သော အာဂန္တုကဘဝင်သည်လည်း သဟိတ် မဟာဝိပါက်ဘဝင်လည်း ဖြစ်သင့်သည်။ ထိုကြောင့် အာဂန္တုက ဘဝင်ကိစ္စတပ်လျက် ---- ဥပေက္ခာသဟဂုတ် မဟာဝိပါက်စိတ် ---- ၄ အဟိတ် ဥပေက္ခာသန္တီရဏ ---- ၂ ပေါင်းသော် ---- ၆ ဤ (၆)မျိုးကုန်သော စိတ်တို့သည် ဖြစ်ခွင့် ရှိကြသည် - ဟု ပရမတ္ထဒီပနီ၌ မိန့်ဆို၏။
如果某人的本来相续中经常生起舍俱大果报心,就不应说这些舍俱大果报心不能执行客来有分(āgantuka-bhavaṅga;相对于住家有分 āvāsika-bhavaṅga)的作用。义注也说:“若善速行之后惯常生起有因彼所缘,那么,即使不善速行有时夹杂生起于各善速行心路之间,该不善速行之后所生起的仍是有因果报彼所缘。”依这段义注之意,既然不善速行之后可以生起有因果报彼所缘,那么,代替彼所缘而落入的客来有分也应当可以是有因大果报有分。因此,《胜义灯》说,可以执行客来有分作用的心共有六种:舍俱大果报心四种,舍俱无因推度心两种;合计六种。
ဣဋ္ဌာရုံ၌ - ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ မောဟမူဇောနောင် တဒါရုံ
可意所缘中,疑相应与掉举相应痴根速行之后的彼所缘
ဣဋ္ဌာရမ္မဏေ ပန ကင်္ခတော၊ ဥဒ္ဓတဿ စ တဒါရမ္မဏံ ကိံ ဟောတီတိ။ ဣဋ္ဌာရမ္မဏသ္မိံ ကင်္ခတု ဝါ မာ ဝါ၊ ဥဒ္ဓတော ဝါ ဟောတု မာ ဝါ။ ကုသလဝိပါကာဟေတုကသောမနဿစိတ္တမေဝ တဒါရမ္မဏံ ဟောတိ။
“对于在可意所缘上生疑者与掉举者,会生起哪一种彼所缘呢?对于可意所缘,无论生疑还是不生疑,无论掉举还是不掉举,都只是悦俱无因善果报心成为彼所缘。”
ဣဋ္ဌမဇ္ဈတ္တာရမ္မဏေ ကုသလဝိပါကာဟေတုကဥပေက္ခာသဟဂတန္တိ။ (အဘိ-ဋ္ဌ-၁-၃၁၇။) မောဟမူဇော နောင်၌ တဒါရုံ ဖြစ်ပုံကား ဤသို့တည်း။
“在中等可意所缘上,则是舍俱无因善果报心。”(《阿毗达磨义注》1-317。)痴根速行之后生起彼所缘的方式如下。
ဣဋ္ဌာရုံ၌ ယုံမှားမှု ဝိစိကိစ္ဆာသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း ---- အဘယ်တဒါရုံသည် ဖြစ်ပါသနည်းဟု မေးရန်ရှိ၏။ ဣဋ္ဌာရုံ၌ ယုံမှားမူလည်း ယုံမှားပါစေ၊ မယုံမှားမူလည်း မယုံမှားပါစေ၊ စိတ်ပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ စိတ်မပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ အဟိတ်ကုသလဝိပါက် အဟိတ်သောမနဿစိတ်သည်သာ
在可意所缘上,对于相续中正生起疑相应痴根心而有所疑惑的人,或相续中正生起掉举相应痴根心而心散乱的人,可以问:会生起哪一种彼所缘呢?对于可意所缘,无论他生疑或不生疑,心散乱或不散乱,都只是悦俱无因善果报心——
原书第 144 页
တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ဣဋ္ဌမဇ္ဈတ္တာရုံ၌ကား အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စိတ်သည် တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏ဟု ဖြေဆိုလေရာ၏။ (အဘိ-ဋ္ဌ-၁-၃၁၇။) ဤကား မဟာဓမ္မရက္ခိတ မထရ်မြတ်ကြီး၏ ဝါဒတည်း။ ခပ်သိမ်းသော ဆရာမြတ်တို့ အယူတူညီသော သမာနဝါဒအားဖြင့်ကား ----- အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ၊ ဣဋ္ဌာရုံ = ဣဋ္ဌမဇ္ဈတ္တာရုံ၌ အဟိတ်ကုသလဝိပါက် တဒါရုံ (၂)ပါးနှင့် မဟာဝိပါက်တဒါရုံ (၈)ပါး၊ အတိဣဋ္ဌာရုံ၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံ (၄)ပါး ထိုက်သလို ကျနိုင် သည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)
——执行彼所缘作用而生起。在中等可意所缘上,则应回答:舍俱无因善果报心执行彼所缘作用而生起。(《阿毗达磨义注》1-317。)这是摩诃法护大长老(Mahādhammarakkhita)的主张。依一切诸师共同的通说:在不可意所缘上,可以生起舍俱无因不善果报推度彼所缘心;在可意所缘,也就是中等可意所缘上,可以生起两种无因善果报彼所缘心与八种大果报彼所缘心;在极可意所缘上,可以随其所应生起悦俱无因善果报推度彼所缘心与四种悦俱大果报彼所缘心。(《摄阿毗达磨义论》。)
ကုသိုလ်ဖြစ်ဖို့ရန် အကုသိုလ်ဖြစ်ဖို့ရန် သတ်မှတ်ပေးသောတရား
决定速行为善或不善之法
ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။
“那么,是什么决定这一速行成为善或不善呢?就是转向与确定。”
အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ၊ ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၃၁၇။) = အာဝဇ္ဇန်းသည် (စီးပွားချမ်းသာကို ရခြင်း၏အကြောင်း ဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် (ရပ်စေအပ်သည်ရှိသော်)၊ ဝုဋ္ဌောသည် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသော မနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤ အကြောင်းသည် သင့်သောအကြောင်း မဟုတ်။
“若转向如理地使有分转动,确定又如理地判定所缘,速行却成为不善,这是不可能的;若转向不如理地使有分转动,确定又不如理地判定所缘,速行却成为善,这也是不可能的。若二者都如理地转动有分并判定所缘,速行便是善;若不如理,速行便是不善。应当如此了知。”(《阿毗达磨义注》1-317。)意即:当转向以如理作意——以能成就利益安乐的正确方式作意所缘——使有分转动,也就是使有分停止;确定又以如理作意分别、认定所缘时,说速行将成为不善,是不合理的。
အာဝဇ္ဇန်းသည် အယောနိသောမနသိကာရအားဖြင့် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းခြင်းအားဖြင့်) ဘဝင်ကို လည်စေအပ်သည်ရှိသော်၊ ဝုဋ္ဌောသည် အယော နိသောမနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်။
当转向以不如理作意——不以能成就利益安乐的正确方式作意所缘——使有分转动,确定又以不如理作意分别、认定所缘时,说速行将成为善,同样是不合理的。
အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် အာရုံကို ပိုင်းခြား မှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ် ဖြစ်၏။
当转向与确定二者都以如理作意使有分转动并分别、认定所缘时,速行就是善。
အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် အယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည် ရှိသော် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ် ဖြစ်၏။ ဤသို့ သိရှိပါလေ။
当转向与确定二者都以不如理作意使有分转动并分别、认定所缘时,速行就是不善。应当如此了知。
(အဘိ-ဋ္ဌ-၁-၃၁၇။)
(《阿毗达磨义注》1-317。)
အနိစ္စ ဒုက္ခ အနတ္တ အသုဘ စစ်စစ် ဧကန်မှန်သော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု လည်းကောင်း၊ ရုပ်တရား နာမ်တရားဟုလည်းကောင်း၊ အကြောင်းတရား အကျိုးတရားဟုလည်းကောင်း နှလုံး သွင်းခြင်းသည် မဂ်ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ မည်၏၊ အပြန်အားဖြင့် အယောနိသောမနသိကာရကို သိပါ။
对于确实本为无常、苦、无我、不净的诸行法,作意为无常、苦、无我、不净,或作意为色法与名法、因法与果法;这种以能成就道、果、涅槃等利益安乐的正确方式作意所缘,就称为如理作意。反过来,应当了知不如理作意。
原书第 145 页
တိဟိတ် - ဒွိဟိတ် - အဟိတ်
三因、二因与无因
တိဟေတုကဇဝနာဝသာနေ ပနေတ္ထ တိဟေတုကံ တဒါရမ္မဏံ ယုတ္တံ၊ ဒုဟေတုကဇဝနာဝသာနေ ဒုဟေတုကံ၊ အဟေတုကဇဝနာဝသာနေ အဟေတုကံ၊ ဘာဇေတွာ ပန န ဝုတ္တံ။ (အဘိ-ဋ္ဌ-၁-၃၂၇။) ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ထားတော်မူချက်အရ ---- ၁။ တိဟိတ်ဇော၏ နောင်၌ တိဟိတ် တဒါရုံ၊ ၂။ ဒွိဟိတ်ဇော၏ နောင်၌ ဒွိဟိတ် တဒါရုံ၊ ၃။ အဟိတ်ဇော (ဟသိတုပ္ပါဒ်ဇော)၏ နောင်၌ အဟိတ် တဒါရုံ ---- အသီးအသီး ကျနိုင်၏။
“这里,在三因速行结束后,适宜生起三因彼所缘;在二因速行结束后,适宜生起二因彼所缘;在无因速行结束后,适宜生起无因彼所缘。不过,原文没有再作分别说明。”(《阿毗达磨义注》1-327。)依上述义注所作的规定:1.三因速行之后,可以生起三因彼所缘;2.二因速行之后,可以生起二因彼所缘;3.无因速行,即生笑速行之后,可以生起无因彼所缘;三者各如其类。
ယေဘုယျဟုသာ မှတ်သားပါ
这里只应作为一般规则理解
ဤအထက်တွင် ဖော်ပြထားသော တဒါရုံနှင့် ပတ်သက်၍ ဖွင့်ဆိုမှာထားချက်တို့အရ တဒါရုံအကြောင်းကို ခြုံငုံ၍ သုံးသပ်ခဲ့သော် ယေဘုယျအားဖြင့် သန္တီရဏ၊ ဇော၊ တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏။
依照上文关于彼所缘的各项解释与教示,若从整体上考察彼所缘,一般而言,推度、速行与彼所缘三者所俱之受相同。
၁။ ဇော၌ သောမနဿဝေဒနာ ဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏။
1.若速行俱有悦受,推度与彼所缘通常也俱有悦受。
၂။ ဇော၌ ဥပေက္ခာဝေဒနာဖြစ်ပါက သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာပင် အဖြစ်များ၏။
2.若速行俱有舍受,推度与彼所缘通常也俱有舍受。
၃။ ဇောသည် တိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း တိဟိတ် အဖြစ်များ၏။
3.若速行是三因,彼所缘通常也是三因。
၄။ ဇောသည် ဒွိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း ဒွိဟိတ်ပင် အဖြစ်များ၏။
4.若速行是二因,彼所缘通常也是二因。
သို့အတွက် ဇယားများတွင် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ဇောနှင့် တဒါရုံတို့ဝယ် - တိဟိတ် ဒွိဟိတ် သောမနဿဝေဒနာ ဥပေက္ခာဝေဒနာတို့ကို ဦးစားပေး၍ ဖော်ပြထားပါသည်။ အသေးစိတ် အတိအကျကိုမူ ကား အထက်ပါ ဖွင့်ဆိုချက်များ အတိုင်းသာ မှတ်သားပါလေ။
因此,各表依照一般规则,优先把速行与彼所缘列成三因或二因、悦受或舍受。至于详细而精确的情形,应完全依照上文各项解释来理解。
မဟဂ္ဂုတ် လောကုတ္တရာတရားကို အာရုံယူသော ကာမာဝစရတရား နောင်၌
以广大法、出世间法为所缘的欲界法之后,
တဒါရုံ မကျခြင်းအကြောင်း
彼所缘不生起的原因
ယသ္မာ စဿ ''သဗ္ဗော ကာမာဝစရဝိပါကော၊ ကိရိယမနောဓာတု ကိရိယအဟေတုကမနောဝိညာဏ- ဓာတု သောမနဿသဟဂတာ ဣမေ ဓမ္မာ ပရိတ္တာရမ္မဏာ''တိ ဧဝံ အစ္စန္တပရိတ္တမေဝ အာရမ္မဏံ ဝုတ္တံ။ တသ္မာ ပေတံ မဟဂ္ဂတလောကုတ္တရာရမ္မဏေ ကာမာဝစရဓမ္မေပိ နာနုဗန္ဓတီတိ ဝေဒိတဗ္ဗံ။ (အဘိ-ဋ္ဌ-၂-၁၄၇။) ၁။ အလုံးစုံသော ကာမာဝစရဝိပါက်မှန်သမျှသည် ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမ တရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။
“因为关于它已经这样说:‘一切欲界果报心、无因唯作意界,以及悦俱无因唯作意识界,这些法都只以欲界法为所缘(parittārammaṇa)。’既然已经说明其所缘完全只限于欲界法,因此应知:即使欲界法取广大法或出世间法为所缘,彼所缘也不会跟随它生起。”(《阿毗达磨义注》2-147。)1.一切欲界果报心都只以欲界法为所缘(parittārammaṇa),也就是只取称为欲界法的色法与名法为所缘。
၂။ ပဉ္စဒွါရာဝဇ္ဇန်းဟူသော စက္ခုဒွါရအစ ကာယဒွါရအဆုံး ရှိသည့် ဒွါရ (၅)ပါး၌ ထိုက်သလို ထင်လာသည့် ရူပါရုံအစ ဖောဋ္ဌဗ္ဗာရုံ အဆုံးရှိသည့် အာရုံ (၅)မျိုးကို ထိုက်သလို ဆင်ခြင်တတ်သော ကိရိယမနော ဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံ ရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။
2.名为五门转向的无因唯作意界,能随其所应审察显现于从眼门至身门这五门的五种所缘——从色所缘至触所缘;它也只以欲界法为所缘(parittārammaṇa),也就是只取称为欲界法的色法与名法为所缘。
原书第 146 页
၃။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်လေ့ရှိသော ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်တစ်မျိုး ဖြစ်သည့် ဟသိတုပ္ပါဒ် အမည်ရသော သောမနဿ အဟိတ်ကြိယာ မနောဝိညာဏဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။
3.生笑心(hasituppāda)是一种只会生起于阿罗汉诸大德相续中、能令微笑生起的心;这一悦俱无因唯作意识界也只以欲界法为所缘(parittārammaṇa),也就是只取称为欲界法的色法与名法为所缘。
ဤသို့လျှင် ကာမဝိပါက်မှန်သမျှနှင့် ပဉ္စဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်စိတ်တို့ကို ကာမတရား အမည်ရသော ရုပ်တရားနှင့် ကာမာဝစရနာမ်တရားတို့ကိုသာ ဧကန်အာရုံပြု၏ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်ပေ သည်။ သို့အတွက် တဒါရုံသည်လည်း ကာမဝိပါက်စိတ်ပင် ဖြစ်ရကား ဧကန်အားဖြင့် ကာမတရားကိုသာ အာရုံ ပြုနိုင်သည်။ သို့အတွက် ယင်းတဒါရုံသည် မဟဂ္ဂုတ် လောကုတ္တရာတရားတို့ကို အာရုံပြုသော ကာမာဝစရဓမ္မ အမည်ရသော ကာမဇောများ၏ နောင်၌လည်း ယင်းဇောယူသည့် မဟဂ္ဂုတ် လောကုတ္တရာတရားတည်းဟူသော အာရုံသို့ အစဥ်မလိုက်နိုင်ဟု သိပါလေ။ (တဒါရုံ မကျနိုင် ဟူလိုသည်။) (အဘိ-ဋ္ဌ-၂-၁၄၇။) ဤတွင် တဒါရုံ အကြောင်းသိကောင်းစရာများ ပြီးဆုံးပြီ ဖြစ်သည်။
由此可见,世尊已经开示:一切欲界果报心、五门转向心与生笑心,必定只取称为欲界法的色法及欲界名法为所缘。彼所缘本身也是欲界果报心,所以必定只能取欲界法为所缘。因此,即使那些属于欲界法的欲界速行取广大法或出世间法为所缘,该彼所缘也不能跟随这些速行,继续取速行所取的广大法或出世间法为所缘;也就是说,此后不能生起彼所缘。(《阿毗达磨义注》2-147。)至此,关于彼所缘应知之事讲解完毕。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。