诸大义注的裁断

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 573–574 页 · 21 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 573 页
အဋ္ဌကထာကြီးများ၏ ဖြတ်ထုံးများ
诸大义注的裁断
လောကုတ္တရမဂ္ဂေါ ဟိ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ၊ အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာ- တိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ။ (အဘိ-ဋ္ဌ-၁-၂၇ဝ။) တတ္ထ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတီတိအာဒီသု တာဝ ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တ- ဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါ ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ ''အနိစ္စံ ဒုက္ခမနတ္တာ''တိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ တဿေဝံ သမ္မသတော အဇ္ဈတ္တံ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ။ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ နာမ။ သစေ ပနဿ ဗဟိဒ္ဓါ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ၊ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ
“出世间道确有四种:从内在入手而从内在出起;从内在入手而从外在出起;从外在入手而从外在出起;从外在入手而从内在出起。”(《殊胜“其中,先说‘从内在入手而从内在出起’等:在此教法中,有些人一开始便从内在五蕴入手;入手以后,把它们观为无常等。然而,单凭只观内在,圣道出起并不会发生;外在也必须观见。因此,他也把他人的诸蕴与无执受行观为‘无常、苦、无我’。他有时审察内在,有时审察外在。如此审察时,若观智在审察内在的时刻与圣道相接,便称为‘从内在入手而从内在出起’。如果观智在审察外在的时刻与圣道相接,这就称为从内在入手而
ဗဟိဒ္ဓါ ဝုဋ္ဌာတိ နာမ။ ဧသေဝ နယော ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ စ အဇ္ဈတ္တဉ္စ ဝုဋ္ဌာနေပိ။
从外在出起”。〔巴利续文(缅文转写):‘ဗဟိဒ္ဓါ ဝုဋ္ဌာတိ နာမ။ ဧသေဝ နယော ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ စ အဇ္ဈတ္တဉ္စ ဝုဋ္ဌာနေပိ။’〕对于从外在入手以后从外在或内在出起,也同此理。
(အဘိ-ဋ္ဌ-၁-၂၇ဝ-၂၇၁။ ဝိသုဒ္ဓိ-၂-၃ဝဝ။ စကားလုံး အနည်းငယ် ကွဲ၏၊ အဓိပ္ပါယ် တူ၏။)
(《殊胜义注》1-270—271;《清净道论》2-300。文字略有不同,意义相同。)
= လောကုတ္တရမဂ်အရာ၌ --- ၁။ အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည်လည်း ရှိ၏။
也就是说,在出世间道方面:1.先牢固地作意内在五蕴,而从内在蕴出起的情况也有。
၂။ အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည်လည်း ရှိ၏။
2.先牢固地作意内在五蕴,而从外在蕴出起的情况也有。
၃။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည်လည်း ရှိ၏။
3.先牢固地作意外在五蕴,而从外在蕴出起的情况也有。
၄။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည်လည်း ရှိ၏။
4.先牢固地作意外在五蕴,而从内在蕴出起的情况也有。
ထိုစကားရပ်၌ ဆိုလိုရင်း သဘောအကျယ်မှာ ဤသို့ ဖြစ်၏ --- ၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတည်းဟူသော သင်္ခါရတရားတို့ကို စတင်၍ နှလုံးသွင်းရာဝယ် ရှေးဦးစွာ အဇ္ဈတ္တသန္တာန် (= မိမိသန္တာန်)၌ တည်ရှိကြကုန်သော ခန္ဓာငါးပါးတို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏၊ ဉာဏ်ဖြင့် ပိုင်းခြား ယူ၏၊ သိမ်းဆည်း၏။ နှလုံးသွင်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ သိမ်းဆည်းပြီး၍ ထိုအဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို အနိစ္စ စသည်ဖြင့် လက္ခဏာရေးတင်ကာ ဝိပဿနာ ရှု၏။ သို့သော် အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်ကား အရိယမဂ်တည်းဟူသော ဝုဋ္ဌာနသည် (= သင်္ခါရနိမိတ်အာရုံမှ ထ၍ နိဗ္ဗာန်ကို အာရုံပြုသော အရိယမဂ်ဉာဏ်သည်) မဖြစ်နိုင်သေး။ သို့ရကား ဗဟိဒ္ဓ ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုရမည်သာလျှင် ဖြစ်ပေ
上述语句的详细含义如下。1.在此教法中,有些瑜伽行者开始作意作为观智所观所缘的苦谛法、集谛法,也就是诸行法时,首先牢固地作意存在于内在相续〔即自身相续〕中的五蕴,以智分别、把握它们。作意、以智分别并把握以后,他把内在五蕴安立于无常等三相之下而修观。然而,只观内在五蕴,称为圣道的出起〔即从“诸行之相”这一所缘出起、转而以涅槃为所缘的圣道智〕尚不能发生。因此,也必须对外在五蕴修习观
သည်။ ထိုကြောင့် သူတစ်ပါး၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း၊ သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်း ကောင်း ''အနိစ္စဟု ဒုက္ခဟု အနတ္တဟု'' ဝိပဿနာ ရှု၏။
才行。因此,他也对他人的五蕴以及无生命的无执受行,修观为“无常、苦、无我”。
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို ဝိပဿနာရှု၏၊ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို ဝိပ- ဿနာ ရှု၏၊ ထိုသို့ သုံးသပ်ရှုပွားနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အဇ္ဈတ္တ ခန္ဓာကို
该瑜伽行者有时观照内在五蕴,有时观照外在五蕴。如此审察修观时,如果他的观智在观照内在蕴
原书第 574 页
ဝိပဿနာရှုခိုက်၌ အရိယမဂ်နှင့် အတူတကွ ဆက်စပ်မိ၏။ ဤသို့ ဆက်စပ်မိလတ်သော် --- အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည် မည်၏။
的时候与圣道相接,便称为“先牢固地作意内在五蕴,而从内在蕴出起”。
၂။ နောက်တစ်မျိုးကား အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ဗဟိဒ္ဓခန္ဓာကို ဝိပဿနာ ရှုခိုက်၌ အရိယမဂ်နှင့် အတူတကွ ဆက်စပ်မိလတ်သော် --- အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်း ပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည် မည်၏။
2.另一种情况是:如果该瑜伽行者的观智在观照外在蕴时与圣道相接,便称为“先牢固地作意内在五蕴,而从外在蕴出起”。
၃။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှလည်းကောင်း၊ ၄။ အဇ္ဈတ္တ ခန္ဓာမှလည်းကောင်း ထခြင်း၌လည်း ဤနည်းပင်တည်း။ (အဘိ-ဋ္ဌ-၁-၂၇ဝ။) အဇ္ဈတ္တံ ဝါ အဘိနိဝေသိတွာ ဗဟိဒ္ဓါဓမ္မာပိ ဒဋ္ဌဗ္ဗာယေဝ၊ ဗဟိဒ္ဓါ အဘိနိဝေသိတွာ အဇ္ဈတ္တဓမ္မာပိ။
3.对于先牢固地作意外在五蕴、从外在蕴出起,以及4.从内在蕴出起的情况,也同此理。(《殊胜义注》1-“从内在入手以后,外在诸法也确实必须观见;从外在入手以后,内在诸法也必须观见。”
(သံ-ဋ္ဌ-၂-၅၉။)
(《相应部义注》2-59。)
ဗဟိဒ္ဓါဓမ္မာပိ ဒဋ္ဌဗ္ဗာယေဝ သဗ္ဗဿပိ ပရိညေယျဿ ပရိဇာနိတဗ္ဗတော။ (သံ-ဋီ-၂-၇၅။) ဤအထက်ပါ ကဠာရသုတ္တန် အဋ္ဌကထာကလည်း --- အဇ္ဈတ္တ ဓမ္မတို့၌ နှလုံးသွင်း ရှုပွားပြီးလျှင်လည်း ဗဟိဒ္ဓ ဓမ္မတို့ကိုလည်း ရှုရမည်သာ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဗဟိဒ္ဓ ဓမ္မတို့၌ နှလုံးသွင်း ရှုပွားပြီးလျှင်လည်း အဇ္ဈတ္တ ဓမ္မတို့ကိုလည်း ရှုရမည်သာ ဖြစ်ကြောင်းကိုလည်းကောင်း အဋ္ဌသာလိနီအဋ္ဌကထာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ တို့နှင့် အဓိပ္ပါယ်တူပင် ဖွင့်ဆိုထားပေသည်။ သံယုတ် ဋီကာဆရာတော်ကလည်း --- သိသင့် သိထိုက်သော ပရိ- ညေယျ တရားအားလုံးကိုလည်း ထိုးထွင်း၍ သိရမည်သာ ဖြစ်သောကြောင့် အဇ္ဈတ္တ ဓမ္မ၊ ဗဟိဒ္ဓ ဓမ္မ နှစ်မျိုးလုံး ကိုပင် ဝိပဿနာရှုရန် အဋ္ဌကထာက ဖွင့်ဆိုတော်မူကြောင်းကိုလည်း ထပ်ဆင့် ထောက်ခံလျက် ဖွင့်ဆိုသွားပေ သည်။ ဘုရားရှင်ကလည်း --- ၁။ ရံခါ အဇ္ဈတ္တ = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို၊
“外在诸法也确实必须观见,因为一切所遍知法都必须遍知。”(《相应部复注》2-75。)上述 Kaḷāra Sutta 的义注也作了与《殊胜义注》《清净道论》相同的解释:作意、观修内在诸法以后,外在诸法也必须观;作意、观修外在诸法以后,内在诸法也必须观。《相应部复注》的论师又进一步支持这一裁断:由于一切应当了知、名为“所遍知法”的法都必须洞彻遍知,所以义注才开示内在、外在两类法都必须修观。佛陀也教导:1.有时应对内在的身、受、心、法;
၂။ ရံခါ ဗဟိဒ္ဓ = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို၊ ၃။ ရံခါ အဇ္ဈတ္တ+ဗဟိဒ္ဓ = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို နှလုံးသွင်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် ဝိပဿနာရှုရန် ညွှန်ကြားတော်မူ၏။
2.有时应对外在的身、受、心、法;3.有时应对内在与外在的身、受、心、法;对上述三类身、受、心、法,都应作意,以智分别、把握,并修观。
အဋ္ဌကထာကြီးများကလည်း --- ၁။ အဇ္ဈတ္တ ဓမ္မသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သည် မဖြစ်ပေါ်လာနိုင်။
诸大义注也裁断:1.单凭只对内在诸法修观,圣道不能生起。
၂။ ဗဟိဒ္ဓ ဓမ္မသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သည် မဖြစ်ပေါ်လာနိုင် ဟု --- ဖွင့်ဆိုထားတော်မူကြ၏။ ဘုရားဟောပါဠိတော်တို့နှင့် အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုချက်သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း နှီးနှောမိလျက် ရှိ၏။ ''မြဲရာ၌ သံပတ်၊ တင်းရာ၌ သပ်ပင်း'' --- ဟူ၏သို့ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုချက်သည် ဘုရားဟောပါဠိတော်ကြီးကို ခိုင်ခံ့အောင် မြဲမြံအောင် သံပတ်လိုက်သည် နှင့်လည်း တူ၏၊ သပ်ပင်းလိုက်သည်နှင့်လည်း တူ၏။
2.单凭只对外在诸法修观,圣道也不能生起。佛说巴利圣典与诸大义注的解释,犹如恒河水与阎牟那河水相混,完全融为一体。正如俗语所说:“稳处再加铁箍,紧处再钉木楔。”诸大义注的解释也像给佛说巴利圣典加上铁箍、钉入木楔,使之坚固牢靠。
အသင် ယောဂီသူတော်ကောင်းသည် မည်သည့်လမ်းသို့ လိုက်မည်နည်း?
贤善的瑜伽行者啊,你将走哪一条路?
စဥ်းစားရန် ဝေဖန်ရန် ဆုံးဖြတ်ချက်ချရန် အချိန်သို့ကား ဆိုက်ရောက်လာပြီ ဖြစ်ပေသည်။
现在已经到了应当思考、审察并作出决定的时候。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。