关于受的应知事项
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 456–463 页 · 60 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 456 页
ဝေဒနာအကြောင်း သိကောင်းစရာ
关于受的应知事项
၁။ တတ္ထ ကာမံ ဥတ္တာနသေယျကာပိ ဒါရကာ ထညပိဝနာဒိကာလေ သုခံ ဝေဒယမာနာ ''သုခံ ဝေဒနံ ဝေဒယာမာ''တိ ပဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ နပ္ပဇဟတိ၊ သတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ
巴“在这里,诚然,即便尚只能仰卧的婴儿,在吃奶等时候感受乐受,也知道:‘我们感受乐受。’但这里所说并不是这种了知。这样的了知不能舍弃有众生之见,不能根除有情想,既不成为业处,也不成为念处修习。这位比丘的了知则——”
原书第 457 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း သတ္တူပလဒ္ဓိံ ပဇဟတိ၊ သတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ''ကော ဝေဒယတိ၊ ကဿ ဝေဒနာ၊ ကိံ ကာရဏာ ဝေဒနာ''တိ ဧဝံ သမ္ပဇာနဝေဒိယနံ သန္ဓာယ ဝုတ္တံ။
“——能舍弃有众生之见,能根除有情想,既成为业处,也成为念处修习。这里所说,是这样的正知而受:‘谁在感受?这是谁的受?受因何而生?’”
(အဘိ-ဋ္ဌ-၂-၂၅၁။ မ-ဋ္ဌ-၁-၂၇၉။)
(《迷惑冰消》2-251;《中部义注》1-279。)
ထို --- သုခံ ဝါ ဝေဒနံ ဝေဒယမာနော = ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော ချမ်းသာ သော သုခဝေဒနာကိုခံစားလျှင် --- ဟူသော ပါဠိတော်၌ ပက်လက်အိပ်တတ်ကာမျှသာ ဖြစ်ကုန်သော = ပက်လက် အိပ်နေကုန်သော ကလေးသူငယ်တို့သော်မှလည်း မိခင်၏ နို့ရည်ကို သောက်စို့ရာ စသည် အချိန်ကာလ၌ ချမ်းသာ သော သုခဝေဒနာကို ခံစားကုန်လတ်သော် ''ချမ်းသာသော သုခဝေဒနာကို ခံစားကုန်၏''ဟု အကယ်၍ကား သိကြပါပေကုန်၏။ သို့သော် ဤကဲ့သို့သော သဘောရှိသည့် ဤသိခြင်းမျိုးလောက်ကို ရည်ရွယ်တော်မူ၍ ထို ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်ပေ။ မှန်ပေသည် ဤကဲ့သို့ သဘော ရှိသော ကလေးသူငယ်တို့၏ အသိမျိုးသည် --- က။ သတ္တဝါဟူသော အယူအဆကို မပယ်စွန့်နိုင်၊ ခ။ သတ္တဝါဟူသော အမှတ်သညာကို မခွာနိုင်၊ ဂ။ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ (= သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊) ဃ။ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်။
在上述“သုခံ ဝါ ဝေဒနံ ဝေဒယမာနော”——“感受身乐与心乐这两种乐受时”——这一巴利经文中,即便尚只能仰卧的婴儿,在吸吮母乳等时候感受乐受,也确实知道:“我们感受乐受。”然而,世尊宣说这一教法,并不是针对这种程度的了知。诚然,这类婴儿的了知:甲、不能舍弃有众生之见;乙、不能去除有情想;丙、不能成为业处〔即既不能成为止业处,也不能成为观业处〕;丁、不能成为念处修习。
အလျော်အားဖြင့်ဆိုရမူ ဤယောဂါဝစရ ရဟန်းတော်၏ ''ချမ်းသာသော သုခဝေဒနာကို ခံစားလတ်သော် ချမ်းသာသော သုခဝေဒနာကို ခံစား၏''ဟု သိခြင်းမျိုးသည်ကား --- က။ သတ္တဝါဟူသော အယူအဆကို ပယ်စွန့်နိုင်၏၊ ခ။ သတ္တဝါဟူသော အမှတ်သညာကို ပယ်ခွာနိုင်၏၊ ဂ။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ (ဝေဒနာကမ္မဋ္ဌာန်း ဟူလိုသည်၊) ဃ။ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။ (ဝေဒနာနုပဿနာသတိပဋ္ဌာန် ဟူလိုသည်။) မှန်ပေသည် - ဤ --- သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ = ချမ်းသာ သော သုခဝေဒနာကို ခံစားလျှင်လည်း ချမ်းသာသော သုခဝေဒနာကို ခံစား၏ဟု သိ၏။ --- ဟူသော ဤဒေသ- နာတော်ကို --- က။ အဘယ်သူသည် ခံစားပါသနည်း၊ ခ။ အဘယ်သူ၏ ခံစားခြင်း ဝေဒနာ ဖြစ်ပါသနည်း၊ ဂ။ အဘယ်အကြောင်းကြောင့် ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာပါသနည်း --- ဤသို့ ကောင်းစွာ အပြားအားဖြင့် သိသူ၏ ခံစားခြင်းမျိုးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ယင်း
相反,这位瑜伽行比丘在感受乐受时,了知“我感受乐受”;这种了知:甲、能舍弃有众生之见;乙、能去除有情想;丙、能成为业处〔这里指受业处〕;丁、能成为念处修习〔这里指受随观念处〕。诚然,世尊宣说“သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”——“感受乐受时,了知‘我感受乐受’”——这项教法,是针对能够以如下方式善加分别了知者的感受而说:甲、谁在感受?乙、这是谁的受?丙、受因何而生?世尊正是针对这种‘正知而受’宣说这
ဒေသနာတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ဤအမေး၏ အဖြေကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သဖြင့် ဖြေဆိုနိုင်သူ၏ ခံစားမှုမျိုးကို ဘုရားရှင်သည် ရည်ညွှန်းထားတော်မူသည် ဟူလိုသည်။ ယင်းမေးခွန်းတို့၏ အဖြေတို့မှာ ဤသို့တည်း။) ၂။ (က) တတ္ထ ကော ဝေဒယတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဝေဒယတိ။
一教说。〔意谓:世尊所指,是能以现见智亲自现前、洞彻知见这些问题的答案,因而能够作答者的感受。这些问题的“2.甲、在这里,所谓‘谁在感受?’——并没有任何有情或个人在感受。”
( ခ ) ကဿ ဝေဒနာတိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဝေဒနာ။
“乙、所谓‘这是谁的受?’——它不是任何有情或个人的受。”
( ဂ ) ကိံ ကာရဏာ ဝေဒနာတိ ဝတ္ထုအာရမ္မဏာ စ ပနေသာ ဝေဒနာ။
“丙、所谓‘受因何而生?’——此受以事〔即所缘〕为所缘。”
原书第 458 页
တသ္မာ ဧသ ဧဝံ ပဇာနာတိ ''တံ တံ သုခါဒီနံ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတိ၊ တံ ပန ဝေဒနာပဝတ္တိံ ဥပါဒါယ ''အဟံ ဝေဒယာမီ''တိ ဝေါဟာရမတ္တံ ဟောတီ''တိ။
“因此,他如此了知:‘以乐受等各自的事〔即所缘〕为所缘,唯有受在感受;只是基于受的这一转起,才有“我在感受”这种言说而已。’”
ဧဝံ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတီတိ သလဒက္ခေန္တော ''ဧသ သုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတီတိ ဝေဒိတဗ္ဗော စိတ္တလပဗ္ဗတေ အညတရော ထေရော ဝိယ။ (အဘိ-ဋ္ဌ-၂-၂၅၁။) ထိုမေးခွန်းပြဿနာ သုံးမျိုးတို့တွင် --- (က) အဘယ်သူသည် ခံစားပါသနည်းဟူမူ တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ခံစားသည် မဟုတ်။
“应当了知:能如此辨识‘以事〔即所缘〕为所缘,唯有受在感受’的人,才是了知‘我感受乐受’的人;如 Cittalapabbata 山寺的一位长老。”(《迷惑冰消》2-251。)作者释义:在上述三问之中,甲、所谓“谁在感受?”——并不是任何有情或个人在感受。
( ခ ) အဘယ်သူ၏ ခံစားခြင်း ဝေဒနာ ဖြစ်ပါသနည်းဟူမူ --- တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း၊ ပုဂ္ဂိုလ်၏လည်းကောင်း ခံစားခြင်း ဝေဒနာ မဟုတ်။
乙、所谓“这是谁的受?”——它不是任何有情或个人的受。
( ဂ ) အဘယ်အကြောင်းကြောင့် ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာပါသနည်းဟူမူ --- ဤဝေဒနာသည် ဝေဒနာ၏ တည်ရာ အာရုံရှိသည် ဖြစ်၍ ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာရ၏။
丙、所谓“受因何而生?”——此受因为以事〔即所缘〕为所缘而生起。
ထိုကြောင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ သိ၏။ --- ''သုခ စသော ဝေဒနာတို့၏ တည်ရာ စွဲမှီရာ အာရုံအကြောင်းတရားကို အာရုံပြု၍ ဝေဒနာမည်သော သဘောတရားကသာ ခံစား၏၊ တစ်ဖန် ထိုဝေဒနာ၏ ဖြစ်ခြင်းကိုပင် အစွဲပြု၍ (ဉာဏ်ဖြင့် ကပ်ယူ၍ ဉာဏ်ဖြင့် ရှုနိုင်၍) ''ငါသည် ခံစား၏''ဟု ဤသို့ ခေါ်ဝေါ် ပြောဆိုရုံမျှသည်သာ ဖြစ်၏။'' --- ဤသို့ သိ၏။ ဤသို့လျှင် သုခဝေဒနာ စသည်တို့၏ တည်ရာ စွဲမှီရာအာရုံ အကြောင်းတရားကို အာရုံပြု၍ ဝေဒနာကသာလျှင် (ခံစားတတ်သည့် ဝေဒနာကသာလျှင်) ခံစား၏။ --- ဟု ဤသို့ ကောင်းစွာ ဉာဏ်ဖြင့် မှတ်သားနိုင်သော ဉာဏ်ဖြင့် ရှုမြင်နိုင်သော ဤယောဂါဝစရပုဂ္ဂိုလ်သည် ''သုခ ဝေဒနာကို ခံစား၏''ဟု ကွဲကွဲပြားပြား သိ၏ဟူ၍ (ကွဲကွဲပြားပြား သိသူဟူ၍) သိပါလေ။ စိတ္တလတောင်ကျောင်း ၌ သီတင်းသုံးတော်မူသော မထင်ရှားသော မထေရ်မြတ်ကြီးတစ်ပါးကဲ့သို့ မှတ်ပါ။
因此,这位瑜伽行者如此了知:“以乐受等各自的事〔即所缘〕为所缘,唯有称为‘受’的法之自性在感受;只是基于〔即以智摄取、观见〕这一受的生起,才有‘我在感受’这种称说而已。”如此,能够以智善加辨识、观见“以乐受等各自的事〔即所缘〕为所缘,唯有受在感受”的瑜伽行者,才称为清楚了知“我感受乐受”的人。应当把他理解为如同住在 Cittalapabbata 山寺的一位未具名大长老。
ခံစားမှုကို ကွဲကွဲပြားပြား သိပုံ
如何明确辨知受
သမ္ပဇာနဿ ဝေဒိယနံ သမ္ပဇာနဝေဒိယနံ။ ဝတ္ထု န္တိ သုခါဒီနံ အာရမ္မဏမာဟ၊ တေန ဝတ္ထု အာရမ္မဏံ ဧတိဿာတိ ဝတ္ထုအာရမ္မဏာတိ သမာသော ဒဋ္ဌဗ္ဗော။ ဝေါဟာရမတ္တံ ဟောတီတိ ဧတေန ''သုခံ ဝေဒနံ ဝေဒယာမီ''တိ ဣဒံ ဝေါဟာရမတ္တေန ဝုတ္တန္တိ ဒဿေတိ။ (မူလဋီ-၂-၁၅၆။) သမ္ပဇာနဿာတိ သမ္မာ ပကာရေဟိ ဇာနန္တဿ၊ ဝတ္ထာရမ္မဏေဟိ သဒ္ဓိံ သုခသာမိသာဒိပ္ပကာရေဟိ အဝိပရီတံ ဝေဒနံ ဇာနန္တဿာတိ အတ္ထော။ ပုဗ္ဗဘာဂဘာဝနာ ဝေါဟာရာနုသာရေနေဝ ပဝတ္တတီတိ အာဟ ''ဝေါဟာရမတ္တေနာ''တိ။ ဝေဒယာမီတိ ''အဟံ ဝေဒယာမီ''တိ အတ္တုပနာယိကာ ဝုတ္တာတိ၊ ပရိညာတဝေဒနောပိ ဝါ ဥပ္ပန္နာယ သုခဝေဒနာယ လောကဝေါဟာရေန ''သုခံ ဝေဒနံ ဝေဒယာမီ''တိ ဇာနာတိ၊ ဝေါဟရတိ စ၊ ပဂေဝ ဣတရော။ တေနာဟ ''ဝေါဟာရမတ္တေန ဝုတ္တ''န္တိ။ (အနုဋီ-၂-၁၅၇။) ဤအထက်ပါ မူလဋီကာနှင့် အနုဋီကာတို့ကား ဝေဒနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး၏ သန္တာန်ဝယ် ဝေဒနာကို ကွဲကွဲပြားပြား သိပုံ အခြင်းအရာကို ဖော်ပြသော အဖွင့်စကားရပ်တို့ပင် ဖြစ်
“‘正知者的感受’,称为‘正知而受’。所谓‘事’,是说乐受等的所缘;因此,应当把 vatthuārammaṇā 理解为‘以事〔即所缘〕为所缘者’这一复合词。所谓‘只是言说’,是以此显示‘我感受乐受’这句话只依言说而说。”(《分别论根本复注》2-1“‘正知者’,意为以正确的各种方式而知者,即连同所依处与所缘,如实无倒了知乐受、有爱染乐受等各种受者。前分修习仍只依循言说而转起,所以说‘只依言说’。‘我感受’中的‘我’,是把自己带入而说;或者,即使已经遍知受的人,在乐受生起时,也依世间言说而知道并说‘我感受乐受’,何况其他人。因此说‘只依言说而说’。”(《分别论随复注》2-157。)上述《分别论根本复注》与《分别论随复注》,正是说明一位修习受业处的瑜伽行者如何清楚分别了知受的
ကြသည်။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---
解释。其旨意如下
原书第 459 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ကောင်းစွာ အပြားအားဖြင့် သိသော ယောဂါဝစရပုဂ္ဂိုလ်၏ ခံစားခြင်းသည် သမ္ပဇာနဝေဒိယန မည်၏။
善加从各方面了知的瑜伽行者之感受,称为“正知而受”(sampajānavediyana)。
ဝေဒနာ၏ တည်ရာအကြောင်းတရား ဖြစ်ကုန်သော အာရုံတို့နှင့် အတူတကွ ကာမဂုဏ်တို့နှင့် စပ်သော ကာမ- ဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသော သုခဝေဒနာ၊ ကာမဂုဏ်တို့နှင့် မစပ်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်း = နေက္ခမ္မဓာတ်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသော သုခဝေဒနာ -- ဤသို့စသော အပြားတို့ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဝေဒနာကို သိမှုကို သမ္ပဇာန = ကွဲကွဲပြားပြားသိမှု ဟု ဆိုလို၏။
所谓“正知”(sampajāna),是指连同作为受之所依因的诸所缘,依不同类别如实无倒地了知受:例如,有爱染乐受依五欲功德而生、与五欲功德相应;无爱染乐受则依能令脱离五欲功德的出离界而生、不与五欲功德相应。
ထိုကြောင့် --- ဝတ္ထုအာရမ္မဏာ --- ဟူသော ပုဒ်ကို --- ဝတ္ထု အာရမ္မဏံ ဧတိဿာတိ ဝတ္ထုအာရမ္မဏာ ဟု ဗဟုဗ္ဗီဟိသမာသ် ပြုပါ။ ဝေဒနာဟူသည် တည်ရာအာရုံ အကြောင်းတရားရှိသော တရားဟု ဆိုလို၏။
因此,ဝတ္ထုအာရမ္မဏာ(vatthuārammaṇā)一词,应依“ဝတ္ထု အာရမ္မဏံ ဧတိဿာတိ ဝတ္ထုအာရမ္မဏာ”——“以事〔即所缘〕为所缘者,故称以事〔即所缘〕为所缘”——分析为有财释复合词。其意是:受是以事〔即所缘〕为所缘的法。
ဝေဒနာကို သိမ်းဆည်း ရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် --- ၁။ ဝေဒနာ၏ မှီရာဝတ္ထုရုပ်၊ ၂။ ဝေဒနာ၏ စွဲမှီရာ တည်ရာ အကြောင်းဖြစ်သည့် အာရုံ --- ဤနှစ်မျိုးတို့ကို ဟုတ်တိုင်းမှန်စွာ သိထားရမည် ဖြစ်သည်။ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရ မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အခါမှ ဝေဒနာကို သိမ်းဆည်းခဲ့သော် ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့သော် ဝေဒနာကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိမည် ဖြစ်သည်။ ထိုသို့ ကွဲကွဲပြား- ပြား သိသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာကို သိအောင် မပွားများမီ မသိမ်းဆည်းနိုင်မီ ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်မီ ရှေးအဖို့က ခေါ်ဝေါ်သုံးစွဲခဲ့သည့်အတိုင်း ထိုထိုဝေဒနာ၏ ဖြစ်ခြင်းကို အစွဲပြု၍ ''ငါသည် သုခဝေ- ဒနာကို ခံစား၏'' ဤသို့ စသည့် စကားကို လူတို့ ခေါ်ဝေါ်သုံးစွဲနေကျ ဝေါဟာရသို့ အစဥ်လိုက်သည်၏ အစွမ်း
准备摄取、观修受的瑜伽行者,必须如实了知两项:1.受所依止的所依处色;2.受所攀缘、作为其生起条件的所缘事。他必须能够摄取这两项,以智分别这两项。只有能够如此摄取、以智分别以后,再摄取受、以智分别受,才会如实而清楚地了知受。这位清楚了知的瑜伽行者,在尚未培养对受的了知、尚不能摄取受、尚不能以智分别受以前,曾依照世间此前的惯用说法,基于各种受的生起而说“我感受乐受”等;如今也仍只是依循这种世俗言说的力量
ဖြင့်သာလျှင် မိမိကိုယ်ကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ပြောဆိုရုံမျှသာ ဖြစ်၏။ ဝေဒနာကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိပြီးသော သူတော်ကောင်းသည်လည်း သုခဝေဒနာသည် ဖြစ်ပေါ်လာလတ်သော် လူတို့ခေါ်ဝေါ်သုံးစွဲ သည့် လောကဝေါဟာရအားဖြင့် ''ငါသည် သုခဝေဒနာကို ခံစား၏''ဟုသိ၏၊ ခေါ်ဝေါ်သုံးစွဲမှုလည်း ပြုသေး၏။
把自己带入句中而说罢了。即使已经以三种遍知之慧分别了知受的贤善者,在乐受生起时,也仍依世人使用的世间言说而知道“我感受乐受”,并作这样的称说。
ပရိညာပညာသုံးမျိုးလုံးဖြင့် ဝေဒနာကို ပိုင်းခြားမသိသေးသော ဝေဒနာကို သိမ်းဆည်းဆဲ ဉာဏ်ဖြင့်ပိုင်းခြား ယူနေဆဲဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း၊ လူတို့ ခေါ်ဝေါ် သုံးစွဲသည့် ဝေါဟာရအတိုင်း ခေါ်ဝေါ်သုံးစွဲရတော့သည်သာဟု ဆိုလိုသည်။ (မူလဋီ-၂-၁၅၆။ အနုဋီ-၂-၁၅၇၊၊)
至于尚未以三种遍知之慧分别了知受、仍在摄取受并以智分别受的瑜伽行者,又何须多说?其意是:他当然仍须依世人使用的惯常言说而称说。(《分别论根本复注》2-156;《分别论随复注》2-157。)
မထင်ရှားသော မထေရ်မြတ်ကြီးတစ်ပါး
一位未具名的大长老
ဤဝေဒနာပိုင်းတွင် ဝေဒနာကို ကွဲကွဲပြားပြား သိပုံ အခြင်းအရာကို ပေါ်လွင်ထင်ရှားစေရန်အတွက် သီ- ဟိုဠ်ကျွန်း စိတ္တလတောင်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော မထေရ်မြတ်ကြီး တစ်ပါး၏ထုံးကို အဋ္ဌကထာ တွင် ဤသို့ ဆက်လက် တင်ပြထား၏။
在这一受业处部分,为了使清楚分别了知受的方式更加显明,义注接着举出一位住在锡兰岛 Cittalapabbata 山寺的大长老之事例如下。
၃။ ထေရော ကိရ အဖာသုကကာလေ ဗလဝဝေဒနာယ နိတ္ထုနန္တော အပရာပရံ ပရိဝတ္တတိ၊ တမေကော ဒဟရော အာဟ ''ကတရံ ဝေါ ဘန္တေ ဌာနံ ရုဇ္ဇတီ''တိ၊ --- အာဝုသော ပါဋိယေက္ကံ ရုဇ္ဇနဋ္ဌာနံ နာမ နတ္ထိ၊ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတီတိ။
“3.据说,长老患病时,因为强烈的苦受而呻吟,辗转翻身。一位年轻比丘问他:‘尊者,您哪个部位疼痛?’长老答:‘贤友,并没有一个各别的所谓疼痛部位;以事〔即所缘〕为所缘,唯有受在感受。’”
ဧဝံ ဇာနနကာလတော ပဋ္ဌာယ အဓိဝါသေတုံ ဝဋ္ဋတိ နော ဘန္တေတိ။
“尊者,既然已经如此了知,从此便应忍受,不是吗?”
အဓိဝါသေမိ အာဝုသောတိ။
“贤友,我会忍受。”
အဓိဝါသနာ ဘန္တေ သေယျာတိ။
“尊者,安忍才是更好的。”
原书第 460 页
ထေရော အဓိဝါသေသိ။ ဝါတော ယာဝ ဟဒယာ ဖာလေသိ။ မဉ္စကေ အန္တာနိ ရာသီကတာနိ အဟေသုံ။
“长老安忍着。风〔病〕一直割裂到心脏,肠子成堆地落在床上。”
ထေရော ဒဟရဿ ဒဿေသိ --- ''ဝဋ္ဋတာဝုသော ဧတ္တကာ အဓိဝါသနာ''တိ။ ဒဟရော တုဏှီ အဟောသိ။
“长老把这情形给年轻比丘看,说:‘贤友,安忍到这种程度,可以了吧?’年轻比丘沉默了。”
ထေရော ဝီရိယသမာဓိံ ယောဇေတွာ သဟပဋိသမ္ဘိဒါဟိ အရဟတ္တံ ပါပုဏိတွာ သမသီသီ ဟုတွာ ပရိနိဗ္ဗာယိ။
“长老使精进与定相应,证得具足四无碍解的阿罗汉果,成为等首者(即烦恼尽与生命终结同时者,samasīsī)而般涅槃。”
(အဘိ-ဋ္ဌ-၂-၂၅၁။)
(《迷惑冰消》2-251。)
မထေရ်ကြီးသည် မကျန်းမာသောအခါ အင်အား ကြီးမားပြင်းထန်သော ဝေဒနာကြောင့် ငြီးတွားလျက် တပြောင်းပြန်ပြန် လူးလိမ့်နေ၏၊ ထိုမထေရ်ကြီးကို ရဟန်းငယ်တစ်ပါးက --- ''အရှင်ဘုရား …အရှင်ဘုရားတို့၏ သန္တာန်ဝယ် အဘယ်မည်သော အရပ်သည် နာကျင်ပါသနည်း''ဟု လျှောက်ထား၏။ ''ငါ့ရှင် အသီးအခြား တစ်ခု သော နာကျင်သော အရပ်မည်သည် မရှိပါ၊ ဒုက္ခဝေဒနာ၏ တည်ရာအကြောင်း ဖြစ်သည့် အာရုံကို အာရုံပြု၍ ဝေဒနာကသာလျှင် ခံစားနေ၏။'' --- ဤသို့ မိန့်ကြားလိုက်၏။
大长老患病时,由于强烈、剧烈的苦受而呻吟,辗转翻身。一位年轻比丘问他:“尊者,在您的相续中,哪个部位疼痛?”大长老答道:“贤友,并没有一个各别的所谓疼痛部位;以苦受之事〔即所缘〕为所缘,唯有受在感受。”
〔မထေရ်မြတ်ကြီးကား --- ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ဃနအတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သဖြင့် နာကျင်ကိုက်ခဲသော နေရာကို ရှာမတွေ့ခြင်း ဖြစ်၏။ နာကျင်ကိုက်ခဲသည့် နေရာကို ဓာတ်ကြီး (၄)ပါး စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များ ကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်များကို ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါက ပရမတ္ထဓာတ်သား ရုပ်တရားသက်သက်ကိုသာ တွေ့ရှိမည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါက သတ္တသညာ ကွာပြီဖြစ်၏။
〔这位大长老以智破除色密集与名密集,能够摄取色名,直至其智见抵达究竟法,所以找不到疼痛部位。若在疼痛部位专注观照四大种,只会看见色聚微粒;若能把这些色聚分析至究竟法,所见便只是具有究竟界自性的色法。当智见抵达究竟法时,有情想已经远离。
သတ္တသညာ ကွာသွားသော် နာကျင်သည့် နေရာကို ရှာမတွေ့နိုင်တော့ပြီ ဖြစ်၏။ နာကျင်သည့် နေရာဟူသည် သတ္တသညာ မကွာခင် မကွာမီအတွင်း၌သာ တွေ့ရှိနိုင်သောကြောင့်တည်း။ တစ်ဖန် ယင်းရုပ်တရားတို့ကား မဖြစ်ခင် မဖြစ်မီက မရှိခြင်း၊ ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်ခုတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာသော ဓမ္မသဘာဝတို့သာ ဖြစ်ကြ၏။ ယာယီဟူသည်မှာလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ်ပေါင်း ကုဋေ (၅ဝဝဝ)ခန့်လောက် ပုံပါက တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြသည့် ယာယီမျိုးဖြစ်၏။ ဤ၌ --- ခန့်လောက် --- ဟု ဆိုပါသည်၊ အတိအကျ မဆိုလိုပါ။ အလွန့်အလွန် တိုတောင်းသော သက်တမ်းကာလ ရှိကြောင်းကိုသာ ပြောဆိုလိုရင်း ဖြစ်သည်။ ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသော ရုပ်တရားတို့ကို ပရမတ္ထ ဉာဏ်စက္ခုဖြင့် ထင်း
有情想远离以后,就再也找不到疼痛部位;因为所谓疼痛部位,只能在有情想尚未远离以前找到。再者,这些色法在尚未生起以前并不存在,生起以后又归于不存在;它们只是在生前不存在与灭后不存在这两种“不存在”之间,暂时、片刻生起的法之自性。所谓“暂时”,是说若把一眨眼、一闪电、一弹指乃至一秒的时间分成约五千俱胝份,其寿命大约只有其中一份。这里说的是“大约”,并非精确数值;用意只在说明它们的寿命极其短暂。对于以胜义智眼清楚、透彻地知见这些极迅速生灭的色法的瑜伽行者来说
ထင်းလင်းလင်း ရှင်းရှင်းဘွင်းဘွင်း သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ လက် ခြေ ဦးခေါင်း ခါး ပေါင် တင်ပါး စသည့် နေရာကိုကား ရှာမတွေ့နိုင်တော့ပြီ။ အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသော ရုပ်ပရမတ် အစဥ်အတန်းကိုသာ ဉာဏ်စက္ခုဖြင့် တွေ့မြင်နေရသောကြောင့် ဖြစ်၏။ ဝေဒနာကို ရှုတော့မည့် ယောဂီသူတော်- ကောင်း တစ်ဦးသည်လည်း ထိုမထေရ်ကြီးကဲ့သို့ပင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသူ နာကျင်ကိုက်ခဲသည့် နေရာကို ရှာမတွေ့သူ ဖြစ်ရမည်။ နာကျင်ကိုက်ခဲသည့် နေရာကို ရှာတွေ့နေသေးပါက ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေး၊ ပရမတ်သို့ ဉာဏ်အမြင်မဆိုက်သေးပါက အနတ္တရောင်ခြည်တော်၏ တင့်တယ်စမ္ပယ်စွာ ကွန့်မြူး ထွက်ပေါ်လာရေးမှာ အလွန်အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ သို့အတွက် ''ဝေဒနာ၏ တည်ရာ အာရုံအကြောင်းတရားကို အာရုံပြု၍ ဝေဒနာကပင် ခံစားနေရပါသည်၊ နာကျင်ကိုက်ခဲသည့် နေရာဟူသည်
已经再也找不到手、脚、头、腰、腿、臀等部位,因为他的智眼只看见极迅速生灭的究竟色法相续。准备观受的贤善瑜伽行者,也必须像这位大长老一样,成为智见已经抵达究竟法、再也找不到疼痛部位的人。如果仍然找得到疼痛部位,智见便尚未抵达究竟法;智见若尚未抵达究竟法,离无我光辉庄严绽放仍然极其遥远。因此,大长老才回答:“以受之事〔即所缘〕为所缘,唯有受在感受;所谓疼痛部位
သီးသန့် မရှိပါ။''ဟု မထေရ်မြတ်ကြီးက အဖြေပေးနေခြင်းဖြစ်၏။ ထိုမထေရ်ကြီး၏ အသိဉာဏ်မျိုးကို ရရှိအောင် ဝေဒနာကို သိမ်းဆည်း ရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် သို့မဟုတ် ဝေဒနာဦးဆောင်သည့် နာမ်ကမ္မ- ဋ္ဌာန်းကို သိမ်းဆည်း ရှုပွားတော့မည့် ပုဂ္ဂိုလ်သည် ယေဘုယျအားဖြင့် (အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်မူ) ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမည်ဟု အဋ္ဌကထာများက စည်းကမ်း သတ်မှတ်ပေးထား၏။
并无各别存在。”准备摄取、观修受的瑜伽行者,或者准备摄取、观修以受为先导的名业处者,为了获得大长老那样的智慧,一般来说〔尤其是纯观行者〕必须已经完成色业处的摄取;这是诸义注所制定的准则。
အမှန်တရားကို မြတ်နိုးသူတိုင်း လိုက်နာရမည့် စည်းကမ်းပင် ဖြစ်သည်။ အောက်တွင် ထင်ရှားလတ္တံ့။ ဆက် ဖတ်ပါ။〕
这是每一位珍爱真理的人都应遵循的准则。下文将会说明,请继续阅读。〕
原书第 461 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ထိုကဲ့သို့ မထေရ်မြတ်ကြီးက --- ဝေဒနာ၏ တည်ရာအကြောင်းတရား ဖြစ်သည့် အာရုံကို အာရုံပြု၍ ဝေဒနာကသာလျှင် ခံစားနေ၏။ --- ဟု အဖြေပေးလိုက်သောအခါ သီတင်းငယ် ရဟန်းတော်က ဤသို့ ဆက် လက်၍ လျှောက်ထား၏။
大长老这样回答:“受以事〔即所缘〕为所缘,唯有受在感受。”这时,年轻比丘又继续请问道:
''အရှင်ဘုရား …ဤသို့ကလောက် အသိဉာဏ်ပေါက်နေသော အခါမှ စ၍ ယင်းဝေဒနာကို သည်းခံခြင်းငှာ သင့်မြတ်သည် မဟုတ်ပါလား ဘုရား …''ဟု လျှောက်ထား၏။
“尊者,既然智慧已经通达到这样的程度,现在不是正适合忍受这受吗?”
''ငါ့ရှင် …သည်းခံပါအံ့''ဟု မထေရ်မြတ်ကြီးက ပြန်လည်၍ မိန့်ကြားတော်မူလိုက်၏။ ထိုအခါ သီတင်း ငယ် ရဟန်းတော်က --- ''အရှင်ဘုရား …သည်းခံခြင်းသည် မြတ်ပါ၏''ဟု လျှောက်ထား၏။
大长老回答:“贤友,我会忍受。”年轻比丘便说:“尊者,能够忍受是很殊胜的。”
ထိုအချိန်တွင် မထေရ်မြတ်ကြီးသည် ဆင်းရဲသည့် ဒုက္ခဝေဒနာကို ကြိတ်မှိတ်၍ သည်းခံတော်မူလေပြီ။
这时,大长老咬紧牙关,忍受着剧烈的苦受。
လေသင်ဓုန်းသည် မထေရ်မြတ်ကြီး၏ နှလုံးအိမ်သို့တိုင်အောင် (= နှလုံးအိမ်သို့ ရောက်သည်တိုင်အောင်) ရင်ဘတ်ကို ပွင့်ထွက်သွားအောင် ဖောက်ခွဲလိုက်၏။ (နှလုံးသို့ခိုက်ရုံသာ ဖောက်ခွဲသည်၊ နှလုံးအိမ်ကား ကျန်- သေး၏၊၊) ထိုအခါ မထေရ်မြတ်ကြီး သီတင်းသုံးနေတော်မူသော ညောင်စောင်းငယ်ထက်၌ မထေရ်မြတ်ကြီး၏ အူတို့သည် အစုလိုက် အပုံလိုက် စုပုံနေကြကုန်၏။ ထိုအခါ မထေရ်မြတ်ကြီးက သီတင်းငယ် ရဟန်းတော်အား ''ငါ့ရှင် …ဤမျှ အတိုင်းအရှည် ရှိသော သည်းခံခြင်းသည် သင့်မြတ်ပါ၏လော'' --- ဤသို့ ပြောပြလေ၏။
猛烈的风病发作,直攻至大长老的心脏处,将他的胸膛破裂开来。〔只是破裂到心脏附近,心脏本身仍然完好。〕这时,大长老的肠子一团团、一堆堆地落在他所住的小榻上。大长老便问年轻比丘:“贤友,忍受到这种程度,是否适当呢?”
သီတင်းငယ်ရဟန်းတော်ကား ထိုအချိန်တွင် စကားတုံ့ မပြန်နိုင်တော့ဘဲ ဆိတ်ဆိတ်ပင် နေလိုက်ရတော့၏။
年轻比丘这时已无法回答,只能默然不语。
မထေရ်မြတ်ကြီးကား အူများ အပြင်သို့ ပေါက်ကွဲမထွက်လာမီအချိန်၌ ဝေဒနာကို ကြိတ်မှိတ်၍ အပြင်း အထန် ကြိုးစားကာ သည်းခံနေတော်မူရရှာ၏။ ဝီရိယကား လွန်ကဲနေ၏။ ''ဝီရိယလွန်သော် ဥဒ္ဓစ္စ''ဟု ဆိုရိုးရှိ သည့်အတိုင်း ဝေဒနာကို သည်းခံခြင်း အဓိဝါသနဝီရိယက လွန်ကဲနေရသဖြင့် စိတ်ငြိမ်သက်မှု သမာဓိကို မရရှိနိုင် ဖြစ်နေခဲ့၏။ သို့သော် လေက ဝမ်းဗိုက်ကို ဖောက်ခွဲလိုက်သောအခါ အူများလည်း ညောင်စောင်းငယ်ထက်၌ စုပုံ ထပ်နေသောအခါ ဆင်းရဲနေသည့် ဝေဒနာမှာ လျော့သွား၏။ ထိုအချိန်တွင် ဝီရိယနှင့် သမာဓိကို ညီမျှ အောင်၊ မိမိ မိမိတို့၏ ကိစ္စကို အညီအမျှ ရွက်ဆောင်သော အားဖြင့် အယုတ်အလွန် မရှိအောင် ပြု၍ ဝိပ- ဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူလတ်သော် ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ မိမိရရှိပြီးသော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသည်တို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ
在肠子尚未破腹而出以前,大长老只能咬紧牙关,极力忍受那苦受;当时精进过度了。正如俗语所说:“精进过度,即成掉举。”由于用来忍受苦受的“忍受精进”过度,他无法获得使心寂静的定。然而,当风病将腹部破开、肠子堆落在小榻上以后,那剧烈的苦受反而减轻了。于是,他使精进与定达到平衡,让二者各自平等履行作用,不偏低,也不过度;这样修习观禅业处时,他便连同四无碍解证得阿罗汉果。随后,他省察自己所证得的道智、果智、涅槃等;就在这条省察
ဇော၏ အဆုံး၌ ပရိနိဗ္ဗာန် စံလွန်တော်မူလေသည်။ (အဘိ-ဋ္ဌ-၂-၂၅၁။ မ-ဋ္ဌ-၁-၂၇၉-၂၈ဝ။) သုခဝေဒနာကို ခံစားလတ်သော် သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိသကဲ့သို့ အလားတူပင် - ဒုက္ခဝေဒနာကို၊ ဥပေက္ခာဝေဒနာကို၊ ကာမဂုဏ်နှင့် စပ်သော သုခဝေဒနာကို၊ ဒုက္ခဝေဒနာကို၊ ဥပေက္ခာဝေဒ- နာကို၊ ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို၊ ဒုက္ခဝေဒနာကို၊ ဥပေက္ခာဝေဒနာကို ခံစားလတ်သော် ကာမ- ဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို ခံစား၏ဟု ကွဲကွဲပြား သိ၏ (= သိအောင် ကြိုးစားအားထုတ်ပါ။)
速行结束之际,大长老入般涅槃。(《迷惑冰消》2-251;《中部义注》1-279—280。)正如感受乐受时,能够明确了知“正在感受乐受”;同样,感受苦受、舍受,有爱染的乐受、苦受、舍受,以及无爱染的乐受、苦受、舍受时,也应明确了知“正在感受相应的受”。〔也就是说,请努力做到这样明确了知。〕
(အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
(《迷惑冰消》2-252;《中部义注》1-280。)
ဒုက္ခဝေဒနာ ရှုကွက် ပုံစံတစ်ခု
苦受辨识示例
အကယ်၍ အသင်သူတော်ကောင်းသည် ကာယိကဒုက္ခဝေဒနာ ပါဝင်သည့် ကာယဝိညာဏ်နှင့် တကွသော ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ စိတ်အစဥ်များ၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ဝေဒနာကို အဦး မူ၍ သိမ်းဆည်း ရှုပွားလိုခဲ့ပါလျှင် ရှေးဦးစွာ ရုပ်တရားတို့ကို စတင်၍ သိမ်းဆည်းရမည်။
贤善的禅修者,如果想在与含有身苦受的身识相应的身门心路,以及随后诸意门心路的心相续中,以受为先辨识、观修其中的名法,就必须先从辨识色法开始。
原书第 462 页
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定。
၂။ အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကာယိက ဒုက္ခဝေဒနာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည့် နေရာ တစ်ခု၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ဥပမာ- တင်ပါးတစ်နေရာဟု ဆိုကြပါစို့၊ ထိုတင်ပါးနေရာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။(နေရာဟူသည် သတ္တသညာ မကွာခင် ရှုတတ်အောင် သတ်မှတ်ပြခြင်းသာ ဖြစ်သည်၊ ရုပ် ဃန အတုံးအခဲများ ပြိုသွား၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သောအခါ နေရာမရှိတော့ပြီ ဖြစ်သည်။) ၃။ ထိုသို့ တင်ပါးနေရာတွင် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုခဲ့သော် ရုပ်ကမ္မဋ္ဌာန်းကို အဝါးဝစွာ လေ့လာ နိုင်နင်းထားပြီးသော အသင်သူတော်ကောင်း၏ အသိဉာဏ်ဝယ် မကြာမီ အချိန်အနည်းငယ် အတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ ဉာဏ်ဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ထိုရုပ်ကလာပ်များကို သဘောတူရာ ပေါင်းစု၍ ခွဲတမ်းချလိုက်သော် ရုပ်ကလာပ် အမျိုးအစား (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုး ရှိ၏။
2.在自身相续中苦受强烈生起的一个部位,专注观照四大种。例如,可以设定为臀部的某一处,就在该处专注观照四大种。〔所谓“部位”,只是在有情想尚未脱落以前,为便于观照而作的指定;一旦破除色密集、智见抵达究竟法,就不再有部位可得。〕3.这样在臀部专注观照四大种时,对于已经熟练掌握色业处的禅修者,不久之后,智中便会很容易看见色聚微粒。把这些色聚依同类归组、分类,可得5类色聚、44种色法。
ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ အာဟာရဇ အဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုး ဖြစ်သည်။ ဤ၌ ရုပ်ကလာပ် အမျိုး အစားသာ (၅)မျိုး ဖြစ်သည်၊ ရုပ်ကလာပ် တစ်မျိုးတစ်မျိုး၌ ရုပ်ကလာပ် အရေအတွက်ကား မရေမတွက်နိုင်အောင် များစွာပင် ရှိ၏။ အလားတူပင် ရုပ်အမျိုးအစားသာ (၄၄)မျိုး ဖြစ်သည်။ ရုပ်တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား မရေမတွက်နိုင်အောင် များစွာပင် ရှိနေ၏။ ယင်းရုပ်တရားအားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။
这5类色聚是:身十法聚、性根十法聚、心生八法聚、时节生八法聚、食生八法聚;其中共有44种色法。这里说“5类”,只是色聚的类别有5种;每一类所含的实际色聚,数目都多得不可计数。同样,说“44种”,只是色法的种类有44种;每一种色法的实际数目也都多得不可计数。应当总括辨识这一切色法。
၄။ ထို (၄၄)မျိုးသော ရုပ်တို့တွင် အကျုံးဝင်သော ကာယအကြည်ဓာတ်ကိုလည်းကောင်း၊ ဟဒယဝတ္ထုတွင် မှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်းပါ။
4.在这44种色法中,辨识身净界(即身净色);另将依心所依处色而生的有分意净界与之并列辨识,使二者同时清楚显现。
၅။ ထို မိမိသိမ်းဆည်းထားသော ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု၌ သို့မဟုတ် ရုပ် ကလာပ်အများစု၌ တည်ရှိကြသော ပထဝီဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်တို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်တစ်ခုကို လှမ်း၍ အာရုံယူပါ။ ဥပမာ --- (က) မာမှု ပထဝီဓာတ်က သတ္တိလွန်ကဲနေလျှင် မာမှု ပထဝီဓာတ်ကို၊ ( ခ ) ပူမှု တေဇောဓာတ်က သတ္တိလွန်ကဲနေလျှင် ပူမှု တေဇောဓာတ်ကို၊ ( ဂ ) ထောက်ကန်မှု တွန်းကန်မှု ဝါယောဓာတ်က သတ္တိလွန်ကဲနေလျှင် ထောက်ကန်မှု တွန်းကန်မှု ဝါယော ဓာတ်ကို လှမ်းအာရုံယူပါ။ မိမိ ရှုပွားလိုသော ဖောဋ္ဌဗ္ဗဓာတ် = ဖောဋ္ဌဗ္ဗာရုံ ပါဝင်သည့် ရုပ်ကလာပ်ဘက် ၌လည်း ရုပ်ဃန အတုံးအခဲ ပြိုပါစေ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။
5.在最接近所辨识身净界的一个色聚或许多色聚中,于地界、火界、风界三者之中,选取自性力量最强的一界作为所缘。例如:(甲)若坚硬这一地界的力量最强,就取坚硬的地界;(乙)若热这一火界的力量最强,就取热的火界;(丙)若支持、推动这一风界的力量最强,就取支持、推动的风界。对于含有自己想要观修的触界=触所缘的色聚,在作为所缘的色聚这一侧也要破除色密集,使智见抵达究竟法。
၆။ ထိုလွန်ကဲနေသော ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက မိမိနှင့် အနီးကပ်ဆုံးဖြစ်သည့် ကာယအကြည်ဓာတ်ကိုလည်း ကောင်း၊ ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ရိုက်ခတ်သောအခါ ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ကာယဒွါရဝီထိစိတ်နှင့် မနောဒွါရဝီထိစိတ်များသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုနာမ်တရားတို့ကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။
6.当那个力量最强的触界,同时撞击离它最近的身净界与有分意净界,并在这两门同时显现时,身门心路与许多意门心路便会反复生起,各条心路之间由诸有分隔开。对于这些名法,应以受为先加以辨识。
ယောနိသောမနသိကာရဖြစ်က ဇောများမှာ ကုသိုလ်ဇောများ ဖြစ်ကြမည်။ အယောနိသော မနသိကာရ ဖြစ်က အကုသိုလ်ဇောများ ဖြစ်ကြမည်။ တစ်ဖန် ယင်းဖောဋ္ဌဗ္ဗဓာတ်ကို --- ၁။ ရုပ်တရားဟု၊ ၂။ အနိစ္စဟု၊
若作如理作意,诸速行就是善速行;若作不如理作意,诸速行就是不善速行。再者,对同一触界作如下了知:1.是色法;2.是无常;
原书第 463 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၃။ ဒုက္ခဟု၊ ၄။ အနတ္တဟု၊ ၅။ အသုဘဟု --- ဤသို့ သိနေသော မနောဒွါရဝီထိ (အကောင်းအုပ်စု) နာမ်တရားတို့ကိုလည်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။ ထိုနောင် ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။ ကြွင်းကျန်သော ရုပ်နာမ်တို့ကိုလည်း အလားတူပင် ဆက်လက် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ဝေဒနာကို အဦးမူ၍ သိမ်းဆည်းထားသော ယင်းနာမ် ရုပ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွ ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် အထက်ပါ စိတ္တလတောင်ကျောင်း၌ သီတင်းသုံးတော်မူသော မထေရ်မြတ်ကြီးကဲ့သို့ ပါရမီအားလျော်စွာ အရဟတ္တဖိုလ်ကို ရယူနိုင်လေရာသည်။
3.是苦;4.是无我;5.是不净。对于这样了知触界的意门心路(善组)名法,也应以受为先加以辨识。此后,区分色与名,分别标认色与名;对于其余色、名,也以同样方法继续辨识、观修。再找出这些以受为先所辨识名色的诸因,然后将这些名色连同诸因安立于三相之下,修习毗婆舍那而观审;如此,便能像上述住在 Cittalapabbata 山寺的大长老一样,依其波罗蜜之力证得阿罗汉果。
သတိပြုပါ --- ပူမှု အေးမှုကား တေဇောဓာတ် ဖြစ်၏၊ ရုပ်တရား ဖြစ်၏၊ ဝေဒနာကား နာမ်တရား ဖြစ်၏။
务必注意:热与冷都是火界,是色法;受则是名法。
ပူမှု အေးမှုကို ဝေဒနာလုပ်၍ ရှုနေလျှင်ကား အသင်သူတော်ကောင်း၏ ဘာဝနာသည် ''ကျီးလည်း မမည် ကြက် လည်း မဟုတ်'' --- ဖြစ်ချေတော့မည်၊ သတိရှိစေ။
如果把热与冷当作受来观,你的禅修就会变成“乌鸦也称不上,鸡也不是”的混杂修法。贤善者,务必留意。