《清净道论》释文——观见非色法生起的方式
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 53–56 页 · 20 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 53 页
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့် - အရူပနိဗ္ဗတ္တိပဿနာကာရ
《清净道论》释文——观见非色法生起的方式
ယထာ စ ရူပံ သမ္မသန္တေန ရူပဿ၊ ဧဝံ အရူပံ သမ္မသန္တေနပိ အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သာ စ ခေါ ဧကာသီတိ လောကိယစိတ္တုပ္ပါဒဝသေနေဝ။
巴利《清净道论》引文(缅文转写,第一段):“ယထာ စ ရူပံ သမ္မသန္တေန ရူပဿ၊ ဧဝံ အရူပံ သမ္မသန္တေနပိ အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သာ စ ခေါ ဧကာသီတိ လောကိယစိတ္တုပ္ပါဒဝသေနေဝ။”译:“正如观究色法者应当观见色法的生起,观究非色法者也应当观见非色法的生起;而且,只应依八十一种世间心生起来观见。”
原书第 54 页
သေယျထိဒံ ---- ဣဒဥှိ အရူပံ နာမ ပုရိမဘဝေ အာယူဟိတကမ္မဝသေန ပဋိသန္ဓိယံ တာဝ ဧကူနဝီသတိ- စိတ္တုပ္ပါဒပ္ပဘေဒံ နိဗ္ဗတ္တတိ။ နိဗ္ဗတ္တနာကာရော ပနဿ ပဋိစ္စသမုပ္ပါဒနိဒ္ဒေသေ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။
“也就是说:这种非色法,首先在结生时,由前生积集之业的力量,依十九类心生起中的一种而生起;它生起的方式,应当依缘起释中所说的方法了知。”
တဒေဝ ပဋိသန္ဓိစိတ္တဿ အနန္တရစိတ္တတော ပဋ္ဌာယ ဘဝင်္ဂဝသေန၊ အာယုပရိယောသာနေ စုတိဝသေန။ ယံ တတ္ထ ကာမာဝစရံ၊ တံ ဆသု ဒွါရေသု ဗလဝါရမ္မဏေ တဒါရမ္မဏဝသေန။
“从紧接结生心之后的一心开始,同一种心又以有分的方式生起,并在寿命终结时以死亡的方式生起。其中属于欲界者,在强力所缘出现于六门时,也以彼所缘的方式生起。”
ပဝတ္တေ ပန အသမ္ဘိန္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံ ဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ တတော တသ္မိံ ယေဝ အာရမ္မဏေ ကိရိယမနော- ဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာ- ဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာ- သဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏ- စိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနာဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ
“在生命期间,因为眼根未坏、色所缘来到范围之内,以光明为依止并以作意为因的眼识,便与相应诸法一同生起。只有已经到达住时的色所缘,才会撞击处在住时的眼净色;发生撞击时,有分生灭两次。随后,唯作意界对同一所缘完成转向作用而生起;紧接着,见同一色所缘的善果报或不善果报眼识生起;继而,领受同一色所缘的果报意界生起;继而,推度同一色所缘的无因果报意识界生起;继而,确定同一色所缘的舍俱无因唯作意识界生起。此后,或由欲界善、不善、唯作诸心中的一种生起五次或七次速行,或生起舍俱无因心;再后,于欲界有情的十一种彼所缘心中,随顺速行而生起其中任何一种彼所缘。其余诸门也依此理;但在意门中,大行心也——”
ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၅၂-၂၅၃။) ဤအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ တစ်ဖန် ရုပ်တရားကို သုံးသပ် ရှုပွားသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်တရား၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကို သုံးသပ်ရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း နာမ်တရား၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်၏။ ထိုနာမ်တရား၏ ဖြစ်မှု သဘောတရားကို ရှုရာ၌လည်း (၈၁)ပါးသော လောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်သာလျှင် ရှုအပ်၏။
“——会生起。如此,应当观见非色法在六门中的生起。”(《清净道论》2-252—253。)这段义注的意思如下:正如观究色法的瑜伽行者应当观照色法名为“生起相”的发生性质,观究名法的瑜伽行者同样应当观照名法名为“生起相”的发生性质。观照名法的这一生起性质时,只应依八十一种世间心生起加以观照。
ဤ လောကီ စိတ်+စေတသိက် ဟူသော လောကီစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုသော ဝိပဿနာဟူသည် အဘယ်နည်းဟူမူကား ---- ဤနာမ်တရား မည်သည်ကား ရှေးရှေးဘဝ၌ ဆည်းပူးအားထုတ်ခဲ့ပြီးသော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေ အခါ၌ ရှေးဦးစွာ (၁၉)မျိုးသော စိတ္တုပ္ပါဒ် အပြားရှိသော ပဋိသန္ဓေတို့တွင် တစ်မျိုးမျိုးသော စိတ္တုပ္ပါဒ်သည် ထိုထိုဘဝ အားလျော်စွာ ပဋိသန္ဓေကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ထို ပဋိသန္ဓေနာမ်တရား၏ ဖြစ်ပုံအခြင်းအရာ သည် ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။
所谓依世间心、心所这一世间心生起来修观,意思如下:名法在结生时,由过去诸生所积集、造作之业的力量,依相应的生命形态,在十九类结生心生起中由其中一种生起,执行结生作用。结生名法具体如何生起,将在缘起部分说明。
ထို (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် သတ္တဝါတစ်ဦးအတွက် တစ်ခုသော ဘဝဝယ် တစ်မျိုးသော စိတ်သည်သာလျှင် ပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသည်။
在这十九种结生心中,对一个有情的一次生命而言,只有一种心执行结生作用。
ပဋိသန္ဓေကိစ္စ ---- ပဋိသန္ဓာနံ - ပဋိသန္ဓိ = ဆက်စပ်မှု ဆက်စပ်ပေးမှုသည် ပဋိသန္ဓိ မည်၏။ ဘဝဟောင်း အပြတ်တွင် ဘဝသစ်၌ ရှေးဦးစွာ စိတ်၏ ဖြစ်ပေါ်ခြင်းသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ တစ်နည်းဆိုရသော် ဖြစ်-ပျက် အစဥ်အတန်းအားဖြင့် ဖြစ်ပေါ်နေသော ဘဝဟောင်း ရုပ်သန္တတိအစဥ်၊ နာမ်သန္တတိအစဥ်၊ ရုပ်နာမ်သန္တတိအစဥ်၏ အရပ်တွင် ဘဝသစ်၌ ရှေးဦးစွာသော ရုပ်တရား၏ ဖြစ်ခြင်း၊ နာမ် တရား၏ ဖြစ်ခြင်း၊ ရုပ်နာမ်၏ ဖြစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်း ဘဝသစ်၌ ရှေးဦးစွာ ဖြစ်ပေါ်လာသော ပဋိသန္ဓေအမည်ရသော စိတ်သည် ဘဝဟောင်း ခန္ဓာအစဥ်နှင့် ဘဝသစ်ခန္ဓာအစဥ်ကို တစ်စပ်တည်း ဖြစ်အောင် ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ ဆက်စပ်မှု ကိစ္စကြောင့် သတ္တဝါဟု ခေါ်ဆိုရသော ခန္ဓာအစဥ်သည်
结生作用——依“paṭisandhānaṃ—paṭisandhi”之释,连接、使之相连,称为“结生”。旧生命刚结束时,新生命最初的心生起,仿佛把旧生命与新生命连接起来。换一种说法,旧生命的色相续、名相续、色名相续沿着生灭次第转起;当其终止之处,新生命中最初的色法生起、名法生起、色名生起便发生。新生命中最初生起、名为结生的心,仿佛把旧生命的蕴相续与新生命的蕴相续连接成一体。由于这种连接作用,称为“有情”的蕴相续便——
原书第 55 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း မချုပ်ငြိမ်းဘဲ အသစ်အသစ်ဘဝကို ရလျက် တစ်ဝဲလည်လည် နေရလေသည်။ ဤသို့ ဘဝဟောင်းနှင့် ဘဝသစ်ကို = ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်မှု အခြင်းအရာသည် ပဋိသန္ဓေကိစ္စ မည်၏။
——不会止息,而是一次又一次获得新的生命,在轮回中不断流转。如此,把旧生命与新生命——也就是旧生命诸蕴与新生命诸蕴——连接起来的作用,称为结生作用。
ဘဝင် - စုတိ ---- ထိုပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသော စိတ်နှင့် မျိုးတူစိတ်သည်ပင်လျှင် ပဋိသန္ဓေ စိတ်၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။
有分与死亡——与执行结生作用之心同类的心,从紧接结生心之后的一心开始,以有分的方式生起;到了寿命终结时,则以死亡的方式生起。
ဘဝင်္ဂကိစ္စ ---- ဘဝဿ အင်္ဂံ ဘဝင်္ဂံ = ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲ ဖြစ်ရန် အကြောင်းခံ ဖြစ်သော စိတ်သည် ဘဝင် မည်၏။ ဘဝတစ်ခုဝယ် ရှေးဦးအစ ဖြစ်သော စိတ်သည် ပဋိသန္ဓေမည်၍ နောက်ဆုံးဖြစ်သော စိတ်သည် စုတိ မည်၏။ ယင်း ပဋိသန္ဓေနှင့် စုတိ၏ အကြားကို ဥပပတ္တိဘဝဟု ခေါ်၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်၌ လာရှိသော ဥပပတ္တိဘဝတည်း။ ဥပပတ္တိဘဝဟူသည်လည်း ---- ကမ္မတော ဥပပဇ္ဇတီတိ ဥပပတ္တိ - အရ ကံကြောင့် ဖြစ်သော လောကီဝိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ခေါ် ကမ္မဇရုပ်များတည်း။
有分作用——依“bhavassa aṅgaṃ bhavaṅgaṃ”之释,作为生有持续不断生起之根本支分的心,称为“有分”。在一次生命中,最初的心称为结生,最后的心称为死亡;结生与死亡之间的阶段,称为生有,也就是缘起教说中所说的生有。依“kammato upapajjatīti upapatti”之释,所谓生有,就是由业而生的世间果报名蕴,以及称为业所造色的业生色。
ကံအားလျော်စွာ အတိတ်ဘဝဟောင်း ချုပ်ဆုံးသည့် အခြားမဲ့၌ ဘဝသစ်အတွက် ပဋိသန္ဓေစိတ်က ဆက်စပ် ပေးပြီးနောက်၊ အလားတူ ဝိပါက်စိတ်များ ဆက်လက်၍ မဖြစ်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ပင် စိတ်အစဥ် ပြတ်၍ တစ်ဘဝ အဆုံးသတ်ဖွယ်ရာ ရှိ၏။ ထိုကြောင့် ထိုသို့ မဆုံးရလေအောင် အကျိုးပေးနေသည့် ကံ၏ စွမ်းဟုန်ကြောင့် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ ပဋိသန္ဓေနှင့် အလားတူ ဝိပါက်အစဥ်သည် ဆက်လက်၍ ဖြစ်ပေါ် လာပေသည်။ ထိုနောက် ပဝတ္တိအခါ၌လည်း ဆိုင်ရာဆိုင်ရာ ဒွါရတို့၌ ရှေးရှု ကျရောက်လာကြကုန်သော အာရုံ သစ်များကို အကြောင်းပြု၍ အာရုံပြု၍ ဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြရ၏။ ထို ဝီထိစိတ်အစဥ် ချုပ်ပျက် သွားသည့်အခါ ဘဝင် အမည်ရသော ဝိပါက်စိတ်သည် မဖြစ်ပေါ်လာပါမူ စိတ်အစဥ် ပြတ်သဖြင့် စိတ္တဇရုပ်များ ကမ္မဇရုပ်များလည်း ပြတ်စဲသွားဖွယ်ရာ ရှိ၏။ ထိုသို့ မဖြစ်ရလေအောင် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဥ်
依相应之业,过去旧生命终结以后,结生心紧接着为新生命作连接;若同类的果报心不再继续生起,心相续便会紧接结生心而中断,一次生命也就可能当即结束。为了使生命不这样结束,在正在给予果报之业的势力推动下,与结生同类的果报相续便紧接结生心继续生起。此后在生命期间,缘于来到各个相应门中的新所缘、取它们为所缘,诸心路相续也相继生起。当这些心路相续灭去时,如果名为有分的果报心不再生起,心相续便会中断,心生色与业生色也可能随之断绝。为了不发生这种情况,为使业力仍然存在的一生之中蕴相续——
မပြတ်ရလေအောင် ဆက်စပ်တတ်သော ဝိပါက်စိတ်ကို ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲဖြစ်ရန် အကြောင်းခံ စိတ်ဖြစ်သောကြောင့် ဘဝင်ဟု ခေါ်ဆိုလေသည်။ ပဋိသန္ဓေစိတ်နှင့် အမျိုးတူသော ကံအဟုန်ကြောင့် ဖြစ်ပေါ် လာရသော စိတ်ပင် ဖြစ်သည်။
——不致中断,这种能够衔接相续的果报心,因为是生有持续不断生起的根本心,所以称为有分。它与结生心同类,同样由业的势力生起。
ထို ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတို့ကို ရွက်ဆောင်ပေးတတ်သော (၁၉)မျိုးကုန်သော စိတ်တို့တွင် မဟာ ဝိပါက်စိတ် (၈)ပါး ဥပေက္ခာသန္တီရဏစိတ် (၂)ပါး ဟူသော ကာမာဝစရပဋိသန္ဓေ (၁ဝ)သည်ကား ဒွါရ (၆)ပါးတို့၌ အားရှိသော ဗလဝအာရုံ၌ တဒါရုံ၏အစွမ်းဖြင့်လည်း ဖြစ်၏။
在能够执行结生、有分、死亡作用的十九种心中,八种大果报心与两种舍俱推度心,共十种欲界结生心;它们在六门出现强力所缘时,也能以彼所缘的方式生起。
တစ်ဖန် ပဝတ္တိအခါ၌ကား စက္ခုပသာဒ မပျက်စီးသေးသော သတ္တဝါ၏ သန္တာန်၌ စက္ခုပသာဒ မပျက်စီး သည့်အတွက် ရူပါရုံတို့၏ စက္ခုပသာဒအား ထင်ခြင်းသို့ = ရှေးရှုကျရောက်ခြင်းသို့ ရောက်ရှိလာသည်၏ အဖြစ် ကြောင့် အာလောက (= အလင်းရောင်)ကို မှီသော၊ စက္ခုဒွါရဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်းဖြစ်သော ရူပါရုံကို ဆင်ခြင် နှလုံးသွင်းတတ်သော ပဉ္စဒွါရာဝဇ္ဇန်းဟူသော ဝီထိပဋိပါဒက မနသိကာရလျှင် အကြောင်းရင်းခံ ရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်၍ လာ၏။
再者,在生命期间,眼净色尚未损坏的有情相续中,因为眼净色完好,色所缘便能呈现于眼净色,也就是来到它的范围内。眼识以光明为依止,并以称为五门转向的心路引导作意为根本因;这一五门转向能审察、作意色所缘。由此,眼识与相应心所诸法一同生起。
ထင်ရှားစေအံ့ ---- စက္ခုပသာဒ၏ ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိနေခိုက်ဝယ် ဥပါဒ်ပြီးနောက် ဌီကာလ ဌီခဏသို့ပင် ရောက်ရှိလာသည်သာဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုပသာဒကို ထိခိုက်သည် ရှိသော် ဘဝင် နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ (ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏ဟု ဆိုလိုသည်။)
进一步说明:眼净色的生起结束、正处于住时之际,同样已经结束生起、到达住时与住刹那的色所缘,撞击眼净色。色所缘撞击眼净色时,两个有分依次生起而灭去;意思是名为有分波动与有分断的两个有分生起而灭去。
原书第 56 页
ထိုနောင်မှ ထိုရူပါရုံ၌ပင်လျှင် ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသော ကိရိယာမနောဓာတ်သည် ယင်းရူပါရုံကိုပင် ဆင်ခြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ (၁) ထိုပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်တတ်သော ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (ထိုရူပါရုံသည် ဣဋ္ဌာရုံဖြစ်ခဲ့သော် ကုသလ ဝိပါက် စက္ခုဝိညာဏ်ဖြစ်၍ ထိုရူပါရုံသည် အနိဋ္ဌာရုံဖြစ်သော် အကုသလဝိပါက် စက္ခုဝိညာဏ်သည် ဖြစ်ပေါ် လာ၏။) (၂) ထိုသို့ စက္ခုဝိညာဏ်ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော သမ္ပဋိစ္ဆိုင်း အမည် ရသော ဝိပါက်မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ (၃) ထိုသမ္ပဋိစ္ဆိုင်းစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင် စုံစမ်းလင့်သကဲ့သို့သော သန္တီရဏ အမည်ရသော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏။ (၄) ထိုသန္တီရဏစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ပိုင်းခြား မှတ်သားလင့်သကဲ့သို့သော = ထို
随后,名为五门转向的唯作意界,对同一色所缘完成转向作用而生起。(1)紧接五门转向——即转向心——之后,能见同一色所缘的善果报或不善果报眼识生起;若该色所缘是可意所缘,便生起善果报眼识,若是不可意所缘,则生起不善果报眼识。(2)眼识生起之后,名为领受、如同承接同一色所缘的果报意界生起。(3)领受心生起之后,名为推度、如同审查同一色所缘的无因果报意识界生起。(4)推度心生起之后,名为确定、如同分别识别——也就是把——
ရူပါရုံကိုပင်လျှင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်တတ်သော ဝုဋ္ဌောအမည်ရသော အဟိတ်ကိရိယာ မနော ဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ်သည် ဖြစ်ပေါ်လာ၏။ (၅) ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်၌ ---- ၁။ ကာမာဝစရကုသိုလ်၊ ၂။ အကုသိုလ်၊ ၃။ ကာမာဝစရ ကိရိယာ ---- ဇောစိတ်တို့တွင် တစ်မျိုးမျိုးသော ဇောစိတ်သည် (၅) ကြိမ်သော်လည်းကောင်း၊ (၇) ကြိမ်သော်လည်းကောင်း အဟုန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်လာ၏။ (ပုထုဇန်နှင့် သေက္ခအရိယာ ပုဂ္ဂိုလ် တို့၏သန္တာန်ဝယ် ထိုဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရ ဖြစ်ပါက ကုသိုလ်ဇော စော၍ အယော- နိသော မနသိကာရ ဖြစ်ပါက အကုသိုလ်ဇော စော၏။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ကာမာဝစရ ကြိယာဇော စော၏။) (၆) အကယ်၍ အာရုံက သိပ်အားမကောင်း၍ ဇောစိတ်များ ဖြစ်ခွင့် မရနိုင်လျှင် ပထမဝုဋ္ဌော ဒုတိယဝုဋ္ဌောဟု ဝုဋ္ဌော နှစ်ကြိမ် ဖြစ်၍ ဝီထိစိတ်အစဥ် ရပ်ကာ ဘဝင် ပြန်ကျသည်ဟု မှတ်ပါ။ အကယ်၍ အာရုံက အားကောင်း
——同一色所缘判定为可意、不可意等的舍俱无因唯作意识界生起。(5)确定心灭后,欲界善、不善、欲界唯作这三类速行心中的某一种,猛烈而连续地生起五次或七次。(在凡夫与有学圣者的相续中,若确定心的判定属于如理作意,善速行便生起;若属于不如理作意,不善速行便生起。在阿罗汉的相续中,则生起欲界唯作速行。)(6)若所缘太弱,速行心没有生起的机会,应知只有第一确定、第二确定两个确定心生起,心路相续随即停止并再落入有分;若所缘是力量强盛的强力所缘,——
မောင်းသန်သော ဗလဝအာရုံ ဖြစ်၍ ဇောစိတ်များ စောခွင့်ရခဲ့သော် ---- ထိုဇောစိတ်ချုပ်သည်မှ နောက်၌ ကာမာဝစရသတ္တဝါတို့အား သန္တီရဏစိတ် (၃)မျိုး၊ မဟာဝိပါက်စိတ် (၈)မျိုး - ပေါင်း (၁၁)မျိုးသော တဒါရုံကိစ္စကို ရွက်ဆောင်တတ်သော ဝိပါက်စိတ်တို့တွင် ဇောအားလည်းကောင်း အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံဝိပါက်စိတ်သည် ဖြစ်ပေါ်၍လာ၏။ (၇)
——速行心得以生起,那么在速行心灭后,对于欲界有情,于三种推度心与八种大果报心——合计十一种能够执行彼所缘作用的果报心——之中,会依速行与所缘而生起任意一种相应的彼所缘果报心。(7)