必须恭敬遵循的一项原则

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 8–12 页 · 29 个翻译单元

本页并入了原书的相邻小节:需要思考的一点。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 8 页
ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်
必须恭敬遵循的一项原则
ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ သမထယာနိကပုဂ္ဂိုလ်သည် စျာန်အင်္ဂါတို့ကိုလည်းကောင်း၊ ယင်း စျာန်အင်္ဂါတို့နှင့် ယှဥ်တွဲ၍ စိတ္တက္ခဏတစ်ခု အတွင်း၌ အတူဖြစ်သွားကြကုန်သော စျာနသမ္ပယုတ်တရားတို့ကို လည်းကောင်း စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်၏။ ယင်းနာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ယင်းစျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိကြကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရပြန်၏။ (ဝိသုဒ္ဓိ-၂-၂၂၂ - ကြည့်။) တစ်ဖန် သမထယာနိကပုဂ္ဂိုလ်သည် ကာမာဝစရ နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရပေမည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် လည်း စျာန်မရသည့်အတွက် စျာန်နာမ်တရားတို့ကို မသိမ်းဆည်းနိုင်ရကား ကာမာဝစရ နာမ်တရားတို့ကိုပင် သိမ်းဆည်းရမည် ဖြစ်၏၊ ယင်းသို့ ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း
在这样把握名法时,止乘者若愿意,可以先把握禅支,以及与这些禅支在同一心刹那俱生的禅那相应法。把握这些名法之后,还须继续把握它们所依的心所依处中存在的大种色与所造色。(参见《清净道论》2-222。)如果止乘者还要继续把握欲界名法,他就必须已经完成对色业处的把握与智辨别。纯观乘者没有禅那,不能把握禅那名法,所以只能把握欲界名法;而要这样做,也同样必须先完成——
ထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးပင် ဖြစ်ရပေမည်။ မူလပဏ္ဏာသအဋ္ဌကထာတွင်လည်း ---- သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ … (မ-ဋ္ဌ-၁-၂၈ဝ။) = အကျဥ်းနည်းအားဖြင့်သော်လည်းကောင်း အကျယ်နည်းအားဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် - ဟု နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးဖြစ်ရမည် ဖြစ်ကြောင်းကို ဖွင့်ဆိုထား၏။
对色业处的把握与智辨别。“以简略法或详尽法把握色业处之后……”(《中部义注》1-280。)这说明准备把握名业处的瑜伽行者,必须先把握色业处。
တစ်ဖန် အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁)တွင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ သို့အတွက် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ဝိပဿနာ ရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားတို့ကိုလည်း ဆက်လက်၍ ဝိပဿနာရှုရန် ဤသို့ ညွှန်ကြားထားပြန်၏။
《殊胜义注》(271)也说,只观照色法不能抵达圣道智,只观照名法也不能抵达圣道智;因此,它进一步教示:已以智辨别并观照大种色与所造色的瑜伽行者,还必须继续观照名法。
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ-ဋ္ဌ-၁-၂၇၁။) ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုလည်း ''ဤကား နာမ်တရားတည်း''ဟု ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ စသည်ဖြင့် ဝိပဿနာရှု၏။ (အဘိ-ဋ္ဌ-၁-၂၇၁။)
因此,他以该色法为所缘,辨别由此生起的受、想、行与识为“这是名法”,再以无常等方式观照。(《殊胜义注》1-271。)
原书第 9 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤညွှန်ကြားချက်အရ နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသောနာမ်ခန္ဓာ (၄)ပါးတို့ကို စတင်၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။
依照这一教示,刚开始修名业处的瑜伽行者,应先把握并观照以色法为所缘而生起的4名蕴。
နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားနိုင်သည် သာ ဖြစ်သည်၊ သို့သော် နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားထုတ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရန်မှာ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် ခက်ခဲသောကြောင့် နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို စတင်၍ မသိမ်းဆည်းခိုင်းခြင်း ဖြစ်သည်ဟု မှတ်ပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ဝိပဿနာဉာဏ်များ အတော် အသင့် ရင့်ကျက်၍ ထက်မြက်စူးရှလာသောအခါ နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ် တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် အရူပ သတ္တက ရှုနည်း (ဝိသုဒ္ဓိ-၂-၂၆၁။) ---- စသည်တို့၌ ဖော်ပြထားလျက်ပင် ရှိပေသည်။
以名法为所缘而生起的名法,也可以把握、观照。不过,对初修名业处者来说,这类名法难以把握、以智辨别,所以并不教他从这里开始。到了观禅阶段,观智逐渐成熟、锐利时,《清净道论》的“非色七法”等观法(2-261)仍教人回过来观照以名法为所缘而生起的名法。
တစ်ဖန် ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ရွှေ ငွေ စသော ပညတ်အတုံးအခဲများကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ ပညတ်ကို ရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်ပရမတ်တရားတို့ကိုသာ ရှုနေခြင်းဖြစ်သည်၊ သို့သော် ဝိပဿနာအရာ၌ကား သိစရာ = အာရုံနှင့် သိတတ်သည့် အာရုံယူတတ်သည့် = အာရမ္မဏိကတရား နှစ်မျိုး လုံးကိုပင် ဝိပဿနာ ရှုရမည် ဖြစ်သောကြောင့် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားများက စတင်၍ သိမ်းဆည်းရန် ညွှန်ကြားခြင်း ဖြစ်သည်။ ကသိုဏ်းပညတ် စသော ပညတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော စျာန်တရား+စျာနသမ္ပယုတ်တရားတည်းဟူသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရား တို့ကိုလည်း သမထယာနိကပုဂ္ဂိုလ်များသည် သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ သိမ်းဆည်းရမည် ရှုပွားရမည်သာ
以男人、女人、个人、众生、金、银等成块的概念为所缘而生起的名法,也可以把握、观照。这里不是观照概念本身,而是观照以概念为所缘而生起的究竟名法。但在观禅中,所知的所缘与能知、能取所缘的法两者都必须观照;因此才教初学者先把握以色法为所缘而生起的名法。止乘者也能够、而且应当把握与观照以遍概念等概念为所缘而生起的禅那法及禅那相应法,即所谓禅那名法——
ဖြစ်သောကြောင့်တည်း။
正因为这些名法也必须把握、观照。
တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်လည်း နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကို အောက်ပါအတိုင်း အလေး အနက် ဖွင့်ဆိုထားပေသည်။
此外,《清净道论》还郑重说明:想把握名法的瑜伽行者,必须先把色法把握得清净圆满。
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿေဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီ- ကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလဒံ ပါပုဏာတိ။ (ဝိသုဒ္ဓိ-၂-၂၂၇။) ဆက်လက်၍ ရှင်းပြဦးအံ့၊ ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ---- ၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း၊ ၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း၊ ၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း ---- ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှူထင်ခြင်း၏ အကြောင်းတရား
正因为诸名法只会以这3种方式,在色法把握得极清净的人面前显现,所以只有色法把握得极清净的人,才应努力把握名法,其他人不应如此。若仅有1种或2种色法现起,便舍弃色法而开始把握名法,他就会从业处退失,如修地遍时所说的山中母牛。反之,色法把握得极清净的人努力把握名法,其业处便会增长、茁壮、广大。(《清净道论》2-227。)进一步说,只有已经以智辨别并清净把握色法的瑜伽行者,诸名法才会依3种因缘显现:1.从触开始显现;2.从受开始显现;3.从识开始显现。也就是说,名法之所以被知、在智前显现的3种因缘——
(၃)မျိုးတို့ဖြင့် တစ်နည်းဆိုရသော် အကြောင်းတရား (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာ
即这3种因缘中的任何一种方式——
原书第 10 页
အားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်း ပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်း ခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြား မယူရသေးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။
能令诸名法清楚显现。因此,只有已将色法把握清净、以智辨别清楚的瑜伽行者,才应努力以智辨别、把握名法;尚未将色法把握清净、尚未以智辨别清楚的人,不应作此努力。若勉强进行,过患如下。
၁။ ''တွန်းကန်လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ သိနေတာက နာမ်တရား'' ဤသို့ စသည်ဖြင့် ဝါယောဓာတ်ကဲ့သို့သော ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ---- ၂။ ''တွန်းကန် လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ ပူမှု အေးမှုက ရုပ်တရား၊ သိနေတာက နာမ် တရား'' --- ဤသို့ စသည်ဖြင့် ဝါယောဓာတ် တေဇောဓာတ်ကဲ့သို့သော ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ---- ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ သိမှု ခံစားမှုကဲ့သို့သော နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။ ပထဝီကသိုဏ်း ဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာ သော ကျက်စားရာ စားကျက်အကြောင်းကို မသိ နားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ် ပျက်စီးတတ်၏။
若只在智中显现1种色法(界法),例如:“风界的推动、移动是色法,识知的是名法”;或只显现2种色法(界法),例如:“风界的推动、移动是色法,火界的热、冷是色法,识知的是名法”;便舍弃把握色业处的工作,转而努力把握识知、感受等名法,业处就会退失,犹如修地遍部分所说那头在山中放牧、却不懂牧地的愚痴母牛。
အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြော သောအဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ-၂-၂၂၇။ စာပိုဒ်-၆၇၁။) ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒဿေန္တော အာဟ ''သစေ ဟီ''တိအာဒိ။ (မဟာဋီ-၂-၃၅၇။) ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ-၃-၂၁၆)၌ ပထမစျာန်စသည့် အောက်အောက်
反过来说,已经清净把握色法、再努力把握名法的瑜伽行者,其观禅业处能够增长、茁壮、广大,直至证得道果、亲见涅槃。(《清净道论》2-227,“正如只有经过善修、达到自在的下层禅那,才能成为上层禅那的基础与近因,而不是仅仅刚获得的下层禅那;同样,只有极清净、无纠结、无丛杂的色法把握,才能成为名法把握的基础与近因,不清净的色法把握不能如此。所以,色法或名法即使只有一部分尚未现起,这种把握仍是不清净,更何况有许多部分未现起。为了显示此义,才说‘如果只有……’等。”(《大复注》2-357。)世尊在《母牛譬喻经》(《增支部》3-216)中,以一头在山中放牧、却不懂牧地的愚痴母牛为譬喻,开示:若尚未把初禅等下层禅那的5自在练熟,就越级转修第二禅等上层禅那,不仅会从上层禅那退失,已经获得的初禅等下层——
သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက် အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားတော်မူခဲ့၏။ (ယင်းဥပမာကို အာနာပါနဿတိ သမာဓိပိုင်းတွင် ရှင်းပြထား၏။) ဤ ဥပမာကိုပင် ယူဆောင်၍ ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း ၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။
禅那也会失去。(这一譬喻已在入出息念定部分说明。)义注师又把同一譬喻用于名色分别智阶段的见清净。其要义如下。
အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားစေအပ်ပြီးသည် ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်း သည်၏ အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒက ဖြစ်၍ အထက်အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာ ဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော
只有下层禅那经过善修,达到熟练掌握5自在,才能成为上层禅那的基础和获得上层禅那的近因。仅仅获得、却尚未善修到熟练掌握5自在的下层禅那——
原书第 11 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း အောက်အောက်သော စျာန်သည် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်၊ အထက် အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။
不能成为上层禅那的基础,也不能成为获得上层禅那的近因。
ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေးကင်းသည်ဖြစ်လျက် ရောယှက် ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟလုပ်ငန်းရပ်၏ အခြေပါဒက ဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။
同样,只有辨别、把握色法的色把握智(即色把握的实修工作)达到清净、无纠结、不混杂,才能成为辨别、把握名法的非色把握智(即非色把握的实修工作)的基础与近因。
ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် နာမ်တရားကို သိမ်းဆည်းဖို့ရန် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန် အနီးကပ်ဆုံး သော အကြောင်းတရားသည် မဖြစ်နိုင်ပေ။
若尚未把色法把握清净,色把握的实修工作便不清净,也不能成为把握名法、获得非色把握智的近因。
သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိ ဉာဏ်၌ မထင်လာ မမြင်လာသေးသည်ရှိသော် ထိုရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟ လုပ်ငန်းရပ်နှင့် နာမ်တရားကို သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိ ဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ် သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ ---- ''ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်၊ ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာ ရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏''
因此,只要色法、名法还有某一部分未在智中显现、未被照见,色把握智(即色把握的实修工作)与非色把握智(即非色把握的实修工作)就仍未清净。若大量究竟色名法都未在智中显现、未被照见,那就更不必说,必定仍未清净。为了明确显示这一点,义注师才说:“若智中只显现1种或2种色法(界法),便舍弃把握色业处的工作而努力把握名法,业处就会退失。”
ဤသို့စသော စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
义注师所说的正是这类教诫。
(မဟာဋီ-၂-၃၅၇။)
(《大复注》2-357。)
မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော၊ မလိမ္မာသော၊ မိမိ၏ ကျက်စားရာ စားကျက်အကြောင်း ကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန် မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်၊ မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်း စိုပြည်သည့် မြက်သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက် သောအခါ ရှေ့ခြေနှစ်ချောင်းကို နင်းကွင်း ကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိ သဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီး သွားခဲ့ရ၏။ မူလစဥ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ
一头在崎岖山地放牧、既愚痴又不熟悉牧地的母牛,想前往未到过的地方、饮用未饮过的池水、啃食池边未吃过的青嫩鲜草。它从崎岖山坡下行时,前脚尚未踏稳就抬起后脚,于是从山上跌落山下,所有目标都落空,也回不到原来的山顶。同样,尚未把色法把握清净就改去把握、观照名法,也会从业处退失——
ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ်ပျက်စီးသွားတတ်၏။
甚至会同时从色业处与名业处两方面退失。
စဥ်းစားရန် အချက်တစ်ရပ်
需要思考的一点
အသင်ယောဂီသူတော်ကောင်းသည် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် မသိမ်းဆည်းတတ် မရှုပွားတတ်သေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်း ဆည်းရှုပွားခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ဖူးကောင်း ပြုလုပ်ဖူးပေမည်။ တစ်နည်းဆိုရသော် တွန်းကန်လှုပ်ရှားမှု
贤者也许曾在还不能把握、观照六门与42身分中的真实色法和非真实色法,尚未令智见抵达究竟法时,就已经修过把握、观照名业处。换言之,也许只知道推动、移动——
原书第 12 页
ဝါယောဓာတ် တစ်လုံးလောက်ကို သိရုံမျှဖြင့်၊ တွန်းကန် လှုပ်ရှားမှု ဝါယောဓာတ်နှင့် ပူမှု အေးမှု တေဇောဓာတ် ဟူသော ရုပ်နှစ်မျိုးလောက် သိရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်း သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့ပြီး နာမ် ကမ္မဋ္ဌာန်းကို ပြောင်း၍ သိမ်းဆည်း ရှုပွားသူ ဖြစ်ဖူးကောင်း ဖြစ်ဖူးပေမည်။ ထိုသို့ သိမ်းဆည်းခြင်းကြောင့် စက္ခုဒွါရဝီထိစသော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဥ်အတွင်း၌ တည်ရှိကြ ကုန်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော စိတ်စေတသိက် တရားစု တို့ကို ဃနခေါ်သည့် နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားနိုင်မှု ရှိ-မရှိကိုကား မိမိကိုယ်တိုင် ဝေဖန် စဥ်းစားရတော့မည် ဖြစ်ပေသည်။ အကယ်၍ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင်
这一种风界,或只知道推动、移动的风界与热、冷的火界这两种色法,就舍弃把握色业处的工作,转而把握、观照名业处。对于这样得到的把握,必须亲自审察:在依心定律生起的眼门心路等路心相续中,自己能否破除名法密集,并把握、观照五门转向、眼识等每一个心刹那中的心与心所法聚,直至智见抵达究竟法?如果不能在每一心刹那中——
စိတ္တက္ခဏတိုင်း၌ မသိမ်းဆည်းနိုင် မရှုပွားနိုင်ဟု မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် ရုပ် (၂၈)ပါးကိုလည်း ရုပ်ဃန ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင် ဟုလည်း မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် - ရုပ်နာမ်ကိုမျှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိသေးသော မိမိအဖို့ ကမ္မဋ္ဌာန်းတရားသည် ကြီးပွားတိုးတက်နေလေသလော၊ ဆုတ်ယုတ်ပျက်စီးနေလေသလောဟူသော ဤ အချက်ကိုကား သံသရာဝဋ်ဆင်းရဲဒုက္ခကြီး၏ ကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလွန့်အလွန် လိုလား တောင့်တလျက်ရှိသော အသင် ယောဂီသူတော်ကောင်းသည် တော်တည့် မှန်ကန်သော ယောနိသော မနသိကာရ၊ ဖြူစင်ဖြောင့်စင်းသော စိတ်ဓာတ်ဖြင့် စဥ်းစားနှိုင်းချိန် ဝေဖန်လေရာသည်။
把握、观照依心定律生起的名法,直至智见抵达究竟法;如果也承认自己不能破除色法密集,把握、观照28种色法,直至智见抵达究竟法;那么,连色名法都尚未如实知见的自己,其业处究竟是在增长进步,还是在退失?极其向往作为轮回大苦灭尽处之殊胜涅槃的贤者,应当以正确如理作意和清净正直之心,对这一点加以衡量、审察。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。