作为观智所缘的名法

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 1–3 页 · 21 个翻译单元

本页并入了原书的相邻小节:非色把握章、作为观智所缘的名法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 1 页
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
礼敬彼世尊、阿罗汉、正等觉者。
အရူပပရိဂ္ဂဟ အခန်း
非色把握章
ဝိပဿနာဉာဏ်၏ အရှုခံ နာမ်တရား
作为观智所缘的名法
သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် တွင် အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခသည် မည်သည့်နည်းနှင့်မျှ မကုန်ဆုံးနိုင်ဟု ဟောကြားထားတော်မူသောကြောင့်လည်းကောင်း (သံ-၂-၂၄၉-၂၅ဝ။)၊ အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁)၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂-၃ဝဝ-၃ဝ၁)တို့၌ ရုပ်တရားသက်သက်ကို ဝိပ- ဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ ထိုကြောင့် ရံခါ ရုပ် တရားကို ရံခါ နာမ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဟု ညွှန်ကြားထားတော်မူသောကြောင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ခန်းစေလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဝိပဿနာဉာဏ်၏
一切知正等觉者在《六处品相应·未遍知经》中亲自开示:如果不能以知遍知、审察遍知和断遍知这3种遍知,对一切色法、名法分别作透彻了知,轮回之苦便绝不可能灭尽(《相应部》2-249—250)。又因《殊胜义注》(271)和《清净道论》(2-300—301)教示:只观照色法,名为“出起”的圣道智不能生起;只观照名法,圣道智也不能生起;所以应当有时观照色法,有时观照名法。由此,想令轮回大苦灭尽的瑜伽行者,对于观智——
အရှုခံအာရုံဖြစ်ကြကုန်သော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်သည်။ ဆက်လက် သိမ်းဆည်းရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့တွင် အောက် ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။
所观的诸名法,也必须继续把握并以智辨别。《清净道论》及《大复注》对这些应继续把握的名法解释如下。
တဿေဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ သေယျထိဒံ --- ဒွေပဉ္စဝိညာဏာနိ၊ တိဿော မနောဓာတုယော၊ အဋ္ဌသဋ္ဌိ မနောဝိညာဏဓာတုယောတိ ဧကာသီတိ လောကိယစိတ္တာနိ၊ အဝိ- သေသေန စ တေဟိ စိတ္တေဟိ သဟဇာတော ဖဿော၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဇီဝိတံ၊ စိတ္တဋ္ဌိတိ၊ မနသိကာရောတိ ဣမေ သတ္တ သတ္တ စေတသိကာတိ။ လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ၊ န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာတိ။ (ဝိသုဒ္ဓိ-၂-၂၂၃။) ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ၊ ''ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီ''တိ။ သဗ္ဗသင်္ဂါဟိကဝသေန ''ဧကာသီတိ လောကိယစိတ္တာနီ''တိ ဝုတ္တံ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ အဝိသေသေနာတိ သာဓာရဏတော။
对于这样已经把握色法的人,诸名法依门而显现,即:双五识、3意界、68意识界,共81种世间心;以及不加区别地与这些心俱生的触、受、想、思、命根、一境性(心住)与作意等每心各有的7种心所。至于出世间心,无论纯观乘者还是止乘者,都不能把握,因为他们尚未证得这些法。(《清净道论》2-223。)诸名法虽也能依所依处而显现,但依门把握不会混乱,所以说“诸名法依门而显现”。“81种世间心”是总摄而说;广大心只有已得禅者才会清楚显现。“不加区别”即共通而言。
ဖဿာဒယော ဟိ သတ္တ စေတသိကာ စက္ခုဝိညာဏာဒီဟိပိ ဥပ္ပဇ္ဇနတော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏာ။ သဗ္ဗေပိ တေတိ ဧကာသီတိ လောကိယစိတ္တာနိ၊ တံသမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။ အာရမ္မဏာ- ဒိဝိဘာဂေန ပန စိတ္တုပ္ပါဒဘေဒေ ဂယှမာနေ တတော ဗဟုတရော ဧဝ ဟောတိ၊ သော ပန ဣဓ နာဓိပ္ပေတော။
触等7种心所连眼识等心中也会生起,所以是遍一切心心所。“一切这些法”是指81种世间心,以及与其相应的触等一切名法。若再按所缘等差别来分别每一心生起,数目会更多;但这里并非意在说明那种算法。
(မဟာဋီ-၂-၃၅၂-၃၅၃။)
(《大复注》2-352—353。)
အထဿ ဧဝံ ''စတ္တာရိ မဟာဘူတာနိ တေဝီသတိ ဥပါဒါရူပါနိ ရူပက္ခန္ဓော''တိ ရူပက္ခန္ဓံ ပရိဂ္ဂဏှန္တဿ အာယတနဒွါရဝသေန အရူပိနော ခန္ဓာ ပါကဋာ ဟောန္တိ။ (အဘိ-ဋ္ဌ-၂-၂၄၁။)
当他把握色蕴为“四大种及23种所造色即是色蕴”时,诸非色蕴便依处门而显现。(《阿毗达磨义注》2-241。)
原书第 2 页
ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
上述义注和复注的要义如下。
ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖွင့်ဆိုရေးသား တင်ပြအပ်ခဲ့ပြီးသည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိ သော ဘူတရုပ် ဓာတ်ကြီး (၄)ပါး၊ ဥပါဒါရုပ် (၂၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းအပ်ပြီးသော ရုပ် တရားရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟု ဆိုအပ်သော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။
如色业处部分所说明,瑜伽行者已经以智辨别并把握存在于六门、42身分中的四大种和24种所造色;这时,诸名法会在他的相续中依眼门、耳门、鼻门、舌门、身门和意门这6种处门而显现。
နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယ ဝတ္ထု၊ ဟဒယဝတ္ထုဟူသော ဝတ္ထု၏အစွမ်းဖြင့်လည်း နာမ်တရားတို့သည် ထင်ရှားကုန်သည်သာ ဖြစ်ကုန်၏။
诸名法也会依其所依色——眼所依、耳所依、鼻所依、舌所依、身所依和心所依处——而显现。
သို့သော်လည်း စက္ခုဒွါရဝီထိစသော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း မရှိဟု နှလုံးပိုက်တော်မူ၍ စက္ခုဒွါရဝီထိစသော အာယတန ဒွါရ၏အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
不过,义注师考量到:依眼门心路等处门来把握、以智辨别名法,不会发生混杂,所以教人依眼门心路等处门把握、观照名法。
စက္ခုဝတ္ထု၌ စက္ခုဝိညာဏ်စိတ်နှင့် အတူတကွ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရဟူသော စေတသိက် (၇)လုံး၊ စိတ်စေတသိက် နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ မှီ၍ ဖြစ်ကြရ၏။ အလားတူပင် သောတဝတ္ထု စသည်တို့၌လည်း သောတဝိညာဏ်စသည့် ဆိုင်ရာ ဝိညာဏ်တို့နှင့် အတူတကွ နာမ်တရား (၈)လုံးစီသာ အသီးအသီး မှီ၍ ဖြစ်ကြ၏။ သို့သော် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိနေသည့် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်တို့မှ တစ်ပါးသော ဝီထိစိတ် အားလုံးတို့သည် မှီ၍ ဖြစ်နေကြ၏။ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟူသော နာမ်တရားစုတို့လည်း ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြ ကုန်၏။ သို့အတွက် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိကြသည့် အသိစိတ်တို့ စုပြုံ၍ ဖြစ်နေ ကြသည့်နေရာ ဖြစ်သဖြင့် မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ရောယှက်ရှုပ်ထွေးခြင်း
眼识心与触、受、想、思、一境性、命根、作意7心所依止眼所依而生,心与心所合计为8种名法。同样,耳所依等各处,也各有耳识等相应识和7心所,合计8种名法依之而生。至于心所依处,除了眼识等五识之外,能随宜识知6种所缘的一切心路心都依它而生;结生心、有分心与死亡心这些名法聚,也都依心所依处而生。因此,心所依处是识知6种所缘的各种心集中生起之处;若依所依处把握名法,便会有混杂——
ရှိနေ၏။ သို့အတွက် ရောယှက်ရှုပ်ထွေးခြင်း ကင်းအောင် စက္ခုဒွါရဝီထိနာမ်တရားစသည့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်းကသာ သာလွန်၍ ကောင်းမွန်သည့်အတွက် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် ရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤအထက်ပါ အဋ္ဌကထာတို့၏ ညွှန်ကြားသတ်မှတ်ချက်အရ ဤကျမ်း၌လည်း အာယတနဒွါရအလိုက်ပင် နာမ်တရားတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်း ရှုပွားရမည့် နာမ်တရားတို့မှာ --- ၁။ ဒွေပဉ္စဝိညာဏ် --- ၁ဝ ၂။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေ ဟူသော မနောဓာတ် --- ၃ ၃။ မနောဝိညာဏဓာတ် --- ၆၈ အားလုံးပေါင်းသော် လောကီစိတ် --- ၈၁ ၄။ ယင်းလောကီစိတ်တို့နှင့် ယှဥ်တွဲ ဖြစ်ကြကုန်သော ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ္တဋ္ဌိတိမည်သော ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရဟူသော စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏ စေတသိက်
确实会发生这种情形。为了避免混杂,依眼门心路名法等处门来把握、观照名法更为妥善,所以义注师教人依处门把握与观照。本书也将遵照上述义注的规定,依处门说明名法的把握方法。应把握、观照的名法是:1.双五识,10种;2.称为意界的五门转向与2领受心,3种;3.意识界,68种;合计81种世间心;4.与这些世间心相应的触、受、想、思、一境性(又名“心住”)、命根、作意,也就是遍一切心心所——
တို့တည်း၊ ဤကား အထူးမမ သာမညအားဖြင့် ပြောဆိုခြင်းတည်း။ အထူးအားဖြင့်ဆိုရမူ စိတ္တက္ခဏတိုင်း ဝယ် ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားစုတို့ကို နာမ်ဃနဟူသော နာမ်တုံးနာမ်ခဲ (၄)မျိုးကို ပြိုကွဲ သွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုလောကီစိတ်တို့တွင်လည်း စျာန်ကို ရရှိကြကုန်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် မဟဂ္ဂုတ်စိတ် အမည်ရကြကုန်သော စျာန်နာမ်တရားတို့သည် ထင်ရှားကြကုန်၏။ လောကုတ္တရာစိတ်တို့ကား သမထယာဥ် မဖက် သက်သက်
这些法。以上只是概括地说。具体而言,应在每一个心刹那中,以智破除名法的4种密集,分析并把握所有相应的心与心所法聚。在这些世间心中,称为广大心的禅那名法,只会在得禅者的相续中显现。至于出世间心,不以止为乘的——
原书第 3 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်ခြင်းသို့ မရောက်ကုန်၊ စျာန် သမထယာဥ်ရှိသော သမထယာနိကပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသို့ မရောက်ရှိကုန်။
纯观乘者,以及具禅那止乘的止乘者,都还不能以智辨别把握。
ယင်းလောကုတ္တရာတရားတို့ကို မရရှိသေးသောကြောင့် ဖြစ်၏။
因为他们尚未证得这些出世间法。
ကြိယာစိတ်များ - သတိပြုရန်
应注意唯作心
အထက်တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် နာမ်တရားအားလုံးကို သိမ်းကျုံးရေတွက်သော နည်းဖြင့် လောကီစိတ် (၈၁)မျိုးဟု ဖော်ပြထား၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာ ဝဇ္ဇန်းဟူသော အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းစိတ်တို့သည်ကား အဟိတ်ကြိယာစိတ်များပင် ဖြစ်ကြ၏။
上文《清净道论》以总摄计数法,将作为观智所缘的一切名法列为81种世间心。其中,五门转向与意门转向这2种对所缘作转向的心,都是无因唯作心。
ပြုကာမတ္တ (= အာရုံကို ဆင်ခြင်ကာမတ္တ) မျှသာ ဖြစ်သောကြောင့် ကြိယာဟူသော အမည်ကို ရကြ၏။ ယင်း ကြိယာစိတ် နှစ်မျိုးတို့ကား ပုထုဇန်၊ သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ဖြစ်နိုင်ကြ၏။ ကြွင်းကျန်ကုန်သော - ၁။ ဟသိတုပ္ပါဒ်စိတ် (၁) မျိုး ၂။ မဟာကြိယာစိတ် (၈) မျိုး ၃။ ရူပါဝစရကြိယာစိတ် (၅) မျိုး (ပဉ္စကနည်း) ၄။ အရူပါဝစရကြိယာစိတ် (၄) မျိုး ဤ (၁၈)မျိုးကုန်သော ကြိယာစိတ်တို့ကား ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရနိုင်သော စိတ်တို့ ဖြစ်ကြ၏။ သို့အတွက် ပုထုဇန်၊ သေက္ခပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် နာမ်တရား တို့တွင် ယင်းကြိယာစိတ်တို့ မပါဝင်ကြဟု မှတ်ပါ။
它们只是执行转向的作用,所以称为“唯作”。这2种唯作心也能在凡夫与有学圣者的相续中生起。其余唯作心是:1.生笑心,1种;2.大唯作心,8种;3.色界唯作心,5种(五禅法);4.无色界唯作心,4种;合计18种。这18种唯作心只能在阿罗汉的相续中生起。因此应知,它们不包括在凡夫和有学圣者以观智所观的名法之内。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。