前进—退返

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 356–357 页 · 13 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 356 页
အဘိက္ကန္တေ - ပဋိက္ကန္တေ
前进—退返
ရှေ့သို့ သွားခြင်းကို အဘိက္ကန္တ၊ နောက်သို့ ဆုတ်ခြင်းကို ပဋိက္ကန္တဟု ဆို၏။
向前而行,称为“前进”(abhikkanta);向后而退,称为“退返”(paṭikkanta)。
တဒုဘယမ္ပိ စတူသု ဣရိယာပထေသု လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၃၃၁-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။) ထို ရှေ့သို့သွားခြင်း နောက်သို့ဆုတ်ခြင်း နှစ်မျိုးလုံးကိုလည်း ဣရိယာပုထ် (၄)ပါးလုံးတို့၌ပင် ရအပ်ပေ၏။
“这两者在四种威仪中都可成立。”(《殊胜义注》2-331—332;《中部义注》1-258。)也就是说,前进与退返这两种动作,在四种威仪中都可以成立。
၁။ သွားခြင်း၌ ကိုယ်ကို (= ရုပ်တရားအပေါင်းကို) ရှေးသို့ ရှေးရှူဆောင်သော ပုဂ္ဂိုလ်သည် ရှေးသို့သွားသည် မည်၏။ နောက်ကြောင်း ပြန်နစ်သော ပုဂ္ဂိုလ်သည် နောက်သို့ ပြန်ဆုတ်သည် မည်၏။
1.在行走时,使身体〔即一切色法〕朝向前方而行的人,称为前进;沿原路向后退的人,称为退返。
原书第 357 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၂။ ရပ်ခြင်း၌လည်း ခြေကို လုံးဝမလှမ်းသေးဘဲ ရပ်လျက်သာလျှင် ကိုယ်ကို (= ရုပ်တရားအပေါင်းကို) ရှေ့သို့ ညွတ်စေသော ပုဂ္ဂိုလ်သည် ရှေ့သို့သွားသည် မည်၏။ ကိုယ်ကို (= ရုပ်တရားအပေါင်းကို) နောက်သို့ ဖဲ၍ ညွတ် စေသော ပုဂ္ဂိုလ်သည် နောက်သို့ဆုတ်သည် မည်၏။
2.在站立时,尚未迈步,只是站着使身体〔即一切色法〕向前倾的人,称为前进;使身体向后仰的人,称为退返。
၃။ ထိုင်ခြင်း၌လည်း (ရပ်ခြင်း၊ သွားခြင်း မပြုဘဲ) ထိုင်လျက်သာလျှင် ထိုင်ရာနေရာ၏ ရှေ့ဘက်သို့ (= ရှေ့ဘက် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်းဘက်သို့) ရှေးရှူသည် ဖြစ်၍ ရွေ့ရှားသော ပုဂ္ဂိုလ်သည် (အဘိက္ကမတိ) ရှေ့သို့တိုး သည် မည်၏။ နောက်ကိုယ်အင်္ဂါ အရပ်ဘက်သို့ တစ်ဖန်ပြန်၍ ရွေ့ရှားသောပုဂ္ဂိုလ်သည် နောက်သို့ဆုတ်သည် မည်၏။ လျောင်းခြင်း၌လည်း ဤနည်းပင်တည်း။ လျောင်းလျက်ပင် ရှေ့ဘက်သို့ တိုးမှု နောက်ဘက်သို့ ဆုတ်မှု တို့ကို ဆိုလိုသည်။ (အဘိ-ဋ္ဌ-၃၃၁-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။)
3.在坐着时,不站起、也不行走,只保持坐姿而朝座位前方〔即身体前部所在的方向〕移动的人,称为“向前进”(abhikkamati);反过来,朝身体后部所在的方向移动的人,称为退返。在躺卧时也依同样的方法理解:是指保持卧姿而向前移动或向后退返。(《殊胜义注》331—332;《中部义注》1-258。)
သမ္ပဇာနကာရီ ဟောတိ
正知而行
ထက်ဝန်းကျင် အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာဖြင့် ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း စသော အလုံးစုံသော ကိစ္စတို့ကို ပြုလုပ်လေ့ရှိ၏။ တစ်နည်းဆိုသော် ထက်ဝန်းကျင် အပြားအားဖြင့် သိတတ်သော = ကွဲကွဲပြားပြား သိတတ်သော ဉာဏ်ပညာကိုသာလျှင် အသုံးပြုလေ့ရှိ၏။
他以能够周遍、分别了知的智慧,进行前进、退返等一切事务。换言之,他所运用的,正是能够周遍了知、清楚分别的智慧。
မှန်ပေသည် ထိုယောဂါဝစရ ရဟန်းသည် ရှေ့သို့တက်ခြင်း စသည့် ထိုထိုကိစ္စတို့၌ သမ္ပဇဥ်ဉာဏ်ကို အမြဲပြု၏၊ တစ်စုံတစ်ခုသော ကိစ္စ၌ သမ္ပဇဥ်ဉာဏ်မှ ကင်းနေသည့် ကိစ္စဟူသည် မရှိပေ။ တစ်ဖန် သမ္ပဇဥ်ဉာဏ်- ကား သတိနှင့် အမြဲတမ်း ယှဥ်လျက်သာလျှင် ရှိ၏။ ထိုကြောင့် ထိုသမ္ပဇညပုဒ်၏ အကျယ်ကို ဖွင့်ပြရာ နိဒ္ဒေသ ပါဠိတော်၌ -- သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ။
确实,这位瑜伽行比丘在前进等每一项事务中,都恒常运用正知;没有任何一项事务是离开正知而进行的。又,正知总是与念相应。因此,在广释“正知”一词的释义巴利中说:“သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ။”
= သတိနှင့် ပြည့်စုံသည် ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ ရှေ့သို့ တက်၏၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ နောက်သို့ ဆုတ်၏။
译:“具足念、具足正知而前进;具足念、具足正知而退返。”
ဤသို့လျှင် ဘုရားရှင်သည် သတိကိုလည်း ထည့်၍ ဟောကြားထားတော်မူပေသည်။ ထင်ရှားစေအံ့ --- ဤရဟန်းသည် ရှေ့သို့သွားသော် (ရှေ့သို့တိုးသော်) လည်းကောင်း၊ နောက်သို့ ဆုတ်သော်လည်းကောင်း ပျောက် ပျက်သော သတိ ရှိသည် = သတိ လက်လွတ်နေသည်ကား မဟုတ်၊ ကောင်းစွာ အပြားအားဖြင့် ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဥ်ဉာဏ် မရှိသည်လည်း မဟုတ်။ အလျော်အားဖြင့် ဆိုရမူ သတိနှင့် ပြည့်စုံသည် ဖြစ်၍ သာလျှင် ကောင်းစွာ အပြားအားဖြင့် ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍သာ လျှင် ရှေ့သို့လည်း တက်၏၊ နောက်သို့လည်း ပြန်ဆုတ်၏။ (အဘိ-ဋ္ဌ-၂-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။) သဗ္ဗေသု အဘိက္ကမာဒီသု စတုဗ္ဗိဓံ သမ္ပဇညံ သြတာရေတိ။ (အဘိ-ဋ္ဌ-၂-၃၃၂။) = ရှေ့သို့တက်ခြင်း စသော ကိစ္စရပ်အားလုံးတို့၌ သမ္ပဇဥ် (၄)မျိုးလုံးကိုပင် သက်ရောက်စေ၏။
由此可见,世尊在开示中也把念包括在内。具体而言,这位比丘在前进或退返时,并非念已消失、失去念,也并非没有能够善加、清楚分别了知的正知。恰恰相反,他唯有具足念,也唯有具足这种能够善加、清楚分别了知的正知,才前进、退返。(《殊胜义注》2-332;《中部“在前进等一切事务中,都使四种正知贯彻其中。”(《殊胜义注》2-332。)
(အဘိ-ဋ္ဌ-၂-၃၃၂။)
(《殊胜义注》2-332。)
ဤ၌ သမ္ပဇာနကာရီအရ ထက်ဝန်းကျင် အပြားအားဖြင့် သိမှု၊ ကောင်းစွာ အပြားအားဖြင့် သိမှု၊ ကွဲကွဲ ပြားပြား သိမှုဟူသည် မည်ကဲ့သို့သော သိမှုမျိုးကို ဆိုလိုပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
这里可以问:依“正知而行”一语,所谓周遍地知、善加地知、清楚分别地知,究竟是怎样一种知?答复如下。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。