三种摄取名法的方法

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 115–124 页 · 92 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 115 页
နာမ်တရားများကို သိမ်းဆည်းပုံ နည်းစနစ် (၃) မျိုး
三种摄取名法的方法
နာမ်တရားများကို သိမ်းဆည်းရာ၌ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ စနစ်ကို ရှေးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ကား သိမ်းဆည်းပုံ နည်းစနစ် (၃)မျိုး ရှိပေသည်။ ဤအကြောင်းကိုလည်း ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။
前文已经说明如何摄取禅那名法。至于摄取以色法为所缘而生起的欲界名法,则有三种摄取方法;这一点前文也已经解释过。
၁။ မူလပဏ္ဏာသအဋ္ဌကထာ (မ-ဋ္ဌ-၁-၂၈ဝ-၂၈၁။) ဝေဒနာနုပဿနာပိုင်း၊ ၂။ သက္ကပဥှသုတ်အဋ္ဌကထာ (ဒီ-ဋ္ဌ-၂-၃၁၄-၃၁၅။) ဝေဒနာနုပဿနာပိုင်း၊ ၃။ သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၂-၂၅၂-၂၅၃။) ဝေဒနာနုပဿနာပိုင်း၊ ၄။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၂၂၆-၂၂၇။) ဒိဋ္ဌိဝိသုဒ္ဓိပိုင်းတို့၌ --- နာမ်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်ရာဝယ် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ --- ၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း၊ ၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း၊ ၃။ ဝိညာဏ်ကစ၍ သိမ်းဆည်းသောနည်း - ဟု သိမ်းဆည်းပုံ နည်းစနစ် (၃)မျိုး လာရှိပေသည်။
下列各处都开示了修习名业处时摄取名法的三种方法:1.《中部·根本五十篇义注》(《中部义注》1-280—281)的受随观部分;2.《帝释所问经义注》(《长部义注》2-314—315)的受随观部分;3.《迷惑冰消》〔《分别论》义注〕(《阿毗达磨义注》2-252—253)的受随观部分;4.《清净道论》(2-226—227)的见清净部分。三种方法是:一、从触开始摄取;二、从受开始摄取;三、从识开始摄取。
ထိုနည်း (၃)နည်းတို့တွင် --- ၁။ အသိဉာဏ်၌ ဖဿ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖဿက စ၍ နာမ်တရားတို့ကို သိမ်းဆည်း ခဲ့သော် ဖဿ တစ်လုံးတည်းကိုသာ မသိမ်းဆည်းဘဲ ဖဿနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿပဉ္စမကတရား (၅)ပါး ဦးဆောင်သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။
在这三种方法中:1.若触在瑜伽行者的智中清楚显现,他从触开始摄取名法时,不应只摄取单独一个触,还必须继续摄取与触在同一心刹那俱生、以触等五法——触、受、想、思、识——为首的整组名法。
၂။ အသိဉာဏ်၌ ဝေဒနာ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်း ခဲ့သော် ဝေဒနာတစ်လုံးတည်းကိုသာ မသိမ်းဆည်းဘဲ ဝေဒနာနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿပဉ္စမက တရား (၅)ပါး ဦးဆောင် သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။
2.若受在瑜伽行者的智中清楚显现,他从受开始摄取名法时,不应只摄取单独一个受,还必须继续摄取与受在同一心刹那俱生、以触等五法——触、受、想、思、识——为首的整组名法。
၃။ အသိဉာဏ်၌ ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဝိညာဏ်က စ၍ နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် ဝိညာဏ်တစ်ခုတည်းကိုသာ မသိမ်းဆည်းဘဲ ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသောဖဿပဉ္စမက တရား (၅)ပါး ဦးဆောင်သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။
3.若识在瑜伽行者的智中清楚显现,他从识开始摄取名法时,同样不应只摄取单独一个识,还必须继续摄取与识在同一心刹那俱生、以触等五法——触、受、想、思、识——为首的整组名法。
သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ၊ (သံ-၂-၂၅၈။ ခု-၉-၆။) သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ-၂-၂၅ဝ။) --- ဤအထက်ပါသုတ္တန်တို့၌ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း အလုံးစုံသော ရုပ်နာမ်ကို ပရိညာ
“诸比丘,一切皆应证知。”(《相应部》2-258;《小部》9-6。)“诸比丘,证知一切之后……”(《相应部》2-250。)依世尊在上述诸经中的教说,必须对一切色名运用
原书第 116 页
ပညာ (၃)မျိုးဖြင့် ပိုင်းခြားသိပါမှ သံသရာဝဋ်ဆင်းရဲ ဘေးဒုက္ခဆိုးကြီး ကုန်ခန်းနိုင်မည်၊ ဒုက္ခကုန်ရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မည် ဖြစ်ရကား အဋ္ဌကထာများ၌ ဖဿပဉ္စမကတရားဟု ဖွင့်ဆိုထားခြင်းမှာ ပဓာနနည်း အားဖြင့်သာ ဖွင့်ဆိုထားခြင်း ဖြစ်သဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော အတူယှဥ်တွဲ ဖြစ်ကြသည့် ယှဥ်ဖက် သမ္ပယုတ်တရား အားလုံးကိုပင် သိမ်းဆည်းရမည် ဖြစ်ကြောင်းကိုလည်း (မ-ဋီ-၁-၃၇ဝ။)၌ ရှင်းလင်းတင်ပြထားပေသည်။
三种遍知之智分别了知,才能灭尽轮回中的苦难与巨大厄患,现证苦尽的涅槃。因此,义注所说“触等五法”,只是依主要项目而说;《中部复注》1-370 又明确解释:摄取、观修名法时,必须摄取同一心刹那内俱生的一切相应法。
သို့အတွက် ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက် ညွှန်ကြားထားတော်မူချက်အရ ဖဿက စ၍ ဖြစ်စေ၊ ဝေဒနာကစ၍ ဖြစ်စေ၊ အသိစိတ် (= ဝိညာဏ်)က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ ဖဿ တစ်လုံးတည်း၊ ဝေဒနာ တစ်လုံးတည်း၊ အသိစိတ် ဝိညာဏ် တစ်လုံး တည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဥ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရား အားလုံးကိုပင် သိမ်းဆည်းရမည် သိမ်းဆည်းရသည်ဟု မှတ်သားပါလေ။
因此,应当牢记上述义注与复注的规定和指示:无论从触、受,还是从认知之心〔即识〕开始摄取名法,都不是在每一心刹那中只摄取单独一个触、受或识,而是必须摄取所有相应的心与心所。
အနုပဿနာ (၄) ပါး
四种随观
၁။ ရုပ်တရားကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လျှင် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။
1.以色法为先导,摄取色、名、因、果——也就是诸行法——再把三相安立于这些行法而修习毗婆舍那业处,便称为正在修习身随观念处。
၂။ ဝေဒနာကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရား တို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လျှင် ဝေဒနာ- နုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။
2.以受为先导,摄取色、名、因、果——也就是诸行法——再把三相安立于这些行法而修习毗婆舍那业处,便称为正在修习受随观念处。
၃။ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအား ထုတ်လျှင် စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။
3.以认知之心〔即识〕为先导,摄取色、名、因、果——也就是诸行法——再把三相安立于这些行法而修习毗婆舍那业处,便称为正在修习心随观念处。
၄။ ဖဿကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်လျှင် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။
4.以触为先导,摄取色、名、因、果——也就是诸行法——再把三相安立于这些行法而修习毗婆舍那业处,便称为正在修习法随观念处。
တစ်ဖန် --- ယင်းသင်္ခါရတရားတို့ကိုပင် --- က။ နီဝရဏ (၅)ပါး နည်းဖြင့်လည်းကောင်း၊ ခ။ ခန္ဓာ (၅)ပါးနည်းဖြင့် (၅)ပုံ ပုံ၍လည်းကောင်း၊ ဂ။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍လည်းကောင်း၊ ဃ။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍လည်းကောင်း၊ င။ ဗောဇ္ဈင် (၇)ပါးနည်းဖြင့်လည်းကောင်း၊ စ။ သစ္စာဒေသနာနည်းဖြင့် ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံ နှစ်ပုံ ပုံ၍လည်းကောင်း --- ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်လျှင်လည်း ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကိုပင် ပွားများ အားထုတ် နေသည် မည်ပေသည်။
再者,若把同一组行法依下列任何一种方法分类而修习毗婆舍那业处,也称为正在修习法随观念处:(a)依五盖之法;(b)依五蕴分为五组;(c)依十二处分为十二组;(d)依十八界分为十八组;(e)依七觉支之法;(f)依谛教法分为两组,即苦谛一组、集谛一组。
အထက်တွင် ဖော်ပြထားသော နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း (၃)နည်းတို့တွင် ဝေဒနာက စ၍ နာမ်တရား
在上述三种名业处摄取法中,从受开始摄取名法的
原书第 117 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း တို့ကို သိမ်းဆည်းသော နည်းမှာ ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။ အသိစိတ် ဝိညာဏ်ကစ၍ သိမ်းဆည်း သော နည်းမှာ စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။ ဖဿက စ၍ သိမ်းဆည်းသော နည်းမှာ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။ ဤကျမ်းတွင်ကား အသိစိတ် = ဝိညာဏ်ကစ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဖော်ပြ ထားပါသည်။ ဖဿက စ၍ သိမ်းဆည်းသောနည်း၊ ဝေဒနာက စ၍ သိမ်းဆည်းသော နည်းတို့မှာ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းပုံကို သဘောပေါက်လျှင် မခက်ခဲတော့ပြီ ဖြစ်သည်။ အသင်ယောဂီသူတော်ကောင်း သည် ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ အသိစိတ် ဝိညာဏ်တစ်လုံးကိုသာ ဦးစားပေး၍ သိမ်း ဆည်းပါ။ အသိစိတ် တစ်လုံးတည်းကိုပင် 〔မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် - ပုံစံဖြင့်〕 ဝီထိ တစ်ခုနှင့် တစ်ခု အကြား၌ ဘဝင်များခြားလျက် မနောဒွါရိကဇောဝီထိပေါင်းများစွာ ဖြစ်မှုကို မြင်အောင် ရှုပါ၊
方法属于受随观念处;从认知之心〔即识〕开始摄取的方法属于心随观念处;从触开始摄取的方法属于法随观念处。本书说明的是如何从认知之心〔即识〕开始摄取名法;一旦理解这种方法,从触或受开始摄取也就不再困难。贤善瑜伽行者如此摄取名法时,应先以单独一个认知之心〔识〕为重点而摄取。应观见这个单一识依〔意门转向、七次速行、两次彼所缘〕的模式,在一道心路与下一道心路之间由诸有分隔开,生起为许许多多意门速行心路——
ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အသိစိတ်တစ်လုံးကို ပို၍ ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းပြီးပါက အသိစိတ် ဖဿ နှစ်လုံးတို့ကို စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ ပြိုင်တူယှဥ်တွဲ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။ ထိုနောင် တစ်စတစ်စ တိုး၍ မနောဒွါရာဝဇ္ဇန်း၌ (၁၂)လုံး၊ ဇော အသီးအသီး၌ (၃၄)လုံးစီ၊ တဒါရုံ အသီးအသီး၌ (၃၄)လုံးစီသော နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
并以智分别、摄取。能够较为纯熟地摄取一个认知之心以后,再以智观见并摄取认知之心与触这二法在每一心刹那同时相应生起。此后逐步增加,继续摄取并以智分别:意门转向中的十二种名法、每一次速行中的三十四种名法,以及每一次彼所缘中的三十四种名法。
မိမိ၏ ဉာဏ်စွမ်းအင်နှင့် ချိန်၍ တစ်စတစ်စ တိုး၍ သိမ်းဆည်းသွားရန် ဖြစ်သည်။
应当衡量自己的智力,逐步增加所摄取的名法。
ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အရေးအကြီးဆုံးသော လိုက်နာရမည့် စည်းကမ်းတစ်ရပ် ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သတ်မှတ်ထားပေသည်။ ယင်းသတ်မှတ်ချက်ကို စာမျက်နှာ (၈) စသည်၌ ဖော်ပြခဲ့၏။
《清净道论》规定了摄取欲界名法时最重要、必须遵循的一项原则;本书第八页等处已经说明过这项规定。
ယင်းစည်းကမ်းချက်မှာ --- နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို ကောင်းမွန် စင်ကြယ်စွာ သိမ်းဆည်းတတ်သည့် ရူပပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီး ဖြစ်ရမည်ဟူသော အချက်ပင် ဖြစ်သည်။
这项原则就是:想要摄取名法的瑜伽行者,必须已经获得能够善加、清净地摄取色法的色把握智。
အကယ်၍ နာမ်တရားများ မထင်ရှားခဲ့သော်
名法若不明显
သစေ ပနဿ တေန တေန မုခေန ရူပံ ပရိဂ္ဂဟေတွာ အရူပံ ပရိဂ္ဂဏှတော သုခုမတ္တာ အရူပံ န ဥပဋ္ဌာတိ၊ တေန ဓုရနိက္ခေပံ အကတွာ ရူပမေဝ ပုနပ္ပုနံ သမ္မသိတဗ္ဗံ မနသိကာတဗ္ဗံ ပရိဂ္ဂဟေတဗ္ဗံ ဝဝတ္ထပေတဗ္ဗံ။
“若他依种种门径把握色法,继而把握名法时,由于名法微细,名法未能现起,他不应放下重担,而应反复思惟、作意、把握并辨定色法本身。”
ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋံ သုပရိသုဒ္ဓံ၊ တထာ တထာ တဒါရမ္မဏာ အရူပဓမ္မာ သယမေဝ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ-၂-၂၂၅။) ရုပ်ကမ္မဋ္ဌာန်း၌ အသိဉာဏ် သန့်ရှင်း၍ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးသော ယောဂါ- ဝစရ ပုဂ္ဂိုလ်သူမြတ်သည် ---- ဖဿက စ၍ သိမ်းဆည်းသောနည်း၊ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း၊ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်းဟူသော နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း (၃)နည်းတို့တွင် တစ်နည်းနည်းဖြင့် ဖြစ်စေ၊ ရုပ်နာမ် (၂)ပါးနည်း၊ ခန္ဓာ (၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်း စသော ရုပ်နာမ်တို့ကို သိမ်းဆည်းသည့် နည်းအမျိုးမျိုးတို့တွင် တစ်နည်းနည်းဖြင့် ဖြစ်စေ ---- ရုပ်တရားကို သိမ်းဆည်းပြီး၍ နာမ်တရားကို သိမ်းဆည်းလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား နာမ်တရားတို့၏ အလွန် သိမ်မွေ့သည်၏ အဖြစ်ကြောင့် နာမ်တရားသည် အသိဉာဏ်၌ အကယ်၍ မထင်လာ မမြင်လာသည် ဖြစ်အံ့။
“色法越经善加洗炼、越无纠结、越彻底清净,以该色法为所缘的非色法也就越能自然显明。”(《清净道论》2-225。)智在色业处中已经清净、并已善加清净摄取色法的贤善瑜伽行者,无论依三种摄取名业处的方法之一——从触、从受,或从认知之心〔识〕开始——还是依摄取色名的种种方法之一——色名二分法、五蕴法、十二处法、十八界法等——在摄取色法以后继续摄取名法时,若因名法极其微细而未能在智中显现、未被照见——
ထိုယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ကမ္မဋ္ဌာန်းကို ကြိုးပမ်းခြင်း ကမ္မဋ္ဌာန်း ဝန်ထုပ်ဝန်ပိုးကြီးကို လျော့ချခြင်း ပစ်လွှင့် ခြင်းကို မပြုမူ၍ ရုပ်တရားကိုသာလျှင် နေ့ညမစဲ လုံ့လသည်းလျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လက္ခဏာ စသော အားဖြင့် ကောင်းစွာ စုံစမ်းအပ်၏၊ ရုပ်တရားကိုပင်လျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် စူးစမ်းအပ်၏၊ နှလုံးသွင်းအပ်၏၊ ပိုင်းခြားတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်၏၊ အချင်းချင်း မရော ယှက်သောအားဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သားအပ်၏။
这位瑜伽行者就不应减轻、抛下修习名业处的重担,而应日夜不懈地反复依特相等善加审察色法;应依特相、作用、现起、近因审察、作意色法,以能分别的智慧加以分别,并以智辨定、标明诸色法,使之彼此不相混杂。
原书第 118 页
အကျိုးထူးကား ----- အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ရုပ်တရားကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် စူးစမ်းအပ်သည်ရှိသော်၊ နှလုံးသွင်းအပ်သည်ရှိသော်၊ ပိုင်းခြားယူတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်သည်ရှိသော်၊ အချင်းချင်း မရောယှက်သောအားဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သား အပ်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ အသိဉာဏ်ဝယ် ရုပ်တရားသည် ကောင်းစွာ သုတ်သင်အပ် သည်ဖြစ်၍ စင်ကြယ်သန့်ရှင်းစွာ ထင်လာ၏၊ ရုပ်တရားတို့၏ တစ်ခုနှင့် တစ်ခု မရောယှက်သောအားဖြင့် ရာဇ မတ်ကွက်ကန့် သံကွန်ချာ ဖြန့်သကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စီရရီ အသိဉာဏ်၌ ထင်လာခြင်း မြင်လာခြင်း ကြောင့် အချင်းချင်း ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ အလွန့်အလွန် ထက်ဝန်းကျင်မှ စင်ကြယ် သန့်ရှင်းလျက် ရှိ၏။ ထိုထို သုံးသပ် စူးစမ်း ဆင်ခြင် နှလုံးသွင်းသည့် အစီအရင်အတိုင်းပင်လျှင် ထိုရုပ်တရားလျှင် အာရုံရှိကြ
如此做的殊胜利益是:当他依种种方式,以特相、作用、现起、近因审察、作意色法,以能分别的智慧加以分别,并以智辨定、标明,使诸色法彼此不相混杂时,色法便在这位贤善瑜伽行者的智中经善加净炼,清净明晰地显现。由于每一种色法如展开菱格铁网一般,一格一格、整齐分明地在智中显现,诸色法便不再彼此混杂纠结,而从各个方面极为清净。随着如是审察、探究、思量与作意,取这些色法为所缘而——
ကုန်သော ရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့သည် အလိုလိုပင်လျှင် ပင်ကိုယ် သဘော အတိုင်းပင်လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာကြကုန်၏။ (ဝိသုဒ္ဓိ-၂-၂၂၅။) ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြား သတ်မှတ်ချက်အတိုင်း အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တရားတို့၏ သိမ် မွေ့သည်၏ အဖြစ်ကြောင့် အသိဉာဏ်၌ မထင်လာ မမြင်လာခဲ့သော် ရုပ်တရားတို့ကိုပင်လျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်နည်းအားဖြင့် အသိဉာဏ်၌ သန့်ရှင်းသထက် သန့်ရှင်းအောင် ထပ်မံ၍ ကြိတ်ချေပေးရဦးမည်ဟု မှတ်သားပါလေ။ ရုပ်ကမ္မဋ္ဌာန်းပိုင်ပါမှ နာမ်ကမ္မဋ္ဌာန်းသို့ ကူးသင့်သော မဏိဇောတ ပြည်တန်မြထက် သာလွန်၍ အဖိုးထိုက်တန်သော ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။
生起的名法,便会依其本来自性,自然显现在这位瑜伽行者的智中。(《清净道论》2-225。)依上述义注的规定与指示,贤善瑜伽行者摄取以色法为所缘而生起的名法时,若因名法微细而未能在智中显现、未被照见,就应再次依特相、作用、现起、近因反复锤炼色法,使色法在智中越来越清净。唯有精通色业处才适合转入名业处;这是一条比价值一国的摩尼佐德(Maṇijota)红宝石更为珍贵的古老教诫。
ကြေးမုံ ဥပမာ
镜喻
ထင်ရှားစေအံ့ ---- မစင်ကြယ် မသန့်ရှင်းသော ကြေးမုံအပြင်၌ ပကတိမျက်နှာ၏ ပုံတူအရိပ်ကို ကြည့်ရှု သော၊ မျက်စိအမြင်နှင့် ပြည့်စုံသော ယောကျာ်းအား မျက်နှာရိပ်သည် မထင်လာငြားအံ့၊ ထို ယောကျာ်းသည် ''မျက်နှာရိပ်သည် မထင်လာပါတကား''ဟု ကြေးမုံကို မစွန့်ပစ်လိုက်လေရာ။ စင်စစ်သော်ကား ထိုကြေးမုံကို အဖန် တလဲလဲ ပွတ်သပ်အပ်၏။ ထိုယောကျာ်းအား စင်ကြယ်သန့်ရှင်းသော ကြေးမုံအပြင်၌ မျက်နှာရိပ်သည် အလိုလိုပင်လျှင် ထင်ရှားလာတတ်ပေ၏။
为了说明这一点:一个视力正常的人想在不清净的镜面上看见自己的面影;若面影没有显现,他不会因为“面影没有显现”便丢弃镜子。事实上,他应反复擦拭镜面;镜面清净以后,面影自然会清楚显现。
ဆီကြိတ်သည့် ဥပမာ
榨油喻
ဆီကို အလိုရှိသော ယောကျာ်းသည် နှမ်းမှုန့်ကို ဆီဆုံ၌ (= ဆီပွတ်ဆုံ၌) ထည့်လောင်း၍ ရေနွေးဖြင့် ပက်ဖျန်း၍ တစ်ကြိမ် နှစ်ကြိမ် ညှစ်ကာမျှဖြင့် ဆီသည် မထွက်လာလတ်သော် နှမ်းမှုန့်ကို မစွန့်ပစ်လိုက်လေရာ။
想要油的人把芝麻粉倒入油榨〔即榨油臼〕,洒上热水;若只压榨一两次还没有出油,他不应丢弃芝麻粉。
စင်စစ်သော်ကား ထိုနှမ်းမှုန့်ကို အဖန်တလဲလဲ ရေနွေးဖြင့် ပက်ဖျန်း၍ နယ်၍ နယ်၍ ညှစ်ယူရ၏။ ဤသို့ ပြုလုပ်နေသော ထိုဆီပွတ်သည့် ယောကျာ်းအတွက် အထူးသဖြင့် ကြည်လင်သော နှမ်းဆီသည် ထွက်ပေါ် လာတတ်၏။
事实上,他应反复给芝麻粉洒上热水,不断揉捏、压榨。如此操作,特别清澈的芝麻油便会流出来。
ခပေါင်းရေကြည်စေ့ ဥပမာ
迦答迦净水子譬喻(kataka)
နောက်ဥပမာ တစ်မျိုးကား ----- ရေကို ကြည်လင်စေလိုသော ယောကျာ်းသည် ခပေါင်းရေကြည်စေ့ကို ကိုင်၍ ရေအိုးအတွင်း၌ လက်ကိုချ၍ တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ခပေါင်းရေကြည်စေ့ဖြင့် အိုးကို ပွတ်တိုက် ခါမျှဖြင့် ရေသည် မကြည်လာလတ်သည်ရှိသော် ခပေါင်းရေကြည်စေ့ကို မစွန့်ပစ်သေးဘဲ စင်စစ်အားဖြင့် ထို ခပေါင်းရေကြည်စေ့ကို အဖန် တလဲလဲ သွေးပွတ်အပ်၏။ ဤသို့ ထိုယောကျာ်းသည် ပြုလတ်သော် ပါးလျသော
再举一个譬喻:想使水澄清的人手持迦答迦净水子,把手伸入水罐中;若只用净水子擦罐一两次,水还没有澄清,他不应丢弃迦答迦净水子,而应反复研磨、擦拭。如此做时,稀薄而流动的——
原书第 119 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သွက်သွက်သော ညွှန်သည် နစ်သွား၏၊ အနည်ထိုင်သွား၏၊ ရေသည် ကြည်လာ၏၊ အထူးသဖြင့် သန့်ရှင်း ကြည်လင်လာ၏။
泥浆便会下沉,沉淀落底,水逐渐澄清,尤其清净透亮。
ဤ ဥပမာများ အတူပင်လျှင် နာမ်ကမ္မဋ္ဌာန်းကို အားသစ်လျက် ရှိသော ထို ယောဂါဝစရ ရဟန်းတော်သည် နာမ်တရား၏ သိမ်မွေ့သည့် အတွက်ကြောင့် အသိဉာဏ်၌ မထင်လာ မမြင်လာခဲ့သော် နာမ်တရားကို သိမ်း ဆည်းသည့် တာဝန် ဝန်ထုပ်ဝန်ပိုးကို လျော့ညံ့လုံ့လ ဝန်ချခြင်းကို မပြုမူ၍ ရုပ်တရားကိုသာလျှင် အဖန်ဖန် အထပ်ထပ် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် စူးစမ်းအပ်၏၊ နှလုံးသွင်းအပ်၏၊ ပိုင်းခြားတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်၏။ ရုပ်တရားတို့၏ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ရုပ်တရားတစ်ခုနှင့် တစ်ခု အချင်းချင်း မရောယှက်အောင် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သားအပ်၏။
正如这些譬喻,初修名业处的瑜伽行者比丘,若因名法微细而未能在智中显现、未被照见,就不应因懈怠而卸下摄取名法的重担,而应反复依特相、作用、现起、近因审察、作意色法,以能分别的智慧加以分别,并以智辨定、标明每一色聚内的各种色法,使它们彼此不相混杂。
ထိုသို့ ကြိုးပမ်းခဲ့သော် ထိုယောဂါဝစရ ရဟန်းတော်၏ အသိဉာဏ်ဝယ် ရုပ်တရားသည် ကောင်းစွာ သုတ် သင်အပ်သည်ဖြစ်၍ စင်ကြယ်သန့်ရှင်းစွာ ထင်လာ၏၊ ရုပ်တရားတို့၏ တစ်ခုနှင့် တစ်ခု မရောယှက်သောအားဖြင့် ရာဇမတ်ကွက်ကန့် သံကွန်ချာ ဖြန့်သကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စီရရီ အသိဉာဏ်၌ ထင်လာခြင်းကြောင့် အချင်းချင်း ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ အလွန့် အလွန် ထက်ဝန်းကျင်မှ စင်ကြယ်သန့်ရှင်းလျက် ရှိ၏။
如此努力,色法便会在这位瑜伽行者比丘的智中受到善好净炼,清净明晰地显现。由于每一种色法如展开菱格铁网一般,一格一格、整齐分明地在智中显现,诸色法便不再彼此混杂纠结,而从各个方面极为清净。
ထိုအခါ နာမ်တရားတို့ကို မသိအောင် ဖုံးလွှမ်းပိတ်ဆို့ထားတတ်ကုန်သော ဉာဏ်၏ ဆန့်ကျင်ဘက် သမ္မောဟ စသော ကိလေသာအညစ်အကြေး အနည်တို့သည် ငြိမ်းသည်ဖြစ်၍ နစ်မြုပ်သွားကြကုန်၏၊ ညွန်၏ အထက်၌ တည်ရှိသော ရေသည် ကြည်လင်နေသကဲ့သို့ စိတ်သည် ကြည်လင်သန့်ရှင်းလာ၏၊ ထိုရုပ်တရားလျှင် အာရုံ ရှိကြကုန်သော ထိုရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့သည် အလိုလိုပင်လျှင် ပင်ကိုယ်သဘောအတိုင်း ထင်ရှားလာကြကုန်၏။ (ဝိသုဒ္ဓိ-၂-၂၂၅-၂၂၆။) ဤကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် နာမ်တရားတို့သည် မထင် လာခဲ့ပါမူ ရုပ်တရားကိုပင် အသိဉာဏ် သန့်ရှင်းအောင် ပြန်လည် ရှုပွားသုံးသပ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက် တစ်ရပ်ပင် ဖြစ်သည်။
这时,与智相违、能遮蔽名法使人无法了知的痴等烦恼污垢沉淀,便会止息、下沉;心变得清净明澈,如同泥浆上方的清水。以这些色法为所缘、缘取这些色法而生起的名法,也就依其本来自性自然显明。(《清净道论》2-225—226。)这正是《清净道论》给予初修名业处者的一项指示:若名法未能在智中显现,应回过头来再次观修、审察色法,使智清净。
ယခုတစ်ဖန် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဥ် နာမ်တရားတို့ကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံကို ထပ်မံ၍ အကျဥ်းချုပ်ကာ ဖော်ပြ အပ်ပါသည်။
现在再次简要说明:如何摄取以眼净色为所缘而生起的大善意门速行心路相续中的名法,以及如何以智分别这些名法。
လုပ်ငန်းခွင် အဆင့်ဆင့်
实修步骤
၁။ အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သို့တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိ ထူထောင်ပါ။
1.重新建立入出息念定,直至第四禅。
ထိုစျာန်မှ ထ၍ ---- ၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
从该禅出定以后:2.再次摄取存在于六门、42身分中的一切色法。
၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် ---- ၄။ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ။
3.摄取有分意净界,并以智分别。此后:4.将注意力转向眼净色,取它为所缘而摄取。
ထို စက္ခုအကြည်ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ၊ သို့မဟုတ် စက္ခုအကြည် ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ ထိုစက္ခုအကြည်ဓာတ်အာရုံကို သိနေ သော (= အာရုံပြုနေသော) မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုမနောဒွါရိက ဇောဝီထိစိတ်အစဥ်များတွင် ပါဝင်တည်ရှိနေသော မနောဒွါရာဝဇ္ဇန်းက ----
当眼净色显现在有分意净界中,或者眼净色撞击有分意净界时,许多了知〔即缘取〕眼净色的意门速行心路相续便会生起。在这些意门速行心路相续中,意门转向心——
原书第 120 页
၁။ စက္ခုအကြည်ဓာတ်ဟု ဆင်ခြင် ဆုံးဖြတ်သောအခါ ---- စက္ခုအကြည်ဓာတ်ဟု သိနေသော ရှုနေသော ဝီထိစိတ်အစဥ်များ ဘဝင်ခြားလျက် ဆက်ကာဆက်ကာ ဖြစ်ပေါ်နေမည် ဖြစ်သည်။ အလားတူပင် ---- ၂။ ထိုစက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ဆင်ခြင် ဆုံးဖြတ်သောအခါ ရုပ်တရားဟု သိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ၊ ၃။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ပြီး ပျက်သွားခြင်းသဘောကို အာရုံယူ၍ အနိစ္စဟု ဆင်ခြင် ဆုံးဖြတ်သောအခါ ရှုသောအခါ အနိစ္စဟု သိနေသော ရှုနေသော မနောဒွါရိက ဇောဝီထိစိတ်အစဥ်များ၊ ၄။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရသည့်သဘောကို အာရုံယူ၍ ဒုက္ခဟု ဆင်ခြင်ဆုံးဖြတ်သောအခါ ရှုသောအခါ ဒုက္ခဟု သိနေသော ရှုနေသော မနောဒွါရိက ဇောဝီထိ စိတ်အစဥ်များ၊ ၅။ ထိုစက္ခုအကြည်ဓာတ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့်
1.审察、判定为“眼净色”时,一道道了知、观照“眼净色”的心路相续,便会由有分隔开而接连生起。同样:2.把该眼净色审察、判定为色法时,会生起一道道了知、观照“色法”的意门速行心路相续;3.取眼净色生起后即坏灭的自性为所缘,审察、判定并观照为无常时,会生起一道道了知、观照“无常”的意门速行心路相续;4.取眼净色因不断遭受生灭逼迫的自性为所缘,审察、判定并观照为苦时,会生起一道道了知、观照“苦”的意门速行心路相续;5.取眼净色并非一个不坏、凝实、坚固而有实质恒常存在的
အတ္တမဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု ဆင်ခြင် ဆုံးဖြတ်သောအခါ အနတ္တဟု သိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ၊ ၆။ ထိုစက္ခုအကြည်ဓာတ်၏ မကောင်းသော အနံ့အသက် စသည်တို့နှင့် ရောနှောနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု ဆင်ခြင်ဆုံးဖြတ်သောအခါ အသုဘဟုသိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ အသီးအသီး ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
“我”这一自性为所缘,审察、判定为无我时,会生起一道道了知、观照“无我”的意门速行心路相续;6.取眼净色与恶臭等相混而令人厌恶的可厌不净自性为所缘,审察、判定为不净时,会生起一道道了知、观照“不净”的意门速行心路相续。它们分别如此生起。
ဤအထက်ပါ ---- ၁။ စက္ခုအကြည်ဓာတ်ဟု ၂။ ရုပ်တရားဟု ၃။ အနိစ္စဟု ၄။ ဒုက္ခဟု ၅။ အနတ္တဟု ၆။ အသုဘဟု ---- အသီးအသီးသော ဆင်ခြင်ဆုံးဖြတ်မှုမှာ ယောနိသောမနသိကာရပင် ဖြစ်၏။ နည်းမှန်လမ်းမှန် နှလုံး သွင်းမှုတည်း။ ယင်း ယောနိသောမနသိကာရ၏ တရားကိုယ်မှာ ဤအရာ၌ မနောဒွါရိကဇောဝီထိတို့၏ အခြေခံ အကြောင်းရင်းဖြစ်သော ဇဝနပဋိပါဒကမနသိကာရ အမည်ရသော မနောဒွါရာဝဇ္ဇန်း နာမ်တရားစု (= စိတ် + စေတသိက် = ၁၂)မျိုးတို့ပင် ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်း၏ ဆင်ခြင် ဆုံးဖြတ်မှုမှာ ယောနိသောမနသိကာရ ဖြစ်နေသဖြင့် နှလုံးသွင်းမှန်နေရကား ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့အတွက် ကုသိုလ်ဇောများသာ စောနေမည် ဖြစ်ပေသည်။
上述分别审察、判定为:1.眼净色;2.色法;3.无常;4.苦;5.无我;6.不净,都属于如理作意,也就是以正确方法作意。在这里,这一如理作意的法体,是称为速行引导作意、作为诸意门速行心路根本原因的意门转向名法组〔一心与十一心所,合计十二种名法〕。因为意门转向的审察、判定属于如理作意,作意正确,所以在凡夫和有学者的相续中,只会生起善速行。
ယောနိသော ဘိက္ခဝေ မနသိ ကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တိ။ (အံ-၁-၁၂။) ယောနိသော ဘိက္ခဝေ မနသိ ကရောတော အနုပ္ပန္နာ စေဝ ဗောဇ္ဈင်္ဂါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ။ (အံ-၁-၁၃။)
“诸比丘,对如理作意者,未生的善法会生起,已生的不善法会衰退。”“诸比丘,对如理作意者,未生的觉支会生起,已生的觉支则因修习而趋于圆满。”(《增支部》1-13。)
原书第 121 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း = ရဟန်းတို့ …နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ ရှိသသူအား မဖြစ်ပေါ် လာသေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည် လည်း ဆုတ်ယုတ်ပျက်စီးကုန်၏။ (အံ-၁-၁၂။) = ရဟန်းတို့ …နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ ရှိသသူအား မဖြစ်ပေါ် လာသေးသော ဗောဇ္ဈင်တရားတို့သည်လည်း ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ရှိကြကုန်၏။ (အံ-၁-၁၃။) ဤအထက်ပါ ပါဠိတော်နှင့် အညီ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇောများ စောမည် ဖြစ်၏။
=诸比丘,对于能以正确方法作意、具如理作意者,未生的善法会生起,已生的不善法会衰退、坏灭。(《增支部》1-12。)=诸比丘,对于能以正确方法作意、具如理作意者,未生的觉支会生起,已生的觉支会达到修习圆满。(《增支部》1-13。)依上述巴利圣典所说,若有如理作意,善速行就会生起。
ယောနိသောမနသိကာရ မရှိဘဲ အယောနိသောမနသိကာရ ဖြစ်နေလျှင်လည်း ကုသိုလ်ဇောများ မစောနိုင်တော့ဘဲ အကုသိုလ်ဇောများသာ စောနေမည်ဖြစ်၏။ သို့ဖြစ်ရကား ကုသိုလ်ဇောများ စောရေးအတွက် ယောနိသော မနသိကာရမှာ အနီးစပ်ဆုံးသော အကြောင်းတရားတစ်ရပ် ဖြစ်နေ၏။ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ကုသိုလ်ဇောဝီထိ စိတ်အစဥ်များကို သိမ်းဆည်းရှုပွားလိုပါက ဉာဏ်ဖြင့် ပိုင်းခြားယူလိုပါက ယောနိသော မနသိ- ကာရကိုကား ဖြစ်ပေါ်လာအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းလိုက်ပါက မဖြစ်ပေါ်လာ သေးသော ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တရားတို့လည်း ထင်ရှားဖြစ်ပေါ်လာကြမည် ဖြစ်၏၊ ဖြစ်ပေါ်ပြီးသော ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တရားတို့လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ (= အရဟတ္တမဂ်တိုင်သော ဘာဝနာ၏ ပြည့်စုံခြင်းသို့) ရောက်ရှိသွားကြမည် ဖြစ်ပေသည်။
若没有如理作意而是不如理作意,善速行便不能生起,只会有不善速行生起。因此,如理作意是善速行生起的最切近之因。贤善瑜伽行者若想摄取、观修善速行心路的心相续,并以智加以分别,就必须努力令如理作意生起。这样努力以后,未生的根、力、觉支和道支会明显生起;已生的根、力、觉支和道支则会达到修习圆满——也就是达到以阿罗汉道为极点的修习圆满。
အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ စိတ်အစဥ်ကို အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသည့် အမြင့်မား ဆုံးသော အဆင့်သို့ ရောက်ရှိသည့်တိုင်အောင် မြှင့်တင်ပေးနေသော ဘေးအကင်းဆုံး စိတ်ဓာတ် မြှင့်တင်ရေး လုပ်ငန်းရပ်ကြီးပင် ဖြစ်ပေသည်။
这正是最安全的心智培育大业,能不断提升贤善瑜伽行者的心相续,直至达到阿罗汉道、阿罗汉果这一最高层次。
ယင်း (၆)မျိုးကုန်သော ယောနိသောမနသိကာရတို့တွင် အသင်ယောဂီသူတော်ကောင်းသည် နံပါတ် (၁) ဖြစ်သည့် စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များကို ရှေးဦးစွာ စတင်၍ သိမ်း ဆည်းကြည့်ပါ။ အသိစိတ် ဝိညာဏ်က စ၍ဖြစ်စေ၊ ဖဿက စ၍ဖြစ်စေ၊ ဝေဒနာက စ၍ဖြစ်စေ သိမ်းဆည်း နိုင်ပါသည်။
在这六种如理作意中,贤善瑜伽行者应先从第一种开始,尝试摄取那些了知“眼净色”的意门速行心路相续。可以从认知之心〔识〕开始,也可以从触或受开始摄取。
အကယ်၍ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းခဲ့သော် အသိစိတ်တို့မှာ ---- ၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ၂။ ဇော (၇)ကြိမ်၊ ၃။ တဒါရုံ (၂)ကြိမ် ---- ဟူသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ယေဘုယျအားဖြင့် ဖြစ်ပေါ်နေပုံကို ရှေးဦးစွာ ဉာဏ်ဖြင့် မြင်အောင် ပိုင်းခြားယူနိုင်အောင် လေ့ကျင့်ပါ။ ဤ၌ ယေဘုယျဟု ပြောဆိုခြင်းမှာ ရံခါ ယခု အသင်ယောဂီ သူတော်ကောင်းသည် ရှုနေဆဲ အာရုံဖြစ်သော စက္ခုအကြည်ဓာတ်ကဲ့သို့သော အာရုံက အသင်ယောဂီ၏ စိတ် အစဥ်ဝယ် မထင်မရှား ဝိုးတိုးဝါးတား ဖြစ်နေခဲ့သော် တဒါရုံ မကျနိုင်တော့ဘဲ ဇောတွင်ပင် ဝီထိစိတ်အစဥ်များ ရပ်စဲသွားနိုင်သောကြောင့် ဖြစ်၏။ ဘဝင်မနောအကြည်ဓာတ်၌ စက္ခုအကြည်ဓာတ်သည် ထင်နေသောအခါ ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ယင်း စက္ခုအကြည်ဓာတ်ကို သိနေသည့် မနော ဒွါရိကဇောဝီထိ စိတ်အစဥ်များသည် ဝီထိတစ်ခုနှင့် ဝီထိတစ်ခု၏ အကြားတွင် ဘဝင်များခြားလျက် အကြိမ်
若从认知之心〔识〕开始摄取,应先训练自己以智观见并分别:这些识通常依心定律的次序生起,即一、一次意门转向;二、七次速行;三、两次彼所缘。这里说“通常”,是因为有时贤善瑜伽行者正在观照的眼净色等所缘,在其心相续中若显得不清楚、模糊不明,彼所缘就可能不生起,心路相续只到速行便终止。当眼净色显现于有分意净界时,以有分意净界为门、依心所依处色而生、了知该眼净色的意门速行心路,会在一道心路与下一道心路之间由诸有分隔开,并且多次
များစွာ ဆက်တိုက်ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင် လေ့ကျင့်ပါ။
连续生起。应当训练自己以智观见这种情形,并亲自现前洞彻知见。
原书第 122 页
ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် လေ့ကျင့်နေသော လုပ်ငန်းခွင် ဖြစ်သဖြင့် အောင်မြင်မှုကား အနှေးနှင့် အမြန် ရရှိမည်သာ ဖြစ်ပါသည်။ အောင်မြင်မှုရခဲ့သော် စေတသိက်များကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုး၍ ---- ၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ၂။ ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ၊ ၃။ တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ ---- ပြည့်သည်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း နာမ်တရား အသီးအသီးတို့၏ စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်နေမှုကို မြင်အောင် လေ့ကျင့်ပါ။ ကြွင်းကျန်သော ယောနိသောမနသိကာရတို့၌ လည်း နည်းတူပင် ရှုပါ။ ထိုသို့ ရှုရာ၌ စျာန်ဇောများကဲ့သို့ အကြိမ်များစွာ မဖြစ်ဘဲ ဇော (၇)ကြိမ်သာ ယေဘုယျ အားဖြင့် စောနေသည်ကို သဘောပေါက်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုသို့ ရှုရာ၌ ဇောနှင့် တဒါရုံ တို့တွင် ----
这是把依处与所缘结合起来摄取的训练工作,因此迟早必能成功。成功以后,应把所摄取的心所逐个、逐步增加,直至以智观见:一、意门转向中有十二种名法;二、每一次速行中各有三十四种名法;三、每一次彼所缘中各有三十四种名法。应训练自己观见各组名法在每一心刹那中同时生起。其余几种如理作意也应同样观照。如此观照时,应反复训练,直到明白:欲界速行不像禅那速行那样生起多次,通常只生起七次。这样观照时,在速行与彼所缘中有以下四种情形:
၁။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး ပါဝင်သည်လည်း ရှိ၏၊ သောမနဿဝေဒနာနှင့် ယှဥ်၍ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်၏။
1.有时智与喜都相应,即悦俱·智相应大善心。
၂။ ရံခါ ဉာဏ်ယှဥ်၍ ပီတိ မယှဥ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၍ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်၏။
2.有时智相应而喜不相应,即舍俱·智相应大善心。
၃။ ရံခါ ဉာဏ်မယှဥ်ဘဲ ပီတိသာ ယှဥ်သည်လည်း ရှိ၏၊ သောမနဿဝေဒနာနှင့် ယှဥ်၍ ဉာဏဝိပ္ပယုတ် ကုသိုလ် ဖြစ်၏။
3.有时智不相应而只有喜相应,即悦俱·智不相应大善心。
၄။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး မယှဥ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဥ်၍ ဉာဏဝိပ္ပယုတ်ကုသိုလ် ဖြစ်၏။
4.有时智与喜都不相应,即舍俱·智不相应大善心。
ပေါင်းသော် (၄)ချက် ဖြစ်သည်။
合计为四种情形。
၁။ စက္ခုအကြည်ဓာတ်ဟု ရှုရာ၌ ဉာဏ်နှင့် ပီတိ၊ ယှဥ်-မယှဥ်သို့လိုက်၍ (၄)ချက်လှည့်လျက် ရှုရမည်ဖြစ်သည်။
1.观为“眼净色”时,应依智与喜相应或不相应的差别,轮流观照上述四种情形。
၂။ အလားတူပင် စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ရှုရာ၊ ၃။ အနိစ္စဟု ရှုရာ၊ ၄။ ဒုက္ခဟု ရှုရာ၊ ၅။ အနတ္တဟု ရှုရာ၊ ၆။ အသုဘဟု ရှုရာ ---- တို့၌လည်း အသီးအသီး (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၄ × ၆ = ၂၄)ကြိမ် ရှုရမည် ဖြစ်သည်။
同样,2.把眼净色观为“色法”;3.观为“无常”;4.观为“苦”;5.观为“无我”;6.观为“不净”时,每一种都应观照四种情形。全部合计应观照二十四次(4×6=24)。
သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ''ဧတံ နာမ''န္တိ ပဿတိ။
“他把这一切非色法依趋向的特相合为一组,观为:‘这是名。’”
(ဝိသုဒ္ဓိ-၂-၂၂၃။)
(《清净道论》2-223。)
ထိုသို့ ရှုရာ၌ ဝီထိစိတ္တက္ခဏတိုင်း၌ နာမ်တရား အသီးအသီးကို ကုန်စင်အောင် ပြိုင်တူ ယှဥ်တွဲဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းနိုင်သောအခါ ရှုနိုင်သောအခါ = စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ် သွားကြသော နာမ်တရားစုတို့ကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် သိမ်းဆည်းနိုင် ရှုပွားနိုင်သောအခါ ယင်းနာမ်တရား အားလုံးတို့၏ စက္ခုအကြည်ဓာတ် အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေသည့် အနက်သဘောကို အာရုံယူ၍ ----
如此观照时,当能够以智观见并摄取每一心路心刹那中的各个名法,观见它们毫无遗漏地同时相应生起时;换言之,当能够以智逐一拆解、破除依心定律生起的各组名法之密集,并加以摄取、观修时,便取这一切名法朝向、倾向眼净色所缘的义理为所缘——
原书第 123 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ''ဤကား နာမ်တရား''ဟု သို့မဟုတ် ''နာမ်တရား နာမ်တရား''ဟု ရှုပါ။
观为“这是名法”,或观为“名法、名法”。
သသင်္ခါရိက စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာအောင် မိမိကိုယ်တိုင် တိုက်တွန်း ရမှု သူတစ်ပါးတို့က တိုက်တွန်းရမှုသဘောကို သသင်္ခါရိက ဟု ခေါ်သည်။
有行:为了使取眼净色为所缘的大善速行生起,自己加以促动,或由他人促动;这种性质称为“有行”。
အသင်္ခါရိက စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကို မိမိ တိုက်တွန်း ရမှု၊ သူတစ်ပါးတို့က တိုက်တွန်းရမှု မရှိဘဲ မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာခဲ့သော် ယင်းကုသိုလ်ဇောတို့မှာ အသင်္ခါရိက ဖြစ်ကြ၏။
无行:若取眼净色为所缘的大善速行不是由于自己促动自己,也不是由他人促动而生起,这些善速行便是“无行”。
သသင်္ခါရိကနှင့် အသင်္ခါရိက ကွဲပြားမှုကို အကြောင်းပြု၍ စိတ်စေတသိက် အရေအတွက် မကွဲပြားသဖြင့် ဤစာမူ၌ (၄)ချက်သာ ဖော်ပြအပ်ပါသည်။ သသင်္ခါရိက၌ (၄)ချက်၊ အသင်္ခါရိက၌ (၄)ချက် ရှိသဖြင့် နှစ်ရပ် ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုး ဖြစ်သည်။ (ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်သော မဟာကြိယာ စိတ်များ၌လည်း နည်းတူပင် မှတ်ပါ။)
有行与无行的差别并不造成心与心所的数量不同,所以本书只列四种情形。有行有四种,无行也有四种,两者合计便是八种大善心。〔只生起于诸阿罗汉相续中的大唯作心,也应同样理解。〕
ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား
法所缘线——纯意门心路善组表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် တဒါရုံ (၂) ကြိမ် (၄) ချက် ရှုပါ။
表头第一行:心脏中的所依处色=54|54|54。表头第二行:意门转向|速行(七次)|彼所缘(两次)|观照四种情形。
၁။ စက္ခုအကြည်ဓာတ်ဟု - ၁၂ ၃၄ ၃၄ ဉာဏ်ယှဥ်-ပီတိယှဥ်
1.观为“眼净色”|12|34|34|智相应、喜相应。
၁၂ ၃၃ ၃၃ ဉာဏ်ယှဥ်-ပီတိမယှဥ်
〔续“观为眼净色”〕|12|33|33|智相应、喜不相应。
၁၂ ၃၃ ၃၃ ဉာဏ်မယှဥ်-ပီတိယှဥ်
〔续“观为眼净色”〕|12|33|33|智不相应、喜相应。
၁၂ ၃၂ ၃၂ ဉာဏ်မယှဥ်-ပီတိမယှဥ်
〔续“观为眼净色”〕|12|32|32|智不相应、喜不相应。
၂။ ရုပ်တရားဟု - ၁၂ ၃၄ (၃၃/၃၃/၃၂) ၃၄ (၃၃/၃၃/၃၂) (၄)ချက်ပင် ရှုပါ။
2.观为“色法”|12|34(33/33/32)|34(33/33/32)|同样观照四种情形。
၃။ အနိစ္စဟု - ၁၂ ၃၄ (၃၃/၃၃/၃၂) ၃၄ (၃၃/၃၃/၃၂) ။
3.观为“无常”|12|34(33/33/32)|34(33/33/32)|同样观照四种情形。
၄။ ဒုက္ခဟု - ၁၂ ၃၄ (၃၃/၃၃/၃၂) ၃၄ (၃၃/၃၃/၃၂) ။
4.观为“苦”|12|34(33/33/32)|34(33/33/32)|同样观照四种情形。
၅။ အနတ္တဟု - ၁၂ ၃၄ (၃၃/၃၃/၃၂) ၃၄ (၃၃/၃၃/၃၂) ။
5.观为“无我”|12|34(33/33/32)|34(33/33/32)|同样观照四种情形。
၆။ အသုဘဟု - ၁၂ ၃၄ (၃၃/၃၃/၃၂) ၃၄ (၃၃/၃၃/၃၂) ။
6.观为“不净”|12|34(33/33/32)|34(33/33/32)|同样观照四种情形。
原书第 124 页
သဘောပေါက်ရန်
应当理解
ဤ၌ စက္ခုအကြည်ဓာတ်ကို ---- ၁။ စက္ခုအကြည်ဓာတ်ဟု သိနေသော စိတ်စေတသိက်၊ ၂။ ရုပ်တရားဟု သိနေသော စိတ်စေတသိက်၊ ၃။ အနိစ္စဟု သိနေသော စိတ်စေတသိက်၊ ၄။ ဒုက္ခဟု သိနေသော စိတ်စေတသိက်၊ ၅။ အနတ္တဟု သိနေသော စိတ်စေတသိက်၊ ၆။ အသုဘဟု သိနေသော စိတ်စေတသိက် ---- တို့ကိုသာ ရှုနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါလေ။
应当理解:这里观照的只是下列以眼净色为所缘的心与心所:一、了知为“眼净色”的心与心所;二、了知为“色法”的心与心所;三、了知为“无常”的心与心所;四、了知为“苦”的心与心所;五、了知为“无我”的心与心所;六、了知为“不净”的心与心所。
ပုံစံတူ ရှုရန် ရုပ်အစစ်များ
应以同样方式观照的真实色法
၁။ သောတအကြည်ဓာတ် ၆။ ဣတ္ထိဘာဝရုပ်
1.耳净色;6.女根色。
၂။ ဃာနအကြည်ဓာတ် ၇။ ပုရိသဘာဝရုပ်
2.鼻净色;7.男根色。
၃။ ဇိဝှါအကြည်ဓာတ် ၈။ ဟဒယဝတ္ထုရုပ်
3.舌净色;8.心所依处色。
၄။ ကာယအကြည်ဓာတ် ၉။ ဇီဝိတရုပ်
4.身净色;9.命根色。
၅။ အာပေါဓာတ် ၁ဝ။ သြဇာရုပ်
5.水界;10.食素。
ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံးပေါင်းသော် (၁၁)မျိုး ရှိ၏။
列入法所缘线的真实色法,加上眼净色,合计共有十一种。
စက္ခုအကြည်ဓာတ်ကို ရှုလိုပါက စက္ခုဒသကကလာပ်ကို ဓာတ်ခွဲလျက် ရုပ်သဘောတရား (၁ဝ)မျိုးထဲမှ စက္ခု အကြည်ဓာတ်ကို ရွေးထုတ်၍ ယင်းစက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို အထက်ပါ ဇယားအတိုင်း ဆက်လက်၍ ရှုပါ။ အလားတူပင် သောတအကြည်ဓာတ်ကို ရှုလိုကလည်း သောတ ဒသက ကလာပ်ကို ဓာတ်ခွဲလျက် သောတအကြည်ဓာတ်ကို ရွေးထုတ်၍ ယင်းသောတအကြည်ဓာတ်ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ ရှုပါ။ ကျန်ရုပ်တရားတို့၌လည်း ဆိုင်ရာ ရုပ်က လာပ် တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ ရှုပွားလိုသော ရုပ်အစစ်ကို ရွေးထုတ်၍ ယင်းရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ ရှုရမည် ဖြစ်သည်။ အရှုခံအာရုံ ရုပ်တရားဘက်၌လည်းကောင်း၊ အာရုံယူတတ်သည့် အာရမ္မဏိက နာမ်တရားဘက်၌လည်းကောင်း နှစ်ဘက်လုံး၌ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွား
若要观眼净色,应分析眼十法聚,从其中十种色法自性里选出眼净色,再依上表继续观照取该眼净色为所缘而生起的名法。同样,若要观耳净色,应分析耳十法聚,选出耳净色,再继续观照取该耳净色为所缘而生起的名法。其余色法也一样:分析相应的某一色聚,选出自己要观修的真实色法,再继续观照取该色法为所缘而生起的名法。无论在作为所观所缘的色法一边,还是在能取所缘的名法一边,都应拆解、破除称为“色法密集”“名法密集”的色法团块与名法团块,使智见直达究竟法;
ပါလေ။
应当这样摄取、观修。
ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကိုသာ ရှုရန်ဖြစ်သည်။ အမျိုးသ္မီး ယောဂီသည် ဣတ္ထိဘာဝရုပ်ကိုသာ ရှုရန်ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် ဘာဝရုပ် (၂)မျိုးလုံးကိုပင် ရှုနိုင်ပါသည်။
其中,在内在〔自身〕,男性瑜伽行者只应观男根色,即 puṃbhāva-rūpa;女性瑜伽行者只应观女根色。至于外在〔他相续〕,因为同属外在,并且是作一般性的合并总观,所以两种性根色都可以观照。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。