极微细所缘心路
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 52–53 页 · 16 个翻译单元
本页并入了原书的相邻小节:作为观智所缘的名法辨析、应以毗婆舍那观照的名法。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 52 页
အတိပရိတ္တာရုံ ဝီထိ
极微细所缘心路
ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော်လည်း တဒါရုံ ဇော ဖြစ်သည့်တိုင်အောင်သာ မက ဝုဋ္ဌောဖြစ်သည့်တိုင်အောင်လည်း ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်သော၊ စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ကျရောက်လာသော်လည်း ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်အစဥ် ဘဝင်အယဥ် ကို မလည်စေနိုင်မီ မရပ်တန့်စေနိုင်မီ အတွင်းမှာပင်လျှင် ချုပ်ပျက်၍ သွားရသော၊ အာရုံ၏ အလွန်အားနည်း မှုကြောင့် ချုပ်ခါနီးမှ ထင်လာသည့်အတွက် ထင်သည်မှ စ၍ ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော ရူပါရုံသည် အတိပရိတ္တာရုံ မည်၏။ ဤ အတိပရိတ္တာရုံဝီထိ၌ ဘဝင်လှုပ်ရုံသာ လှုပ်၏၊ ဝီထိ စိတ္တုပ္ပါဒ် ဖြစ်ခြင်းသည် မရှိတော့ပေ။ ဤဝါရကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ မောဃဝါရဟု ခေါ်ဝေါ်သုံးစွဲထား သည်။ အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၃ဝ၉) ၌ ပထမ မောဃဝါရဟု သုံးစွဲထားပေသည်။ ဝီထိစိတ်မှ
色所缘生起并进入住时以后,不仅不能持续到彼所缘或速行,甚至不能持续到确定;虽然来到眼门和意门,却在名为唯作意界的五门转向心尚未来得及转动、止息有分相续以前,便已灭去。由于所缘极其微弱,它直到临近坏灭时才显现,所以从显现之时起计算,只有极少的心刹那寿量。这样的色所缘称为极微细所缘。在极微细所缘心路中,只有有分波动,并无路心生起。《摄阿毗达磨义论》把这一轮次称为“空轮次”;《殊胜义注》1-309 则称为“第一空轮次”。由于缺少路心——
ကင်းဆိတ်သောကြောင့် မောဃဝါရဟု ဤဝါရကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။
——这一轮次才称为“空轮次”。
စက္ခုဒွါရ၌ ---- ၁။ တဒါရမ္မဏဝါရ ဟု ခေါ်ဆိုအပ်သော အတိမဟန္တာရုံဝီထိ၊ ၂။ ဇဝနဝါရဟု ခေါ်ဆိုအပ်သော မဟန္တာရုံဝီထိ၊ ၃။ ဝေါဋ္ဌဗ္ဗနဝါရဟု ခေါ်ဆိုအပ်သော ပရိတ္တာရုံဝီထိ၊ ၄။ မောဃဝါရဟု ခေါ်ဆိုအပ်သော အတိပရိတ္တာရုံ ဝီထိ - ဟု အာရုံတို့၏ ဖြစ်ပုံ ဝိသယပ္ပဝတ္တိ အမည်ရသော ဝီထိ (၄)မျိုး ပြားသကဲ့သို့ အလားတူပင် သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌လည်း (၄)မျိုးစီပင် ပြားပေသည်ဟု သိရှိပါလေ။ ဤကား ပဉ္စဒွါရ၌ ဝီထိစိတ် တို့၏ ဖြစ်ပုံနည်းတည်း။ မနောဒွါရ၌ကား ---- ၁။ ဝိဘူတာရုံ၊ ၂။ အဝိဘူတာရုံ - ဟု (၂)မျိုး ပြားပေသည်။
在眼门中,所缘呈现(visayappavatti)分为四种心路:1.称为彼所缘轮次的极大所缘心路;2.称为速行轮次的大所缘心路;3.称为确定轮次的微细所缘心路;4.称为空轮次的极微细所缘心路。耳门、鼻门、舌门与身门也同样各有四种。以上是五门路心的生起方式。意门中则分为:1.清晰所缘;2.不清晰所缘。
ဝိဘူတန္တိ သုပါကဋံ၊ (မဟာဋီ-၂-၁၃၃။) ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့် အညီ ---- စိတ်၌ = မနောဒွါရ၌ ပေါ်လွင်ထင်ရှားသော အာရုံသည် ဝိဘူတာရုံ မည်၏၊ မပေါ်လွင် မထင်ရှား ဝိုးဝါးဖြစ်သော အာရုံသည် အဝိဘူတာရုံ မည်၏။
“所谓清晰,就是极为明显。”(《大复注》2-133。)依这一解释,清楚、明显地显现于心中,即显现于意门的所缘,称为清晰所缘;不清楚、不明显而朦胧的所缘,称为不清晰所缘。
ထင်ရှားသော ဝိဘူတာရုံဝီထိ၌ ---- ၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊
在清晰所缘心路中:1.意门转向,一次;
原书第 53 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၂။ ဇော (၇) ကြိမ်၊ ၃။ တဒါရုံ (၂) ကြိမ် ---- ဤသို့လျှင် ဝီထိစိတ် အမျိုးအစား (၃)မျိုး ဝီထိစိတ် အရေအတွက် (၁ဝ)မျိုး ရှိလေသည်။ တဒါရုံနောင် ဘဝင်မကျသော အဝိဘူတာရုံ ဖြစ်လျှင်ကား ဇော၏ အဆုံး၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ တဒါရုံ ဖြစ်ခွင့် မရှိတော့ပေ။
2.速行,七次;3.彼所缘,两次。如此共有三类路心、十个路心刹那。若是不清晰所缘,彼所缘不能在速行之后生起;速行终了后便落入有分。
၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊ ၂။ ဇော (၇) ကြိမ်ဟု ယေဘုယျအားဖြင့် ဖြစ်တတ်ပေသည်။
一般为:1.意门转向,一次;2.速行,七次。
ဤကား ပရိတ္တဇဝနဝါရ အမည်ရသော ကာမဇော စောသော ဝိသယပ္ပဝတ္တိ (၆)မျိုးတည်း။
以上就是欲界速行生起、称为“欲界速行轮次(parittajavana-vāra)”的六种所缘呈现。
အပ္ပနာဇောဝါရ - ၌ကား ဝိဘူတ - အဝိဘူတ ကွဲပြားမှုလည်း မရှိတော့ပေ။ တဒါရုံ ကျခွင့်လည်း မရှိတော့ပေ။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။) ဤတွင်ရွေ့ကား နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် ကြို တင်၍ သိထားသင့်သော ၆ × ၆-လီ တရားများပင် ဖြစ်ကြပေသည်။
在安止速行轮次中,则不再区分清晰与不清晰,也不会生起彼所缘。(参见名业处部分诸表。)至此,以上就是刚开始修习名业处的瑜伽行者应当预先了解的六组六法(6×6)。
ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နာမ်တရားတို့ကို စိစစ်ချက်
作为观智所缘的名法辨析
ဝိပဿနာရှုရမည့် နာမ်တရား
应以毗婆舍那观照的名法
ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ သိမ်းဆည်းရှုပွားရမည့် နာမ်တရားတို့မှာ လောကီ စိတ်စေတသိက် တရားများ ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုတွင် စျာန်ရသူတို့က စျာန်တရားများကိုပါ ထည့်သွင်း ၍ သိမ်းဆည်းရှုပွားရပြီးလျှင် စျာန်မရသူတို့ကား စျာန်တရားများကို ထည့်သွင်း၍ သိမ်းဆည်း ရှုပွားရန် မလို ကြောင်းကိုလည်းကောင်း ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။
前文已经说明:在本名业处部分中,瑜伽行者应当把握、观修的名法,是世间心与心所;其中,已得禅那者还须把禅那法纳入把握与观修,未得禅那者则不必纳入禅那法。
ထိုနာမ်တရားတို့သည်ကား ပဋိသန္ဓေ-ဘဝင်-စုတိ-ဟူသော ဝီထိမုတ်စိတ် အနေအားဖြင့်လည်းကောင်း၊ စိတ္တနိယာမ သဘောတရားအရ ဝီထိဟု ခေါ်ဆိုအပ်သော စိတ်အစဥ်အားဖြင့်လည်းကောင်း ဖြစ်ရိုး ဖြစ်စဥ် ဓမ္မတာ ရှိကြ၏။ ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ကိန်းသေမြဲသော နိယာမ လမ်းရိုးလမ်းဟောင်းကြီးပင်တည်း။
这些名法,或以结生、有分、死亡这三种离路心的方式生起,或依心定律以称为心路的心相续方式生起;这是它们自然、通常的发生次第,是无法改造变更、恒常固定的定律轨道。
နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ယင်းနာမ်တရားတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်လျက် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။
想要修习名业处的瑜伽行者,必须以智观见沿着这条固定定律轨道生起的诸名法,并加以把握、观修。
ယင်းကဲ့သို့ ဝီထိခေါ်သည့် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+ စေတသိက် နာမ်တရားစုတို့ကို သာဝကတို့လည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အကုသိုလ် ဇောများ ပါဝင်သည့် ဝီထိစိတ်အစဥ်များကိုလည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း ဝိသုဒ္ဓိ မဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။
《清净道论》作如下解释:声闻也必须把握、观修沿着称为心路的固定轨道生起的心、心所名法聚,也必须把握、观修含有不善速行的心路相续。