摄取、观照的理由
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 80–81 页 · 15 个翻译单元
本页并入了原书的相邻小节:心所方面应知事项、与心相应的心所之四项特征、五十二种心所。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 80 页
သိမ်းဆည်း ရှုပွားရခြင်း၏ အကြောင်းရင်း
摄取、观照的理由
ပရမတ် ဉာဏ်ပညာမျက်စိ မရှိကြသူ ပုထုဇန် ငမိုက်သားတို့ကား သံသရာတစ်လျှောက်ဝယ် ကုသိုလ် တရားတို့ အပေါ်၌သော်လည်းကောင်း၊ အကုသိုလ်တရားတို့ အပေါ်၌သော်လည်းကောင်း တဏှာ မာန ဒိဋ္ဌိ တို့ဖြင့် အစွဲကြီး စွဲနေကြ၏။
没有胜义智慧之眼的愚痴凡夫,在漫长轮回中,无论对于善法还是不善法,都以爱、慢、见生起深重的执著。
''ငါ့စိတ်က သူများစိတ်နှင့် မတူဘူး'' ''ငါ့စေတနာက သူများစေတနာနှင့် မတူဘူး'' ''ငါ့သဒ္ဓါတရားက သူများ သဒ္ဓါတရားနှင့် မတူဘူး'' ''ငါ့ဉာဏ်က သူများဉာဏ်နှင့် မတူဘူး'' ဤသို့ စသည်ဖြင့်လည်းကောင်း ''ငါ့လောဘက သူများလောဘနှင့် မတူဘူး'' ''ငါ့မာနက သူများမာနနှင့် မတူဘူး'' ''ငါ့ဒေါသက သူများဒေါသနှင့် မတူဘူး'' ---- ဤသို့ စသည်ဖြင့်လည်းကောင်း ကုသိုလ်တရား အကုသိုလ်တရားတို့ အပေါ်၌ အစွဲကြီး စွဲနေတတ်ကြ၏။
他们会说:“我的心跟别人的心不一样;我的思跟别人的思不一样;我的信跟别人的信不一样;我的智跟别人的智不一样。”又会说:“我的贪跟别人的贪不一样;我的慢跟别人的慢不一样;我的嗔跟别人的嗔不一样。”诸如此类,他们往往对善法与不善法生起深重的执著。
အကုသိုလ်တရားများ ဖြစ်နေမှုကိုပင် ဂုဏ်ယူနေတတ်ကြ၏၊ ကျေနပ်နေတတ်ကြ၏။
他们甚至会以自己正在生起不善法为傲,并对此感到满意。
သားအကြောင်း သမီးအကြောင်းဆိုလျှင် မြေးအကြောင်းဆိုလျှင် နားထောင်၍ မကုန်နိုင်အောင် ဟိမဝန္တာ ချီးမွန်းခန်း ဖွင့်တတ်ကြ၏။ ရှေးရှေး အကုသိုလ်ကို အာရုံယူ၍ နောက်နောက် အကုသိုလ်များလည်း ဖြစ်နေ တတ်ကြ၏၊ ကုသိုလ်ကို အကြောင်းပြု၍လည်း ဂုဏ်ယူတတ်ကြပြန်၏၊ မာန်မာနတွေ ဖြစ်တတ်ကြပြန်၏၊ အလှူ ချင်း ပြိုင်လိုကြ၏၊ တရားချင်း ပြိုင်လိုကြ၏၊ သားချင်း ပြိုင်လိုကြ၏၊ သမီးချင်း ပြိုင်လိုကြ၏။ ဤသို့ စသည်ဖြင့် ကုသိုလ် အကုသိုလ်တို့ကို အကြောင်းခံ၍ နောက်ထပ် အကုသိုလ်များလည်း အယောနိသောမနသိကာရကို အခြေခံလျက် ကြိမ်ဖန်များစွာ ဖြစ်နေတတ်ကြ၏။
一谈到儿女或孙辈,他们便展开一番仿佛喜马拉雅山般没完没了的赞颂。取先前的不善为所缘,后续不善又不断生起;他们也会以善行为由而自豪,再次生起种种慢,想在布施上彼此攀比,在修法上攀比,在儿女方面攀比。诸如此类,以善法与不善法为由,以不如理作意为基础,后续的不善法一再生起。
ယင်း ကုသိုလ်တရား အကုသိုလ်တရားတို့ အပေါ်၌ အစွဲကြီး စွဲနေသော ယင်း တဏှာ မာန ဒိဋ္ဌိစွဲတို့ကို ကျူပင်ခုတ် ကျူငုတ်မျှ မကျန် တွန်းလှန်ဖြိုဖျက်နိုင်ရန် အမြစ်ပြတ် ပယ်ရှားနိုင်ရန်အတွက် ယင်းကုသိုလ်တရား အကုသိုလ်တရားတို့ကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ရခြင်း ဖြစ်ပေသည်။
为了把深深执著于这些善法、不善法的爱执、慢执与见执彻底摧毁,如割除芦苇一般连一截根桩也不留下,并从根本上舍断它们,就必须轮番把这些善法与不善法安立于无常、苦、无我三相之下,以观智观修、审察。
ထိုသို့ အကုသိုလ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်နိုင်ရန်အတွက် ယင်း အကုသိုလ်တရား တို့ကိုလည်း သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း အရူပပရိဂ္ဂဟလုပ်ငန်းရပ်ကို ရှေးဦးစွာ ပြုလုပ်ရမည် ဖြစ်ပေသည်။
为了也能如此以观智观修、审察这些不善法,首先必须以智摄取、分别这些不善法,进行非色把握这项实修。
သို့သော် စိတ်တို့မည်သည် စေတသိက်တို့နှင့် ကင်း၍ မဖြစ်စကောင်းသောကြောင့် ယခုအခါတွင် စေတသိက်တို့၏ အကြောင်းကို ဆက်လက်၍ တင်ပြပေအံ့။
然而,任何心都不能离开心所而生,因此现在将继续说明心所。
原书第 81 页
စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ
心所方面应知事项
စိတ်နှင့် ယှဥ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး
与心相应的心所之四项特征
၁။ ဧကုပ္ပါဒ = စိတ်နှင့် တူသောဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊ ၂။ ဧကနိရောဓ = စိတ်နှင့် တူသောချုပ်ခြင်း= စိတ်နှင့် အတူချုပ်ခြင်း၊ ၃။ ဧကာလမ္ဗဏ = စိတ်နှင့် တူသောအာရုံရှိခြင်း၊ ၄။ ဧကဝတ္ထုက = စိတ်နှင့် တူသောမှီရာဝတ္ထုရှိခြင်း ---- ဤသို့အားဖြင့် စေတသိက်တို့၌ ဤ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက် မဆို စိတ်၌ ယှဥ်သောအခါ ကာမဘုံ ရူပဘုံဟု ခေါ်ဆိုအပ်သော ခန္ဓာ (၅)ပါးရှိသည့် ပဉ္စဝေါကာရဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ကြရမြဲ ဓမ္မတာဖြစ်သည်။ နာမ်ခန္ဓာ (၄)ပါးသာရှိသည့် စတုဝေါကာရဟု အမည်ရသော အရူပဘုံ ၌ကား စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်းဟူသော ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်။ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့မှာ (၅၂)မျိုး ရှိပေသည်။ ထိုစေတသိက် (၅၂)မျိုးတို့ကို ဤတွင် ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
1.同生:与心同样生起,即与心同时生起;2.同灭:与心同样灭去,即与心同时灭去;3.同一所缘:与心具有同一所缘;4.同一依处:与心具有同一所依处。心所具有这四项与心相应的特征。任何心所与心相应时,在称为欲界与色界、具有五蕴的五蕴有地中,必然都具足这四项;在只有四名蕴、称为四蕴有地的无色界中,则少了“与心同一依处”这一项,因为那里没有所依色。心所共有52种,现先列举如下。
စေတသိက် (၅၂) မျိုး
五十二种心所
၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊ ၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဥ်သော စေတသိက် (၆)လုံး၊
1.遍一切心心所:与一切心相应的7种心所;2.杂心所:参差相应的6种心所;
= (အချို့စိတ်၌ယှဥ်၍ အချို့စိတ်၌ မယှဥ်သော စေတသိက်ဟု ဆိုလိုပေသည်။)
(意思是:有些心中相应,有些心中不相应的心所。)
၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်တို့၌ ထိုက်သလိုယှဥ်သော စေတသိက် (၁၄)လုံး၊ ၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်တို့၌ ထိုက်သလို ယှဥ်သော စေတသိက် (၂၅)လုံး၊ ဤသို့လျှင် အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။
3.不善心所:随其所应与不善心相应的14种心所;4.美心所:随其所应与美好殊胜的美心相应的25种心所。这样合计为52种心所。