触所缘(所触)线
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 189–192 页 · 28 个翻译单元
本页并入了原书的相邻小节:六所缘线的界业处简略法总结、依界业处详尽法广摄名法。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 189 页
ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိ) လိုင်း
触所缘(所触)线
ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားလိုသော် ---- ၁။ ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို တစ်ပြိုင်နက် ဉာဏ်၌ ထင်နေအောင် ပူးတွဲ သိမ်း ဆည်းပါ။ (ခန္ဓာကိုယ်ဝယ် မိမိ ရှုပွားလိုသည့် ထိမှုထင်ရှားရာ တစ်နေရာ၌ ဥပမာ တင်ပါးနှင့် ကြမ်းပြင် ထိနေသည့် တင်ပါးနေရာ၌ ဓာတ်(၄)ပါးကို စိုက်ရှုလိုက်သောအခါ ရုပ်ကလာပ် အမှုန်များကို တွေ့ရှိမည် ဖြစ်သည်၊ (၄၄)မျိုးသော ရုပ်တို့ကို သိမ်းဆည်းပါ။ ထိုနောင် ယင်း (၄၄)မျိုးသော ရုပ်တရားထဲမှ ကာယ အကြည်ဓာတ်ကိုလည်းကောင်း၊ တစ်ဖန် ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း ဉာဏ်၌ ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။) ၂။ ယင်း ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ဖြစ်သည့် ဖောဋ္ဌဗ္ဗာရုံ အမည်ရသည့် ရုပ်ကလာပ် အများစု၏ (သို့မဟုတ် ရုပ်ကလာပ် တစ်ခု၏) ---- (က) ပထဝီဓာတ်ကိုလည်းကောင်း၊ သို့မဟုတ် ( ခ ) တေဇောဓာတ်ကိုလည်းကောင်း၊ သို့မဟုတ်
若想摄取、观修触所缘线的名法:1.应把身净色与有分意净界合在一起摄取,使两者同时显现在智中。〔在身体上自己想要观修、触感明显的某一处——例如臀部与地面接触的臀部位置——专注观照四界时,将会见到色聚微粒;此时应摄取四十四种色法。随后,从这四十四种色法中摄取身净色,再摄取有分意净界,把二者合在一起,使它们同时显现在智中。〕2.对于与该身净色最为邻近、构成触所缘的许多色聚〔或一个色聚〕,应与两种净色一并摄取其中的:(甲)地界,或者(乙)火界,或者
( ဂ ) ဝါယောဓာတ်ကိုလည်းကောင်း ---- ဉာဏ်၌ တစ်ပြိုင်နက်ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။ (အထင်ရှားဆုံး ဓာတ်တစ်ခုကိုသာ ဦးစားပေး၍ ရှုပါ၊ သိမ်းဆည်းပါ။ ) ထိုဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ (= ကာယအကြည်ဓာတ်) နှင့် မနောဒွါရ (= ဘဝင် မနောအကြည်ဓာတ်) တို့၌ တစ်ပြိုင်နက်တည်း ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ ထိုဖောဋ္ဌဗ္ဗာရုံကို ---- ၁။ ဖောဋ္ဌဗ္ဗာရုံ ဟု (ပထဝီဟု၊ တေဇောဟု၊ ဝါယောဟု) သို့မဟုတ် မာမှုသဘောဟု၊ ပူမှုသဘောဟု၊ ထောက်ကန်မှုသဘောဟု၊ ၂။ ရုပ်တရားဟု ၃။ အနိစ္စဟု ၄။ ဒုက္ခဟု ၅။ အနတ္တဟု ၆။ အသုဘဟု ---- ဤသို့ (၆)ကြိမ်ခွဲ၍ အသီးအသီး ရှုပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ ပါဝင်သည့် ကာယဒွါရဝီထိစိတ်အစဥ်နှင့် ယင်း ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိတို့ အသီးအသီး ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ထို ဝီထိတို့တွင် ကာယဒွါရဝီထိတို့ကား ဖောဋ္ဌဗ္ဗဓာတ်မျှကိုသာ အာရုံပြုနိုင်ကြ၏။
(丙)风界,使所取净色与所缘同时显现在智中。〔应只把最明显的一界作为重点观修、摄取。〕当该触所缘同时趋入并显现于身门(即身净色)与意门(即有分意净界)时,应分别作六次观修:1.观为触所缘——即地界、火界或风界,或者观为坚硬性、热性、支持性;2.观为色法;3.观为无常;4.观为苦;5.观为无我;6.观为不净。由于如理作意,含有善速行的身门心路心相续,以及继续缘取该触所缘的诸意门心路,将会分别生起。在这些心路中,身门心路只能缘取触界本身。
ယင်း ဖောဋ္ဌဗ္ဗဓာတ်ကို ရုပ်တရားဟု၊ အနိစ္စဟု၊ ဒုက္ခဟု၊ အနတ္တဟု၊ အသုဘဟု မသိနိုင်ကြကုန်။ မနောဒွါရဝီထိ တို့ကား ယင်း (၆)မျိုးကုန်သော သဘောတရားအားလုံးတို့ကိုပင် အသီးအသီး သိနိုင်ကြ၏။
身门心路不能把该触界了知为色法、无常、苦、无我或不净;诸意门心路则能分别了知上述六种性质中的每一种。
ကာယဒွါရဝီထိစိတ်အစဥ်ကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်တို့ ဖြစ်ကြ၏။ မနောဒွါရဝီထိကား ထင်ရှားပြီ။
身门心路的心相续依次为:五门转向、身识、领受、推度、确定、七次速行与两次彼所缘。意门心路的次序已经清楚。
ထိုတွင် ကာယဝိညာဏ်သည် ခန္ဓာကိုယ်၌ တည်ရှိသော အထူးသဖြင့် မိမိ ရှုပွားနေသည့် တင်ပါး စသော ခန္ဓာကိုယ် တစ်နေရာရာ၌ တည်ရှိသော ကာယအကြည်ဓာတ်နှင့် တကွသော (၄၄)မျိုးကုန်သော ရုပ်တရားတို့ကို
其中,身识依身体中——尤其自己正在观修的臀部等某一身体部位中——包括身净色在内的四十四种色法
原书第 190 页
မှီ၍ ဖြစ်၏။ ကျန် ကာယဒွါရဝီထိစိတ်တို့နှင့် ဖောဋ္ဌဗ္ဗာရုံကိုပင် ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိ စိတ်တို့ကား ဟဒယ၌ တည်ရှိကြသော ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို မှီ၍ ဖြစ်ကြကုန်၏။
而生。其余身门心路诸心,以及继续缘取该触所缘的诸意门心路心,则依位于心脏、包括心所依处色在内的五十四种色法而生。
မှတ်ချက် --- ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော ရုပ်တရားတို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု (၃)မျိုးရှိရာ မိမိ ရှုပွားလိုသည့် သိမ်းဆည်းထားသည့် ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံးသော ရုပ်ကလာပ် တို့၌ တည်ရှိသော --- ၁။ ပထဝီဓာတ်ကို ဖြစ်စေ၊ ၂။ တေဇောဓာတ်ကို ဖြစ်စေ၊ ၃။ ဝါယောဓာတ်ကို ဖြစ်စေ --- အာရုံယူ၍ ရှေးဦးစွာ ရှုပါ။ သို့သော် ရုပ် (၂၈)ပါးလုံးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရား တို့ကို ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်းဝယ် သိမ်းဆည်းရှုပွားရမည် ဖြစ်သဖြင့် ယင်းဖောဋ္ဌဗ္ဗဓာတ် (၃)မျိုးလုံးကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရား အသီးအသီးတို့ကို ကုန်စင်အောင်သာ ဆက်လက်၍ သိမ်းဆည်းပါ။
注——称为触界的色法有三种:地界、火界与风界。首先,可以取与自己想要观修且已经摄取的身净色最为邻近的诸色聚中所含的地界、火界或风界之一为所缘而观。不过,依界业处简略法,应当摄取、观修取二十八种色法全体为所缘而生起的名法;因此,对于取这三种触界中的每一种为所缘而生起的名法,都应继续无余摄取。
မာမှုထင်ရှားသည့်နေရာ၊ ပူမှုထင်ရှားသည့်နေရာ၊ ထောက်မှုထင်ရှားသည့်နေရာ စသည့် ထိုထို ထင်ရှားရာနေရာ၌ ကာယအကြည်ဓာတ်ကို အလျင်သိမ်းဆည်း၍ ထိုနောင် ဘဝင်မနောအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ်ကို တစ်ပြိုင်နက်တည်း ဉာဏ်၌ ထင်လာအောင် ပူးတွဲသိမ်းဆည်းလျက် ယင်းကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်များ၌ တည်ရှိကြသော --- ၁။ ပထဝီဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။
在坚硬性、热性或支持性等各自明显之处,应先摄取身净色;随后把有分意净界与身净色合在一起摄取,使二者同时显现在智中。然后,对于位于最邻近该身净色的诸色聚中的各界:1.也应缘取地界而摄取名法。
၂။ တေဇောဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။
2.也应缘取火界而摄取名法。
၃။ ဝါယောဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။
3.也应缘取风界而摄取名法。
၁။ ပထဝီဓာတ်ကို အာရုံယူ၍ --- ၆ × ၄ = ၂၄ - ကြိမ် ၂။ တေဇောဓာတ်ကို အာရုံယူ၍ --- ၆ × ၄ = ၂၄ - ကြိမ် ၃။ ဝါယောဓာတ်ကို အာရုံယူ၍ --- ၆ × ၄ = ၂၄ - ကြိမ် အသီးအသီး ရှုပါ။
应分别观修:1.缘取地界,6 × 4 = 24 次;2.缘取火界,6 × 4 = 24 次;3.缘取风界,6 × 4 = 24 次。
ဦးနှောက် နှင့် အသိဉာဏ်
脑与智
ဦးနှောက်၌ ဉာဏ် ရှိ-မရှိ၊ ဖြစ်-မဖြစ်ကို ဤအပိုင်းတွင် အသင် ယောဂီသူတော်မွန်သည် လက်တွေ့ စမ်းသပ် ကြည့်ရှုနိုင်ပါသည်။ ဗုဒ္ဓ၏ အဘိဓမ္မာနည်းအရ ဦးနှောက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ဤအပိုင်းတွင် အသင်ယောဂီသူတော်ကောင်းသည် ဦးနှောက်၌ ဓာတ်ကြီး (၄)ပါးတို့ကို စိုက်ရှုလိုက်ပါက ရုပ်ကလာပ် အမှုန်များကို လွယ်ကူစွာ တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကမ္မဋ္ဌာန်းပိုင်းကတည်းက ဦးနှောက်၌ တည်ရှိ ကြသော ရုပ်ကလာပ် အမျိုးအစား (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို ကျေပွန်စွာ သိမ်းဆည်းထားပြီး ဖြစ် သောကြောင့်တည်း။ သို့အတွက် အသင်ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌ အနိစ္စ အနေအထားအားဖြင့် တည်ရှိနေကြသော ထိုရုပ် (၄၄)မျိုးတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထို (၄၄)မျိုး ကုန်သော ရုပ်တရားတို့မှ ကာယအကြည်ဓာတ်ကို ထင်ထင်ရှားရှား ရှုပွားနိုင်သောအခါ ---
在这一部分,贤善的瑜伽行者可以亲自实地检验:脑中究竟有没有智(ñāṇa),这一智是否会在那里生起。依佛陀的阿毗达磨法,脑不过是诸色聚的集合。在这里,贤善的瑜伽行者若专注观照脑内的四界,便能轻易见到色聚微粒;因为从色业处部分开始,他已经透彻摄取了脑中的五类色聚与四十四种色法。因此,瑜伽行者应再次摄取脑中处于无常状态的这四十四种色法,并以智辨别。当能够从这四十四种色法中清楚观修身净色时——
原书第 191 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၁။ ယင်း ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်း ပါ။
1.应把该身净色与有分意净界合在一起摄取,使二者同时显现在智中。
၂။ ယင်း ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ် အများစု၏ (သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏) အတွင်း၌ တည်ရှိကြသော --- (က) ပထဝီဓာတ်၊ သို့မဟုတ် ( ခ ) တေဇောဓာတ်၊ သို့မဟုတ် ( ဂ ) ဝါယောဓာတ် --- ဟူသော ဓာတ်တစ်ခုခုကို လှမ်း၍ အာရုံယူပါ သိမ်းဆည်းပါ၊ အထင်ရှားဆုံး ဓာတ်ကို ရွေးချယ်ပါ။
2.伸取最邻近该身净色的许多色聚〔或一个色聚〕内的地界、火界或风界之一为所缘而摄取;应选择其中最明显的一界。
ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ဦးနှောက်၌တည်ရှိသော ကာယအကြည်ဓာတ်ကိုလည်းကောင်း၊ ဟဒယဝတ္ထု ကို စွဲမှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ သို့မဟုတ် ယင်း အကြည်ဓာတ် (၂)မျိုး၌ ပြိုင်တူ ထင်လာသောအခါ ယင်းဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုကို အာရုံယူ၍ ကာယဒွါရိက ဝီထိစိတ်နှင့် မနောဒွါရိကဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းဝီထိတို့တွင် ပါဝင်ကြသော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းတို့က --- ပထဝီဟု သို့မဟုတ် တေဇောဟု သို့မဟုတ် ဝါယောဟု ဆုံးဖြတ်ကြည့်ပါ။ ယင်း ဖောဋ္ဌဗ္ဗဓာတ်ကိုပင် ဆက်လက်၍ အာရုံယူနေသော မနောဒွါရဝီထိ၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းကလည်း --- ယင်း ဖောဋ္ဌဗ္ဗာရုံကိုပင် ရုပ်တရားဟု သို့မဟုတ် အနိစ္စဟု ဤသို့ စသည်ဖြင့် ဆုံးဖြတ်ကြည့်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် မဟာကုသိုလ် ဇောဝီထိ စိတ်အစဥ်များသည် ဖြစ်ပေါ်
当这些触界中的任一界同时正面撞击脑中的身净色,以及依心所依处而生的有分意净界,或者同时显现于二者时,取该触界为所缘的身门心路心与意门速行心路心相续便会生起。应观察这些心路所含的五门转向、确定及意门转向,如何把它确定为地界、火界或风界。对于继续缘取该触界的意门心路,也应观察其中的意门转向如何把同一触所缘确定为色法、无常等。由于如理作意,大善速行心路心相续便会生起。
လာကြမည် ဖြစ်သည်။ ဇော အသီးအသီး၌ ဉာဏ်နှင့် ပီတိ ယှဥ်သော် (၃၄)လုံးသော နာမ်တရားစုတို့တည်း။
若每一速行都与智、喜相应,便各有一组三十四种名法。
ယင်း (၃၄)မျိုးကုန်သော နာမ်တရားစုတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ်၍ ဖြစ်ကြ၏၊ ယင်းနာမ်တရားစုတို့တွင်သာ ဉာဏ်ပါ၏။ ဦးနှောက်၌ တည်ရှိသော ကာယအကြည်ဓာတ်ကို အမှီပြု၍ နာမ်တရား (၈)လုံးတို့သာ ဖြစ်ကြ၏။ ယင်း နာမ်တရား (၈)လုံးတို့မှာ --- ကာယဝိညာဏ်စိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ --- တို့ ဖြစ်ကြ၏၊ ယင်း နာမ်တရားတို့တွင်ကား ဉာဏ် မပါပေ။ ဤအဆိုကို မှန်-မမှန် သိရှိအောင် အသင်ယောဂီ သူတော်ကောင်းကိုယ်တိုင် ကြိမ်ဖန်များစွာ စမ်းသပ် ရှုပွားကြည့်ပါ။
这些由三十四种名法组成的名法组,以有分意净界为门,只依心所依处色而生;在这里所比较的两类名法中,智只见于这些名法组。依脑中身净色而生的,则只有八种名法。这八种是:身识心、触、受、想、思、一境性、命根、作意;其中不含智。贤善的瑜伽行者应当亲自反复实地检验、观修,看看这一说法是否正确。
မှတ်ချက် --- ဤဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖောဋ္ဌဗ္ဗာရုံသည် ဣဋ္ဌဖြစ်က ကာယဝိညာဏ်၌ သုခဝေဒနာနှင့် ယှဥ်၏၊ အနိဋ္ဌဖြစ်က ဒုက္ခဝေဒနာနှင့် ယှဥ်၏။ သဘောပေါက်အောင် ရှုပါ။
注——在这条触所缘线中,若触所缘是可意的,身识便与乐受相应;若是不可意的,身识便与苦受相应。应观修至领会此义。
ဤတွင် ရုပ် (၂၈)ပါးကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟု (၆)လိုင်း ခွဲ၍ သိမ်းဆည်းရှုပွားပုံ စနစ်များကို ဖော်ပြပြီး ဖြစ်သည်။ ဤသိမ်းဆည်းပုံမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်းအရ သိမ်းဆည်းပုံ ဖြစ်သည်၊ အာယတနဒွါရအလိုက် သိမ်းဆည်းပုံစနစ်တည်း။ အကယ်၍ အသင်ယောဂီ သူတော် ကောင်းသည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်လည်း ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုပါ ဆက်လက်၍ သိမ်းဆည်းရှုပွားလိုပါက အောက်ပါအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။
至此,已经说明了摄取、观修善组名法的方法:这些名法取二十八种色法为所缘而生,其中含有善速行;观修时分为色所缘线、声所缘线、香所缘线、味所缘线、触所缘线与法所缘线六条线。这种摄取法依界业处简略法而行,也就是按处门摄取的体系。如果贤善的瑜伽行者还想依界业处详尽法,继续摄取、观修取诸色法为所缘而生起的名法,则应依下述方法继续摄取。
原书第 192 页
ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့် နာမ်တရားတို့ကို အကျယ်သိမ်းဆည်းပုံ
依界业处详尽法广摄名法
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ -၂၂၆၊ စာပုဒ်ရေ ၆၇ဝ - တွင် --- တထာ ''ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာ။ ပ ။ အဿာသပဿာသေ ပထဝီဓာတု ကက္ခဠ- လက္ခဏာ''တိ ပဌမာဘိနိပါတော ဖဿော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော။ ပ ။ စိတ္တံ ဝိညာဏက္ခန္ဓောတိ ဥပဋ္ဌာတိ။ (ဝိသုဒ္ဓိ-၂-၂၂၆။) ဤသို့ စသည်ဖြင့် ဆံပင်ကောဋ္ဌာသ၌ တည်ရှိကြကုန်သော (၄၄)မျိုးကုန်သော ရုပ်တရားတို့တွင် ပထဝီ ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်း ကောင်း။ ပ ။
《清净道论》第二册第 226 “同样,〔作意〕‘头发中的地界以坚硬为特相……入息、出息中的地界以坚硬为特相’——最初趋入〔所缘〕的是触;与它相应的受是受蕴……心是识蕴,如此呈现。”(《清净道论》2-226。)依此类推,也要摄取、观修下列名法组:取头发这一身分中四十四种色法所含的地界为所缘而生,并以触等五法为首的名法组;……
အဿာသ ပဿာသ = ဝင်သက်လေ ထွက်သက်လေ ကောဋ္ဌာသ၌ တည်ရှိကြကုန်သော စိတ္တဇ သဒ္ဒ- နဝကကလာပ်၊ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် ဟူကုန်သော (၉)မျိုး၊ (၁၂)မျိုးကုန်သော ရုပ်တရားတို့တွင် ပထဝီဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို လည်းကောင်း --- ၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း ၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း ၃။ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်း --- ဟူသော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃)နည်းတို့တွင် အသိဉာဏ်၌ ထင်ရှားစွာ တည်လာသောနည်း တစ်နည်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ဤနည်းကား အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းတည်း။
还要摄取、观修取入息、出息这一身分中的地界为所缘而生、以触等五法为首的名法组;这里的色法,是称为心生声九法聚和声、轻快性等十二法聚的九种、十二种色法。在摄取名业处的三种方法——1.从触开始摄取;2.从受开始摄取;3.从能知之心,即识,开始摄取——当中,圣典指示应采用能在智中清楚呈现的任何一种方法,摄取、观修诸名法。这是 upalakkhaṇa-naya(举例显示之法)与 nidassana-naya(例示法),也就是“略举一端,余者依例自明”的方法。
ဤ ညွှန်ကြားထားတော်မူချက်အရ ဆံပင်ကောဋ္ဌာသ၌ ရုပ်သဘောတရား (၄၄)မျိုး ရှိရာ ထို (၄၄)မျိုး ကုန်သော ရုပ်တို့တွင် တစ်မျိုး တစ်မျိုးသော ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို အထက်ပါ (၆)လိုင်းတို့၌ ဖော်ပြထားခဲ့သော နည်းစနစ်တို့ကိုပင် အမှီပြု၍ ရှုပါ။ ဥပမာ ထို (၄၄)မျိုးကုန်သော ရုပ်တရားတို့တွင် ပါဝင်သော ရူပါရုံကို (= ဝဏ္ဏဓာတ်ကို) ရူပါရုံလိုင်းအတိုင်းပင် ရှုပါ။ ဂန္ဓ-ရသ စသည်တို့ကို လည်း နည်းတူပင် သဘောပေါက်ပါ။ ကျန်သော ကောဋ္ဌာသတို့၌လည်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့သည့် အတိုင်း ရနိုင်သမျှသော ရုပ်တရား အသီးအသီးကို နည်းမှီး၍ ရှုပါ။ ယင်းရုပ်တရားတို့တွင် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံ (၅)မျိုးမှ ကြွင်းကျန်သော ရုပ်တရားအားလုံးသည် ဓမ္မာရုံ အမည်ရသည်သာ ဖြစ်သည်။ ယင်းဓမ္မာရုံ ရုပ်တရားတို့ကိုလည်း ဓမ္မာရုံလိုင်း၌ နာမ်တရားတို့ကို သိမ်းဆည်းခဲ့သည့် နည်းစနစ်
依照这项指示,头发这一身分中有四十四种色法;对于取其中每一种色法为所缘而生起的名法,都应沿用前述六条所缘线所说明的方法观修。例如,四十四种色法中所含的色所缘,即颜色界,应按色所缘线来观;香、味等也同样理解。其余各身分中能够取得的每一种色法,也应依色业处部分的说明类推观修。在这些色法中,除色、声、香、味、触五种所缘以外,其余一切色法都称为法所缘。对于这些作为法所缘的色法,也只须依照法所缘线中摄取名法的
အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။
方法摄取、观修即可。
အထူးသတိပြု၍ ရှုရန်
观照时应特别注意
''ပထဝီဓာတု ကက္ခဠလက္ခဏာ'' (ဝိသုဒ္ဓိ-၂-၂၂၆။) ဤ (၄၂) ကောဋ္ဌာသတို့၌ ပထဝီဓာတ်၏ ကက္ခဠလက္ခဏာ၊ အာပေါဓာတ်၏ ပဂ္ဃရဏလက္ခဏာစသော ထိုထို ရုပ်တရားတို့၏ ထိုထို ဆိုင်ရာဆိုင်ရာ သဘာဝလက္ခဏာကိုသာ အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ ကို သိမ်းဆည်းရန် အထူးရည်ညွှန်းထားသဖြင့် ထိုထိုရုပ်တရားတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အထူး သဖြင့် အာရုံယူတတ်သော မနောဒွါရိကဇောဝီထိစိတ်အစဥ်များကို ဦးစားပေး၍ သိမ်းဆည်းရှုပွားသင့်ပေသည်။
“地界以坚硬为特相。”(《清净道论》2-226。)这里特别指示:在四十二身分中,应摄取各种色法各自相应的自性特相为所缘而生起的名法,例如地界的坚硬特相、水界的流动特相等。因此,应优先摄取、观修那些特别取各种色法各自自性特相为所缘的意门速行心路心相续。