四种正知(上)

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 358–381 页 · 221 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 358 页
သမ္ပဇဥ်လေးပါး
四种正知
၁။ သာတ္ထကသမ္ပဇဥ်၊ ၂။ သပ္ပါယသမ္ပဇဥ်၊ ၃။ ဂေါစရသမ္ပဇဥ်၊ ၄။ အသမ္မောဟသမ္ပဇဥ် --- ဤသို့လျှင် သမ္ပဇဥ် (၄)မျိုး ရှိ၏။
1.有益正知;2.适宜正知;3.行处正知;4.不痴正知。正知共有这四种。
၁။ သာတ္ထကသမ္ပဇဥ်
1.有益正知
ထိုသမ္ပဇဥ် (၄)မျိုးတို့တွင် --- ရှေ့သို့တက်လိုသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် စိတ်၏ အလိုအတိုင်း သာလျှင် မသွားသေးမူ၍ --- ''အသို့နည်း ဤနေရာသို့ သွားခြင်းဖြင့် ငါအား အကျိုးရှိလေမည်လော၊ မရှိလေ မည်လော'' --- ဟု အကျိုးရှိမှု အကျိုးမရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အကျိုးရှိမှုကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူ နိုင်ခြင်း သိမ်းဆည်းနိုင်ခြင်းသည် သာတ္ထကသမ္ပဇဥ် မည်၏။ (အဘိ-ဋ္ဌ-၂-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။)
在这四种正知中,当想要前进之心生起时,不立即只随心意而去,而先思量:“怎样?去这个地方,对我有利益还是没有利益?”如此以智辨别有益与无益,并且能够以智只选择、把握有益者,称为有益正知。(《殊胜义注》2-332;《中部义注》1-258。)
အကျိုးတရားဟူသည်
所谓利益
တတ္ထ စ အတ္ထောတိ စေတိယဒဿနဗောဓိဒဿနသံဃဒဿနထေရဒဿနအသုဘဒဿနာဒိဝသေန ဓမ္မတော ဝဍ္ဎိ။ (အဘိ-ဋ္ဌ-၂-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။) ထိုစကားရပ်ဝယ် အကျိုးဟူသည် --- စေတီတော်ကို ဖူးမြော်ရခြင်း၊ ဗောဓိပင်ကို ဖူးမြော်ရခြင်း၊ သံဃာ- တော်ကို ဖူးမြော်ရခြင်း၊ သံဃာထေရ်ကြီး ဆရာတော်ကြီးများကို ဖူးမြော်ရခြင်း၊ အသုဘရှုရခြင်း စသည်တို့၏ အစွမ်းဖြင့် ဓမ္မ၏ ကြီးပွားတိုးတက်မှုတည်း = ကုသိုလ်ဓမ္မ၏ ကြီးပွားတိုးတက်မှုတည်း။ (ဤစကားအရ ရှေ့သို့ တက်ခြင်း နောက်သို့ဆုတ်ခြင်းကြောင့် ကုသိုလ်တရား တိုးပွားခဲ့လျှင် ဤ သာတ္ထကသမ္ပဇဥ်ပိုင်း၌ အကျိုးရှိ၏ဟု ဆိုလိုပေသည်။)
“这里所谓利益,是由于礼见佛塔、礼见菩提树、礼见僧团、礼见长老、观看不净等,而在法上获得增长。”(《殊胜义注》2-332;《中部义注》1-258。)这里所说的利益,就是由礼见佛塔、礼见菩提树、礼见僧团、礼见僧团诸大长老〔诸大导师〕、观看不净等,而使法增长,也就是使善法增长。〔依这段话的意思,如果因为前进、退返而令善法增长,在有益正知这一部分中就称为“有利益”。〕
အကျိုးတရား ရရှိနိုင်ပုံ
如何获得利益
စေတီတော်ကိုလည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း ဖူးမြင်ရသည်ရှိသော် ဗုဒ္ဓါရမ္မဏပီတိ = ဘုရား ဂုဏ်လျှင် အာရုံရှိသော ပီတိသည် တစ်ဖွားဖွား ဖြစ်ပေါ်လာနိုင်၏။ ပီတိနှင့်တကွသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဥ်များတည်း။ ယင်းပီတိနှင့်တကွသော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဥ်တို့ကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောကို အာရုံယူ၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခဲ့သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ သံဃာတော်ကို ဖူးမြင်ရခြင်းဖြင့် သံဃာတော်၏ဂုဏ်လျှင် အာရုံရှိသော ပီတိကို ဖြစ်စေ၍ (= ပီတိနှင့် တကွသော မဟာကုသိုလ်ဇောဝီထိစိတ်အစဥ်ကို ဖြစ်စေ၍) ထိုပီတိ ကိုပင်လျှင် = ထိုပီတိနှင့် တကွသော မဟာကုသိုလ် မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဥ်ကိုပင်လျှင် ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောကို အာရုံပြု၍ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော်
礼见佛塔或菩提树时,以佛陀功德为所缘的喜,即“以佛陀为所缘之喜”(buddhārammaṇa-pīti),可能会不断涌现;这就是与喜相应的大善意门速行心路相续。若缘取这些与喜相应的大善意门速行心路相续所具有的灭尽—坏灭之性,把它们安立于三相之下而修观、审察,便可能证得阿罗汉果。又,因礼见僧团而生起以僧团功德为所缘的喜〔即与喜相应的大善速行心路相续〕以后,若缘取这种喜本身——即与喜相应的大善意门善速行心路相续——所具有的灭尽—坏灭之性,把它安立于三相之下而修观、审察,便可能
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ သံဃာ့ထေရ်ကြီးတို့ကို (= ဆရာတော်ကြီးတို့ကို) ဖူးမြော်ရ၍ ထိုမထေရ် ကြီးတို့၏ အဆုံးအမ သြဝါဒ၌ ရပ်တည်၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခဲ့သော်၊ အသုဘ အလောင်းကို အသုဘ ရှုရ၍ ထိုအသုဘ အလောင်းကောင်အာရုံ၌ ပထမစျာန်ကို ဖြစ်စေ၍ ထိုပထမစျာန်ကို ပင်လျှင် ကုန်တတ် ပျက်တတ်သော အနက်သဘောအားဖြင့် ခယ-ဝယ သဘောကို အာရုံယူ၍ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ ထိုကြောင့် စေတီ
证得阿罗汉果。礼见僧团诸大长老〔诸大导师〕以后,若能遵循这些长老的教诫、开示而修习毗婆舍那业处;或者观看不净尸体,以该不净尸体为所缘生起初禅,再缘取该初禅所具有的灭尽—坏灭之性,把它安立于三相之下而修观、审察,也可能证得阿罗汉果。因此,
原书第 359 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း တော်ကို ဖူးမြော်ရခြင်း၊ ဗောဓိပင်ကို ဖူးမြော်ရခြင်း၊ သံဃာတော်ကို ဖူးမြော်ရခြင်း၊ သံဃာ့ထေရ်ကြီးတို့ကို ဖူးမြော်ရခြင်း အသုဘရှုရခြင်း စသည်တို့ကို အကျိုးရှိ၏ဟူ၍ ဆိုအပ်ပေသည်။ (ဤအကျိုးတရားတို့ကား ရုပ် နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကိုလည်း ရရှိထားပြီးသော၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ကြောင်း-ကျိုး ဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သိမ်းဆည်းထားတတ်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း ရရှိပြီးသော၊ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သဖြင့် ဘင်္ဂဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဉာဏ်တို့ကိုလည်း ရရှိထားပြီးသော သူတော်ကောင်းတို့သာ ရရှိနိုင်သော အကျိုးတရားများပင် ဖြစ်သည်။)
礼见佛塔、礼见菩提树、礼见僧团、礼见僧团诸大长老、观看不净等,才被说成有利益。〔这些利益,只有已经具备下列修习的贤善者才能获得:他们能够把握色、名直至究竟法,因而已经获得名色分别智;能够把握过去、未来、现在三时中的因果相续——缘起法,因而已经获得缘摄受智;又能够把色、名及其因果——诸行法——安立于三相之下而修观、审察,因而已经获得直至坏灭智的诸观智。〕
ကေစိဆရာတို့ကား --- ''ပစ္စည်းအာမိသအားဖြင့် ကြီးပွားမှုသည်လည်း အကျိုးတရားပင် ဖြစ်၏၊ ထိုပစ္စည်း လေးပါးကို အမှီပြု၍ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနာ့ဗြဟ္မစရိယ၊ အရိယ မဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ ဤဗြဟ္မစရိယ အမည်ရသော သာသနာတော်ကို ချီးမြှောက်ခြင်းငှာ ကျင့်ခွင့် ရရှိနိုင်သောကြောင့်တည်း''--- ဟု ဆိုကြ၏။ (အဘိ-ဋ္ဌ-၂-၃၃၂။ မ-ဋ္ဌ-၁-၂၅၈။)
有些论师则说:“物质资具方面的增长也是一种利益;因为依止这四种资具,便有机会修习教法梵行——戒、定、慧三学之胜行——以及道梵行——圣道——,从而护持这项称为‘梵行’的教法。”(《殊胜义注》2-332;《中部义注》1-258。)
၂။ သပ္ပါယသမ္ပဇဥ်
2.适宜正知
ထိုသို့ စေတီတော်ကို ဖူးမြော်လိုခြင်း စသော ဦးတည်ချက်ဖြင့် သွားရာ၌ --- သပ္ပါယ ဖြစ်မှု သပ္ပါယ မဖြစ်မှုကို (= တော်-မတော်ကို) ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သပ္ပါယ ဖြစ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း လိုက်နာ ပြုကျင့်နိုင်ခြင်းသည် --- သပ္ပါယသမ္ပဇဥ် မည်၏။
为了礼拜佛塔等目的而前往时,以智慧辨别是否适宜——即合适或不合适——并能以智慧只选择适宜者而依之实行,这称为适宜正知。
စေတီတော်ကို ဖူးမြော်ရခြင်းသည် အကျိုးရှိသည်ကား မှန်၏၊ သို့သော် စေတီတော်အား အကြီးအကျယ် ပူဇော်သည့် ဘုရားပွဲကြီး ကျင်းပလျက် ပူဇော်ကြသည် ဖြစ်ကုန်အံ့၊ ဆယ်ယူဇနာ၊ တစ်ဆယ့်နှစ်ယူဇနာ အတွင်း ၌ တည်ရှိကြကုန်သော ပရိသတ်တို့သည် စုဝေးမိကြကုန်သည် ဖြစ်ကုန်အံ့၊ မိမိ၏ စည်းစိမ်ဥစ္စာနှင့် လျော်စွာ အမျိုးသမီးတို့သည်လည်းကောင်း၊ အမျိုးသားတို့သည်လည်းကောင်း တန်ဆာအမျိုးမျိုး ဆင်ယင်ထုံးဖွဲ့ကြကုန် လျက် ပန်းချီဆေးရေးရုပ်တို့ကဲ့သို့ လှည့်လည်နေကြကုန်သည် ဖြစ်အံ့။ ထိုဘုရားပွဲတော်၌ ထိုယောဂါဝစရပုဂ္ဂိုလ် အား ဣဋ္ဌာရုံနှင့် တွေ့ကြုံသော် ယင်းဣဋ္ဌာရုံ၌ တွယ်တာတပ်မက်မှု လိုလားတောင့်တမှု လောဘတရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့၊ အနိဋ္ဌာရုံနှင့် တွေ့ကြုံခဲ့သော် ယင်းအနိဋ္ဌာရုံ၌ စိတ် ခက်ထန် ကြမ်းတမ်းမှု ပဋိဃ တရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့၊ ယင်းအာရုံ အမျိုးမျိုးကို ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော အာရုံ၏
礼拜佛塔固然有利益。然而,若正在举行盛大的塔会,对佛塔作大规模供养,十乃至十二由旬范围内的大众都聚集而来;男女又各随自己的财富,以种种饰物装扮,宛如彩绘人像般往来游行,那么,在这场塔会中,这位瑜伽行者遇到可意所缘时,可能对该可意所缘生起黏著、贪求的贪;遇到不可意所缘时,也可能对该不可意所缘生起心的刚强粗暴——嗔恚。对于这些依欲乐领域而显现的种种所缘,
သဘောမှန် ပရမတ္ထဓမ္မသဘာဝမှန်ကို ထွင်းဖောက် မသိမြင်တတ်သည့် အာရုံ၏ သဘောမှန်ကို ဂရုမစိုက် လိုက်မိသည့် အညာဏုပေက္ခာ၏ အစွမ်းဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ခြင်း အယောနိသော- မနသိကာရအားဖြင့် (ယောကျာ်း မိန်းမ လှ-မလှ စသည်ဖြင့်) ရှုမိသဖြင့် စွဲယူမိသဖြင့် မောဟတရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့။ တိုးရ ဝှေ့ရသဖြင့် အမျိုးသမီးများနှင့် ထိခိုက်မိသဖြင့် ကာယသံသဂ္ဂအာပတ်သို့မူလည်း ရောက်ရှိနိုင်ငြားအံ့၊ ဆင်တိုက်မိခြင်း ယာဥ်တိုက်မိခြင်း စသည်တို့ကြောင့် အသက်၏ အန္တရာယ်သည်မူလည်း ဖြစ်နိုင်ငြားအံ့၊ ဝိသဘာဂအာရုံ အမျိုးမျိုးတို့နှင့် တွေ့ကြုံရခြင်းကြောင့် သာသနာတော်၌ မပျော်ပိုက်တော့ဘဲ လူထွက်လိုသော စိတ်ဓာတ် ပေါ်လာတတ်ကာ မိမိကျင့်နေသော သီလ သမာဓိ ပညာဟူသော မြတ်သော အကျင့် ဗြဟ္မစရိယ၏ အန္တရာယ်မူလည်း ဖြစ်ပေါ်လာနိုင်ငြားအံ့။ ဤသို့ ဖြစ်ပေါ်နိုင်ခဲ့သော် ထိုဘုရားပွဲတော်
若不能如实洞见它们的真实性质、究竟法的真实自性;又由于无智舍,对所缘的真实性质漫不经心,加上不能以正确方法作意所缘的不如理作意,把它看作并执取为“男人、女人、美、不美”等,痴就可能生起。又由于人群拥挤、彼此推挤,若碰触到女性,也可能犯身触罪;由于被象撞、被车辆撞等,也可能遭遇生命危险;由于遇到种种异性所缘,可能不再乐于佛陀的教法,生起还俗之心,从而危及自己正在修行的戒、定、慧——也就是殊胜的梵行。若可能发生这些情形,
ကျင်းပရာ စေတီတော်ဌာနသည် အသပ္ပါယ ဖြစ်၏။ (မသွားသင့်သေးသော မတော်သော အရပ် ဖြစ်သည် ဟူလိုသည်။) ပြောဆိုအပ်ခဲ့ပြီးသော အန္တရာယ် အမျိုးမျိုးသည် မဖြစ်လတ်သော် သပ္ပါယတည်း။ (သွားသင့်၏ ဟူလိုသည်။) ဗောဓိပင်ကို ဖူးမြော်ရခြင်း၌လည်း နည်းတူပင် မှတ်ပါ။ (အဘိ-ဋ္ဌ-၂-၃၃၂-၃၃၃။)
这场塔会的举办处便是不适宜的,意思是那是目前不应前往、不合适的地方。若上述种种危险都不会发生,那里便是适宜的,意思是可以前往。礼拜菩提树时也应依同一方法理解。(《殊胜义注》2-332—333。)
原书第 360 页
သံဃာတော်ကို ဖူးမြော်ရခြင်းသည်လည်း အကျိုးရှိသည်သာ ဖြစ်၏။ သို့သော် ရွာတွင်း၌ မဏ္ဍပ်ကြီး ဆောက်လုပ်၍ ညဥ့်သုံးယာမ်တို့ပတ်လုံး တရားနာကြားခြင်း အမှုကို ပြုလုပ်နေကြသော လူသားတို့တွင် အထက် ဘုရားပွဲတော်၌ ဆိုခဲ့သည့်အတိုင်း ကြီးစွာသော လူစုလူဝေးကြီးသည်လည်းကောင်း၊ အန္တရာယ်သည်လည်း ကောင်း ရှိငြားအံ့၊ ဤသို့ ဖြစ်ခဲ့သော် ထိုအရပ်ဌာနကား အသပ္ပါယ ဖြစ်၏၊ မသွားသင့်သော နေရာ ဖြစ်၏။
拜见僧团也确实有利益。然而,若村中搭起大法棚,大众在初夜、中夜、后夜三个夜分都在听法,并且像上述塔会一样人群极其拥挤,又存在种种危险,那么该处便是不适宜、不可前往的地方。
အကယ်၍ အသက်၏ အန္တရာယ်၊ ဗြဟ္မစရိယဟူသော မြတ်သောအကျင့်၏ အန္တရာယ် မရှိခဲ့ပါမူကား ထိုနေရာ သည် သပ္ပါယ ဖြစ်၏၊ သွားရန် သင့်တော်၏။ များပြားသော ပရိသတ်အခြံအရံ ရှိကြကုန်သော မထေရ်ကြီးတို့ကို ဖူးမြော်ရခြင်း၌လည်း ဤနည်းတူပင်တည်း။ (အဘိ-ဋ္ဌ-၂-၃၃၂-၃၃၃။ မ-ဋ္ဌ-၁-၂၅၈-၂၅၉။) အသုဘရှုခြင်းသည်လည်း အကျိုးရှိသည်သာ ဖြစ်၏။ ထိုအကျိုးရှိမှုကို ထင်ရှားပြခြင်းငှာ ဤသည်မှာ ဝတ္ထုတစ်ခု ဖြစ်၏။ --- ရဟန်းငယ်တစ်ပါးသည် သာမဏေတစ်ပါးကို ခေါ်ဆောင်၍ တံပူ (ဒန်ပူ) ပြုလုပ်ရန် တံပူသားအလို့ငှာ သွား၏။ ရှင်သာမဏေသည် လမ်းပေါ်မှ ဘေးဘက်သို့ အနည်းငယ် ဆင်းသက်၍ ရှေ့သို့ သွားလတ်သော် အသုဘအလောင်းကောင် တစ်ခုကို တွေ့မြင်ရ၍ ယင်း အသုဘနိမိတ်ကိုပင် အာရုံယူ၍ အသုဘပထမစျာန်ကိုရအောင် ထိုနေရာ၌ပင် ကြိုးစားအားထုတ်တော်မူ၏။ အသုဘပထမစျာန်ကို ဖြစ်စေပြီး၍ ထိုအသုဘပထမစျာန်ကိုပင် ဝိပဿနာ၏ အခြေပါဒကပြု၍ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရ
若没有生命危险,也没有危及称为梵行的殊胜修行,那里便是适宜的,可以前往。拜见有众多随从的大长老时,也依同一方法理解。(《殊胜义注》2-332—333;《中部义注》1-258—259。)观不净也确实有利益。为了说明这种利益,有如下故事:一位年轻比丘带着一名沙弥,为寻找制作洁齿木的木材而外出。沙弥稍稍离开道路、向前走去,看见一具不净尸体;他就以该不净相为所缘,当场努力修习,以求证得不净初禅。使不净初禅生起以后,他又以该不净初禅作为毗婆舍那的基础,把名为苦谛、集谛的诸行
တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်လျက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို သုံးသပ်ရှုပွားခဲ့သည်ရှိသော် မဂ်အစဥ် ဖိုလ်အစဥ်အားဖြင့် အနာဂါမိမဂ်-ဖိုလ်သို့တိုင်အောင် ဆိုက်ရောက်တော်မူသွားပေ၏။ သို့သော် ထို မျှတွင် ရပ်တန့်မနေဘဲ အရဟတ္တမဂ်ဟူသော အထက်မဂ်ဉာဏ်အလို့ငှာ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားဟူသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ကမ္မဋ္ဌာန်းကို သိမ်းဆည်းလျက် ထိုနေရာမှာပင် ဆက်လက်၍ ရပ်တည်နေ၏။
安立于三相之下而审察、观修毗婆舍那业处,于是依次生起诸道与诸果,直至证得不还道果。然而,他并未就此停止;为了证得更高的道智——阿罗汉道,他继续辨识作为观智所观对象与业处的色、名及其因果,也就是诸行,仍站在原处继续修习。
ရဟန်းငယ်က ထိုရှင်သာမဏေကို မမြင်တွေ့ရသည်ရှိသော် --- ''သာမဏေရ သာမဏေရ = ကိုရင် ကိုရင်'' ဟု ခေါ်လိုက်၏။
年轻比丘没有看见那名沙弥,便呼唤道:“သာမဏေရ သာမဏေရ(sāmaṇera, sāmaṇera)——沙弥!沙弥!”
〔ရှင်သာမဏေ ပြုသည့်နေ့မှစ၍ ရဟန်းတို့၏ စကားကို အစဥ်လိုက်၍ ပြောဆိုတတ်သော စကားသည် ယင်းရှင်သာမဏေ၏ အမြဲလေ့ကျင့်ထားသော ပထမစကား ဖြစ်၏။ ရဟန်းတော်တို့၏ စကားကို အစဥ်လိုက်၍ မပြောဆိုတတ်သော ဆန့်ကျင်ဘက်စကားသည်ကား ဒုတိယစကား ဖြစ်၏။ ဤရှင်သာမဏေကား ပထမစကား တစ်မျိုးသာ ပြောဆိုလေ့ရှိ၏။ ဒုတိယစကားမျိုးကို မည်သည့်အခါမျှ မပြောဆိုတတ်ပေ။ ထိုကြောင့် ဤသာမဏေ သည် စကားနှစ်မျိုး မပြောဆိုဖူးသော သာမဏေ ဖြစ်ပေသည်။ (မ-ဋီ-၁-၃၅၅။)〕 ထိုအခါ ထိုသာမဏေက ဤသို့ စဥ်းစား၏ --- ''ငါသည် ရှင်သာမဏေဖြစ်သည့်နေ့မှ စ၍ ရဟန်းတော်နှင့် အတူတကွ စကားနှစ်မျိုး မည်သည်ကို မပြောဆိုခဲ့စဖူးပေ။ နောက်တစ်နေ့ ရောက်မှပင် အထက်မဂ်ဉာဏ် ဖိုလ် ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ဖြစ်စေအံ့'' --- ဟု စဥ်းစား၏။ ထိုသို့ စဥ်းစား စိတ်ကူးပြီးနောက် --- ''အရှင်ဘုရား ဘာပါလဲ'' --- ဟု ပြန်လည် လျှောက်ထားလိုက်၏။ ''လာပေတော့''ဟု ခေါ်လိုက်သော် တစ်ခွန်း
〔自从出家为沙弥之日起,随顺比丘所说而回答,是这位沙弥一向练习的“第一种话”;不随顺比丘所说、反而说相违之语,则是“第二种话”。这位沙弥一向只说第一种话,从来不说第二种话,所以称他为从未说过两种话的沙弥。(《中部复注》1-355。)〕这时,沙弥心想:“自从成为沙弥以来,我从未对比丘说过两种不同的话。至于更高道智、果智这一殊胜高妙之法,就留待改日再成就吧。”如此思惟以后,他回答道:“尊者,有什么事吗?”比丘只唤了一句:“过来吧。”
တည်းသော စကားဖြင့်ပင် လာလတ်၍ ''အရှင်ဘုရား …ရှေ့ဦးစွာ ဤလမ်းဖြင့် ကြွသွားတော်မူပါ၊ ကြွသွား ပြီးလျှင် တပည့်တော် မတ်တတ်ရပ်နေခဲ့သည့် နေရာ၌ပင် အတန်ငယ် အရှေ့ဘက်သို့ မျက်နှာမူ၍ ရပ်တော် မူကာ ကြည့်ရှုတော်မူပါ''ဟု လျှောက်ထား၏။
沙弥听到这一句话便走了过来,禀告说:“尊者,请您先沿这条路走;到了以后,就在我方才站立的地方,面向稍偏东方站住观看。”
ထိုရဟန်းငယ်သည် ထိုရှင်သာမဏေက လျှောက်ထားလိုက်သည့်အတိုင်း ပြုကျင့်ခဲ့သည်ရှိသော် ထိုရှင် သာမဏေ ရရှိသည့် အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင်သော တရားထူး တရားမြတ်သို့ပင် ဆိုက်ရောက် တော်မူခဲ့၏။
年轻比丘依照沙弥所说而行,也证得了沙弥已经证得的殊胜高妙之法,直至不还道智与果智。
原书第 361 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဤသို့လျှင် တစ်ခုသော အသုဘအလောင်းကောင်သည် လူသားနှစ်ဦးတို့၏ အကျိုးရှိဖို့ရန်အတွက် ဖြစ် ပေါ်လာခဲ့၏။ ဤသို့ အကျိုးရှိသည်မှန်သော်လည်း ဤအသုဘအလောင်းကောင်သည် ယောကျာ်းယောဂီအား အမျိုးသမီး အသုဘအလောင်းကောင်သည် အသပ္ပါယ ဖြစ်၏၊ မသင့်တော်ပေ။ အမျိုးသမီးယောဂီအားလည်း ယောကျာ်း အသုဘအလောင်းကောင်သည် အသပ္ပါယ ဖြစ်၏၊ မသင့်တော်ပေ။ ယောကျာ်းယောဂီအား ယောကျာ်း အသုဘအလောင်းကောင်၊ အမျိုးသမီးယောဂီအား အမျိုးသမီး အသုဘအလောင်းကောင်သည်သာလျှင် သပ္ပါယ ဖြစ်၏။ အသုဘစျာန်ရအောင် ပွားများရန် သင့်တော်၏။ ဤသို့ သပ္ပါယ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် ပိုင်းဖြတ်ပြီး နောက် သပ္ပါယဖြစ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားနိုင်ခြင်းသည် သပ္ပါယသမ္ပဇဥ် မည်၏။
如此,一具不净尸体为两个人带来了利益。虽有这样的利益,但对男性禅修者而言,女性尸体是不适宜、不合适的;对女性禅修者而言,男性尸体同样是不适宜、不合适的。对男性禅修者,只有男性尸体适宜;对女性禅修者,只有女性尸体适宜,适合作为培育不净禅那的对象。如此以智慧判别适宜与不适宜,再以智慧只选择适宜者,这称为适宜正知。
(အဘိ-ဋ္ဌ-၂-၃၃၃။ မ-ဋ္ဌ-၁-၂၅၉။)
(《殊胜义注》2-333;《中部义注》1-259。)
〔မှတ်ချက် ---- သမထပိုင်း၌ကား ယောကျာ်းယောဂီအတွက် ယောကျာ်း အသုဘအလောင်းကောင်သည် သဘာဂတည်း။ အမျိုးသမီးယောဂီအတွက် အမျိုးသမီး အသုဘအလောင်းကောင်သည် သဘာဂတည်း။
〔按:在止修部分,对男性禅修者而言,男性不净尸体属于同性(sabhāga);对女性禅修者而言,女性不净尸体属于同性。
သမထပိုင်း၌ကား စျာန်ကိုရအောင် အားထုတ်ရသည့်အပိုင်း ဖြစ်သဖြင့် သဘာဂအလောင်းကောင်တစ်ခုတည်း ကိုသာ စူးစူးစိုက်စိုက် ရှုနေရ၏။ စျာန်ရသည့်တိုင်အောင် ရှုရ၏။ အကယ်၍ ဝိသဘာဂအလောင်းကောင်ကို စူးစူးစိုက်စိုက် ရှုမိပါက ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါမျိုး၌ ယင်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သမာဓိနှင့် ယှဥ်တွဲလျက် ပီတိ သုခတို့ ဖြစ်ပေါ်လာသောအခါ ရာဂ ဝင်လာတတ်၏။ ရရှိ ပြီးသမာဓိမှ လျှောကျတတ်၏။ အထက် စျာန်သမာဓိသို့လည်း မတက်နိုင် ရှိတတ်၏။ ထိုကြောင့် သမထပိုင်း၌ သဘာဂအလောင်းကောင်ကိုသာ ရှုရခြင်း ဖြစ်၏။ သို့သော် ဝိပဿနာပိုင်း၌ကား သီရိမာ၏ အလောင်းကောင် တစ်ခုကိုပင် ရဟန်းယောကျာ်းပရိသတ်၊ ရဟန်းမိန်းမပရိသတ်၊ လူယောကျာ်းပရိသတ်၊ လူမိန်းမပရိသတ်ဟူသော ပရိသတ် လေးပါးလုံးကိုပင် အသုဘဘာဝနာကို ပွားများခိုင်းသည့် ထုံးဟောင်းများ ဝိဇယသုတ္တန် စသည်တို့၌
止修是为了努力证得禅那,所以必须专注地只观同性尸体,一直观到证得禅那为止。若专注观察异性(visabhāga)尸体,到了似相显现时,以该似相为所缘的定生起,喜、乐又与定相应而生,这时贪欲可能乘隙而入;已经获得的定可能退失,也可能无法进升更高的禅定。因此,在止修部分只观同性尸体。然而在观修部分,古来已有这样的先例:对于 Sirimā 的同一具尸体,令比丘众、比丘尼众、男居士众与女居士众四众都修习不净观;《Vijaya Sutta》等也有
လာရှိသည့်အတွက် သဘာဂ-ဝိသဘာဂ အလောင်းကောင် နှစ်မျိုးလုံးကိုပင် ရှုနိုင်သည်။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။〕
此类记载,所以观修时同性、异性两类尸体都可以观照。其道理将在毗婆舍那部分说明。〕
၃။ ဂေါစရသမ္ပဇဥ်
3.行处正知
ဤသို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော သာတ္ထကသမ္ပဇဥ် သပ္ပါယသမ္ပဇဥ် ရှိသော ယောဂါဝစရ ရဟန်းတော်သည် (၃၈)မျိုးကုန်သော သမထကမ္မဋ္ဌာန်းတို့တွင် မိမိ၏ စိတ်ကြိုက် ဖြစ်သော ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဂေါစရကို (= ကမ္မဋ္ဌာန်း အာရုံကို) ဥဂ္ဂဟနိမိတ် ဖြစ်ပေါ် ပြီးစီးနိုင်လောက်အောင် သင်ယူ၍ ဆွမ်းခံလှည့်လည်ရာ၌ ထိုကမ္မဋ္ဌာန်းကို ယူ၍သာလျှင် = နှလုံးသွင်း၍ ဆွမ်းခံသွားခြင်းသည် --- ဂေါစရသမ္ပဇဥ် မည်၏။ (အဘိ-ဋ္ဌ-၂-၃၃၃။ မ-ဋ္ဌ ၁-၂၅၉။) 〔မှတ်ချက် --- ဤဖွင့်ဆိုချက်များအရ ဂေါစရသမ္ပဇဥ်ကား သမထပိုင်းနှင့်သာ ဆိုင်သည်ဟု မှတ်ပါ။ အာ- ကာသကသိုဏ်းကို အာကာသာနဉ္စာယတနစျာန်၌လည်းကောင်း၊ အာလောကကသိုဏ်းကို သြဒါတကသိုဏ်း ၌လည်းကောင်း သွင်းယူ၍ သမထကမ္မဋ္ဌာန်း (၃၈)မျိုးဟု ဖွင့်ဆိုထားသည်။ ဤဂေါစရသမ္ပဇဥ်သည် သမထ ကမ္မဋ္ဌာန်းကို ဦးတည်ထားသော်လည်း မိမိက သမထပိုင်းကို ကျော်လွန်၍ ဝိပဿနာပိုင်းသို့ ရောက်ရှိနေသော
具有以上述方式以智慧辨明、把握的有益正知与适宜正知以后,瑜伽行比丘在三十八种止业处中,学习称为自己心所喜业处的“行处”——即业处所缘——直到足以使取相生起;托钵时仍摄持、作意该业处而行,这称为行处正知。(《殊胜义注》2-333;《中部义注》1-259。)〔按:依这些解释,应知行处正知只与止修部分有关。这里把虚空遍摄入空无边处禅,又把光明遍摄入白遍,因而解释为三十八种止业处。行处正知虽然以止业处为目标,但若修行者已经超越止修、进入观修阶段,
သူတော်ကောင်း ဖြစ်ပါမူ သမထနှင့် ဝိပဿနာ နှစ်မျိုးလုံးကိုပင် ပွားများအားထုတ်နိုင်သည်သာ ဖြစ်သည်။
那么止与观两者当然都可以修习。
ဂေါစရသမ္ပဇဥ်ကား သမထပိုင်းနှင့် ဆိုင်၍ လာမည့် အသမ္မောဟသမ္ပဇဥ်ကား ဝိပဿနာပိုင်းနှင့် သက်ဆိုင် သဖြင့် ခွဲ၍ ဖွင့်ဆိုခြင်းသာ ဖြစ်သည်။ ဆွမ်းခံသွားရာ ပြန်ရာတို့၌ ဝိပဿနာမရှုကောင်းဟု အယူအဆ မမှားစေ လိုပါ။〕
之所以分别解释,只是因为行处正知属于止修部分,而下面将说的不痴正知属于毗婆舍那部分。切勿误以为在前往托钵及托钵返回时不可以修观。〕
原书第 362 页
ကျင့်ဝတ် (၄) မျိုး
四种行持方式
ဤသာသနာတော်၌ ---
在此教法中,比丘的行持有以下四种:
က။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏၊ ဆွမ်းခံရွာမှ အပြန်- ၌ကား ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။
甲.有些比丘在前往托钵时摄持业处、用功修习;从托钵村返回时,则不摄持业处,也不用功。
ခ။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။ ဆွမ်းခံရွာမှ အပြန်- ၌ကား ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။
乙.有些比丘在前往托钵时不摄持业处,也不用功;从托钵村返回时,才摄持业处、用功修习。
ဂ။ အချို့သော ရဟန်းကား ဆွမ်းခံအသွား၌လည်း ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။ ဆွမ်းခံရွာမှ အပြန် ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။
丙.有些比丘无论前往托钵,还是从托钵村返回,都不摄持业处,也不用功。
ဃ။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။ ဆွမ်းခံရွာမှ အပြန်၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။
丁.有些比丘无论前往托钵,还是从托钵村返回,都摄持业处、用功修习。
ထိုဂေါစရသမ္ပဇဥ်ကို ထင်ရှားဖော်ပြရန်အတွက် ဤစတုက္ကကို သိသင့်ပေသည်။
为了清楚说明行处正知,应当了解这一组四法。
(က) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းဆောင်၍ အပြန်၌ မဆောင်သူ
(甲)前往托钵时摄持业处,返程不摄持者
(က) ထိုရဟန်းလေးမျိုးတို့တွင် အကြင် ရဟန်းတော်တစ်ပါးသည် တစ်နေ့ပတ်လုံး စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ဆို့တတ်ကုန်သော နီဝရဏတရားတို့မှ စိတ်ကိုစင်ကြယ်အောင် သုတ်သင်ပြီး၍ (=ဥပ- စာရသမာဓိ၊ အပ္ပနာသမာဓိ ဟူသော သမာဓိ တစ်ခုခုကို ရရှိအောင် ကြိုးစားအားထုတ်လျက် နီဝရဏ အညစ် အကြေးတို့မှ စိတ်ကို ကင်းဝေးစေပြီးလျှင်) အလားတူပင် ညဥ့်၏ ပထမယာမ် ကာလပတ်လုံး နီဝရဏ အညစ် အကြေးတို့မှ စိတ်ကို စင်ကြယ်အောင် သုတ်သင်၏။ မဇ္ဈိမယာမ် = သန်းခေါင်ယာမ်၌ကား ကျိန်းစက်၍ ပစ္ဆိမ ယာမ် = မိုးသောက်ယာမ်၌လည်း ထိုင်ခြင်း စင်္ကြံသွားခြင်းတို့ဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် အချိန်ကို ကုန် လွန်စေ၏။ ခပ်စောစောပင်လျှင် စေတီရင်ပြင်၌ ပြုကျင့်ရသည့် စေတီယင်္ဂဏဝတ်၊ ဗောဓိပင်၌ ဖြည့်ကျင့်ရသည့် ဗောဓိယင်္ဂဏဝတ်တို့ကို ပြုလုပ်၍ ဗောဓိပင်၌ ရေသွန်းလောင်း၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထား၏၊
在这四类比丘中,有一位比丘整日以经行、坐禅,使自己的心从障碍善法的诸盖中清净〔也就是努力成就近行定或安止定中的一种,使心远离诸盖垢染〕。初夜期间,他也同样净除诸盖垢染;中夜睡眠;后夜则以坐禅、经行作意业处,度过时光。天色尚早,他便履行塔院行持与菩提树院行持,向菩提树浇水,备好饮用水与日用水;
ဆရာသမားတို့အပေါ်၌ လိုက်နာပြုကျင့်ရသည့် အာစရိယဝတ်၊ ဥပဇ္ဈာယ်ဆရာတို့ အပေါ်၌ လိုက်နာပြုကျင့်ရ သည့် ဥပဇ္ဈာယဝတ် အစရှိကုန်သော ခန္ဓကဝတ် အားလုံးတို့ကို ဆောက်တည်၍ ကျင့်၏။
并受持、履行奉事轨范师的行持、奉事亲教师的行持等《犍度》所制的一切行持。
ထိုရဟန်းသည် မျက်နှာသစ်ခြင်း ကျင်ကြီး ကျင်ငယ် စွန့်ခြင်း စသော ကိုယ်လက်သုတ်သင်ခြင်း အမှုကို ပြု၍ ကျောင်းတွင်းသို့ ဝင်လျက် နှစ်ကြိမ် သုံးကြိမ် တင်ပလဒင်ခွေကာ တရားထိုင်၏၊ အပူငွေ့ကို ရအောင်ယူ၏။
这位比丘洗脸、大小便利,完成清洁身体等事后,进入寺内,盘腿静坐两三次,使身体暖和起来。
ကမ္မဋ္ဌာန်း အားထုတ်ပြီးနောက် ဆွမ်းခံချိန်သို့ ရောက်လတ်သော် တရားထိုင်ရာမှ ထ၍ ကမ္မဋ္ဌာန်းကို ဦးတည် လျက်သာလျှင် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် သပိတ် သင်္ကန်းကို ယူဆောင်၍ ကျောင်းမှ ထွက်ခဲ့၏။
修习业处之后,到了托钵时间,他便从座上起来;仍以业处为先——也就是一心作意业处——带上钵与衣,离开寺院。
ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် (= မိမိ အားထုတ်နေကျ ဆောင်နေကျ ဖြစ်သည့် ပါရိဟာရိယကမ္မဋ္ဌာန်း ကို မစွန့်မူ၍သာလျှင်) စေတီရင်ပြင်တော်သို့ သွား၏။ အကယ်၍ မိမိ၏ အမြဲဆောင်ထားသော ပါရိဟာရိယ ကမ္မဋ္ဌာန်းသည် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ဖြစ်အံ့၊ ထိုဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကိုပင် မစွန့်လွှတ်မူ၍သာလျှင် စေတီ ရင်ပြင်တော်သို့ ဝင်လေ၏။ အကယ်၍ မိမိ အမြဲအားထုတ်နေသော ပါရိဟာရိယကမ္မဋ္ဌာန်းမှာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းမှ အခြားတစ်ပါးသော အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော ကမ္မဋ္ဌာန်းတစ်ခုခု ဖြစ်အံ့၊ စေတီရင်ပြင်တော်သို့ ဝင်ရာ စောင်းတန်းလှေခါးဦး၌ မတ်တတ်ရပ်၍ --- လက်ဖြင့် ကိုင်တွယ်လာသော လက်ထဲ၌ ပါလာသော ဘဏ္ဍာ ထုတ်ကဲ့သို့ --- ထိုကမ္မဋ္ဌာန်းကို ချထားခဲ့၍ ဘုရားဂုဏ်တော်လျှင် အာရုံရှိသော ဗုဒ္ဓါရမ္မဏပီတိကို ရအောင်ယူ
他一路只作意业处〔即不舍平日反复修习、持续摄持的随身业处〕,前往塔院。如果自己的随身业处是佛随念,他便不舍佛随念业处而进入塔院。若平日常修的是佛随念以外的某种业处,例如入出息念业处,那么在进入塔院时,他就站在斜廊阶梯入口,如同暂放下手中携来的珍宝包袱一般,先把该业处暂且放下,转而使缘取佛功德的缘佛之喜
原书第 363 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အပ်၏။ ယူပြီးသောအခါ စေတီရင်ပြင်သို့ တက်၍ ကြီးမားသော စေတီတော်ကြီး ဖြစ်အံ့၊ သုံးကြိမ်တိုင်တိုင် လကျာ်ရစ် လှည့်၍ လေးဌာနတို့၌ ရှိခိုးပါ။ အကယ်၍ စေတီငယ် ဖြစ်အံ့၊ အလားတူပင် သုံးကြိမ်တိုင်တိုင် လကျာ်ရစ် လှည့်၍ ရှစ်ဌာနတို့၌ ရှိခိုးအပ်၏။ စေတီတော်ကို ရှိခိုးပြီး၍ ဗောဓိရင်ပြင်သို့ ရောက်ရှိလာသော ရဟန်းသည်လည်း ဘုန်းတော် (၆)ပါးသခင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ မျက်မှောက်တော်၌ကဲ့သို့ တုပ်ဝပ်ရိုကျိုး သော အခြင်းအရာကို ထင်ရှားပြ၍ ဗောဓိပင်ကို ရှိခိုးအပ်၏။
生起。生起之后,他登上塔院;若是大塔,便右绕三匝,在四处礼拜;若是小塔,也同样右绕三匝,在八处礼拜。礼塔之后来到菩提树院时,应如身处具足六种威德的正等觉佛陀面前,显出俯伏谦恭的姿态,礼拜菩提树。
〔မှတ်ချက် --- ကျောင်းမှ ထွက်ခွာလာပြီးမှ တွေ့ရှိရသော ဤဗောဓိပင်နှင့် စေတီတော်တို့ကား နံနက်စော စော အိပ်ရာမှထ၍ ဝတ်ကြီး ဝတ်ငယ် ပြုထားပြီးသော စေတီတော်နှင့် ဗောဓိပင်တို့ မဟုတ်ကြဘဲ ဆွမ်းခံသွား ရာလမ်း၌ တွေ့ရှိရသော အခြားအခြားသော စေတီတော်နှင့် ဗောဓိပင်တို့သာ ဖြစ်ကြသည်။ (သီ-ဋီ-သစ်။)〕 ထိုရဟန်းသည် ဤသို့ စေတီတော်ကိုလည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း ရှိခိုးပြီး၍ ဘဏ္ဍာထုတ် ကို သိမ်းထားသော နေရာသို့ သွား၍ သိမ်းထားသော ဘဏ္ဍာထုတ်ကို လက်ဖြင့် ကိုင်ယူလိုက်ဘိသကဲ့သို့ စေတီ တော်၏ လှေခါးစောင်းတန်းဦး၌ ချထားခဲ့သော မိမိ အမြဲအားထုတ်နေကျ ပါရိဟာရိယ ကမ္မဋ္ဌာန်းကို ယူ၍ နှလုံးသွင်း၍ ရွာ၏အနီးအပါး တစ်နေရာ၌ ကမ္မဋ္ဌာန်းကို ဦးတည်လျက်သာလျှင် နှလုံးသွင်းလျက်သာလျှင် သင်္ကန်းရုံ၍ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်သွား၏။ ထိုအခါ၌ ထိုရဟန်းကို ဒါယကာ ဒါယိကာမတို့က
〔注意:这里所说的菩提树与佛塔,是离开寺院后在托钵途中遇到的其他菩提树与佛塔,并非清晨起身、履行各项行持时已经奉事的那一座佛塔和菩提树。(出处原记“သီ-ဋီ-သစ်”;书目待核。)〕这位比丘这样礼塔、礼菩提树之后,便走到先前如同存放珍宝包袱般暂置业处的地方;又像用手取回包袱一样,在塔院斜廊阶梯入口重新摄持自己的随身业处,加以作意。到了村庄附近某处,他仍以业处为先、持续作意,披好袈裟,入村托钵。这时,诸男施主与女施主
ဖူးတွေ့ရ၍ ''ငါတို့၏ အရှင်မြတ်သည် ကြွလာတော်မူပြီ''ဟု ခရီးဦးကြိုဆို၍ သပိတ်လှမ်းယူ၏၊ ရွာတွင်း ဆွမ်း စားဇရပ်၌လည်းကောင်း၊ သို့မဟုတ် အိမ်၌လည်းကောင်း သီတင်းသုံးစေကြကုန်၏။ ယာဂုကို ပေးလှူကြကုန် ၏။ ဆွမ်းမကျက်သေးသမျှ ကာလပတ်လုံး ရဟန်း၏ ခြေတော်တို့ကို ဆေးကြောလျက် သုတ်သင်ပြီးလျှင် ခြေနယ်ဆီဖြင့် လိမ်းကျံပေးကြ၏၊ ရဟန်းတော်၏ ရှေ့၌ ထိုင်ကုန်လျက် ပြဿနာတို့ကိုသော်လည်း မေးမြန်း လျှောက်ထားကြကုန်၏။ ရဟန်းတော်က ဟောကြားထားသော တရားတော်ကိုမူလည်း နာယူလိုကုန်သည် ဖြစ် ၍ ထိုင်နေကြကုန်၏။ အကယ်၍ ဒါယကာ ဒါယိကာမတို့က တရားဟောဖို့ရန် မလျှောက်ထားကြစေကာမူ လူသားအပေါင်းကို ချီးမြှောက်ခြင်းငှာ တရားဟောခြင်းမည်သည်ကို ပြုသင့်သည်သာလျှင် ဖြစ်ပေသည်ဟု အဋ္ဌကထာဆရာတော်တို့ မိန့်ဆိုတော်မူကြပေသည်။
看见他,便说“我们的尊者来了”,上前迎接,接过他的钵,请他在村里的食堂或家中安坐,并供养粥。在饭尚未煮熟期间,他们洗净、擦干比丘的双足,再涂上足油;坐在比丘面前请问各种问题,或坐着想听他所开示的法。义注师说,即使诸施主并未请求说法,为了摄益大众,也仍应说法。
〔ဇနသင်္ဂဟတ္ထ --- ''ငါသည် ဤသူတို့အား တရားတော်ကို မဟောကြားပေးခဲ့သော် အဘယ်မည်သော သူသည် တရားဟောပေးလတ္တံ့နည်း''ဟု ဤသို့ နှလုံးပိုက်၍ ဓမ္မာနုဂ္ဂဟ = တရားဖြင့် ချီးမြှောက်ခြင်းဖြင့် လူ သားအပေါင်းကို ချီးမြှောက်ခြင်းငှာ တရားဟောခြင်း မည်သည်ကို ပြုသင့်သည်သာလျှင် ဖြစ်ပေသည်ဟု အဋ္ဌကထာဆရာတော်တို့ မိန့်ဆိုတော်မူကြသည် ဟူလို။ (မ-ဋီ-၁-၃၅၆။)〕 ဓမ္မကထာ ဟိ ကမ္မဋ္ဌာနဝိနိမုတ္တာ နာမ နတ္ထိ။ (အဘိ-ဋ္ဌ-၂-၃၃၄။ မ-ဋ္ဌ-၁-၂၆ဝ။) ဓမ္မကထာ = တရားစကားဟူသည် ကမ္မဋ္ဌာန်းမှ လွတ်သော တရားစကား မည်သည် မရှိကောင်းသည်သာ ဖြစ်သောကြောင့်တည်း။ ထိုကြောင့် ကမ္မဋ္ဌာန်းကို ဦးတည်လျက်သာလျှင် (= မိမိ အမြဲနှလုံးသွင်းနေကျ ပါရိ- ဟာရိယ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင်) ဆွမ်းအာဟာရကို ဘုဥ်းပေးသုံးဆောင်ပါ။ ကမ္မဋ္ဌာန်းကို ဦး တည်လျက်သာလျှင် အနုမောဒနာတရားကို ဟောပါ။ အနုမောဒနာတရား ဟောကြားပြီး၍ ကျောင်းသို့ ပြန်
〔“为了摄益大众”是说:他心想“如果我不向这些人说法,还有谁会为他们说法呢?”义注师所说“即使未被请求,也应为了以法摄益大众而说法”,意即如此。(《中部复“确实,并不存在脱离业处的法谈。”(《殊胜义注》2-334;《中部义注》1-260。)正因为不存在可以脱离业处的法谈,所以应当只以业处为先〔即作意自己平日所摄持的随身业处〕而受用钵食,只以业处为先而作随喜开示。随喜开示结束,返回寺院
ကြွရာဝယ် လူဒါယကာတို့ကို လိုက်မပို့ဖို့ရန် တားမြစ်အပ်ပါသော်လည်း လူတို့သည် နောက်မှ အစဥ်လိုက်ပါလာ ကြလျက်သာလျှင် ရွာမှ ထွက်ခဲ့ရ၏၊ ထိုရွာမှ ထွက်ရာအရပ် ရွာဝ၌ လူတို့ကို ပြန်စေ၍ ကျောင်းသို့ ပြန်ရာ လမ်းအတိုင်း ခရီးဆက်သွား၏။
时,虽已劝阻在家施主不要送行,他们仍一路跟随在后,只好一同出了村;到了村口,便令他们回去,自己沿着回寺的路继续前行。
原书第 364 页
ထိုအခါ၌ ထိုရဟန်းတော်ကို ခပ်စောစော ရှေးဦးစွာပင် ရွာမှ ထွက်ခဲ့ကြ၍ ရွာပြင်ပ၌ ဆွမ်းစားခြင်း ကိစ္စကို ပြုလုပ်ကြပြီးကုန်သော သာမဏေငယ် ရဟန်းငယ်တို့သည် ဖူးမြင်ရ၍ ခရီးဦးကြိုဆိုပြီးလျှင် ထို ရဟန်းတော်၏ သပိတ် သင်္ကန်းကို လှမ်းယူကြကုန်၏။ ပေါရာဏကဘိက္ခူ အမည်ရသော ဘုရားရှင်၏ လက်ထက်တော်မှ အစပြုလာသော ရှေးရှေးရဟန်းတော်တို့သည်ကား ''ငါတို့၏ ဥပဇ္ဈာယ်ဆရာတည်း၊ ငါတို့၏ နိဿယည်းဆရာတည်း၊'' ဤသို့စသည်ဖြင့် ကိုယ့်ဆရာ၏ မျက်နှာကိုသာ ကြည့်၍ ဝတ်ကြီး ဝတ်ငယ်ကို ပြုကြသည်ကား မဟုတ်ကြလေကုန်။ အကျွမ်းဝင်သည် အကျွမ်းမဝင်သည်ကို ခွဲခြားမှု မပြုဘဲ မျက်နှာမလိုက်ဘဲ ရောက်လာတိုင်း ရောက်လာတိုင်းသော အပိုင်းအခြားအတိုင်းသာလျှင် ဝတ်ကြီး ဝတ်ငယ်ကို ပြုကြကုန်၏။
这时,较早离村、已在村外用完饭的年轻沙弥与年轻比丘看见他,便上前迎接,接过他的钵与衣。所谓“古代比丘”,是指从佛陀时代传承下来的昔日比丘;他们并非只看在“这是我的亲教师、这是我的依止师”等自己师长的情分上,才履行各项大小行持。他们不分熟识与否,也不徇情面,而是对每一位到来的比丘一概履行应作的各项行持。
ထိုရဟန်းငယ်တို့က ထိုရွာမှ ထွက်လာသော ရဟန်းတော်ကို --- ''အရှင်ဘုရား …ဤလူတို့သည် အရှင်ဘုရား တို့နှင့် ဘယ်လို ဆွေမျိုးတော်စပ်ကြပါကုန်သနည်း။ အမိဘက်မှ ဆွေမျိုးတော်စပ်ကြပါကုန်သလား၊ အဖဘက်မှ ဆွေမျိုးတော်စပ်ကြပါကုန်သလား'' ဤသို့ မေးမြန်းလျှောက်ထားကြ၏။ ''ဘာကို မြင်လို့ ဒီလို မေးကြတာလဲ'' ဟု ပြန်မေးလိုက်၏။ ''အရှင်ဘုရားတို့ အပေါ်၌ ထိုသူတို့၏ ကြည်ညိုခြင်း များစွာမြတ်နိုးခြင်းကို မြင်ရလို့ပါ ဘုရား''ဟု ပြန်လျှောက်ထားကြ၏။
年轻比丘们问这位从村里回来的比丘:“尊者,这些人与您是什么亲属关系?是母系亲族,还是父系亲族?”他反问:“你们看到什么,才这样问?”他们答:“尊者,因为我们看到这些人对您如此净信、如此敬爱。”
''ငါ့ရှင်တို့ …အကြင်အမှုကို အမိရင်း အဖရင်းတို့သော်မှလည်း ပြုလုပ်ပေးဖို့ရန် အလွန်ခဲယဥ်းလှ၏၊ ထိုကဲ့သို့သော အမှုမျိုးကို ဤလူတို့သည် တပည့်တော်တို့ အပေါ်၌ ပြုလုပ်ဆောင်ရွက်ပေးကြပါကုန်၏။ ငါတို့၏ သပိတ် သင်္ကန်းသည်လည်း ထိုလူတို့၏ ဥစ္စာသာလျှင် ဖြစ်၏၊ ထိုလူတို့၏ အာနုဘော်ကြောင့်ပင်လျှင် ဘေးဒုက္ခ ဆိုက်ရောက်ရာ အခါ၌ ဘေးဒုက္ခကို မသိကြရကုန်၊ ဆာလောင်မွတ်သိပ်မှု ငတ်မွတ်ခေါင်းပါးမှုဖြစ်ရာ အခါ၌ ဆာလောင်မွတ်သိပ်မှု ငတ်မွတ်ခေါင်းပါးမှုကို မသိကြရပါကုန်၊ ငါတို့အား ဤလူတို့နှင့် တူသော ကျေးဇူးများ သော ပုဂ္ဂိုလ်တို့ မည်သည် မရှိသည်သာတည်း'' --- ဤသို့ စသည်ဖြင့် ထိုဒါယကာ ဒါယိကာမတို့၏ ဂုဏ် ကျေးဇူးတို့ကို ပြောကြားလျက် စကားတပြောပြောနှင့် (ကမ္မဋ္ဌာန်းကို အာရုံမပြုတော့ဘဲ) ကျောင်းသို့ ပြန်လာ၏။
他说:“贤友们,即使是亲生父母,也极难替人做某些事;这些人却为我们做了这样的事。我们的钵与衣也确实都是他们的财物。由于他们的护助,危险来临时,我们不知危险之苦;饥饿、饥荒发生时,我们也不知饥饿、匮乏之苦。对我们而言,再没有像这些人一样有大恩德的施主了。”他如此称说男女施主的功德,一路交谈〔不再缘取业处〕,返回寺院。
ဤရဟန်းမျိုးကို ''ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်၏၊ ဆွမ်းခံရွာမှ အပြန်၌ကား ကမ္မဋ္ဌာန်းကို မဆောင်'' - ဟု ခေါ်ဆိုထိုက်၏။ (အဘိ-ဋ္ဌ-၂-၃၃၃-၃၃၅။ မ-ဋ္ဌ-၁-၂၅၉-၂၆၁။)
此类比丘可称为‘前往托钵时摄持业处,从托钵村返回时却不摄持者’。(《殊胜义注》2-333—335;《中部义注》1-259—261。)
(ခ) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်း မဆောင်မူ၍ အပြန်၌သာ ဆောင်သူ
(乙)前往托钵时不摄持业处,只在返程摄持者
(ခ)ရဟန်းတော်တစ်ပါးကား ဖွင့်ဆိုခဲ့ပြီးသည့်အတိုင်း အိပ်ရာမှ ခပ်စောစောထလျက် ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်ကို ဖြည့်ကျင့်နေစဥ် ဂဟဏီ အမည်ရသော ကမ္မဇတေဇောဓာတ်မီးက တောက်လောင်လာ၏။
另一位比丘(乙)如前所述,很早起身;正在履行种种大小行持时,名为 gahaṇī 的业生火界——业生消化火——便炽燃起来。
အစာအိမ်အတွင်း၌ အနုပါဒိန္နက အမည်ရသော အစာအာဟာရ လောင်စာ မရှိသဖြင့် ဥပါဒိန္နက အမည်ရသော အစာအိမ်ကို လောင်မြိုက်လေတော့၏၊ အရ ဖမ်းယူလေ၏။ ခန္ဓာကိုယ်ထဲမှ ချွေးသီးချွေးပေါက်တို့သည် ထွက် လာကြကုန်၏။ ကမ္မဋ္ဌာန်းလမ်းကြောင်းပေါ်သို့ မတက်ရောက်နိုင် ဖြစ်နေ၏။ ထိုရဟန်းတော်သည် ခပ်မြန်မြန်ပင် သပိတ် သင်္ကန်းကို ယူဆောင်လျက် စေတီတော်ကို ရှိခိုး၍ နွားအပေါင်းတို့၏ ရွာမှ ထွက်လာကြရာ အချိန်၌ ပင်လျှင် ရွာတွင်းသို့ ယာဂုဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏၊ ယာဂုဆွမ်းကို ရခဲ့သော် ရွာတွင်း ဆွမ်းစားဇရပ်သို့ သွား၍ သောက်လိုက်၏။ ထိုအခါ၌ နှစ်ကျိုက် သုံးကျိုက်ခန့် ယာဂုဆွမ်းကို စားမျိုလိုက်ရုံမျှဖြင့်ပင်လျှင် ထို ရဟန်း၏ အစာကို ကြေကျက်စေတတ်သော ဂဟဏီ အမည်ရသော ကမ္မဇတေဇောဓာတ် ဝမ်းမီးသည် ဥပါဒိန္နက အမည်ရသော အစာအိမ်ကို လွှတ်လိုက်၍ အနုပါဒိန္နက အမည်ရသော အစာသစ်ကို အရ ဖမ်းယူလေ၏၊
由于胃中没有名为 anupādinnaka(未被执受)的食物燃料,消化火便转而灼烧、攫取名为 upādinnaka(已被执受)的胃体。全身汗珠涌出,他无法进入业处的修习轨道。这位比丘便迅速带上钵与衣,礼拜佛塔,恰在牛群出村之时入村求取粥食。得到粥后,他前往村中食堂饮用。只咽下两三口,那名为 gahaṇī、能消化食物的业生消化火,便放开名为 upādinnaka 的胃体,转而攫取名为 anupādinnaka 的新食,
ရေအိုး အလုံးပေါင်း တစ်ရာဖြင့် ရေချိုးချလိုက်ရဘိသကဲ့သို့ ကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်ပေါ်လာရသော ပူလောင်ခြင်းသည် ငြိမ်းအေးခြင်းသို့ ရောက်ရှိသွား၏။ ကမ္မဋ္ဌာန်းကို ဦးတည်ထားသော စိတ်ဓာတ်ဖြင့် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ယာဂုကို ဆက်လက် ဘုဥ်းပေး၏၊ သပိတ်ကိုလည်းကောင်း၊ ပါးစပ်ခံတွင်းကို
于是,就像用一百罐水浇浴一般,业生火界所造成的热恼顿时平息、清凉下来。他把心导向业处——也就是作意业处——继续受用粥食,随后把钵与口腔
原书第 365 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း လည်းကောင်း ဆေးကြော၏၊ နေ့ဆွမ်း မစားရသေးမီ ဆွမ်းခံချိန် မရောက်မီ အချိန်ကာလအတွင်း၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေ၏၊ ဆွမ်းခံချိန်၌ ဆွမ်းခံ၍ ကမ္မဋ္ဌာန်းကို အဦးမူသဖြင့် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ဆွမ်းအာဟာရကို ဘုဥ်းပေးတော်မူ၏၊ ထိုအခါမှ စ၍ အဆက်မပြတ် တရစပ် ထပ်ကာထပ်ကာ နှလုံးသွင်းခြင်းဖြင့် အသိဉာဏ်၌ ထင်လာသော ကမ္မဋ္ဌာန်းကိုပင် ယူဆောင်လျက်သာလျှင် ကျောင်းသို့ ပြန်ကြွ၏။ ဤရဟန်းမျိုးကို ဆွမ်းခံအသွား၌ကား ကမ္မဋ္ဌာန်းကို မဆောင်၊ ဆွမ်းခံရွာမှ အပြန်၌သာ ကမ္မဋ္ဌာန်းကို ဆောင်သူ --- ဟူ၍ ခေါ်ဆိုအပ်ပေ၏။ (အဘိ-ဋ္ဌ-၂-၃၃၅။ မ-ဋ္ဌ-၁-၂၆၁။)
都清洗干净;在尚未受用正餐、托钵时间未到的这段期间,他继续作意业处。到了托钵时间,他入村托钵,并以业处为先——也就是始终作意业处——受用钵食。从那时起,通过不间断、接连反复的作意,他只带着已经在智中明现的业处返回寺院。此类比丘称为“前往托钵时不摄持业处,只在从托钵村返回时摄持者”。(《殊胜义注》2-335;《中部义注》1-261。)
ဂဏနပထံ ဝီတိဝတ္တာ
超出计数范围
ဧဒိသာ စ ဘိက္ခူ ယာဂုံ ပိဝိတွာ ဝိပဿနံ အာရဘိတွာ ဗုဒ္ဓသာသနေ အရဟတ္တံ ပတ္တာ နာမ ဂဏနပထံ ဝီတိဝတ္တာ။ သီဟဠဒီပေယေဝ တေသု တေသု ဂါမေသု အာသနသာလာယ န တံ အာသနံ အတ္ထိ၊ ယတ္ထ ယာဂုံ ပိဝိတွာ အရဟတ္တံ ပတ္တာ ဘိက္ခူ နတ္ထီတိ။ (အဘိ-ဋ္ဌ-၂-၃၃၅။ မ-ဋ္ဌ-၁-၂၆၁။) ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ယာဂုကို သောက်သုံးပြီးလျှင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ဆက်လက်၍ ကြိုးပမ်းတော်မူကြသဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်တွင်း၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြကုန်သော ဤကဲ့သို့သော ရဟန်းတော်တို့မည်သည်ကား ရေတွက်ခြင်း ဂဏန်းသင်္ချာလမ်းကြောင်းကို ကျော်လွှားလွန်မြောက်၍ သွားကြကုန်၏။ (ရေတွက်၍ မပြနိုင်အောင် များလှ၏ဟု ဆိုလိုသည်။) သီဟိုဠ်ကျွန်း တစ်ကျွန်း၌ပင်လျှင် ထိုထို ရွာတို့၌ တည်ရှိကြသော ဆွမ်းစားဇရပ် အသီးအသီး၌ ယာဂုကို သောက်သုံးတော်မူကြပြီး၍ ကမ္မဋ္ဌာန်းကို နှလုံး သွင်းတော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြသော ရဟန်းတို့ မရှိသော နေရာဟူသည် မရှိ
“这样的比丘饮粥后开始修观,并在佛陀教法中证得阿罗汉果者,已经超出计数范围。仅在斯里兰卡岛各村的食堂里,就没有一处座位不曾有比丘饮粥后证得阿罗汉果。”(《殊胜义注》2-335;《中部义注》1-261。)也就是说,诸比丘作意业处而饮粥,继而继续努力修习观业处,因而在佛陀的教法中证得阿罗汉果;像这样的比丘已经超出计数范围——多到无法计数。即使只看斯里兰卡岛,在各村的每一座食堂,也没有一处地方
သည်သာတည်း။ (ဆွမ်းဇရပ်၌ ဘယ်နေရာမဆို ရဟန္တာ မဖြစ်ဖူးသော နေရာဟူ၍ မရှိပါဟု ဆိုလိုသည်။)
不曾有比丘在饮粥后作意业处而证得阿罗汉果。换言之,食堂里没有一个座位未曾有人成为阿罗汉。
(အဘိ-ဋ္ဌ-၂-၃၃၅။ မ-ဋ္ဌ-၁-၂၆၁။)
(《殊胜义注》2-335;《中部义注》1-261。)
(ဂ) အသွား - အပြန် ကမ္မဋ္ဌာန်းကို မဆောင်သူ
(丙)前往托钵时不摄持业处,返程也不摄持者
ရဟန်းတော်တစ်ပါးကား သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်မှု မရှိဘဲ သာသနာတော်၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်လေ့ရှိ၏၊ စာပေကျမ်းဂန် သင်ကြားမှု ပို့ချမှုဟူသော ဂန္ထဓုရ၊ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ခြင်းဟူသော ဝိပဿနာဓုရဟု သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ထမ်းဆောင်ရမည့် ဓုရ = တာဝန်ဝတ္တရား နှစ်ပါး ရှိ၏။ ထိုရဟန်းကား သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ထမ်း ဆောင်ရမည့် ယင်းဓုရနှစ်ပါး၊ တာဝန်ဝတ္တရားကြီး နှစ်ခုကို အမြဲတမ်း ပစ်ချထား၏။ ရဟန်းတို့ လိုက်နာပြုကျင့် ရမည့် ဝတ်ကြီးဝတ်ငယ် အားလုံးကို ဖျက်ဆီးထား၏၊ ဖြည့်ကျင့်မှု မရှိ။
有一位比丘不修习、不努力培育止与观,却在教法中放逸轻率地生活。担负教法的出家比丘有两种应当承担的重任=职责:一是学习、教授典籍的教典之务(ganthadhura);二是修习、培育毗婆舍那禅修业处的观修之务(vipassanādhura)。这位比丘却总是把这两种重任、两项重大职责抛在一旁;比丘应当奉行的一切大小行持,他全都废弃不修。
၁။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ တပ်စွန်းမှု = ရာဂ မကင်းသေး။
1.对于一切有情、无情的欲乐事物,仍未离染,仍有贪著。
၂။ မိမိကိုယ်ခန္ဓာ အပေါ်၌ တပ်မက်မှု = ရာဂ မကင်းသေး။
2.对于自己的身体,仍未离染,仍有贪著。
၃။ ဗဟိဒ္ဓ = ပြင်ပရုပ်တရား၌ တပ်မက်မှု = ရာဂ မကင်းသေး။
3.对于外在=外在色法,仍未离染,仍有贪著。
၄။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ ပက်လက်အိပ်ခြင်း ချမ်းသာ၊ စောင်းလျက်အိပ်ခြင်း ချမ်းသာ၊ မှိန်း နေရခြင်း ချမ်းသာတို့ကို ကြိုးစားအားထုတ်လျက် နေ၏။
4.随意吃到腹中饱满以后,便一味追求仰卧之乐、侧卧之乐与昏睡之乐。
၅။ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်လောကကို လိုလားတောင့်တသော စိတ်ထားဖြင့် သာသနဗြဟ္မ- စရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်၏။
5.怀着希求投生某一类天界的心,修行称为“教法梵行”的殊胜行。
ဤသည်တို့ကား စိတ်၏ ဆူးငြောင့်ခလုတ် (၅)မျိုးတို့တည်း။ (ဒီ-၃-၁၉၉။ မ-၁-၁၄၆။)
以上就是五种心缚〔系缚内心的障碍〕。(《长部》3-199;《中部》1-146。)
原书第 366 页
ထိုရဟန်းသည် ယင်းစိတ်၏ ဆူးငြောင့်ခလုတ် (၅)မျိုးတို့ဖြင့် နှောင်ဖွဲ့ထားအပ်သော အနှောင်အဖွဲ့ခံရ သော စိတ်ဓာတ်ရှိသည် ဖြစ်၍ သာသနာတော်၌ နေထိုင်၏။ ထိုကဲ့သို့သော စိတ်ဓာတ်ဖြင့် သာသနာတော်၌ နေထိုင်လျက် ''ကမ္မဋ္ဌာန်း မည်သည် ရှိလေ၏။''ဟူသော အမှတ်သညာမျှကိုလည်း မပြုမူ၍ ရွာတွင်းသို့ ဆွမ်းခံ ဝင်၏၊ ဆွမ်းခံဝင်ပြီးနောက် ရွာတွင်း၌ သာသနာတော်နှင့် မလျော်မလျောက်ပတ်သော၊ ရဟန်းတို့နှင့် မလျော် မလျောက်ပတ်သော လူတို့နှင့် ရောရောနှောနှော နေထိုင်ပြုမူခြင်းဖြင့် လူတို့နှင့် ရောရောနှောနှော နေလျက် လှည့်လည်ပြီးနောက် ဆွမ်းစား၏။ ဆွမ်းစားပြီးနောက် ကမ္မဋ္ဌာန်း မပါဘဲ အချည်းနှီး ရွာမှထွက်ခဲ့၏။ ဤရဟန်း မျိုးကို ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်သူ ဆွမ်းခံရွာမှ ပြန်ရာ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်သူဟူ၍ ခေါ်ဆိုအပ်၏။ (အဘိ-ဋ္ဌ-၂-၃၅၅။ မ-ဋ္ဌ-၁-၂၆၁။)
这位比丘的心被上述5种心缚束缚着,就以这样一颗受缚的心住在教法中。他以这种心态生活,甚至不生起“还有业处这回事”的想法,便进村托钵。进村以后,他以不符合教法、也不适合比丘的方式与俗人混杂共处;同俗人混在一起四处游走,然后用餐。用餐后,他仍不带业处,空无所修地走出村庄。这样的比丘,称为前往托钵时不摄持业处、从托钵村返程时也不摄持业处者。(《殊胜义注》2-355;《中部义注》1-261。)
(ဃ) အသွား - အပြန် ကမ္မဋ္ဌာန်းဆောင်သူ (ဂတပစ္စာဂတိကဝတ်)
(丁)前往托钵时摄持业处,返程也摄持者(往返业处行持)
ရဟန်းတော်တစ်ပါးသည်ကား --- ''ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏၊ ဆွမ်းခံရွာမှ ပြန်လာရာ ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏''ဟု ဆို၏။ ထိုရဟန်းတော်မျိုးကို ဂတပစ္စာဂတိကဝတ်၏ အစွမ်းဖြင့် သိရှိပါလေ။
另一类比丘,则是“前往托钵时摄持业处,从托钵村返程时也摄持业处”。应知这种比丘正是依往返业处行持而行者。
အကျယ်မှာ ဤသို့ ဖြစ်၏။ --- မဂ် ဖိုလ် နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွားကို လိုလားတောင့်တကြ ကုန်သော အမျိုးကောင်းသားတို့သည် သာသနာတော်တွင်း၌ ဝင်ရောက်၍ ရှင်ရဟန်းပြုကြပြီးနောက် (၁ဝ)ပါး သော်လည်းကောင်း၊ အပါး (၂ဝ)သော်လည်းကောင်း၊ (၃ဝ)သော်လည်းကောင်း၊ (၄ဝ)သော်လည်းကောင်း၊ (၅ဝ)သော်လည်းကောင်း၊ (၁ဝဝ)သော်လည်းကောင်း တစ်ပေါင်းတစ်စုတည်း အတူတကွ နေထိုင်ကြကုန်လျက် ကတိကဝတ်ကို ပြု၍ နေထိုင်ကြကုန်၏။
详说如下:希求道、果、涅槃之利益的良家子进入教法、出家为僧以后,或10位、或20位、或30位、或40位、或50位、或100位,结成一团共同居住,并立下约定而住。
''အာဝုသော တုမှေ န ဣဏဋ္ဋာ၊ န ဘယဋ္ဋာ၊ န အာဇီဝိကာပကတာ ပဗ္ဗဇိတာ၊ ဒုက္ခာ မုစ္စိတုကာမာ ပနေတ္ထ ပဗ္ဗဇိတာ။ တသ္မာ ဂမနေ ဥပ္ပန္နကိလေသံ ဂမနေယေဝ နိဂ္ဂဏှထ။ ဌာနေ၊ နိသဇ္ဇာယ၊ သယနေ ဥပ္ပန္နကိလေသံ သယနေယေဝ နိဂ္ဂဏှထ။'' --- ''ငါ့ရှင်တို့ …အရှင်ဘုရားတို့သည် ကြွေးမြီ နှိပ်စက်ခံရသည် ဖြစ်၍ သာသာနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသည်လည်း မဟုတ်ကုန်၊ မင်းဘေး မင်းဒဏ် စသော ဘေးဒုက္ခ အမျိုးမျိုး အနှိပ်စက်ခံရ သည်ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသည်လည်း မဟုတ်ကုန်။ အသက်မွေး ဝမ်း ကျောင်းသည် အနှိပ်စက်ခံရသည် ဖြစ်၍ အသက်မွေးဝမ်းကျောင်း ကြပ်တည်း၍ သာသနာဘောင်သို့ အစား ချောင်သဖြင့် ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြသည်လည်း မဟုတ်ကုန်။ အမှန်စင်စစ်အားဖြင့်သော်ကား သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျွတ်လွတ်ထွက်မြောက်လိုကြကုန်သည် ဖြစ်၍ ဤသာသနာ
“贤友们,你们出家,不是因为受债务逼迫,不是因为受怖畏逼迫,也不是因为生计困顿;而是想要从苦中解脱,才在这里出家。因此,行走时生起的烦恼,就应当在行走时制伏;站立、坐着、躺卧时生起的烦恼,也应当就在相应的威仪中制伏。”原书随即解释:“诸位贤友!你们并不是因为受债务逼迫,才进入教法出家为僧;也不是因为受到王难、王罚等种种怖畏苦难的逼迫,才进入教法出家为僧;更不是因为生计受困、谋生艰难,贪图在教法中容易得到饮食,才进入教法出家为僧。事实上,你们是因为真心想要彻底脱离轮回大苦,才进入这一
တော်၌ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြကုန်၏။ ထိုကြောင့် သွားဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကို သွားဆဲခဏ၌ပင်လျှင် နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ရပ်ဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကို လည်း ရပ်ဆဲခဏ၌ပင်လျှင်၊ ထိုင်ဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကိုလည်း ထိုင်ဆဲခဏ၌ပင်လျှင်၊ အိပ်ဆဲ ခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကိုလည်း အိပ်ဆဲခဏ၌ပင်လျှင် နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။'' - ဤသို့ ကတိကဝတ်ကို ပြုလုပ်၍ သီတင်းသုံးတော်မူကြ၏။
教法之中而出家为僧。因此,行走时生起的烦恼,务必就在行走时彻底制伏;站立时生起的烦恼,就在站立时制伏;坐着时生起的烦恼,就在坐着时制伏;躺卧时生起的烦恼,就在躺卧时彻底制伏。”他们如此立下约定而共同居住。
ထိုရဟန်းတို့သည် ဤသို့ ကတိကဝတ်ကို ပြုကြ၍ ဆွမ်းခံလှည့်ရန် ကြွတော်မူကြကုန်သည်ရှိသော် ဥသဘဝက်၊ တစ်ဥသဘ၊ ဂါဝုတ်ဝက်၊ တစ်ဂါဝုတ်ခန့် အရပ်ဌာန အကြားအကြားတို့၌ ကျောက်တုံးကြီးများ ရှိကြကုန်၏၊ ထိုကျောက်တုံးကြီးများ၏ အမှတ်သညာဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြကုန်လျက်သာလျှင် ကြွတော်
诸比丘这样立约以后,便出发巡行托钵。沿途每隔半优萨婆、1优萨婆、半伽浮多或1伽浮多,便有大石;他们以这些大石为标记,只一路作意业处而
原书第 367 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း မူကြကုန်၏။ (ဤကျောက်တုံးကြီးရှိသည့် နေရာကစ၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြရမည်ဟု ဤသို့ သတ်မှတ် ထားကာ ထိုကျောက်တုံးကြီးများကို ဆွမ်းခံလမ်းဝယ် တွေ့လျှင် ထိုနေရာက စ၍ တရားကို နှလုံးသွင်းတော်မူ ကြ၏ဟု ဆိုလိုသည်။) တစ်စုံတစ်ယောက်သော ရဟန်း၏ သန္တာန်ဝယ် သွားဆဲခဏ၌ ကိလေသာသည် အကယ်၍ ဖြစ်ပေါ်လာ ငြားအံ့၊ ထိုကိလေသာ ဖြစ်သည့်နေရာ၌ပင်လျှင် ယင်းကိလေသာကို နိုင်အောင် နှိပ်ကွပ်၏။ (မိမိ ပွားများနေကျ အမြဲတမ်း အားထုတ်နေကျ ကမ္မဋ္ဌာန်းကိုပင် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသည့် စွမ်းအားကြီး (၅)ရပ် ခြံရံလျက် အပြင်းအထန် နှလုံးသွင်း ရှုပွားခြင်းသည်ပင် ကိလေသာကို နိုင်အောင် နှိပ်ကွပ်ခြင်း မည်၏။) ထိုသို့ ကြိုးစားသော်လည်း ကိလေသာကို နှိပ်ကွပ်ဖို့ရန် မစွမ်းနိုင်ခဲ့သော် မတ်တတ်ရပ်လိုက်၏။ ထိုသို့ မတ်တတ်ရပ်
前行。〔意思是,他们预先规定:“从有这块大石的地方开始,应当作意业处。”因此,在托钵路上见到这些大石时,便从那里开始作意业处。〕如果某位比丘正在行走时,烦恼在他的相续中生起,他就在烦恼生起的地方将它制伏。〔以信、精进、念、定、慧这5种大力护持,强力作意、观修自己平日不断修习的随身业处,这本身就称为制伏烦恼。〕如果如此努力,仍不能制伏烦恼,他便停下来站着。当他这样停下站立
လိုက်သောအခါ ထိုကိလေသာကို နှိပ်ကွပ်နေသော ရဟန်းတော်၏ နောက်တော်မှ လိုက်ပါလာသော ရဟန်း တော်ကလည်း မတ်တတ်ရပ်လိုက်ပြန်၏။ (''ဒီကိုယ်တော်သွားတာ မဟုတ်ဖူး၊ ဘာတွေလုပ်နေတာလဲ''ဟူသော စိတ်ထားမျိုးကား မရှိပေ၊ တစ်ပါးနှင့် တစ်ပါး နားလည်မှု ရှိနေကြ၏။ ထိုသို့ တစ်ပါးကို တစ်ပါးက နားလည်မှု ရှိခြင်းသည်လည်း ယခုကဲ့သို့ ကိလေသာတရားတို့ကို တိုက်ဖျက်ရာ၌ ကြီးစွာသော အထောက်အပံ့ကောင်းကြီး တစ်ခုပင် ဖြစ်သည်၊ အလွန် ကြည်ညိုလေးစားထိုက်သော စိတ်ထားများ ဖြစ်ကြ၏။ သီတင်းသုံးဖော်အချင်းချင်း တစ်ဦးကို တစ်ဦး နားလည်မှုရှိခြင်းသည် ကုသိုလ်တရားကို လွန်စွာ တိုးပွားစေတတ်သော ကျင့်ဝတ်ပဋိပတ် တစ်မျိုးပင် ဖြစ်သည်။ --- ဆက်ဖတ်ပါ။) ထိုကိလေသာဖြစ်နေသော ရဟန်းတော်က ဤသို့ စဥ်းစား၏ --- ''ဤနောက်က ရပ်နေသော ရဟန်းတော် သည် သင်၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဝိတက်ကို သိ၏၊ သင့်သန္တာန်ဝယ် ဤဝိတက်ကား မလျော်မလျောက်
时,跟在这位正在制伏烦恼的比丘身后而来的比丘,也随即停下来站着。〔他不会想:“这个尊者怎么不走了,在做什么呢?”彼此之间是相互理解的。这样互相理解,对于如此对治烦恼也是一项极大的良好助力;这种心态非常值得敬重。同住梵行者彼此理解,是一种能令善法大为增长的行持与实践。——请继续读下去。〕烦恼生起的那位比丘便思惟:“站在你身后的比丘,知道你相续中生起的寻思;你相续中的这个寻思并不相
ပတ်ပေ'' --- ဤသို့ မိမိကိုယ်ကို မိမိ ကိုယ်တိုင် တစ်ဖန် ပြန်စောဒနာ၍ ဝိပဿနာတရားကို အဆင့်ဆင့် ကြိုးစား အားထုတ်တော်မူသည်ရှိသော် အရိယဘုံသို့ သက်ဝင် ရောက်ရှိသွား၏။
宜。”他这样重新责问自己,逐阶用功于毗婆舍那,遂证入圣者境位。
ထိုသို့သော နည်းဖြင့် မတ်တတ်ရပ်လျက် ကိလေသာကို နှိမ်နင်းသော်လည်း နှိပ်ကွပ်ဖို့ရန် မစွမ်းနိုင်ရှိ ခဲ့သော် ထိုကိလေသာ အနှိပ်စက်ခံနေရသော ရဟန်းတော်သည် ထိုင်လိုက်၏၊ ထိုနောင် ထိုကိလေသာအနှိပ် စက်ခံနေရသော ရဟန်းတော်၏ နောက်တော်က ကပ်ပါလာသော ရဟန်းတော်ကလည်း ထိုင်ချလိုက်ပြန်၏။ - ဤသို့လျှင် ရှေးနည်းအတိုင်းပင် မိမိကိုယ်ကို မိမိ တစ်ဖန် ပြန်စောဒနာ၍ မိမိ၏ မူလကမ္မဋ္ဌာန်းကိုပင် နှလုံး သွင်းလျက် ကိလေသာတို့ကို နှိပ်ကွပ်ပြန်၏။ 〔မိမိ၏ နောက်မှ လိုက်ပါတော်မူကြသော ရဟန်းတော်တို့၏ မိမိကို အကြောင်းပြု၍ ဆွမ်းပြတ်နိုင်သည့် ဆွမ်းငတ်နိုင်သည့် ဘေးဒုက္ခကို ကြောက်ရွံ့ခြင်းဖြင့်လည်း မိမိ၏ကမ္မဋ္ဌာန်း ကို ပုံမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရသည် တိုးပွားလာနိုင်၏၊ သို့အတွက် ထိုသို့ ဆင်ခြင်ခြင်း ဖြစ်၏။ (မ-ဋီ-၁-၃၅၆။)〕 --- အရိယဘုံသို့ သက်ဝင်ဖို့ရန် မစွမ်းနိုင်သော်လည်း ထိုကိလေသာကို စျာန်သမာဓိ
若以这种方式站着制伏烦恼,仍不能将它压伏,正在受烦恼逼迫的比丘就坐下来;跟随在他身后的比丘也随即坐下。于是,他仍按前述方法重新责问自己,作意自己的原有业处,再度制伏烦恼。〔由于害怕跟在自己身后的比丘会因自己而错过钵食、遭受饥饿之苦,也能使自己对业处如常作意这一如理作意增长;所以才作这样的省察。(《中部复注》1-356。)〕即使仍不能证入圣者境位,也能以禅那定
စွမ်းအားဖြင့် ဝိက္ခမ္ဘနပဟာန် အနေဖြင့် ခပ်ကြာကြာ ခွာထားနိုင်၍ မိမိ၏ ကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းလျက် သာလျှင် ဆွမ်းခံ ဆက်ကြွတော်မူ၏။ ကမ္မဋ္ဌာန်းနှင့် မယှဥ်သော စိတ်ဖြင့် (= ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်သွား သော စိတ်ဖြင့်) ခြေထောက် ဘယ်သောအခါမျှ မမြှောက်ပေ။ အကယ်၍ မြှောက်ခဲ့ငြားအံ့၊ တစ်ဖန် နောက် ကြောင်း ပြန်လှည့်၍ ကမ္မဋ္ဌာန်းနှင့် မယှဥ်သော စိတ်ဖြင့် ခြေထောက်ကို ကြွချီမိရာ ရှေးနေရာ အရပ်သို့သာလျှင် တစ်ဖန် ပြန်သွား၏။ ထိုနေရာမှ တစ်ဖန် ကမ္မဋ္ဌာန်းနှင့် ယှဥ်သော စိတ်ဖြင့် ဆွမ်းခံဆက်ကြွတော်မူ၏။ အာလိန္ဒက အရပ်၌ သီတင်းသုံးတော်မူသော မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကဲ့သို့ မှတ်ပါ။
之力,以镇伏断的方式使烦恼在较长时间内远离;随后只作意自己的业处,继续前往托钵。他绝不以不与业处相应的心〔即已经逸离业处所缘的心〕抬脚。万一抬了脚,他就掉头回去,重新走到自己以不与业处相应的心抬脚之处;再从那里以与业处相应的心继续前往托钵。应知,这正如住在阿林达迦(Ālindaka)的摩诃弗沙提婆长老(Mahāphussadeva)。
(အဘိ-ဋ္ဌ-၂-၃၃၅-၃၃၆။ မ-ဋ္ဌ-၁-၂၆၂။)
(《殊胜义注》2-335—336;《中部义注》1-262。)
原书第 368 页
မဟာဖုဿဒေဝ မထေရ်မြတ်ကြီး
摩诃弗沙提婆长老
ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည်ကား (၁၉)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ် (= ဂတ- ပစ္စာဂတိကဝတ်)ကို ဖြည့်ကျင့်တော်မူလျက်သာလျှင် နေထိုင်တော်မူ၏။ လူတို့သည်လည်းကောင်း၊ ဆွမ်းခံသွားရာ လမ်းခရီးအကြား၌ လယ်ထွန်နေကြကုန်သော သူတို့သည်လည်းကောင်း၊ ကောက်စိုက်နေကြကုန်သော သူတို့ သည်လည်းကောင်း၊ စပါးနယ်နေကြကုန်သော သူတို့သည်လည်းကောင်း မိမိတို့၏ ထွန်ယက်စိုက်ပျိုးခြင်းစသော အမှုတို့ကို ပြုနေကြကုန်စဥ် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကို ထိုသို့ ခေါက်တုံ့ခေါက်ပြန် သွားနေသည်ကို မြင်တွေ့ကြ၍ --- ''ဤမထေရ်ကြီးသည် ခေါက်တုံ့ခေါက်ပြန် နောက်ပြန်၍ သွားနေ၏၊ လမ်းများမှားနေသလော၊ သို့မဟုတ် တစ်ခုခု မေ့ကျန်ရစ်ခဲ့လို့လော'' --- ဤသို့ အချင်းချင်း ပြောဆိုတတ်ကြကုန်၏။ ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးကား ထိုလူတို့ ပြောဆို သည့် စကားကို မယူမူ၍သာလျှင် ကမ္မဋ္ဌာန်းကို အမြဲနှလုံးသွင်းနေသော ကမ္မဋ္ဌာန်းနှင့် ယှဥ်သော စိတ်ဖြင့်
摩诃弗沙提婆长老在整整19年中,始终以履行往返业处行持〔gatapaccāgata-vatta=gatapaccāgatika-vatta〕而住。一般民众,以及在托钵路途中耕田、插秧、打谷的人们,各自从事耕作、种植等事务时,看见摩诃弗沙提婆长老这样来来回回、折返而行,便彼此议论:“这位长老来来回回,又折回去了;是走错路了,还是忘了什么东西?”摩诃弗沙提婆长老并不理会他们所说的话,只以始终作意业处、与业处相应的心,
သာလျှင် ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် နှစ်ပေါင်း (၂ဝ)အတွင်း၌ အရဟတ္တ- ဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
一心修习沙门法,勤勉精进,终于在第20年内证得阿罗汉果。
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသော နေ့၌ကား ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီး၏ စင်္ကြံဦး၌ သစ်ပင်ဝယ် စိုးအုပ်နေထိုင်သော နတ်သည် လက်ချောင်းတို့ကို မီးညှိထွန်း ပူဇော်လျက် ရပ်တည်လာ၏။
在他证得阿罗汉果的那一天,住在摩诃弗沙提婆长老经行道端树上的天神,点燃自己的手指作为灯火供养,站在那里。
စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည်လည်းကောင်း၊ နတ်တို့သနင်း သိကြားမင်းကြီးသည်လည်းကောင်း၊ သဟမ္ပတိဗြဟ္မာမင်းကြီးသည်လည်းကောင်း ဆည်းကပ်ခစားရန် ဆိုက်ရောက်လာကြကုန်၏။
四大天王、诸天之主帝释天王,以及娑婆主梵天王,也都前来礼敬侍奉。
ထိုလက်ချောင်းတို့ဖြင့် မီးပူဇော်ထားသော အလင်းရောင်နှင့် နတ်ဗြဟ္မာတို့၏ အလင်းရောင်ကို တွေ့မြင် ရ၍ ဝနဝါသီ မဟာတိဿမထေရ်ကြီးက ထိုမဟာဖုဿဒေဝမထေရ်မြတ်ကို နောက်တစ်နေ့၌ မေးမြန်း လျှောက် ထား၏။
住林者摩诃帝须长老看见手指燃灯供养所发的光,以及诸天、梵天所发的光,便在第二天请问摩诃弗沙提婆长老。
''ညတုန်းက အရှင်ဘုရား၏ အထံ၌ အရောင်အလင်းသည် ဖြစ်ပေါ်လျက်ရှိ၏၊ ထို အရောင်အလင်းသည် အဘယ်အရောင်အလင်းပါနည်း'' --- ဤသို့ မေးမြန်းလျှောက်ထား၏။ မဟာဖုဿဒေဝမထေရ်ကြီးက စကားကို ဘေးသို့ရောက်အောင် စကား လွှဲလျက် --- ''အရောင်အလင်း မည်သည် ဆီမီးရောင်လည်း ရှိတတ်၏၊ ပတ္တမြားရောင်လည်း ရှိတတ်၏။'' --- ဤသို့စသည့် စကားကို ပြောကြားတော်မူလိုက်၏။
他问道:“昨夜尊者身边有光明出现;那是什么光明呢?”摩诃弗沙提婆长老把话题岔开,说道:“所谓光明,有时是油灯之光,有时是红宝石之光。”如此说了些话。
ထိုနောင် ''အရှင်ဘုရားတို့ ဖုံးကွယ်ထားတော်မူကြသကိုး''ဟု လျှောက်ထားပြန်သော် --- ''အိမ်း''ဟု ဝန် ခံ၍ ပြောကြားလိုက်လေ၏။ (အဘိ-ဋ္ဌ-၂-၃၃၆။ မ-ဋ္ဌ-၁-၂၆၂-၂၆၃။) သတိပြုပါ --- ဤ၌ မဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည် မိမိ၏အကြောင်းကို သူတစ်ပါးတို့က ဝေဖန် နေသော်လည်း ယင်းစကားကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မလွတ်တမ်း ကြိုးစားအားထုတ်တော်မူ၏။
后来,摩诃帝须长老又说:“原来尊者把事情隐瞒着啊。”摩诃弗沙提婆长老便答:“嗯。”承认了这件事。(《殊胜义注》2-336;《中部义注》1-262—263。)请注意:在这里,任凭别人怎样议论摩诃弗沙提婆长老的事,他都不把那些话放在心上,只毫不间断地努力修习自己的业处。
အသင်သူတော်ကောင်းအတွက် လိုက်နာပြုကျင့်သင့်သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ မသိ မလိမ္မာကြသည့် သတ္တဝါတို့၏ ပါးစပ်ကား ထင်မိထင်ရာကို ပြောဆိုတတ်ကြ၏၊ ယင်းစကားတို့ ကို ကမ္မဋ္ဌာန်းနှလုံးသွင်း ပွားများအားထုတ်နေသော မိမိဘက်က နာယူနေလျှင် လက်ခံစဥ်းစား ဝေဖန်နေလျှင်
贤者,这正是一项值得遵循实践、无法估量其价值的古老典范。无知、不明事理的众生,往往想到什么便说什么。如果身为正在作意、修习、用功于业处的人,反去听受那些话,予以接受、思量、评议,那么
原书第 369 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အချိန်လည်းကုန်၍ ကမ္မဋ္ဌာန်းမှလည်း ဆုတ်ယုတ် ပျက်ပြားသွားတတ်ပေသည်။ သူတစ်ပါးတို့ ထင်ရာမြင်ရာ ပြောသည်ကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မိမိ စူးစူးစိုက်စိုက် နှလုံးသွင်းနေပါက ကမ္မဋ္ဌာန်းနှင့် ယှဥ်သော စိတ်ဓာတ်ဖြင့်သာ အမြဲတမ်း နေထိုင်နေပါက တစ်နေ့တွင် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကဲ့သို့ အောင်ပွဲ ရနိုင်မည်သာ ဖြစ်ပေသည်။
时间也会白白耗尽,业处也可能退失、毁坏。若不把旁人信口评论的话放在心上,只专注地作意自己的业处,恒常以与业处相应之心而住,那么终有一日,也必能如摩诃弗沙提婆长老一般获得胜利。
မဟာနာဂမထေရ်မြတ်ကြီး
摩诃那伽大长老
ကာဠဝလဒိမဏ္ဍပ (= နွယ်မဲ မဏ္ဍပ်) အရပ်၌ သီတင်းသုံးတော်မူသော မဟာနာဂမထေရ်မြတ်ကြီးသည် လည်း ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည်ရှိသော် ရှေးဦးစွာ ဘုရားရှင်၏ ဒုက္ကရစရိယာ (၆)နှစ် ကြာ အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်း = မဟာပဓာနကျင့်စဥ်ကို ပဋိပတ္တိပူဇာဖြင့် ပူဇော် ပေအံ့ဟူသော ဆုံးဖြတ်ချက်ဖြင့် (၇)နှစ်တို့ ကာလပတ်လုံး ရပ်ခြင်း စင်္ကြံသွားခြင်းကိုသာလျှင် (= ရပ်လျက် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၊ စင်္ကြံကြွလျက် ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းကိုသာလျှင်) အဓိဋ္ဌာန်တော်မူ၏။ (ဆွမ်း စားခြင်း ကျင်ကြီး ကျင်ငယ် စွန့်ခြင်း စသော ကိစ္စတို့မှအပ ထိုင်ခြင်း၊ အိပ်ခြင်း၊ ဣရိယာပုထ်နှစ်မျိုးကို လုံးလုံး အသုံးမပြုပေ။) နောက်ထပ်တစ်ဖန် (၁၆)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည် ရှိသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
住在黑藤亭(Kāḷavallimaṇḍapa)的摩诃那伽大长老也修习往返业处行持。他最初决意:“我要以行道供养,礼敬世尊历时六年所修的大精进行。”于是,他立誓在七年期间只采用站立与经行两种威仪〔即站立作意业处、经行作意业处;除用食、大小便利等事务外,完全不采用坐、卧两种威仪〕。此后,他又修习往返业处行持十六年,终于证得阿罗汉果。
ထိုမဟာနာဂမထေရ်ကြီးသည် ကမ္မဋ္ဌာန်းနှင့် ယှဥ်သော စိတ်ဓာတ်ဖြင့်သာလျှင် ခြေကို ကြွချီတော်မူ၏၊ မြှောက်တော်မူ၏၊ ကမ္မဋ္ဌာန်းနှင့် မယှဥ်သော စိတ်ဖြင့် = ကမ္မဋ္ဌာန်းအာရုံမှ လက်လွတ်သွားသော လွတ်ထွက် သွားသော စိတ်ဖြင့် ခြေကို ကြွချီခဲ့မိသည်ရှိသော် နောက်ကြောင်းသို့ တစ်ဖန် ပြန်လှည့်တော်မူလျက် ထိုကမ္မဋ္ဌာန်း အာရုံမှ လွတ်ထွက်သွားသော စိတ်ဖြင့် ခြေကို ကြွချီမိရာနေရာမှ စ၍ ကမ္မဋ္ဌာန်းနှင့် ယှဥ်သော စိတ်ဖြင့်သာလျှင် တစ်ဖန် ပြန်ကြွတော်မူ၏။ (ဤ၌ ကမ္မဋ္ဌာန်းဟူသည် မိမိ အမြဲနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကိုပင် ဆိုလိုသည်။) ထိုသို့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူလျက် သွားစဥ် ရွာအနီးသို့ ဆိုက်ရောက်တော်မူလတ်သော် ''နွားမလေလော၊ ရဟန်းလေလော''ဟု ယုံမှားသံသယ ဖြစ်လောက်သော နေရာ၌ မတ်တတ်ရပ်တော်မူ၍ သင်္ကန်းကို ရုံတော်မူပြီးနောက် လက်ကတီးချိုင်းကြားမှ လွယ်လာသော ရေဖြင့် သပိတ်ကို ဆေးကြောတော်
摩诃那伽大长老唯以与业处相应之心抬脚、举足;如果以不与业处相应之心——即心已脱离业处所缘——举了脚,他便转身退回,从心脱离业处所缘而举脚的原处,再以与业处相应之心重新前行。〔这里所谓业处,是指自己平日恒常作意的随身业处。〕他这样修习往返业处行持而行,到了村庄附近,在远望尚会疑惑“那是牛,还是比丘”的地方站住,披好袈裟,再用腋下随身带来的水
မူ၏။ သပိတ်ဆေးပြီးနောက် ရေကို ပါးစပ်တွင်း၌ ငုံထားတော်မူ၏။ အဘယ်ကြောင့်နည်း ဟူမူ --- ''ငါ့အား ဆွမ်းလောင်းလှူရန်အလို့ငှာလည်းကောင်း ရှိခိုးအံ့သော်ငှာလည်းကောင်း ရောက်ရှိလာကြကုန်သော လူတို့ကို ''ဒီဃာယုကာ ဟောထ = အသက်ရှည်ကြပါစေ''ဟူသော စကားကို ပြောဆိုခဲ့မိလျှင် ထိုသို့ ပြောဆိုလိုက်မိသော စကားမျှဖြင့်လည်း ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုသည် မဖြစ်ပါစေသတည်းဟု နှလုံးပိုက်တော်မူ၏၊ ထိုကြောင့် ရေကို ငုံခြင်း ဖြစ်၏။
清洗钵。洗钵以后,他含一口水在口中。为什么呢?他心里这样受持:“若有人前来向我供养钵食或礼拜,我即使只对他们说一句‘ဒီဃာယုကာ ဟောထ(dīghāyukā hotha)——愿你们长寿’,也愿自己的心不因这句话而从业处所缘散乱。”因此,他含水不语。
''အရှင်ဘုရား …ယနေ့ ဘယ်နှစ်ရက် ရှိပါပြီလဲ''ဟု နေ့ရက်ကိုသော်လည်းကောင်း၊ ကျောင်း၌ရှိသော ရဟန်းတော် အရေအတွက်ကိုလည်းကောင်း၊ ပြဿနာ တစ်ခုခုကိုသော်လည်းကောင်း မေးမြန်းလျှောက်ထား ခဲ့ပါမူကား ရေကို မျိုချ၍ အဖြေကို ပြောကြားတတ်၏။ အကယ်၍ နေ့ရက် စသည်တို့ကို မေးမြန်းလျှောက်ထား ကြသော ပုဂ္ဂိုလ်တို့ မရှိကြပါကုန်မူကား ရွာမှ ထွက်ခွာလာသော အချိန်၌ ရွာတံခါးဝ၌ ငုံထားပြီးသော ရေကို ထွေး၍သာလျှင် ကျောင်းသို့ ပြန်ကြွတော်မူ၏။ (အဘိ-ဋ္ဌ-၂-၃၃၇။ မ-ဋ္ဌ-၁-၂၆၃။)
如果有人问:“尊者,今天是几日?”或询问寺内比丘的人数,或请问某个问题,他便咽下口中的水,给予回答。若无人询问日期等事,他就在离开村庄时,于村门口吐掉含着的水,然后返回寺院。(《殊胜义注》2-337;《中部义注》1-263。)
原书第 370 页
တန်ဖိုးမဖြတ်နိုင်သော ဥပဒေသတစ်ရပ်
一则无价的教诫
ဤ၌ မဟာနာဂမထေရ်မြတ်ကြီးသည် ''အသက်ရှည်ကြပါစေ''ဟူသော စကားမျှကိုပင် ပြောဆိုမိလျှင် ထိုသို့ ပြောဆိုခိုက်ဝယ် စိတ်သည် ကမ္မဋ္ဌာန်းအာရုံမှ ဘေးအာရုံသို့ ပျံ့လွင့်သွား၏၊ လွတ်ထွက်သွား၏။ ဤမျှ ကိုပင် အလိုမရှိသဖြင့် ရေငုံလျက် စကားမပြောမိရန် ကျင့်ခြင်း ဖြစ်၏။ သို့သော် ပြောသင့် ပြောထိုက်သမျှကို ကား ပြောသည်သာ ဖြစ်သည်။ စကားများများ ပြောခြင်းသည် မိမိ နှလုံးသွင်း ရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံမှ ဘေးအာရုံအမျိုးမျိုးသို့ ပျံ့လွင့်သွားတတ်ခြင်းကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော် ကောင်းသည် သီလ သမာဓိ ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်နှင့် မဆက်စပ်သော စကားများကို မပြောမိဖို့ ရန် အထူးသတိပြုရပေမည်။ စကားများများ ပြောခြင်းသည် စိတ်ပျံ့လွင့်ခြင်း၏ အကြောင်းရင်းတစ်ခုပင်ဖြစ် သည်။ ဤဥပဒေသကား အသင်သူတော်ကောင်းအတွက် အဖိုးမဖြတ်နိုင်သော ဥပဒေသကြီးတစ်ခုပင် ဖြစ်ပေ
这里,摩诃那伽大长老认为,即使只说一句“愿你们长寿”,说话当下心也会从业处所缘散向其他所缘、脱离业处。他连这一点也不愿发生,所以含水以防自己开口;然而该说、应说的话,他仍然会说。多言容易使心从正在作意、修习的业处所缘散向种种旁缘。因此,向往涅槃的贤善者应当特别谨慎,不说与戒、定、慧三学的殊胜行持无关的话。多言确实是心散乱的一项原因。这则教诫,对贤善者而言,实是一则无价的
သည်။
教诫。
ကလမ္ဗဆိပ်ကမ်းကျောင်း၌ ဝါကပ်တော်မူကြသော ရဟန်းတော် အပါး (၅ဝ)
在 Kalamba 港寺安居的五十位比丘
ကလမ္ဗဆိပ်ကမ်းကျောင်း၌ ရဟန်းတော် အပါး (၅ဝ)တို့သည် ဝါဆို ဝါကပ်တော်မူကြ၏။ ထိုရဟန်းတော် တို့သည် ဝါဆိုလပြည့်နေ့၌ --- ''အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ'' ''အရဟတ္တဖိုလ်သို့ မရောက်မချင်း အချင်းချင်း စကားမပြောကြစတမ်း''ဟု ကတိကဝတ် ပြုကြကုန်၏။
五十位比丘在 Kalamba 港寺入雨安居。安居月圆日,他们共同立约:“အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ(arahattaṃ appatvā aññamaññaṃ nālapissāma)——在尚未证得阿罗汉果以前,我们彼此不交谈。”
ရွာတွင်းသို့ ဆွမ်းခံဝင်ရာ၌လည်း ရေကိုငုံ၍ ရွာတွင်းသို့ ဝင်တော်မူကြကုန်၏။ နေ့ရက် စသည်တို့ကို မေးမြန်း လျှောက်ထားကြသောသူတို့ ရှိကြပါကုန်မူကား ရေကိုထွေး၍ အဖြေကို ပြောကြားတော်မူကြကုန်၏။ 〔လုံးလုံး စကားမပြောသည်ကား မဟုတ်၊ ပြောသင့်သည်ကိုသာ ပြောကြားခြင်း ဖြစ်၏။ ငဆွံ့-ငအတို့ကဲ့သို့ (= ဆွံ့အသူ တို့ကဲ့သို့) လုံးလုံး စကားမပြောသည့် = မူဂပဗ္ဗတ အကျင့်ကိုကား ဘုရားရှင်သည် နှစ်ခြိုက်တော်မမူပေ။〕 ထိုရွာ၌ နေထိုင်ကြကုန်သော လူတို့သည် ငုံထားသည့်ရေကို ထွေးထားသည့် နေရာကို မြင်သော် ''ယနေ့ ရဟန်းတော် တစ်ပါး ရွာမှ ကျောင်းသို့ ပြန်ကြွသွား၏၊ ယနေ့ နှစ်ပါး ပြန်ကြွသွားကြ၏။'' ဤသို့ စသည်ဖြင့် သိနိုင်ကြကုန်၏။ ထိုရွာသားတို့သည် ဤသို့လည်း စဥ်းစားမိကြပြန်ကုန်၏။
他们入村托钵时,也都含水入村;若有人询问日期等事,便吐掉水而作答。〔这并不是完全不说话,而是只说应当说的话。世尊并不赞许像哑人一样完全禁语的“哑默行”(原词:မူဂပဗ္ဗတ)。〕村民看见他们吐掉含水的地点,就能知道:“今天有一位比丘从村里返回寺院了;今天有两位返回了。”诸如此类推。村民们后来又这样想:
''အသို့နည်း --- ဤရဟန်းတော်တို့သည် ငါတို့နှင့်သာ အတူ စကားမပြောကြကုန်သလော၊ သို့မဟုတ် အချင်းချင်းလည်း စကားမပြောကြကုန်သလော၊ အကယ်၍ ရဟန်းတော် အချင်းချင်းလည်း စကားမပြောကြ ကုန်သည် ဖြစ်အံ့၊ မချွတ်ဧကန် ငြင်းခုံမှု ဝိဝါဒစကား ထင်ရှားဖြစ်နေကြသည် ဖြစ်ကြကုန်လတ္တံ့။ လာကြကုန် ထိုရဟန်းတို့ကို အချင်းချင်း ကန်တော့ သည်းခံစေကြကုန်အံ့။ ဤသို့ စဥ်းစားကြကုန်၏။
“怎么回事?这些比丘只是不同我们说话,还是彼此也不交谈?如果比丘之间也不说话,想必他们发生了争执。来吧,我们去让他们彼此致歉、互相宽恕。”他们这样思量。
ဤသို့ စဥ်းစားဆုံးဖြတ်ပြီးနောက် ရွာသားအားလုံးတို့သည် ကျောင်းတော်သို့ သွားကြကုန်၏၊ ကျောင်းသို့ သွား၍ ကြည့်လတ်ကုန်သော် ငါးဆယ်သော ရဟန်းတို့တွင် ရဟန်းနှစ်ပါးတို့သည်လည်း တစ်ခုတည်းသော နေရာ ၌ အတူရှိနေသည်ကို မမြင်ကြရကုန်။ ထိုအခါ ထိုရွာသားတို့တွင် ဉာဏ်ပညာမျက်စိရှိသူ ယောကျာ်းတစ်ဦးက- ''အမောင်တို့ …ခိုက်ရန် ငြင်းခုံမှုကို ပြုလုပ်နေကြကုန်သော ရဟန်းတော်တို့၏ နေထိုင်ရာ အရပ်သည် ဤကဲ့- သို့သော နေရာမျိုး မဟုတ်ပေ။ စေတီရင်ပြင်တော် ဗောဓိရင်ပြင်တော်ကို ကောင်းစွာ တံမြက်စည်းလှည်းထား၏၊ တံမြက်စည်းတို့ကို ကောင်းစွာ သိုမှီးသိမ်းဆည်းထား၏။ သောက်ရေ သုံးဆောင်ရေကို ကောင်းစွာတည်ထား၏''
决定以后,全体村民来到寺院察看。在五十位比丘中,他们连两位同处一地的情形也没有看到。这时,村民中一位有慧眼的男子说:“诸位,发生争执的比丘所住之处,不会是这个样子。这里的塔院和菩提树院都打扫得十分洁净,扫帚也收放整齐,饮用水和日用水都已妥善备好。”
原书第 371 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဟု ပြောကြား၏။ ထိုရွာသားတို့သည် ထိုနေရာမှပင် ရွာသို့ ပြန်လှည့်သွားကြကုန်၏။ ထိုငါးဆယ်ကုန်သော ရဟန်းတော်တို့သည်လည်း ဝါတွင်းသုံးလ အတွင်းမှာပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိတော်မူကြကုန်၍ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ဝိသုဒ္ဓိပဝါရဏာကို ပြုတော်မူကြကုန်၏။ (ကိလေသာ စင်ကြယ်တော် မူကြသည့် ရဟန္တာအရှင်မြတ်တို့၏ တစ်ပါးနှင့်တစ်ပါး အပြစ်ကို မြင်ပါက ကြားပါက သံသယရှိပါက ပြောကြား တော်မူပါရန် ဖိတ်ကြားသည့်ပွဲကို ဝိသုဒ္ဓိပဝါရဏာဟု ခေါ်ဆိုသည်။) (အဘိ-ဋ္ဌ-၂-၃၃၇။ မ-ဋ္ဌ-၁-၂၆၃။) 〔သတိပြုသင့်သော အချက် -- ဤ၌ ရွာသားတို့သည်ကား ကျင့်ဝတ်ပဋိပတ်ကို နားလည်ကြသဖြင့် ရဟန်း- တော်တို့အား မေးမြန်းမှုမျှကိုပင် မပြုဘဲ ပြန်သွားကြ၏။ ယခုကာလ၌လည်း တောကျောင်း တောင်ကျောင်းတို့၌ သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်နေကြသော ရဟန်းတော်များထံသို့ ဒါယကာ ဒါယိကာမများ
那位男子这样说道。村民便从那里直接返回村中。那五十位比丘也都在雨安居三个月内证得阿罗汉果,并在解夏月圆的大自恣日举行清净自恣。〔已净除烦恼的阿罗汉圣者彼此邀请:若见、闻或怀疑我有过失,请予指出;这种自恣称为“清净自恣”。〕(《殊胜义注》2-337;《中部义注》1-263。)〔应当注意:这里的村民懂得修行规矩,所以甚至没有向比丘们作任何询问,便返回了。现今,男女施主前往森林寺院、山林寺院,拜访正在修习止与观的比丘时
သွားရောက်ကြ၍ လေကြောမရှည်မိစေရန် အထူး သတိပြုသင့်လှပေသည်။〕
也应格外留心,不要拉长话头、长谈不休。〕
လိုက်နာသင့်သော စည်းကမ်းသတ်မှတ်ချက်များ
应当遵守的规则
ဤသို့လျှင် ကာဠဝလိဒမဏ္ဍပ အရပ်၌ သီတင်းသုံးတော်မူသော မဟာနာဂမထေရ်မြတ်ကြီးကဲ့သို့လည်း ကောင်း၊ ကလမ္ဗဆိပ်ကမ်းကျောင်း၌ ဝါဆိုဝါကပ်တော်မူကြသော ရဟန်းတော်တို့ကဲ့သို့လည်းကောင်း ကမ္မဋ္ဌာန်း နှင့် ယှဥ်သော စိတ်ဖြင့်သာလျှင် (ကမ္မဋ္ဌာန်းကို အမြဲ နှလုံးသွင်းနေသော စိတ်ဖြင့်သာလျှင်) မိမိ၏ ခြေကို မြှောက်ချီလျက် ရွာ၏ အနီးသို့ သွား၏။ (မိမိ နှလုံးသွင်းနေကျ ရှုပွားနေကျ ဖြစ်သည့် အာနာပါနကဲ့သို့သော၊ ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် တစ်မျိုးမျိုးသော ကမ္မဋ္ဌာန်းကိုသာ အထူးရည်ညွှန်း ပြောဆိုနေသည်ဟု သတိပြုပါ။) ရွာ၏ အနီးသို့ သွား၍ ရေငုံခြင်းကို ပြု၍ ဆွမ်းခံသွားလိုသည့် လမ်းခရီးတို့ကို ကောင်းစွာ မှတ်သားအပ် ၏။ မှတ်သားပြီးသော် သေသောက်ကြူး ကြွေအန်ကြူး စသည့် ရန်ဖြစ်နေသူတို့ မရှိသည့် လမ်းမျိုး၊ ဆင်ကြမ်း၊ မြင်းကြမ်း စသည်တို့ မရှိသည့် လမ်းမျိုးကိုသာ ရွေးချယ်၍ ဆွမ်းခံသွားအပ်၏။ ထိုရွာတွင်း၌ ဆွမ်းခံလှည့်
因此,应当如住在黑藤亭的摩诃那伽大长老,以及在 Kalamba 港寺入雨安居的诸比丘一般,只以与业处相应之心〔即恒常作意业处之心〕举足,前往村庄附近。〔应知这里特别指自己平日作意、修习的四十业处之一,例如入出息念。〕到了村边,含水在口中,并仔细察看准备托钵的路线;察看以后,应选择没有醉汉、赌徒等滋事争斗,也没有凶象、烈马等危险的道路入村托钵。在村中次第托钵时
လည်ခဲ့သော် အဆောတလျင်ကဲ့သို့ လျင်လျင်မြန်မြန် မသွားအပ်။ တစ်စုံတစ်ခုသော လျင်မြန်သော အဟုန်ဖြင့် သွားရသော ပိဏ္ဍပါတ်ဓုတင် မည်သည် မရှိကောင်းသည်သာတည်း။ မညီညွတ်သော မြေရှိရာအရပ်သို့ ရောက် သော်ကား ရေအပြည့်တင်ထားသော ရေလှည်းကဲ့သို့ တုန်လှုပ်မှု မရှိဘဲ ငြိမ်ငြိမ်သက်သက် သွားအပ်၏။
不可像匆忙赶路那样疾行;根本没有一种需要快步疾走的“托钵头陀支”。到了地面不平之处,应像载满水的水车一样,不摇不晃,安稳而行。
အိမ်စဥ်အတိုင်း ဆွမ်းခံကြွဝင်လျက် လောင်းလှူလိုသည်ကိုလည်းကောင်း၊ မလောင်းလှူလိုသည်ကိုလည်းကောင်း ကောင်းစွာ မှတ်သားဖို့ရန် မှတ်သားနိုင်လောက်သည်နှင့် သင့်လျော်သော အချိန်အခါ ကာလပတ်လုံး ဆိုင်းငံ့ အပ်၏။ ထိုသို့ ဆိုင်းငံ့လျက် ဆွမ်းကို အလှူခံယူပြီးနောက် ပြည့်စုံသောအခါ ရွာတွင်း၌လည်းကောင်း၊ ရွာပြင်၌ လည်းကောင်း၊ ကျောင်းသို့သာလျှင်သော်လည်းကောင်း ပြန်ကြွ၍ ရေမိုး စသည် ချမ်းသာ လွယ်ကူရာ သင့်တင့် လျောက်ပတ်သော အရပ်၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ထိုင်၏၊ စားသုံးဖွယ် အာဟာရ၌ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလသညာကို ရှေးရှူ ဖြစ်စေ၏။ ရှေးရှူ ဖြစ်စေပြီးနောက် --- ၁။ လှည်းဝင်ရိုး၌ ဆီထိုးပေးရသည့် အက္ခဗ္ဘဉ္ဇနဥပမာ၊ ၂။ အနာကို လိမ်းကျံပေးရသည့် ဆေးနှင့် တူသည့် ဝဏာလေပနဥပမာ၊ ၃။ ကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်နိုင်ရေးအတွက် သား၏ အသားကို စားသုံးရသော ပုတ္တမံသူပမာ-
依次到各家托钵时,应只停留一段适当的时间,恰足以观察对方愿不愿布施。这样停候受食,所得足够以后,可在村内、村外,或返回寺院,于沐浴用水等方便易得、安稳适宜的处所坐下作意业处;先对所受用的食物生起食厌想。生起以后,应以三则譬喻省察:一、如为车轴涂油;二、如为伤口敷药;三、如为渡过荒漠险途而食用自己孩子的肉。
(သံ-၁-၃၂၂။)
(《相应部》1-322。)
ဤဥပမာတို့၏ အစွမ်းဖြင့် မိမိ မှီဝဲရမည့် အာဟာရကို ဆင်ခြင်အပ်၏။ ထိုသို့ ဆင်ခြင်ပြီးနောက် --- ၁။ ရွာသူသားငယ်တို့ကဲ့သို့ မြူးထူးပျော်ပါး ကစားဖို့ရန် အလို့ငှာ ဤအာဟာရကို မှီဝဲသည် မဟုတ်။
应当依这三则譬喻省察自己将要受用的食物。如此省察以后:一、受用这些食物,不是为了像村中孩童那样嬉戏玩乐。
原书第 372 页
၂။ လက်ဝှေ့သည် လက်ပန်းသည်တို့ကဲ့သို့ အားဟူသော မာန်ယစ်ခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည် မဟုတ်။
2.受用此食,并不是为了像拳师、角力士那样,因有力而骄醉。
၃။ နန်းတွင်းသူ ပြည့်တန်ဆာမတို့ကဲ့သို့ လှပရေဆင်းပြည့်ဖြိုးခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည်မဟုတ်။
3.也不是为了像宫女、妓女那样使自己容色美丽丰润而受用此食。
၄။ ကချေသည်တို့ကဲ့သို့ အရေအဆင်း ပြည့်ပြည့်စုံစုံ တင့်တယ်စေခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည် မဟုတ်။
4.也不是为了像舞者那样使自己的容貌圆满庄严而受用此食。
အဟုတ်သော်ကား --- ၁။ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် အရှည်တည်တံ့ရန် အလို့ငှာ - ၂။ အသက်ရှည်စွာ မျှမျှတတ နေထိုင်နိုင်ရန် အလို့ငှာ - ၃။ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပင်ပန်းမှုကို ပယ်ဖျောက်နိုင်ရန် အလို့ငှာ - ၄။ သီလ-သမာဓိ-ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနဗြဟ္မစရိယ၊ အရိယမဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ --- ဤဗြဟ္မစရိယနှစ်ပါးကို ချီးမြှောက်နိုင်ရန် အလို့ငှာ - ၅။ ဆာလောင်မွတ်သိပ်နေသော ဝေဒနာဟောင်းများကို ပယ်ဖျောက်နိုင်ရန် အလို့ငှာ - ၆။ အသစ်အသစ်သော ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာတို့သည်လည်း နောက်ထပ် မဖြစ်စေရန် အလို့ငှာ- ၇။ ထိုသို့ စားသုံးလိုက်ခြင်းကြောင့် ဣရိယာပထ မျှမျှတတ နေထိုင်ရန် အလို့ငှာ - ၈။ အာဟာရကို ရှာမှီးခြင်း ခံယူခြင်း သုံးဆောင်ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာတတ်သည့် စိတ် ဆင်းရဲခြင်း စသည့် အကုသိုလ်အပြစ်တို့ မဖြစ်ရန် ချမ်းချမ်းသာသာနေထိုင်နိုင်ရန် အလို့ငှာ -
其实,受用食物是为了以下八项目的:1.使承载四界的此身长久维持;2.使生命得以长久而调适地延续;3.消除饥饿所造成的疲苦;4.资助两种梵行,即戒、定、慧三学之胜行——教法梵行,以及圣道——道梵行;5.消除已经生起的饥饿苦受;6.不使新的饥饿苦受再度生起;7.使食后诸威仪保持调适;8.避免因寻求、领受、食用食物而生起忧恼等不善过失,从而安乐而住。
ဤအာဟာရကို မှီဝဲပါ၏။ --- ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံအောင် ပစ္စဝေက္ခဏာ ဆင်ခြင်လျက် အာဟာရကို မှီဝဲသုံးဆောင်အပ်၏။
应当如此省察:“我是为了这些目的而受用此食。”具足这八支省察以后,才受用食物。
ဆွမ်းစားပြီးနောက် သပိတ်ကို ရေဆေးခြင်း အစရှိသော ကိစ္စအရပ်ရပ်ကို ပြုလုပ်ပြီးလျှင် ဆွမ်းဆီယစ်ခြင်း ကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအေးစေရန် အလို့ငှာ လကျာ်နံတောင်း စောင်းလျက်ဖြစ်စေ (သို့မဟုတ် နှစ်ခြိုက်ရာ ဣရိယာပုထ်ဖြင့် ဖြစ်စေ) အတန်ငယ် ကျိန်းစက်ခြင်းဖြင့် ပယ်ဖျောက်ပေး၏။
用完钵食、洗钵并办妥各项事务以后,为了消除饱食所生的疲倦,可以右胁而卧〔或采用自己觉得适宜的威仪〕,稍作卧息。
နံနက်ပိုင်း၌ ကမ္မဋ္ဌာန်းကိုသာလျှင် ထိုင်ခြင်း စင်္ကြံသွားခြင်းဖြင့် နှလုံးသွင်းနေသကဲ့သို့ ဆွမ်းစားပြီး နောက်ပိုင်း၌လည်းကောင်း၊ ညဥ့်ဦးယာမ်၌လည်းကောင်း၊ မိုးသောက်ယာမ်၌လည်းကောင်း အလားတူပင် ကမ္မဋ္ဌာန်းကိုသာလျှင် နှလုံးသွင်းနေ၏။
正如上午以坐禅、经行作意业处一样,受食后的时段、初夜以及后夜黎明时分,也同样只作意业处。
ဤကဲ့သို့သော ရဟန်းတော်မျိုးကို ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်နေသော အသွားအပြန် နှစ်မျိုးလုံး၌ ကမ္မဋ္ဌာန်းဆောင်သူဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အဘိ-ဋ္ဌ-၂-၃၃၇။ မ-ဋ္ဌ-၁-၂၆၃-၂၆၄။)
这种比丘称为“修习往返业处行持、在去程与返程两者中都摄持业处者”。(《殊胜义注》2-337;《中部义注》1-263—264。)
ရရှိနိုင်သော အကျိုးတရားများ
可获得的利益
ဤဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း၊ ဆွမ်းခံအပြန်၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းဟူသော ဂတ- ပစ္စာဂတဝတ်ကို ဖြည့်ကျင့်သောသူသည် အကယ်၍ အရဟတ္တဖိုလ်ကို ရနိုင်လောက်သော ဥပနိဿယနှင့် ပြည့်စုံ ခဲ့သည် ဖြစ်အံ့။
修习这种往返业处行持——前往托钵时摄持业处,托钵返回时也摄持业处——的人,若具足足以证得阿罗汉果的亲依止〔强有力的依缘〕,则:
၁။ ပထမအရွယ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။
1.可以在生命的第一阶段便证得阿罗汉果。
အကယ်၍ ပထမအရွယ်၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။
若未能在生命的第一阶段证得阿罗汉果,则:
၂။ မဇ္ဈိမအရွယ်၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။
2.可以在生命的中期证得阿罗汉果。
原书第 373 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အကယ်၍ မဇ္ဈိမ = ဒုတိယအရွယ်၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။
若在中期——即生命的第二阶段——仍未能证得阿罗汉果,则:
၃။ ပစ္ဆိမ = နောက်ဆုံး တတိယအရွယ်၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။
3.可以在后期——即最后的第三阶段——证得阿罗汉果。
အကယ်၍ နောက်ဆုံးအရွယ်၌လည်း အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။
若在生命的最后阶段仍未能证得阿罗汉果,则:
၄။ သေရာညောင်စောင်း လျောင်းစက်သောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။
4.可以在临终卧于床榻时证得阿罗汉果。
သေရာညောင်စောင်း လျောင်းစက်သောအခါ၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။
若在临终卧于床榻时仍未能证得阿罗汉果,则:
၅။ နတ်သားဖြစ်၍ နတ်သားဘဝ၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။
5.可以投生为天子,并在天子身中证得阿罗汉果。
အကယ်၍ နတ်သား ဖြစ်၍ နတ်သားဘဝ၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို ရနိုင်လောက်သော ဥပနိဿယ = အားကြီးသောမှီရာ အကြောင်းနှင့် ပြည့်စုံခဲ့ သည်လည်း ဖြစ်အံ့။
若成为天子以后,在天子身中仍未能证得阿罗汉果;又若具足足以获得独觉菩提智的亲依止——即强有力的依缘——,则:
၆။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ မပွင့်ရာ သာသနာပအခါ၌ လူဖြစ်ခဲ့သော် ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက်ပြု နိုင်၏။
6.若在正等觉佛不出世、佛教法不存在的时期生而为人,便能现证独觉菩提智。
အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက် မပြုနိုင်ခဲ့သည် ဖြစ်အံ့၊ ဥပနိဿယနှင့်လည်း ပြည့်စုံခဲ့ သည် ဖြစ်အံ့။
若未能现证独觉菩提智,但仍具足相应的亲依止,则:
၇။ အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ မျက်မှောက်တော်၌ အလွန် လျင်လျင်မြန်မြန် အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင်သော အသိထူး ဉာဏ်ထူးတို့ကို ရယူနိုင်သော ခိပ္ပါဘိည ရဟန္တာမျိုးသော်လည်း ဖြစ်နိုင်၏။
7.也可能成为像巴希亚·达鲁奇利亚长老那样的速通达阿罗汉,在正等觉佛面前极其迅速地获得直至阿罗汉道、阿罗汉果的殊胜智证。
ဥပနိဿယနှင့် ပြည့်စုံခဲ့သည် ဖြစ်အံ့။
若又具足相应的亲依止,则还可能:
၈။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကဲ့သို့ ဉာဏ်ပညာကြီးမားတော်မူသော ရဟန္တာပုဂ္ဂိုလ်သော်လည်း ဖြစ်နိုင်၏။
8.成为像舍利弗大长老那样智慧广大的阿罗汉。
၉။ အရှင်မောဂ္ဂလဒာန်မထေရ်မြတ်ကြီးကဲ့သို့ တန်ခိုးကြီးမားတော်မူသော ရဟန္တာပုဂ္ဂိုလ်သော်လည်း ဖြစ်နိုင်၏။
9.成为像大目犍连长老那样具有大神通的阿罗汉。
၁ဝ။ အရှင်မဟာကဿပ မထေရ်မြတ်ကြီးကဲ့သို့ ဓုတင်ကို ဆောင်ရာ၌ ဧတဒဂ် ရရှိတော်မူသော ရဟန္တာ ပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။
10.成为像摩诃迦叶大长老那样,在受持头陀支方面第一的阿罗汉。
၁၁။ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကဲ့သို့ ဒိဗ္ဗစက္ခုအဘိဉာဏ်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုး သော်လည်း ဖြစ်နိုင်၏။
11.成为像阿那律长老那样,在天眼通方面第一的阿罗汉。
၁၂။ အရှင်ဥပါလိမထေရ်မြတ်ကဲ့သို့ ဝိနည်းကို ဆောင်သည့်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုး သော်လည်း ဖြစ်နိုင်၏။
12.成为像优波离长老那样,在持律方面第一的阿罗汉。
၁၃။ မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်သော အရှင်ပုဏ္ဏမထေရ်မြတ်ကဲ့သို့ ဓမ္မကထိကအရာ၌ ဧတဒဂ် ရတော် မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။
13.成为像曼多尼婆罗门女之子富楼那长老那样,在说法方面第一的阿罗汉。
၁၄။ အရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်ကဲ့သို့ အာရညကင် တောရ ဓုတင် အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။
14.成为像舍利弗尊者的幼弟离婆多长老那样,在林野住头陀行方面第一的阿罗汉。
၁၅။ အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့ ဗဟုသုတအရာ၌ ဧတဒဂ်ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။
15.成为像阿难大长老那样,在多闻方面第一的阿罗汉。
၁၆။ ဘုရားရှင်၏ ရင်သွေးတော် အရှင်ရာဟုလာ မထေရ်မြတ်ကဲ့သို့ သိက္ခာကာမ = သိက္ခာသုံးပါး အကျင့်မြတ် တရားကို လိုလားတောင့်တတော်မူသည့်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။
16.成为像佛子罗睺罗长老那样,在乐欲修学戒、定、慧三学的殊胜法方面第一的阿罗汉。
原书第 374 页
ဤသို့ သိရှိပါလေ။ ဤစတုက္က၌ ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၍ ဆွမ်းခံရွာမှ အပြန်၌ လည်း ကမ္မဋ္ဌာန်းကို ဆောင်သော ရဟန်းတော်၏ ဂေါစရသမ္ပဇဥ်သည်ကား အထွတ်အထိပ်သို့ ရောက်ရှိသွား သော ဂေါစရသမ္ပဇဥ်ပင် ဖြစ်ပေသည်။
应当如此了知。在这一组四法中,前往托钵时摄持业处、从托钵村返回时也摄持业处的比丘,其行处正知已经达到顶点。
ဤတွင် --- အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ = ရှေ့သို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ပါဠိတော်စကားရပ်ကို ဖွင့်ဆိုနေသော အပိုင်းတွင် --- သာတ္ထကသမ္ပဇဥ်၊ သပ္ပါယသမ္ပဇဥ်၊ ဂေါစရသမ္ပဇဥ်ဟူသော သမ္ပဇဥ်သုံးပါး ဖြစ်ပုံကို ဖွင့်ဆိုရေးသားပြီး ဖြစ်ပေ၏။ အသမ္မောဟ သမ္ပဇဥ်ပိုင်းကား ကျန်ရှိနေသေး၏။ ယင်းအသမ္မောဟသမ္ပဇဥ် အကြောင်းကို မရေးသားမီ၊ ဋီကာ ဆရာတော် များက ဖွင့်ဆိုထားတော်မူကြသော ဥပနိဿယသမ္ပန္န အကြောင်းနှင့် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ အကြောင်းအရာများကို အခြား အခြားသော ပါဠိတော် အဋ္ဌကထာ ဋီကာအဖွင့်တို့နှင့် နှီးနှော၍ ရေးသားတင်ပြအပ်ပါသည်။
这里,在解释巴利语(缅文转写)“အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ”——“前进、退返时,正知而行”——的部分中,已经说明了有益正知、适宜正知与行处正知这三种正知;不痴正知部分仍有待说明。在撰写不痴正知以前,将参照其他巴利原典、义注与复注,并结合诸复注论师的解释,先行说明“具足亲依止”(upanissaya-sampanna)与“所见唯是所见”(diṭṭhe diṭṭhamattaṃ)两项内容。
ဥပနိဿယသမ္ပန္န
具足亲依止
တတ္ထ ပစ္စေကဗောဓိယာ ဥပနိဿယသမ္ပဒါ ကပ္ပါနံ ဒွေ အသင်္ချေယျာနိ သတသဟဿဉ္စ တဇ္ဇံ ပုညဉာဏ- သမ္ဘရဏံ၊ သာဝကဗောဓိယံ အဂ္ဂသာဝကာနံ ဧကံ အသင်္ချေယျံ ကပ္ပသတသဟဿဉ္စ၊ မဟာသာဝကာနံ ကပ္ပ- သတသဟဿမေဝ၊ ဣတရေသံ အတီတာသု ဇာတီသု ဝိဝဋ္ဋသန္နိဿယဝသေန နိဗ္ဗတ္တိတံ နိဗ္ဗေဓဘာဂိယံ ကုသလံ။
“这里,就独觉菩提而言,具足亲依止,是积集与它相称的福智资粮达两阿僧祇又十万劫;就声闻菩提而言,上首声闻须积集一阿僧祇又十万劫,大声闻则只须十万劫;其余〔普通声闻〕所需的,是过去诸生中以出离轮回为依止而生起、导向通达的善法。”
(ဒီ-ဋီ-၁-၂၄၆။ မ-ဋီ-၁-၃၅၇။)
(《长部复注》1-246;《中部复注》1-357。)
၁။ ပစ္စေကဗောဓိဉာဏ်၏ အားကြီးသောမှီရာ ဥပနိဿယနှင့် ပြည့်စုံအောင် --- နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို ပစ္စေကဗောဓိဉာဏ်အား လျော်လျောက်ပတ်သော ပါရမီ ကောင်းမှုကုသိုလ်ထူးနှင့် ဉာဏ် အဆောက်အဦကို ဆည်းပူးရ၏။ ပါရမီ ဖြည့်ကျင့်ရ၏။
1.要具足独觉菩提智的强力所依——亲依止,就必须在两阿僧祇又十万劫期间,积集、圆满与该独觉菩提智相应的波罗蜜殊胜善业与智慧资粮。
၂။ သာဝကဗောဓိဉာဏ် သုံးမျိုးတို့တွင် အဂ္ဂသာဝကတို့အား တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို အဂ္ဂသာဝကဗောဓိဉာဏ်အားလျော်သော ပါရမီ ကောင်းမှုကုသိုလ်ထူး --- ဉာဏ်အဆောက်အဦတို့ကို ဖြည့်ကျင့် ဆည်းပူးရ၏။
2.在三种声闻菩提智中,上首声闻必须在一阿僧祇又十万劫期间,积集、圆满与上首声闻菩提智相应的波罗蜜殊胜善业与智慧资粮。
၃။ မဟာသာဝကတို့အား မဟာသာဝကဗောဓိဉာဏ် ရရှိရေးအတွက် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို မဟာသာဝကဗောဓိဉာဏ်အား လျော်သော ပါရမီ ကောင်းမှုကုသိုလ်ထူး --- ဉာဏ်အဆောက်အဦကို ဖြည့်ကျင့် ဆည်းပူးရ၏။
3.大声闻为了获得大声闻菩提智,必须在十万劫期间,积集、圆满与大声闻菩提智相应的波罗蜜殊胜善业与智慧资粮。
၄။ ပကတိသာဝကတို့အား ပကတိသာဝကဗောဓိဉာဏ် ရရှိရေးအတွက် အတိတ်ဘဝတို့၌ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း ဝိဝဋ္ဋသဘောကို အမှီပြုသည်၏ အစွမ်းဖြင့် ဖြစ်စေအပ်ပြီးသော ဖြည့်ကျင့် ဆည်းပူးထားအပ် သော၊ နိဗ္ဗေဓဘာဂိယ = ကိလေသာထု အစိုင်အခဲကို ဖြိုခွဲ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ပါရမီကုသိုလ်ထူးသည် ဥပနိဿယသမ္ပန္န = အားကြီးသောမှီရာ ဥပနိဿယနှင့် ပြည့်စုံသည် မည်၏။ (ဒီ-ဋီ-၁-၂၄၆။ မ-ဋီ-၁-၃၅၇။) ရိုးရိုး ပကတိသာဝကတို့၏ သာဝကဗောဓိဉာဏ်နှင့် ပြည့်စုံရေးအတွက် အတိတ်ဘဝတို့၌ ပြုစုပျိုးထောင် ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းဟူသော လောဘထု ဒေါသထု မောဟထု စသည့် ကိလေသာထု အစိုင်အခဲကြီးကို ဖြိုခွဲနိုင်သည့် ဖောက်ထွင်းနိုင်သည့် စွမ်းအားရှိသော နိဗ္ဗေဓဘာဂိယကုသိုလ်ထူး ရှိရမည်ဟု ဖွင့်ဆိုထား၏။ သာဝကဗောဓိဉာဏ်အရာ၌ ပါရမီမလိုပါဟု ပြောဆိုသော စကားများမှာ ဤအဖွင့်များနှင့်
4.普通声闻为了获得普通声闻菩提智,必须具有过去诸生中已经积集、圆满的波罗蜜殊胜善法:这些善法以出离轮回苦为依止而生起,是“导向通达的善法”(nibbedhabhāgiya-kusala),能够破碎、摧毁坚厚成块的烦恼。这就称为“具足亲依止”——具足强有力的所依。(《长部复注》1-246;《中部复注》1-357。)换言之,普通声闻为了具足普通声闻菩提智,必须具有过去诸生中所培育的明种与行种;这些导向通达的殊胜善法具有力量,足以破开、洞穿由贪聚、嗔聚、痴聚等构成的坚厚烦恼块。有人说,获得声闻菩提智不需要波罗蜜;这种说法与上述解释
ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ ဤအဖွင့်များအရ ဆိုရမူ --- နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစု ပျိုးထောင်ခဲ့သော ဒါန သီလ သမထ ဟူသော စရဏမျိုးစေ့ကောင်း၊ ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်
正面相反。依这些解释,可以这样说:为了涅槃而修习、培育的布施、持戒与止禅,是行种;至于曾经把色名逐层剖析,使智慧知见
原书第 375 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဆိုက်အောင် ကြိတ်ချေခဲ့ဖူးသော ဝိဇ္ဇာမျိုးစေ့ကောင်း --- ဤမျိုးစေ့ကောင်းတို့ကား ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော နိဗ္ဗေဓဘာဂိယ ကုသိုလ်များ ဖြစ်ကြ၏။ ယင်းနိဗ္ဗေဓဘာဂိယ ကုသိုလ်ပါရမီကား သာဝက ဗောဓိဉာဏ် ရရှိရေးအတွက် ရှိပြီးသား ဖြစ်ရမည်။ လယ်တီဆရာတော်ဘုရားကြီးကား --- ပါရမီဒီပနီ၌ သစ္စက ပရိဗိုဇ်နှင့် ဖားနတ်သားဝတ္ထု (မဏ္ဍုကဒေဝပုတ္တဝတ္ထု)တို့ကို ထောက်၍ နှစ်ဘဝ သုံးဘဝခန့် နိဗ္ဗေဓဘာဂိယ ကုသိုလ်တို့ကို ပြုစုပျိုးထောင်နိုင်လျှင်လည်း ပကတိသာဝကဗောဓိဉာဏ် အရာ၌ လုံလောက်ကြောင်း မိန့်ဆို ထား၏။ ဝိဇ္ဇာမျိုးစေ့ပိုင်း၌လည်း အနည်းဆုံး ပမာဏအားဖြင့် ဓာတ်ကြီး (၄)ပါးလောက်ကိုကား ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားဖူးရမည်ဟုလည်း မိမိ၏ ဒီပနီများတွင် ဖော်ပြထား၏။ နာမရူပပရိ-
达到究竟法的明种;这两类善种,都是能够破开坚厚烦恼块、导向通达的善法。为了获得声闻菩提智,必须已经具备这种作为波罗蜜、导向通达的善法。雷迪西亚多大长老在《波罗蜜灯论》中,以萨遮迦游方者和青蛙天子的故事(Maṇḍūkadevaputta-vatthu)为依据,开示说:即使只用两三生培育这种导向通达的善法,对于普通声闻菩提智也已经足够。关于明种,他又在自己的诸部《灯论》中说明:至少必须曾经摄取、观修四大种,使智慧知见达到究竟法;若曾具足名色分别
စ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့နှင့် ပြည့်စုံခဲ့ပါမူကား ဆိုဖွယ်ရာ မရှိ၊ အကောင်းဆုံးသာ ဖြစ်တော့သည် ဟူ၏။
智、缘摄受智与诸观智,那就更不待言,是最为理想的。
တစ်ဖန် အရှင်ဗာဟိယဒါရုစိရိယမထေရ်၏ အကြောင်းအရာနှင့် ဆက်စပ်၍လည်း --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဥ်ကို ဖွင့်ဆိုထားတော်မူကြ၏။ သို့အတွက် ဤသမ္ပဇဥ်ပိုင်းရှုကွက်နှင့် ဆက်စပ်နေသည့် ယင်းဒိဋ္ဌေ ဒိဋ္ဌ- မတ္တံ --- ကျင့်စဥ်ကိုလည်း အကျဥ်းချုပ်၍ ဆက်လက် တင်ပြအပ်ပါသည်။
此外,与巴希亚·达鲁奇利亚长老的事迹相关,诸义注师也曾解释“所见唯是所见”(diṭṭhe diṭṭhamattaṃ)的修习。因此,下面把与本章正知部分这一观照方式相关的“所见唯是所见”修习,略加概述。
ဒိဋ္ဌေ - ဒိဋ္ဌမတ္တံ ကျင့်စဥ်
“所见唯是所见”的修行法
တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ --- ''ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ''တိ။ ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ။
“因此,巴希亚,你应当这样训练:‘于所见唯是所见,于所闻唯是所闻,于所觉唯是所觉,于所识唯是所识。’巴希亚,你应当这样训练。”
ယတော ခေါ တေ ဗာဟိယ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ ဗာဟိယ န တေန။ ယတော တွံ ဗာဟိယ န တေန၊ တတော တွံ ဗာဟိယ န တတ္ထ။ ယတော တွံ ဗာဟိယ န တတ္ထ၊ တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာတိ။ (ခု-၁-၈၅-၈၆။ ဥဒါနပါဠိ။) = ချစ်သား ဗာဟိယ …ထိုကြောင့် ဤသာသနာတော်၌ သင်ချစ်သားသည် ဤသို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ --- ၁။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်အပ်သည်ရှိသော် မြင်အပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။
“巴希亚,当你于所见唯是所见、于所闻唯是所闻、于所觉唯是所觉、于所识唯是所识时,你便不由彼〔而与贪等相连〕。巴希亚,当你不由彼时,你便不在彼;当你不在彼时,你便既不在此〔世〕,也不在彼〔来世〕,也不在两者之间。这正是苦的终尽。”(《小部》1-85—86;《自说》巴利。)意思是:亲爱的巴希亚……所以,在这教法中,你应当如此勤勉修习:1.当眼识见到色所缘时,应修到唯有所见。
၂။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားအပ်သည်ရှိသော် ကြားအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။
2.当耳识听到声所缘时,应修到唯有所闻。
၃။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို၊ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို၊ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိအပ် သည်ရှိသော် တွေ့ထိအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။
3.当鼻识嗅到香所缘、舌识尝到味所缘、身识触到触所缘时,应修到唯有所觉。
၄။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိအပ်သည်ရှိသော် သိအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။
4.当意识识知法所缘时,应修到唯有所识。
ချစ်သား ဗာဟိယ …ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ချစ်သား ဗာဟိယ …အကြင်အခါ၌ သင်ချစ်သားသည် ဒိဋ္ဌ-သုတ-မုတ-ဝိညာတ ဖြစ်ကုန်သော အာရုံ (၆)ပါး တရား တို့၌ --- ၁။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်အပ်သည်ရှိသော် မြင်အပ်ကာမျှသည် ဖြစ်လတ္တံ့။
亲爱的巴希亚……你应当如此勤勉修习。亲爱的巴希亚……当你对于属于所见、所闻、所觉、所识的6种所缘:1.由眼识见到色所缘时,将唯有所见;
၂။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားအပ်သည်ရှိသော် ကြားအပ်ကာမျှသည် ဖြစ်လတ္တံ့။
2.由耳识听到声所缘时,将唯有所闻;
原书第 376 页
၃။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို၊ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို၊ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိအပ် သည်ရှိသော် တွေ့ထိအပ်ကာမျှသည် ဖြစ်လတ္တံ့။
3.由鼻识嗅到香所缘、舌识尝到味所缘、身识触到触所缘时,将唯有所觉;
၄။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိအပ်သည်ရှိသော် သိအပ်ကာမျှသည် ဖြစ်လတ္တံ့။
4.由意识识知法所缘时,将唯有所识。
ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် ထိုအာရုံတို့ အပေါ်၌ ထိုရာဂဖြင့် တပ်မက်ခြင်း၊ ဒေါသဖြင့် ပြစ်မှားခြင်း၊ မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။
亲爱的巴希亚……那时,你对于这些所缘,将不会以贪加以染著,不会以嗔加以侵害,也不会以痴而不能如实了知所缘的自性、陷入迷乱。
(တစ်နည်း --- ထိုမြင်ခြင်း၊ ကြားခြင်း၊ ထိခြင်း၊ သိခြင်းနှင့် စပ်သော ရာဂ ဒေါသ မောဟနှင့် အတူတကွ မဖြစ် ပေလတ္တံ့။) ချစ်သား ဗာဟိယ …အကြင်အခါ၌ သင်ချစ်သားသည် ထိုအာရုံတို့ အပေါ်၌ ထိုရာဂဖြင့် တပ်မက်ခြင်း၊ ဒေါသဖြင့် ပြစ်မှားခြင်း၊ မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။
〔另一种说法是:所见、所闻、所觉、所识不会与同它们相关的贪、嗔、痴一同生起。〕亲爱的巴希亚……当你对于这些所缘,不以贪加以染著,不以嗔加以侵害,也不以痴而不能如实了知所缘的自性、陷入迷乱时,这些烦恼将不会生起。
ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ အာရုံတို့၌ (ရာဂ-ဒေါသ- မောဟ တို့နှင့်) ဆက်စပ်လျက် တည်နေခြင်း မည်သည် မဖြစ်ပေလတ္တံ့။
亲爱的巴希亚……那时,你便不会在所见、所闻、所觉、所识这些所缘中,与贪、嗔、痴相连而住。
ချစ်သား ဗာဟိယ …အကြင်အခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ အာရုံတို့၌ (ရာဂ- ဒေါသ-မောဟတို့နှင့်) ဆက်စပ်လျက် တည်နေခြင်းမည်သည် မဖြစ်ပေလတ္တံ့။ ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် --- ၁။ ဤပစ္စုပ္ပန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့၊ ၂။ တမလွန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့၊ ၃။ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌လည်း မဖြစ်တော့ပေလတ္တံ့။
亲爱的巴希亚……当你不在所见、所闻、所觉、所识这些所缘中与贪、嗔、痴相连而住时,亲爱的巴希亚……那时,你将:1.不再生于此现世;2.不再生于来世;3.也不再生于现世与来世两者之间。
ဤပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌ မဖြစ်ခြင်းသည်ပင်လျှင် ကိလေသဒုက္ခ၊ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီး၏ အဆုံး မည်ပေ၏။ --- ဤသို့ ဘုရားရှင်က ဟောကြားတော်မူ၏။ (ခု-၁-၈၅-၈၆။ ဥဒါန်းပါဠိတော်၊၊) ၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယတနေ စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။ စက္ခုဝိညာဏံ ဟိ ရူပေ ရူပ- မတ္တမေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ။ ဣတိ သေသဝိညာဏေဟိပိ မေ ဧတ္ထ ဒိဋ္ဌမတ္တမေဝ စိတ္တံ ဘဝိဿတီတိ အတ္ထော။ (သံ-ဋ္ဌ-၃-၂၈။) စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ စက္ခုဝိညာဏဿ ရူပါယတနံ ယတ္တကော ဂဟဏာကာရော၊ တတ္တကံ။
不再生于现世、来世以及两者之间,这正是烦恼苦与轮回大苦的终尽。佛陀如此开示。(《小部》1-85—86;《自说“1.‘于所见唯是所见’,意谓对于眼识在色处中所见的,将唯有所见。因为眼识于色中只见色本身,并不见常等自性。因此,其义是:‘对我而言,在这里,即使其余诸识生起,心也将唯止于所见。’”(《相应部义注》3-“‘对于眼识所见的,唯以所见为限量’,意谓眼识取色处的行相有多少,便以多少为限量——”
ကိတ္တကံ ပမာဏန္တိ အတ္တသံဝေဒိယံ ပရဿ န ဒိသိတဗ္ဗံ၊ ကပ္ပနာမတ္တံ ရူပံ။ တေနာဟ ''စက္ခုဝိညာဏံဟီ''တိ- အာဒိ။ ရူပေတိ ရူပါယတနေ။ ရူပမတ္တမေဝါတိ နီလာဒိဘေဒံ ရူပါယတနမတ္တံ၊ န နီလာဒိ။ ဝိသေသနိဝတ္တနတ္ထော ဟိ အယံ မတ္တသဒ္ဒေါ။ ယဒိ ဧဝံ၊ ဧဝ-ကာရော ကိမတ္ထိယော? စက္ခုဝိညာဏံ ဟိ ရူပါယတနေ လဗ္ဘမာနမ္ပိ နီလာဒိဝိသေသံ ''ဣဒံ နီလံ နာမ၊ ဣဒံ ပီတံ နာမာ''တိ န ဂဏှာတိ။ ကုတော နိစ္စာနိစ္စာဒိသဘာဝတ္ထန္တိ သံဟိတဿပိ နိဝတ္တနတ္ထံ ဧဝကာရဂ္ဂဟဏံ။ တေနာဟ ''န နိစ္စာဒိသဘာဝ''န္တိ။ သေသဝိညာဏေဟိပီတိ ဇဝန- ဝိညာဏေဟိပိ။ (သံ-ဋီ-၂-၃ဝ၁-၃ဝ၂။) (ဆိုလိုရင်း) --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- အရ ရူပါရုံကို စက္ခုဝိညာဏ်ဖြင့် မြင်ရာ၌ မြင်သော အခြင်းအရာ အာကာရကို အရကောက်ယူပါ။ စက္ခုဝိညာဏ်သည် အညို အရွှေ စသည်ပြားသော ရူပါရုံ အမျိုးမျိုးကို တွေ့မြင် ရာ၌ အညို အရွှေ စသည်ဖြင့်ကား မသိ၊ နိစ္စသဘော အနိစ္စသဘော စသည်ကိုလည်း မသိ၊ အရောင်မျှကိုသာ
“至于其限量有多少,这是自己所能体知、不能向他人显示的;色只是构想所得的量。因此说‘眼识确实……’等语。‘于色’是指于色处。‘唯是色’是指仅仅是具有青色等差别的色处,并不是青色等概念本身;因为这里的‘唯’字是为了排除差别。若是如此,‘唯独’一词又有什么作用?眼识并不把色处中虽可得到的青色等差别执取为‘这叫青色,这叫黄色’;又何况能执取常、无常等自性?为了连与之相连的增益也一并排除,才使用‘唯独’一词。因此说‘并非知常等自性’。‘其余诸识’也包括诸速行识。”(《相应部复注》2-301—302。)其要义是:依“于所见唯是所见”,以眼识看见色所缘时,应取眼识所见的方式、行相。眼识见到褐色、金色等种种色所缘时,并不分别“这是褐色”“这是金色”,也不知道常、无常等自性,而只知道色彩现象;同样,对于继续缘取该色所缘的眼门速行识与意门速行识,也应努力修习,使它们只知色彩现象
原书第 377 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သိ၏၊ အလားတူပင် ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် စက္ခုဒွါရိကဇောဝိညာဏ်၊ မနောဒွါရိကဇော ဝိညာဏ်တို့ဖြင့်လည်း ရူပါရုံ အရောင်မျှကိုသာ သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဤကား ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၏ ဆိုလိုရင်း အနက်သဘောတည်း။ ဤကား ပထမနည်းတည်း။ ဤမျှဖြင့် အားရတော်မမူသေး ၍ ဒုတိယတစ်နည်း ထပ်ဖွင့်တော်မူပြန်၏။
而已。这就是“于所见唯是所见”的旨义,是第一种解释。义注师并未以此为足,又进一步解释第二种方法。
၂။ အထ ဝါ ဒိဋ္ဌေ ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ၊ ရူပေ ရူပဝိဇာနနန္တိ အတ္ထော။ မတ္တာတိ ပမာဏံ၊ ဒိဋ္ဌံ မတ္တာ အဿာတိ ဒိဋ္ဌမတ္တံ၊ စိတ္တံ၊ စက္ခုဝိညာဏမတ္တမေဝ မေ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ဣဒံ ဝုတ္တံ ဟောတိ --- ယထာ အာပါထဂတရူပေ စက္ခုဝိညာဏံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ ရာဂါဒိဝိရဟေန စက္ခုဝိညာဏမတ္တ- မေဝ ဇဝနံ ဘဝိဿတိ၊ စက္ခုဝိညာဏပမာဏေနေဝ ဇဝနံ ဌပေဿာမီတိ။ (သံ-ဋ္ဌ-၃-၂၉။) ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ ရူပါယတနဿ ဒဿနန္တိ ကတွာ။ တေနာဟ ''ရူပေ ရူပဝိဇာနန''န္တိ။ စက္ခုဝိညာဏ- မတ္တမေဝါတိ ယတ္တကံ စက္ခုဝိညာဏံ ရူပါယတနေ ဂဟဏမတ္တံ၊ တံမတ္တမေဝ မေ သဗ္ဗံ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ''ရာဂါဒိဝိရဟေနာ''တိ ဝါ ပါဌော။ (သံ-ဋီ-၂-၃ဝ၂။) ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿန- ဋ္ဌေန။ (ဥဒါန-ဋ္ဌ-၈၂။) ဒိဋ္ဌေ - ဝယ် ဒိဋ္ဌ - အရ စက္ခုဝိညာဏ်ကို အရကောက်ယူပါ။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်တတ်သော
“或者,在‘于所见’一语中,‘所见’是眼识,意思是在色上了知色。‘唯’是限量;以所见为限量之心,称为‘所见唯是所见’,意即:我的心将唯以眼识为限量。这就是说:正如眼识对于进入范围的色不贪、不嗔、不痴,速行也将同样远离贪等,唯以眼识为限量;我要把速行保持在眼识的限量上。”(《相应部义注》3-29。)复注续说:“ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ ရူပါယတနဿ ဒဿနန္တိ ကတွာ။ တေနာဟ ‘ရူပေ ရူပဝိဇာနန’န္တိ။ စက္ခုဝိညာဏမတ္တမေဝါတိ ယတ္တကံ စက္ခုဝိညာဏံ ရူပါယတနေ ဂဟဏမတ္တံ၊ တံမတ္တမေဝ မေ သဗ္ဗံ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ‘ရာဂါဒိဝိရဟေနာ’တိ ဝါ ပါဌော。”译:“眼识因能见色处而称为‘所见’,所以说‘在色上了知色’。‘唯以眼识为限量’,意谓:眼识对于色处仅能取到多少,我的一切心也将唯以此为限量。另一读法是‘以远离贪等’。”(《相应部复注》2-302。)《自说义注》又说:“ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန।”译:“这里,色处因是所应见而称为‘所见’;眼识连同该门诸识,则因具有见的作用而称为‘所见’。”(《自说义注》82。)因此,在“于所见”中,应把“所见”理解为眼识;眼识因为能见色所缘
အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ ရူပါရုံ၌ အရောင်မျှကိုသာ သိခြင်းသဘောဟု ဆိုလိုသည်။
而称为“所见”,意思是它在色所缘中只了知色彩现象。
မတ္တ --- ဟူသည် အတိုင်းအတာ ပမာဏတည်း။
“唯”是限量、尺度。
ဒိဋ္ဌမတ္တ --- ဟူသည် ဒိဋ္ဌ အမည်ရသော စက္ခုဝိညာဏ်လျှင် အတိုင်းအတာ ပမာဏရှိသော ဇောဝီထိစိတ် အစဥ်တည်း။ (စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိစိတ်အစဥ်တို့တည်း။) ငါ၏ ဇောဝီထိစိတ်အစဥ်သည် စက္ခုဝိညာဏ်လျှင် အတိုင်းအတာ ပမာဏရှိသော စိတ် ဖြစ်စေရမည် ဖြစ်အောင် ကျင့်မည်ဟု ဆိုလို၏။
“所见唯是所见”,是指以名为“所见”的眼识为限量、为尺度的速行心路相续〔即眼门心路,以及随后继续缘取色所缘的意门心路相续〕;意思是:“我要修到使自己的速行心路相续成为唯以眼识为限量、尺度的心。”
ဆိုလိုသော အဓိပ္ပါယ်ကား ဤသို့တည်း --- ရူပါရုံသည် စက္ခုဒွါရ၌ ရှေးရှူ ကျရောက်လာသောအခါ ထင် လာသောအခါ စက္ခုဝိညာဏ်သည် ယင်းရူပါရုံ အပေါ်၌ တပ်မက်မှု မရှိ (ရာဂ မဖြစ်)၊ ပြစ်မှားမှု မရှိ (ဒေါသ မဖြစ်)၊ အာရုံ၏ သဘောမှန် မသိသည့် တွေဝေမှု မရှိ (မောဟ မဖြစ်)။ (စက္ခုဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူ ယှဥ်တွဲ ဖြစ်နိုင်ကြသည့် စေတသိက်တို့ကား သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးတို့သာ ဖြစ်ကြသည်။ ယင်းနာမ်တရားစု၌ ရာဂ ဒေါသ မောဟတို့ မပါဝင်ကြ မယှဥ်ကြပေ။ ဤသဘောကို ရည်ညွှန်းထား သည်။) ဤသို့လျှင် ရာဂ စသည်တို့မှ ကင်းနေသော စက္ခုဝိညာဏ် အတိုင်းအတာပမာဏသာလျှင် ရှိသော ဇော စိတ်အစဥ်ကို ဖြစ်စေလတ္တံ့၊ စက္ခုဝိညာဏ် ပမာဏအတိုင်းသာလျှင် ဇောစိတ်ကို ထားပေအံ့ဟု ဆိုလိုသည်။
其义如下:色所缘来到眼门的范围内、显现出来时,眼识对该色所缘没有贪著〔不生贪〕,没有加害〔不生嗔〕,也没有不知所缘真实自性的迷乱〔不生痴〕。〔在眼识的一个心刹那内能够一同相应生起的心所,只有7个遍一切心心所;贪、嗔、痴并不包含在这一名法组中,也不与它相应。此处正是就这一性质而言。〕因此,这句话的意思是:“我要令速行心相续也只具有远离贪等的眼识之限量;要把速行心保持在眼识的限量上。”
ဤအဖွင့်အရ ဒိဋ္ဌေ ဒိဋ္ဌမတ္တံဟူသည် စက္ခုဝိညာဏ်သည် ရာဂ ဒေါသ မောဟတို့နှင့် မယှဥ်သလို ရူပါရုံကို ဆက်လက် အာရုံယူကြသည့် ဇောဝီထိစိတ်အစဥ်တို့သည်လည်း ရာဂ ဒေါသ မောဟ ကင်းသော ဇောဝီထိစိတ် အစဥ်တို့သာ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု ဆိုလိုပေသည်။ (ကျင့်ပုံစနစ်ကို နောက်တွင် ဖော်ပြပါမည်။) တတိယတစ်နည်း အဋ္ဌကထာက ထပ်မံ၍ ဖွင့်ဆိုထားတော်မူပြန်သည်။
依此解释,“于所见唯是所见”是说:正如眼识不与贪、嗔、痴相应,对于继续缘取该色所缘的速行心路相续,也应努力修习,使之成为远离贪、嗔、痴的速行心路相续。〔修习方法将在后文说明。〕义注又解释了第三种方法。
原书第 378 页
၃။ အထ ဝါ ဒိဋ္ဌံ နာမ စက္ခုဝိညာဏေန ဒိဋ္ဌရူပံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နာမ တတ္ထေဝ ဥပ္ပန္နံ သမ္ပဋိစ္ဆနသန္တီရဏ- ဝေါဋ္ဌဗ္ဗနသင်္ခါတံ စိတ္တတ္တယံ။ ယထာ တံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ အာပါထဂတေ ရူပေ တေနေဝ သမ္ပဋိစ္ဆနာဒိပ္ပမာဏေန ဇဝနံ ဥပ္ပါဒေဿာမိ၊ နာဟံ တံ ပမာဏံ အတိက္ကမိတွာ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ ဒဿာမီတိ အယမေတ္ထ အတ္ထော။ ဧသေဝ နယော သုတမုတေသု။ (သံ-ဋ္ဌ-၃-၂၉။) ဒိဋ္ဌံ နာမ ပဒတ္ထတော စက္ခုဝိညာဏေန ဒိဋ္ဌံ ရူပံ။ တတ္ထေဝါတိ စက္ခုဝိညာဏေန ဒိဋ္ဌမတ္တေ ရူပေ။ စိတ္တ- တ္တယံ ဒိဋ္ဌမတ္တံ နာမ စက္ခုဝိညာဏံ ဝိယ ရာဂါဒိဝိရဟေန ပဝတ္တနတော။ တေနာဟ ''ယထာ တ''န္တိ အာဒိ။
“或者,所谓‘所见’,是眼识所见之色;在所见中所谓‘唯是所见’,是指就在那里生起、称为领受、推度、确定的三种心。正如这三心不贪、不嗔、不痴,对于进入范围的色,我也要使速行只以领受等心为限量而生起;不让它越过那一限量,以贪著等方式生起。这就是此处的意思。对于所闻、所觉也采用同一方法。”(《相应部义注》3-29。)复注说:“ဒိဋ္ဌံ နာမ ပဒတ္ထတော စက္ခုဝိညာဏေန ဒိဋ္ဌံ ရူပံ။ တတ္ထေဝါတိ စက္ခုဝိညာဏေန ဒိဋ္ဌမတ္တေ ရူပေ။ စိတ္တတ္တယံ ဒိဋ္ဌမတ္တံ နာမ စက္ခုဝိညာဏံ ဝိယ ရာဂါဒိဝိရဟေန ပဝတ္တနတော။ တေနာဟ ‘ယထာ တ’န္တိ အာဒိ।”译:“就词义而言,‘所见’是眼识所见之色。‘就在那里’,是指就在眼识所见的那一色上。三种心因为如眼识一样远离贪等而活动,故称为‘唯是所见’。所以说‘正如那三心……’等语。”
(သံ-ဋီ-၂-၃ဝ၂။)
(《相应部复注》2-302。)
ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ။ (ဥဒါန-ဋ္ဌ-၈၂)နှင့် အညီ ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်သော တရားသဘော ဖြစ်ခြင်းကြောင့် ဒိဋ္ဌ မည်၏။ ထိုကြောင့် ဤတတိယနည်း၌ စက္ခုဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံသည် ဒိဋ္ဌ မည်၏။ ထိုစက္ခုဝိညာဏ်ဖြင့် မြင်အပ်ကာမတ္တမျှသာ ဖြစ်သော ရူပါရုံ၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌောဟု ခေါ်ဆိုအပ်သော စိတ်သုံးခုအပေါင်းသည် --- စက္ခုဝိညာဏ် ကဲ့သို့ပင် ရာဂ-ဒေါသ-မောဟတို့နှင့် ကင်းလျက် ဖြစ်ပေါ်လာသောကြောင့် --- ဒိဋ္ဌမတ္တ မည်၏။
“色处因是所应见而称为‘所见’。”(《自说义注》82。)依此,色所缘因为是眼识所见之法,所以称为“所见”。因此,在这第三种解释中,眼识所见的色所缘就是“所见”。对于这仅为眼识所见的色所缘,以它为所缘而生起、称为领受、推度与确定的三种心,因为像眼识一样远离贪、嗔、痴而生起,所以称为“唯是所见”。
ထိုစိတ်သုံးခုအပေါင်းသည် ရူပါရုံကို မတပ်မက်သကဲ့သို့ မပြစ်မှားသကဲ့သို့ မတွေဝေသကဲ့သို့ အလားတူ ပင် ရှေးရှူ ကျရောက်လာသော ထင်ခြင်းသို့ ရောက်ရှိလာသော ရူပါရုံ၌ မတပ်မက်တတ် မပြစ်မှားတတ် မတွေဝေတတ်သော ထိုသမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌော အတိုင်းအတာ ပမာဏအားဖြင့်သာလျှင် ဇောစိတ်အစဥ်ကို ဖြစ်စေအံ့၊ ငါသည် ထိုသမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌော အတိုင်းအတာ ပမာဏကို ကျော်လွန်၍ ယင်းရူပါရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်းတို့၏ အစွမ်းဖြင့် ရာဂ-ဒေါသ-မောဟတို့၏ ဖြစ်ခွင့်ကို မပေးတော့အံ့ - ဟု ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဤသည်ကား ဤအရာ၌ ဆိုလိုရင်း အနက်သဘောတည်း။ (သုတ- မုတ တို့၌လည်း ဤနည်းပင်တည်း။ ရာဂ-ဒေါသ-မောဟ မဖြစ်အောင် ကျင့်ပုံ စနစ်ကို နောက်တွင် ဖော်ပြ ပါမည်။) (သံ-ဋ္ဌ-၃-၂၉။)
正如这三种心对色所缘不贪、不嗔、不痴,同样,对于来到范围内、呈现出来的色所缘,也应努力修习,发愿:“我要使速行心相续只以不贪、不嗔、不痴的领受、推度、确定三心为限量;我不再让心越过领受、推度、确定的限量,以贪著、加害、迷乱的方式给贪、嗔、痴生起的机会。”这就是此处的旨义。〔对于所闻、所觉也采用同一方法;不令贪、嗔、痴生起的修习方法将在后文说明。〕(《相应部义注》3-29。)
ဝိညာတေ ဝိညာတမတ္တံ
于所识唯是所识
ဝိညာတေ ဝိညာတမတ္တန္တိ ဧတ္ထ ပန ဝိညာတံ နာမ မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ၊ တသ္မိံ ဝိညာတေ ဝိညာတမတ္တန္တိ အာဝဇ္ဇနပမာဏံ။ ယထာ အာဝဇ္ဇနေန န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ အဒတွာ အာဝဇ္ဇနပမာဏေနေဝ စိတ္တံ ဌပေဿာမီတိ အယမေတ္ထ အတ္ထော။ (သံ-ဋ္ဌ-၃-၂၉။) မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ ဝိညာတန္တိ အဓိပ္ပေတံ ရာဂါဒိဝိရဟေန ဝိညေယျတော။ တေနာဟ ''ယထာ အာဝဇ္ဇနေနာ''တိအာဒိ။ (သံ-ဋီ-၂-၃ဝ၂။) ဝိညာတေ ဝိညာတမတ္တံ --- ၌ ဝိညာတ မည်သည်ကား မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော အာရုံတည်း။
“在‘于所识唯是所识’中,‘所识’是意门转向所识知的所缘;对于这一所识,‘唯是所识’是指以转向为限量。正如转向不贪、不嗔、不痴,我也不让心以贪著等方式生起,而只把心保持在转向的限量上。这就是此处的意思。”(《相应部义注》3-29。)复注说:“မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ ဝိညာတန္တိ အဓိပ္ပေတံ ရာဂါဒိဝိရဟေန ဝိညေယျတော။ တေနာဟ ‘ယထာ အာဝဇ္ဇနေနာ’တိအာဒိ।”译:“这里所指的‘所识’,是意门转向所识知的所缘,因为它是以远离贪等的方式被识知的。所以说‘正如转向……’等语。”(《相应部复注》2-302。)在“于所识唯是所识”中,“所识”就是意门转向所识知的所缘。
〔မနောဒွါရာဝဇ္ဇန်းသည် အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို အာရုံပြုသဖြင့် မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော အာရုံဟု ဆိုသဖြင့် ထိုအာရုံမှာ အာရုံ (၆)ပါးလုံးပင် ဖြစ်သည်။ အထူးသဖြင့် ဤ၌ကား ဓမ္မာရုံ အမည်ရသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို ရည်ညွှန်းထားပေသည်။ ဒိဋ္ဌ အရ ရူပါရုံ၊ သုတ အရ သဒ္ဒါရုံ၊ မုတ အရ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို အရကောက်ယူထားသဖြင့် ဤဝိညာတ အရ၌ ဓမ္မာရုံလိုင်းဝင် ဝိပဿနာ၏ အရှုခံအာရုံ ဖြစ်ကြသော ပသာဒရုပ်၊ သုခုမရုပ်တို့နှင့် အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်သင့်ဖြစ်ထိုက်သော လောကီစိတ်စေတသိက် တရားစုတို့ကို အရကောက်ယူပါ။ သို့အတွက် ဒိဋ္ဌ-သုတ-မုတ-ဝိညာတဟု ဆိုလိုက်လျှင်
〔意门转向能随宜缘取全部6种所缘,所以“意门转向所识知的所缘”包含全部6种所缘。不过,此处特别指称为法所缘、作为观智所观对象的诸法。既已由“所见”摄取色所缘,由“所闻”摄取声所缘,由“所觉”摄取香、味、触所缘,那么“所识”一项便应摄取法所缘这一类观智所观对象:净色、微细色,以及应在贤者相续中生起的世间心与心所诸法。因此,说“所见、所闻、所觉、所识”,6种所缘就已经
原书第 379 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အာရုံ (၆)ပါး စုံသွားပြီ ဖြစ်၏။ အာရုံ (၆)ပါးစုံလျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့လည်း ကုန်ပြီ ဖြစ်ပေသည်။〕 ထိုမနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော ဝိညာတ အမည်ရသော အာရုံ၌ ဝိညာတမတ္တဟူသည် မနောဒွါရာ- ဝဇ္ဇန်းလျှင် အတိုင်းအတာ ပမာဏရှိသော စိတ်အစဥ်တည်း။ မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော ဝိညာတတရား၌ မနောဒွါရာဝဇ္ဇန်းဖြင့် မတပ်မက်သကဲ့သို့ မပြစ်မှားသကဲ့သို့ မတွေဝေသကဲ့သို့ အလားတူပင် ယင်းဝိညာတအာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် ဖြစ်ခွင့်ကို မပေးမူ၍ မနောဒွါရာဝဇ္ဇန်း အတိုင်းအတာ ပမာဏအားဖြင့်သာလျှင် ဇောစိတ်အစဥ်ကို (= မနောဒွါရိကဇောဝီထိစိတ်အစဥ်ကို) ထားပေအံ့၊ ဖြစ်စေအံ့၊ ဖြစ် အောင် ကျင့်ပေအံ့ --- ဤကား ဤဝိညာတေ ဝိညာတမတ္တံ၌ ဆိုလိုသော အနက်သဘောတည်း။(သံ-ဋ္ဌ-၃-၂၉။)
全部包括在内;6种所缘一旦齐备,作为观智所观对象的一切究竟界也就无所遗漏。〕对于意门转向所识知、称为“所识”的所缘,“唯是所识”是指以意门转向为限量、尺度的心相续。正如意门转向对于它所识知的所识法不贪、不嗔、不痴,也不让速行心相续〔即意门速行心路相续〕以贪著、加害、迷乱该所识所缘的方式生起;而要把速行心相续只保持在意门转向的限量、尺度上,并修到使它如此生起。这就是“于所识唯是所识”的旨义。(《相应部义注》3-29。)
ဤအထက်ပါ ရှင်းလင်းချက်များ၏ ဆိုလိုရင်း အချုပ်မှာ ဤသို့ ဖြစ်၏။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ သတိပြုပါ။
以上解释的要义,概括如下。贤者,请回顾名业处部分的诸表。
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ (သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊) သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းတို့နှင့် အတူယှဥ်တွဲ ဖြစ်ကြသော စေတသိက် တရားစုတို့ကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်ပါ။ ယင်းစိတ်တို့နှင့် ယှဥ်သော စေတသိက်တို့၌ ရာဂ ဒေါသ မောဟတို့ လုံးဝမပါ ကြပေ။ သို့အတွက် ယင်းစိတ်တို့ဖြင့် ရူပါရုံ စသည့် ဆိုင်ရာအာရုံ အသီးအသီးကို တပ်မက်မှု ပြစ်မှားမှု တွေ- ဝေမှု မဖြစ်နိုင်။ ယင်းစိတ်တို့ဖြင့် ရူပါရုံ စသည့် ဆိုင်ရာဆိုင်ရာ အာရုံပေါ်၌ ရာဂ ဒေါသ မောဟ မဖြစ်ကြ သကဲ့သို့ အလားတူပင် ယင်းစိတ်တို့နှင့် ဝီထိစိတ်အစဥ် အတွင်းဝယ် အတူဖြစ်ကြကုန်သော ဇောစိတ်တို့ဖြင့် လည်း ယင်းဆိုင်ရာဆိုင်ရာ အာရုံတို့ အပေါ်၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်ပါဟု ဆိုလိုရင်း ဖြစ်၏။ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် မည်သို့ ကျင့်ရမည်နည်း၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
请再次审察与五门转向、眼识〔耳识、鼻识、舌识、身识〕、领受、推度、确定、意门转向等心相应生起的心所法组。与这些心相应的心所中完全没有贪、嗔、痴;所以这些心不可能对色所缘等各自相应的所缘生起贪著、加害与迷乱。正如这些心不会对色所缘等各自相应的所缘生起贪、嗔、痴,也应修到使与它们同在一条心路相续中生起的速行心,对各自相应的所缘同样不生贪、嗔、痴。这就是教示的意思。怎样修习才能不生贪、嗔、痴?答案如下。
ဉာတပရိညာ တီရဏပရိညာ
知遍知与审察遍知
ဣတိ ဘဂဝါ ဗာဟိယဿ သံခိတ္တရုစိတာယ ဆဟိ ဝိညာဏကာယေဟိ သဒ္ဓိံ ဆဠာရမ္မဏဘေဒဘိန္နံ ဝိပဿနာယ ဝိသယံ ဒိဋ္ဌာဒီဟိ စတူဟိ ကောဋ္ဌာသေဟိ ဝိဘဇိတွာ တတ္ထဿ ဉာတတီရဏပရိညံ ဒဿေတိ။
“如此,因为巴希亚喜好简略,世尊便把观禅的所缘境——依6种所缘之差别而有分别,并与6识身相连——以所见等4个部分加以划分,向他显示其中的知遍知与审察遍知。”
ကထံ? ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿန- ဋ္ဌေန။ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတော တံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ၊ ဥဒယဗ္ဗယပ္ပဋိပီဠနဋ္ဌေန ဒုက္ခံ၊ အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတောတတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ သြကာသောတိ? အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။
“如何显示?这里,色处因是所应见而称为‘所见’;眼识连同该门诸识,则因具有见的作用而称为‘所见’。这两者都只是依各自诸缘而活动的法;其中没有任何造作者,也没有使人造作的主宰。因为它生起以后便归于无有,所以是无常;因为受到生灭不断逼迫,所以是苦;因为不能随意控制,所以是无我。既然如此,智者又哪里有机会对它生起贪著等烦恼?这就是此处的旨意;所闻等项也同样如此。”
(ဥဒါန-ဋ္ဌ-၈၂။ အနုဋီ-၂-၁၈၃။)
(《自说义注》82;《随复注》2-183。)
ဤသို့လျှင် ဘုရားရှင်သည် ဗာဟိယအား တရားအကျဥ်းကိုသာ နှစ်ခြိုက်သည့်အတွက်ကြောင့် --- စက္ခု- ဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် --- ဟူသော ဝိညာဏ ကာယ (၆)ပါးတို့နှင့် အတူတကွ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ --- ဟူသော (၆)မျိုးသော အာရုံအပြားရှိသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကို --- ၁။ ဒိဋ္ဌတရား ၂။ သုတတရား ၃။ မုတတရား ၄။ ဝိညာတတရား ---
如此,因为巴希亚只喜好简略的法,世尊便把观智所观的对象——眼识、耳识、鼻识、舌识、身识、意识这6识身,以及色、声、香、味、触、法这6类所缘——分为:1.所见法;2.所闻法;3.所觉法;4.所识法
原书第 380 页
ဟူသော --- (၄)ပါးကုန်သော ကောဋ္ဌာသ = အဖို့အစုတို့ဖြင့် ခွဲခြားဝေဖန်တော်မူ၍ ထိုဝိညာဏ် (၆)ပါး၊ အာရုံ (၆)ပါး၌ ထိုဗာဟိယအား ဉာတပရိညာနှင့် တီရဏပရိညာကို ပြည့်စုံအောင် ဖြည့်ကျင့်ရန် ဘုရားရှင်က ညွှန်ကြားပြသတော်မူပေသည်။ အဘယ်သို့ ညွှန်ကြားပြသတော်မူသနည်း ဟူမူ --- ၁။ ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်အပ်သော တရား တည်း။
这4个部分,逐类分别;并教导巴希亚应当在这6识与6所缘上修习、圆满知遍知与审察遍知。世尊如何教导呢?1.色所缘因为是眼识所见、所知之法,所以称为“所见”,即被见之法。
၂။ စက္ခုဒွါရိကဝီထိစိတ် (ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရိကဝီထိစိတ်)တို့နှင့် တကွသော စက္ခုဝိညာဏ်သည် ရူပါရုံကို သိမြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်တတ်သော တရားစုတို့ တည်း။ (ဤစကားရပ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကို ပြ၏။) ၃။ ထိုမြင်အပ်သောတရားနှင့် မြင်တတ်သောတရား နှစ်ပါးစုံသည်လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား တို့က ပြုပြင်ပေးပါမှ အကြောင်းတရား အားလျော်စွာ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော ဓမ္မသဘောမျှသာ ဖြစ် ကြ၏။ ဤမြင်အပ်သောတရား၊ မြင်တတ်သောတရား နှစ်ပါးစုံ၌ တစ်စုံတစ်ခုသော ပြုလုပ်တတ် ဖန်ဆင်းတတ် သော အတ္တသည်လည်းကောင်း၊ ပြုလုပ်စေအပ် = အဖန်ဆင်းခံရသော အတ္တသည်လည်းကောင်း မရှိပေ။
2.眼识连同眼门心路诸心〔以及继续缘取该色所缘的意门心路诸心〕,因为能见、能知色所缘,所以也称为“所见”,即能见之法组。〔这句话显示名色分别智。〕3.被见之法与能见之法这两类,都只有在各自相应的因缘造作、资助之下,才依其因缘而各自生起;它们都只是法的自性。其中既没有能造作、能创造的任何自我,也没有受造作、受创造的自我。
(ဤစကားရပ်ဖြင့် ယင်း မြင်အပ် မြင်တတ်သော တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရန် ပစ္စယ- ပရိဂ္ဂဟဉာဏ်ကို ဖော်ပြ၏။ ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား ဉာတပရိညာတည်း။) ၄။ ယင်းသို့ မြင်အပ်သောတရား၊ မြင်တတ်သောတရားစုတို့သည် ဆိုင်ရာ အကြောင်းတရားအားလျော်စွာ ဖြစ်ပေါ်လာကြရသော ဓမ္မသဘော သက်သက်မျှသာ ဖြစ်ခြင်းကြောင့် ---- အကြောင်းတရားနှင့် တကွသော ယင်းမြင်အပ်သောတရား မြင်တတ်သောတရားသည် ---- (က) ဖြစ်ပြီးလျှင် မရှိခြင်း အနက်သဘောကြောင့် အနိစ္စတည်း၊ ( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက် ခံနေရတတ်သည့် အနက်သဘော ကြောင့် ဒုက္ခတည်း၊ ( ဂ ) တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အနတ္တတည်း။
〔这句话显示:应以缘摄受智把握这些被见、能见诸法的因。名色分别智与缘摄受智属于知遍知。〕4.因为被见之法与能见之法都只是依各自因缘而生起的法之自性,所以,这些连同因法的被见之法与能见之法:(甲)生起后便不再存在,故为无常;(乙)不断受到生与灭的逼迫,故为苦;(丙)不能依任何自我的意愿而存在,故为无我。
ဤသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်နေသော ပညာရှိသူတော်ကောင်း၏ သန္တာန် ဝယ် ထိုမြင်အပ်သောတရား၊ မြင်တတ်သောတရားတို့အပေါ်၌ အဘယ်မှာလျှင် တပ်မက်ခြင်း ရာဂ၊ ပြစ်မှားခြင်း ဒေါသ၊ အသိမှားခြင်း တွေဝေခြင်း မောဟတို့၏ ဖြစ်ပေါ်လာဖို့ရန် အခွင့်အလမ်းသည် ရှိနိုင်ပါတော့အံ့နည်း။
贤明的善人如此轮流标举无常、苦、无我三相而修习毗婆舍那、观照审察时,在他的相续中,对这些被见之法与能见之法,又哪里还会有机会生起贪著之贪、加害之嗔,以及错知、迷乱之痴呢?
ဤကား ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်၌ ဆိုလိုရင်း အဓိပ္ပါယ်တည်း။ သုတ-မုတ-ဝိညာတတို့၌လည်း ဤနည်း ပင်တည်း။ (ဤစကားရပ်တို့ဖြင့် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာကို ပြဆို၏။) (အနုဋီ- ၂-၁၈၃ ၌ အယဥှေတ္ထ အဓိပ္ပါယော၊ ဧသ နယော သုတာဒီသုပိ ---- ဟု လာရှိသည့်အတိုင်း ဘာသာပြန်ဆိုထား သည်။)
这就是“于所见唯是所见”这一教示的旨义;所闻、所觉、所识也采用同一方法。〔这些话显示属于审察遍知的思惟智与生灭智。〕〔本译依《随复注》2-183所载“အယဥှေတ္ထ အဓိပ္ပါယော၊ ဧသ နယော သုတာဒီသုပိ”——“这就是此处的旨意,所闻等项也同样如此”——而译。〕
ရှုကွက် အတိုချုပ်
观法提要
၁။ ဒိဋ္ဌ ---- (က) မြင်အပ်သောတရား = ရူပါရုံ
1.所见——(甲)被见之法=色所缘。
( ခ ) မြင်တတ်သောတရား = စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု
(乙)能见之法=眼门心路与意门心路的名法组。
၂။ သုတ ---- (က) ကြားအပ်သောတရား = သဒ္ဒါရုံ
2.所闻——(甲)被闻之法=声所缘。
( ခ ) ကြားတတ်သောတရား = သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု
(乙)能闻之法=耳门心路与意门心路的名法组。
原书第 381 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၃။ မုတ ---- (က) တွေ့အပ်သောတရား ---- ၁။ ဂန္ဓာရုံ
3.所觉——(甲)被觉之法——1.香所缘。
၂။ ရသာရုံ
2.味所缘。
၃။ ဖောဋ္ဌဗ္ဗာရုံ
3.触所缘。
( ခ ) တွေ့တတ်သောတရား ---- ၁။ ဃာနဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု
(乙)能觉之法——1.鼻门心路与意门心路的名法组。
၂။ ဇိဝှါဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု
2.舌门心路与意门心路的名法组。
၃။ ကာယဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု
3.身门心路与意门心路的名法组。
၄။ ဝိညာတ ---- (က) သိအပ်သောတရား = ဓမ္မာရုံ
4.所识——(甲)被识之法=法所缘。
( ခ ) သိတတ်သောတရား = မနောဒွါရဝီထိနာမ်တရားစု
(乙)能识之法=意门心路的名法组。
ဤဖော်ပြပါ (၄)မျိုးသော ---- ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှေးဦးစွာ သိမ်း- ဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ (သိမ်းဆည်းပုံ အကျယ်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။) ထိုနောင် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားများကို ရှာဖွေလျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ (ပဋိစ္စသမုပ္ပါဒ်ပိုင်း ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုနောင် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုနောင် ရှေ့သို့ ဆက်လက်ကျင့်သုံးရမည့် လုပ်ငန်းခွင်ကို ဗာဟိယအား ဘုရားရှင်က ယတော ခေါ တေ ဗာဟိယ ---- စသည်ဖြင့် ဆက်လက် ဟောကြားတော်မူ၏။
对于上述四类所见、所闻、所觉、所识诸法,应先以智拆解、破除称为色法团块与名法团块的色密集、名密集,直至智见抵达究竟法;应当把握它们,以智分别它们。〔详细的把握方法已经说明。〕随后,应寻求这些色名法的诸因,把握因法与果法。〔这将在缘起部分、缘摄受智部分中说明。〕然后,把这些色名法连同其因法轮流标举无常、苦、无我三相,修习毗婆舍那而观照、审察。〔这将在毗婆舍那部分中说明。〕此后,对巴希亚还须继续实践的工作,世尊接着以“巴希亚,当你……”等语作了教示。
ပဟာနပရိညာစခန်းသို့
进入断遍知阶段
ဣဒါနိ ဉာတတီရဏပရိညာသု ပတိဋ္ဌိတဿ ဥပရိ သဟ မဂ္ဂဖလေန ပဟာနပရိညံ ဒဿေတုံ ''ယတော ခေါ တေ ဗာဟိယာ''တိအာဒိ အာရဒ္ဓံ။ (ဥဒါန-ဋ္ဌ-၈၂။ အနုဋီ-၂-၁၈၃။) ဤဖွင့်ဆိုချက်တို့ အရ ယင်း ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားစုတို့ကိုပင် ဥဒယဗ္ဗယဉာဏ်တိုင်အောင် ဆိုက်ရောက်လာပြီးသောအခါ ဘင်္ဂဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက် သည်တိုင်အောင် ပဟာနပရိညာစခန်း ကမ်းတစ်ဖက်သို့ ရောက်အောင် ဆက်လက် ဝိပဿနာရှုရမည် ဖြစ်ပေ သည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) အရဟတ္တဖိုလ်တိုင်အောင် ဝိပဿနာရှုနိုင်သည့် အဆင့်ကို ရည်ရွယ် တော်မူလျက် ဘုရားရှင်က အရှင်ဗာဟိယအား အောက်ပါ စကားတော်များကို ဆက်လက် မိန့်ကြားတော်မူ၏။
“现在,为了显示已安住于知遍知、审察遍知者,更上与道、果俱起的断遍知,故开始宣说‘巴希亚,当你……’等语。”(《自说义注》82;《随复注》2-183。)依此解释,对上述所见、所闻、所觉、所识诸法观修至生灭智以后,还须从坏灭智开始,继续以上位诸观智观修,直至道智、果智,抵达断遍知阶段的彼岸。〔这将在毗婆舍那部分中说明。〕世尊意在指示直至证得阿罗汉果的观修层次,遂继续对巴希亚宣说如下话语。
ချစ်သား ဗာဟိယ …ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ၊ ချစ်သား ဗာဟိယ …အကြင်အခါ၌ သင်ချစ်သားသည် ဒိဋ္ဌ-သုတ-မုတ-ဝိညာတ ဖြစ်ကုန်သော တရားတို့၌ မြင်အပ် ကာမျှ၊ ကြားအပ်ကာမျှ၊ ထိအပ်ကာမျှ၊ သိအပ်ကာမျှသည်သာ ဖြစ်လတ္တံ့။ ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ အပေါ်၌ ရာဂဖြင့် တပ်မက်ခြင်း၊ ဒေါသဖြင့် ပြစ်မှား ခြင်း၊ မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။ (ဒိဋ္ဌ-သုတ-မုတ- ဝိညာတ တရားတို့၌ ပရမတ်သို့ ဆိုက်အောင် မသိမှု ဝိပဿနာဉာဏ် မဖြစ်မှုကိုပင် တွေဝေသည်ဟု ဆို၏။) ချစ်သား ဗာဟိယ …အကြင်အခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ အပေါ်၌ ရာဂဖြင့် တပ်မက်ခြင်း၊ ဒေါသဖြင့် ပြစ်မှားခြင်း၊ မောဟဖြင့် အာရုံ၏သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည်
“巴希亚,你应当如此努力修习。巴希亚,当你对于所见、所闻、所觉、所识诸法,唯有见、唯有闻、唯有觉、唯有识时,你便不会以贪贪著这些所见、所闻、所觉、所识之法,不会以嗔加害,也不会因痴而不知所缘的真实自性=陷于迷乱。〔未能对所见、所闻、所觉、所识诸法辨知至究竟法,未生起观智,正称为迷乱。〕巴希亚,当你不再以贪贪著这些法,不再以嗔加害,也不再因痴而不知所缘的真实自性=不再迷乱时——”

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。