十二不善心
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 66–67 页 · 14 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 66 页
အကုသိုလ်စိတ် (၁၂) မျိုး
十二不善心
၁။ လောဘမူစိတ် ---- ၈ - မျိုး ၂။ ဒေါသမူစိတ် ---- ၂ - မျိုး ၃။ မောဟမူစိတ် ---- ၂ - မျိုး အားလုံးပေါင်းသော် အကုသိုလ်စိတ် ---- ၁၂ - မျိုး တည်း။
1.贪根心——8种;2.嗔根心——2种;3.痴根心——2种。合计不善心——12种。
လောဘမူစိတ် (၈) မျိုး
八贪根心
အာရုံ၌ တွယ်တာတပ်မက်မှု လောဘ အကြောင်းရင်းခံသောစိတ်
以贪——对所缘的执著、贪爱——为根的心
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၂။ …တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊ ၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၄။ …တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊ ၅။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၆။ …တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊
1.悦俱·邪见相应·无行贪根心:与悦受俱生、与错误见解(=邪见)相应,无须推动而生起的心;2.悦俱·邪见相应·有行贪根心:与悦受俱生、与邪见相应,经过推动而生起的心;3.舍俱·邪见相应·无行贪根心:与舍受俱生、与邪见相应,无须推动而生起的心;4.舍俱·邪见相应·有行贪根心:与舍受俱生、与邪见相应,经过推动而生起的心;5.悦俱·邪见不相应·无行贪根心:与悦受俱生、不与邪见相应,无须推动而生起的心;6.悦俱·邪见不相应·有行贪根心:与悦受俱生、不与邪见相应,经过推动而生起的心。
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၈။ …တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊ ဤသည်တို့ကား လောဘလျှင် အကြောင်းရင်းခံ ရှိကြကုန်သော လောဘမူစိတ် (၈)မျိုးတို့တည်း။
7.舍俱·邪见不相应·无行贪根心:与舍受俱生、不与邪见相应,无须推动而生起的心;8.舍俱·邪见不相应·有行贪根心:与舍受俱生、不与邪见相应,经过推动而生起的心。这就是以贪为根的八种贪根心。
〔〔〔မှတ်ချက် ---- ယောဂါဝစရပုဂ္ဂိုလ်တို့ ယင်းလောဘမူစိတ်တို့ကို သိမ်းဆည်း ရှုပွားရာ၌ လွယ်ကူမှုရှိစေရန် ရည်သန်၍ ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် လေးမျိုး ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် လေးမျိုးတို့ကို အစဥ်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။〕
〔注:为了让诸禅修者更容易把握、观修这些贪根心,本书按顺序先列四种邪见相应心,再列四种邪见不相应心。〕
ဒေါသမူစိတ် (၂) မျိုး
二嗔根心
ဖျက်ဆီးလိုခြင်း ပျက်စီးစေလိုခြင်း ဒေါသလျှင် အကြောင်းရင်းခံ ရှိသောစိတ်
以欲毁坏、破坏所缘的嗔为根的心
၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = စိတ်မချမ်းသာမှု ဒေါမနဿဝေဒနာနှင့် အတူတကွဖြစ်သော စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃ (= ဒေါသ) နှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊ ၂။ …တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊ ဤသည်တို့ကား ဒေါသမူစိတ် (၂)မျိုးတို့တည်း။
1.忧俱·嗔恚相应·无行嗔根心:与忧受俱生、与心的粗暴抗拒——嗔恚(=嗔)——相应,无须推动而生起的心;2.忧俱·嗔恚相应·有行嗔根心:与忧受俱生、与嗔恚相应,经过推动而生起的心。这就是两种嗔根心。
原书第 67 页
မောဟမူစိတ် (၂) မျိုး
二痴根心
အသိမှားမှု မောဟလျှင် အကြောင်းရင်းခံ ရှိသောစိတ်
以错误认知的痴为根的心
၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် စိတ်တစ်ခု = လျစ်လျူရှုမှု ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော သို့လော သို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနှင့် ယှဥ်သော စိတ်တစ်ခု၊ ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် စိတ်တစ်ခု = လျစ်လျူရှုမှု ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စနှင့် ယှဥ်သော စိတ်တစ်ခု၊ ဤသည်တို့ကား မောဟမူစိတ် (၂)မျိုးတို့တည်း။
1.舍俱·疑相应痴根心:与舍受俱生、与“究竟是这样还是那样”的思虑疑惑——疑——相应的心;2.舍俱·掉举相应痴根心:与舍受俱生、与心的散乱——掉举——相应的心。这就是两种痴根心。
ဤတွင် အကုသိုလ်စိတ် (၁၂)မျိုး ပြီး၏။ ယင်း အကုသိုလ်စိတ်တို့သည် ဝီထိစိတ်အစဥ်အတွင်း၌ ဇောကိစ္စကို ဆောင်ရွက်ကြ၏။
至此,十二不善心说完。这些不善心在心路次第中执行速行作用。