另一种解释
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 59–61 页 · 15 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 59 页
တစ်နည်း ဖွင့်ဆိုပုံ
另一种解释
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကန- ဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။
“这里,眼净色与色所缘是色蕴;见是识蕴;与它相应的受是受蕴;想是想蕴;触等是行蕴。如此,当这五蕴和合时,向前直视与向旁侧视才显现。在这里,究竟是谁向前直视?谁向旁侧视?”
(မ-ဋ္ဌ-၁-၂၆၇-၂၆၈။ ဒီ-ဋ္ဌ-၁-၁၇၅။ သံ-ဋ္ဌ-၃-၂၂၇။ အဘိ-ဋ္ဌ-၂-၃၄၂။)
(《中部义注》1-267—268;《长部义注》1-175;《相应部义注》3-227;《阿毗达磨义注》2-342。)
= ဤ ခန္ဓာ (၅)ပါးနည်းဖြင့် သိအောင် သိမ်းဆည်း ရှုပွားရမည့် ရှုကွက်၌ ---- ၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
在这一应依五蕴之法加以了知、把握、观修的观照项目中:1.眼净色与色所缘是色蕴。
၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။
2.能见色所缘的眼识是识蕴。
原书第 60 页
၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
3.与眼识相应的受是受蕴。
၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော သညာကား သညာက္ခန္ဓာတည်း။
4.与眼识相应的想是想蕴。
၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဥ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။
5.与眼识相应的触、思、一境性、命根、作意,是行蕴。
ဤသို့လျှင် ဤ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည် သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း၊ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦး သည် မရှိသည်သာတည်း။ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။
如此,当这五蕴和合显现时,向前直视与向旁侧视便显现、生起。这样向前直视或向旁侧视时,究竟有哪一个补特伽罗、有情在向前直视?有哪一个补特伽罗、有情在向旁侧视?实际上,并没有任何一个向前直视或向旁侧视的补特伽罗、有情,只有五蕴的和合而已。
(မ-ဋ္ဌ-၁-၂၆၇-၂၆၈။ ဒီ-ဋ္ဌ-၁-၁၇၅။ သံ-ဋ္ဌ-၃-၂၂၇။ အဘိ-ဋ္ဌ-၂-၃၄၂။)
(《中部义注》1-267—268;《长部义注》1-175;《相应部义注》3-227;《阿毗达磨义注》2-342。)
ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ်ဝယ် ခန္ဓာ (၅)ပါးတို့ ထင်ရှား ဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် အသမ္မောဟသမ္ပဇဥ် ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဥ်၏ ရပ်တန့်သွားခြင်း = ဘဝင်သို့ တစ်ဖန် ပြန်၍ ကျဆင်းသွားခြင်းမည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၃ဝ၉-၃၁ဝ။) အကယ်၍ ရူပါရုံသည် အတိမဟန္တာရုံ ဖြစ်ခဲ့ပါမူ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်အထိ ဝီထိစိတ်များ ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ် ခန္ဓာ (၅)ပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် ---- ၁။ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး၊
如此,向前直视或向旁侧视时,若能以智分别、把握眼识心中五蕴如何显现,不痴正知便已生起。然而,若前面没有五门转向,眼识也不可能生起;而一旦五门转向心已经使有分转动、停止,心路相续也绝不可能尚未到达确定便中止、重新落入有分。(《殊胜义注》1-309—310。)若色所缘是极大所缘,诸路心还会继续生起,直至七个速行与两个彼所缘。因此,正如眼识心刹那中五蕴显现一样:1.五门转向生起时,有五蕴;
၂။ စက္ခုဝိညာဏ် ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး၊ ၃။ သမ္ပဋိစ္ဆိုင်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး၊ ၄။ သန္တီရဏ ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး၊ ၅။ ဝုဋ္ဌော ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး၊ ၆။ ဇော အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ၊ ၇။ တဒါရုံ အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ --- ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာ (၅)ပါးတို့ကို စိတ္တက္ခ ဏတိုင်းဝယ် ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဥ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခု ဝိညာဏ်အခိုက်၌ ခန္ဓာ (၅)ပါး ဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားကို အရိပ်ပြလျှင် အကောင်ထင်စေ သော ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။
2.眼识生起时,有五蕴;3.领受生起时,有五蕴;4.推度生起时,有五蕴;5.确定生起时,有五蕴;6.每一个速行生起时,各有五蕴;7.每一个彼所缘生起时,各有五蕴。如此,每一个心刹那都各自生起五蕴。若能在每一心刹那中,如实以智把这些五蕴分别、把握到究竟层面,并作毗婆舍那观修、审察,那么在向前直视或向旁侧视时,不痴正知便已生起。因此,义注只解释眼识刹那中五蕴如何生起,应知这是以举一兼摄法(upalakkhaṇa)与举例说明法(nidassana),由一例显示其余诸心刹那。
ပဉ္စဒွါရာဝဇ္ဇန်း အခိုက်၌ ခန္ဓာ (၅) ပါး ---- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာဟဒယဝတ္ထုနှင့် ရူပါရုံကား ရူပက္ခန္ဓာ၊ ၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား ဝိညာဏက္ခန္ဓာ၊ ၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဥ်သော သညာကား သညာက္ခန္ဓာ၊ ၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဥ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာ၊
五门转向心刹那中的五蕴:1.五门转向所依的心所依处与色所缘,是色蕴;2.五门转向心,是识蕴;3.与五门转向心相应的想,是想蕴;4.与五门转向心相应的受,是受蕴;
原书第 61 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဥ်သော ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်-ဝိစာရ- အဓိမောက္ခ - ဤ (၈)လုံးတို့ကား သင်္ခါရက္ခန္ဓာ ---- ဤသို့လျှင် ခန္ဓာ (၅)ပါး ဖြစ်ပေသည်။ ကျန်ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။
5.与五门转向心相应的触、思、一境性、命根、作意、寻、伺、胜解这八法,是行蕴。如此便有五蕴;其余路心也应依此类推了知。
ဤကား နာမ်တရားတို့ကို ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း ရှုပွားသိမ်းဆည်းရန် ညွှန်ကြား ထားသော ကျမ်းဂန်အဆိုအမိန့်အချို့ကို ကောက်နုတ်ဖော်ပြချက် ဖြစ်သည်။
以上是从经典中摘录的一些依据,用以教导应当沿着称为心路的心定律轨道观修、把握诸名法。