禅那等至心路
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 94–108 页 · 124 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 94 页
စျာနသမာပတ္တိဝီထိ
禅那等至心路
စျာန်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရာဝယ် ---- ၁။ အာဒိကမ္မိကစျာနဝီထိ၊ ၂။ စျာနသမာပတ္တိဝီထိ ---- ဟု စျာနဝီထိ (၂)မျိုး ရှိရာတွင် စျာနသမာပတ္တိဝီထိ အတွင်းရှိ နာမ်တရားတို့က စ၍ သိမ်းဆည်းရန် အထက် ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားရပ်က ညွှန်ပြလျက် ရှိ၏။ (ဝိသုဒ္ဓိ-၂-၂၂၂ - ကြည့်၊၊) ထိုစျာနဝီထိ (၂)မျိုးတို့တွင် အာဒိကမ္မိကစျာနဝီထိဟူသည် စျာန်ကို ဦးစွာရသော ယောဂါဝစရပုဂ္ဂိုလ်၏ အစဆုံးသော စျာနဝီထိတည်း။ စျာနသမာပတ္တိဝီထိဟူသည် မိမိ ရရှိထားပြီးသော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရပြီးစျာန်ကို တစ်ဖန်ထပ်၍ ဝင်စားတိုင်း ဖြစ်ပေါ်လာသော စျာနဝီထိတည်း။
开始摄取禅那名法时,禅那心路有两种:1.初得禅那心路;2.禅那等至心路。上引《清净道论》义注指示,应从禅那等至心路中的名法开始摄取。(参见《清净道论》2-222。)这两种禅那心路中,所谓初得禅那心路,是禅修者初次获得禅那时的第一条禅那心路;所谓禅那等至心路,是已经证得禅那并将它训练至五自在、熟练掌握的禅修者,每次再次进入该禅时生起的禅那心路。
စျာန်နာမ်တရားများကစ၍ နာမ်တရားများကို သိမ်းဆည်းလိုသော နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်လို သော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည် အာဒိကမ္မိကစျာနဝီထိ၏ အတွင်း၌ တည်ရှိကုန်သော စျာန်နာမ် တရားတို့က စ၍ နာမ်တရားများကို သိမ်းဆည်းခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုစျာန်နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် အလွန်ခက်ခဲနေမည်သာ ဖြစ်သည်။ ခက်ခဲရခြင်း၏ အကြောင်းရင်းမှာ ဤသို့ ဖြစ်၏။
若一位刚开始修名业处、想从禅那名法入手摄取名法的得禅禅修者,从初得禅那心路中的禅那名法开始摄取,那么他将很难摄取这些禅那名法。困难的原因如下。
သမထယာနိက စျာနလာဘီပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသောစျာန်တို့ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါမှ စျာန်သမာပတ်များကို နိုင်နင်းစွာ အဝါးဝစွာ ဝင်စားနိုင်ပြီးသောအခါမှ ထိုစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးတက်လာခြင်းဖြစ်ရာ စျာန်တရားတို့ကို ဝသီ ဘော် ငါးတန် နိုင်နင်းပြီးရာ အချိန်အခါတွင် ထိုအာဒိကမ္မိကစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော နာမ် တရားတို့သည် ခဏပစ္စုပ္ပန်တရား သန္တတိပစ္စုပ္ပန်တရားများ မဟုတ်ကြတော့ဘဲ အဒ္ဓါပစ္စုပ္ပန်တရားများသာ ဖြစ် နေကြ၏။ နာမ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ဖို့ရန် အချိန်ဆိုက်ရောက်လာသော ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထို အာဒိကမ္မိကစျာန်နာမ်တရားတို့သည် ---- ၁။ လွန်ခဲ့သော နာရီပေါင်းများစွာကသော်လည်းကောင်း၊ ၂။ လွန်ခဲ့သော ရက်ပေါင်းများစွာကသော်လည်းကောင်း၊
止乘的得禅者,只有把自己已证得的禅那训练至五自在,并能娴熟自如地进入诸禅那等至之后,才会选取其中一种禅定作为观禅的基础,进而进入见清净阶段。到了已经熟练掌握五自在的这个时候,存在于初得禅那心路中的那些名法,已不再是刹那现在法或相续现在法,只是一期现在法。到他开始修名业处时,那些初得禅那的名法,在他的相续中已经是:1.数小时前生起的;2.数日前生起的;
၃။ လွန်ခဲ့သော လပေါင်းများစွာကသော်လည်းကောင်း ---- ဖြစ်ခဲ့ပြီးသော စျာန်နာမ်တရားစုတို့သာ ဖြစ်ကြ၏။ ပစ္စုပ္ပန်သုံးမျိုးတို့တွင် အဒ္ဓါပစ္စုပ္ပန်အမည်ရသော တရားစုတို့သာ ဖြစ်ကြ၏။ သို့အတွက် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လွန်ခဲ့သော နာရီပေါင်းများစွာက၊ သို့မဟုတ် ရက်ပေါင်းများစွာက၊ သို့မဟုတ် လပေါင်းများစွာက ဖြစ်ခဲ့ပြီးသော ချုပ်နှင့်ပြီးသော နာမ်တရားတို့ကို စတင် သိမ်းဆည်းရန်မှာ အလွန်ခက်ခဲနေဦးမည်သာ ဖြစ်သည်။ သို့အတွက် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိ ကြကုန်သော စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းရန် နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်ရန် အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုတော်မူခြင်းဖြစ်ပေသည်။ အနုပဒသုတ္တန် ဒေသနာတော်နှင့် အညီပင် ဖြစ်ပေသည်။
3.数月前生起的——禅那名法聚。就三种现在而言,它们只属于名为“一期现在”的法聚。因此,要这位禅修者从数小时前、数日前或数月前已经生起并灭尽的名法开始摄取,仍然非常困难。正因如此,义注师才说明:应从禅那等至心路中的禅那名法开始摄取,从这里着手修名业处。这正与《逐一经》的教说相符。
မုချ အားဖြင့် ခဏပစ္စုပ္ပန်သည်သာ ပစ္စုပ္ပန်အမည်ရ၍ အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်တို့ကား ပရိယာယ် အားဖြင့်သာ ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိကြပေသည်။
依直接义,唯有刹那现在才真正名为“现在”;一期现在与相续现在则只依转说义获得“现在”之名。
ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ။ သေသာ သပရိယာယာ။ (ဝိသုဒ္ဓိ-၂-၁ဝ၃။)
“这里,只有刹那等论说才是直接义的;其余论说则带有转说义。”(《清净道论》2-103。)
原书第 95 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း၊ နာမ်တရားတို့ကို ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း နာမ်တရားတို့ကို သန္တတိပစ္စုပ္ပန်မှ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်းရမည် ဖြစ်၏၊ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်၏။ အကြောင်းမူ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနလေးမျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ နာမ်ဃန ပြိုပါမှ နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရောက်မည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည် ဖြစ်သည်၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ဆိုက်မည် ဖြစ်သည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်သည်။ သို့အတွက် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းနိုင်ပါမှ ယင်း နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ အာဒိကမ္မိကပုဂ္ဂိုလ်များအဖို့ ချောမောလွယ်ကူမည် ဖြစ်သဖြင့်
把握名法的禅修者,以及正在对名法修习观禅业处的禅修者,都必须把握名法,直至从相续现在达到刹那现在;也必须对这些名法作观修与审察。因为,只有以智拆解并破除称为“名法团块”的四种名法密集,使名法密集破除,智见才会抵达究竟名法;只有智见抵达究竟法,才能获得名色分别智,进入见清净阶段,智见也才会抵达无我。因此,应从禅那等至心路中的禅那名法开始把握;只有能以智分别这些名法,初业者才会进行得顺利而容易;并且由于这样做——
ပရမတ်သို့ လျင်မြန်စွာ ဉာဏ်အမြင် ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြ ကုန်သော စျာန်နာမ်တရားတို့က စတင်၍ နာမ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာဆရာတော်က ညွှန်ကြား- တော်မူခြင်း ဖြစ်ပေသည်။
能使智见迅速抵达究竟法,所以义注师才指示:应从禅那等至心路中的禅那名法开始把握名法。
သို့သော် အာဒိကမ္မိကစျာနဝီထိ၏အတွင်း တည်ရှိကြကုန်သော နာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အတွင်း၌ တည်ရှိကုန်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသောအခါ၌သော်- လည်းကောင်း၊ ဝိပဿနာပိုင်းသို့ ရောက်သောအခါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်း (ဝိသုဒ္ဓိ-၂-၂၄၅) တွင် ညွှန်ကြားထားသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ဝိပဿနာရှုရာ အပိုင်း၌သော်လည်းကောင်း ရောနှော၍ သိမ်းဆည်း ရှုပွားနိုင် သည်သာ ဖြစ်သည်။
不过,到了缘摄受智阶段,禅修者在把握过去、未来、现在三时中的色法、名法、因法与果法时,也可以把初得禅那心路中的那些名法一并把握;同样,到了观修阶段,依《清净道论》义注思惟智部分(《清净道论》2-245)的指示,观照过去、未来、现在三时中的色法与名法时,也可以把这些名法一并把握、观修。
တစ်ဖန် စျာန်နှင့် စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများလည်း ရှိကြ၏။ ယင်းပစ္စဝေက္ခဏာ ဇောဝီထိတို့မှာ ကာမဇောတွင် အကျုံးဝင်သဖြင့် ဤတွင် မဖော်ပြတော့ပေ။ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ် အနေဖြင့်ဖြစ်သော ကာမဇော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များသာ ဖြစ်ကြသဖြင့် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိကဇောဝီထိ စိတ်အစဥ်များကို သိမ်းဆည်း ရှုပွားတတ်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့အဖို့ လွယ်ကူနေမည်သာ ဖြစ်သည်။ ဤတွင် အာဒိကမ္မိကစျာနဝီထိပုံစံနှင့် စျာနသမာပတ္တိဝီထိ ပုံစံများကို ဆရာစဥ်ဆက် သင်ကြားပို့ချခဲ့သည့် သင်္ကေတအတိုင်း ဖော်ပြအပ်ပါသည်။
此外,也有省察禅那与诸禅支的省察心路。这些省察速行心路摄于欲界速行,所以这里不再列出。它们只是由意门转向及7个速行组成的欲界意门速行心路次第;对于已经能够把握、观照那些以色法为所缘而生起的意门速行心路次第的禅修者来说,自然会很容易。本处依师承所传的符号,列出初得禅那心路图式与禅那等至心路图式。
ထိုဝီထိများသည် ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌လည်း ဖြစ်နိုင်ကြ၏။ ရဟန္တာအရှင်မြတ်တို့၏ စျာနဝီထိများတွင် အကျုံးဝင်သော ကာမဇော မဟဂ္ဂုတ်ဇောတို့မှာ ကြိယာဇောများသာ ဖြစ်ကြ၏။ ယင်းကြိယာ- ဇောများ စောပုံကို ဤကျမ်းတွင် ချန်လှပ်ထားပါသည်။ ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော ဝိပဿနာ ရှုကွက်ကိုသာ ဤကျမ်း၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။ အလားတူပင် ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် အပိုင်းတွင်လည်း ကြိယာဇောများကို ချန်လှပ်ထား၍ ကုသိုလ်ဇောဝီထိစိတ်အစဥ် အကုသိုလ်ဇောဝီထိစိတ်အစဥ်များကိုသာ ဖော်ပြထားပါသည်။
这些心路也可以在阿罗汉圣者的相续中生起。阿罗汉的禅那心路中所摄的欲界速行与广大速行,都只是唯作速行。本书略去这些唯作速行的运行方式,因为本书只说明与凡夫及有学有关的观修部分。同样,在把握、观照以28种色法为所缘而生起的名法部分,也略去唯作速行,只列出善速行心路与不善速行心路的次第。
အာဒိကမ္မိက ပထမစျာနဝီထိ
初得初禅心路
အစဆုံးရသော ပထမစျာနဝီထိ ဖြစ်ပုံကား ---- ပထမစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်း (၂၅)မျိုးတို့တွင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းဖန်များသဖြင့် စျာန်ရလုလတ်သော် ---- အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံသည် မနောဒွါရ
最初的初禅心路生起如下——在能够使人证得初禅的25种业处中,反复修习入出息业处,当禅那即将生起时,极其清澈明亮的入出息似相所缘显现于意门——
原书第 96 页
(= ဘဝင်မနောအကြည်)၌ ထင်လာနေပေသည်။ ထိုပဋိဘာဂနိမိတ်အာရုံကိုပင် ဝင်သက်လေ ထွက်သက်လေဟု အဖန်ဖန် အထပ်ထပ်ပွားများ၍ ပထမစျာန်ကို ရလိုလတ်သော် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် အတိတ် ဘဝ သေခါနီးကာလ မရဏာသန္နဇောသည် ယူခဲ့သော နိမိတ်ကို အာရုံပြု၍ ဘဝင်္ဂစလန = လှုပ်သောဘဝင်၊ ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် --- ဟူသော ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ထိုနောင် ထိုပဋိဘာဂနိမိတ်ကို အာရုံ ပြု၍ မနောဒွါရာဝဇ္ဇန်း၊ ပညာနုံ့သော မန္ဒပုဂ္ဂိုလ်၏ သန္တာန်၌ - ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘု-ဟု ဥပစာရသမာဓိဇော လေးကြိမ်၊ ပညာထက်သော တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ ဥပစာရ၊ အနုလုံ၊ ဂေါတြဘု - ဟု ဥပစာရသမာဓိဇော သုံးကြိမ်၊ ထိုနောင် အပ္ပနာသမာဓိဇော တစ်ကြိမ် အကျတွင် ဝီထိစိတ်အစဥ် ပြတ်၍ ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်လေသည်။ (ပထဝီကသိုဏ်း သြဒါတကသိုဏ်း စသော ကသိုဏ်းပဋိဘာဂနိမိတ်ကို
即有分意净界。当人为了证得初禅,一再把这同一个似相所缘作为“入息、出息”而修习时,有分先以过去世临终时临死速行在业、业相、趣相三者中所取的一种相为所缘,生起两次:有分波动=波动的有分,有分断=停止的有分;随后灭去。此后,以该似相为所缘,意门转向生起;在钝慧者相续中,遍作、近行、随顺、种姓这4个近行定速行生起;在利慧者相续中,近行、随顺、种姓这3个近行定速行生起。其后,安止定速行生起1次,心路次第即告结束,再依所应有分生起。(地遍、白遍等遍的似相——
အာရုံပြု၍ အာဒိကမ္မိကပထမစျာနဝီထိ ဖြစ်ရာ၌လည်း နည်းတူ သဘောပေါက်ပါ။)
取作所缘而生起初得初禅心路时,也应依同样方式理解。)
အာဒိကမ္မိက ပထမစျာနဝီထိပုံစံ
初得初禅心路图式
မန္ဒပုဂ္ဂိုလ် = န - ဒ - မ - ပ - ဥ - နု - ဂေါ - စျာန် - ဘဝင် … တိက္ခပုဂ္ဂိုလ် = န - ဒ - မ - ဥ - နု - ဂေါ - စျာန် - ဘဝင် … ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့၌လည်း နည်းတူချလေ။
钝慧者=有分波动-有分断-意门转向-遍作-近行-随顺-种姓-禅那-有分……;利慧者=有分波动-有分断-意门转向-近行-随顺-种姓-禅那-有分……。第二禅、第三禅、第四禅也应按同样方式排列。
န = ဘဝင်္ဂစလန = လှုပ်သောဘဝင် (အတိတ် မရဏာသန္နဇော၏ အာရုံ)၊ ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် (အတိတ် မရဏာသန္နဇော၏ အာရုံ)၊ မ = မနောဒွါရာဝဇ္ဇန်း = ပဋိဘာဂနိမိတ်ကို ဆင်ခြင်သောစိတ်၊ ပ = ပရိကံ = အပ္ပနာစျာန်ဖြစ်ပေါ်လာရန် ပြုပြင် စီရင်တတ်သောစိတ်၊ ဥ = ဥပစာရ = အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်တတ်သောစိတ်၊ နု = အနုလောမ = အနုလုံ = ရှေးရှေး ပရိကံနှင့် နောက်နောက် အပ္ပနာတို့အား လျော်သောစိတ်၊ ဂေါ = ဂေါတြဘု = ကာမအနွယ်ကို လွှမ်းမိုး ဖိစီးတတ် ဖြတ်တတ်သောစိတ်၊ စျာန် = ပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်သောစိတ်၊
“波”(န)=有分波动=波动的有分(取过去世临死速行的所缘);“断”(ဒ)=有分断=停止的有分(取过去世临死速行的所缘);“意”(မ)=意门转向=审察似相之心;“遍”(ပ)=遍作=为安止禅的生起作准备、作安排之心;“近”(ဥ)=近行=贴近安止禅而生起之心;“随”(နု)=随顺=随顺此前诸遍作与其后安止之心;“种”(ဂေါ)=种姓=能克服、压伏并截断欲界种姓之心;“禅”=禅那=紧贴似相所缘,专注深入、格外稳固而观照力强之心;
(အာရမ္မဏူပနိဇ္ဈာနစျာန် = ပဋိဘာဂနိမိတ်အာရုံသို့ ကပ်၍ စိုက်စိုက်စူးစူး အထူး
(审察所缘之禅=紧贴似相所缘,专注深入而格外——
မြဲမြံ ရှုအားသန်သောစိတ် ---- ဟူလိုသည်။)
稳固、观照力强之心;意即如此。)
ပရိကမ္မ - ဥပစာရ - အနုလောမ - ဂေါတြဘု
遍作-近行-随顺-种姓
ပကတိစိတ္တေဟိ ဗလဝတရဝိတက္ကဝိစာရပီတိသုခစိတ္တေကဂ္ဂတာနိ ယာနိ အပ္ပနာယ ပရိကမ္မတ္တာ ပရိကမ္မာနီတိပိ၊ ယထာ ဂါမာဒီနံ အာသန္နပဒေသော ဂါမူပစာရော နဂရူပစာရောတိ ဝုစ္စတိ၊ ဧဝံ အပ္ပနာယ အာသန္နတ္တာ သမီပစာရတ္တာ ဝါ ဥပစာရာနီတိပိ၊ ဣတော ပုဗ္ဗေ ပရိကမ္မာနံ၊ ဥပရိ အပ္ပနာယ စ အနုလောမတော အနုလောမာနီတိပိ ဝုစ္စန္တိ။ ယဉ္စေတ္ထ သဗ္ဗန္တိမံ၊ တံ ပရိတ္တဂေါတ္တာဘိဘဝနတော၊ မဟဂ္ဂတဂေါတ္တဘာဝနတော စ ဂေါတြဘူတိပိ ဝုစ္စတိ။ (ဝိသုဒ္ဓိ-၁-၁၃၄။) ဣတော ပုဗ္ဗေ ပရိကမ္မာနန္တိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ။ (မဟာဋီ-၁-၁၆၁။) ပရိကံ ---- မဟဂ္ဂုတ် အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင် စီရင်တတ်သော ကာမာဝစရ ဥပစာရသမာဓိဇောစိတ် တစ်မျိုးသည် ပရိကံ မည်၏။
“〔这些欲界速行〕具有比平常心更强的寻、伺、喜、乐与心一境性;它们因作为安止的准备,故也称为遍作。正如村落等的邻近地域称为村郊、城郊,同样,它们因接近安止,或在其近处运行,故也称为近行。它们因随顺此前诸遍作与其后的安止,故也称为随顺。其中最后一个,因克服有限种姓并使广大种姓增长,故也称为种姓。”(《清净道论》“所谓‘此前诸遍作’,是指各别转向心路中的诸遍作。”(《大复注》1-161。)遍作——一种欲界近行定速行心,能够为名为“广大”的安止禅速行生起作准备、作安排,称为遍作。
原书第 97 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဥပစာရ ---- ယဒိ အာသန္နတ္တာ ဥပစာရတာ၊ ဂေါတြဘုနော ဧဝ ဥပစာရသမညာ သိယာတိ အာဟ ''သမီပစာရတ္တာ ဝါ''တိ။ အနစ္စာသန္နောပိ ဟိ နာတိဒူရပဝတ္တီ သမီပစာရီ နာမ ဟောတိ။ အပ္ပနံ ဥပေစ္စ စရန္တီတိ ဥပစာရာနိ။ (မဟာဋီ-၁-၁၆၁။) ရွာ၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ၊ မြို့၏ အနီးဖြစ်သော အရပ်ကို မြို့ဥပစာဟု ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တစ်နည်းဆိုရသော် အနီးအပါး၌ ကျင်လည်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ပရိကံ အမည်ရသော ကာမာဝစရ ဥပစာရ သမာဓိဇော၏ နောက်၌ ကပ်လျက် ဖြစ်ပေါ်လာသော ကာမာဝစရ ဥပစာရသမာဓိဇောစိတ်ကို ဥပစာရဟူ၍ ခေါ်ဆိုအပ်၏။
“若因为接近而称为近行,那么只有种姓才应得近行之称。因此又说:‘或者,因为在附近运行。’诚然,即使不是紧邻,在不太远处转起者,也名为在附近运行。诸法趋近安止而运行,故名近行。”(《大复注》1-161。)正如邻近村落之处称为村近郊、邻近城市之处称为城近郊;同样,因为接近安止禅,或者说因为在其附近运行,紧接着名为遍作的欲界近行定速行之后生起的欲界近行定速行心,称为近行。
အပ္ပနာစျာန်ဇောမှ နီးသည်၏ အဖြစ်ကြောင့် ယင်းသို့ ဥပစာရ အမည်ရခဲ့သော် အပ္ပနာစျာန်ဇောနှင့် တစ်စပ်တည်း ဆက်စပ်နေသော ဂေါတြဘု၏သာလျှင် ဥပစာရဟူသော အမည်သမညာသည် ဖြစ်သင့်၏ဟူသော လျဥ်းပါးဖွယ်ရာ ရှိလာပြန်၏၊ သို့အတွက် ---- သမီပစာရတ္တာ ---- ဟု နောက်တစ်မျိုးထပ်၍ ဖွင့်ပြန်သည်။ ဤ စကားအရ အပ္ပနာဇောနှင့် ကပ်လျက်ရှိသော ဂေါတြဘုဇောကို ဥပစာရဟု မခေါ်ဆိုဘဲ အပ္ပနာဇော၏ အနီး အပါး၌ ကျင်လည်တတ် ဖြစ်တတ်သော ဂေါတြဘု၏ ရှေးနားက ကာမဇောများကို ဥပစာရဟု ခေါ်ဝေါ်ရသည် မှတ်ပါ။ မှန်ပေသည် အလွန် မနီးကပ်ပါသော်လည်း မဝေးလွန်းသော အရပ်၌ ဖြစ်သော တရားသည် သမီပစာရီ = အနီးအပါး၌ ဖြစ်သော တရားမည်သည်သာ ဖြစ်ပေသည်။ (မဟာဋီ-၁-၁၆၁။) အနုလောမ ---- အနုလောမ အမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောသည် ရှေးရှေးပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တတ်၏၊ နောက်နောက်သော အပ္ပနာစျာန်ကိုလည်း ပေါ်လာစေတတ်၏။
若单因接近安止禅速行而得名近行,就会有一个疑问:只有与安止禅速行紧邻的种姓,才应得近行之通称。因此,又以“သမီပစာရတ္တာ(因为在附近运行)”作另一层解释。依此,不是把紧邻安止速行的种姓速行称为近行;应知,是把在安止速行附近转起、位于种姓之前的诸欲界速行称为近行。诚然,虽然它们并非极为接近,却在不太远处生起,因而名为“သမီပစာရီ(在附近生起的法)”。(《大复注》1-161。)随顺——名为随顺的欲界近行定速行,既承接此前诸遍作的作用,也促使其后的安止禅生起。
သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက်အပ္ပနာတို့အား လျော်စွာ ဖြစ်တတ်သောကြောင့် ယင်းကာမဇောသည် အနုလောမ မည်၏။ ရှေးရှေးပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏ အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည် မဟုတ်၊ အပ္ပနာဝီထိ မရောက်မီ အပ္ပနာဝီထိ မကျမီ အထူးထူးသော အာဝဇ္ဇန်း ရှိကြကုန်သော ရှေးရှေးဝီထိ တို့၏ အတွင်း၌ တည်ရှိခဲ့ကြကုန်သော ဖြစ်ခဲ့သမျှ ဇောတို့ကိုလည်း အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီမံ ပေးကြသည် ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရလေသည်။ (ဝိသုဒ္ဓိ-၁-၁၃၄။ မဟာဋီ-၁-၁၆၁။) ဂေါတြဘု ---- ဤ ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် နောက်ဆုံးဖြစ်သော ကာမဇောသည် ကာမာဝစရအနွယ်ကို လွှမ်းမိုးကျော်လွန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဂေါတြဘု (= ဂေါတြဘူ)ဟူ၍လည်း ခေါ်ဆိုအပ်၏။
因此,这一欲界速行随顺此前诸遍作与其后的安止而生,故名随顺。所谓此前诸遍作,并非只指安止速行心路内的遍作;在尚未到达、尚未进入安止心路以前,那些具有种种转向的先前诸心路中所生的一切速行,也都筹办安止禅速行的生起,故同样称为遍作。(《清净道论》1-134;《大复注》1-161。)种姓——这些欲界近行定速行中最后一个欲界速行,因越过欲界种姓并使广大种姓增长,故又称种姓(gotrabhū)。
ဤဆိုအပ်ခဲ့ပြီးသော သဘောရှိကြကုန်သော မန္ဒပညပုဂ္ဂိုလ်၏ သန္တာန်၌ လေးကြိမ်၊ တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ သုံးကြိမ် ဖြစ်ပေါ်သွားကြကုန်သော ထိုဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူး အားရှိသော အလွန် အားကောင်းမောင်းသန်သော စွမ်းအင်အပြည့်အဝရှိသော ဝိတက်+ဝိစာရ+ပီတိ+သုခ +ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ထင်ရှား ရှိကုန်သော ကာမာဝစရတရားတို့ ဖြစ်ကြကုန်၏။ ဥပစာရ ကာမာဝစရသမာဓိဇောတို့ ဖြစ်ကြကုန်၏။
具有上述性质的这些速行,在钝慧者的相续中生起4次,在利慧者的相续中生起3次。它们仍是欲界法,却比普通欲界心格外有力、极为强劲而充满力量,并且明显具有寻、伺、喜、乐、一境性这5个禅支;它们都是欲界近行定速行。
မယူအပ်သေးသည်ကိုသာ ယူရသော အဂဟိတဂ္ဂဟဏနည်းအားဖြင့် ဆိုရမူ -- မန္ဒပညပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်သွားသော အပ္ပနာဝီထိ အတွင်း၌ လေးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် ---- ၁။ ပထမဇောကား ပရိကံ မည်၏၊
依“只取尚未取者”的方法来说,在钝慧者相续所生的安止心路中,4次欲界近行定速行之中:1.第一个速行名为遍作;
原书第 98 页
၂။ ဒုတိယဇောကား ဥပစာရ မည်၏၊ ၃။ တတိယဇောကား အနုလောမ မည်၏၊ ၄။ စတုတ္ထဇောကား ဂေါတြဘု မည်၏၊ ၅။ ပဉ္စမဇောကား အပ္ပနာစျာန်စိတ်တည်း။
2.第二个速行名为近行;3.第三个速行名为随顺;4.第四个速行名为种姓;5.第五个速行是安止禅心。
တစ်ဖန် တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားသော အပ္ပနာဝီထိ အတွင်း၌ သုံးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် ---- ၁။ ပထမဇောကား ဥပစာရ မည်၏၊ ၂။ ဒုတိယဇောကား အနုလောမ မည်၏၊ ၃။ တတိယဇောကား ဂေါတြဘု မည်၏၊ ၄။ စတုတ္ထဇောကား အပ္ပနာစျာန်စိတ်တည်း။ (ဝိသုဒ္ဓိ-၁-၁၃၄။) ဤဝီထိစိတ်တို့တွင် မနောဒွါရာဝဇ္ဇန်းမှစ၍ ဝီထိစိတ်အားလုံးသည် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်း- ပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ်တစ်ခုခုကို အာရုံပြုသည်။ ရှေ့နောက်တွင် ဘဝင်တို့ကား အတိတ်ဘဝ သေခါနီးကာလက မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသည်။ ယင်းအာရုံကား ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ မိမိ၏ ဘဝင်သည် မည်ကဲ့သို့သော အာရုံကို အာရုံပြုနေသည် သိနေသည်ဟူသော အချက်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိသောအခါ သိရှိခွင့်ကို ရရှိမည် ဖြစ်ပေသည်။
又,在利慧者相续所生的安止心路中,3次欲界近行定速行之中:1.第一个速行名为近行;2.第二个速行名为随顺;3.第三个速行名为种姓;4.第四个速行是安止禅心。(《清净道论》1-134。)在这些心路心中,从意门转向开始,所有心路心都以入出息似相、遍似相等任何一种似相为所缘。前后的有分,则以过去世临终时临死速行所取的3种所缘——业、业相、趣相——中的一种为所缘;这种所缘因人而异。至于知道自己的有分正在取哪一种所缘,等到达缘摄受智部分、缘起部分时,才有机会了知。
စျာနသမာပတ္တိဝီထိ ပုံစံများ
禅那等至心路图式
မန္ဒပုဂ္ဂိုလ် = န - ဒ - မ - ပ - ဥ - နု - ဂေါ - စျာန် - စျာန် - အကြိမ်များစွာ … တိက္ခပုဂ္ဂိုလ် = န - ဒ - မ - ဥ - နု - ဂေါ - စျာန် - စျာန် - အကြိမ်များစွာ … မိမိ ရရှိထားပြီးသော စျာန်ကို ခိုင်မြဲစေခြင်းငှာလည်းကောင်း၊ ဝသီဘော်ရောက် ကမ်းတစ်ဖက်သို့ပေါက် ပါရဂူမြောက်စေခြင်းငှာလည်းကောင်း၊ မျက်မှောက်ဘဝ၌ စျာနသုခ = စျာန်ချမ်းသာကို ခံစားစံစားပါရခြင်း အလို့ငှာလည်းကောင်း၊ အဘိညာဏ်၏ အခြေပါဒက အကျိုးငှာလည်းကောင်း၊ ဝိပဿနာ၏ အခြေပါဒက အကျိုးငှာလည်းကောင်း - ဤသို့စသော ရည်ရွယ်ချက်တို့ဖြင့် မိမိရရှိထားပြီးသော စျာန်ကို အဖန်ဖန် အထပ် ထပ် ဝင်စားသော ဝီထိစိတ်အစဥ်ကို စျာနသမာပတ္တိဝီထိ ---- ဟု ခေါ်ဆိုသည်။ ဤအပိုင်း၌ကား ---- ၁။ ပထမစျာနသမာပတ္တိဝီထိ၊ ၂။ ဒုတိယစျာနသမာပတ္တိဝီထိ၊ ၃။ တတိယစျာနသမာပတ္တိဝီထိ၊ ၄။ စတုတ္ထစျာနသမာပတ္တိဝီထိ ---- ဟူသော စတုက္ကနည်းအရ စျာနသမာပတ္တိဝီထိ (၄)မျိုးကိုသာ ဖော်ပြထားပါသည်။
钝慧者=有分波动-有分断-意门转向-遍作-近行-随顺-种姓-禅那-禅那-多次……;利慧者=有分波动-有分断-意门转向-近行-随顺-种姓-禅那-禅那-多次……。为了使已经证得的禅那稳固;为了成就五自在、抵达娴熟的彼岸;为了在现生体验禅那之乐;为了作为神通的基础;为了作为观修的基础等目的,而一再反复进入已经证得的禅那,这样的心路次第称为禅那等至心路。本节按四分法,只列出4种禅那等至心路:1.初禅等至心路;2.第二禅等至心路;3.第三禅等至心路;4.第四禅等至心路。
တစ်ဖန် ဤကျမ်းတွင် သမာဓိပိုင်းဝယ် အာနာပါနကမ္မဋ္ဌာန်းကိုသာ ဦးတည်၍ ရေးသားထားခဲ့သဖြင့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းသည့် အပိုင်းတွင်လည်း အာနာပါနစျာန်လမ်းမှ စျာန်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းပုံကို ဦးစွာ ဖော်ပြအပ်ပါသည်။
又因为本书在定学部分一向以入出息业处为主而写,所以在把握禅那名法的部分,也先说明如何从入出息禅路线开始把握禅那名法。
原书第 99 页
အာနာပါနပထမစျာန် နာမ်တရားများ
入出息初禅名法
အာနာပါနကမ္မဋ္ဌာန်းကို တစ်ဖန်ပြန်၍ နှလုံးသွင်း ရှုပွားပါ။ အလွန်ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ပထမစျာန်သမာဓိကို ထူထောင်ပါ = ပထမစျာန်သမာဓိကို တစ်ဖန်ပြန်၍ ဝင်စားပါ။
再次作意、观修入出息业处。以极为清澈明亮的入出息似相为所缘,建立初禅定,也就是再次进入初禅定。
ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ---- ဟူသော စျာန်အင်္ဂါ (၅)ပါးတို့သည် အသင် ယောဂီသူတော်- ကောင်း၏ ဉာဏ်ဝယ် အထူး ထင်ရှားလာသောအခါ ထိုပထမစျာန်မှ ထ၍ ထိုစျာန်အင်္ဂါ (၅)ပါးတို့ကို စတင် သိမ်းဆည်းပါ။ စျာန်အင်္ဂါ (၅)ပါးတို့သည် အသင်ယောဂီသူတော်ကောင်း၏ ဉာဏ်ဝယ် ငါးပါးလုံး ပြိုင်တူ အဆက်မပြတ် ဆက်တိုက် အကြိမ်များစွာ ဖြစ်နေသည်ကို မြင်အောင် ရှုပါ။ စျာန်အင်္ဂါတို့သည် အကယ်၍ မထင်မရှား ဖြစ်နေသေးပါက အာနာပါနပထမစျာန်ကိုပင် တစ်ဖန်ပြန်၍ ဝင်စားပါ။ စျာန်အင်္ဂါများ အထူးထင်ရှား လာသောအခါ ---- ၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
当寻、伺、喜、乐、一境性这5个禅支在贤善瑜伽行者的智中格外清楚时,即从初禅出定,开始把握这5个禅支。应观至能看见5支全部同时、不间断地一再相续生起。如果禅支仍不清楚,就再次进入入出息初禅。禅支格外清楚时:1.把握有分意净界。
၂။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ပြန်ယူပါ။
2.再次取入出息似相为所缘。
ထိုအချိန်တွင် စျာန်မှ ထစဖြစ်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ရှိနေဦးမည်သာ ဖြစ်သည်။ ထိုအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာ သောအခါ ရှေးရှုကျရောက်လာသောအခါ စျာန်အင်္ဂါများကို လွယ်ကူစွာပင် သိမ်းဆည်း၍ ရရှိနိုင်မည်ဖြစ်ပါ သည်။ စျာန်အင်္ဂါများသည် အထူးထင်ရှားနေမည် ဖြစ်ပေသည်။ ထိုသို့ စျာန်အင်္ဂါများသည် အသင်၏ ဉာဏ်ဝယ် အထူး ထင်ရှားလာသောအခါ ယင်းစျာန်အင်္ဂါငါးပါးတို့၏ အကြိမ်များစွာ ပြိုင်တူ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
这时刚从禅那出定,入出息似相所缘还会继续存在,不会轻易消失。当这个入出息似相所缘显现于有分意净界并趋入其中时,便能轻易把握禅支;这些禅支会格外清楚。如此,当禅支在智中格外清楚时,应以智观见、辨别、把握5个禅支多次同时、连续生起。
သတိပြုရန် --- စျာနသမာပတ္တိဝီထိစိတ်အစဥ်တွင် ပထမစျာန်အပ္ပနာဇောတို့၏ ရှေးဝယ် တစ်နည်းဆိုရ သော် ပထမစျာန်-စျာန်အင်္ဂါငါးပါးတို့၏ ရှေးဝယ် မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘုဟူသော ကာမာဝစရနာမ်တရားတို့လည်း ပါဝင်နေသည် ဖြစ်သော်လည်း ---- ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၂၂။) ---- စသည်ဖြင့် စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ် တရားတို့က စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန် သမထယာနိကပုဂ္ဂိုလ်အား ညွှန်ကြားထားသဖြင့် ဤကျမ်း၌ လည်း စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းရန် ညွှန်ကြားရခြင်း ဖြစ်သည်။ စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရား တို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းပြီးသော အခါတွင်မူကား တစ်ဖန်ပြန်၍ ဝီထိစိတ်အစဥ်အတိုင်း သိမ်းဆည်း ရဦးမည်သာဖြစ်ပေသည်။
须知:在禅那等至心路中,初禅安止速行之前——换言之,初禅5个禅支之前——也有意门转向、遍作、近行、随顺、种姓这些欲界名法。不过,巴利《清净道论》说:“ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။”译:“应依特相、作用等,把握以寻为首的诸禅支及与它们相应的诸法。”(《清净道论》2-222。)论中如此教导止乘者从禅支与禅那相应法开始把握名法,所以本书也教人从禅支开始把握。待能熟练、确实地把握禅支与禅那相应法以后,仍须再依心路次第逐一把握。
ဤပထမစျာနသမာပတ္တိဝီထိ အတွင်းဝယ် တည်ရှိကြသော ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘု ဟူသော ကာမာဝစရ ဥပစာရသမာဓိဇောများနှင့် အပ္ပနာစျာန်ဇောတို့မှာ ကာမာဝစရတရား မဟဂ္ဂုတ်တရားဟု ကွဲပြားမှု ရှိသော်လည်း ယင်းဇောစိတ်တို့၏ စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသော သမ္ပယုတ္တဓမ္မ အမည်ရသည့် စိတ်စေတသိက်တရားစုတို့ကား ဤ ပထမစျာနသမာပတ္တိဝီထိဝယ် တူညီလျက်ပင် ရှိပေသည်။
在这条初禅等至心路中,遍作、近行、随顺、种姓是欲界近行定速行,安止禅速行则是广大法;它们虽有欲界法与广大法之别,但在这些速行心的每一心刹那内,同生的心与心所法聚——也就是相应法——在这条初禅等至心路中却是相同的。
အဟုန်ပြင်းစွာ ဖြစ်တတ်သော ဇောသဘောတရားအားဖြင့်လည်း တူညီလျက်ပင် ရှိပေသည်။ ဥပစာရဇောနှင့် အပ္ပနာဇောတို့သည် အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံပြုကြသဖြင့် အာရုံချင်းလည်း တူညီလျက်ပင် ရှိသည်။
作为势用强烈的速行,它们的性质也相同。近行速行与安止速行都以入出息似相为所缘,所以所缘也相同。
(အာနာပါနစျာန်ပိုင်းဖြစ်၍ အာနာပါနကို ကွက်၍ ဆိုခြင်း ဖြစ်သည်။) ထိုကြောင့် ထို ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘု ဇောများကိုလည်း အပ္ပနာစျာန်ဇော၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သမာဓိနှင့် ယှဥ်သောကြောင့် ကာမာဝစရ ဥပစာရသမာဓိဇောများဟုလည်း ခေါ်ဆိုပေသည်။
(这里属于入出息禅部分,所以只就入出息而说。)因此,遍作、近行、随顺、种姓诸速行,因为与生起在安止禅速行附近的定相应,也称为欲界近行定速行。
原书第 100 页
ထိုဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါများလည်း ထင်ရှားလျက်ပင်ရှိ၏၊ သို့သော် ထာမဂတ ခေါ်သည့် စွမ်းအား နှင့် ပြည့်ဝစုံညီသည့် အဆင့်သို့ကား မရောက်ရှိသေးပေ။ သို့အတွက် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ယောဂါဝစရပုဂ္ဂိုလ်များကား ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘု ဟူသော အမည်နာမများကိုကား သိရှိနိုင်မည် မဟုတ်ပါ။ အပ္ပနာစျာန်၏ အနီးအပါး၌ ဖြစ်သော ဇောများ အနေဖြင့်သာ သိရှိနေမည် ဖြစ်ပေသည်။
在近行定阶段,禅支也清楚显现;但尚未达到所谓“力量具足”,即力量充分完备的程度。因此,阿毗达磨基础薄弱的瑜伽行者无法知道遍作、近行、随顺、种姓这些各别名称,只会知道它们是生起在安止禅附近的速行。
ယောဂါဝစရပုဂ္ဂိုလ်သည် အပ္ပနာဇောအတွင်း၌ တည်ရှိသော စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ္တဓမ္မ အမည်ရ သည့် စိတ်စေတသိက်တရားစုတို့ကို အောင်မြင်စွာ သိမ်းဆည်းနိုင်သောအခါ ယင်းဥပစာရစျာန်ဇောများ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ သို့အတွက် အခက် အခဲ ရှိသော ယောဂါဝစရပုဂ္ဂိုလ်တို့အား တစ်ရံတစ်ခါ မနောဒွါရာဝဇ္ဇန်း၊ ဇော အကြိမ်များစွာ ဖြစ်နေမှုကိုပင် မြင်အောင် ရှုပါ၊ နာမ်တရားတို့ကို သိမ်းဆည်းပါဟု ညွှန်ကြားပေးရ၏။ ယင်းသို့သော ညွှန်ကြားချက်မှာ ဝီထိ စိတ်အစဥ် စည်းကမ်းနှင့် မညီညွတ်သည် မှန်သော်လည်း လက်တွေ့ရှုသည့် အလုပ်ခွင်တွင်ကား ပညာနုံ့သူတို့ အတွက် လွယ်ကူလျက်ပင် ရှိပေသည်။
当瑜伽行者能够成功把握安止速行中的禅支,以及称为禅那相应法的心与心所法聚时,也就能轻易把握近行定速行中的名法。因此,对于感到困难的瑜伽行者,有时必须指导说:“应观见意门转向与速行一再生起,并把握其中的名法。”这种指导固然不完全符合心路次第的规则,但在实际观修时,对慧力较弱者却较为容易。
စတင်အားသစ်ပုံ
开始用功的方法
ထိုစျာန်အင်္ဂါငါးပါးတို့သည် အသင်ယောဂီသူတော်ကောင်း၏ ဉာဏ်ဝယ် ထင်ရှားလာသောအခါ ယင်း စျာန်အင်္ဂါငါးပါးတို့သည် 〔(၅)လုံးပြီး နောက် (၅)လုံး၊ နောက် (၅)လုံးပြီး နောက် (၅)လုံး --- ဤသို့ စသည်ဖြင့်〕 အကြိမ်များစွာ ဆက်တိုက် ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
当这5个禅支在贤善瑜伽行者的智中清楚显现时,应以智观见、辨别、把握它们多次连续生起:〔一组5法之后又是一组5法,再一组5法之后又是一组5法,如此等等。〕
ယင်းသို့ စျာန်အင်္ဂါငါးပါးတို့၏ ဇောစိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ပြိုင်တူ အကြိမ်များစွာ ဆက်တိုက်ဖြစ်- နေမှုကို သိမ်းဆည်းနိုင်ပါက ယင်းစျာန်နှင့် ယှဥ်ဖက်ဖြစ်ကုန်သော စျာနသမ္ပယုတ်တရားစုတို့ကို ---- ၁။ အသိစိတ်က စ၍သော်လည်းကောင်း၊ ၂။ ဝေဒနာက စ၍သော်လည်းကောင်း၊ ၃။ ဖဿက စ၍သော်လည်းကောင်း ---- ဤနာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် ယင်းနာမ်တရားတို့ကို တစ်လုံးမှ စ၍ တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)မျိုးသော ပထမစျာန်နာမ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ ဉာဏ်နုံ့သူ ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့အတွက် ယင်းပထမစျာန်နာမ်တရား (၃၄)မျိုးတို့ကို ဤတွင် ထပ်မံ၍ ဖော်ပြအပ်ပါသည်။
若能把握5个禅支在每一个速行心刹那中同时生起,而且这样的心刹那多次连续发生,就应进而把握与该禅相应的禅那相应法。可以在名业处的3种把握、观修方法中任选一种:1.从能知之心开始;2.从受开始;3.从触开始。先从一种名法着手,再逐渐每次增加一种,直至把34种初禅名法全部把握。为了慧力较弱的贤善瑜伽行者,这里再次列出这34种初禅名法。
ပထမစျာန် နာမ်တရား (၃၄) လုံး
初禅的三十四种名法
၁။ အသိစိတ် = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရယူခြင်းသဘော၊ 〔ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ (မူလဋီ-၁-၈၇)ဟူသော မူလဋီကာနှင့်အညီ အာရုံကို သိသည်ဟူရာ၌ ထိုအာရုံကို လှမ်း၍ အာရုံယူရာ အာရုံယူ၍ ရမှုသဘောသာ ဖြစ်သည်။ အကယ်၍ အာရုံကို ယူ၍ မရရှိပါက ထိုအာရုံကို သိသည်ဟု မဆိုနိုင်ပေ။〕 ၂။ ဖဿ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊
1.能知之心:以取得入出息似相所缘为性。〔巴利《根本复注》说:“ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ。”译:“所谓识知,就是取得所缘。”(《根本复注》1-87。)依此,说“了知所缘”,就是心伸向该所缘、取它为所缘,并成功取得它的性质;若不能取得所缘,就不能说已经了知它。〕2.触:以接触入出息似相所缘的方式生起为性,
(လက္ခဏ)
(特相);
= အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊ (ရသ)
以联结入出息似相所缘与能知之心为作用。
原书第 101 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၃။ ဝေဒနာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော (ပထမစျာန်၌ သော-
3.受:以体验入出息似相所缘之味为性(初禅中为
မနဿဝေဒနာ၊)
悦受)。
〔မှတ်ချက် --- နောက်စေတသိက်တို့၌ အာရုံဟု ဆိုရာ၌ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အထူး ရည်ညွှန်းနေသည်ဟု မှတ်ပါ။〕 ၄။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊ ၅။ စေတနာ = အာရုံပေါ်သို့ ယှဥ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊ ၆။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊ = တည်ငြိမ်နေခြင်းသဘော၊ = သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊ ၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော (= နာမ်သက်စောင့်ဓာတ်)၊ ၈။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = မောင်းနှင်ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊ ၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊
〔注:以下诸心所中所说的“所缘”,应知都是特别指入出息似相所缘。〕4.想:以记认所缘为性。5.思:以推动、激励相应的心与心所——即诸相应法——到达所缘为性。6.一境性:以令心落在单一所缘上为性,即安住不动,并使诸相应法不散乱、不离散。7.名命根:以守护诸相应法为性(即守护名法的生命力)。8.作意:以使心——即诸相应法——转向并推向所缘为性;驱使它们到达所缘;也就是把所缘纳入心中。9.寻:以把心——即诸相应法——导向、投向所缘为性,也有思惟之义。
၁ဝ။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်း သဘော၊ = အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊ ၁၁။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက် ချခြင်းသဘော၊ ၁၂။ ဝီရိယ = အာရုံကို သိအောင် (= သမ္ပယုတ်တရားတို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော၊ 〔မှတ်ချက် --- သမာဓိသိက္ခာပိုင်း ဖြစ်သဖြင့် သမာဓိထူထောင်ခိုက်၊ စျာန်သမာပတ် ဝင်စားခိုက်တို့၌ - အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားမှု သဘောပင် ဖြစ်သည်။ ဝီရိယသည် သမ္ပယုတ်တရားတို့ကို အာရုံ၌ ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို ပြုလုပ်ပေးသည်။〕 ၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊ ၁၄။ ဆန္ဒ = အာရုံကို သိလိုခြင်းသဘော၊
10.伺:以反复审察、思量、揉摩所缘为性,也就是一再取所缘。11.胜解:以对所缘作出决定为性。12.精进:以努力了知所缘——即努力令诸相应法生起——为性。〔注:本处属于定学阶段,所以在建立定、进入禅那等至时,它尤其是努力使修习心平静地贴住所缘、安住于入出息似相所缘的性质。精进执行策励(paggaha)的作用,鼓舞、支持诸相应法,使它们在所缘上坚固、稳定。〕13.喜:以喜爱所缘为性。14.欲:以想要了知所缘为性;
= အာရုံ၌ စိတ်တည်ကြည်လိုခြင်း = သမာဓိဖြစ်လိုခြင်း = သမ္ပယုတ်တရားတို့ကို ဖြစ်စေ
又是想使心安定于所缘、想令定生起、想令诸相应法生
လိုခြင်းသဘော၊ ၁၅။ သဒ္ဓါ = စျာန်သမာဓိသိက္ခာ (= စျာန်သမာဓိကျင့်စဥ်)ကို ယုံကြည်ခြင်းသဘော၊ 〔သဒ္ဓါ ဖြစ်ရာ (၈)ဌာနတို့၌ သိက္ခာသုံးပါးလည်း ပါဝင်လျက်ပင် ရှိ၏။ စျာန်သမာဓိသိက္ခာ (= စျာန်သမာဓိ ကျင့်စဥ်) ကို ယုံကြည်ခြင်းသည်လည်း သဒ္ဓါပင် ဖြစ်သည်။〕 ၁၆။ သတိ = အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ် စေခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်းသဘော၊
起的性质。15.信:以相信禅定之学——即禅定之行——为性。〔信生起的8处中也包括三学;相信禅定之学——即禅定之行——也就是信。〕16.念:以使诸相应法在所缘上不像葫芦般浮起,而像石板般沉入为性;以不忘失所缘为性;
原书第 102 页
= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊ ၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊ ၁၈။ သြတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊ 〔ဤ ဟိရိ - သြတ္တပ္ပတရား နှစ်ပါးကား စျာန်သမာဓိအခိုက်၌ ရှေးရှုတည်နေရုံ တည်နေခြင်း သဘောသာ ဖြစ်သည်။ အထူးသဖြင့် ဤအပိုင်းတွင် အာနာပါနပဋိဘာဂနိမိတ်ကိုသာ အာရုံမူနေသည့်အခိုက် ဖြစ်ရကား အကုသိုလ်ဒုစရိုက်တို့နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့နေသည့် အချိန်အခိုက်လည်း မဟုတ်သောကြောင့် ဖြစ်သည်။
使心稳固于所缘的性质。17.惭:对于恶、不善法与恶行感到羞耻的性质。18.愧:对于恶、不善法与恶行感到畏惧的性质。〔惭、愧这二法,在禅那定之时只是现前存在着;尤其本节所说的是只取入出息似相为所缘之时,并不是直接面对不善与恶行的时候。
အရှက်အကြောက်ရှိ၍သာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်နေခြင်း ဖြစ်၏။ ယင်းရှက်မှု ကြောက်မှုတို့ကား စျာန်မဝင်စားမီ၊ ဝင်စားပြီး၊ ဝင်စားဆဲ အချိန်တို့၌ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ နာမ်သန္တတိအစဥ်ဝယ် ရှေးရှုတည်နေကြသည်သာ ဖြစ်၏။〕 ၁၉။ အလောဘ = အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊ = အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊ ၂ဝ။ အဒေါသ = အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊ ၂၁။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ = အာရုံကို လျစ်လျူရှုခြင်းသဘော၊ ၂၂။ ကာယပဿဒ္ဓိ = အာရုံ၌ စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော၊ ၂၃။ စိတ္တပဿဒ္ဓိ = အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊ ၂၄။ ကာယလဟုတာ = အာရုံ၌ စေတသိက်တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊ ၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊ ၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊
正因为有惭、有愧,才会修习、圆满三学的殊胜行。入定以前、入定以后以及正在入定时,这些惭与愧都现前存在于贤善瑜伽行者的名相续中。〕19.无贪:心不黏著、不贪爱所缘的性质;不把所缘执取为“我的”的性质。20.无嗔:心在所缘上不刚强、不粗暴的性质;不想毁坏所缘的性质。21.中舍性:将心中正地安置于所缘的性质;对于所缘保持平等、中立而观待的性质。22.心所轻安:诸心所在所缘上寂静的性质。23.心轻安:心在所缘上寂静的性质。24.心所轻快性:诸心所在所缘上敏捷、轻快的性质。25.心轻快性:心在所缘上敏捷、轻快的性质。26.心所柔软性:诸心所在所缘上柔软的性质。
၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊ ၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့၏ ခံ့ညားခြင်းသဘော၊ = အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊ ၂၉။ စိတ္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊ = အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊ ၃ဝ။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်း သဘော၊ = ကျွမ်းကျင် လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင် လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၃၂။ ကာယုဇုကတာ = အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
27.心柔软性:心在所缘上柔软的性质。28.心所适应性:诸心所在所缘上堪任的性质;适合、便于观照所缘的性质。29.心适应性:心在所缘上堪任的性质;适合、便于观照所缘的性质。30.心所练达性:诸心所在所缘上熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。31.心练达性:心在所缘上熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。32.心所正直性:诸心所在所缘上正直的性质;没有诳与虚伪等弯曲不直的性质。
原书第 103 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ ၃၄။ ပညာ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
33.心正直性:心在所缘上正直的性质;没有诳与虚伪等弯曲不直的性质。34.慧:洞彻知见入出息似相所缘的性质,
(စျာနသမ္မာဒိဋ္ဌိပင်တည်း။)
(也就是禅那正见。)
ဤသည်တို့ကား အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရား (၃၄)လုံးတို့ပင် ဖြစ်ကြသည်။ ထို (၃၄)လုံးတို့တွင် စျာန်အင်္ဂါများကို ဇောစိတ္တက္ခဏတိုင်း၌ ငါးလုံးစီ ငါးလုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ကျန် စိတ်+စေတသိက်တရားတို့ကို တစ်စ တစ်စ တိုး၍ ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။
以上就是以入出息似相为所缘而生起的34种初禅名法。在这34法中,当能在每一个速行心刹那,以智逐一辨别、把握5个禅支时,应当逐项增加其余的心与心所,继续加以把握。
နမူနာတစ်ခု ပုံစံပြုရသော်
举例说明
အသိစိတ်က စ၍ တစ်လုံးစီ တစ်လုံးစီ ပထမ ရှုကြည့်ပါ။ အသိစိတ် တစ်လုံးကို ဇောစိတ္တက္ခဏတိုင်း၌ အကြိမ်များစွာ အဟုန်ပြင်းစွာ ဆက်တိုက် ဖြစ်နေမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ နောက် ထပ် ဖဿတစ်လုံး ထပ်တိုး၍ အသိစိတ်နှင့် ဖဿ နှစ်လုံးတို့သည် ဇောစိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိခဲ့သော် ဝေဒနာ စသည့် ကျန်စေတသိက်တို့ကိုလည်း တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)လုံး ပြည့်သည်တိုင်အောင် ဆက်လက်၍ ရှုကြည့်ပါ။
首先从能知之心开始,每次观一个法。当能以智辨别、把握能知之心在一个又一个速行心刹那中强有力地连续生起时,再增加一个触;应观至以智看见能知之心与触这两个法在每一个速行心刹那中同时生起,并加以把握。如果成功,就逐渐每次增加受等其余心所,继续观照,直到满34法为止。
ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ဇောစိတ္တက္ခဏတိုင်းဝယ် သုံးလုံး သုံးလုံး၊ လေးလုံး လေးလုံး၊ ငါးလုံး ငါးလုံး - ဤသို့ စသည်ဖြင့် ပြိုင်တူဖြစ်နေမှုကို အသိဉာဏ်ဝယ် ရှင်းရှင်းကြီး မြင်နေအောင် လေ့ကျင့်ပါ။
应以智辨别、把握;并训练到能在智中清楚看见,每一个速行心刹那中有3个、4个、5个等名法同时生起。
ဤစျာနဓမ္မ အမည်ရသည့် ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို ဇောစိတ္တက္ခဏတိုင်း၌ ရှင်းရှင်းလင်းလင်း ကြီး ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ပထမစျာနသမာပတ္တိ ဝီထိစိတ်အစဥ်အတိုင်း ပုံစံအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။
当能在每一个速行心刹那,以智清楚辨别、把握这34种称为禅那法的初禅名法时,应继续依照初禅等至心路的次第与图式加以把握。
၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ၂။ ပရိကံ၌ နာမ်တရား (၃၄)လုံး၊ ၃။ ဥပစာ၌ နာမ်တရား (၃၄)လုံး၊ ၄။ အနုလုံ၌ နာမ်တရား (၃၄)လုံး၊ ၅။ ဂေါတြဘု၌ နာမ်တရား (၃၄)လုံး၊ ၆။ စျာန်ဇောတိုင်း၌ နာမ်တရား (၃၄)လုံးစီ ---- ဤ နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ နာမ်ဃနခေါ်သည့် နာမ်တုံး နာမ်ခဲတို့ကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။
1.意门转向:12种名法;2.遍作:34种名法;3.近行:34种名法;4.随顺:34种名法;5.种姓:34种名法;6.每一个禅那速行:各有34种名法。对于这些名法,应在每一个心刹那以智打破、拆解称为名法密集的名法密实整体,使智见抵达究竟法而加以把握。
မနောဒွါရာဝဇ္ဇန်း - နာမ်တရား (၁၂) လုံး
意门转向——十二种名法
မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး ဟူသည်မှာ - အသိစိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယတို့ ဖြစ်ကြသည်။ ယင်းနာမ်တရားစု အားလုံး တို့သည်လည်း ဤအပိုင်းတွင်ကား အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြုကြပေသည်။
意门转向中的12种名法,是:能知之心、触、受、想、思、一境性、名命根、作意、寻、伺、胜解、精进。在本节中,这一整组名法也都以极其清澈明亮的入出息似相为所缘。
原书第 104 页
နာမ်ရုပ် - သိမ်းဆည်းပါ
名色——摄取
ယင်း ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင်ခဲ့သော် ယင်းနာမ်တရားအားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ ဤသို့ ညွှန်ကြားထားတော်မူသည်။
若已经能够在初禅等至心路中,于每一个心刹那逐一分析、摄取其中的名法,接着便应总摄这一切名法。《清净道论》义注对此作如下指示:
ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။
“摄取之后,应将这一切依其面向所缘、趋向所缘之义,确定为‘名’。”
(ဝိသုဒ္ဓိ-၂-၂၂၂။)
(《清净道论》2-222。)
သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ''ဧတံ နာမ''န္တိ ပဿတိ။
“他把这一切非色法依趋向的特相合为一组,观为:‘这是名。’”
(ဝိသုဒ္ဓိ-၂-၂၂၃။)
(《清净道论》2-223。)
= ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုအလုံးစုံကုန်သော (ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ စိတ္တ- က္ခဏတိုင်းဝယ် တည်ရှိကြကုန်သော) နာမ်တရားတို့ကိုလည်း အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ် အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းတတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်း ပြု၍ ''ဤကား နာမ်တရား''ဟု ရှု၏၊ ရှုပါ သိမ်းဆည်းပါ။
也就是说,这位贤善瑜伽行者把所有这些名法——即初禅等至心路中每一个心刹那内的名法——依它们都具有趋向极其清澈明亮的入出息似相所缘这一特相,合为一组,观为“这是名法”。应当这样观照、摄取。
ဤညွှန်ကြားချက်များအရ ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ စိတ္တက္ခဏတိုင်းဝယ် တည်ရှိကြကုန် သော နာမ်တရားတို့ကို ရှေးဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇောစိတ္တက္ခဏတိုင်း၌ နာမ် တရား (၃၄)လုံးတို့ကို စိတ္တက္ခဏတိုင်းဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်ရှုပါ။
依照这些指示,首先应在初禅等至心路的每一个心刹那中,把能知之心、触、受、想、思等名法逐一以智分析、观照。随后,应继续观至以智看见:意门转向中有12种名法,而每一个速行心刹那中有34种名法;同一心刹那内的这些名法都同时生起。
ယင်းနာမ်တရားတို့သည် စိတ္တက္ခဏတိုင်းဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေမှုကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင် သောအခါ ယင်းနာမ်တရားအားလုံးကို ခြုံငုံ၍ ယင်းနာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ညွတ် ကိုင်းရှိုင်းနေသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ''နာမ်တရား နာမ်တရား''ဟု ဆက်လက် သိမ်း ဆည်းပါ။ ခွဲရှုခြင်း ခြုံရှုခြင်းဟူသော နှစ်နည်းလုံးကို အသုံးပြုရမည် ဖြစ်သည်။
当已经清楚地以智看见这些名法在每一个心刹那内同时生起时,应再总摄所有这些名法,观见它们趋向入出息似相所缘的性质,继续以“名法、名法”摄取。分开观照与总合观照这两种方法都必须使用。
〔မှတ်ချက် --- ဤ၌ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းခိုက်ကိုသာ ရေးသားနေဆဲ ဖြစ်သဖြင့် အာနာပါနပဋိဘာနိမိတ်ကို ဦးတည်၍ ပြောဆိုနေခြင်း ဖြစ်သည်။ ကျန်ကမ္မဋ္ဌာန်းတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ အကယ်၍ အသင်ယောဂီသူတော်ကောင်း သည် ကသိုဏ်း (၁ဝ)ပါး၊ သမာပတ် (၈)ပါး၊ စတုရာရက္ခကမ္မဋ္ဌာန်း စသည်တို့ကို လေ့ကျင့်ထားပြီးသူ ဖြစ်ပါက ယင်းစျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကိုလည်း နည်းမှီး၍ ဆက်လက် သိမ်းဆည်းပါ။〕〕 ဤကား အသိစိတ်က စ၍ စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းပုံ အမြွက်တည်း။ ဖဿ ကစ၍ သိမ်းဆည်းရာ၊ ဝေဒနာကစ၍ သိမ်းဆည်းရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
〔注:这里仍在说明如何摄取以入出息似相为所缘而生起的名法,所以一直以入出息似相为中心而说。对于其余业处,也应同样理解。如果贤善禅修者已经修习十遍、八等至、四护卫禅等,就应仿照这种方法,继续摄取那些称为禅那法的名法。〕以上只是从能知之心开始摄取禅那法的简要说明;从触开始摄取、从受开始摄取,也应同样理解。
အသိစိတ်က စ၍ စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းသည့်နည်း၊ ဖဿက စ၍ သိမ်းဆည်းသည့်နည်း၊ ဝေဒနာက စ၍ သိမ်းဆည်းသည့်နည်း - ဤနာမ်ကမ္မဋ္ဌာန်းကို ရှုပွားနည်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို = အပ္ပနာဇောစိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိကြသော နာမ်တရား (၃၄)လုံးတို့ကို ခြုံငုံ၍ နာမ်တရား နာမ်တရားဟု သိမ်းဆည်းသော်လည်း (၃၄)မျိုးကုန်သော ပရမတ္ထ ဓာတ်သားတို့ကို ပရမတ္ထဓာတ်သားတစ်ခုတည်း အနေဖြင့် မမြင်ဘဲ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသည်ဖြင့် ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားမှတ်သားနိုင်ရမည်ဟု
从能知之心开始摄取禅那法、从触开始摄取、从受开始摄取——在名业处这三种观修、摄取方法中,无论采用哪一种,即使把每一个安止速行心刹那内的34种名法总摄起来,以“名法、名法”摄取,也不应把这34种究竟法看成单一的究竟法,而必须能以智分析、分别、确定触、受、想、思、识等逐一的究竟法。为了说明这一点——
原书第 105 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သိစေလို၍ အဋ္ဌကထာဆရာတော်က ဝဝတ္ထပေတဗ္ဗံ (ဝိသုဒ္ဓိ-၂-၂၂၂။) - ဟု ညွှန်ကြားထားတော်မူပေသည်။
义注师才以“ဝဝတ္ထပေတဗ္ဗံ”——“应当确定”(《清净道论》2-222)——作此指示。
ဤစျာန်နှင့် စျာနသမ္ပယုတ်တရားဟူသော စျာနဓမ္မတရားစုတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပို၍ ပိုင်ပိုင်နိုင်နိုင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်သော အခါ သိမ်းဆည်းနိုင်သောအခါ - မနောဒွါရာဝဇ္ဇန်းနှင့် တကွ၊ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု - အမည်ရသော ကာမာဝစရ ဥပစာရ သမာဓိဇောများနှင့်တကွ အပ္ပနာစျာန်ဇောအတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြကုန်သော ပထမ စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် ဆက်လက်၍ ပြုလုပ်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ညွှန်ကြားထားတော်မူပြန်၏။
对于由禅心及禅那相应法组成的禅那法组,应以智逐一拆解、破除每个称为“名法密集”的名法团块;当能够更确实、更鲜明、更清楚地知见、摄取它们时,还要继续摄取初禅等至心路中的诸名法:其中包括意门转向,包括称为遍作、近行、随顺、种姓的欲界近行定速行,也包括与安止禅速行俱生的诸法。仍应以智拆解、破除各个名法密集,使智见抵达究竟法。此后,《清净道论》义注又对下一步应做的工作作如下指示:
တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ''ဣဒံ နာမံ ကိံ နိဿယ ပဝတ္တတီ''တိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ၊ ဘူတာ- နိဿိတာနိ စ သေသုပါဒါယရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။
“此后,譬如一人在屋内看见蛇,跟踪那条蛇便看到它的栖处;同样,这位瑜伽行者审察该名法,探求‘此名法依什么而转起?’时,便看见该名法所依的心所依处色。然后,他把握色:即作为心所依处色之所依的诸大种,以及依大种而有的其余所造色。他依这一切会变坏之义,将其确定为色。”
တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမ ရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ-၂-၂၂၂။) = အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“此后,简略地分别名色:有趋向之特相者为名,有变坏之特相者为色。”(《清净道论》2-222。)以上义注的意思如下:
စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ - လောကဥပမာအားဖြင့် ယောကျာ်းတစ်ဦးသည် အိမ်တွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဥ်လိုက်လျက် ကြည့်ရှုသည် ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို --- ''ဤ နာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း'' --- ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယ ရုပ်ကို တွေ့မြင်လေ၏။ ထိုနောင် ဟဒယရုပ်၏ မှီရာ ဘူတရုပ် = ဓာတ်ကြီး (၄)ပါးတို့ကိုလည်းကောင်း၊ ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်နေကြကုန်သော ဟဒယရုပ်မှ ကြွင်းကျန်ကုန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဤသို့လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံးစုံသော
摄取称为禅那法的禅那名法以后,以世间譬喻来说:一个男子在屋内看见蛇,若一路跟踪观察,就会看见那条蛇栖息的地方。同样,这位瑜伽行者以智审察、探求:“此名法依什么而生起?”便看见名法所依的心所依处色。随后,他以智分别、摄取色法:一方面是作为心所依处色之所依的大种色,即四大;另一方面是除心所依处色外、依四大种色而生的其余所造色。这位瑜伽行者把所有这些——
ရုပ်တရားကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် --- ၁။ အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်၊ ၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ် - ဟု အကျဥ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ-၂-၂၂၂။) ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက် ညွှန်ကြားတော်မူချက်အတိုင်း စျာန်နာမ်တရားတို့ကို သိမ်း ဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်နာမ်တရားတို့၏ မှီရာ ဟဒယ = နှလုံးအိမ်၌ တည်ရှိကြကုန်သော ဟဒယဝတ္ထုနှင့်တကွ (၅၄)မျိုးကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်သိမ်းဆည်း၍ နာမ်ရုပ်ကို ပိုင်းခြား မှတ်သားရမည် ဖြစ်သည်။ သို့အတွက် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာန်နာမ်တရားတို့နှင့် မှီရာ ဝတ္ထုရုပ်တို့ကို အောက်ပါအတိုင်း ဇယားဖြင့် ဖော်ပြအပ်ပါသည်။
色法依其会变坏之义,分别确定为“色”。随后,他简略地分别名色:1.具有趋向所缘这一特相的法是名;2.具有会变坏这一特相的法是色。(《清净道论》2-222。)依照上述义注的界定与指示,摄取禅那名法以后,瑜伽行者还必须继续摄取位于禅那名法所依之心脏中的54种色法——包括心所依处色,以及大种色与所造色——从而分别名色。因此,下面用表格列出:以入出息似相为所缘而生起的禅那名法,以及它们所依的所依处色。
原书第 106 页
''အာနာပါနပဋိဘာဂနိမိတ်အာရုံ''
“入出息似相所缘”
ဓမ္မာရုံလိုင်း - မနောဒွါရ - စျာနသမာပတ္တိ ဝီထိ ဇယား
法所缘线——意门——禅那等至心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
ပထမစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၄ … ဒုတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၂ … (ဝိတက်+ဝိစာရ ပြုတ်) တတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၁ … (ပီတိ - ထပ်ပြုတ်) စတုတ္ထစျာန် ၁၂ ၃၃ ၃၃ ၃၃ ၃၃ ၃၁ … (သုခပြုတ် - ဥပေက္ခာဝင်) အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ကသိုဏ်း (၁ဝ)ပါး သမာပတ် (၈)ပါးတို့ကို ပွားများ ထားပြီးသူ ဖြစ်ပါက ယင်း နာမ်တရားတို့ကိုလည်း အောက်ပါဇယားအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။
初禅|12|34|34|34|34|34……;第二禅|12|34|34|34|34|32……(寻、伺脱落);第三禅|12|34|34|34|34|31……(喜也脱落);第四禅|12|33|33|33|33|31……(乐脱落,舍加入)。如果贤善禅修者已经修习十遍与八等至,也应依照下表继续摄取这些名法。
ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ
遍似相所缘
ဓမ္မာရုံလိုင်း - မနောဒွါရ - စျာနသမာပတ္တိ ဝီထိဇယား
法所缘线——意门——禅那等至心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
ပထမစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၄ … ဒုတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၂ … (ဝိတက်+ဝိစာရ ပြုတ်) တတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၁ … (ပီတိ - ထပ်ပြုတ်) စတုတ္ထစျာန် ၁၂ ၃၃ ၃၃ ၃၃ ၃၃ ၃၁ … (သုခပြုတ် - ဥပေက္ခာဝင်) အာကာသာနဉ္စာယတနစျာန် ၁၂ ၃၃ ၃၃ ၃၃ ၃၃ ၃၁ … (ဥပေက္ခာ - ဧကဂ္ဂတာ) ဝိညာဏဉ္စာယတနစျာန် ။ ။ ။ ။ ။ ။ ။
初禅|12|34|34|34|34|34……;第二禅|12|34|34|34|34|32……(寻、伺脱落);第三禅|12|34|34|34|34|31……(喜也脱落);第四禅|12|33|33|33|33|31……(乐脱落,舍加入);空无边处禅|12|33|33|33|33|31……(舍、一境性);识无边处禅|同上。
အာကိဉ္စညာယတနစျာန် ။ ။ ။ ။ ။ ။ ။
无所有处禅|同上(12|33|33|33|33|31……;舍、一境性)。
နေဝသညာနာသညာယတနစျာန် ။ ။ ။ ။ ။ ။ ။
非想非非想处禅|同上(12|33|33|33|33|31……;舍、一境性)。
ဝိတက် - ဝိစာရ - ပီတိ
寻、伺与喜
တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏေ အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ-၁-၁၅၁။) ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ … (အဘိ-ဋ္ဌ-၂-၂၃၇။)
“这里所谓‘寻与伺的止息’,是说寻、伺这二法止息、被超越,在第二禅刹那不再显现。”(《清净道论》1-1“在前分,遍作心与近行心有寻、有伺,并且有喜……”(《阿毗达磨义注》2-237。)
原书第 107 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုထားတော်မူချက်များအရ ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု ဟူသော ကာမာဝစရ ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဥ်လျက်ပင် ရှိပေသည်။ ဒုတိယစျာန် စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဥ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ကာမာဝစရ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိ မယှဥ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။
依上述诸义注的解释,在称为遍作、近行、随顺、种姓的欲界近行定速行中,寻、伺、喜仍然相应。只有在第二禅等安止禅定的刹那,寻与伺才不相应。〔这里采用四分法。〕不过,即使在第四禅的欲界近行定速行中,喜也不能相应;《清净道论》义注对此解释如下:
အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ-၁-၁၆ဝ။) တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ-၁-၁၈၉။) ဤဆိုလတ္တံ့ကား ထူးခြားချက်တည်း။ သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ်သည့် အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏၊ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏။ ထိုကြောင့် စတုတ္ထစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် ငါးကြိမ်ကုန်သော ကာမာဝစရ ဥပစာရ သမာဓိဇော အပ္ပနာစျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဥ်ကြရကုန်၏။ ဤ စတုတ္ထစျာနဝီထိ၌
“不过,这里有一项差别:乐受不能以重复缘作为不苦不乐受的缘,而第四禅中应当生起不苦不乐受,所以这些〔速行〕都与舍受相应。正因为与舍受相应,这里的喜也消失。”(《清净道论》“‘这些’是就安止心路中的诸速行而说。”(《大复注》1-189。)以上所说是一项差别:乐受不能以重复缘力资助称为不苦不乐的中性感受——舍受;而第四禅中只应有称为不苦不乐受的舍受。因此,在第四禅心路中生起的四次或五次欲界近行定速行及安止禅速行,都只与舍受相应。在这条第四禅心路中——
ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဥ်နေသည့် အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့ သွားရပေသည်။ (ဝိသုဒ္ဓိ-၁-၁၆ဝ။ မဟာဋီ-၁-၁၈၉။)
正因为诸速行心与舍受相应,喜也随之消失。(《清净道论》1-160;《大复注》1-189。)
ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား
四梵住——禅那等至心路表
မေတ္တာ - ဗြဟ္မစိုရ်
慈梵住
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
ပထမစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၄ … ဒုတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၂ … (ဝိတက်+ဝိစာရ ပြုတ်) တတိယစျာန် ၁၂ ၃၄ ၃၄ ၃၄ ၃၄ ၃၁ … (ပီတိ - ထပ်ပြုတ်)
初禅|12|34|34|34|34|34……;第二禅|12|34|34|34|34|32……(寻、伺脱落);第三禅|12|34|34|34|34|31……(喜也脱落)。
ကရုဏာ - ဗြဟ္မစိုရ်
悲梵住
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
ပထမစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၅ … ဒုတိယစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၃ … (ဝိတက်+ဝိစာရ ပြုတ်) တတိယစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၂ … (ပီတိ - ထပ်ပြုတ်)
初禅|12|35|35|35|35|35……;第二禅|12|35|35|35|35|33……(寻、伺脱落);第三禅|12|35|35|35|35|32……(喜也脱落)。
原书第 108 页
မုဒိတာ - ဗြဟ္မစိုရ်
喜梵住
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
ပထမစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၅ … ဒုတိယစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၃ … (ဝိတက်+ဝိစာရ ပြုတ်) တတိယစျာန် ၁၂ ၃၅ ၃၅ ၃၅ ၃၅ ၃၂ … (ပီတိ - ထပ်ပြုတ်)
初禅|12|35|35|35|35|35……;第二禅|12|35|35|35|35|33……(寻、伺脱落);第三禅|12|35|35|35|35|32……(喜也脱落)。
ဥပေက္ခာ - ဗြဟ္မစိုရ်
舍梵住
ဟဒယရှိ မှီရာဝတ္ထုရုပ် ၅၄ ၅၄ ၅၄ ၅၄ ၅၄ ၅၄ …
心脏中的所依处色|54|54|54|54|54|54……
မ ပ ဥ နု ဂေါ ဇ … (စျာန်ဇော အကြိမ်များစွာ)
意门转向(မ)|遍作(ပ)|近行(ဥ)|随顺(နု)|种姓(ဂေါ)|禅那(ဇ)……(禅那速行多次)
စတုတ္ထစျာန် ၁၂ ၃၃ ၃၃ ၃၃ ၃၃ ၃၁ … အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အရိုးစုကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ကိုလည်း အပ္ပနာ စျာန်သမာဓိဆိုက်အောင် ရှုထားပြီးသူ ရှုထားနိုင်သူ ဖြစ်ပါက ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်း အပ်သော အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်၊ အသုဘကမ္မဋ္ဌာန်း၌လည်း ပထမစျာန်နာမ်တရားတို့ကို အာနာပါန ပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာနသမာပတ္တိဝီထိ ဇယားများတွင် ပါဝင်သည့် ပထမစျာန်ဇယားအတိုင်း သိမ်းဆည်းပါ။ သို့အတွက် စျာနဓမ္မ အမည်ရကြသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အထက်ပါ ဇယားများဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
第四禅|12|33|33|33|33|31……。如果贤善瑜伽行者已经把骨骼业处与不净业处修至安止禅定,对于以可厌、可恶的不净作意修习骨骼业处所得的初禅,以及不净业处中的初禅名法,应依照前面以入出息似相或遍似相为所缘而生起的禅那等至心路表中的初禅行来摄取。因此,要摄取称为禅那法的禅那名法,以上诸表已经足够。
စျာန်ရသူတို့ အတွက်သာ
仅限已得禅者
လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ-၂-၃၅၃။) စျာန်ရသူတို့၏ အသိဉာဏ်၌သာလျှင် မဟဂ္ဂုတ်စိတ် အမည်ရကုန်သော စျာန်နာမ်တရားတို့သည် ကောင်းစွာ ထင်ရှားကုန်၏ဟု ဖွင့်ဆိုထားသောကြောင့် စျာန်ရသော စျာနလာဘီပုဂ္ဂိုလ်တို့သည်သာလျှင် စျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ စျာန်မရသော သုက္ခဝိပဿက (= စျာန်စေးခန်းခြောက်သော ဝိပဿနာ ရှိသော) ပုဂ္ဂိုလ်တို့သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှုကို ချန်လှပ်ထားရမည် ဖြစ်သည်။
“广大心唯对已得禅者才会清楚显现。”(《大复注》2-353。)既然《大复注》说明,称为广大心的禅那名法只会在已得禅者的智中清楚显现,所以只有得禅者才应摄取、观修禅那名法。未得禅那的纯观乘者——即作者所释“没有禅那滋润的干观者”——则应省略对禅那名法的摄取。
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း၊ စျာန် မရသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း ကာမာဝစရ နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်း ရမည် ဖြစ်သည်။ ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၅၃။)ဟူသော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူချက် အတိုင်းပင် ဒွါရ (၆) ပါးတို့၌ နာမ်တရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် မြင် အောင် သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်သည်။
已经摄取禅那名法的得禅瑜伽行者,以及没有禅那的纯观乘者,都必须继续摄取欲界名法。巴利《清净道论》说:“ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။”译:“如此,应当观见非色法在六门中的生起。”(《清净道论》2-253。)应当依照这项指示,在六门中摄取、观修名法的生起,直至能以智观见它。