逐法观与聚观

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 18–21 页 · 17 个翻译单元

本页并入了原书的相邻小节:不要舍弃古老典范。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 18 页
အနုပဒဓမ္မဝိပဿနာ နှင့် ကလာပဝိပဿနာ
逐法观与聚观
တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒဿေန္တော ဧဝမာဟ။ (မ-ဋ္ဌ-၄-၆၁။) န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။ (မ-ဋီ-၃-၂၈ဝ။) သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒ- ဓမ္မဝိပဿနာ။ (မူလဋီ-၁-၁ဝ၉။) အညေသုဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တ- သဒိသောဝ သက္ကုဏေယျ သောပိ '' ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ ဧဝံ ကလာပ- သမ္မသနဝသေနေဝ၊ နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။
“随观那些法”:在非想非非想处,只有诸佛能行逐法观,声闻不能,所以这里为了显示聚观而这样说。(《中部义注》4-61。)声闻不能行逐法观,因为这里只剩下极微细诸行的流转,难以了知,不能把它们分解而逐一把握。(《中部复注》3-280。)以总体方式把握而进行的,是聚思惟;以触等各别法为单位把握而进行的,是逐法观。(《根本复注》1-109。)若一位比丘尚未先对其他诸蕴建立观照,便不能只思惟非想非非想处诸蕴而达到厌离;即使舍利弗尊者也不能。只有已经依通常次第修观、又具有如舍利弗尊者般大慧的人才可能做到;即便如此,也只能按聚思惟这样观:“这些法确实本来没有而生起,生起之后便坏灭”,并非依逐法观。这一等至已经达到如此微细的程度。
(အဘိ-ဋ္ဌ-၁-၂၅၃။)
(《殊胜义注》1-253。)
ဝိပဿနာ၌ အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု နှစ်မျိုး ရှိ၏။
观法有两种:逐法观,以及聚思惟观,或简称聚观。
၁။ ရုပ်ပိုင်းတွင် ပထဝီဓာတ်စသော ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း နာမ်ပိုင်းတွင် စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် တရားစုတို့တွင် ဖဿစသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို အနုပဒဓမ္မဝိပဿနာရှုနည်းဟု ခေါ်ဆိုပေသည်။
1. 在色法方面,对地界等每一种色法;在名法方面,对每一心刹那或每一等至中共同生起的诸相应法里的触等每一种名法,轮流安立无常、苦、无我三相而修观,这种方法称为逐法观。
原书第 19 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၂။ ရုပ်ပိုင်းတွင်လည်း (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ နာမ်ပိုင်း တွင်လည်း စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန် သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်းကောင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု ခေါ်ဆိုပေသည်။
2. 在色法方面,把六门、四十二身分中的色法总摄起来;在名法方面,把每一心刹那或每一等至中的名法汇集并总摄起来,再轮流安立无常、苦、无我三相而修观,这种方法称为聚思惟观,或简称聚观。
တစ်နည်းဆိုရသော် ---- ၁။ ကာမ ရူပ အရူပဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော သင်္ခါရတရားတို့ကို တစ်စုတည်း စု၍ ပေါင်းစု ခြုံငုံ၍ ---- ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။ (အဘိ-ဋ္ဌ-၁-၂၇၁) = ဖြစ်နေသည့် သင်္ခါရတရား မှန်သမျှသည် ချုပ်ပျက်ခြင်းသဘော ရှိ၏ ---- ဟု ဝိပဿနာ နှလုံးသွင်းလျှင်လည်းကောင်း၊ ၂။ ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားစုတို့ကို ရုပ်တစ်စု၊ နာမ်တစ်စု - နှစ်စု နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၃။ ယင်းသင်္ခါရတရားတို့ကို ခန္ဓာ (၅)ပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၄။ ယင်းသင်္ခါရတရားတို့ကို အာယတနနည်းဖြင့် (၁၂)ပုံ ပုံ၍ ဝိပဿနာရှုပွား သုံးသပ်လျှင်သော်လည်းကောင်း၊ ၅။ ယင်းသင်္ခါရတရားတို့ကို ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်
换一种说法,下列也都是把诸行法汇集、总摄起来修观:1. 把欲界、色界、无色界三界中的诸行法凡是生起之法,必是灭尽之法。(《殊胜义注》1-271。)2. 把称为苦谛与集谛的诸行法分作色与名两组而修观;3. 依五蕴法把诸行法分作五组而修观;4. 依十二处法把诸行法分作十二组而修观;5. 依十八界法把诸行法分作十八组而修观;
လည်းကောင်း၊ ၆။ ယင်းသင်္ခါရတရားတို့ကို ဣန္ဒြေ (၂၂)ပါးနည်းဖြင့် ခွဲခြား စိတ်ဖြာ၍ လောကီဣန္ဒြေတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၇။ ယင်း သင်္ခါရတရားတို့ကို သစ္စာဒေသနာတော်နည်းဖြင့် ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံ နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၈။ ယင်းသင်္ခါရတရားတို့ကို အာရုံ (၆)ပါးနည်းဖြင့် (၆)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၉။ ယင်း အာရုံ (၆)ပါး သင်္ခါရတရားတို့ကို ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်နည်းအရ ---- (က) ဒိဋ္ဌိတရား = မြင်အပ်သောတရား မြင်တတ်သောတရား ( ခ ) သုတတရား = ကြားအပ်သောတရား ကြားတတ်သောတရား ( ဂ ) မုတတရား = တွေ့အပ်သောတရား တွေ့တတ်သောတရား (ဃ) ဝိညာတတရား = သိအပ်သောတရား သိတတ်သောတရား ---- ဟု လေးပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း၊ ၁ဝ။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအရ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ရပ်တို့ကို (၁၂)ပုံ ပုံ၍ ဝိပဿနာ
6. 依二十二根法分别解析诸行法,再观照其中的世间根;7. 依谛的教法,把诸行法分作苦谛一组、集谛一组而修观;8. 依六所缘法,把诸行法分作六组而修观;9. 依“所见唯是所见”的教法,把这六种所缘的诸行法分作四组而修观:(a)所见法——被见之法与能见之法;(b)所闻法——被闻之法与能闻之法;(c)所觉法——被觉之法与能觉之法;(d)所识法——被识之法与能识之法;10. 依缘起的教法,把十二缘起支分作十二组而修——
ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း ---- ဤသို့ စသည်ဖြင့် သင်္ခါရတရားတို့ကို အပေါင်းလိုက် အစုလိုက် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်သော နည်းများမှာလည်း ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာနည်းပင် မည်ပေသည်။
——观。像这样,把诸行法按总体、集合或组别汇集并总摄起来,轮流安立无常、苦、无我三相而修观的各种方法,都称为聚思惟观,或简称聚观。
原书第 20 页
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ် (၈)ပါးတို့တွင် ပဌမစျာန်မှသည် အာကိဉ္စညာ- ယတနစျာန်တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ် တော်မူပေသည်။ နေဝသညာနာသညာယတနသမာပတ်၌ကား ယင်းသမာပတ် အတွင်းရှိ နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မစွမ်း နိုင်ဘဲ ယင်းသမာပတ် အတွင်းရှိ စျာနဓမ္မ နာမ်တရားစုတို့ကို ပေါင်းစု ခြုံငုံလျက် ကလာပသမ္မသနဝိပဿနာ နည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။
在八种等至中,舍利弗尊者从初禅直至无所有处禅,对前七种等至依逐法观修观。但在非想非非想处等至中,由于其中的名法极其微细,他不能以逐法观修观,只能把其中的禅那名法汇集、总摄起来,依聚思惟观修观。
ဤ နေဝသညာနာသညာယတနစျာန်၌ သဗ္ဗညုတ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့အားသာလျှင် အနုပဒဓမ္မ ဝိပဿနာသည် ဖြစ်နိုင်၏၊ သာဝကတို့အား အနုပဒဓမ္မဝိပဿနာသည် မဖြစ်နိုင်။ (မ-ဋ္ဌ-၄-၆၁။) အခြားအခြားသော ခန္ဓာတို့၌ (နေဝသညာနာသညာယတနသမာပတ်မှ တစ်ပါးသော ကြွင်းကျန်ကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) နှလုံးသွင်းမှု အဘိနိဝေသကို မပြုလုပ်ဖူးသေးသော ယောဂါဝစရရဟန်းတော် ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းကြောင့် နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏၊ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး သော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကိုယ် ပကတိသဘောအားဖြင့် ဝိပဿနာရှုသော ပကတိ ဝိပဿကပုဂ္ဂိုလ် သည် ကြီးကျယ်မြင့်မြတ်သော ပညာရှိတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ်
在非想非非想处禅中,只有一切知正等觉佛陀能够行逐法观,声闻不能。(《中部义注》4-61。)如果一位禅修比丘尚未对其他诸蕴——即该等至以外其余的色蕴与名蕴——预先建立观照,仅仅把非想非非想处诸蕴安立于三相而思惟,世间便没有这样能够达到厌离智的人;即使舍利弗尊者也不能以这种方式做到。只有已经熟习一般观法、并且具有如舍利弗尊者般广大智慧的人——
သည်သာလျှင် စွမ်းနိုင်လေရာ၏၊ ထိုအရှင်သာရိပုတြာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း ---- ''ဤသို့လျှင် ဤ နေဝသညာနာသညာယတနသမာပတ် တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်သွားကြကုန်၏'' - ဟု အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနဝိပဿနာနည်း၏ အစွမ်းဖြင့် သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာရှုခြင်း အနုပဒဓမ္မဝိပဿနာနည်း၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤနေဝသညာနာသညာယတန သမာပတ်သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထိုကြောင့် ဤသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သညာကို ဦးတည်၍ နေဝသညာနာသညာယတနသမာ- ပတ်ဟု ဆိုသော်လည်း ထိုသမာပတ်အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန်
——才可能做到。即便是这样具大慧的人,也只能把非想非非想处等至中的诸法作为总体,依聚思惟观而观:“这些法先前并未显现,如今突然新生;生起之后,又立即坏灭。”他不能以逐法观逐一观照等至中的每一种法。非想非非想处等至已达到这般微细的程度,因此也称为“余行等至”(saṅkhārāvasesa-samāpatti)。虽然以想为主而称为非想非非想处等至,其中的一切行法其实都极其——
သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် အလွန့်အလွန် သိမ်မွေ့သည်၏ အဖြစ် သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထ အရူပသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟု ခေါ်ဆိုပေသည်။
——微细。粗重诸行已经止息,只剩下确已达到极微细状态的诸行;作为第四无色等至,它因此称为“余行等至”。
(အဘိ-ဋ္ဌ-၁-၂၅၂-၂၅၃။)
(《殊胜义注》1-252—253。)
ရှေးထုံးကို မပယ်ပါနှင့်
不要舍弃古老典范
ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသည့် ပညာအရာ၌ ဧတဒဂ် ရတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာနသမာပတ္တိဝီထိ အတွင်းရှိ နာမ်တရားတို့ကို ၁။ အနုပဒဓမ္မဝိပဿနာနည်း၊ ၂။ ကလာပသမ္မသနဝိပဿနာနည်း ---- ဟူသော (၂)မျိုးသော နည်းတို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ ----
这是世尊亲自认可并宣说的一项古老典范:声闻弟子中智慧最殊胜、智慧第一的舍利弗尊者本人,能够用两种方法观照禅那等至心路中的名法:1. 逐法观;2. 聚思惟观。在观照这些等至法时,他也——
原书第 21 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၁။ မှီရာ ဟဒယဝတ္ထုရုပ် သို့မဟုတ် မနောဒွါရကိုလည်းကောင်း၊ ၂။ ကသိုဏ်းပဋိဘာဂနိမိတ် စသော အာရုံကိုလည်းကောင်း ---- ပူးတွဲ သိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ ဒွါရကိုပင် ဆိုလိုပေသည်၊ နာမ်တရားတို့သည် ဆိုင်ရာ ဒွါရတို့၌ ဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက် ခြင်းကြောင့် = ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာကြ၏။ (နောက်တွင် ထင်ရှားလတ္တံ့။)
——把两项配合起来把握、观照:1. 所依的心所依处色,或意门;2. 遍似相等所缘。这一教法对于想要修名业处的声闻弟子来说,是无价的古老典范。这里的“依处”(vatthu)实际是指门;各名法由于相应所缘冲击、呈现于相应门而生起。(后文将会说明。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。