依十八界法摄取色名的方法
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 289–291 页 · 34 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 289 页
ဓာတ် (၁၈) ပါးနည်းဖြင့် ရုပ်-နာမ် သိမ်းဆည်းပုံ
依十八界法摄取色名的方法
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် စက္ခုဒွါရ = မျက်စိ၌ (၅၄)မျိုးကုန်သော ရုပ်အစစ်တို့ကို ဖော်ပြခဲ့၏။
在色业处部分的各表中,已经列出眼门(即眼部)中的54种真实色法。
ယင်း (၅၄)မျိုးကုန်သော ရုပ်တို့တွင် ---
在这54种色法中
原书第 290 页
(က) ၁။ စက္ခုပသာဒသည် စက္ခုဓာတ်တည်း။
(甲)1.眼净色是眼界。
ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား စက္ခုဓာတ် မဟုတ်ကုန်၊ ၂။ ရူပါရုံသည် ရူပဓာတ်တည်း။
其余53种色法不是眼界。2.色所缘是色界。
၃။ စက္ခုဓာတ်ကို မှီ၍ ရူပဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် စက္ခုဝိညာဏဓာတ်တည်း။
3.依止眼界、以色界为所缘而生起的心,是眼识界。
( ခ ) ၁။ သောတပသာဒသည် သောတဓာတ်တည်း။
(乙)1.耳净色是耳界。
ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား သောတဓာတ် မဟုတ်ကုန်။
其余53种色法不是耳界。
၂။ သဒ္ဒါရုံသည် သဒ္ဒဓာတ်တည်း။
2.声所缘是声界。
၃။ သောတဓာတ်ကို မှီ၍ သဒ္ဒဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် သောတဝိညာဏ
3.依止耳界、以声界为所缘而生起的心,是耳识
ဓာတ်တည်း။
界。
( ဂ ) ၁။ ဃာနပသာဒသည် ဃာနဓာတ်တည်း။
(丙)1.鼻净色是鼻界。
ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား ဃာနဓာတ် မဟုတ်ကုန်။
其余53种色法不是鼻界。
၂။ ဂန္ဓာရုံသည် ဂန္ဓဓာတ်တည်း။
2.香所缘是香界。
၃။ ဃာနဓာတ်ကို မှီ၍ ဂန္ဓဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ဃာနဝိညာဏဓာတ်တည်း။
3.依止鼻界、以香界为所缘而生起的心,是鼻识界。
(ဃ) ၁။ ဇိဝှါပသာဒသည် ဇိဝှါဓာတ်တည်း။
(丁)1.舌净色是舌界。
ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား ဇိဝှါဓာတ် မဟုတ်ကုန်။
其余53种色法不是舌界。
၂။ ရသာရုံသည် ရသဓာတ်တည်း။
2.味所缘是味界。
၃။ ဇိဝှါ ဓာတ်ကို မှီ၍ ရသဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ဇိဝှါဝိညာဏဓာတ်တည်း။
3.依止舌界、以味界为所缘而生起的心,是舌识界。
( င ) ၁။ ကာယပသာဒသည် ကာယဓာတ်တည်း။
(戊)1.身净色是身界。
ကျန် (၄၃)မျိုးကုန်သော ရုပ်တို့ကား ကာယဓာတ် မဟုတ်ကုန်။
其余43种色法不是身界。
၂။ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်တည်း။
2.触所缘是触界。
၃။ ကာယဓာတ်ကို မှီ၍ ဖောဋ္ဌဗ္ဗဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ကာယဝိညာဏ
3.依止身界、以触界为所缘而生起的心,是身识
ဓာတ်တည်း။
界。
( စ ) ၁။ ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ်တည်း။
(己)1.五门转向心与两种领受,是意界。
တစ်နည်း ဘဝင်သည် မနောဓာတ်တည်း။
另一种取法是:有分为意界。
၂။ စေတသိက် (၅၂)မျိုးနှင့် သုခုမရုပ် (၁၆)မျိုးသည် ဓမ္မဓာတ်တည်း။
2.52种心所与16种细色,是法界。
၃။ မနောဓာတ်ကို အစွဲပြု၍ ဓမ္မဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် မနောဝိညာဏ
3.依止意界、以法界为所缘而生起的心,是意识
ဓာတ်တည်း။
界。
〔မှတ်ချက် --- အသင်သူတော်ကောင်း၏ သန္တာန်၌ တိဟိတ်ပုထုဇန် အဆင့်တွင် ရရှိနိုင်သော မနော ဝိညာဏဓာတ်တို့မှာ --- ၁။ အကုသိုလ်စိတ် - ၁၂ မျိုး ၂။ သန္တီရဏစိတ် - ၃ မျိုး ၃။ မနောဒွါရာဝဇ္ဇန်း - ၁ မျိုး ၄။ မဟာကုသိုလ်စိတ် - ၈ မျိုး ၅။ မဟာဝိပါက်စိတ် - ၈ မျိုး ၆။ ရူပါဝစရစျာန် (ကုသိုလ်) - ၄ မျိုး (စတုက္ကနည်း)
〔注——贤友,在三因凡夫阶段,你的相续中可能生起而归入意识界的心有:1.不善心十二种;2.推度心三种;3.意门转向心一种;4.大善心八种;5.大果报心八种;6.色界善禅心四种(四分法)。
原书第 291 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း အားလုံးပေါင်းသော် - ၃၆ မျိုး အကယ်၍ ပဉ္စကနည်းအားဖြင့် ရူပါဝစရစျာန်ကို တက်ခဲ့သော် (၃၇)မျိုးသော ဝိညာဏဓာတ်တို့တည်း။
合计为三十六种。若依五分法证得色界禅,归入意识界的心则有三十七种。
အကယ်၍ သမာပတ် (၈)ပါးလုံးကို ရခဲ့သော် (၄ဝ) သို့မဟုတ် (၄၁)မျိုးသော ဝိညာဏဓာတ်တို့တည်း။〕 ဤသို့လျှင် ထိုထို ဓာတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကြည့်၍ --- ၁။ စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ် - ၂။ သောတဓာတ်၊ သဒ္ဒဓာတ်၊ သောတဝိညာဏဓာတ် - ၃။ ဃာနဓာတ်၊ ဂန္ဓဓာတ်၊ ဃာနဝိညာဏဓာတ် - ၄။ ဇိဝှါဓာတ်၊ ရသဓာတ်၊ ဇိဝှါဝိညာဏဓာတ် - ၅။ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယဝိညာဏဓာတ် - ၆။ မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ် - ဤသို့ ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ (ဆိုကမ္မဋ္ဌာန်း မဟုတ်သည်ကိုကား သတိပြုပါ။)
若八等至全部证得,归入意识界的心则有四十或四十一种。〕如此,应以智观照各界,直到智见抵达究竟法,然后依次反复摄取:1.眼界、色界、眼识界;2.耳界、声界、耳识界;3.鼻界、香界、鼻识界;4.舌界、味界、舌识界;5.身界、触界、身识界;6.意界、法界、意识界。(请注意:这不是口诵业处。)
ရုပ် - နာမ်ကို ပိုင်းခြားမှတ်သားပါ
分别辨识色法与名法
ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ --- ၁။ စက္ခုဓာတ် ရူပဓာတ်၊ သောတဓာတ် သဒ္ဒဓာတ်၊ ဃာနဓာတ် ဂန္ဓဓာတ်၊ ဇိဝှါဓာတ် ရသဓာတ်၊ ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ်၊ (ဓမ္မဓာတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော) သုခုမရုပ် (၁၆)ပါးဟူသော ဓမ္မဓာတ်တို့ကား- ရုပ်တရား --- ၂။ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏ ဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ စေတသိက် (၅၂)မျိုးဟူသော ဓမ္မဓာတ်တို့ကား --- နာမ်တရား ဤသို့လျှင် ရုပ်နှင့် နာမ်ကို သိမ်းဆည်းပါ၊ ပိုင်းခြားမှတ်သားပါ။ (ဝိသုဒ္ဓိ-၂-၂၂၄။)
能够如此以智加以分别、摄取时,应辨识为:1.眼界与色界、耳界与声界、鼻界与香界、舌界与味界、身界与触界,以及法界中属于色法部分的十六种细色,都是色法;2.眼识界、耳识界、鼻识界、舌识界、身识界、意界、意识界,以及法界中属于名法部分的五十二种心所,都是名法。应当如此摄取色法与名法,并分别加以辨识。(《清净道论》2-224。)缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၂၄။)”