观为“名法、名法”

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 273–274 页 · 8 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 273 页
နာမ်တရား နာမ်တရားဟု ရှုပါ။
观为“名法、名法”
သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ''ဧတံ နာမ''န္တိ ပဿတိ။
“他把这一切非色法依趋向的特相合为一组,观为:‘这是名。’”
(ဝိသုဒ္ဓိ-၂-၂၂၃။)
(《清净道论》2-223。)
အထက်တွင် ဖော်ပြ တင်ပြခဲ့သည့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဝီထိစဥ်အလိုက် ဖြစ်ပေါ်သွားကြသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အသိစိတ်-ဖဿ-ဝေဒနာ တို့တွင် တစ်ခုခုကို ဦးတည်၍ တစ်လုံးစီ တစ်လုံးစီ တစ်ဖြည်းဖြည်း သိမ်းဆည်းပါ။
依前文所说的处门系统摄取名法时,首先应依心定律轨道,针对依心路次第生起的每一个心刹那,以识、触、受三者中的任一项为起点,每次一种,逐步摄取。
အောင်မြင်မှု ရလာသောအခါ အသိစိတ်-ဖဿ နှစ်လုံးစီ၊ အသိစိတ်-ဖဿ-ဝေဒနာ သုံးလုံးစီ ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီတိုး၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ နာမ်တရားများကို စိတ္တက္ခဏတိုင်း၌ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းလိုက် အတန်းလိုက် ကုန်စင်အောင် သိမ်းဆည်းနိုင်သောအခါ = တစ်တန်း တစ်တန်း၌ ပါဝင်တည်ရှိကြသော စိတ္တက္ခဏတိုင်း၌ နာမ်တရားတို့ကို တစ်ပေါင်းတစ်စုတည်း ခြုံငုံ၍ သိမ်းဆည်း နိုင်သောအခါ နာမ်တရားတို့ကို သိမ်းဆည်းနေသော အသင်သူတော်ကောင်း၏ ဉာဏ်၌ ယင်းနာမ်တရားတို့ ပြိုင်တူ ထင်လာသောအခါ --- ထိုနာမ်တရားတို့၏ ရူပါရုံစသည့် မိမိ သိမ်းဆည်းထားသည့် ထိုထို အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့်သဘောကို အာရုံယူ၍ --- ၁။ ဤကား နာမ်တရား - ဟုလည်းကောင်း ၂။ နာမ်တရား နာမ်တရား - ဟုလည်းကောင်း - တစ်ပေါင်းတစ်စုတည်း ပြု၍ သိမ်းဆည်းပါ၊ ရှုပါ။ စိတ္တက္ခဏတိုင်း၌ ရှိကြသော နာမ်တရားအားလုံးတို့ကို
取得成功以后,应摄取识与触这两法,再摄取识、触、受这三法;如此每次增加一种,逐步摄取。若能依诸表所示,在每一个心刹那把名法逐行无余摄取;换句话说,能把每一行中每一个心刹那所含的名法总括为一组而摄取,并且这些名法在你的智中同时显现,就应取它们倾向于当前所摄取的色所缘等各自所缘之性为所缘,把它们合为一组,观为:1.“这是名法”;或2.“名法、名法”。至于每一个心刹那中的一切名法
စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်နေကြမှုကို ဉာဏ်ဖြင့် မမြင်သေးလျှင် ထိုသို့ မရှုပါနှင့်ဦး။ ဉာဏ်ဖြင့် မြင်သော အခါမှ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်း တစ်တန်း၌ တည်ရှိကြသော ထိုနာမ်တရားအားလုံး တို့ကို ပေါင်းစုခြုံငုံ၍ ထိုသို့ ရှုရန် ဖြစ်သည်။
若尚未以智看见它们在每一个心刹那中同时生起,就暂时不要这样观;只有以智看见以后,才应依诸表所示,把每一行中的一切名法总括起来,如上观照。
原书第 274 页
အတန်းဟူသည်
所谓一行
နာမ်ကမ္မဋ္ဌာန်း ဇယားများကို ပြန်ကြည့်ပါ။ ဥပမာ- ရူပါရုံလိုင်း အကောင်းအုပ်စုဇယားတွင် ပထမအတန်း ဆိုကြစို့။ ထိုအတန်း၌ --- စက္ခုဒွါရဝီထိနာမ်တရားများ မနောဒွါရဝီထိနာမ်တရားများ ရှိကြ၏။ (မနောဒွါရဝီထိ ပေါင်းများစွာ ဖြစ်နိုင်သည်ကိုလည်း သဘောပေါက်ပါ။) ယင်းဝီထိများတွင် ဇောအသီးအသီး၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဥ်ကြသဖြင့် (၃၄)လုံးကုန်သော နာမ်တရား အသီးအသီးတို့ ပါဝင်ကြ၏။ ဤအတန်းကို ပထမ အတန်းဟု သတ်မှတ်ထား၏။ ဇောအသီးအသီး၌ (၃၃)စသည့် နာမ်တရား အသီးအသီးတို့ ပါဝင်တည်ရှိကြ- သော အတန်းများကို ဒုတိယအတန်း တတိယအတန်း ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပါသည်။ အတန်း- လိုက် အတန်းလိုက် တစ်တန်းပြီး တစ်တန်း ထိုသို့ သိမ်းဆည်းသွားရန် ဖြစ်သည်။ အကောင်းအုပ်စု မကောင်း အုပ်စု ကုန်စင်အောင် သိမ်းဆည်းပါ။ အကျဥ်းနည်း အကျယ်နည်း နှစ်နည်းလုံးဖြင့်လည်း သိမ်းဆည်းပါ။
请回看名业处诸表。以色所缘线善组表为例,假定现在看第一行:这一行包括眼门心路名法和意门心路名法〔也应明白,一道眼门心路之后可以生起许多道意门心路〕。这些心路中的每一次速行,都因智、喜二者相应而含有三十四种名法;这就规定为第一行。每次速行各含三十三种等名法的各行,则依次称为第二行、第三行等。应如此逐行、一行接一行地摄取,把善组与不善组都无余摄取,并且简略法、详细法两种都要修习。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。