可意所缘与不可意所缘之说
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 305–317 页 · 101 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 305 页
ဣဋ္ဌာရုံ - အနိဋ္ဌာရုံ အယူအဆ
可意所缘与不可意所缘之说
၁။ သမာနဝါဒ
一、通说
ဆရာမြတ်တို့အားလုံး အဆိုတူညီသော သမာနဝါဒကို ရှေးဦးစွာ ဖော်ပြပေအံ့။
首先说明诸位大论师意见一致的“通说”。
မချစ်နှစ်သက်အပ် မချစ်နှစ်သက်ထိုက်သော မရှာမှီးအပ် မရှာမှီးထိုက်သော အာရုံသည် (ရုပ်-ဝေဒနာ- သညာ-သင်္ခါရ-ဝိညာဏ်သည်) အနိဋ္ဌာရုံ မည်၏။ တစ်စုံတစ်ယောက်သောသူက ထိုကဲ့သို့သော အာရုံမျိုးကို ရှာဖွေချင်လည်း ရှာဖွေပါစေ၊ ယင်းအာရုံသည်ကား အမှန်အားဖြင့် မရှာမှီးထိုက်သော အာရုံသာ ဖြစ်သည်။ ထို အာရုံမျိုးကား အလိုမရှိအပ်သော ကျက်သရေမရှိသော စိတ်နှလုံးထဲ၌ မသွင်းထားသင့်သော ကုသိုလ်စိတ်ကို မတိုးပွားစေတတ်သော အာရုံတည်း။
不应喜爱、不值得喜爱,不应追求、不值得追求的所缘〔即色、受、想、行、识〕,称为“不可意所缘”。即使有人想追求这种所缘,任由他去追求,它实际上仍是不值得追求的所缘。这种所缘是不应想要、没有庄严、不应置于心中、不能使善心增长的所缘。
တစ်နည်း ပြည့်စုံခြင်း = သမ္ပတ္တိဟူသော တင့်တယ်ခြင်းမှ ကင်းခြင်းကြောင့် မနှစ်သက်အပ် မရှာမှီးအပ်သော အာရုံသည် အနိဋ္ဌာရုံ မည်၏။ (သမ္ပတ္တိဟူသည် လူဘဝ နတ်ဘဝ ဟူသော သမ္ပတ္တိဘဝတို့ကို ဆိုလိုသည်။) ထိုအနိဋ္ဌာရုံဟူသည် (ရုပ်ပိုင်းဆိုင်ရာ၌) ဧကန်အားဖြင့် ကံကြောင့်ဖြစ်ကုန်သော ကမ္မဇရုပ်တို့တွင် အကု- သိုလ်ကံကြောင့်ဖြစ်ကုန်သော ကမ္မဇရုပ်တို့တည်း။ (နာမ်ပိုင်းဆိုင်ရာ၌ အကုသိုလ်ကံကြောင့်ဖြစ်ကုန်သော ဝိပါက် နာမ်တရားစုတို့တည်း။)။
另一种解释是:由于远离称为“成就”(sampatti)的美好,不应喜爱、不应追求的所缘,称为“不可意所缘”。〔这里的“成就”是指人有、天有等“圆满有”。〕所谓不可意所缘,就色法方面而言,确实是诸业生色中由不善业所生的业生色;就名法方面而言,则是由不善业所生的果报名法组。
ယင်းအနိဋ္ဌာရုံသည် သုခဝေနာ၏ အကြောင်းမဟုတ်သည်၏ အဖြစ်ကြောင့် အလိုမရှိအပ် မနှစ်သက်အပ် သော အာရုံမျိုးသာတည်း။ ဒုက္ခဝေဒနာ၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် စိတ်နှလုံးကို မတိုးပွားစေတတ် သော စိတ်ထဲ၌ မသွင်းထားထိုက်သော အာရုံမျိုးတည်း။
这种不可意所缘不是乐受之因,所以正是不应想要、不应喜爱的所缘;它是苦受的真正原因,所以是不能使心增长、不应置于心中的所缘。
ဤကမ္မဇရုပ်ပိုင်း၌ကား အကုသိုလ်ကံကြောင့်ဖြစ်ကုန်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့သည် အနိ- ဋ္ဌာရုံတို့ မည်ကုန်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၌ အနိဋ္ဌာရုံရုပ် မည်သည် မရှိစကောင်းပေ။ ကုသိုလ် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်အားလုံးသည် ဣဋ္ဌာရုံချည်းသာတည်း။ (အဘိ-ဋ္ဌ-၂-၈-၉။) ကမ္မဇရုပ်တို့၏ ဣဋ္ဌ-အနိဋ္ဌ ဖြစ်မှုသည်ကား ထိုကမ္မဇရုပ်တို့ကို ဖြစ်ပေါ်လာအောင် ကံကို ပြုစုပျိုးထောင် သော သတ္တဝါနှင့်သာ ဆက်စပ်လျက် ရှိ၏။ အကုသိုလ်ကံကို ထိုသတ္တဝါသည် ပြုစုပျိုးထောင်ခဲ့ပါက ထိုအကုသိုလ် ကံက ထိုသတ္တဝါအား အနိဋ္ဌာရုံကမ္မဇရုပ်တို့နှင့် တွေ့ကြုံရအောင် ဖန်တီးပေးမည် ဖြစ်၏။ ကုသိုလ်ကံကို ထို သတ္တဝါသည် ပြုစုပျိုးထောင်ခဲ့ပါက ထိုကုသိုလ်ကံက အခါအခွင့်သင့်၍ အကျိုးပေးခွင့်သာလျှင် ဣဋ္ဌာရုံကမ္မဇ ရုပ်များနှင့် တွေ့ကြုံရအောင် ထိုကံက ဖန်တီးပေးမည် ဖြစ်၏။ (တသ္မာ ကမ္မဇာနံ ဣဋ္ဌာနိဋ္ဌတာ ကမ္မကာရကသ-
在业生色方面,由不善业所生的五种欲所缘,都是不可意所缘。由善业所生的业生色中,绝不可能有不可意所缘之色;一切善业生色全都是可意所缘。(《殊胜义注》2-8—9。)业生色之所以成为可意或不可意,只与造作、培育令该业生色生起之业的有情相关。如果该有情培育了不善业,该不善业便会使他遇到不可意所缘的业生色;如果该有情培育了善业,当该善业获得结果的机会时,它便会使他遇到可意所缘的业生色。《根本复注》的巴利文如下:“တသ္မာ ကမ္မဇာနံ ဣဋ္ဌာနိဋ္ဌတာ ကမ္မကာရကသ
တ္တဿ ဝသေန ယောဇနာရဟာ သိယာ။ မူလဋီ-၂-၈။)
တ္တဿ ဝသေန ယောဇနာရဟာ သိယာ။”译:“因此,业生色的可意与不可意,应当依造业有情而作关联。”(《根本复注》2-8。)
တန်ဖိုးမဖြတ်နိုင်သော ဆေးတစ်ခွက်
一剂无价之药
ဤအဋ္ဌကထာ-ဋီကာတို့၏ ဖွင့်ဆိုချက်ကား အသင်သူတော်ကောင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ဆေး တစ်ခွက်ပင် ဖြစ်၏။ မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရခြင်းမှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ရသဖြင့် --- ''ဘယ်သူကြောင့် ဘယ်ဝါကြောင့်''ဟု အကြောင်းပြချက် အမျိုးမျိုးကို ဆင်ခြင်ပေးနေခြင်းမှာ အသင်သူတော်ကောင်းအတွက် အယောနိသောမနသိကာရဟူသော အမှားကြီးတစ်ခု ထပ်မံ ဝင်ရောက်လာခြင်းပင် ဖြစ်၏။
这些义注与复注的解释,对你这位贤者而言,正是一剂无价之药。之所以遇到种种不悦的不可意所缘,只是因为过去所培育的不善业;若还思量种种理由,归咎于“这个人、那个人”,就又让“不如理作意”这一大错误侵入了你。
原书第 306 页
ယင်းအတိတ်က ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံက အရှိန်အဝါ အားကောင်းနေသေးလျှင် မကျေနပ် နိုင်သည့် အာရုံအမျိုးမျိုး မကျေနပ်နိုင်သည့် သတ္တဝါ အမျိုးမျိုးနှင့် အမြဲတန်း ရင်ဆိုင်တိုးနေအောင် ထိုကံက ဖန်တီးပေးနေမည်သာ ဖြစ်၏။ ''ဘယ်သူမပြု မိမိမှု'' --- ဟုသာ အနိဋ္ဌာရုံတို့နှင့် ကြုံတိုင်း ဆုံတိုင်း နှလုံးသွင်း တတ်ပါလျှင် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကုသိုလ်ဖြစ်ခြင်း၏ အခြေခံ အကြောင်းရင်းစစ်ဖြစ်သော ယောနိသော မနသိကာရကား ဝင်ရောက်လာပြီ ဖြစ်၏။ အကယ်၍ ယင်းအနိဋ္ဌာရုံ အမျိုးမျိုးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတတ်ပါလျှင် ကား ယင်းဝိပဿနာဉာဏ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ယောနိသော မနသိကာရ တစ်မျိုးပင် ဖြစ်ပေသည်။
如果过去所培育的那项不善业仍然势力强盛,它就会不断使你面对种种不能令人满意的所缘,以及种种不能令人满意的有情。每逢遇到不可意所缘,若都能在心中作意:“并非他人所为,乃是自己的业”,那么,善法生起的真正根本原因——如理作意——便已进入你的相续。如果还能把种种不可意所缘摄取到胜义层面,把它们安立于三相之下,并修习观禅业处,那么这种观智就是已经达到顶峰的一种如理作意。
မူလဋီကာ၏ ရှင်းလင်းချက်တစ်ရပ်
《根本复注》的一项解释
အထက်ပါ အဋ္ဌကထာ၌ --- ကုသလကမ္မဇံ အနိဋ္ဌံ နာမ နတ္ထိ = ကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၌ အနိဋ္ဌာရုံရုပ်မည်သည် မရှိစကောင်းပေဟူသော ဤစကားကိုသာလျှင် ဖွင့်ဆိုထား၏။ အကုသလကမ္မဇံ ဣဋ္ဌံ နာမ နတ္ထိ = အကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ဝယ် ဣဋ္ဌာရုံရုပ် မည်သည် မရှိစကောင်းပေ --- ဟူ၍ကား မဖွင့်ဆိုခဲ့ပေ။ ထိုသို့ မဖွင့်ဆိုခြင်းကြောင့် အကုသိုလ်ကံကြောင့်ဖြစ်သော အကုသိုလ် ကမ္မဇရုပ်သည်လည်း တင့်တင့်တယ်တယ် ဖြစ်လတ်သော် (ယင်းကမ္မဇရုပ်ကို ဖြစ်ပေါ်လာအောင် အကုသိုလ်ကံကို ထူထောင်ခဲ့သော မိမိ အတွက် အနိဋ္ဌ ဖြစ်စေကာမူ) အခြားအခြားသော သတ္တဝါတို့အတွက် ဣဋ္ဌာရုံရုပ်မျိုး ဖြစ်တတ်ပါ၏ဟု ဤသို့ ခွင့်ပြုအပ်သည် ဖြစ်လတ္တံ့ = ခွင့်ပြုရာရောက်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည်ကား အလုံးစုံသော မိမိ၊ သူတစ်ပါး နှစ်ဦးသားတို့အတွက် ဣဋ္ဌာရုံရုပ်ချည်းသာတည်းဟု ဤသို့ အချို့ဆရာတို့က
上述义注只解释了“ကုသလကမ္မဇံ အနိဋ္ဌံ နာမ နတ္ထိ”,即“由善业所生的业生色中,不可能有不可意所缘之色”;却没有解释“အကုသလကမ္မဇံ ဣဋ္ဌံ နာမ နတ္ထိ”,即“由不善业所生的业生色中,不可能有可意所缘之色”。由于没有作后一项解释,似乎就等于容许这样的说法:由不善业所生的不善业生色,若显得美好,虽然对培育令它生起之不善业的本人是不可意的,却可能成为其他有情的可意所缘之色。至于由善业所生的善业生色,对自己与他人双方则无一不是可意所缘之色——有些论师又如此主张
ဆိုကြ ပြန်ကုန်၏။
道。
ဆက်၍ ဆိုဦးအံ့ --- အချို့အချို့သော တိရစ္ဆာန်တို့ကား လူ၏ အဆင်း လူ၏ ပုံသဏ္ဌာန်ကို မမြတ်နိုးကြ မနှစ်ခြိုက်ကြပေ၊ ယင်းသို့ မမြတ်နိုး မနှစ်ခြိုက်သည့် အတွက်ကြောင့် ထိုတိရစ္ဆာန်သတ္တဝါတို့သည် လူအဆင်း ကို မြင်လျှင် မြင်ခြင်းပင် ထွက်ပြေးကြကုန်၏။ တစ်ဖန် လူသားတို့သည်လည်း နတ်တို့၏ အဆင်း နတ်တို့၏ ပုံ သဏ္ဌာန်ကို မြင်ရသော် ထိတ်လန့် ကြောက်ရွံ့ကြပြန်၏။ ထိုသို့ ထွက်ပြေးကြ ကြောက်ရွံ့ကြပါသော်လည်း ထို ကြောက်ရွံ့သော တိရစ္ဆာန်နှင့် ထိုကြောက်ရွံ့သော လူသားတို့၏ သန္တာန်၌ ဖြစ်ပေါ်သွားသော စက္ခုဝိညာဏ် စသော ဝိပါက်ဝိညာဏ်သည် ထိုရုပ်အဆင်း (ရူပါရုံ)ကို အာရုံပြု၍ ကုသလဝိပါက်ဝိညာဏ်သာ ဖြစ်၏။ ထိုသို့ပင် ကုသလဝိပါက်ဝိညာဏ် ဖြစ်ပါသော်လည်း ထိုအာရုံကို မြတ်မြတ်နိုးနိုး ဖြစ်နိုင်လောက်သော ကောင်းမှုဘုန်း ကံ၏ မရှိခြင်းကြောင့် ထိုတိရစ္ဆာန်တို့အဖို့ ထိုလူအဆင်းအာရုံ၌၊ နတ်ကို ကြောက်ရွံ့သော ထိုလူသားတို့အဖို့
再继续说明。有些畜生并不珍爱、也不喜欢人的容貌与形态;正因不珍爱、不喜欢,它们一看见人的形貌便立即逃跑。另一方面,人看见天人的容貌与形态时,也可能惊慌恐惧。虽然如此逃跑、恐惧,在那些恐惧的畜生与人的相续中生起的眼识等果报识,仍然是以该色相〔色所缘〕为所缘的善果报识。虽然是善果报识,但由于缺乏足以使其珍爱该所缘的福业,对于那些畜生来说,在人的形貌所缘上;对于那些害怕天人的人来说,
လည်း ထိုနတ်အဆင်းအာရုံ၌ အလွန် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းသည် မဖြစ်နိုင် --- ဤကား အချို့သော ကေစိဆရာတို့၏ အလိုတည်း။ (ဤကေစိဝါဒ၏ ဆိုလိုရင်းကား --- ကုသိုလ်ကမ္မဇရုပ်မှန်လျှင် ဣဋ္ဌာရုံရုပ်ချည်း- သာတည်း၊ သို့သော် ထိုဣဋ္ဌာရုံရုပ်ကို တွေ့ကြုံရသူတို့ သန္တာန်ဝယ် ခံစားနိုင်လောက်သော ဘုန်းကံ မရှိခြင်း ကြောင့်သာ အမနာပဖြစ်၍ မမွေ့လျော် ဘဲဖြစ်ရပါသည်ဟု ဆိုလိုပေသည်။ ဤကေစိဝါဒကို မူလဋီကာဆရာ- တော်က မနှစ်ခြိုက်၍ အောက်ပါအတိုင်း ချေပထားပြန်၏။) ဆက်လက်၍ ရှင်းလင်းတင်ပြပေအံ့ --- ကုသိုလ်ကမ္မဇရုပ် မှန်သမျှ၏ အနိဋ္ဌာရုံရုပ် မရှိမှုကို အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူသကဲ့သို့ အလားတူပင် အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသော အကုသိုလ်ကမ္မဇ ရုပ်၏လည်း တင့်တယ်ကောင်းမြတ်သော ဣဋ္ဌာရုံရုပ် မရှိမှုကို ဖွင့်ဆိုထိုက်သည်သာ ဖြစ်၏။
在天人形貌所缘上,都不可能十分欣悦、享受与喜爱。这是有些论师之说。〔这种“有些论师之说”的意思是:凡善业生色,无一不是可意所缘之色;但是,由于遇到这些可意所缘之色者的相续中,没有足以享受它们的福业,它们才显得不悦意,使人不能欣悦。《根本复注》的论师不认可这种主张,因而作出如下破斥。〕继续说明如下:正如义注论师解释了所有善业生色中不存在不可意所缘之色,同样也应解释,由不善业所生的不善业生色中,不存在美好、殊胜的可意所缘之色。
原书第 307 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း မှန်ပေသည် ပဋိသန္ဓေအခါဝယ် ဆင်အစရှိသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ကုန်သော ကမ္မဇရုပ်တို့ကား ထိုဆင်စသော သတ္တဝါ၏ တစ်ခုသော အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ပေါ် လာရသော အကုသိုလ်ကမ္မဇရုပ်တို့သာတည်း။ ယင်းဆင်စသော သတ္တဝါတို့၏ အကုသိုလ်ကမ္မဇရုပ်ကို လူသား တို့ တွေ့ကြုံရာဝယ် ယင်းလူသားတို့၏ သန္တာန်၌ ယင်းဆင်စသော သတ္တဝါတို့၏ အကုသိုလ်ကမ္မဇရုပ်ကို အာရုံပြု ၍ အကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရ၏။ (ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ တို့ကို ဆိုလိုသည်။) သို့သော် ထိုဆင်စသော သတ္တဝါသည် ပဋိသန္ဓေတည်နေပြီး နောက်ပိုင်းဝယ် ပဝတ္တိဟု ခေါ်ဆိုအပ်သော တဖြည်းဖြည်း ကြီးပြင်းခြင်းသို့ ရောက်ရှိလာသော အခါ၌ကား (မင်္ဂလာဆင်တော် စသည် ဖြစ်ဖို့ရန်အတွက်) ကုသိုလ်ကမ္မဇရုပ်တို့လည်း ဖြစ်ခွင့်ရလာကြပြန်၏။ (ထိုဆင်စသော သတ္တဝါသည် ဆင်စသည့် ဘဝမတိုင်မီ ဆင်
确实如此。在结生时,象等有情相续中生起的业生色,只是不善业生色;它们仅由该象等有情在过去某一世所培育的不善业而生。当人遇见象等有情的这些不善业生色时,人的相续中便只会生起以这些不善业生色为所缘的不善果报心。〔这里指五识、领受、推度和彼所缘诸心。〕不过,象等有情完成结生之后,在称为生命转起期间的逐渐成长阶段,也有机会生起善业生色〔从而成为吉祥象等〕。〔这是因为该象等有情在投生为象等以前,一方面曾培育导致象等生命的
စသည့် ဘဝသို့ရောက်ကြောင်း အကုသိုလ်တရားတို့ကို ထူထောင်ခဲ့စဥ်က တစ်ဖက်ကလည်း ဒါနစသော ကောင်းမှု ကုသိုလ်တို့ကို ပြုစုပျိုးထောင်ခဲ့သဖြင့် ကုသိုလ်နှင့် အကုသိုလ် ရောနှောလျက်ရှိ၏။ အကုသိုလ်ဘက်က အခွင့် သာ၍ ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ကုသိုလ်ကံတို့ကလည်း အကျိုးပေးဖို့ရန် အခွင့်သာလာသဖြင့် ပဝတ္တိကျိုး များကို ဆက်လက်၍ ပေးကြပြန်၏။ ထိုပဝတ္တိအကျိုးကို ပေးတတ်သော ကုသိုလ်ကံတို့၏ စွမ်းဟုန်ကြောင့် ထို ဆင်စသော သတ္တဝါသည် ဆင်ဖြူတော်ဖြစ်ခြင်း စသည်ဖြင့် ကုသိုလ်ကမ္မဇရုပ်တို့လည်း ဖြစ်ခွင့်ရလာကြသည်၊၊) ယင်းကဲ့သို့ ပဝတ္တိအခါ၌ တဖြည်းဖြည်း တိုးပွားလာကြကုန်သော ယင်းဆင်စသော သတ္တဝါတို့၏ ကုသိုလ် ကမ္မဇရုပ်ဟူသည့် ဣဋ္ဌာရုံရုပ်တို့ကို အာရုံပြု၍ လူတို့၏ သန္တာန်ဝယ် ကုသလဝိပါက်စိတ်များ ဖြစ်ပေါ်လာနိုင်၏။
不善法,同时也曾培育布施等善行,所以其业是善与不善混合的。不善业一方先得到机会,给与结生果;其后善业也得到给果的机会,继续给与生命转起期间的果。由于这些能在生命转起期间给果的善业之势力,该象等有情便可能成为白象等,并有机会生起善业生色。〕如此,在生命转起期间逐渐增长的这些善业生色,也就是可意所缘色法;人以它们为所缘时,其相续中便可能生起善果报心。
(ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ-စိတ် တို့ကို ဆိုလိုသည်။) လူသားတို့၏ ယင်းကဲ့သို့ ဣဋ္ဌာရုံနှင့် တွေ့ကြုံရခြင်းမှာလည်း လူသားတို့၏ ကုသိုလ်ကံနှင့်သာ ဆက်စပ် လျက်ရှိ၏။ ဆင်စသော သတ္တဝါတို့၏ ကံနှင့်ကား မဆက်စပ်ပေ။
〔这里指五识、领受、推度和彼所缘诸心。〕人能如此遇见可意所缘,也只与该人的善业相关,与象等有情的业并不相关。
ထိုသို့ ဆင်စသော သတ္တဝါတို့၏ ကုသိုလ်ကမ္မဇရုပ်သည် လူသားတို့၏ ကုသလဝိပါက်ဝိညာဏ်၏ အာရုံ ဖြစ်နိုင်သည် မှန်ငြားသော်လည်း ထိုဆင် စသော သတ္တဝါတို့၏ သန္တာန်ဝယ် ဣဋ္ဌာရုံကမ္မဇရုပ်များ ရှိသကဲ့သို့ အနိဋ္ဌာရုံကမ္မဇရုပ်များလည်း ရှိနေသဖြင့် (တစ်နည်းဆိုသော် ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်များ ရှိသကဲ့သို့ အကုသိုလ်ကမ္မဇရုပ်ဟူသော အနိဋ္ဌာရုံရုပ်တို့လည်း ရှိနေသဖြင့်) ဣဋ္ဌာရုံရုပ်နှင့် အနိဋ္ဌာရုံရုပ်တို့ကား ရောနှော- လျက် ရှိနေကြ၏။ ထိုသို့ ရောရောနှောနှော ရှိရာ၌ ထိုဆင် စသော သတ္တဝါတို့၏ သန္တာန်ဝယ် ကြီးပွားခြင်းသို့ ရောက်ရှိလာသော ယခုကဲ့သို့သော ပဝတ္တိအခါမျိုးတွင် အကုသိုလ်ကမ္မဇရုပ်ဟူသော အနိဋ္ဌာရုံရုပ်ကား အနည်း ငယ်သာတည်း။ ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်ကား (ဆင်ဖြူတော်စသည် ဖြစ်လောက်အောင် မင်္ဂလာ ဆင်တော် စသည် ဖြစ်လောက်အောင်) အလွန်များပြားစွာ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေ၏။
象等有情的善业生色固然可以成为人之善果报识的所缘,但象等有情的相续中,既有可意所缘的业生色,也有不可意所缘的业生色;换言之,既有作为可意所缘色法的善业生色,也有作为不可意所缘色法的不善业生色,因此两类色法混合存在。在这种混合之中,当象等有情进入像现在这样的生命转起、成长阶段时,作为不可意所缘色法的不善业生色只是少数;作为可意所缘色法的善业生色却极为众多,前后相续、反复生起,足以使其成为白象、吉祥象等。
ထိုကြောင့် ကုသိုလ်ကမ္မဇ-ဣဋ္ဌာရုံရုပ်နှင့် အကုသိုလ်ကမ္မဇ-အနိဋ္ဌာရုံရုပ်တို့ မည်သို့ ရောနှောစေကာမူ ထိုသို့ ရောနှောခြင်းကြောင့် အနည်းငယ်သော အကုသိုလ်ကမ္မဇ-အနိဋ္ဌာရုံရုပ်သည် ထိုအနိဋ္ဌာရုံကို တွေ့ကြုံရသော လူသားတို့၏ သန္တာန်ဝယ် ထိုအနိဋ္ဌာရုံကို အာရုံပြု၍ များစွာသော အကုသလဝိပါက်စိတ် ဖြစ်ခြင်း၏ အကြောင်း တရားကား မဖြစ်နိုင်။ ဤသို့ ဆိုခြင်းငှာ တတ်ကောင်းပေ၏။ (ထိုဆင်စသော သတ္တဝါတို့၏ သန္တာန်ဝယ် ယခု ကဲ့သို့သော ကြီးပွားခြင်းသို့ ရောက်ရှိလာသော ပဝတ္တိအခါ၌ ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်တို့ကသာ များစွာ ဖြစ်နေကြသဖြင့် အများစုဖြစ်သော ဣဋ္ဌာရုံရုပ်ကိုသာ အာရုံပြုနိုင်ရကား ထိုဣဋ္ဌာရုံကို အာရုံပြုနေ သော လူသား၏ သန္တာန်ဝယ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ခွင့် ရနိုင်ကြ၏။ သို့အတွက် အနည်းငယ်သော အကုသိုလ် ကမ္မဇရုပ်-အနိဋ္ဌာရုံသည် လူသားတို့၏ သန္တာန်ဝယ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်လာ
因此,无论善业生的可意所缘色与不善业生的不可意所缘色如何混合,都可以这样说:仅仅由于这种混合,少量不善业生的不可意所缘色,不可能成为使遇见它的人在其相续中以它为所缘而生起大量不善果报心的因。〔意思是:象等有情在如此成长的生命转起期间,作为可意所缘色法的善业生色占了多数,人所能取为所缘的也只是占多数的可意所缘色;所以,取该可意所缘的人,其相续中才有机会生起诸善果报心。故少量不善业生的不可意所缘,不可能成为使人的相续中生起不善果报识
ဖို့ရန် အကြောင်းတရား မဖြစ်နိုင်ပါဟု ဆိုသင့်၏ ဟူလိုသည်။) (မူလဋီ-၂-၈။)
之因。〕(《根本复注》2-8。)
原书第 308 页
ဝါဒနှစ်ရပ်တို့၏ ထူးခြားမှု
两说的差别
ကေစိဝါဒကား ဆင်စသော တိရစ္ဆာန်တို့၏ တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ဖြစ်ပေါ်လာကြသော တင့်တယ်ကောင်းမြတ်သော ရုပ်တို့ကိုလည်း ထိုဆင်စသော သတ္တဝါတို့၏ ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ရသော အကုသိုလ်ကမ္မဇရုပ်-အနိဋ္ဌာရုံရုပ်တို့သာတည်းဟု ဆိုလိုသည်။
有些论师之说认为:象等畜生逐渐成长时所生起的端严、美好色法,也都只是不善业生色、不可意所缘色,仅由该象等有情在相应过去世所培育的不善业而生。
မူလဋီကာဆရာတော်ကား --- ထိုဆင်စသော သတ္တဝါတို့၏ ပဋိသန္ဓေကမ္မဇရုပ်တို့ကား အကုသိုလ်ကမ္မဇရုပ် အနိဋ္ဌာရုံရုပ်တို့သာတည်း။ ပဝတ္တိအခါ ကြီးပြင်းခြင်းသို့ ရောက်ရှိလာသော အခါ၌ ဖြစ်ပေါ်လာကြကုန်သော တင့်တယ်ကောင်းမြတ်ကုန်သော ရုပ်တို့ကား ထိုဆင်စသော သတ္တဝါတို့၏ ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့သော ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသော ကုသိုလ်ကမ္မဇရုပ် = ဣဋ္ဌာရုံရုပ်တို့သာတည်းဟု ယူတော်မူ၏။
《根本复注》阿阇梨则认为:象等有情在结生时的业生色,只是不善业生色、不可意所缘色;到了生命转起期间的成长阶段,所生起的端严、美好色法,则只是由该象等有情在相应过去世所培育的善业而生的善业生色,也就是可意所缘色法。
(မတင့်တယ် မကောင်းမြတ်ကုန်သော ရုပ်တို့ကား အကုသိုလ်ကမ္မဇရုပ်တို့ပင်တည်း ဟူလို --- အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဇာဏုသောဏိသုတ္တန်နှင့် အညီပင်တည်း။ အံ-၃-၄၇၈-၄၈၂ - ကြည့်ပါ။) သော တတ္ထ လာဘီ ဟောတီတိ သော တတ္ထ ဟတ္ထိယောနိယံ နိဗ္ဗတ္တောပိ မင်္ဂလဟတ္ထိဋ္ဌာနံ ပတွာ လာဘီ ဟောတိ။ (အံ-ဋ္ဌ-၃-၃၃၉။) ပဝတ္တိအခါ ဆင်စသော သတ္တဝါတို့၏ သန္တာန်၌ ထိုသို့ ဣဋ္ဌာရုံရုပ် = ကုသိုလ်ကမ္မဇရုပ်နှင့် အနိဋ္ဌာရုံရုပ် = အကုသိုလ်ကမ္မဇရုပ်တို့ ရောနှောနေသော်လည်း အကုသိုလ်ကမ္မဇရုပ်တို့က မဆိုစလောက် အနည်းငယ်သာ ဖြစ်ကြ၍ ကုသိုလ်ကမ္မဇရုပ်တို့ကသာ အဖြစ်များကြသောကြောင့် အနည်းငယ်သော အကုသိုလ်ကမ္မဇရုပ်ကို မြင်တွေ့ကြရသော လူစသော သတ္တဝါတို့၏ သန္တာန်ဝယ် များစွာ အကုသလဝိပါက်ဝိညာဏ် ဖြစ်ဖို့ရန် အကြောင်း မဖြစ်နိုင်ဟု မူလဋီကာဆရာတော်က အယူရှိတော်မူ၏။ တစ်ဖန် အောက်ပါအတိုင်းလည်း ဆက်လက် ဖွင့်ဆို
〔意思是:不端严、不美好的色法仍是不善业生色。这也与《增支部·十集·阇努须尼经》相符;参见《增支部》3-478—“所谓‘他于彼有所得’,是说他即使投生于象趣,在彼达到吉祥象之位时,也会成为有所得者。”(《增支部义注》3-339。)《根本复注》阿阇梨认为:生命转起期间,象等有情的相续中虽混合着可意所缘色即善业生色,以及不可意所缘色即不善业生色,但不善业生色少得不足道,善业生色才是多数;因此,少量不善业生色不能成为使见到它的人等有情在相续中生起大量不善果报识之因。此外,《根本复注》阿阇梨还继续
ထားတော်မူ၏။
作了如下解释。
ဝိပါကံ ပန ကတ္ထစိ န သက္ကာ ဝဉ္စေတုန္တိ ဝိပါကဝသေန ဣဋ္ဌာနိဋ္ဌာရမ္မဏဝဝတ္ထာနံ သုဋ္ဌု ဝုတ္တံ။ တသ္မာ တံ အနုဂန္တွာ သဗ္ဗတ္ထ ဣဋ္ဌာနိဋ္ဌတာ ယောဇေတဗ္ဗာ။ (မူလဋီ-၂-၈။) တစ်ဖန် မည်သည့် အာရုံ၌မဆို ဝိပါက်ဝိညာဏ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းသောကြောင့် ဝိပါက် ဝိညာဏ်၏ အစွမ်းဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းကို (အဘိ-ဋ္ဌ-၂-၁ဝ။) တိပိဋက စူဠာဘယထေရ်က မိန့်ဆိုကြောင်း အဋ္ဌကထာ၌ ဖွင့်ဆိုထားခြင်းသည် ကောင်းစွာဖွင့်ဆိုခြင်းပင် ဖြစ်၏။ ထိုကြောင့် ထိုဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဣဋ္ဌ-အနိဋ္ဌ ခွဲခြားဆုံးဖြတ်မှုကို အစဥ်လိုက်၍ အလုံးစုံသော အာရုံတို့၌ ဣဋ္ဌဖြစ်မှု အနိဋ္ဌဖြစ်မှုကို ယှဥ်စေထိုက်ပေ၏။ (မူလဋီ-၂-၈။) ဤကား ခပ်သိမ်းသော အဋ္ဌကထာဆရာတော်တို့၏ တူမျှသော အနက်အဓိပ္ပါယ်ကို ဆိုရာဆိုကြောင်း ဖြစ်သော တူမျှသော အတ္ထကထာ = သမာနဝါဒတည်း။
“然而,果报在任何情况下都不可能被扭曲;所以,依果报而分别确定可意与不可意所缘,乃是善说。因此,应当遵循这一点,在一切所缘中配合判定其可意性与不可意性。”(《根本复注》2-8。)又因为对于任何所缘都无法扭曲果报识,所以义注所解释的持三藏小无畏长老之说——依果报识的作用分别、确定可意所缘与不可意所缘(《殊胜义注》2-10)——确为善说。因此,应当唯依果报识的作用,遵循这种可意、不可意的区分方法,在一切所缘中判定其可意性与不可意性。(《根本复注》2-8。)这就是一切义注阿阇梨共同认可、义理一致的通说。
ဝိတဏ္ဍဝါဒီ ဝါဒ
诡辩者之说
ပညာရှိ သူတော်ကောင်းများ၏ နှလုံးသားကို လှုပ်ရှားစေတတ် ပုတ်ခတ်တတ်သော ကတ်သီးကတ်သတ် စကားကို ပြောဆိုလေ့ရှိသော ချွတ်ချော်တိမ်းပါးသော စကားရှိသော ပုဂ္ဂိုလ်သည် ဝိတဏ္ဍဝါဒီ မည်၏။ ယင်း ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်က ဤသို့ ဆိုလာပြန်၏။
惯于说强词夺理、足以扰乱并冲击智者善士之心,且言语乖谬偏失的人,称为诡辩者。这个诡辩者又提出如下说法。
ဣဋ္ဌာနိဋ္ဌံ နာမ ပါဋိယေက္ကံ ပဋိဝိဘတ္တံ နတ္ထိ၊ တေသံ တေသံ ရုစိဝသေန ကထိတံ။ (အဘိ-ဋ္ဌ-၂-၉။)
“并不存在各别分析、分别安立的所谓可意与不可意;只是依各人的喜好而说。”(《殊胜义注》2-9。)
原书第 309 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိပါ၊ ထိုထို သတ္တဝါတို့၏ အလိုအကြိုက်၏ အစွမ်းဖြင့်သာလျှင် အာရုံတစ်ခုကို ဣဋ္ဌာရုံဟု သို့မဟုတ် အနိဋ္ဌာရုံဟု ခွဲခြားသတ်မှတ်၍ ပြော ဆိုခြင်း ဖြစ်၏။ ဘုရားရှင်ကိုယ်တော်တိုင်က ကောသလမင်းကြီးအား ဤသို့ ဟောကြားထားတော်မူ၏။
并不存在各别分析、分别安立的所谓可意所缘或不可意所缘;只是依各个有情的喜好,把同一个所缘区分、判定并说成可意所缘或不可意所缘。世尊本人也曾对憍萨罗王作如下开示。
''မဟာရာဇ …ငါးပါးအာရုံ ကာမဂုဏ်တို့၌ မြတ်နိုးအပ်သော အာရုံသာလျှင် အလွန်ဆုံး အပိုင်းအခြား ရှိ၏၊ မြတ်၏ဟူ၍ ငါဘုရား ဟောတော်မူ၏။ မဟာရာဇ …ထိုတစ်မျိုးတည်းသော ရူပါရုံတို့သည်ပင် အချို့ သောပုဂ္ဂိုလ်၏ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်၏ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်။
“大王……在五种欲功德中,我说,唯有为人所珍爱、悦意于心的所缘,才是其中的极限、才是最胜。大王……同一种色所缘,能令某些人悦意,却不能令另一些人悦意;
မဟာရာဇ …ထိုတစ်မျိုးတည်းသော အသံတို့သည်၊ အနံ့တို့သည်၊ အရသာတို့သည်၊ အတွေ့အထိတို့သည် အချို့သောသူ၏ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်၏၊ အချို့သောသူ၏ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်'' - ဤသို့လျှင် သဂါထာဝဂ္ဂကောသလသံယုတ် ပဉ္စရာဇသုတ်၌ ဘုရားရှင်ဟောကြားထားတော်မူ၏။ (သံ-၁-၈ဝ။) ဤသို့ ဟောကြားထားတော်မူအပ်သော နည်းဖြင့် ထိုတစ်မျိုးတစ်စားတည်းသာ ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ဖောဋ္ဌဗ္ဗာရုံ စသည် အာရုံတို့ကိုပင် တစ်ယောက်သော ပုဂ္ဂိုလ်သည် အလွန်သာယာ၏ အလွန်နှစ်သက်၏၊ ထိုအာရုံ၌ တွယ်တာတပ်မက်မှု လောဘကို ဖြစ်စေ၏။ အခြားတစ်ယောက်သော သူကား ထိုအာရုံကိုပင် အမျက် ထွက်တတ်ပြန်၏၊ ထိုအာရုံကိုပင် အကြောင်းပြု၍ စိတ်ထိခိုက်နေတတ်ပြန်၏၊ ထိုအာရုံ၌ ဒေါသကို ဖြစ်စေ တတ်ပြန်၏။ ထိုအာရုံတို့သည်ပင် တစ်ယောက်သော ပုဂ္ဂိုလ်အဖို့ ဣဋ္ဌာရုံတို့ ဖြစ်နေကုန်၏၊ နှစ်သက်အပ်သော
大王……同一种声、香、味、触,能令某些人悦意,却不能令另一些人悦意。”世尊在《有偈品·憍萨罗相应·五王经》中如此开示。(《相应部》1-80。)依照这段开示,同一种色所缘、声所缘、香所缘、触所缘等,一个人可能十分喜爱、十分欢喜,并对它生起执著贪恋之贪;另一个人却可能对同一个所缘发怒,因它而心受恼害,并对它生起嗔。这些所缘对一个人而言,便是可意所缘、令人欢喜的
အာရုံတို့ ဖြစ်ကုန်၏၊ မြတ်နိုးအပ်သော အာရုံတို့ ဖြစ်ကုန်၏။ ထိုအာရုံတို့သည်ပင် အခြားတစ်ယောက်သော ပုဂ္ဂိုလ်အဖို့ အနိဋ္ဌာရုံတို့ ဖြစ်ကြပြန်ကုန်၏၊ မနှစ်သက်အပ်သော အာရုံတို့ ဖြစ်ကြပြန်ကုန်၏၊ မမြတ်နိုးအပ်သော အာရုံတို့ ဖြစ်ကြပြန်ကုန်၏။
所缘、为其所珍爱的所缘;但同样这些所缘,对另一个人而言,却又成为不可意所缘、不令人欢喜的所缘、不为其所珍爱的所缘。
ထိုအာရုံတို့ကိုပင် တစ်ယောက်သောသူက ''ဣဋ္ဌ ဖြစ်ကုန်၏၊ နှစ်သက်အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏'' - ဟု လကျာ်ဘက်က ယူထား၏။ ထိုအာရုံတို့ကိုပင် အခြားတစ်ယောက်သောသူက ''အနိဋ္ဌ ဖြစ်ကုန်၏၊ မနှစ်သက် အပ်ကုန်၊ မမြတ်နိုးအပ်ကုန်''ဟု လက်ဝဲဘက်က ယူထားပြန်၏။ သို့အတွက် အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိပါ။
对于同一些所缘,一个人把它们归在可意一边,认为它们“可意、令人欢喜、为人所珍爱”;另一个人却把它们归在不可意一边,认为它们“不可意、不令人欢喜、不为人所珍爱”。所以,并不存在各别分析、分别安立的所谓可意所缘或不可意所缘。
မှန်ပေသည် -- မဇ္ဈိမဒေသ၏ အစွန်အဖျား၌ နေလေ့ရှိကုန်သော (= ပစ္စန္တဝါသီ) တောသူတောင်သား တို့သည် တီကောင်တို့ကိုသော်မှလည်း ဣဋ္ဌာရုံ ဖြစ်နေတတ်ကုန်၏၊ နှစ်သက်အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏။
确实,惯居中土边缘地区的边地居民,即乡野之人,甚至会把蚯蚓视为可意所缘,觉得可爱、珍贵。
မဇ္ဈိမဒေသ၌ နေထိုင်သူတို့ကား တီကောင်တို့ကို အလွန်စက်ဆုပ်ကုန်၏၊ အလွန်ရွံရှာကုန်၏။ ထိုမဇ္ဈိမဒေသ၌ နေထိုင်သူတို့အဖို့ ဥဒေါင်းသား စသည်တို့သည် ဣဋ္ဌာရုံတို့ ဖြစ်ကြပြန်ကုန်၏။ သို့သော် ပစ္စန္တဝါသီ တောသူ တောင်သားတို့ကား ဥဒေါင်းသားကို အလွန်စက်ဆုပ် ရွံရှာကြပြန်ကုန်၏။ --- ဤကား ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲပုံ အယူအဆတည်း။ (အဘိ-ဋ္ဌ-၂-၉။)
住在中土的人则极为厌恶、嫌弃蚯蚓。对这些中土居民而言,孔雀肉等反而是可意所缘;然而,边地乡野之人又极为厌恶、嫌弃孔雀肉。这就是诡辩者区分可意所缘与不可意所缘的见解。(《殊胜义注》2-9。)
ပြန်လည်ချေပချက်
反驳
ဤဝိတဏ္ဍဝါဒီ၏ အယူအဆကို အဋ္ဌကထာက ဤသို့ ပြန်လည်ချေပထား၏။ --- ထိုဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို ဤသို့ မေးကြည့်ပါ --- ''အသို့နည်း …သင်သည် အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိဟု အသင်ဆိုပါသလား'' --- ဤသို့ မေးကြည့်ပါ။
义注对诡辩者的见解作如下反驳。应这样问那个诡辩者:“如何?你是否主张,根本不存在可以各别分析、分别安立的所谓可意所缘与不可意所缘?”应当如此问他。
原书第 310 页
''အာမ နတ္ထိ = အိမ်း မရှိပါ''ဟု ဖြေဆိုသည် ဖြစ်အံ့။ နောက်၌ မငြင်းနိုင်အောင် သူ့အယူ၌ ရပ်တည်နေစေ ဖို့ရန် (၃)ကြိမ်တိုင်တိုင် နည်းတူ မေးပြီးလျှင် (၃)ကြိမ်တိုင်တိုင် --- ''အာမ နတ္ထိ = အိမ်း မရှိပါ''ဟု ဝန်ခံခိုင်းပါ။
假如他回答:“Āma natthi——是的,不存在。”为了使他坚守自己的主张、以后无法否认,应当以同样的问题连问三次,也让他三次承认:“Āma natthi——是的,不存在。”
ထိုသို့ ဝန်ခံခိုင်းပြီးပါမှ ထိုဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို ပြဿနာ မေးကြည့်ပါ။
让他这样承认之后,再向这个诡辩者提出问题。
''နိဗ္ဗာန် မည်သည် ဣဋ္ဌလော၊ သို့မဟုတ် အနိဋ္ဌလော''ဟု မေးကြည့်ပါ။ နိဗ္ဗာန်အကြောင်းကို သင်သိ ဗဟု သုတဖြင့် သိနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်သည် --- နိဗ္ဗာန် မည်သည် ဣဋ္ဌာရုံသာတည်းဟု ဖြေဆိုပေလတ္တံ့။
应问:“涅槃是可意,还是不可意?”这个凭所学与多闻而了解涅槃的诡辩者,想必会回答:涅槃只是可意所缘。
အကယ်၍ အဖြေမပေးဘဲနေသည် ဖြစ်အံ့၊ ထိုသို့ပင် အဖြေမပေးဘဲ နေပါသော်လည်း နိဗ္ဗာန်တရားတော် မြတ်ကြီးသည်ကား ဧကန် ဣဋ္ဌာရုံသာတည်း။
即使他不作回答,即使一直保持沉默,殊胜的涅槃法也确实只是可意所缘。
သို့သော် အချို့သောပုဂ္ဂိုလ်သည် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ဂုဏ်တို့ကို ပြောဆိုအပ်ကုန်သည်ရှိသော် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် --- ''သင်သည် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိ၏၊ ထိုနိဗ္ဗာန်၌ စားဖွယ် သောက်ဖွယ် ပြည့်ပြည့်စုံစုံ ရှိပါ သလား၊ ပန်ဆင် လိမ်းကျံဖို့ရန် ပန်း၊ နံ့သာ၊ နံ့သာပျောင်း = မျက်နှာချေ ပေါင်ဒါ စသည်သည် ပြည့်ပြည့်စုံစုံ ရှိပါသလား၊ အိပ်ရာအဝတ် စသည်တို့ကော ပြည့်ပြည့်စုံစုံ ရှိပါရဲ့လား --- ဤသို့သော အာရုံ (၅)ပါး ကာမဂုဏ် တရားတို့သည် သင်၏ နိဗ္ဗာန်၌ ရှိကြပါသလား'' --- ဤသို့ မေးမြန်းလာတတ်ပြန်၏။
然而,有些人听见别人称说殊胜涅槃法的功德时,却怒气冲冲地问:“你说涅槃有这些功德,那么涅槃中有完备的饮食吗?有完备的花、香、香粉——即擦脸的粉末等——可供佩戴、涂抹吗?床褥、衣服等也都完备吗?像这样的五种所缘、欲功德,在你的涅槃中都有吗?”
ဤသို့ ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်က မေးမြန်းလတ်သော် ''မရှိပါ''ဟုပင် အဖြေပေးလိုက်၏။ ဤသို့ သကဝါဒီ ဟူသော သာသနာတွင်း အယူအဆရှိသူက ဖြေဆိုလတ်သော် --- ''အလံ တဝ နိဗ္ဗာနေန = သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ'' --- ဟု ပြောဆို၍ နားနှစ်ဖက်တို့ကို ပိတ် ထားတတ်သည် မဟုတ်ပါလား --- ဤသို့ ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို မေးသင့်၏။
诡辩者这样问时,便直接回答他:“没有。”当教内持本宗者如此回答后,诡辩者岂不是会说:“Alaṃ tava nibbānena——你的涅槃没有利益,够了!”并把两只耳朵捂起来吗?应当这样质问诡辩者。
ဤနိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား ဣဋ္ဌာရုံသာ စင်စစ်ဧကန် ဖြစ်၏။ ထိုသို့ပင် ဣဋ္ဌစင်စစ် ဖြစ်ပါ- သော်လည်း၊ နိဗ္ဗာန်၌ ခံစား စံစားစရာ အာရုံ (၅)ပါး ကာမဂုဏ်တရားများ ထင်ရှားမရှိသည့် အတွက်ကြောင့် အလိုမရှိသော သူအဖို့၊ အသင်ဝိတဏ္ဍဝါဒီ၏ ဝါဒအရ ပြောဆိုရလျှင် နိဗ္ဗာန်တရားတော်မြတ်ကြီးသည် အနိဋ္ဌာရုံ အမည် ရနေပြန်၏။
这殊胜的涅槃法确实无疑只是可意所缘。它虽真实可意,但由于涅槃中显然没有可供享受的五种所缘、欲功德,若依你这个诡辩者的学说,对不想要涅槃的人而言,殊胜的涅槃法反倒要被称为不可意所缘了。
ထိုသို့ပင် အလိုမရှိသူအဖို့ အနိဋ္ဌာရုံ ဖြစ်နေသော်လည်း ဤနိဗ္ဗာန်တရားတော်မြတ်ကြီးကို ဤသို့ အနိဋ္ဌာရုံ ဟူ၍ကား မယူသင့် မယူထိုက်ပေ။ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အနိဋ္ဌဟု ပြောဆိုလာသော ဤပုဂ္ဂိုလ်သည် ဣဋ္ဌအစစ် မဟုတ်သော ကာမဂုဏ်တို့၌ မက်မောသော လောဘနှင့် ယှဥ်သော သညာဟူသော ဝိပရိတသညာ = ဖောက်ပြန်သော အမှတ်သညာကြောင့် = အမှတ်မှားခြင်းကြောင့် --- ''သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ'' ဟု ပြောဆိုခြင်း ဖြစ်၏။
即使涅槃对不想要它的人看来像是不可意所缘,也绝不应、绝不可因此把这殊胜的涅槃法判作不可意所缘。这个把殊胜涅槃说成不可意的人,是由于颠倒想——也就是与贪恋那些并非真实可意的欲功德之贪相应的想、错谬的认知——才说:“你的涅槃没有利益,够了!”
သညာဝိပလဒာသ = အမှတ်သညာ၏ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်းကြောင့် ထိုအာရုံတစ်မျိုးသည်ပင် အချို့သော သူတစ်ယောက်အဖို့ အလိုရှိအပ် ရှာမှီးအပ်သော ဣဋ္ဌာရုံ ဖြစ်နေတတ်၏။ အခြားသူတစ်ယောက် အဖို့မူ ထိုအာရုံမျိုးသည်ပင် အလိုမရှိအပ် မရှာမှီးအပ်သော အနိဋ္ဌာရုံ ဖြစ်နေတတ်ပြန်၏။ (အဘိ-ဋ္ဌ-၂-၉-၁ဝ၊၊) ဤကား ဝိတဏ္ဍဝါဒီ၏ စကားကို ပြန်လည်ချေပထားသော အဋ္ဌကထာ၏ စကားတည်း။
由于想颠倒,即认知发生颠倒,同一种所缘对某个人可能成为他所想要、所追求的可意所缘;但对另一个人,同一种所缘又可能成为他所不想要、不追求的不可意所缘。(《殊胜义注》2-9—10。)这就是义注用来反驳诡辩者之说的话。
原书第 311 页
သညာဝိပလဒာသ
想颠倒
ဣဋ္ဌအစစ် မဟုတ်သော ကာမဂုဏ်တို့၌ ဣဋ္ဌဟု ထင်လျက် မက်မောနေသော လောဘနှင့် ယှဥ်သော သညာ၊ အနိဋ္ဌအစစ် မဟုတ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့် အခြားအခြားကုန်သော အာရုံတို့၌ အနိဋ္ဌဟုပင် အမှတ်မှားနေသော သညာ --- ဤသညာမျိုးတို့ကို ဤအရာ၌ ဝိပရိတသညာ = ဖောက်ပြန်သော အမှတ်သညာ ဟု ဆို၏။ ထိုဝိပရိတသညာကိုပင် သညာဝိပလဒာသဟု ဖွင့်ဆိုထားသည်။ ထိုဝိပရိတသညာကြောင့်ပင် စားဖွယ် သောက်ဖွယ် စသော ခံစံစရာ ကာမဂုဏ်အာရုံတို့၏ မရှိရာ နိဗ္ဗာန်ကို အလိုမရှိသည့် အတွက် --- ''အလံ တဝ နိဗ္ဗာနေန = သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ။'' --- ဟု သူ့စိတ်ရင်းအတိုင်း ရိုးရိုးသားသား ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယခုခေတ်၌ ''နိဗ္ဗာန်ကို မြန်မြန် ရရပါလို၏''ဟု ဆုတောင်းသူတို့သည်ကား များသောအားဖြင့် ရိုးရိုး သားသား ပြောကြသည် မဟုတ်ဘဲ စိတ်ထဲက တစ်မျိုး ဆုတောင်းက တစ်မျိုး ဖြစ်နေတတ်ကြ၏။ နိဗ္ဗာန်ကို
对于并非真实可意的欲功德,误以为可意,并与贪恋它们之贪相应的想;对于绝非真实不可意的殊胜涅槃法及其他种种所缘,却误认作不可意的想——这些想在这里称为颠倒想,即错谬的认知;而这种颠倒想,又被解释为想颠倒。正因为有这种颠倒想,那个人不想要没有饮食等可享用之欲功德所缘的涅槃,才会依其真实心态直率地说:“Alaṃ tava nibbānena——你的涅槃没有利益,够了!”现代发愿“愿我迅速证得涅槃”的人,大多并非如此直率,往往心里想的是一回事,口中发愿又是另一回事。他们想要迅速证得涅槃
မြန်မြန်ကား လိုချင်၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကိုကား နည်းမှန်လမ်းမှန် တကယ်မြန်မြန် လက်တွေ့မကျင့် ကြသောကြောင့် ဖြစ်၏။ သို့သော် အားမထုတ်နိုင်သေးစေကာမူ နိဗ္ဗာန်ကို တကယ် လိုလားတောင့်တသော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာခြင်းသည်လည်း များစွာအကျိုးကြီးလှပြီဟု ဆိုသင့်လှပေ၏။
却没有真正迅速地依正确方法、正确道路,实际修行通往涅槃的行道,原因正在于此。不过,即使目前还不能精进,能够生起真正希求、向往涅槃的心,也应当说已经有极大的利益。
ဝိပလဒာသတရားသုံးပါး
三种颠倒
ဝိပလဒာသာတိ အနိစ္စဒုက္ခအနတ္တအသုဘေသုယေဝ ဝတ္ထူသု ''နိစ္စံ သုခံ အတ္တာ သုဘ''န္တိ ဧဝံ ပဝတ္တော သညာဝိပလဒာသော စိတ္တဝိပလဒာသော ဒိဋ္ဌိဝိပလဒာသောတိ ဣမေ တယော။ (ဝိသုဒ္ဓိ-၂-၃၂၄။) အနိစ္စ ဒုက္ခ အနတ္တ အသုဘ စင်စစ် ဧကန်မှန်သော ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၌ တစ်နည်း ဆိုရသော် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ --- ၁။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု အမှတ်မှားမှု = သညာဝိပလဒာသ ၂။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု အသိမှားမှု = စိတ္တဝိပလဒာသ ၃။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု ခံယူချက်မှားမှု = ဒိဋ္ဌိဝိပလဒာသ။
“所谓颠倒,是对于确实无常、苦、无我、不净的事物,转起为‘常、乐、我、净’的想颠倒、心颠倒、见颠倒这三种。”(《清净道论》2-324。)在确实无常、苦、无我、不净的五取蕴名色法中,换言之,在苦圣谛法与集圣谛法中:1.误认作(甲)常、(乙)乐、(丙)我、(丁)净,是想颠倒;2.错误地认知为(甲)常、(乙)乐、(丙)我、(丁)净,是心颠倒;3.错误地执持为(甲)常、(乙)乐、(丙)我、(丁)净,是见颠倒。
ဤသို့လျှင် သညာဝိပလဒာသ၊ စိတ္တဝိပလဒာသ၊ ဒိဋ္ဌိဝိပလဒာသဟု ဝိပလဒာသတရား (၃)ပါး ရှိသည်။ တစ်ပါး တစ်ပါး၌ (၄)ပါးစီ ရှိရကား ဝိပလဒာသတရား (၁၂)ပါး ဖြစ်သည်။ (ဝိသုဒ္ဓိ-၂-၃၂၄။) ဤ ဝိပလဒာသတရားတို့ကို မပယ်စွန့်နိုင်ကြသည့် အတွက် ဝိပလဒာသတရားများ ထင်ရှားရှိနေကြသည့် အတွက် ဖောက်ပြန်သော အမှတ်သညာ = ဝိပရိတသညာများ ဖြစ်ပေါ်လာကြရ၏။ ယင်း ဝိပရိတသညာတို့ကို အခြေစိုက်၍ သတ္တဝါတို့သည် ဣဋ္ဌကို အနိဋ္ဌ၊ အနိဋ္ဌကို ဣဋ္ဌဟု အမှတ်လွဲနေကြခြင်း ဖြစ်၏။ အသိလွဲနေကြ ခြင်း ဖြစ်၏၊ ခံယူချက် လွဲနေကြခြင်း ဖြစ်၏။ အယောနိသော မနသိကာရများပင်တည်း။ ယင်းအယောနိသော မနသိကာရတို့ကို အခြေစိုက်၍ အကုသိုလ်တရားတို့လည်း အဆင့်ဆင့် တိုးပွားလာဖွယ်ရာ ရှိပေသည်။
如此,颠倒有想颠倒、心颠倒、见颠倒三种;每一种又各有四项,所以共有十二颠倒。(《清净道论》2-324。)由于不能断除这些颠倒,颠倒仍然明显存在,颠倒想即错谬的认知便会生起。以这些颠倒想为基础,有情把可意误认作不可意,把不可意误认作可意;发生认知错误、了知错误、见解错误。这些正是不如理作意;以这些不如理作意为基础,诸不善法也可能层层增长。
အလယ်အလတ်တန်းစား လူတို့၏ အလိုအားဖြင့်
依中等有情而定
ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲပုံ = အဋ္ဌကထာဝါဒ = သမာနဝါဒ
可意/不可意所缘的判定——义注说(即通说)
ဣဋ္ဌာနိဋ္ဌာရမ္မဏံ ပန ပါဋိယေက္ကံ ဝိဘတ္တံ အတ္ထီတိ။ ကဿ ဝသေန ဝိဘတ္တန္တိ? မဇ္ဈိမကသတ္တဿ။
“然而,确有各别区分、分别安立的可意所缘与不可意所缘。依谁而区分?依中等有情。”
(အဘိ-ဋ္ဌ-၂-၁ဝ။)
(《殊胜义注》2-10。)
原书第 312 页
အသီးအသီး ခွဲခြားဝေဖန်ထားအပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် အဋ္ဌကထာတို့၌ ရှိသည် သာ ဖြစ်ပါသည်။ အသင်ဝိတဏ္ဍဝါဒီ ပြောဆိုသကဲ့သို့ မရှိသည်ကား မဟုတ်ပါ။ အဘယ်ပုဂ္ဂိုလ်၏ အလိုအားဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ခွဲခြားဝေဖန်ထားအပ်ပါသနည်း ဟူမူ --- အလယ်အလတ်တန်းစားဖြစ်သော သတ္တဝါ၏ အလိုဆန္ဒအားဖြင့် ဣဋ္ဌ အနိဋ္ဌကို ခွဲခြားသတ်မှတ်သည်၏ အစွမ်းဖြင့် အဋ္ဌကထာတို့၌ ဖွင့်ဆိုထား၏။
义注中确实有各别分析、分别安立的可意所缘和不可意所缘,并非如你这位诡辩者所说的那样不存在。若问:是依何等人的意愿来分别可意所缘与不可意所缘?义注解释:是依中等层次有情的意愿,分别判定所缘为可意或不可意。
ထင်ရှားစေအံ့ --- မဟာသမ္မတမင်း၊ မဟာသုဒဿနစကြာမင်း၊ ဓမ္မာသောကမင်း အစရှိကုန်သော အလွန် အစိုးရခြင်း ဘုန်းတန်ခိုးအာနုဘော်ကြီးကုန်သော ပြည့်ရှင်မင်းတို့၏ အစွမ်းဖြင့်လည်း အာရုံ၏ ဣဋ္ဌသဘော အနိဋ္ဌသဘော ဣဋ္ဌဖြစ်မှု အနိဋ္ဌဖြစ်မှုကို ဝေဖန်အပ်သည်ကား မဟုတ်ပေ။ မှန်ပေသည် ထိုပြည့်ရှင်မင်း စသော အထက်တန်းစား လူတို့သည် နတ်ပြည်၌ ဖြစ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားနှင့် တူသည်သော်မှလည်း ဖြစ်သော ရိုးရိုးထမင်းဟင်းလျာ စသည့် အာရုံကိုပင် ဣဋ္ဌ ဖြစ်ပါလျက် မနှစ်သက်နိုင်ကြ ဖြစ်နေ၏၊ မမြတ်နိုး နိုင်ကြ ဖြစ်နေ၏။ စိတ်နှလုံးကို မတိုးပွားစေတတ်သည့် မမြတ်နိုးအပ်သည့် အာရုံအဖြစ်ဖြင့် သူတို့စိတ်ဝယ် ထင်လာ၏။
举例来说:并不是依 Mahāsammata 王、大善见转轮王、法阿育王等权势与威德极大的君王,来分析所缘的可意性与不可意性。因为这些上等层次的人,即使面对本来可意、乃至近似天界五欲功德的普通饭菜等所缘,也可能无法欢喜、无法珍爱;在他们心中,那些所缘显得不能悦其心、并不值得珍爱。
စားဖွယ် သောက်ဖွယ် တို့ကို အလွန်ရနိုင်ခဲသော သဘောရှိကြကုန်သော၊ အလွန်ဆင်းရဲကြကုန်သော အလွန် အောက်တန်းကျကုန်သော လူနှင့် တိရစ္ဆာန်တို့ကား ဆန်ကွဲထမင်းနှင့် ထမင်းသိုး ဟင်းပုပ်များကိုပင် အနိဋ္ဌ မှန်ပါလျက် အလွန်ချိုမြိန်သော အမြိုက်သုဓာနှင့် တူသည့် ဣဋ္ဌအဖြစ် ထင်နေကြ၏။
至于极难获得饮食、极其贫困、处于极下层的人和畜生,即使碎米饭、馊饭、腐坏的菜肴本来是不可意的,他们也会把这些看成如甘露一般的可意所缘。
ထိုကြောင့် အာရုံတစ်ခုကို ဣဋ္ဌပဲ အနိဋ္ဌပဲဟု ဆုံးဖြတ်ချက်ချသောအခါ အလယ်အလတ်တန်းစားလူသား တို့၏ (ပါမောက္ခ၊ အမတ်ကြီး၊ သူဌေးသူကြွယ်၊ ကုန်သည် စသည့် လူလတ်တန်းစားတို့၏) အလိုအားဖြင့် ခွဲခြား ရမည်ဟု ဆိုလိုသည်။
因此,在判定一个所缘究竟可意还是不可意时,应依中等层次的人〔如教授、大臣、富豪、商人等〕的意愿来区分;这就是此处的意思。
ထိုကြောင့် အလယ်အလတ်တန်းစား လူသားတို့၏ အလိုအားဖြင့် ကောင်းသော ရူပ-သဒ္ဒ-ဂန္ဓ-ရသ- ဖောဋ္ဌဗ္ဗ-ဓမ္မတို့သည်ကား ဣဋ္ဌာရုံတို့တည်း။ တွေ့ကြုံခဲလှသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ရူပကာယအဆင်းတော်၊ အသံတော် စသည်နှင့် အလွန်လှပသော အမျိုးသား အမျိုးသ္မီးတို့၏ အဆင်း အသံ စသည်တို့ကား အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အတိဣဋ္ဌာရုံတို့တည်း။ မစင် ဘင်ပုပ် ခွေးသေကောင်ပုပ် လူသေကောင်ပုပ် စသည့် မကောင်းသော ရူပါရုံ အမျိုးမျိုး၊ မကောင်းဆိုးဝါးသော အသံ အနံ့ အရသာ အတွေ့အထိတို့သည်ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့တည်း။ --- ဤသို့ ခွဲခြားရာ၏။ ဤကား အဋ္ဌကထာ ဝါဒတည်း။ သမာနဝါဒပင်တည်း။ (အဘိ-ဋ္ဌ-၂-၁ဝ။) ဤဝါဒ၌ အထက်တန်းစားပုဂ္ဂိုလ် အလယ်အလတ်တန်းစားပုဂ္ဂိုလ် အောက်တန်းစားပုဂ္ဂိုလ်တို့၏ အာရုံ တစ်ခု အပေါ်၌ ဣဋ္ဌဟု သို့မဟုတ် အနိဋ္ဌဟု ထင်ခြင်းမှာ ဝိပါက်ဝိညာဏ်အခိုက်၌ ထင်ခြင်းမဟုတ်၊ ဇဝနဝသေန
所以,依中等层次的人而言,好的色、声、香、味、触、法是可意所缘;极难遇见的正自觉佛陀之色身、声音等,以及极美丽男女的容色、声音等,是极可意所缘;粪便、污秽、死狗、死尸等各种不好的色所缘,以及可怕难闻的声音、气味、滋味和触,则是不想要、不令人欢喜、不值得珍爱的不可意所缘。应当如此区分。这就是义注说,也是通说。(《殊胜义注》2-10。)在这一学说中,上等、中等、下等层次的人把同一所缘认作可意或不可意,并不是在果报识刹那如此认定,而是依速行
= ဇော၏ အစွမ်းဖြင့် ဇောအခိုက်ရောက်မှ ထင်ခြင်းတည်းဟု မှတ်ပါ။
之力,直到速行刹那才如此认定。应当这样理解。
တိပိဋကစူဠာဘယတ္ထေရဝါဒ
三藏小无畏长老之说
တိပိဋကစူဠာဘယတ္ထေရော ပနာဟ --- ''ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ၊ န ဇဝနဝသေန။
“三藏小无畏长老则说:‘所谓可意与不可意,是唯依果报而划定,不是依速行而划定。
ဇဝနံ ပန သညာဝိပလဒာသဝသေန ဣဋ္ဌသ္မိံ ယေဝ ရဇ္ဇတိ၊ ဣဋ္ဌသ္မိံ ယေဝ ဒုဿတိ။ အနိဋ္ဌသ္မိံ ယေဝ ရဇ္ဇတိ၊ အနိဋ္ဌသ္မိံ ယေဝ ဒုဿတီ''တိ။ ဝိပါကဝသေနေဝ ပနေတံ ဧကန္တတော ပရိစ္ဆိဇ္ဇတိ။ န ဟိ သက္ကာ ဝိပါကစိတ္တံ ဝဉ္စေတုံ။ သစေ အာရမ္မဏံ ဣဋ္ဌံ ဟောတိ၊ ကုသလဝိပါကံ ဥပ္ပဇ္ဇတိ။ သစေ အနိဋ္ဌံ၊ အကုသလဝိပါကံ ဥပ္ပဇ္ဇတိ။
速行则由于想颠倒,既会贪著于可意所缘,也会嗔恚于可意所缘;既会贪著于不可意所缘,也会嗔恚于不可意所缘。’然而,可意与不可意,唯依果报才能决定性地划定;因为果报心是不可能被欺瞒的。若所缘可意,善果报便生起;若所缘不可意,不善果报便生起。”
(အဘိ-ဋ္ဌ-၂-၁ဝ။)
(《殊胜义注》2-10。)
原书第 313 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း တိပိဋကဓရ စူဠအဘယမထေရ်ကား --- ဣဋ္ဌာရုံ အနိဋ္ဌာရုံ မည်သည် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာ ပိုင်းခြားသတ်မှတ်အပ်၏၊ ဇော၏အစွမ်းဖြင့် ပိုင်းခြားသတ်မှတ်သည်ကား မဟုတ်။ ဇောသည်ကား အမှတ်မှားမှု = သညာဝိပလဒာသ၏ စွမ်းအားကြောင့် ဣဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် တွယ်တာတပ်မက်မှု = လောဘလည်း ဖြစ်တတ်၏၊ ဣဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် ပြစ်မှားမှု = ဒေါသလည်း ဖြစ်တတ်၏။ အနိဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် တွယ်တာတပ်မက်မှု = လောဘလည်း ဖြစ်တတ်၏။ အနိဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် ပြစ်မှားမှု ဒေါသလည်း ဖြစ်တတ်၏။ ထိုကြောင့် ဇော၏ အစွမ်းဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို မပိုင်းခြားအပ် --- ဟု မိန့်ဆိုတော်မူ၏။
三藏小无畏长老说:所谓可意所缘与不可意所缘,唯依果报识之力而划定,并不是依速行之力划定。速行由于错误认知,也就是想颠倒的力量,在同一个可意所缘上既可能生起执著贪恋之贪,也可能生起侵害、排斥之嗔;在同一个不可意所缘上同样既可能生起贪,也可能生起嗔。因此,不应依速行之力来划分可意所缘与不可意所缘。
သို့အတွက် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဤဣဋ္ဌာရုံ အနိဋ္ဌာရုံကို ဧကန်စင်စစ်အားဖြင့် ပိုင်းခြား သတ်မှတ်အပ်၏။ မှန်ပေသည် ဝိပါက်စိတ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းသည်သာတည်း။ အာရုံတစ်ခု သည် အကယ်၍ ဣဋ္ဌာရုံဖြစ်ငြားအံ့ --- (ဇောမှာ ကုသိုလ် အကုသိုလ် သောမနဿ ဒေါမနဿ ဥပေက္ခာ စော ချင်ရာ စောပါစေ) ဝိပါက်ဝိညာဏ်များသည် --- ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြရ၏။ အာရုံတစ်ခုသည် အကယ်၍ အနိဋ္ဌာရုံ ဖြစ်ငြားအံ့ --- (ဇောမှာ ကုသိုလ် အကုသိုလ် သောမနဿ ဒေါမနဿ ဥပေက္ခာ စောချင်ရာ စောပါစေ) ဝိပါက်ဝိညာဏ်များမှာ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံများသာ ဖြစ်ကြရ၏။ ထိုကြောင့် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဤဣဋ္ဌာရုံ အနိဋ္ဌာရုံကို ဧကန်စင်စစ်အားဖြင့် ပိုင်းခြားသတ်မှတ်အပ်၏။
所以,可意所缘与不可意所缘,唯应依果报识之力作决定性的划定。因为果报心确实不可能被扭曲。若一个所缘是可意所缘,那么无论速行随其所应生起善、不善,或与悦、忧、舍相应,诸果报识——五识、领受、推度、彼所缘——都只会是善果报。若一个所缘是不可意所缘,那么无论速行随其所应生起善、不善,或与悦、忧、舍相应,诸果报识——五识、领受、推度、彼所缘——都只会是不善果报。因此,可意所缘与不可意所缘,唯应依果报识之力作决定性的划定。
ကိဉ္စာပိ ဟိ မိစ္ဆာဒိဋ္ဌိကာ ဗုဒ္ဓံ ဝါ သံဃံ ဝါ မဟာစေတိယာဒီနိ ဝါ ဥဠာရာနိ အာရမ္မဏာနိ ဒိသွာ အက္ခီနိ ပိဒဟန္တိ၊ ဒေါမနဿံ အာပဇ္ဇန္တိ၊ ဓမ္မသဒ္ဒံ သုတွာ ကဏ္ဏေ ထကေန္တိ၊ စက္ခုဝိညာဏသောတဝိညာဏာနိ ပန နေသံ ကုသလဝိပါကာနေဝ ဟောန္တိ။ (အဘိ-ဋ္ဌ-၂-၁ဝ။) = သာသနာပအယူအဆ ရှိကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုသော်လည်းကောင်း၊ အရိယသံဃာတော်ကိုလည်းကောင်း မဟာစေတီ (ရွှေတိဂုံစေတီ) အစရှိကုန်သော အလွန် မွန်မြတ်ကုန်သော အာရုံတို့ကိုသော်လည်းကောင်း မြင်ရကုန်သည်ရှိသော် မျက်စိကို ပိတ်ထားတတ်ကြကုန်၏၊ စိတ်နှလုံး မသာယာ ခြင်းသို့လည်း ကပ်ရောက်သွားတတ်ကြကုန်၏။ ဘုရားရှင်၏ တရားသံကို ကြားရခြင်းကြောင့် နားနှစ်ဖက်တို့ကို လည်း ပိတ်ဆို့ထားတတ်ကြကုန်၏။ ထိုသို့ပင် မျက်စိ နားတို့ကို ပိတ်ထားကြစေကာမူ စိတ်မချမ်းသာခြင်းသို့ ရောက်ရှိကြစေကာမူ ထိုပုဂ္ဂိုလ်တို့၏ ထိုအတိဣဋ္ဌာရုံဖြစ်သော သမ္မာသမ္ဗုဒ္ဓဘုရား စသည်တို့ကို ဖူးမြင်ရခြင်း
“邪见者虽然见到佛陀、僧团、大塔等殊胜所缘时闭上眼睛并陷入忧恼,听到法音时堵住耳朵,但他们的眼识和耳识仍唯是善果报。”(《殊胜义注》2-10。)也就是说,教外邪见者见到正自觉佛陀、圣僧团、大塔〔如瑞光大金塔〕等极殊胜的所缘时,会闭上眼睛,心中不悦;听到佛陀的法音时,也会堵住双耳。即使他们如此闭眼塞耳、陷入不悦,能够礼见这些极可意所缘——正自觉佛陀等
တရားတော်ကို ကြားနာရခြင်းတို့သည် ရှေးကုသိုလ်ကံကြောင့်သာဖြစ်ရကား စက္ခုဝိညာဏ် သောတဝိညာဏ် စသော ဝိပါက်ဝိညာဏ်တို့သည် ကုသလဝိပါက်တို့သာ ဖြစ်ကြရကုန်၏။ (အဘိ-ဋ္ဌ-၂-၁ဝ။) ရွာဝက်တို့သည် မစင်နံ့ကိုရလျှင် စားကြရကုန်တော့အံ့ဟု နှလုံးပိုက်၍ အလွန်ပျော်ရွှင်ကြကုန်၏။ သို့သော် ထိုဝက်တို့၏ မစင်ကို မြင်ရသော စက္ခုဝိညာဏ်၊ မစင်နံ့ကို အနံ့ခံသော သိသော ဃာနဝိညာဏ်၊ မစင်၏အရသာ ကို သိသော ဇိဝှါဝိညာဏ်တို့ကား ရှေးအကုသိုလ်ကံကြောင့်သာ ဖြစ်ပေါ်လာရသော အကုသလဝိပါက်ဝိညာဏ် ချည်းသာတည်း။ သခင်တို့က ကြိုး စသည်ဖြင့် ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာထက်၌ တင်ထားအပ်သော ဝက်ကြီးသည် အကယ်၍ကား စိတ်မသက်မသာ အော်မည်ရှာ၏။ သို့သော် အမှတ်မှားမှု သညာဝိပလဒာသ၏ အစွမ်းကြောင့် ဇော၌သာလျှင် ဒေါမနဿဇော စောရ၏ ဖြစ်ခွင့်ရ၏။ ကောင်းမြတ်သော အိပ်ရာ၏ အတွေ့အထိ = ဖောဋ္ဌဗ္ဗာရုံကို သိသော သုခဝေဒနာနှင့် ယှဥ်သော ကာယဝိညာဏ်စိတ်သည်ကား ရှေးကုသိုလ်ကံ၏ အကျိုး
以及听闻法音,仍只是过去善业所致;所以眼识、耳识等果报识唯是善果报。(《殊胜义注》2-10。)村猪一闻到粪便的气味,想到可以进食,便会十分欢喜;然而,它们看见粪便的眼识、嗅知粪味的鼻识、尝知粪味的舌识,全都是由过去不善业生起的不善果报识。若主人把一头大猪用绳索等捆缚后放在舒适的床上,它或许会因不适应而叫喊;但由于想颠倒,只有在速行阶段才会生起忧俱速行。至于了知舒适床具之触所缘、与乐受相应的身识心,则是过去善业的果
သာ ဖြစ်သောကြောင့် ကုသလဝိပါက်သာလျှင် ဖြစ်ပေသည်။ အာရုံကား ဣဋ္ဌာရုံ ဖြစ်နေသောကြောင့်တည်း။
因此唯是善果报;其所缘则是可意所缘。
(အဘိ-ဋ္ဌ-၂-၁ဝ။)
(《殊胜义注》2-10。)
原书第 314 页
ဝါဒသုံးရပ်တို့၏ ထူးခြားမှု
三种学说的差别
ဤပြခဲ့သော စကားစဥ်အရ အာရုံကို ဣဋ္ဌ အနိဋ္ဌ ခွဲခြားသတ်မှတ်မှုနှင့် စပ်၍ --- ရုစိဝသေန၊ ဇဝနဝသေန၊ ဝိပါကဝသေန --- ဟု သုံးမျိုးလာရှိ၏။
依上述论述,在把所缘划分、判定为可意或不可意这件事上,共有三种说法:依喜好、依速行、依果报。
၁။ ရုစိဝသေန --- ဝိတဏ္ဍဝါဒီ ဝါဒ၌ မိမိ အလိုအကြိုက်၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ဆုံးဖြတ်၏။ ရုစိဟူသည် ဇောစိတ္တုပ္ပါဒ် အခိုက်၌ ဖြစ်ပေါ်လာသော အလိုဆန္ဒတစ်မျိုးတည်း။ ယင်းဝိတဏ္ဍဝါဒီ ဝါဒ၌ အာရုံတစ်ခု၏ ဣဋ္ဌသဘော အနိဋ္ဌသဘောကို သီးခြားဝေဖန်ခြင်း မရှိပေ။
1.依喜好——在诡辩者之说中,依自己的喜好,把所缘判定为可意或不可意。“喜好”就是在速行心生起刹那出现的一种欲。诡辩者之说不承认一个所缘本身有可意性或不可意性可供分别判定。
၂။ ဇဝနဝသေန --- ပေါရာဏဋ္ဌကထာစရိယဝါဒ = ရှေးရှေးအဋ္ဌကထာဆရာတော်တို့၏ ဝါဒ၌ အထက်တန်း စားလူသား၊ အလတ်တန်းစားလူသား၊ အောက်တန်းစားလူသား ဟူသော ပုဂ္ဂိုလ်တို့၏ အာရုံတစ်ခု အပေါ်၌ ဣဋ္ဌဟု သို့မဟုတ် အနိဋ္ဌဟု ထင်ခြင်းသည် ဝိပါက်ဝိညာဏ်အခိုက်၌ ထင်ခြင်းမဟုတ် ဇောအခိုက် ရောက်မှ ထင်ခြင်းတည်း။ သို့အတွက် ဤဝါဒကို ဇဝနဝသေန = ဇော၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု သတ်မှတ်သော ဝါဒဟု ဆိုရ၏။ ဤပေါရာဏဋ္ဌကထာစရိယဝါဒ၌ အလယ်အလတ်တန်းစားလူသား သတ္တဝါတို့နှင့် စပ်၍ အာရုံတစ်ခုကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု သီးခြား ဝေဖန်ခြင်းရှိ၏။ (ဝိတဏ္ဍဝါဒီ ဝါဒ၌ကား ထိုသို့ ဝေဖန်မှု မျိုး မရှိပေ၊၊) ၃။ ဝိပါကဝသေန --- တိပိဋကဓရ စူဠအဘယမထေရ်၏ ဝါဒ၌ အာရုံတစ်ခု၏ ဣဋ္ဌသဘော အနိဋ္ဌသဘောကို သီးခြား ဝေဖန်ခြင်းရှိ၏၊ သို့သော် ပေါရာဏဋ္ဌကထာစရိယဝါဒ၌ကဲ့သို့ ဇောနှင့် စပ်၍ မဝေဖန်ဘဲ ဝိပါက်နှင့်
2.依速行——在古代义注师之说中,上等、中等、下等层次的人把同一所缘认作可意或不可意,并不是在果报识刹那如此认定,而是到了速行刹那才如此认定。因此,这种学说称为“依速行”,即依速行之力判定所缘可意或不可意之说。在古代义注师之说中,对于中等层次的有情,承认可以把一个所缘分别判定为可意或不可意;诡辩者之说则不承认有这种分别。3.依果报——在三藏小无畏长老之说中,也承认一个所缘本身有可意性或不可意性可供分别判定;但它不像古代义注师之说那样联系速行来判断,而是联系果报
စပ်၍သာ ဝေဖန်ထား၏၊ ဣဋ္ဌာရုံ၌ ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ခွင့် ရှိကြ၏၊ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ခွင့် ရှိကြ၏။
来判断。在可意所缘上,只能生起善果报的五识、领受、推度和彼所缘;在不可意所缘上,只能生起不善果报的五识、领受、推度和彼所缘。
ကုသလဝိပါက်ဝိညာဏ်တို့၏ အာရုံကား ဣဋ္ဌာရုံတည်း။ အကုသလဝိပါက်ဝိညာဏ်တို့၏ အာရုံကား အနိဋ္ဌာရုံ တည်း။ --- ဤသို့လျှင် ပေါရာဏဋ္ဌကထာစရိယဝါဒ၌ကဲ့သို့ ဇောနှင့် စပ်၍ မဝေဖန်ဘဲ ဝိပါက်နှင့် စပ်၍ ဝေဖန်ခြင်း သည်သာ ပေါရာဏဋ္ဌကထာစရိယဝါဒမှ ထူးသည်။
善果报识的所缘是可意所缘;不善果报识的所缘是不可意所缘。由此可见,这一学说不同于古代义注师之说的唯一要点,就是不联系速行作分别,而联系果报作分别。
အရှင်မဟာဗုဒ္ဓဃောသ နှစ်ခြိုက်သောဝါဒ
大觉音长老所赞同的学说
ထိုသုံးမျိုးတို့တွင် အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်လည်း တိပိဋကဓရ စူဠအဘယမထေရ်မြတ်- ကြီး၏ဝါဒကို ပို၍ သဘောကျပုံရ၏။ အဘယ်ကြောင့်နည်း ဟူမူ --- ယထာ စေတ္ထ၊ ဧဝံ သဗ္ဗတ္ထ --- ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ-ဋ္ဌ-၁-၂၆ဝ။) = အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း အကြင် အကြင် ထေရဝါဒကိုလည်းကောင်း နောက်ဆုံး ထား၍ ဖွင့်ဆိုထား၏၊ ထိုထို နောက်ဆုံးထား၍ ဖွင့်ဆိုထားသော ဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သား ထိုက်၏။ --- ဟု ပါရာဇိကဏ် အဋ္ဌကထာ ဒုတိယပါရာဇိက ပဒဘာဇနီယဝဏ္ဏနာ၌ ဆိုခဲ့သောကြောင့်ပင် ဖြစ်၏။
在上述三种学说中,大觉音长老(Mahābuddhaghosa)似乎较为赞同三藏小无畏长老之说“如此处一样,在一切处,凡某一义注之说或长老之说被置于最后说明,该说就应当视为准则。”(《律藏义注》1-260。)《波罗夷义注》第二波罗夷的词句解释中有此说:凡某一义注之说或长老之说被置于最后说明,就应当把该后说视为准则。正因如此,大觉音长老看来较为赞同后说。
မူလဋီကာဆရာတော်ကလည်း --- ဝိပါကံ ပန ကတ္ထစိ န သက္ကာ ဝဉ္စေတုန္တိ ဝိပါကဝသေန ဣဋ္ဌာနိဋ္ဌာရမ္မဏဝဝတ္ထာနံ သုဋ္ဌု ဝုတ္တံ။ (မူလဋီ- ၂-၈။)။ ဝိပါကဝသေန သုန္ဒရံ ဝုတ္တန္တိ ဝိပါကဝသေန တိပိဋကစူဠာဘယတ္ထေရေန ဝုတ္တံ သုန္ဒရံ၊ ရုစိဝသေန ဇဝနဝသေန ဝုတ္တံ န သုန္ဒရန္တိ အဓိပ္ပါယော။ --- မဓု။
“因为果报在任何情况下都不可能被扭曲,所以依果报分别确定可意与不可意所缘,乃是善说。”(《根本复注》2“‘依果报而说得好’,意思是三藏小无畏长老依果报所说的是善说;依喜好、依速行所说的则不是善说。”——《蜜复注》。
原书第 315 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း = မည်သည့် အာရုံ၌မဆို ဝိပါက်ဝိညာဏ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းပေ။ ထိုကြောင့် ဝိပါက် ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ပိုင်းခြား သတ်မှတ် ဆုံးဖြတ်ခြင်းသည် ကောင်းစွာ ဖွင့်ဆို အပ်သော စကားဖြစ်ပါပေ၏။ --- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထား၏။ သို့အတွက် မူလဋီကာဆရာတော် အရှင် အာနန္ဒာ မထေရ်မြတ်သည်လည်း ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့် အာရုံတစ်ခုကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ဆုံးဖြတ်ခြင်းကို ပို၍ နှစ်ခြိုက်တော်မူပုံ ရပေသည်။ အလိုအကြိုက်၏ အစွမ်းဖြင့် ဇော၏ အစွမ်းဖြင့် ဆုံးဖြတ် ခြင်းကိုကား နှစ်ခြိုက်ပုံ မပေါ်ပေ။
也就是说:无论面对哪一种所缘,果报识都不可能被扭曲;所以唯依果报识之力分别、划定、判决可意所缘与不可意所缘,确实是善说——《根本复注》如此解释。因此,《根本复注》作者阿难长老看来也较为赞同依果报识之力把一个所缘判定为可意或不可意;至于依喜好之力、依速行之力作判定,他似乎并不赞同。
သိနိုင်ခဲသော အရာ
难知之事
ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အသင်သူတော်ကောင်းအဖို့ကား အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ တို့သည် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြသည် သို့မဟုတ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြသည် ဟူသော အချက်ကို၊ မိမိသိမ်းဆည်းလိုက်သော ဉာဏ်ဖြင့် ပိုင်းခြားယူလိုက်သော ဝိပါက်ဝိညာဏ်တို့၌ ပါဝင် တည်ရှိကြသော စိတ်စေတသိက် သမ္ပယုတ်တရားစုတို့၏ အရေအတွက် အမျိုးအစားကို ကြည့်ခြင်းဖြင့်၊ သိနိုင် ခွင့်ကား ရှိပေ၏။ သို့သော် ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသေးသော ပညာမျက်စိကာဏ်းနေသေးသော အန္ဓဗာလ ပုထုဇန် ငမိုက်သား အဖို့ကား အာရုံတစ်ခုနှင့် တွေ့ကြုံခိုက်ဝယ် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်သွားကြ သည် သို့မဟုတ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်သွားကြသည်ဟူသော ဤအချက်ကိုကား သိဖို့ရန် မိုး
对于能够以摄取之智,把色法与名法分别把握到智见抵达究竟法的贤者来说,在遇到一个所缘时,可以通过查看自己以智摄取、分别出来的那些果报识中所含心与心所相应法的数量和类别,来知道五识、领受、推度与彼所缘究竟是善果报识,还是不善果报识。然而,对于尚无究竟智之慧眼、慧眼仍盲的盲愚凡夫来说,在遇到一个所缘时,要知道当下生起的是善果报识还是不善果报识,仍然有如天
နှင့် မြေကြီးပမာ အလွန်အလှမ်းကွာလျက်ပင် ရှိနေ၏။ သို့သော် ဤအရာ၌ ကုသလဝိပါက် အကုသလဝိပါက် ဖြစ်မှုကို မိမိကိုယ်တိုင် သိမှုက လိုရင်း မဟုတ်ပါ။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်ဝိညာဏ်များ ဖြစ်၍ အနိဋ္ဌာရုံ၌ အကုသလဝိပါက်ဝိညာဏ်များသာ ဖြစ်သည်ဟူသော ဤအချက်ကသာ ဣဋ္ဌ အနိဋ္ဌ ဆုံးဖြတ်ရာ၌ လိုရင်းပဓာန ဖြစ်သည်ဟု မှတ်ပါလေ။
与地一般遥不可及。但在这里,亲自知道它是善果报还是不善果报,并不是要点。判断可意与不可意时,真正首要的是:对于可意所缘生起善果报识,对于不可意所缘只生起不善果报识。应当这样理解。
မိမိကိုယ်တိုင်သိခြင်းကား နာမရူပပရိစ္ဆေဒဉာဏ် ရရှိရေးနှင့်သာ သက်ဆိုင်ပေသည်။
亲自证知这一点,只与获得名色分别智有关。
သညာဝိပလဒာသကြောင့်သာ မဟုတ်သေး
尚不只是由于想颠倒
ဤသို့ မရောယှက်အောင် ခွဲခြားသတ်မှတ် ဆုံးဖြတ်ထားအပ်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံကို --- ၁။ ဣဋ္ဌကို အနိဋ္ဌဟူ၍လည်းကောင်း ၂။ အနိဋ္ဌကို ဣဋ္ဌဟူ၍လည်းကောင်း --- ဤသို့ စွဲယူခြင်း၌ သညာ၏ ဖောက်ပြန်ခြင်း သညာဝိပလဒာသ သက်သက်သည်သာလျှင် အကြောင်းတရား ဖြစ်ရသည် မဟုတ်သေး။
对于如此清楚分别、判定的可意所缘与不可意所缘,人有时会:一、把可意认作不可意;二、把不可意认作可意。造成这种执取的原因,并不只有想的错乱——想颠倒。
၁။ ဆောင်းအခါ၌ သီတတေဇောဟူသော အအေးဓာတ်လွန်ကဲခြင်း၊ နွေအခါ၌ ဥဏှတေဇောဟူသော အပူ ဓာတ်လွန်ကဲခြင်း၊ သလိပ်သည်းခြေ စသော ဓာတ်တို့၏ ဖောက်ပြန်ခြင်းဟူသော ဓာတုက္ခောဘ = ဓာတ် ချောက်ချားခြင်း၏ အစွမ်းကြောင့်လည်းကောင်း၊ ၂။ မျက်စိမှုန်၍၊ နားထိုင်း၍၊ ဃာနစသည် ပျက်၍၊ အိုမင်းမစွမ်းဖြစ်၍ စက္ခုစသော ဣန္ဒြေတို့၏ ဖောက်ပြန် ခြင်းသို့ရောက်ခြင်း စသော အကြောင်းတရားတို့ကြောင့်လည်းကောင်း --- (က) ဣဋ္ဌာရုံကိုလည်း အနိဋ္ဌာရုံဟု ထင်တတ်၍ ( ခ ) အနိဋ္ဌာရုံကိုလည်း ဣဋ္ဌာရုံဟု ထင်တတ်ရကား ---
一、由于冬季冷火界过强、夏季热火界过强,以及痰、胆汁等诸界失调,即所谓诸界扰动(dhātukkhobha);二、由于视力昏花、耳聋、嗅觉等受损、年老衰弱而使眼等诸根发生变异,等等。因为这些原因,也会(甲)把可意所缘看成不可意所缘,(乙)把不可意所缘看成可意所缘,因此,
原书第 316 页
ကုသလဝိပါက် အကုသလဝိပါက်များ အမျိုးမျိုး ဖြစ်ရပြန်သည်။ သို့အတွက် ယင်းဓာတ်ချောက်ချားခြင်း ဣန္ဒြေချို့တဲ့ခြင်း စသော အကြောင်းတရားတို့သည်လည်း ဣဋ္ဌာရုံကို အနိဋ္ဌာရုံဟု၊ အနိဋ္ဌာရုံကို ဣဋ္ဌာရုံဟု စွဲယူ ရာ၌ အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။
善果报与不善果报也会随之有种种不同。因此,界扰动、诸根缺损等原因,也都是把可意所缘认作不可意所缘、把不可意所缘认作可意所缘的原因。
ထင်ရှားစေအံ့ --- ရေအေးသည် နွေကာလဝယ် နေပူရှိန်၏ ဒဏ်ချက်ကို ခံနေရသူတို့အတွက် ကုသလ ဝိပါက်ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရားဖြစ်၏။ ထိုပုဂ္ဂိုလ်အဖို့ ယင်းရေအေးသည် ကောင်း- သော အတွေ့အထိ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။
举例来说:在夏季,正受烈日炎热逼迫的人接触冷水时,冷水成为善果报身识生起的原因。对这个人而言,冷水是触感良好的可意触所缘。
တစ်ဖန် ယင်းရေအေးသည်ပင် ဆောင်းကာလဝယ် အအေးဓာတ်၏ ဒဏ်ချက်ကို လွှမ်းမိုးခံနေရသူတို့ အတွက် အကုသလဝိပါက် ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်ရပြန်၏။ ထိုပုဂ္ဂိုလ်အတွက် ယင်းရေအေးသည် အလွန်အေးနေသည့် အခါဝယ် မကောင်းသော အတွေ့အထိ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေပြန်၏။
然而,同样的冷水在冬季,对于正受寒冷逼迫的人,却会成为不善果报身识生起的原因。对这个人而言,当冷水过于寒冷时,它便是触感不好的不可意触所缘。
အလွန်နူးညံ့သော လဲဝါဂွမ်း၏ အတွေ့အထိသည် အနာ၌ တို့ထိလိုက်သော် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်ရ၏၊ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်၏ အကြောင်းတရား ဖြစ်ရ၏၊ ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အနာ၌ အလိုမရှိအပ်သော အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။
极其柔软的木棉,若触及伤口,便会成为痛苦之因,成为苦俱不善果报身识之因;木棉的触感,在伤口处是不想要的不可意触所缘。
သို့သော် ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အနာမရှိသူ၌ ချမ်းသာကြောင်းတရား ဖြစ်ရပြန်၏၊ ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်ရပြန်၏။ ထိုပုဂ္ဂိုလ်အတွက် ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အလိုရှိအပ်သော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေပေသည်။ အလွန်နုနယ်သော နူးညံ့သော လက်ဖြင့် ဆုပ်နယ်ပေးခြင်းသည်လည်း အဆုပ်နယ်ခံရသူ၌ ချမ်းသာသုခကို ဖြစ်စေ၏၊ ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်ကို ဖြစ်စေ၏။ ဣဋ္ဌာရုံ ဖြစ်နေသောကြောင့်တည်း။ ထိုအလွန်နုနယ်သော နူးညံ့သော လက်ဖြင့်ပင် သူတစ်ပါးအား ပါးစသည်ကို ရိုက်ပုတ်လိုက်ခြင်းသည် ဆင်းရဲဒုက္ခကို ဖြစ်စေ၏။ အကု- သလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကို ဖြစ်စေ၏။ ပါးရိုက်ခံရသူအတွက် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။
可是,同样的木棉触感,对没有伤口的人却成为安乐之因,成为乐俱善果报身识生起之因。对这个人而言,这种触感是想要的可意触所缘。以极其细嫩柔软的手按摩,也会令受按摩者感到安乐,生起乐俱善果报身识,因为这是可意所缘。反过来,以同一只细嫩柔软的手掌掴他人的脸,却会造成痛苦,生起苦俱不善果报身识;对挨打者而言,这是不可意触所缘。
ထိုကြောင့် ဝိပါက်၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ခွဲခြားသတ်မှတ် ဆုံးဖြတ်သော တိပိဋက စူဠာဘယထေရ်၏ ဝါဒသည် သင့်မြတ်လှပေ၏။ (မူလဋီ-၂-၁ဝ။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဣဋ္ဌ အနိဋ္ဌ ခွဲခဏ်းကို ရည်ရွယ်၍ ရှေးဆရာမြတ်တို့သည် ''ဝိပါက် အမှန်၊ ဇော အပြန်''ဟု ပြောစမှတ်ပြုကြသည်။ ဣဋ္ဌာရုံဖြစ်လျှင် ကုသလဝိပါက် အမှန်ဖြစ်၏၊ အနိဋ္ဌာရုံဖြစ်လျှင် အကုသလဝိပါက် အမှန်ဖြစ်၏၊ ဇောကား ဣဋ္ဌာရုံပင် ဖြစ်စေကာမူ သညာဝိပလဒာသကြောင့် သောမနဿဇော မစောဘဲ ဒေါသဇောလည်း စောတတ်၏၊ အနိဋ္ဌာရုံပင် ဖြစ်စေကာမူ ဒေါသဇော မစောဘဲ သောမနဿဇောလည်း စောတတ်၏။ ဤသို့ အာရုံအလိုက် ဝိပါက်စိတ်ဖြစ်ပုံက မှန်၍ ဇောစိတ်ဖြစ်ပုံက မမှန်သောကြောင့် ယင်းသို့ မှန်မှု မမှန်မှုကို ရည်ရွယ်လျက် ''ဝိပါက်အမှန် ဇောအပြန်''ဟု ဆိုစမှတ် ပြုတော်မူကြသည်။
因此,三藏小无畏长老依果报来分别、判定所缘为可意或不可意的学说,是很恰当的。(《根本复注》2-10。)针对以上义注与复注对可意、不可意的区分,古代诸大德留下了这样一句口诀:“果报为准,速行可反。”所缘若可意,果报必为善果报;所缘若不可意,果报必为不善果报。可是速行方面,即使所缘可意,也可能由于想颠倒,不生悦受速行,反而生起嗔速行;即使所缘不可意,也可能不生嗔速行,反而生起悦受速行。果报心依所缘而生的方式如实不误,速行心的反应却可能相反;古德正是针对这一如实与相反之别,才说“果报为准,速行可反”。
ဒွါရ၏ အစွမ်းဖြင့် ဣဋ္ဌ-အနိဋ္ဌ ခွဲပုံ
依门区分可意与不可意
ထိုမှတစ်ပါး ဒွါရ၏ အစွမ်းဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို သိသင့်ပေသည်၊ ပျော့ပျော့ပြောင်းပြောင်း အတွေ့ကောင်းသော မစင်သည် စက္ခုဒွါရ ဃာနဒွါရတို့၌ အလိုမရှိအပ်သော အနိဋ္ဌာရုံသာတည်း။ (ယင်းမစင်ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်သောအခါ နူးနူးညံ့ညံ့ ကောင်းသော အတွေ့ ဖောဋ္ဌဗ္ဗာရုံ ဖြစ်ခြင်းကြောင့်) ကာယ ဒွါရ၌ကား ဣဋ္ဌာရုံတည်း။ စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာဖြင့် အပေါက်ခံရသူ၊ ရွှေတံကျင်၌ အလျှိုခံရသူ
此外,也应当知道如何依门来判别可意与不可意。质地柔软、触感柔和的粪便,在眼门和鼻门是不想要的不可意所缘;〔用手试触时,因为它具有柔软良好的触感,〕在身门却是可意所缘。至于被转轮王的红宝石打穿、被金钎刺穿的人,
原书第 317 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း တို့အဖို့ ယင်းပတ္တမြားရတနာ ရွှေတံကျင်တို့သည် စက္ခုဒွါရ၌ ဣဋ္ဌာရုံတို့ ဖြစ်ကုန်၏၊ ခံရသူ၏ ကာယဒွါရ၌ကား အနိဋ္ဌာရုံတို့သာ ဖြစ်ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ --- ကြီးစွာသော ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သောကြောင့် တည်း။ ဤသို့လျှင် ဣဋ္ဌ အနိဋ္ဌ သဘောကို ဧကန်အားဖြင့် ဝိပါက်စိတ်၏ အစွမ်းဖြင့်သာလျှင် ပိုင်းခြားအပ်၏ဟု သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၁ဝ-၁၁။) ဤသို့လျှင် ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို --- ၁။ အလတ်စားပုဂ္ဂိုလ်၏ အလိုအားဖြင့်လည်းကောင်း၊ ၂။ ဝိပါက်စိတ်၏ အစွမ်းအားဖြင့်လည်းကောင်း၊ ၃။ ဒွါရအားဖြင့်လည်းကောင်း၊ ၄။ ဆောင်းကာလ နွေကာလ စသော အချိန်ကာလအားဖြင့်လည်းကောင်း - အမျိုးမျိုး ခွဲခြားရမည်ဟု သိရှိပါလေ။
那些红宝石与金钎,在眼门是可意所缘,对承受者的身门却只是不可意所缘。为什么?因为它们会造成巨大的痛苦。由此应知,可意与不可意的性质,最终唯应依果报心来区分。(《殊胜义注》2-10—11。)综上所述,可意与不可意应当依多种方式区分:一、依中等层次之人的意愿;二、依果报心;三、依门;四、依冬季、夏季等时间条件。