一项不可估量的裁断准则
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 280–282 页 · 21 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 280 页
တန်ဖိုးမဖြတ်နိုင်သော ဖြတ်ထုံးတစ်ရပ်
一项不可估量的裁断准则
အာစရိယဓမ္မပါလ --- ဟု သာသနာတော်က ရိုသေစွာ ခေါ်ဝေါ်သုံးစွဲထားတော်မူသော ဆရာတော်အရှင်- ဓမ္မပါလမထေရ်မြတ်ကြီးက ဤအရာတွင် အထက်ပါ အဋ္ဌကထာအဖွင့်နှင့် ပတ်သက်၍ ဝိပဿနာနယ်တွင်း တန်ဖိုးမဖြတ်နိုင်သော ဖြတ်ထုံးတစ်ရပ်ကို အောက်ပါအတိုင်း မိမိ၏မဟာဋီကာတွင် ချမှတ်သွားတော်မူပေသည်။
佛教界恭称为“阿阇梨法护大长老”的这位尊者,在这里针对上述义注的解释,于自己的《大复注》中为观禅领域立下了如下这项不可估量的裁断准则。
သဗ္ဗေပိ တေဘူမကေ ဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတီတိ ဧတ္ထ ကိဉ္စာပိ သဗ္ဗ သဒ္ဒေါ အနဝ- သေသပရိယာဒါယကော၊ နာမရူပဘာဝေါ ပန အညမညဝိဓုရောတိ န တဒုဘယံ သမုဒါယဝသေန ပရိသမာ- ပယေတဗ္ဗံ၊ တသ္မာ ''ယဒေတ္ထ နမနလက္ခဏံ၊ တံ နာမံ။ ယံ ရုပ္ပနလက္ခဏံ၊ တံ ရူပ''န္တိ ဧဝံ ဝဝတ္ထပေတီတိ အတ္ထော။ ဧဝံ ဝဝတ္ထပေန္တောယေဝ စ တဒုဘယဝိနိမုတ္တဿ တေဘူမကဓမ္မေသု ကဿစိ ဓမ္မဿ အဘာဝတော ''သဗ္ဗေပိ တေဘူမကေဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတီ''တိ ဝုစ္စတိ။ ''နာမဉ္စ ရူပဉ္စာ''တိ ဧတေနေဝ တဿ ဒုဝိဓဘာဝေ သိဒ္ဓေ ''ဒွေဓာ ဝဝတ္ထပေတီ''တိ ဣဒံ နာမရူပဝိနိမုတ္တဿ အညဿ အဘာဝဒဿနတ္ထံ။
“在‘把一切三地法分别确定为名与色两类’这句话中,‘一切’一词虽能总摄无余,但名与色的性质彼此迥异,所以不可把二者合为一个总集而作结。因此,其意是:‘其中凡以趋向所缘为特相者,就是名;凡以变坏为特相者,就是色。’他如此分别确定时,由于三地法中并没有任何法离开这两类,所以说:‘把一切三地法分别确定为名与色两类。’仅以‘名与色’一语,虽已成立其二分之性,但又说‘分别确定为两类’,是为了显示:并不存在离开名色的其他任何法。”
တေနေဝါဟ ''နာမရူပမတ္တတော ဥဒ္ဓ''န္တိအာဒိ။ ''သဗ္ဗေပိ တေဘူမကေ ဓမ္မေ''တိ ပန သဗ္ဗဂ္ဂဟဏဉ္စေတ္ထ သမ္မ- သမနုပဂဿ ဓမ္မဿ အနဝသေသေတဗ္ဗတာယ ဝုတ္တံ။ တဥှိ အနဝသေသတော ပရိညေယျံ ဧကံသတော ဝိရဇ္ဇိ တဗ္ဗံ၊ တတော စ စိတ္တံ ဝိရာဇယံ ပမောစေတဗ္ဗံ။ တေနာဟ ဘဂဝါ ---
巴利引文(缅文转写):〔“တေနေဝါဟ ''နာမရူပမတ္တတော ဥဒ္ဓ''န္တိအာဒိ။ ''သဗ္ဗေပိ တေဘူမကေ ဓမ္မေ''တိ ပန သဗ္ဗဂ္ဂဟဏဉ္စေတ္ထ သမ္မ- သမနုပဂဿ ဓမ္မဿ အနဝသေသေတဗ္ဗတာယ ဝုတ္တံ။ တဥှိ အနဝသေသတော ပရိညေယျံ ဧကံသတော ဝိရဇ္ဇိ တဗ္ဗံ၊ တတော စ စိတ္တံ ဝိရာဇယံ ပမောစေတဗ္ဗံ။ တေနာဟ ဘဂဝါ ---”〕以下随文译释:“正因如此,〔《清净道论》〕才说‘在仅有名色之外……’等语。这里在‘一切三地法’中总摄‘一切’,是因为适合安立三相而作观禅思惟的法,一法也不可遗漏。因为必须无余遍知这一切,必定要对它离贪;还必须使心对它离贪,从其中解脱。因此,世尊说——”
''သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ (တတ္ထ စိတ္တံ)
巴利经文(缅文转写):“''သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ (တတ္ထ စိတ္တံ)
အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။
အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။”译:“诸比丘,若对一切不证知、不遍知,〔不令心对它〕离贪,不舍断,便不可能尽苦。……”
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ (တတ္ထ စိတ္တံ)
巴利经文续(缅文转写):“သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ (တတ္ထ စိတ္တံ)
ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ''တိ။ (သံ-၂-၂၄၉-၂၅ဝ အပရိဇာနနသုတ္တန်။)
ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ''တိ။”译:“然而,诸比丘,若对一切证知、遍知,〔令心对它〕离贪并舍断,便能够尽苦。”(《相应部》2-249—250,《不遍知经》。)
(မဟာဋီ-၂-၃၅၈။)
(《大复注》2-358。)
ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ ''အဘိဇာန''န္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ''ပရိဇာန''န္တိ ဝစနေန တီရဏပရိညာ၊ ''ဝိရာဇယံ ပဇဟ''န္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ-ဋ္ဌ-၃-၆။) အထက်တွင် ဖော်ပြထားသော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ စကားရပ်၌ အဋ္ဌကထာဆရာတော်က --- သဗ္ဗေပိ တေဘူမကေ ဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ = အလုံးစုံလည်း ဖြစ်ကုန်သော ကာမ-ရူပ-အရူပ တည်းဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့ကို နာမ်တရားဟူ၍လည်းကောင်း ရုပ်တရားဟူ၍လည်းကောင်း (နာမ်တရား၊ ရုပ်တရား - ဟု) နှစ်ဖို့ နှစ်စု အားဖြင့် ပိုင်းခြား မှတ်သား၏။ --- ဤသို့ ဖွင့်ဆိုထားတော်မူ၏။
“如此,本经宣说了全部三种遍知:以‘证知’一词宣说知遍知,以‘遍知’一词宣说审察遍知,以‘离贪’与‘舍断’二词宣说断遍知。”(《相应部义注》3-6。)在上述《清净道论》的义注句中,义注师解释说:“သဗ္ဗေပိ တေဘူမကေ ဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ”,意思是:把存在于欲界、色界、无色界这三界中的一切三地法,分别确定为名法与色法(即名法、色法)两部分、两组。
ဤအဋ္ဌကထာ စကားရပ်၌ --- သဗ္ဗ = အလုံးစုံ = အကုန်လုံးဟူသော စကားကား အကြွင်းအကျန်မရှိ ကုန်စင်အောင် သင်္ခါရတရားအားလုံးကို သိမ်းကျုံးယူသော စကား ဖြစ်၏။ သို့သော် နာမ်နှင့် ရုပ်တို့ကား အချင်း- ချင်း ဝေးကွာသည့် သဘောရှိ၏။ (အတူယှဥ်တွဲ ဖြစ်ကြသည့် သမ္ပယုတ္တတရားများ မဟုတ်ကြ၊ မယှဥ်တွဲဘဲ ခွဲ၍သာ ဖြစ်ကြသော ဝိပ္ပယုတ္တတရားများ ဖြစ်ကြ၏။) ထိုကြောင့် ထိုနာမ်နှင့် ရုပ် နှစ်ပါးစုံကို တစ်ပေါင်း တစ်စု တည်း ပြု၍ အပေါင်းအစုအနေဖြင့် မသုံးသပ်ထိုက်ပေ၊ ထိုသို့ မသုံးသပ်ထိုက်ရကား --- ၁။ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော သဘောလက္ခဏာရှိသော တရားကား --- နာမ်၊ ၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား --- ရုပ် - ဤသို့ နှစ်ဖို့ နှစ်စု ပြု၍ ပိုင်းခြား မှတ်သားရ၏။ --- ဟု ဆိုလိုပေသည်။
在这段义注语句中,“သဗ္ဗ(sabba)=一切=全部”,是把一切行法总摄无余的词。不过,名与色在性质上彼此迥异;它们不是共同俱起的相应法,而是不相应、各别而生的法。因此,不应把名与色二者合并成一个总聚来审察。正因为不可这样审察,所以必须分别为两部分、两组而加以确定:1.以趋向所缘为自性特相的法,是名;2.以变坏为自性特相的法,是色。这就是此处的意思。
原书第 281 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဤသို့ ပိုင်းခြား မှတ်သားသော်သာလျှင် ထိုနာမ်ရုပ် နှစ်ပါးစုံမှ အလွတ်ဖြစ်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့၌ တစ်စုံတစ်ခုသော (အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ကဲ့သို့သော) တရားဓမ္မ၏ မရှိခြင်းကြောင့် --- အလုံးစုံလည်း ဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့ကို နာမ်တရား ရုပ်တရားဟု နှစ်ဖို့ နှစ်စု ပြု၍ ပိုင်းခြား မှတ်သား၏။--- ဟု အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။
只有如此分别确定,才能显示:在存在于三界中的三地法内,并没有任何离开名与色二者的法,例如所谓生命实体、灵魂实体、识实体、自我实体。正因为如此,义注师才解释说:“把存在于三界中的一切三地法,分别确定为名法与色法两部分、两组。”
''နာမဉ္စ ရူပဉ္စ'' = နာမ်တရား ရုပ်တရား ဟူသော ဤစကားရပ်ဖြင့်ပင်လျှင် ထိုနာမ်ရုပ်၏ နှစ်မျိုးကွဲပြားမှု ရှိသည်၏ အဖြစ်သည် ပြီးစီးပါသော်လည်း --- ဒွေဓာ ဝဝတ္ထပေတိ = နှစ်ဖို့ နှစ်စုအားဖြင့် ပိုင်းခြားမှတ်သား၏'' ဟူသော ဤစကားကို ထပ်၍ဆိုပြန်၏၊ ယင်းစကားရပ်ကို နာမ်ရုပ်မှ အလွတ်ဖြစ်သော (အသက်ကောင် လိပ်ပြာ ကောင် ဝိညာဏ်ကောင် အတ္တကောင် ကဲ့သို့သော) အခြားတစ်စုံတစ်ခုသော တရား၏ ဘုံသုံးပါးအတွင်း၌ ထင်ရှားမရှိသည်၏ အဖြစ်ကို ညွှန်ပြတော်မူခြင်းငှာ မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
仅以“နာမဉ္စ ရူပဉ္စ(名与色)”这句话,虽已充分成立名色分为两类,但原文又说“ဒွေဓာ ဝဝတ္ထပေတိ(分别确定为两部分、两组)”。之所以再次说这句话,是为了显示:三界中并不存在任何离开名色的其他法,例如所谓生命实体、灵魂实体、识实体或自我实体。
ထိုကြောင့်ပင်လျှင် နာမ်ရုပ်ထက် အပိုအလွန်ဖြစ်သော ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာသည် မရှိသည်သာတည်းဟု ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်၏ --- ဤသို့လည်း မိန့်ဆိုခြင်း ဖြစ်၏။
所以又说:由此便能得出裁断——在名色之外,并没有另外的补特伽罗、有情、生命、自我、人、天或梵天。
တစ်ဖန် --- သဗ္ဗေပိ တေဘူမကေ ဓမ္မေ = တေဘူမကဓမ္မ --- အကုန်လုံးဟူသော ဤစကားရပ်၌လည်း သဗ္ဗ = အကုန်လုံး - ဟု ဤစကားရပ်ကိုယူ၍ ပြောဆိုခြင်းမှာ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်သော = သမ္မသမနုပဂ္ဂဓမ္မ၏ မကြွင်းမကျန်စေလိုသည့် အတွက်ကြောင့် မိန့်ဆိုခြင်း ဖြစ်၏။
再者,在“သဗ္ဗေပိ တေဘူမကေ ဓမ္မေ(全部三地法)”这句话中,之所以使用“သဗ္ဗ(全部)”一词,是为了使一切适合安立无常、苦、无我三相而观修、审察的法——即 `sammasanūpaga-dhamma`——不被遗漏。
မှန်ပေသည် --- ထိုဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမကဓမ္မကား အကြွင်းအကျန်မရှိ ကုန်စင် အောင် ပိုင်းခြားသိရမည့် တရားလည်းဖြစ်၏၊ အကယ်စင်စစ်အားဖြင့် ထိုတေဘူမကဓမ္မ အပေါ်၌ တွယ်တာ တပ်မက်နေသည့် တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင်လည်း ကျင့်ရမည် ဖြစ်၏၊ ထိုတေဘူ- မကဓမ္မမှလည်း မိမိ၏ စိတ်ကို တွယ်တာတပ်မက်နေသည့် တဏှာကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်ခြင်းဖြင့် လွတ်မြောက်စေရမည် ဖြစ်၏။ ထိုကြောင့် ဘုရားရှင်ကိုယ်တော်တိုင်က အောက်ပါအတိုင်း ဟော- ကြားထားတော်မူခဲ့၏။
确实如此。存在于三界中的三地法,是必须分别遍知无余的法;对于执著、贪恋这些三地法的爱,也必须修习到令它断绝、撤除、止息;并且必须借由这样修习,使自己的心从对这些三地法的执著与贪恋中解脱。因此,佛陀亲自作了如下开示。
''ရဟန်းတို့ …အလုံးစုံသော ရုပ်နာမ်ကို --- ၁။ ဉာတပရိညာ ပညာဖြင့် ထိုးထွင်း မသိခဲ့သော် - ၂။ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့သော် - ၃။ ပဟာနပရိညာ ပညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် - သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။
“诸比丘……对于一切名色:1.若未以知遍知之慧洞彻知;2.若未以审察遍知之慧分别知;3.若未能以断遍知之慧修习到令执著、贪恋这一切名色的爱断绝、撤除、止息,未能将它舍断——便不能尽除轮回之苦。……”
ရဟန်းတို့ …စင်စစ်သော်ကား အလုံးစုံသော ရုပ်နာမ်ကို --- ၁။ ဉာတပရိညာ ပညာဖြင့် ထိုးထွင်းသိခဲ့သော် - ၂။ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့သော် - ၃။ ပဟာနပရိညာ ပညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် - သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏။ (သံ-၂-၂၄၉-၂၅ဝ။)
“诸比丘……然而,事实上,对于一切名色:1.若已以知遍知之慧洞彻知;2.若已以审察遍知之慧分别知;3.若能以断遍知之慧修习到令执著、贪恋这一切名色的爱断绝、撤除、止息,并能将它舍断——便能够尽除轮回之苦。”(《相应部》2-249—250。)
原书第 282 页
ဤအဆုံးအဖြတ်ကား သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန်ကို ကိုးကား၍ ဆုံးဖြတ်ထားသော မဟာဋီကာ၏ အဆုံးအဖြတ်ပင်တည်း။
这项裁断,正是《大复注》依据《相应部·六处品相应》中的《不遍知经》而作出的裁断。
၁။ ရုပ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို ၂။ နာမ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို ၃။ ရုပ်ဘက်ကလည်း ရုပ်ဓာတ် တစ်လုံးလောက်ကို နာမ်ဘက်ကလည်း နာမ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို --- ဤအဆို (၃)ရပ်တို့သည် အထက်ပါ မဟာဋီကာတို့၏ အဆုံးအဖြတ်နှင့်ကား ဖြောင့်ဖြောင့်ကြီး ဆန့်- ကျင်ဘက် စကားတို့သာ ဖြစ်နေကြ၏။ မျဥ်းဖြောင့် တစ်ကြောင်းပေါ်၌ ကျောချင်းခိုင်းလျက် တည်နေသော အဆိုအမိန့်တို့ ဖြစ်နေကြ၏။ သို့သော် တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော် မွန်သည်ကား အပရိဇာနနသုတ္တန်ဟူသော ဘုရားဟော မုခပါဌ်တော်ကြီးကို ဦးထိပ်ရွက် ပန်ဆင်လျက် ဆုံးဖြတ် ထားတော်မူသော မဟာဋီကာ ဆရာတော်၏ အဆုံးအဖြတ်ကိုကား ကျောမခိုင်းသင့်ပေ။ 〔ပရိညာပညာ (၃)
以下三种主张是:1.只对一个色法修观,就能够证得涅槃;2.只对一个名法修观,就能够证得涅槃;3.色法方面只观一个色法,名法方面也只观一个名法,就能够证得涅槃。这三种主张与上述《大复注》的裁断正面相反,简直如同在同一条直线上背向而立。可是,渴求真实正法的贤者,不应背向《大复注》论师所作的裁断;那项裁断顶戴着佛陀在《不遍知经》中亲口宣说的圣言而立。〔三种遍知之慧
မျိုးကို ကောင်းသော ည တစ်ည = ဘဒ္ဒေကရတ္တသုတ္တန်ပိုင်းတွင် ရှင်းလင်းခဲ့ပြီး ဖြစ်ပေသည်။〕〕〕
已在“善妙的一夜”,即《一夜贤者经》部分说明过。〕