名业处简略摄取法
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 268–273 页 · 35 个翻译单元
本页并入了原书的相邻小节:名业处详细摄取法、把握以名法为所缘而生的名法。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 268 页
နာမ်ကမ္မဋ္ဌာန်း အကျဥ်းသိမ်းဆည်းနည်း
名业处简略摄取法
လွယ်ကူရာ ဓမ္မာရုံလိုင်းမှ စ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဖော်ပြခဲ့ပြီး ဖြစ်၏။ ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားများကို သိမ်းဆည်းပုံကိုလည်းကောင်း၊ အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စု နာမ်တရားများကို သိမ်းဆည်းပုံကိုလည်းကောင်း ဓမ္မာရုံလိုင်းမှ စ၍ ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်းဟု (၆)လိုင်းလုံး ဖော်ပြခဲ့ပြီးဖြစ်၏။ အလွယ်မှ အခက်သို့ ပြောင်း၍ သိမ်းဆည်းမှုလုပ်ငန်း အောင်မြင်သောအခါ --- ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံ လိုင်း ဓမ္မာရုံလိုင်းဟု အစဥ်အတိုင်းသာ နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
本书已经从较容易的法所缘线开始,说明摄取名法的方法;也已经从法所缘线开始,依次说明如何摄取含有善速行的善组名法,以及含有不善速行的不善组名法,直至色所缘线、声所缘线、香所缘线、味所缘线与触所缘线,六条线均已讲完。当这种从易到难的摄取工作取得成功以后,应再依正常次序——色所缘线、声所缘线、香所缘线、味所缘线、触所缘线、法所缘线——重新摄取这些名法。
ထိုသို့ သိမ်းဆည်းရှုပွားရာ၌ အကုသိုလ်ဇောများ ပါဝင်ကြသည့် မကောင်းအုပ်စုချည်းသက်သက် (၆) လိုင်းလုံး ကုန်စင်အောင် ဆက်တိုက် သိမ်းဆည်းဖန်များလာသောအခါ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့၌ အလင်း ရောင်များ မှိန်သွားတတ်၏၊ ရုပ်ကလာပ်များကို မသဲမကွဲ တွေ့မြင်နေတတ်၏၊ သို့မဟုတ် ရုပ်ကလာပ်များကိုပင် ရှု၍မရ ဖြစ်လာတတ်၏၊ အကုသိုလ်တရားတို့ကို ရှုရဖန်များလာသဖြင့် စိတ်ဓာတ်လည်း မကြည်မလင် ဖြစ်လာ တတ်၏။ ထိုအခါတွင် ကမ္မဋ္ဌာန်းမှ လျှောကျသွားတတ်၏၊ ကမ္မဋ္ဌာန်းအာရုံလည်း ပျောက်ပျက်သွားတတ်၏။
如此摄取、观修时,若屡次把六条线中只含不善速行的不善组连续观修无余,有些瑜伽行者的光明会变暗,色聚会显得模糊不清,甚至可能无法再观见色聚;由于反复观修不善法,心也可能变得不明净。此时便可能从业处退失,业处所缘也可能消失。
သို့အတွက် (၆)လိုင်းလုံး၌ နာမ်တရားတို့ကို သိမ်းဆည်းနိုင်သော ဤအဆင့်မျိုးတွင် တစ်လိုင်း တစ်လိုင်း၌ ကု- သိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု၊ အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စုတို့ကို တစ်ဆက် တည်း သိမ်းဆည်းရှုပွားခြင်းက ပို၍ ကောင်းမွန်သည်ကို တွေ့ရ၏။ သိမ်းဆည်းမှု ကျွမ်းကျင်လာသည်နှင့် အမျှ ဘာဝနာဉာဏ်စွမ်းအား ကြီးမားလာသဖြင့် လင်းရောင်ခြည်၏ စွမ်းအင်မှာလည်း ပြည့်ဝလာတတ်ပေသည်။
因此,到了能够摄取六条线全部名法的这一阶段,实践表明,在每一条线中把含善速行的善组与含不善速行的不善组前后相接地摄取、观修,会更为妥当。随着摄取逐渐熟练,修习智的力量增强,光明的力量也会日益充足。
ဓမ္မာရုံလိုင်းတွင် ပသာဒရုပ် (၅)ပါး၊ သုခုမရုပ် (= သိမ်မွေ့သောရုပ်) (၁၆)ပါးတို့ ပါဝင်ကြ၏။ သို့အတွက် --- ရူပါရုံလိုင်း၊ သဒ္ဒါရုံလိုင်း၊ ဂန္ဓာရုံလိုင်း၊ ရသာရုံလိုင်း၊ ဖောဋ္ဌဗ္ဗာရုံလိုင်း၊ ဓမ္မာရုံလိုင်း ဟူသော (၆)လိုင်းကို ပေါင်းလိုက်သော် ရုပ် (၂၈)ပါးကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပုံ ပြီးစီးပြီ
法所缘线包含五种净色与十六种细色。因此,把色所缘线、声所缘线、香所缘线、味所缘线、触所缘线、法所缘线这六条线合起来,摄取那些取二十八种色法为所缘而生起之名法的方法,至此已告
原书第 269 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဖြစ်ပေသည်၊ အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်လည်း ဖြစ်၏၊ နာမ်ကမ္မဋ္ဌာန်း အကျဥ်း သိမ်းဆည်းနည်းလည်း ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်းလမ်းစဥ်မှ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းပုံ လည်း ဖြစ်၏။ ဤသိမ်းဆည်းပုံစနစ်ကို ဇယားဖြင့် အကျဥ်းချုပ်၍ ထပ်မံ ဖော်ပြအပ်ပါသည်။
完成。这也是依处门摄取名法的方法,是名业处的简略摄取法,也是由界业处简略次第进入名业处的摄取法。现将这一摄取体系再以表格略作总结。
原书第 270 页
(၆) လိုင်းဇယား အချုပ် (ရုပ်ပိုင်း)
六线总表(色法部分)
၁။ ရူပါရုံလိုင်း ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု အကုသိုလ်ဇော စောသည့် မကောင်းအုပ်စု ၂။ သဒ္ဒါရုံလိုင်း ။ ။
1.色所缘线|含善速行的善组|含不善速行的不善组;2.声所缘线|含善速行的善组|含不善速行的不善组
၃။ ဂန္ဓာရုံလိုင်း ။ ။
3.香所缘线|含善速行的善组|含不善速行的不善组
၄။ ရသာရုံလိုင်း ။ ။
4.味所缘线|含善速行的善组|含不善速行的不善组
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း ။ ။
5.触所缘线|含善速行的善组|含不善速行的不善组
၆။ ဓမ္မာရုံလိုင်း ။ ။
6.法所缘线|含善速行的善组|含不善速行的不善组
(က) ရုပ်အစစ် (၁ဝ/၁၁) ။ ။
(甲)十/十一种真实色法|含善速行的善组|含不善速行的不善组
( ခ ) ရုပ်အတု (၁ဝ) ။ ။
(乙)十种非真实色法|含善速行的善组|含不善速行的不善组
(ဂ) ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ - အကောင်းအုပ်စုသက်သက် ဇယား
(丙)法所缘线——意门心路——纯善组表
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် သဟိတ်တဒါရုံ (၂) အဟိတ်တဒါရုံ (၂)
意门转向|速行(7次)|有因彼所缘(2次)|无因彼所缘(2次)
၁။ သမ္မာဝါစာ ၁၂ ၃၅/၃၄/၃၄/၃၃ ၃၄/၃၃/၃၃/၃၂ ၁၂/၁၁/၁၁ ၂။ သမ္မာကမ္မန္တ ။ ၃၅/၃၄/၃၄/၃၃ ၃၄/၃၃/၃၃/၃၂ ၁၂/၁၁/၁၁ ၃။ သမ္မာအာဇီဝ ။ ၃၅/၃၄/၃၄/၃၃ ၃၄/၃၃/၃၃/၃၂ ၁၂/၁၁/၁၁ ၄။ ကရုဏာ ။ ၃၅/၃၄/၃၄/၃၃ × × ၅။ မုဒိတာ ။ ၃၅/၃၄/၃၄/၃၃ × × ၆။ ဗုဒ္ဓါနုဿတိ ။ ၃၄/၃၃/၃၃/၃၂ ၃၄/၃၃ ၁၂ ၇။ မရဏာနုဿတိ ။ ၃၄/၃၃/၃၃/၃၂ ၃၄/၃၃/၃၃/၃၂ ၁၂/၁၁/၁၁
1.正语|12|35/34/34/33|34/33/33/32|12/11/11;2.正业|12|35/34/34/33|34/33/33/32|12/11/11;3.正命|12|35/34/34/33|34/33/33/32|12/11/11;4.悲|12|35/34/34/33|×|×;5.随喜|12|35/34/34/33|×|×;6.佛随念|12|34/33/33/32|34/33|12;7.死随念|12|34/33/33/32|34/33/33/32|12/11/11
(ဃ) ဓမ္မာရုံလိုင်း - စျာန်နာမ်တရားများ ဇယား
(丁)法所缘线——禅那名法表
၁။ အာနာပါန ပထမစျာန် ၊ ဒုတိယစျာန် ၊ တတိယစျာန် ၊ စတုတ္ထစျာန် ၂။ အရိုးစု ပထမစျာန် ၃။ သြဒါတကသိုဏ်း ပထမစျာန် ၊ ဒုတိယစျာန် ၊ တတိယစျာန် ၊ စတုတ္ထစျာန် ၄။ မေတ္တာ ပထမစျာန် ၊ ဒုတိယစျာန် ၊ တတိယစျာန် ၅။ အသုဘ ပထမစျာန် ၊
1.入出息念|初禅、第二禅、第三禅、第四禅;2.骨骼业处|初禅;3.白遍|初禅、第二禅、第三禅、第四禅;4.慈|初禅、第二禅、第三禅;5.不净业处|初禅
原书第 271 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း မှတ်ချက် --- ဓမ္မာရုံလိုင်းတွင် (က-ခ-ဂ-ဃ)ဟု သဘောတူညီရာကို ပေါင်း၍ (၄)အုပ်စု ခွဲကာ ဖော်ပြ ထားပါသည်။
注——法所缘线把性质相同者归并起来,分成(甲、乙、丙、丁)四组列示。
အမှတ် (ဂ) ဓမ္မာရုံလိုင်း ဇယား
表(丙)法所缘线
အမှတ် (ဂ) ဓမ္မာရုံလိုင်း ဇယားတွင် ရှေးပိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း ဇောအသီးအသီး၌ သောမနဿ- ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ်သို့ လိုက်၍ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ကရုဏာ မုဒိတာ တို့ဝယ် (၃၅/၃၄/၃၄/၃၃)လုံးသော နာမ်တရား အသီးအသီးတို့ ထိုက်သလို ဖြစ်နိုင်ကြ၏။ တဒါရုံတွင်ကား ဝိရတိတို့ ယှဥ်ခွင့် မရရှိကြသဖြင့် (၃၄/၃၃/၃၃/၃၂)လုံးသော နာမ်တရားတို့သာ ဖြစ်ကြ၏။ သို့သော် အဟိတ် တဒါရုံများလည်း ထိုက်သလို ကျနိုင်သည်သာ ဖြစ်၏။ ကရုဏာ မုဒိတာတို့ နောင်၌ကား တဒါရုံကျခွင့် မရှိပေ။
在(丙)法所缘线表中,如前所述,依悦受或舍受、智相应或智不相应的差别,正语、正业、正命、悲、随喜各自的每一速行可随其所应含有35、34、34、33种名法。彼所缘不能与诸离相应,所以只能含有34、33、33、32种名法;无因彼所缘也可随其所应生起。不过,在悲与随喜之后,彼所缘不能生起。
ဗုဒ္ဓါနုဿတိ၌လည်း ဉာဏ်-ပီတိ ယှဥ်-မယှဥ်သို့ လိုက်၍ (၃၄/၃၃/၃၃/၃၂)လုံးသော နာမ်တရားတို့ အသီးအသီး ဖြစ်နိုင်ကြကုန်၏။ တဒါရုံကား ပီတိ အမြဲယှဥ်၏။ သို့သော် တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ မရဏာနုဿတိဇောတို့၌လည်း ဉာဏ်-ပီတိ ယှဥ်-မယှဥ် (၂)မျိုးပင် ရှိနိုင်၏။ (၃၄/ ၃၃/၃၃/၃၂)လုံးသော နာမ်တရားစုတို့ ဇော၌ ပါဝင်ခွင့် ရှိ၏။
在佛随念中,依智与喜相应或不相应的差别,也可分别生起含34、33、33、32种名法的速行。彼所缘总是与喜相应;不过,彼所缘有时生起,有时不生起。死随念速行也各有智、喜相应或不相应两种情形,速行中可含有34、33、33、32种名法组。
မရဏာနုဿတိ --- ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ --- (ဝိသုဒ္ဓိ-၁- ၂၂၂။) --- ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟု ခေါ်ဆိုအပ်သော သေခြင်းသဘောတရားကို အာရုံပြုသဖြင့် တစ်နည်း ဆိုရသော် ပြတ်စဲမည့် ဇီဝိတကို အာရုံပြုသဖြင့် ပရမတ္ထအာရုံ ဖြစ်ရကား တဒါရုံကျခွင့် ရှိ၏။ မကျသော်လည်း ရှိရာ၏။ သို့သော် မိမိ သေနေသည့်ပုံဟူသော အလောင်းကောင် ပညတ်အတုံးအခဲပေါ်၌ အာရုံကျရောက်ခိုက် ဖြစ်မူ တဒါရုံကျခွင့် မရှိပေ။
“忆念称为命根断绝的死亡,称为死随念。”(《清净道论》1-222。)由于取称为命根断绝的死亡之法为所缘,换言之,取将会断绝的命根为所缘,所缘属于究竟法,所以彼所缘可以生起;也可能不生起。不过,若所缘落在“自己死亡的形象”这种尸体概念的团块上,彼所缘便不能生起。
အမှတ် (ဃ) ဓမ္မာရုံလိုင်း စျာန်ပိုင်းဇယား
表(丁)法所缘线——禅那部分
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန် သမာဓိကို အခြေခံ၍ ထိုစတုတ္ထ စျာန်သမာဓိကြောင့် လင်းရောင်ခြည်များ အထူး အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီ ဖြင့် (၃၂)ကောဋ္ဌာသတို့ကို ရှု၍၊ ထိုမှတစ်ဆင့် အရိုးစုကမ္မဋ္ဌာန်းသို့ ကူးပြီးလျှင် ပထမစျာန်သမာဓိသို့တိုင်အောင် ရှုပြီးသောအခါ၊ အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ အရိုးစုမှ တစ်ဖန် အဖြူကသိုဏ်းသို့ ကူးပြီးလျှင် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်လျက် --- ၁။ မေတ္တာ ၂။ ဗုဒ္ဓါနုဿတိ ၃။ မရဏာနုဿတိ ၄။ အသုဘ ကမ္မဋ္ဌာန်း --- ဟူသော စတုရာရက္ခ ကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်ပြီးသူ ဖြစ်ပါမူ --- ယင်းအမှတ် (ဃ) ဓမ္မာရုံလိုင်း စျာန်ပိုင်းဇယားအတိုင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရန် ဖြစ်ပါသည်။ ဗုဒ္ဓါနုဿတိ မရဏာနုဿတိတို့ကား ကာမာဝစရ ဥပစာရသမာဓိဇောများသာ ဖြစ်ကြသဖြင့်၊ ကာမဇောတို့မည်သည်လည်း (၇)ကြိမ်ထက်ပို၍ စောနိုင်
如果贤善的瑜伽行者以入出息念第四禅定为基础,待第四禅定所生光明变得特别强盛时,借助该光明观修三十二身分,再由此转入骨骼业处并修至初禅定;随后从内在或外在骨骼转入白遍,取白遍似相为所缘,把定建立至第四禅定;并且已经修习以下四种护卫业处:1.慈;2.佛随念;3.死随念;4.不净业处。那么,就应依(丁)法所缘线禅那部分表摄取禅那名法。佛随念与死随念只是欲界近行定速行,而欲界速行通常不会运行超过七次
ရိုးဓမ္မတာ မရှိခြင်းကြောင့် အမှတ် (ဂ) ဓမ္မာရုံလိုင်းဇယားတွင် ဖော်ပြထားသည့်အတိုင်းသာလျှင် နာမ်တရားတို့ ကို သိမ်းဆည်းပါ။
因此,摄取这些名法时,只须依(丙)法所缘线表所示而行。
原书第 272 页
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဤအချိန်ဝယ် --- ကသိုဏ်း (၁ဝ)ပါးလုံးတို့၌ ကသိုဏ်း တစ်ပါး တစ်ပါးလျှင် သမာပတ် (၈)ပါးစီ ပေါက်အောင် သမာဓိထူထောင်ထားပြီးသူ ဖြစ်ပါက၊ ဗြဟ္မစိုရ်တရား (၄)ပါးတို့ကိုလည်း စျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများထားပြီးသူ ဖြစ်ပါက အထက် စာမျက်နှာ (၁ဝ၆-၁ဝ၈) တို့၌ ဖော်ပြထားခဲ့သည့် ဇယားအတိုင်း စျာန်နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါလေ။
如果贤善的瑜伽行者此时已经在全部十遍中的每一遍上把定建立到各得八等至,并且也已把四梵住修至禅那定,就应依照前面第106—108页所列诸表,继续摄取禅那名法。
နာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းပုံ
名业处详细摄取法
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၂၂၆။) စာပုဒ်ရေ (၆၇ဝ)တွင် --- ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာ ။ ပ ။ အဿာသပဿာသေ ပထဝီဓာတု ကက္ခဠလက္ခဏာ … ဤသို့ စသည်ဖြင့် ဆံပင် ကောဋ္ဌာသ၌ ပါဝင်တည်ရှိကြသော ရုပ်ကလာပ် (၅)မျိုး = ရုပ် (၄၄)မျိုးတို့တွင် ပထဝီဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿ ပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားများကိုလည်းကောင်း။ ပ ။ အဿာသပဿာသ ကောဋ္ဌာသ၌ ပါဝင် တည်ရှိကြသော (၉)မျိုးသော ရုပ်တို့တွင် ပထဝီဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဦးဆောင်သည့် နာမ်တရားများကိုလည်းကောင်း သိမ်းဆည်းဖို့ရန် ညွှန်ကြားထား၏။
《清净道论》2-2“头发中的地界以坚硬为特相……入息、出息中的地界以坚硬为特相……”依此类推,应摄取、观修下列名法:以头发身分中五种色聚、即四十四种色法内的地界为所缘而生起,并由称为“以触为第五的诸法”的触、受、想、思、识所引领的名法;……以及以入息、出息身分中九种色法内的地界为所缘而生起,并由触、受、想、思、识所引领的名法。
ထိုညွှန်ကြားတော်မူချက် အရ --- ဆံပင် ကောဋ္ဌာသ၌ ရုပ် (၄၄)မျိုးတို့ရှိရာ ထိုရုပ်တို့တွင် တစ်မျိုး တစ်မျိုး သော ရုပ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ထိုနာမ်တရား တို့မှာ အကုသိုလ်ဇောများ စောသည့် မကောင်းအုပ်စု နာမ်တရားများလည်း ပါဝင်ကြ၏၊ ကုသိုလ်ဇောများ စောသည့် အကောင်းအုပ်စု နာမ်တရားများလည်း ပါဝင်ကြ၏။ သို့အတွက် ဆံပင် ကောဋ္ဌာသ၌ ပထဝီဓာတ်ကို အာရုံပြု၍ (ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း) အကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့ကို ကုန် စင်အောင် သိမ်းဆည်းပါ။ ဆံပင်ကောဋ္ဌာသ၏ ကြွင်းကျန်နေသေးသော (၄၃)မျိုးကုန်သော ရုပ်တရားတို့၌လည်း ရုပ်တစ်လုံး တစ်လုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုတို့ကို ကုန်စင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။
依这项指示,头发身分中有四十四种色法;应逐一摄取取其中每一种色法为所缘而生起的名法。这些名法既包括不善速行运行的不善组名法,也包括善速行运行的善组名法。因此,应取头发身分中的地界为所缘,依触所缘线所示,把善组与不善组名法无余摄取;对于头发身分中其余四十三种色法,也应逐色继续把善组、不善组名法无余摄取。
ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြထားခဲ့သော (၄၂)ကောဋ္ဌာသတို့၌ အကျုံးဝင်ကုန်သော ရုပ်တရားတို့မှာ မျိုး တူရာကို ပေါင်း၍ ရေတွက်ပြီးသည်ကို မရေတွက်သော နည်းဖြင့် ရေတွက်သော် ရုပ်အစစ် (၁၈)မျိုးတို့သာ ဖြစ် ကြသည်။ ထိုရုပ်အစစ် (၁၈)မျိုးတို့ကား အာရုံ (၆)ပါးတို့၌ ထိုက်သလို အကျုံးဝင်ကြ၏။ သို့အတွက် ယင်း (၄၂)ကောဋ္ဌာသတို့၌ ပါဝင်သော --- ၁။ ဝဏ္ဏ= ရူပါရုံကို ရူပါရုံလိုင်းအတိုင်း ၂။ သဒ္ဒ = သဒ္ဒါရုံကို သဒ္ဒါရုံလိုင်းအတိုင်း ၃။ ဂန္ဓ = ဂန္ဓာရုံကို ဂန္ဓာရုံလိုင်းအတိုင်း ၄။ ရသ = ရသာရုံကို ရသာရုံလိုင်းအတိုင်း ၅။ ပထဝီ-တေဇော-ဝါယောတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်းအတိုင်း ၆။ ကြွင်းကျန်ကုန်သော ရုပ်အစစ်တို့ကို ဓမ္မာရုံလိုင်း ရုပ်အစစ်တို့ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်အတိုင်း အသီးအသီး နည်းမှီး၍ သိမ်းဆည်းရှုပွားပါ။
色业处部分所说四十二身分中的色法,若把同类合并、已经计数的不再重复计算,就只有十八种真实色法。这十八种真实色法分别摄入六种所缘。因此,对于四十二身分中所含的诸色,应分别类推摄取、观修:1.颜色,即色所缘,依色所缘线;2.声,即声所缘,依声所缘线;3.香,即香所缘,依香所缘线;4.味,即味所缘,依味所缘线;5.地界、火界、风界,依触所缘线;6.其余真实色法,则依在法所缘线中取真实色法为所缘而摄取、观修名法的方法。
ဧတေနေဝ ဥပါယေန ''ကမ္မသမုဋ္ဌာနေ ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာ''တိအာဒိနာ နယေန ဒွါစတ္တာလီသာယ ဓာတုကောဋ္ဌာသေသု စတုန္နံ စတုန္နံ ဓာတူနံ ဝသေန၊ သေသေသု စ စက္ခုဓာတုအာဒီသု ရူပပရိဂ္ဂဟမုခေသု သဗ္ဗံ နယဘေဒံ အနုဂန္တွာ ယောဇနာ ကာတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၂၇။)
“也应依同一方法,从‘业生头发中的地界以坚硬为特相’等方式开始,在四十二种界身分中,依各身分的四界;并在其余以眼界等为首的色法把握门径中,随顺一切方法差别而作配合。”(《清净道论》2-227。)
原书第 273 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူချက်အရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ် တရား အသီးအသီးကိုသာ အာရုံပြု၍ နာမ်တရားတို့ကို သိမ်းဆည်းရသည် မဟုတ်သေး၊ စက္ခုဓာတ် စသော (၆)ဌာန = (၆)ဒွါရတို့၌ တည်ရှိကြကုန်သော (၅၄/၄၄ )မျိုးကုန်သော ရုပ်တရားတို့တွင်လည်း ရုပ်ဓာတ်တစ်- လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့ စောကြသည့် ပဉ္စဒွါရ ဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါလေ။
依上述义注的指示,不仅要取四十二身分中的每一种色法为所缘而摄取名法;对于眼界等六处、即六门中存在的五十四种或四十四种色法,也应逐一取每一种色法为所缘,继续摄取其中善速行或不善速行运行的五门心路、意门心路名法组。
နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရသည့် လုပ်ငန်းရပ်မှာ ယခု ကဲ့သို့ နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂီသူတော်စင်များအတွက် ဒုပ္ပရိဂ္ဂါဟ = ဉာဏ်ဖြင့် ပိုင်း- ခြားယူဖို့ရန် သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် မဖော်ပြခြင်း ဖြစ်သည်။ သို့သော် အရူပသတ္တက ရှုနည်း များတွင်လည်းကောင်း (ဝိသုဒ္ဓိ-၂-၂၆၁-၂၆၂)၊ ဘင်္ဂဉာဏ်ပိုင်းတွင်လည်းကောင်း (ဝိသုဒ္ဓိ-၂-၂၇၈)။ နာမ်တရား တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားများကို လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာ ရှုပွား သုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ သို့အတွက် ထိုအပိုင်းများသို့ ရောက်ရှိသောအခါ အားရပါးရ တစ်ဝကြီး တွေ့ရပေလတ္တံ့။
摄取、观修以名法为所缘而生起的名法的方法——本书现在没有说明如何摄取以名法为所缘而生起的名法,因为对刚开始用功、初修名业处的初业瑜伽行者而言,这类名法是难摄取(`duppariggāha`)的,也就是难以智分别、把握。不过,在非色七法的观法(《清净道论》2-261—262)和坏灭智部分(《清净道论》2-278),圣典仍指示:应对以名法为所缘而生起的名法安立于三相之下,修习、审察毗婆舍那。因此,到达那些部分时,自会充分见到这种观法。