将智转向外在
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 575–584 页 · 72 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 575 页
ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွှတ်ပါ
将智转向外在
အသင်သူတော်ကောင်းသည် အဇ္ဈတ္တ၌ --- ၁။ ရုပ်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)မျိုးတို့ကို ပြုလုပ်ပြီးသောအခါ ကြိုးစားအားထုတ်ပြီးသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံ တူပင် သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အဇ္ဈတ္တ၌ ရုပ်တရားက စ၍ သိမ်းဆည်းပုံကို တင်ပြ ထားသဖြင့် ဗဟိဒ္ဓ၌လည်း ရုပ်တရားကပင် စတင်၍ သိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။
贤善的你完成并努力实行了内在的四项主要作业——1.摄取色法;2.摄取名法;3.摄取色法与名法;4.名色分别=分别、标记色法与名法——以后,也必须以同样方式摄取外在诸法。本书既已从色法开始说明内在的摄取方法,现在也从色法开始说明外在的摄取方法。
အဇ္ဈတ္တ၌ အထက်ပါ လုပ်ငန်းရပ်ကြီး (၄)မျိုးကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်း ရှုပွားပြီးသောအခါ အဇ္ဈတ္တ၌ပင် ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
在内在反复、一再、多次摄取并观修上述四项主要作业以后,应再次摄取内在色法。
ထိုနောင် လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ မိမိ ဝတ်ရုံထားသော သင်္ကန်း၌ သို့မဟုတ် ဝတ်ဆင်ထားသော အဝတ်၌ ဓာတ်ကြီး (၄)ပါးကို စတင်၍ ရှုကြည့်ပါ။ သဘောမပေါက်နိုင်ပါက လက်ဖြင့် ထိ ထားသော အဝတ်သင်္ကန်းက စ၍ ပထဝီ စသည့် ဓာတ်ကြီး (၄)ပါးကို တစ်စတစ်စ သိမ်းဆည်းကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
随后,借助光明的力量,开始观照自己披着的袈裟或穿着的衣服中的四大种。若还不能领会,就从手所接触的衣服或袈裟开始,一点一点地摄取其中的地界等四大种,以智加以分别。
ယင်းအဝတ်သင်္ကန်း၌ ဓာတ်ကြီး (၄)ပါးကို သဘောပေါက်ပါက ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုနေပါ။ ဤအဆင့်သို့တိုင်အောင် ရောက်ရှိနေသော အသင်သူတော်ကောင်း၏ အသိဉာဏ်၌ သင်္ကန်းအဝတ်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး ဖြစ်သော မာမှု၊ ကြမ်းမှု၊ လေးမှု၊ ပျော့မှု၊ ချောမှု၊ ပေါ့မှု၊ ယိုစီးမှု၊ ဖွဲ့စည်းမှု၊ ပူမှု၊ အေးမှု၊ ထောက်မှု၊ တွန်းမှု သဘောတရားများသည် အလွယ်တကူပင် ထင်ရှားနေမည် ဖြစ်သည်။ မကြာမီ အချိန်အတွင်းမှာပင် အဝတ်သင်္ကန်းကို မတွေ့ရတော့ဘဲ ရုပ်ကလာပ်အမှုန် များကိုသာ တွေ့ရှိနေမည်။ ထိုရုပ်ကလာပ်များကား မကြည်သော ရုပ်ကလာပ်များသာတည်း။ ရုပ်ကလာပ် တစ်ခု တွင် တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဘုတ် အဆက်ဆက် ရိုက်ခတ်လျက် ဆင့်ကဲ ဖြစ်ပွားနေကြသော သြဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့သာတည်း။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင်
若能领会衣服或袈裟中的四大种,就继续观照四大种。修到这一阶段时,衣服或袈裟中四大种各自的自然特相——硬、粗、重,软、滑、轻,流动、黏结,热、冷,支持、推动——会很容易显现在贤善者的智中。不久,衣服或袈裟便不再显现,只会看见色聚微粒。这些都只是不透明色聚,即由每一个色聚中的火界=时节逐代产生、以食素为第八法的时节生食素八法聚。为使智见抵达究竟,
ဓာတ်ခွဲလျက် ယင်း ရုပ်တရားတို့ကို ''ရုပ်-ရုပ်''ဟု သို့မဟုတ် ''ရုပ်တရား-ရုပ်တရား''ဟု သိမ်းဆည်းပါ။ ရံခါ အဝတ်ချင်း တစ်နည်းဆိုသော် ရုပ်ကလာပ်ချင်း ပွတ်ချုပ် ထိခိုက်မိ၍ အသံ ဖြစ်ပေါ်လာတတ်၏။ ဥတုဇသဒ္ဒ- နဝက ကလာပ်ရုပ်တို့တည်း။ (၉)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။
应分析这些色聚,把这些色法摄取为“色、色”或“色法、色法”。有时衣物彼此摩擦,换言之,色聚彼此摩擦、接触,便会产生声音;这就是时节生声九法聚。应分析其中九种色法,并摄取至智见抵达究竟。
သတိပြုရန် အချက်တစ်ရပ်
一个须注意的要点
ထိုသို့ ဗဟိဒ္ဓ သက်မဲ့လောကသို့ ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်းမှစ၍ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ယင်း အဝတ်သင်္ကန်း၌ မကြည်သော ရုပ်ကလာပ်များကို သာမက ကြည်သော ရုပ်ကလာပ်များကိုလည်း တွေ့သည်ဟု ယူဆတတ်ကြ၏။ အမှန်စင်စစ်မှာမူကား အဝတ် သင်္ကန်း၌ ကြည်သော ရုပ်ကလာပ်များကား မရှိပေ။ သို့သော် အဝတ်သင်္ကန်းတို့၏အတွင်း ကြိုကြိုကြားကြား၌ အလွန်သေးငယ် မှုန်မွှားသော ပိုးကောင် သတ္တဝါငယ်များလည်း အခါအားလျော်စွာ ရှိတတ်၏။ ထို သေးငယ်
如此从自己所披、所穿的衣服或袈裟开始,摄取外在无生命世界的色法时,有些瑜伽行者会以为,自己不仅在衣服或袈裟中看见不透明色聚,也看见了透明色聚。实际上,衣服或袈裟中并没有透明色聚;不过,衣物的细小缝隙里有时会有极微
原书第 576 页
မှုန်မွှားသော သတ္တဝါငယ်ကလေးတို့၌ အနည်းဆုံး ပမာဏအားဖြင့် ကာယအကြည်ဓာတ်ကား တည်ရှိနေ၏၊ ထိုကြောင့် ကြည်သည့် ရုပ်ကလာပ်များကိုလည်း တွေ့ခြင်းဖြစ်၏။ ထိုပြင် ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်း၌ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ရာ အဝတ်သင်္ကန်း ကို ကျော်လွန်၍ ထိုးဖောက်၍ အဝတ်သင်္ကန်း ပတ်ထားသော အသားများအထိ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်မိသော် ကာယအကြည်ဓာတ် ပါဝင်သော ကြည်သည့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ခြင်းလည်း ဖြစ်နိုင်၏။ သို့အတွက် ကြည်သည့် ရုပ်ကလာပ်အမှုန်များသည် ဗဟိဒ္ဓ သက်မဲ့လောက၌ မရှိဟု မှတ်ပါ။ အနု- ပါဒိန္န အမည်ရသော သက်မဲ့ ဗဟိဒ္ဓလောက၌ ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်နှင့် အသံပါသော ဥတုဇသဒ္ဒနဝက ကလာပ် နှစ်မျိုးသာ ရှိပေသည်။ ယင်းဥတုဇရုပ်တို့၌ ကာယအကြည်ဓာတ် စသော ပသာဒရုပ် = အကြည်ရုပ်များ
小的虫类有情,它们体内至少有身净界,因此也可能看见透明色聚。再者,借助光明观照所穿衣物中的四大种时,若智穿透衣物,观到自己被衣物包覆的皮肉,也可能以智看见含有身净界〔即身净色〕的透明色聚。因此,应当记住:外在无生命世界并没有透明色聚。名为 anupādinna(无执受)的外在无生命世界中,只有时节生食素八法聚,以及含有声音的时节生声九法聚这两类色聚。这些时节生色中不含身净色等净色=透明色,
မပါရှိကြသဖြင့် ယင်း ဥတုဇရုပ်ကလာပ်တို့သည် မကြည်ဟု မှတ်ပါ။ နောက်တွင် ဆက်လက် ဖော်ပြလတ္တံ့ဖြစ် သော သစ်ပင် ရေ မြေ တော တောင် စသော သက်မဲ့လောက တစ်ခုလုံး၌လည်း နည်းတူပင် မှတ်ပါ။
所以应知,这些时节生色聚是不透明的。下文将说明的树、水、地、林、山等整个无生命世界,也应同样理解。
အသင်သူတော်ကောင်းသည် ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်း၌ ဓာတ်ကြီး (၄)ပါး ကို စိုက်၍ ရှုလိုက်ရာ ရုပ်ကလာပ်အမှုန်များကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရသဖြင့် ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲ လျက် ပရမတ္ထ ရုပ်အစစ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သိမ်းဆည်းနိုင်သောအခါ တစ်ဖန် အဇ္ဈတ္တ သန္တာန်ဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ပရမတ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် ရုပ်တရားတို့ကို အပြန်ပြန်အလှန်လှန် သိမ်း ဆည်းပါ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အောင်မြင်မှုရခဲ့သော် ထိုင်နေသော ကြမ်းပြင်၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ၊ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲပါ၊ ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အပြန်ပြန် အလှန်လှန် ရှုပါ။
贤善的你在所披、所穿的衣服或袈裟中专注观照四大种,只以智看见色聚微粒,进而能够分析这些色聚、分别并摄取真实的究竟色法以后,应再次摄取内在相续六门、四十二身分中的究竟色法,以智分别。应轮流反复摄取、分别内在与外在色法。若已成功,就专注观照自己所坐地面中的四大种;以智看见色聚微粒时,应加以分析,使智见抵达究竟,并摄取究竟色法。应对内外两处反复交替观照。
ဉာဏ် ထက်မြက် စူးရှမှု
智的锐利敏捷
အကယ်၍ သက်မဲ့ ဗဟိဒ္ဓလောက၌ ရုပ်ကလာပ်များကို ဉာဏ်ဖြင့်မြင်အောင် ရှုရာ၌လည်းကောင်း၊ ရုပ် ကလာပ်များကို ဓာတ်ခွဲလျက် (၈)မျိုးသော၊ (၉)မျိုးသော ပရမတ္ထရုပ်တရားများကို သိမ်းဆည်းရာ၌လည်းကောင်း အောင်မြင်မှု မရရှိနိုင် ဖြစ်နေပါက တစ်ဖန် အဇ္ဈတ္တဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တ- ရားတို့ကိုသာ ကြိမ်ဖန်များစွာ အပြန်ပြန် အလှန်လှန် သိမ်းဆည်း ရှုပွားနေပါ။ အဇ္ဈတ္တ ရုပ်တရားတို့ကို လျင်လျင် မြန်မြန် သိမ်းဆည်း၍ ရနေသော ရူပပရိဂ္ဂဟဉာဏ်က အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး သဖြင့် ဗဟိဒ္ဓ သက်မဲ့လောက၌ တည်ရှိကြသော ရုပ်ပရမတ်တရားတို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိနိုင်ပေသည်။ ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါက ရှုနိုင်ပါက အဇ္ဈတ္တ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ ရှုပါ။ ထို
如果在外在无生命世界中,既未能以智观见色聚,也未能分析色聚并摄取其中八种、九种等究竟色法,就应再次只对内在六门、四十二身分中的色法反复多次摄取、观修。迅速摄取内在色法的色把握智,会以强大的亲依止缘力给予助益,使外在无生命世界中的究竟色法也能被轻易摄取。若已能在外在无生命世界中分析色聚,使智见抵达究竟而摄取、观照色法,就应再次摄取、观照内在色法。如此
သို့ အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် အပြန်ပြန် အလှန်လှန် ရုပ်တရားတို့ကို သိမ်းဆည်းခြင်း ရှုပွားခြင်းဖြင့် ရူပပရိဂ္ဂဟဉာဏ် = ရုပ်တရားကို သိမ်းဆည်းနေသော ဉာဏ်သည် ပို၍ ပို၍ ထက်မြက်စူးရှလာ၏၊ လျင်မြန် သွက်လက်လာ၏။ ထိုသို့ လျင်မြန်စူးရှသော ဉာဏ်ဖြင့် ဗဟိဒ္ဓ သက်မဲ့လောကဝယ် ခပ်ဝေးဝေးသို့တိုင်အောင် တဖြည်းဖြည်း ဉာဏ်ကို စေလွှတ်၍ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားပါက ပို၍ လွယ်ကူမည် ဖြစ်သည်။ သို့အတွက် ဗဟိဒ္ဓလောက၌ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွား၍ရတိုင်း အဇ္ဈတ္တ-ဗဟိဒ္ဓ ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်း ရှုပွားရန် မမေ့ပါနှင့်။
轮流在内在与外在反复摄取、观修色法,色把握智——即正在摄取色法的智——会越来越锐利、敏捷,也越来越迅速灵活。用这样迅速锐利的智,逐渐把智引向外在无生命世界的较远处,摄取、观修色法,就会更加容易。因此,每当能够在外在世界摄取、观修色法时,都不要忘记反复交替地摄取、观修内在与外在色法。
原书第 577 页
သစ်ပင် - ရေ - မြေ - တော - တောင်
树、水、地、林、山
မိမိတရားထိုင်၍ နှလုံးသွင်းရာ ဖြစ်သော နေရာ အဆောက်အအုံ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက် ခြင်းဖြင့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့်တွေ့မြင်ရ၍ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်း ရှုပွား၍ ရသောအခါ ထိုသို့ရှုနေသော ဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ပတ်ဝန်းကျင်သို့ တစ်စတစ်စ တိုး၍ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ သစ်ပင်-ရေ-မြေ -တော-တောင်တို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ဓာတ်ခွဲပါ၊ ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။ ဤ၌လည်း သစ်ပင်-ရေ-မြေ-တော-တောင်တို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက် သောအခါ ဉာဏ်သည် ထက်မြက် စူးရှနေသဖြင့် ရုပ်ကလာပ်အမှုန်များကို အလွယ်တကူပင် တွေ့ရှိနိုင်ပေ၏။
在自己坐禅作意所在的建筑中专注观照四大种,以智看见色聚并分析其中究竟色法,能够加以摄取、观修以后,应借助正在如此观照之智的光明,逐渐把智引向周围。凡是这智光所照触的树、水、地、林、山,都应专注观照其中的四大种;以智看见色聚微粒时,就加以分析,摄取究竟色法。应在内在、外在两处反复交替摄取色法。在这里,由于智已经锐利敏捷,在树、水、地、林、山中专注观照四大种时,也能很容易看见色聚微粒。
ယောဂီပုဂ္ဂိုလ်အချို့တို့သည် ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်များကို ရောနှော၍ တွေ့မြင်နေ တတ်၏။ ထို သစ်ပင်-ရေ-မြေ-တော-တောင်တို့၌ ပူးကပ်၍ တည်ရှိကြသော ပိုးမွှား စသော တိရစ္ဆာန်သတ္တဝါ တို့၏ သန္တာန်၌ အကျုံးဝင်သော ကာယအကြည်ဓာတ် စသော ပသာဒရုပ်များ ပါဝင်တည်ရှိသော ရုပ်ကလာပ် အမှုန်တို့ကား ကြည်သည့် ရုပ်ကလာပ်အမှုန်တို့ ဖြစ်ကြ၏။
有些瑜伽行者会混杂地看见透明色聚与不透明色聚。其中,依附在树、水、地、林、山上的虫类等动物有情相续中,凡含身净界等净色的色聚微粒,才是透明色聚。
ဤနည်းအတိုင်း သက်မဲ့ ဗဟိဒ္ဓလောက တစ်ခုလုံးသို့ ဉာဏ်ကို တစ်စတစ်စ တိုး၍ စေလွှတ်ကြည့်ပါ။
应当依此方法逐渐把智引向整个外在无生命世界。
ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ သက်မဲ့ အရာဝတ္ထုမှန်သမျှ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ် များကို တွေ့မြင်ရတိုင်း ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ လေတိုက်ခတ်သဖြင့် သစ်ပင်ချင်း သစ်ခက်ချင်း သစ်ရွက်ချင်း ရိုက်ခတ်၍ အသံမြည်ခဲ့သော် ဥတုဇသဒ္ဒနဝက ကလာပ်ရုပ်တို့တည်း။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားပါ။ ဤနည်းအတိုင်း အရပ် (၁ဝ)မျက်နှာ၌ သက်မဲ့ ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ (၃၁)ဘုံအတွင်း သက်မဲ့ ဗဟိဒ္ဓလောက၌ တည်ရှိကြသော ရုပ်တရားတို့ကို ဆက်လက် ၍ သိမ်းဆည်းပါ။
凡是智光所照触的无生命事物,都应专注观照其中的四大种;每当看见色聚,就加以分析,摄取其中的究竟色法。若因风吹使树与树、枝与枝、叶与叶互相撞击而发声,那就是时节生声九法聚;应摄取、观修其中九种色法,使智见抵达究竟。依此方法继续摄取十方的无生命色法,并继续摄取三十一界中外在无生命世界的一切色法。
ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော မည်သည့်သက်မဲ့အရာဝတ္ထု၌မဆို ဓာတ် ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်တိုင်း ရုပ်ကလာပ်အမှုန်များကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရ၍ ယင်း ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းနိုင်လျှင် အနုပါဒိဏ္ဏ အမည်ရသော ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်တရားတို့ကို သိမ်းဆည်းခြင်းလုပ်ငန်းကြီးသည် အောင်မြင်လေပြီ၊ သစ်ပင်-ရေ-မြေ-တော-တောင်ကို မတွေ့ မြင်ရတော့ဘဲ ရုပ်တရား အစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရပေလိမ့်မည်။
对于智光所照触之处的任何无生命事物,若每次专注观照其中的四大种,都只以智看见色聚微粒,并能分析色聚、摄取其中的究竟色法,名为 anupādinna(无执受)的外在无生命世界之色法摄取作业就已经成功。此后,树、水、地、林、山不再显现,智中只会看见色法的聚集。
သက်ရှိ ဗဟိဒ္ဓ ရုပ်လောကသို့
转向外在有生命的色法世界
သစေ ပန ဗဟိဒ္ဓါ ပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာ- ကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ-၁-၄၃၄-၄၃၅။) ဤအထက်ပါ မဟာဋီကာဆရာတော် ဖွင့်ဆိုတော်မူသည့်အတိုင်း အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ လောက၌လည်း ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်းရှုပွားမှုကို ဉာဏ်ဖြင့် ရှေးရှူကပ်ဆောင်ကြည့်ပါ။ ရုပ်တရားတို့ကို သိမ်းဆည်းနေသော ရူပပရိဂ္ဂဟဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ အရပ်၌
“若又把作意引向外在,那么,对他而言,四处行走的人、畜生等会舍去有情的形相,只显现为界的聚合;他们所作的动作,显现为由界所成的机器所发动;他们所摄入的饮食等,则显现如同把一聚界投入另一聚界。”(《大复注》1-434—435。)依上述《大复注》论师的解释,贤善的你也应以智把对四大种的作意观修引向外在世界;在摄取色法的色把握智所生智光照触之处,
原书第 578 页
တွေ့မြင်ရသော သက်ရှိ သတ္တဝါတို့၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင် သောအခါ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုအခါ ထိုသို့ ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ လှည့် လည် ကျက်စား သွားလာကြကုန်သော လူ တိရစ္ဆာန် စသော သတ္တဝါတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် အသိဉာဏ်၌ တည်နေကုန်၏။ ထိုသတ္တဝါ တို့သည် ပြုလုပ်အပ်သော အပြုအမူမှန်သမျှသည် ဓာတ်ကြီး (၄)ပါးဖြင့် ပြီးသော ယန္တရားစက်ဖြင့် လည်ပတ် စေအပ်သည် ဖြစ်၍ ဉာဏ်၌ထင်လာ၏။ ထိုသတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ်စားဖွယ် စသည်သည် ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းအပ်သော ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏။
应专注观照所见有生命有情体内的四大种。看见色聚时,就分析这些色聚,摄取其中的色法。此时,在把色法摄取、观修到智见抵达究竟的瑜伽行者智中,四处游行活动的人、动物等有情,舍去有情的形相,只显现为四大种的聚合;这些有情所作的一切行为,都显现为由四大种所成的机器所发动;这些有情所吞食的饮食等,也显现如同把一聚四大种投入另一聚四大种。
(မဟာဋီ-၁-၄၃၄-၄၃၅။)
(《大复注》1-434—435。)
သတ္တာကာရံ ဝိဇဟိတွာ --- သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၏ဟူသည် သတ္တသညာ အတ္တသညာ ကွာသွားမှုကို ဆိုလိုသည်။ ရှေး- ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း ဓာတ်ကြီး (၄)ပါးကို ရှု လိုက်တိုင်း ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိရ၍ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ်သို့ဆိုက်အောင် ရုပ်တရားတို့ကို၊ အထူးသဖြင့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းနိုင်သောအခါမှ သတ္တသညာ = အတ္တသညာသည် ကွာသွားမည် ဖြစ်ပေသည်။ ဤအဆင့်အထိ ရည်ညွှန်းထားသည်ဟု သဘောပေါက်ပါ။
巴利词组(缅文转写):“သတ္တာကာရံ ဝိဇဟိတွာ”——“舍弃有情之相”。所谓舍弃有情之相,是指有情想、我想远离。正如前面色业处部分已经清楚说明的,每次观照四大种时都只看见色聚微粒,并进一步分析这些色聚,把色法——尤其是色聚中的四大种——摄取到智见抵达究竟以后,有情想=我想才会远离。应当理解,上述词组正是指达到这一阶段。
ဃနပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်၊ အနတ္တသို့ ဉာဏ်အမြင်ဆိုက်ပါမှ သတ္တသညာ ကွာနိုင်မည်။ သတိရှိစေ။
只有破除密集,智见才会抵达究竟;只有智见抵达究竟,才会通达无我;只有通达无我,有情想才能远离。务必牢记。
ဤမဟာဋီကာဆရာတော်၏ ဖွင့်ဆို ရှင်းလင်းချက်များကို ဤကျမ်းတွင် ထပ်မံဖော်ပြနေခြင်းမှာ ဗဟိဒ္ဓကို ရှုရာ၌ အနုမာနအားဖြင့် မျက်ရမ်းမှန်းဆ၍သာ ရှု၍ ရနိုင်သည် ရကောင်းသည်ဟု အသင်သူတော်ကောင်း အနေဖြင့် ထင်မြင် ယူဆနေမည်စိုးသောကြောင့်ပင် ဖြစ်သည်။ အနုမာနအားဖြင့် မျက်ရမ်းမှန်းဆ၍ ဗဟိဒ္ဓကို ရှုရသည် မဟုတ်၊ ပစ္စက္ခအားဖြင့် တိုက်ရိုက် မျက်မှောက်ပြုလျက် ထွင်းဖောက်သိမြင်အောင် ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားရမည်ဟု သိစေလို၍ ခိုင်လုံသော ကျမ်းဂန်အထောက်အထားများကို တင်ပြ နေခြင်း ဖြစ်သည်။
本书再次列出《大复注》论师的这些解释,是担心贤善者会误以为,观照外在只能、或应当以推断方式盲目揣测。观照外在并不是以推断方式盲目揣测,而必须以现见方式直接现前、洞彻知见,摄取、观修到智见抵达究竟。为了使人明白这一点,本书才列出可靠的典籍根据。
အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်တရားတို့ကို ကျေကျေနပ်နပ်ကြီး အားပါးတရ သိမ်းဆည်း ရှုပွားပြီးသောအခါ ဗဟိဒ္ဓ သက်ရှိလောကသို့ ပြောင်း၍ ရှုနိုင်ပြီ ဖြစ်သည်။ သမာဓိကို အဆင့်ဆင့် ထူထောင်လျက် မိမိ၏ အဇ္ဈတ္တသန္တာန်၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
贤善的你充分而满意地摄取、观修外在无生命世界的色法以后,就可以转而观照外在有生命世界。应逐层建立定,再次摄取自身内在相续六门、四十二身分中的色法。
မော်တော်ကား ထွက်ခါနီးဝယ် စက်ကို နှိုးလိုက်သကဲ့သို့ ဉာဏ်အား ထက်မြက် စူးရှလာအောင် အရှိန်ယူလိုက် ခြင်းပင် ဖြစ်သည်။
这就像汽车将要开动时先发动引擎,是为了使智预先蓄势,变得锐利敏捷。
ထိုနောင် မိမိနှင့် အနီးကပ်ဆုံး ရှေ့တည့်တည့်၌ ရှိသော ပုဂ္ဂိုလ်တစ်ဦး၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စတင်၍ ရှုပါ။ ရှေ့တည့်တည့်၌ရှိသော ပုဂ္ဂိုလ်ကို မြင်ရေးအတွက် လင်းရောင်ခြည်စွမ်းအင်၏ အကူ- အညီကိုကား လိုအပ်လျက်ပင် ရှိသည်။ မိမိ၏ အဇ္ဈတ္တတွင် ရုပ်တရားတို့ကို သိမ်းဆည်းနေသော ရူပပရိဂ္ဂဟ ဉာဏ်ကြောင့် ထွက်ပေါ်နေသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိသော ရှေ့တည့်တည့်က ပုဂ္ဂိုလ်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စတင်၍ရှုပါ။ အကယ်၍ ရှေ့တည့်တည့်၌ ပုဂ္ဂိုလ်တစ်ဦး မရှိ ဖြစ်နေပါက လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ပုဂ္ဂိုလ်တစ်ဦး၌ စတင်၍ ဓာတ်ကြီး (၄)ပါးကို ရှုပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုမျှ ဉာဏ်အလင်းရောင် အတွင်း၌ မတွေ့မမြင်ဘဲ မျက်ရမ်းမှန်းဆ၍ကား မရှုပါနှင့်။ အနီးကပ်ဆုံး ပုဂ္ဂိုလ် တစ်ဦးဦး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုနိုင်သောအခါ ယင်းဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်
随后,开始观照离自己最近、正对面一人的四大种,使智能够看见。要看见正对面的人,仍须借助光明的力量。应以自身内在摄取色法之色把握智所发出的光明,开始观照其所照触的正对面之人体内的四大种。若正对面没有人,就在光明所照触之处选择一人,开始观照其四大种;如果智光之内一个人也没有看见,切勿盲目揣测而观。能够专注观照离自己最近者体内的四大种时,就继续
原书第 579 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ရှုနေပါက ယင်းဓာတ်ကြီး (၄)ပါးကိုပင် အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်နေပါက မကြာမီ ရုပ် ကလာပ်များကို စတင်၍ တွေ့ရှိနိုင်ပါသည်။ ရုပ်ကလာပ်များကို လွယ်လွယ်နှင့် မတွေ့သေးပါက ယင်းဓာတ်ကြီး (၄)ပါးကိုသာ ဆက်ရှုနေပါ။ တဖြည်းဖြည်း အဖြူတုံး အဖြူခဲမှ အကြည်တုံး အကြည်ပြင်ကို တွေ့ရှိမည် ဖြစ်သည်။
观照这四大种,以四大种为所缘继续建立定,不久便会开始看见色聚。若还不能轻易看见色聚,就只管继续观照四大种;渐渐地会先看见白色块体、白色团块,继而看见透明块体、透明平面。
ယင်းအဖြူပြင် အကြည်ပြင်တို့၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ၊ ယင်းအကြည်ပြင်၌ အာကာသ ဓာတ်ကို မြင်အောင် တစ်ဖန် ဆက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်ပေသည်။
应继续在白色平面、透明平面中观见四大种;再继续在透明平面中观见空界,这样便能看见色聚微粒。
အဇ္ဈတ္တမျက်စိဝယ် ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး ရှိသကဲ့သို့ အလားတူပင် ဗဟိဒ္ဓမျက်စိ၌လည်း ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးပင် ရှိပေသည်။ ယင်းရုပ်တရား တို့ကို အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။ အလားတူပင် ကျန် (၅) ဒွါရတို့၌လည်းကောင်း၊ (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ရုပ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
正如内在眼门中有六类色聚、五十四种色法,外在眼门中也同样有六类色聚、五十四种色法。应轮流反复摄取这些内在、外在色法;对于其余五门以及四十二身分中的色法,也继续以同样方式摄取。
ဒွါရတစ်ခုစီ၌၊ ကောဋ္ဌာသတစ်ခုစီ၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ဓာတ်ခွဲလျက် ရုပ်တရားတို့ကို အဇ္ဈတ္တ၌ ဖော်ပြထားသကဲ့သို့ ဆက်လက်၍ သိမ်း ဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ အတွင်း၌ တည်ရှိသော (၅၄)မျိုး၊ (၄၄)မျိုး စသော ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းနိုင်သောအခါ ယင်း (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကိုလည်း ခြုံငုံ၍ ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ။ ရုပ်အစစ်များကို သိမ်းဆည်း ပြီးပါက ရုပ်အတုတို့ကိုလည်း အဇ္ဈတ္တ၌ သိမ်းဆည်းသကဲ့သို့ ဗဟိဒ္ဓ၌လည်း ဆက်လက်သိမ်းဆည်းပါ။
应逐一专注观照每一门、每一身分中的四大种;以智看见色聚微粒时,就加以分析,依照内在部分所说的方法继续摄取色法。当能够逐门、逐身分,轮流反复摄取内外两处的五十四种、四十四种等色法时,还应统摄六门、四十二身分中的一切色法,摄取为“色法、色法”。摄取真实色法以后,对于非真实色法,也应如在内在摄取一般,继续在外在摄取。
စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်တို့၌ ရုပ်အစစ်သက်သက်သာ ပါဝင်သော ရုပ်ကလာပ်တို့လည်း ရှိကြ၏။
心生色、时节生色与食生色中,也有只含真实色法的色聚。
ရုပ်အစစ် ရုပ်အတု ရောနှောနေသော ရုပ်ကလာပ်တို့လည်း ရှိကြ၏။ တစ်ဖန် နကုတောစိ သမုဋ္ဌာန် အမည်ရသော မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သော ရုပ်အတု (၁ဝ)မျိုးတွင် ပါဝင်သော လက္ခဏရုပ် (၄)မျိုးတို့ လည်း ရှိကြ၏။ ယင်းရုပ်အစစ် ရုပ်အတု အားလုံးကို ခြုံငုံ၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ တစ်လှည့်စီ အပြန် ပြန်အလှန်လှန် ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းနေပါ။
也有真实色法与非真实色法混合的色聚。再者,十种非真实色法中,还有四种名为“不从任何因等起之色”的特相色。应当统摄这一切真实色法与非真实色法,在内在、外在两处轮流反复摄取为“色法、色法”。
အောင်မြင်မှု ရရှိပါက ဗဟိဒ္ဓသို့ တစ်စတစ်စ တိုး၍ သက်ရှိလောက ရုပ်တရားတို့ကို သိမ်းဆည်းပါ။
若已成功,就逐渐把智向外扩展,摄取有生命世界的色法。
လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တွေ့ရှိသမျှ လူ တိရစ္ဆာန် စသော သတ္တဝါတို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်ပါက ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဒွါရ တစ်ခုစီ၊ ကောဋ္ဌာသ တစ်ခုစီ၌ တည်ရှိကြသော ရုပ်တရားတို့ကို ဒွါရ တစ်ခုစီ ခွဲ၍လည်းကောင်း၊ ကောဋ္ဌာသ တစ်ခုစီ ခွဲ၍လည်းကောင်း ခြုံငုံ၍ သိမ်းဆည်းပါ။ (၆)ဒွါရ (၄၂)ကောဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကိုလည်း ခြုံငုံ၍ သိမ်းဆည်းပါ။
对于智光所照触之处所见的一切人、动物等有情,应专注观照其中的四大种;看见色聚微粒时,就加以分析,摄取其中的究竟色法。应按每一门、每一身分分别统摄其中的色法;并把六门、四十二身分中的全部真实色法与非真实色法统摄起来加以摄取。
ဤနည်းဖြင့် တစ်စတစ်စ တိုး၍ ဉာဏ်ကို စေလွှတ်၍ (၃၁)ဘုံ သက်ရှိလောက၌ တွေ့ရှိသမျှ ရုပ်အားလုံးကို ခြုံငုံ၍ သိမ်းဆည်းပါ။ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်လျက် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာတို့ကို မတွေ့ရတော့ဘဲ ရုပ်တရားအစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့ မြင်ရသည်တိုင်အောင် ဆက်လက်၍ ကြိုးပမ်းပါ။
依此方法逐渐把智向外扩展,统摄三十一界有生命世界中所见的一切色法。若有能力,应把智扩展至无量世界系,摄取其中的色法。应继续努力,直到不再看见补特伽罗、有情、人、天、梵天,只以智看见色法的聚集。
ဘာဝရုပ်
性根色
အသင်ယောဂီသူတော်ကောင်းသည် အမျိုးသားဖြစ်လျှင် အဇ္ဈတ္တ၌ အမျိုးသားဘာဝရုပ် (= ပုမ္ဘာဝရုပ်) တစ်မျိုးတည်းကိုသာ ရှု၍ရနိုင်မည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အမျိုးသ္မီးယောဂီ ဖြစ်လျှင်- ကား အမျိုးသမီးဘာဝရုပ် (= ဣတ္ထိဘာဝရုပ်) တစ်မျိုးကိုသာ ရှု၍ ရနိုင်မည်။ သို့သော် ဗဟိဒ္ဓ သက်ရှိလောကကို
贤善的禅修者,若你是男性,在内在只能观见男根色(puṃbhāva-rūpa)这一种;若你是女性禅修者,则只能观见女根色(itthibhāva-rūpa)这一种。然而,在观照外在有生命世界
原书第 580 页
ရှုရာ၌ကား အမျိုးသားဘာဝရုပ် အမျိုးသမီးဘာဝရုပ် နှစ်မျိုးလုံးကိုပင် ရှု၍ ရရှိနိုင်ပေသည်။ သို့သော် သာဝက ပါရမီဉာဏ်အရာဝယ် ဗဟိဒ္ဓ လောကကို ရှုရာ၌ ယောကျာ်း-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ သန္တာန် ခွဲခြား ဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီသဖြင့် သာမန် ပေါင်းစုခြုံငုံ၍ ရှုရန် အနုပဒသုတ္တန်ဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။ - တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ၊ ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ- သာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ-ဋီ-၃-၂၇၄-၂၇၅။) = အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိပါမှ ကိလေသဒုက္ခ သံသာရဒုက္ခ တို့ ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် --- ၁။ မိမိ အဇ္ဈတ္တ သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း၊
时,男根色、女根色两种都能观见。不过,就声闻波罗蜜智而言,观照外在世间时,不应依男人、女人、补特伽罗、有情而分别各别相续;因为同属外在,应作一般性的总合总观。《逐一经“因此,他思惟自身相续内的一切法;对于他人相续内的诸法,则不按各别相续分别,而只依同属外在这一共通性质加以思惟——这就是诸声闻的思惟行境。”(《中部复注》3-274—275。)这是因为世尊亲自教导:只有以三种遍知之慧清楚分别了知一切色名,烦恼苦与轮回苦才能穷尽;所以:1.对存在于自己内在相续中的一切色名法——诸行法,应作为毗婆舍那的所缘而修习、审察;
၂။ သူတစ်ပါး သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း၊ ထိုသင်္ခါရ- တရားတို့ကို ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓအဖြစ် တူညီသောကြောင့် သာမညအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်မှုကို ပြုအပ်၏။
2.对于存在于他人相续中的一切色名法——诸行法——不依男人、女人、补特伽罗、有情而分别各别相续,只依同属外在这一共通性质作一般性的总合总观,将它们作为毗婆舍那的所缘而修习、审察。
ဤသည်ကား သာဝကတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်မြေဟူသော သမ္မသနစာရခေတ်တည်း။
这就是诸声闻观智的思惟行境(sammasanacāra-khetta)。
(မ-ဋီ-၃-၂၇၄-၂၇၅။)
(《中部复注》3-274—275。)
သို့အတွက် (၃၁)ဘုံ အတွင်းဝယ် --- ၁။ ရုပ်သက်သက်ရှိသော သတ္တဝါ၊ (အသညသတ် သတ္တဝါ) ၂။ ရုပ်နာမ် နှစ်မျိုးရှိသော သတ္တဝါ၊ (ပဉ္စဝေါကာရ သတ္တဝါ) ဤသတ္တဝါတို့ကို ဗဟိဒ္ဓချင်း တူညီသဖြင့် ပေါင်းစုခြုံငုံ၍ ယင်းသတ္တဝါတို့၏ ရုပ်တရားတို့ကို သိမ်းဆည်း နိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် လေ့ကျင့်ပါ။ (၃၁)ဘုံ အတွင်း၌ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာကို ရှာမတွေ့တော့ဘဲ ရုပ်တရားအစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့မြင်နေအောင် ဤရုပ်ကို သိမ်း ဆည်းနေသည့် အပိုင်းတွင် လေ့ကျင့်ပေးပါ။
因此,对于三十一界中的两类有情——1.只有色法的有情〔无想有情〕;2.兼有色法与名法的有情〔五蕴有〕——应因同属外在而总合观照,训练到能够摄取其色法、以智分别。请在这一摄取色法的阶段训练到:在三十一界中再也找不到男人、女人、补特伽罗、有情、人、天或梵天,智中只见色法的聚集。
သို့သော် ယင်းအနုပဒသုတ္တန်ဋီကာ၌ပင်လျှင် အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓကို ရှုရာ၌ အချို့အချို့သော သင်္ခါရတရားတို့ကို သန္တာန် ခွဲခြားဝေဖန်လျက် ရှုပွားကြောင်းကို ဤသို့လည်း ဖွင့်ဆို ထား၏။
不过,同一部《逐一经复注》也解释:大目犍连尊者观照外在时,会分别各别相续,抽取其中若干诸行法而修观。其文如下。
ထေရော ပန ဗဟိဒ္ဓါဓမ္မေပိ သန္တာနဝိဘာဂေန ကေစိ ကေစိ ဥဒ္ဓရိတွာ သမ္မသိ၊ တဉ္စ ခေါ ဉာဏေန ဖုဋ္ဌ မတ္တံ ကတွာ။ တေ န ဝုတ္တံ ''ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသမေဝ သမ္မသန္တော''တိ။
“然而,长老对于外在诸法,也按相续的分别抽取其中若干法而思惟;并且只令智触及这些法而已。因此〔义注〕说:‘犹如以杖端按触〔地面〕,只思惟一部分。’”
(မ-ဋီ-၃-၂၇၅။)
(《中部复注》3-275。)
= အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးသည်ကား ဗဟိဒ္ဓ သင်္ခါရတရားတို့၌လည်း ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည့် သန္တာန် ခွဲခြားဝေဖန်ခြင်းဖြင့် အချို့အချို့သော သင်္ခါရတရားတို့ကို သီးသန့် ထုတ်ဆောင် ၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကိုလည်း ယင်း သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ကာမျှသာ ပြု၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။
也就是说,大目犍连尊者对于外在诸行法,按男人、女人、补特伽罗、有情等不同相续加以分别,单独抽取其中若干诸行法,再安立于三相之下而修习毗婆舍那、作观照。如此修观时,他也只让观智触及那些诸行法而已。
ထိုကြောင့် --- ''မြေကြီးကို တောင်ဝှေးစွန်းဖြင့် ထောက်၍ သွားသကဲ့သို့ သင်္ခါရတရား တစ်စိတ်တစ်ဒေသကို သာလျှင် ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏'' --- ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မ-ဋီ-၃-၂၇၅၊၊)
因此,义注才说:“犹如以手杖尖端抵着地面行走,只观照、审察诸行法的一部分。”(《中部复注》3-275。)
原书第 581 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း တောင်ဝှေးစွန်းဖြင့် မြေကြီးကို ထောက်၍ သွားရာ၌ တောင်ဝှေးထိပ်စွန်းဖြင့် တွေ့ထိမိသော မြေအရပ် ထက် တောင်ဝှေး ထိပ်စွန်းဖြင့် မတွေ့ထိမိသော မြေအရပ်က သာလွန်၍ များသကဲ့သို့ အလားတူပင် အရှင်မဟာ- မောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓ သတ္တဝါတစ်ချို့ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကို ထုတ်နုတ်၍ သီးသန့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူသည် မှန်သော်လည်း ရှုလိုက်နိုင်သော သတ္တဝါတို့၏ သင်္ခါရ တရားတို့ထက် မရှုလိုက်မိသော ဉာဏ်ဖြင့် မထုတ်ဆောင်လိုက်မိသော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကသာ သာလွန်၍ များပြားသည်ဟု ဆိုလိုပေသည်။ သင်္ခါရတရား အမျိုးအစားကိုကား ကုန်စင် အောင် ဝိပဿနာ ရှုတော်မူသည်သာ ဖြစ်၏။ သတ္တဝါတိုင်း သတ္တဝါတိုင်း သန္တာန်၌ တည်ရှိသော သင်္ခါရတရားတိုင်း သင်္ခါရတရားတိုင်းကိုကား ကုန်စင်အောင် မရှုနိုင်ပေ။ ဤသို့သာ ဆိုလိုသည်ကို သဘောပေါက်ပါ။
以手杖点地行走时,杖尖没有触及的地面,比杖尖触及的地面多得多。同样,大目犍连尊者虽从外在一些有情的相续中抽取诸行法,个别修习毗婆舍那、作观照,但存在于未被观照、未被智抽取的有情相续中的诸行法,仍比已被观照的更多。就诸行法的种类而言,他确实观尽无余;但每一个有情相续中的每一个诸行法,并不能全都观尽。应当如此理解。
ဤသို့ အရှင်မဟာမောဂ္ဂလဒာန်ကိုယ်တော်မြတ်ကြီး စသည့် ဉာဏ်ကြီးရှင်တို့၏ ဝိပဿနာ လုပ်ထုံးလုပ် နည်းကို အတုယူ၍ ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ရုပ်တရားတို့ကိုကား သီးသန့် ထုတ်နုတ်၍ ရှုလိုက ရှုနိုင်သည် သိမ်းဆည်းနိုင်သည်။ ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရရှိနိုင်သဖြင့် ယင်း (၃၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော မဟာဋီကာ (၁-၄၃၅)၏ စကားတော်ကို ထောက်ရှုပါ။ (ဤကျမ်းစာ --- စာမျက်နှာ - ၅၇၇ - ပြန်ကြည့်ပါ။)
仿效大目犍连尊者等大智者的观法,在摄取、观修外在色法时,若愿意,也可以抽取存在于某些有情相续中的色法,作个别观照。既然能够观见外在的三十二身分,当然也能摄取、观修存在于这些三十二身分中的色法。请参照上述《大复注》1-435的教说。(请回看本书第577页。)
ဗဟိဒ္ဓ နာမ်လောကသို့
转向外在名法世界
အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးကား အဘိညာဏ်အရာ၌ ကျွမ်းကျင်လိမ္မာတော်မူသော သူ- တော်ကောင်းကြီး ဖြစ်သဖြင့် ဗဟိဒ္ဓနာမ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရာ၌ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း သီးသန့် ထုတ်ဆောင်၍ ရှုတော်မူနိုင်ခြင်း ဖြစ်၏။ အသင် သူတော်ကောင်းသည်လည်း ပရစိတ္တဝိဇာနန အဘိညာဏ် = သူတစ်ပါး၏ စိတ်ကို သိသော အဘိညာဏ်ကို ရရှိ ထားသူ ဖြစ်ပါမူ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်တည်ရှိနေကြသော နာမ်တရားတို့ကို သီးသန့် ထုတ်ဆောင်၍ သိမ်းဆည်း ရှုပွားနိုင်ပါသည်။ သူတစ်ပါး၏ စိတ်ကို အတိအကျ သိနိုင်ခြင်းမှာ ပရစိတ္တဝိဇာနန အဘိညာဏ်၏အရာသာ ဖြစ်သောကြောင့်တည်း။
大目犍连尊者精通神通智,所以在摄取、观修外在名法时,也能从某些有情的相续中抽取其中的名法,作个别观照。贤善的你若已经获得他心智,即了知他人之心的神通智(paracittavijānana-abhiññā),也可以抽取、摄取并观修存在于某些有情相续中的名法。因为精确了知他人之心,正是他心智的行境。
ပရစိတ္တဝိဇာနနအဘိညာဏ်ကို မရရှိသော သူတော်ကောင်းသည်ကား ဗဟိဒ္ဓ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်ခြင်းကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ခြုံငုံ၍သာ သိမ်းဆည်း ရှုပွားပါ။
尚未获得他心智的贤善者,在摄取、观修外在名法时,不应依男人、女人、补特伽罗、有情而分别各别相续;应因同属外在,只作一般性的总合总观。
အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ သက်မဲ့လောက ရုပ်တရားနှင့် ဗဟိဒ္ဓ သက်ရှိလောက ရုပ်တရားအား လုံးတို့ကိုလည်း ခြုံငုံ၍ သိမ်းဆည်းပါ။ (၃၁)ဘုံကို ခြုံငုံ၍ ရုပ်တရားအားလုံးကို သိမ်းဆည်းနိုင်ခဲ့သော် ဗဟိဒ္ဓ၌ လည်း နာမ်ကမ္မဋ္ဌာန်းကို ပြောင်း၍ ရှုနိုင်ပြီဖြစ်သည်။ အဇ္ဈတ္တ၌ နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာဝယ် စျာန် အင်္ဂါနှင့် စျာနသမ္ပယုတ်တရားတို့မှစ၍ သိမ်းဆည်းသကဲ့သို့ အလားတူပင် ဗဟိဒ္ဓ၌လည်း စျာန်အင်္ဂါနှင့် စျာန- သမ္ပယုတ်တရားတို့မှ စ၍ နာမ်တရားတို့ကို သိမ်းဆည်းပါ။ အောင်မြင်မှုရရှိပါက အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ယင်းနာမ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။
贤善的你,应总摄外在无生命世界与外在有生命世界的一切色法。若已总摄三十一界而摄取一切色法,便可以在外在转入名业处。正如在内在开始用功于名业处时,是从禅支与禅那相应法开始摄取;同样,在外在也应从禅支与禅那相应法开始摄取诸名法。若已成功,便内在一次、外在一次,反复交替摄取这些名法。
စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှု၌ အားရကျေနပ်မှုကို ရရှိသောအခါ ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းနိုင်ပေပြီ။ အဇ္ဈတ္တ၌ နာမ်တရားတို့ကို စတင်၍
当对禅那名法的摄取已经感到充分满意时,便可开始摄取缘色法而生的名法。由于在内在开始摄取
原书第 582 页
သိမ်းဆည်းခဲ့စဥ်က မနောဒွါရဝီထိ နာမ်တရားတို့က စ၍ သိမ်းဆည်းခဲ့သဖြင့် ဗဟိဒ္ဓ၌လည်း နည်းတူပင် ရုပ်တ- ရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ နာမ်တရားတို့က စ၍ပင် သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ မနောဒွါရိကဇော ဝီထိစိတ်အစဥ်တို့တွင် ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရားများကို သိမ်း ဆည်းသည့် နည်းစနစ်အတိုင်း ဗဟိဒ္ဓ၌လည်း သိမ်းဆည်းပါ။ အလွယ်မှ အခက်သို့ တစ်စတစ်စ ကူးပြောင်းခြင်း ဖြစ်၏။ ပုံစံတစ်ခုကို ဆိုပေအံ့။
名法时,是从意门心路名法开始摄取的;外在也同样,应从缘色法而生的意门心路名法开始摄取。应按照在内在意门速行心路相续中摄取含善速行之善组名法的方法,在外在加以摄取。这是从易到难逐步过渡。下面举一个范例。
အဇ္ဈတ္တ၌ --- ၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍၊ ၂။ စက္ခုအကြည်ဓာတ်ကို အာရုံယူပြီးလျှင်၊ ယင်း စက္ခုအကြည်ဓာတ်ကို --- (က) စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( ခ ) ရုပ်တရားဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( ဂ ) အနိစ္စဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ (ဃ) ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( င ) အနတ္တဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( စ ) အသုဘဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ --- ဤနာမ်တရားများကို သိမ်းဆည်းသကဲ့သို့ အလားတူပင် ဗဟိဒ္ဓ၌လည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ခြုံငုံ၍ --- ၁။ ဗဟိဒ္ဓ --- ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍၊ ၂။ ဗဟိဒ္ဓ --- စက္ခုအကြည်ဓာတ်ကို အာရုံယူပြီးလျှင်၊ ယင်း စက္ခုအကြည်ဓာတ်ကို --- (က) စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ ( ခ ) ရုပ်တရားဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊
在内在:1.摄取有分意净界;2.取眼净色为所缘,然后摄取以该眼净色为所缘而(甲)了知为“眼净色”的意门心路名法;(乙)了知为“色法”的意门心路名法;(丙)了知为“无常”的意门心路名法;(丁)了知为“苦”的意门心路名法;(戊)了知为“无我”的意门心路名法;(己)了知为“不净”的意门心路名法。同样,在外在,因为同属外在而作一般性的总合总观:1.摄取外在的有分意净界;2.取外在的眼净色为所缘,然后摄取以该眼净色为所缘而(甲)了知为“眼净色”的意门心路名法;(乙)了知为“色法”的意门心路名法;
( ဂ ) အနိစ္စဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ (ဃ) ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( င ) အနတ္တဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ( စ ) အသုဘဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ၊ ဤနာမ်တရားတို့ကို သိမ်းဆည်းပါ။ မည်သူမည်ဝါ၏ ဘဝင်မနောအကြည်ဓာတ်ဟုလည်းကောင်း၊ မည်သူ မည်ဝါ၏ စက္ခုအကြည်ဓာတ်ဟုလည်းကောင်း၊ မည်သူမည်ဝါ၏ မနောဒွါရဝီထိ နာမ်တရားများဟုလည်းကောင်း ပုဂ္ဂိုလ်သတ္တဝါ ခွဲခြား ဝေဖန်ခြင်းကို မပြုပါနှင့်၊ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့်သာ ပေါင်းစုခြုံငုံ၍ ရှုပါ။
(丙)了知为“无常”的意门心路名法;(丁)了知为“苦”的意门心路名法;(戊)了知为“无我”的意门心路名法;(己)了知为“不净”的意门心路名法。应摄取这些名法。不要分别为“某人的有分意净界”“某人的眼净色”或“某人的意门心路名法”,也就是不要依补特伽罗、有情而分别各别相续;应因同属外在,只作一般性的总合总观。
စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇောများ စောကြသည့် မနောဒွါရဝီထိ နာမ် တရားများကို သိမ်းဆည်းရာ၌လည်း အဇ္ဈတ္တ၌ ရှုသည့်စနစ်အတိုင်းသာလျှင် ဗဟိဒ္ဓ၌လည်း နည်းမှီး၍ ရှုပါ။
摄取缘眼净色而生、运行不善速行的意门心路名法时,外在也只须仿照内在的观法。
ဓမ္မာရုံလိုင်း၌ အကျုံးဝင်သော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့၌ လည်း နည်းတူပင် သဘောပေါက်ပါ။
对于缘法所缘线所摄的真实色法与非真实色法而生的诸名法,也应同理理解。
အဇ္ဈတ္တ၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ --- ၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့ကို ပူးတွဲ သိမ်းဆည်းပြီးလျှင်၊ ၂။ ရူပါရုံကို အာရုံယူ၍၊
在内在摄取缘色所缘而生的名法时:1.把眼净色=眼门与有分意净界=意门一并摄取;2.取色所缘为所缘,
原书第 583 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း အာယတနဒွါရအလိုက် ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ နာမ်တရားများကို သိမ်း ဆည်းသကဲ့သို့၊ အလားတူပင် ဗဟိဒ္ဓ၌လည်း --- ၁။ စက္ခုဒွါရနှင့် မနောဒွါရတို့ကို ပူးတွဲ သိမ်းဆည်းပြီးလျှင်၊ ၂။ ဗဟိဒ္ဓရူပါရုံကို အာရုံယူ၍ အာယတနဒွါရအလိုက် ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ နာမ်တရားများကို သိမ်း- ဆည်းပါ။ မည်သူမည်ဝါ၏ စက္ခုဒွါရ၊ မနောဒွါရ၊ ရူပါရုံ စသည်ဖြင့် ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှုကို မပြုပါနှင့်။
再依处门摄取随之生起的眼门心路与意门心路名法。同样,在外在:1.把眼门与意门一并摄取;2.取外在色所缘为所缘,再依处门摄取随之生起的眼门心路与意门心路名法。不要分别为“某人的眼门、意门、色所缘”等,也就是不要依补特伽罗、有情而分别各别相续。
ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းပါ။ သဒ္ဒါရုံ စသည့် အာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား စသည်တို့ကိုလည်း အဇ္ဈတ္တ၌ ရှုသည့် စနစ်ကိုပင် နည်းမှီး၍ ရှုပါ။ ဇောများမှာ ယောနိသောမနသိကာရ ဖြစ်က ကုသိုလ်ဇော ဖြစ်၍ အယောနိသော မနသိကာရ ဖြစ်က အကုသိုလ်ဇော ဖြစ်ကြပေမည်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်း ရှုပွားပါ။
应因同属外在,只作一般性的总合总观。以声所缘等为所缘而生的耳门心路、意门心路等诸名法,也应仿照内在的观法。若有如理作意,速行便是善速行;若有不如理作意,速行便是不善速行。应内在一次、外在一次,交替摄取、观修。
အနီးမှ အဝေးသို့
从近处到远处
ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ အနီးပတ်ဝန်းကျင်မှ စ၍ သိမ်းဆည်းပါ။ တဖြည်းဖြည်း တစ်စတစ်စ တိုး၍ အဝေးသို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ ရုပ်နာမ်ကို ရှုလိုက်၊ ဗဟိဒ္ဓ ရုပ်နာမ်ကို ရှုလိုက် --- ဤသို့ ပြုလုပ်ခြင်းဖြင့် ဉာဏ်ကို ထက်မြက်စူးရှလာအောင် သွေးပေးပါ။ နောက်ဆုံး (၃၁)ဘုံ၌ ခြုံငုံ၍ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းနိုင်သည့် အဆင့်သို့ ရောက်အောင် သွားပါ။ အောင်မြင် မှုရခဲ့သော် --- အဇ္ဈတ္တ၌ --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း - ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)ခုကို ပြုလုပ်သကဲ့သို့၊ အလားတူပင် --- ဗဟိဒ္ဓ၌လည်း --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊
摄取外在色名时,应先从附近周围开始。然后逐渐扩大范围,把智转向远处而摄取色名。时而观内在色名,时而观外在色名,如此磨砺,使智变得锐利。最终应达到能够总摄三十一界而摄取色法、名法的阶段。若已成功,正如在内在完成下列四项大作业:1.只把握色法;2.只把握名法;3.把握色名;4.名色分别=分别标识色名;在外在也同样:1.只把握色法;2.只把握名法;3.把握色名;
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း - ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)ခုကို ပြုလုပ်ပါ။ တစ်ဖန် အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံး၌ပင် အဇ္ဈတ္တ၌တစ်လှည့်၊ ဗဟိဒ္ဓ၌တစ်လှည့်အားဖြင့် တစ်ထိုင်အတွင်းမှာပင် အပြန်ပြန် အလှန်လှန် အကြိမ်များစွာ --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း -
4.名色分别=分别标识色名。应完成这四项大作业。再者,对内在、外在两者,应在一次坐修之中,以内在一次、外在一次的方式反复交替许多次:1.只把握色法;2.只把握名法;3.把握色名;4.名色分别=分别标识色名。
原书第 584 页
ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)မျိုးကိုလည်း ပြုလုပ်ပါ။ ထိုသို့ ကြိုးစားအားထုတ်နိုင်ခဲ့သော် --- နာမရူပမတ္တတော ဥဒ္ဓံ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ ဒေဝေါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။
这四项大作业也都应完成。若能“他获得结论:除了名色之外,并无另外的有情、补特伽罗、天或梵天。”
(ဝိသုဒ္ဓိ-၂-၂၂၈။)
(《清净道论》2-228。)
= နာမ်တရား ရုပ်တရားမျှထက် အပိုအလွန် အခြားတစ်ပါးသော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း၊ နတ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း မရှိဟု သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချနိုင်ခြင်းသို့ ရောက်ရှိသွားပေသည်။ 〔မှတ်ချက် --- အသညသတ်ဘုံ၌ ရုပ်သက်သက်သာ ရှိ၏၊ အရူပလေးဘုံ၌ နာမ်သက်- သက်သာ ရှိ၏၊ ပဉ္စဝေါကာရ (၂၆)ဘုံ၌ --- ရုပ်+နာမ် နှစ်မျိုးလုံး ရှိ၏။ ယင်း (၃၁)ဘုံကို ခြုံငုံ၍ သိမ်းဆည်းပါ၊၊〕
也就是说,他能够作出决定性的判定:“除了名法、色法之外,并无另外的有情、补特伽罗、天或梵天。”〔注——无想有情界只有色法;四无色界只有名法;具有五蕴的二十六界(即五蕴有)中,只有色、名二法。应总摄这三十一界而摄取。〕