四念处的力量

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 570–573 页 · 22 个翻译单元

本页并入了原书的相邻小节:四个实修阶段、四念处——第二阶段。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 570 页
ကာယာနုပဿီ၊ ဝေဒနာနုပဿီ၊ စိတ္တာနုပဿီ၊ ဓမ္မာနုပဿီ --- ဟူသော ပုဂ္ဂိုလ် လေးမျိုးတို့၏ အရိယမဂ် ဉာဏ်သို့တိုင်အောင် လာရာလမ်းကြောင်း ဖြစ်သည့် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာနှင့် စပ်သဖြင့် အထူးပြု၍ ဟောကြားထားတော်မူအပ်သော သတိပဋ္ဌာန်ဒေသနာတော်သည် ပုဂ္ဂိုလ်၌ တည်၏ဟု ဆိုလိုသည်။
意思是:念处教说是特别联系毗婆舍那而开示的;这毗婆舍那既是身随观者、受随观者、心随观者、法随观者四类人一路到达圣道智的修行途径,也是圣道生起之因。因此才说,念处教说‘依个人而立’。
မှန်ပေသည် တစ်ယောက်သောပုဂ္ဂိုလ်၏ တစ်ပါးမက များစွာသော သတိပဋ္ဌာန်နှင့် ပြည့်စုံခြင်း ရှိသည်၏ အဖြစ် ကို ပြောဆိုခြင်းငှာ မတတ်ကောင်းပေ။ အဘယ်ကြောင့်နည်းဟူမူ --- တစ်ပြိုင်နက်သော ခဏ၌ = တစ်ခုတည်း သော စိတ္တက္ခဏ၌ တစ်ပါးမက များစွာသော သတိ၏ ဖြစ်သင့်ခြင်းသို့လည်း ရောက်ရှိသွားနိုင်သောကြောင့် လည်းကောင်း၊ သတိတစ်ခုတည်းကလည်း ထိုဖြစ်သမျှ သတိများစွာကို ထိုးထွင်း၍ သိခြင်းသို့လည်း ရောက်ရှိ သွားနိုင်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ (မူလဋီ-၂-၁၆၁။)
确实,不宜说同一个人具足不止一种乃至许多种念处。为什么呢?因为这样一来,既可能成为‘同一刹那=同一心刹那中,应有不止一种乃至许多种念同时生起’,又可能成为‘唯一一个念透彻了知所有这些多种念’。(《分别论根本复注》2-161。)
သတိပဋ္ဌာန်လေးပါး၏ စွမ်းအား
四念处的力量
ကာယေတိ ရူပကာယေ။ (မ-ဋ္ဌ-၁-၂၄၆။) ၁။ ရူပကာယ = ရုပ်တရား အပေါင်း၌ ''သုဘ = တင့်တယ်၏''ဟူ၍ ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း၊ အမှတ်မှားခြင်း၊ အယူမှားခြင်း ဝိပလဒာသတရားကို ပယ်ရှားတတ်သော၊ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ တတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ကာယာ- နုပဿနာ မည်၏။
“所谓‘于身’,是于色身。”(《中部义注》1-246。)1.能断除在色身=色法之聚上颠倒地认知、标记、执见为“净”(即美好、端严)的心颠倒、想颠倒、见颠倒,并能以智分别=摄取色法的念,由圣道而得成就圆满,故称为“身随观”。
၂။ ဝေဒနာ၌ ''သုခ = ချမ်းသာ၏''ဟူ၍ ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း၊ အမှတ်မှားခြင်း၊ အယူမှားခြင်း ဝိပလဒာသတရားကို ပယ်ရှားတတ်သော၊ ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ဝေဒနာနုပဿနာ မည်၏။
2.能断除在受上颠倒地认知、标记、执见为“乐”的心颠倒、想颠倒、见颠倒,并能以智分别=摄取受的念,由圣道而得成就圆满,故称为“受随观”。
၃။ စိတ်၌ ''နိစ္စ = မြဲ၏''ဟု ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း၊ အမှတ်မှားခြင်း၊ အယူမှားခြင်း ဝိပလဒာသ တရားကို ပယ်ရှားတတ်သော၊ စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် စိတ္တာနုပဿနာ မည်၏။
3.能断除在心上颠倒地认知、标记、执见为“常”的心颠倒、想颠倒、见颠倒,并能以智分别=摄取心的念,由圣道而得成就圆满,故称为“心随观”。
၄။ ဓမ္မသဘောတရားတို့၌ ''အတ္တ''ဟု ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း၊ အမှတ်မှားခြင်း၊ အယူမှားခြင်း ဝိပလဒာသတရားကို ပယ်ရှားတတ်သော၊ ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်း တတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ဓမ္မာနုပဿနာ မည်၏။
4.能断除在诸法上颠倒地认知、标记、执见为“我”的心颠倒、想颠倒、见颠倒,并能以智分别=摄取诸法的念,由圣道而得成就圆满,故称为“法随观”。
ဤသို့လျှင် တစ်ပါးတည်းသာ ဖြစ်သော အရိယမဂ်ဉာဏ်နှင့် ယှဥ်သော သတိသည် လေးပါးသော ကိစ္စကို ပြီးစီးစေတတ်သည်၏ အဖြစ်ကြောင့် --- ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာ- နုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသော အမည်တို့ကို ရရှိပေ၏။ ထိုကြောင့် --- ''လောကုတ္တရ- မဂ္ဂက္ခဏေ ပန ဧက စိတ္တေယေဝ လဗ္ဘန္တိ = လောကုတ္တရာ အရိယမဂ်ဉာဏ်၏ ဖြစ်ဆဲခဏ၌ တစ်ခုတည်းသော စိတ်၌သာ ရအပ်ကုန်၏''ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်၏။ (အဘိ-ဋ္ဌ-၂-၂၇၃-၂၇၄။) ပုဂ္ဂိုလ်ကို သုံးသပ်၍ မိမိကိစ္စဖြင့် ပိုင်းခြားအပ်သော တရားတို့ကို ဟောကြားတော်မူအပ်သည် ရှိသော် ကိစ္စ၏ ကွဲပြားခြင်းကြောင့် တစ်ပါးတည်းသာဖြစ်သော သတိ၏လည်း ကာယာနုပဿနာသတိပဋ္ဌာန် စသည်ဖြင့် တစ်ပါးမက များပြားသော အမည်နာမ ရှိသည်၏အဖြစ်သည် ဖြစ်ပေ၏။ ဤအနက်သဘောတရားကို ထင်ရှား ပြလိုသည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ်ဉာဏ်အခိုက်၌ တစ်ခုတည်းသော သတိက အမည်လေးမျိုး ရရှိ-
如是,与圣道智相应的唯一一种念,因为能够完成四种作用,便获得“身随观念处、受随观念处、心随观念处、法随观念处”这四种名称。因此,义注才解释:“လောကုတ္တရ- မဂ္ဂက္ခဏေ ပန ဧက စိတ္တေယေဝ လဗ္ဘန္တိ = 然而在出世间圣道智生起的刹那,四者只可得于同一心。”(《迷惑冰消》2-273—274。)若以个人为立足点来开示依各自作用而分别的诸法,那么,由于作用不同,唯一一种念也会有身随观念处等不止一个、许多个名称。为了清楚显示这一意义,义注才说:在出世间道智刹那,唯一一种念获得四种名称;
原书第 571 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ကြောင်း စကားရပ်ကို အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်း ဖြစ်၏။ ဥပမာဆောင်၍ ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏။
义注正是这样解释的。若举例使之明了,则如下。
ပုဂ္ဂိုလ်၏ ကိစ္စဟူသည် သဘာဝဓမ္မတို့သာတည်း။ ထိုကြောင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန် သော သဘာဝဓမ္မတို့၏ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု ကွဲပြားခြင်းကြောင့် ကာယာနုပဿီပုဂ္ဂိုလ်၊ ဝေဒနာနုပ- ဿီပုဂ္ဂိုလ်၊ စိတ္တာနုပဿီပုဂ္ဂိုလ်၊ ဓမ္မာနုပဿီပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်တို့၏ ကွဲပြားခြင်းသည် ဖြစ်သကဲ့သို့ ဤဥပမာ အတူပင် --- တစ်ခုသော ဓမ္မ၏ အခြားတစ်ပါးသော ဓမ္မသည် ကိစ္စကား မဖြစ်နိုင် (= တစ်ခုသော ဓမ္မ၏ ကိစ္စကိုအခြား တစ်ခုသော ဓမ္မက မရွက်ဆောင်နိုင်။) ထိုကြောင့် သဘာဝဓမ္မတို့၏ ကွဲပြားခြင်းကြောင့် ထိုသဘာဝဓမ္မတို့၏ ကိစ္စ၏ ကွဲပြားမှုကား မရှိနိုင်၊ ဤကဲ့သို့ သဘာဝဓမ္မတို့၏ ကွဲပြားမှုကြောင့် ကိစ္စ၏ကွဲပြားခြင်း မရှိနိုင်သောကြောင့် ဖြစ်၏။ ထိုသို့ ပရမတ္ထ သဘာဝဓမ္မတို့၏ ကွဲပြားခြင်းကြောင့် ကိစ္စ၏ ကွဲပြားမှုကို အလိုမရှိအပ်သည်၏ အဖြစ်၊ ကိစ္စ၏ ကွဲပြားခြင်းကြောင့်သာ ပရမတ္ထ သဘာဝဓမ္မတို့၏ အထူးအပြားကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့်
所谓人的作用,实由诸自然法而有。因此,作为观智所观所缘的自然法有身、受、心、法之别,随观者也就分别称为身随观者、受随观者、心随观者、法随观者。与这个譬喻相同,一个法不能成为另一个法的作用〔即一个法不能执行另一个法的作用〕。所以,自然法虽有差别,却不能仅因此便主张这些自然法的作用也有差别。换言之,一方面,不应只根据胜义自然法各异,便主张作用各异;另一方面,只有根据作用各异,才应判定胜义自然法的特殊差别。由于这两点,
တစ်ပါးတည်းသာလျှင် ဖြစ်သော သတိသည် (၄)ပါးသော ဝိပလဒာသတရားကို ပယ်ရှားတတ်သည် ဖြစ်ရကား အရိယမဂ်အခိုက် ခဏ၌ ပြီးပြည့်စုံလာ၏။ ယင်းသို့လျှင် သတိ၏ လေးမျိုးသော လုပ်ငန်းကိစ္စရပ်သည် အရိယ မဂ်ခဏ၌ ပြီးပြည့်စုံလတ်သော် အခြားတစ်ပါးသော အကျိုးထူးကား မရှိတော့ပြီ ဖြစ်၏။ ယင်းဝိပလဒာသတရား လေးမျိုးကို ပယ်ခြင်း အကျိုးထူးသာရှိ၏။ ယင်းသို့ အခြားတစ်ပါးသော အကျိုးထူး မရှိသော ထိုဝိပလဒာသတရား လေးမျိုးကိုသာ ပယ်ရှားခြင်း ကိစ္စ၏ အပြားအားဖြင့် အရိယမဂ်နှင့် ယှဥ်သော တစ်ခုတည်းသော သတိသည် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာဟူသော လေးမျိုးကုန်သော အမည်တို့ကို ရရှိပေ၏။ ဤကား အထက်ပါ အဋ္ဌကထာစကားရပ်၌ ဆိုလိုရင်း အဓိပ္ပါယ်တည်း။ (မူလဋီ-၂-၁၆၁။)
唯一的念能够舍断四种颠倒,故在圣道刹那圆满成办。如此,念的四种作用在圣道刹那圆满时,并没有其他殊胜利益,唯有舍断这四种颠倒这一利益。正是依舍断四种颠倒的作用差别,与圣道相应的同一个念才获得身随观、受随观、心随观、法随观这四种名称。这就是上述义注语句的本意。(《分别论根本复注》2-161。)
လုပ်ငန်းခွင် (၄) ဆင့်
四个实修阶段
၁။ ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ ၂။ အရူပံ ပရိဂ္ဂဏှာတိ၊ ၃။ ရူပါ ရူပံ ပန ပရိဂ္ဂဏှန္တော … ၄။ ယောပိ ရူပါ ရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော … (အဘိ-ဋ္ဌ-၁-၂၆ဝ။) ၃။ ရူပါ ရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော၊ ၄။ နာမရူပမတ္တမေတံ၊ န အညော ကောစိ သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။
“1.有人把握四大种以后,继续把握所造色;2.把握非色法;3.而在把握色法与非色法时……;4.又有人把握色法与非色法以后,在分别名色时……”(《殊胜义注》1-26“3.依特相等分别而把握色法与非色法,称为色非色把握;4.分别确定‘这只是名色,并无任何另一个有情等’,称为名色分别。”
(မူလဋီ-၁-၁၁၂။)
(《根本复注》1-112。)
အာနာပါနဿတိ သမာဓိကို ဝိပဿနာဉာဏ်၏ အခြေပါဒကပြု၍ သမာဓိကို ထူထောင်ပြီးလျှင် --- ရုပ် ကမ္မဋ္ဌာန်းပိုင်း၊ နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်တို့ကို အဆင့်ဆင့် တင်ပြခဲ့ပြီးလေပြီ။ ယင်း ရုပ်ကမ္မဋ္ဌာန်းပိုင်း၊ နာမ် ကမ္မဋ္ဌာန်းပိုင်းတို့၌ အထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာနှင့် မူလဋီကာတို့၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း လုပ်ငန်းခွင် (၄)ဆင့်တို့ကို ဖော်ပြခဲ့ပြီးလေပြီ။ ယင်းလုပ်ငန်းခွင် (၄)ဆင့်တို့မှာ --- ၁။ ရူပပရိဂ္ဂဟ --- ဓာတ်ကြီးလေးပါးကို အခြေတည်၍ ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်းခြင်း၊ ၂။ အရူပပရိဂ္ဂဟ --- နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်းခြင်း၊
以入出息念定作为观智的基础而建立定以后,本书已经依次说明色业处部分与名业处部分的观修方法。在这两部分中,又依上述《殊胜义注》与《分别论根本复注》的解释,说明了四个实修阶段:1.色把握——以四大种为基础,用智分别、把握大种色与所造色;2.非色把握——用智分别、把握诸名法;
原书第 572 页
၃။ ရူပါရူပပရိဂ္ဂဟ --- ရုပ်တရား နာမ်တရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ ယူခြင်း = သိမ်းဆည်းခြင်း --- (ဤအပိုင်းတွင် သဘာဝလက္ခဏာအားဖြင့် ရုပ်တရား နာမ်တရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပုံ သိမ်းဆည်းပုံကိုသာ ဖော်ပြရသေးသည်၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အားဖြင့် သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။) ၄။ နာမရူပဝဝတ္ထာန --- ''ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏''ဟု (တစ်နည်း --- ပုဂ္ဂိုလ်- သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ --- ဟု) နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း- အဇ္ဈတ္တသန္တာန်ဝယ် ဤလုပ်ငန်းခွင် (၄)ဆင့်တို့ကို အဆင့်ဆင့် တင်ပြခဲ့ပြီးလေပြီ။ ယင်းလုပ်ငန်းခွင် (၄) ဆင့်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် သတိပဋ္ဌာန်လေးပါးကို ပွားများ
3.色非色把握——依特相、作用、现起、近因,用智分别、把握色法与名法。〔本部分目前只说明依自性特相用智分别、把握色法与名法的方法;依特相、作用、现起、近因把握的方法,请参见“特相等四法部分”。〕4.名色分别——分别确定名色:“没有人、有情、命、我,只有名色。”换一种说法:“没有人、有情、命、我、人类、天与梵天,只有名色。”在内在相续中,上述四个实修阶段已经依次说明完毕。以智逐层分别、把握这四个阶段,也就是在培育
နေသည် မည်ကြောင်းကိုလည်း အထူးမှတ်သားပါ။ ယခုအခါတွင် သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် လုပ် ငန်းခွင်ကို ဆက်လက်၍ တင်ပြပေအံ့။
四念处;应当特别记住这一点。现在继续说明四念处的第二阶段实修作业。
သတိပဋ္ဌာန်လေးပါး - ဒုတိယဆင့်
四念处——第二阶段
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ-၁-၇၁။) ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း (= ရူပကာယ၌မူလည်း၊ တစ်နည်း --- ရူပကာယ၊ နာမကာယ၌မူ လည်း) ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန် ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (ကာယာနုပဿနာ- အာနာပါနပိုင်း၊ ဣရိယာပထပိုင်း၊ သမ္ပဇဥ်ပိုင်း၊ ပဋိကူလ- မနသိကာရပိုင်း၊ ဓာတုမနသိကာရပိုင်း၊ နဝသိဝထိကပိုင်းဟူသော အပိုင်းကြီး (၁၄)ပိုင်းတို့တွင် ပုံစံတူ ဟောကြား ထားတော်မူပေသည်။) ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ-၁-၇၅။)
“如此,或于内身随观身而住,或于外身随观身而住,或于内外身随观身而住。”(《中部》1-71。)也就是说,对于内在之身〔即色身;另一说为色身与名身〕,反复、再三地随观为“身”而住;对于外在之身,反复、再三地随观为“身”而住;对于内外之身,反复、再三地随观为“身”而住。〔身随观的入出息品、威仪品、正知品、不净作意品、界作意品以及九墓地品,共14品,均以“如此,或于内受随观受而住,或于外受随观受而住,或于内外受随观受而住。”(《中部》1-75。)
ဤသို့လျှင် အဇ္ဈတ္တ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ဝေ- ဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ-၁-၇၅။) ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ-၁-၇၆။) = ဤသို့လျှင် အဇ္ဈတ္တ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ် ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ-၁-၇၆။) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ
也就是说,对于内在诸受,反复、再三地随观为“受”而住;对于外在诸受,反复、再三地随观为“受”而住;对于内外诸受,反复、再三地随观为“受”而住。(《中“如此,或于内心随观心而住,或于外心随观心而住,或于内外心随观心而住。”(《中部》1-76。)也就是说,对于内在之心,反复、再三地随观为“心”而住;对于外在之心,反复、再三地随观为“心”而住;对于内外之心,反复、再三地随观为“心”而住。(《中部》1-76。)巴利《中部》引文(缅文转写,起):“ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ
ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ-၁-၇၇-၇၈-၈ဝ-၈၁-၉ဝ။)
ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။”译:“如此,或于内诸法随观法而住,或于外诸法随观法而住,或于内外诸法随观法而住。”(《中部》1-77、78、80、81、90。)
原书第 573 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဤသို့လျှင် အဇ္ဈတ္တ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ-၁-၇၇-၇၈ …) (ဓမ္မာနုပဿနာ-နီဝရဏပိုင်း၊ ခန္ဓပိုင်း၊ အာယတနပိုင်း၊ ဗောဇ္ဈင်ပိုင်း၊ သစ္စာပိုင်းဟူသော ငါးပိုင်းလုံး၌ ပုံစံတူ ဟောကြားထားတော်မူပေသည်။)
也就是说,对于内在诸法,反复、再三地随观为“法”而住;对于外在诸法,反复、再三地随观为“法”而住;对于内外诸法,反复、再三地随观为“法”而住。(《中部》1-77—78……)〔法随观的五盖品、蕴品、处品、觉支品与谛品这五品,均以同样方式开示。〕

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。