观修方法提要

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 353–355 页 · 22 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 353 页
ရှုပုံစနစ် အမြွက်
观修方法提要
၁။ တစ်နေရာတွင် မတ်တတ်ရပ်၍ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.站在一处,逐步建立定力。
၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကို ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ထိုနောင် --- ၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
2.对于存在于六门、四十二身分中的一切色法,应以智慧逐一破除各种色密集,辨识至智见抵达究竟法。随后:3.辨识有分意净界。
၄။ သွားမည့် အမူအရာ အနည်းငယ် ပြုလုပ်၍ သွားလိုသောစိတ်ကို မြင်အောင် ရှုပါ။ ယင်းစိတ်နှင့် ယှဥ်တွဲ နေသည့် စေတသိက်တို့ကိုလည်း မြင်အောင် ရှုပါ။ မနောဒွါရိက ဇောဝီထိစဥ်အတိုင်း နာမ်တရားတို့ကို မြင်အောင် ရှုပါ။
4.稍微作出将要行走的动作,观见欲行之心;也观见与该心相应的心所。依意门速行心路的次第,观见诸名法。
၅။ ယင်း စိတ်-စေတသိက်တို့ကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားသွားကြကုန်သော ကာယဝိညတ္တိ နဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းပါ။ (ဖြည်းဖြည်း သွားကြည့်နေပါ။) ၆။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်ကြောင့် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း၏ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်လျက် ဖြစ်ပွားနေမှုကို မြင်အောင် ရှုပါ။ သိမ်းဆည်းပါ။
5.以由这些心与心所产生、遍满全身而生起的身表九法聚和身表、轻快性等十二法聚为主导,加以辨识。〔试着缓慢行走。〕6.由于这些色聚中所含风界的力量,存在于六门、四十二身分中的四因所生色身——一切色法——会转而在一个又一个新位置生起;应当观见并辨识这种情形。
(အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော အပ္ပဓာနရုပ်တို့တည်း။) ထိုသို့ သိမ်းဆည်းနိုင်သောအခါ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ --- ၁။ ပဓာန = ပြဓာန်းသော ရုပ်နှင့် အပ္ပဓာန = မပြဓာန်းသော ရုပ်တို့ကို တစ်ပေါင်း တစ်စုတည်းပြု၍ --- ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။
〔这些就是以被运载的形态生起、居于非主导的色法。〕能够这样辨识、以智慧分别取出以后:1.把居于主导的色法与居于非主导的色法合为一组,作意“色法、色法”而加以辨识。
၂။ သွားလိုသော စိတ်-စေတသိက်တို့ကို တစ်ပေါင်းတစ်စုတည်းပြု၍ --- နာမ်တရား နာမ်တရားဟု သိမ်း ဆည်းပါ။
2.把欲行之心及其相应心所合为一组,作意“名法、名法”而加以辨识。
原书第 354 页
သတိပြုရန် --- ထိုသို့ စင်္ကြံသွား၍ ရုပ်နာမ်ကို သိမ်းဆည်းရာ၌ ဖြည်းဖြည်းသာ သွားပါ။ အစဦးစွာ အား ထုတ်သည့်အပိုင်း၌ မိမိ လျှောက်နေကျ စင်္ကြံ ဖြစ်ပါစေ။ စင်္ကြံဦး၌ မတ်တတ်ရပ်၍ သမာဓိထူထောင်စဥ် စတု- သမုဋ္ဌာနိက ရုပ်တရား အားလုံးကို သိမ်းဆည်းစဥ်တို့၌လည်းကောင်း၊ စင်္ကြံ တဖြည်းဖြည်း သွားစဥ်၌လည်းကောင်း မျက်စိကို မှိတ်ထားပါဦး။ လေ့ကျင့်မှု တဖြည်းဖြည်း အောင်မြင်လာသောအခါ၌ကား မျက်စိအနည်းငယ် ဖွင့်၍ လည်း သိမ်းဆည်း ရှုပွားနိုင်ပါသည်။ သွားလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောတို့မှာ အသင်သူတော်- ကောင်းအတွက် ကုသိုလ်ဇောလည်း ဖြစ်နိုင်၏၊ အကုသိုလ်ဇောလည်း ဖြစ်နိုင်၏။ သို့သော် ယခုကဲ့သို့ သွားခိုက်၌ ဖြစ်ပေါ်နေကြသော ရုပ်နာမ်တို့ကို သိမ်းဆည်းနေသည့် အချိန်ပိုင်း၌ကား နာမရူပပရိစ္ဆေဒဉာဏ်ပြဓာန်းသော ကုသိုလ်ဇောဝီထိများသာ အဖြစ်များဖွယ်ရာ ရှိပေသည်။
注意:在经行时把握色名,应当缓慢行走。初开始用功时,应选择自己平常走惯的经行道。在经行道起点站立、建立定力时,以及把握一切四因所生色法时;乃至缓慢经行时,都应先闭上眼睛。待练习逐渐纯熟,才可稍微睁眼把握、观修。对贤善的你而言,以欲行之心为主导的意门速行,既可能是善速行,也可能是不善速行;然而,像现在这样在行走时把握当下生起的色名,这一阶段所生的,多半应只是以名色分别智为主导的善速行心路。
ခန္ဓာ (၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်း ဆက်လက် သိမ်းဆည်း နိုင်ပါသည်။ နည်းမှီး၍ သိပါလေ။
还可以继续依五蕴法、十二处法与十八界法把握。应当依此类推而知。
ယင်းမနောဒွါရိကဇောဝီထိတို့တွင် တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ သို့သော် ယင်းတဒါရုံမှာ ဝိညတ်ရုပ်ကိုကား မဖြစ်စေနိုင်ဟု မှတ်ပါ။ ယင်း တဒါရုံတို့မှာ ကာမ ရုပ်နာမ်ကို အာရုံပြုခိုက် ၌သာ အာရုံကလည်း ဝိဘူတာရုံ ဖြစ်ပါမှ ကျခွင့် ရှိနိုင်သည်။
在这些意门速行心路中,彼所缘有时生起,有时不生起。但须知,彼所缘不能令表色生起。只有在缘取欲界色名,而且所缘又是清晰所缘时,彼所缘才可能生起。
ဤ သွားခိုက်၌လည်း --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း --- (ရူပပရိဂ္ဂဟ) ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း --- (အရူပပရိဂ္ဂဟ) ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း --- (ရူပါရူပပရိဂ္ဂဟ) ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- (နာမရူပဝဝတ္ထာန) ဤလုပ်ငန်းကြီး (၄)ရပ်တို့ကို ကြိမ်ဖန်များစွာ ပြုလုပ်ပါ။ အလားတူပင် ရပ်ခိုက်၊ ထိုင်ခိုက်၊ အိပ်ခိုက်တို့ ၌လည်း ရပ်သောအခြင်းအရာ၊ ထိုင်သောအခြင်းအရာ၊ အိပ်သောအခြင်းအရာအားဖြင့် ရှေးနှင့်နောက် ဆက် စပ်လျက် အထပ်ထပ် ဖြစ်ပေါ်နေကြသော ပဓာန = ပြဓာန်းသော ဣရိယာပထဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇ ရုပ်ကလာပ် = စိတ္တဇရုပ်တရားအပေါင်းကိုလည်းကောင်း၊ အပ္ပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်းကောင်း၊ ရပ်လို၊ ထိုင်လို၊ အိပ်လိုသောစိတ် ရှေ့သွား ပြဓာန်းလျက်ရှိသော မနော- ဒွါရိက ဇောဝီထိစိတ်အစဥ် နာမ်တရားစုတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ရုပ်သက်သက်ကို
在行走时,也应反复多次完成以下四项工作:1.只把握色法——色把握(rūpa-pariggaha);2.只把握名法——非色把握(arūpa-pariggaha);3.把握色名——色非色把握(rūpārūpa-pariggaha);4.分别标识色名——名色分别(nāmarūpa-vavatthāna)。同样,在站立、坐下、躺卧时,也应依相应形态,继续把握前后相续、反复生起的三类法:居于主导、含威仪表色的心生色聚——即一切心生色法;居于非主导的四因所生色身——即一切色法;以及由欲站、欲坐、欲卧之心前导并主导的意门速行心路名法组。对于单独将色法
သိမ်းဆည်းခြင်း၊ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ရုပ်နာမ်ကို ပိုင်းခြားမှတ်- သားခြင်းတို့ကို နည်းတူပင် ပြုလုပ်ပါ။
加以把握、单独把握名法、把握色名,以及分别标识色名,也应以同样的方法修习。
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။
“他的色身无论以何种形态安置,他都依相应的形态了知该色身。”
ဤအထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်က နှစ်နည်း ဖွင့်ဆို ထား၏။ ပထမနည်းမှာ သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပုထ် (၄)ပါးလုံးတို့၌ ပြဓာန်းသော ဣရိယာပထ ဝိညတ်တို့ ပါဝင်သော စိတ္တဇရုပ်ကလာပ်တို့ကို = စိတ္တဇရုပ်တရားအပေါင်းကို ပဓာနထား၍ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို အပ္ပဓာနအားဖြင့် သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားသောနည်း ဖြစ်၏။
关于上述佛陀的教导,复注论师作了两种解释。第一种方法是:在行、住、坐、卧四种威仪中,以含威仪表色的心生色聚——即一切心生色法——为主导,而以四因所生色身——即一切色法——为非主导,加以把握、观修。
ဒုတိယနည်းမှာကား --- အပ္ပဓာနဖြစ်သော ယင်းစတုသမုဋ္ဌာနိက ရူပကာယရုပ်တရားအပေါင်းကို တစ်ဖန် ပဓာနထား၍ သိမ်းဆည်းပြီးလျှင် ဣရိယာပထ ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်ကလာပ်အပေါင်း = ရုပ်တရား
第二种方法是:反过来,以原为非主导的四因所生色身——即一切色法——为主导加以把握,然后把含威仪表色的心生色聚,即一切心生色法,
原书第 355 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အပေါင်းကိုလည်း အပ္ပဓာနထား၍ တစ်ဖန် သိမ်းဆည်းရန် ညွှန်ကြားထားသောနည်း ဖြစ်၏။ (ရုပ်ကမ္မဋ္ဌာန်း ပိုင်းတွင် ရှင်းပြခဲ့ပြီ။) ဤညွှန်ကြားချက်အရ အသင်သူတော်ကောင်းသည် --- ၁။ ဣရိယာပထ-ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကို ပဓာနထား၍ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ် တရားအပေါင်းကို အပ္ပဓာနထား၍လည်းကောင်း၊ ၂။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရား အပေါင်းကို တစ်ဖန် ပဓာနထား၍ ဣရိယာပထ ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကို အပ္ပဓာနထား ၍လည်းကောင်း ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။
也作为非主导,再次加以把握。这一方法已在色业处部分说明。依此教导,贤善的你应当如下把握诸色法,并反复多次地把握:1.以含威仪表色的心生色法为主导,以四因所生色身——即一切色法——为非主导;2.反过来,以处于所运载状态的四因所生色身——即一切色法——为主导,以含威仪表色的心生色法为非主导。
၃။ ထိုနောင် သွားလို၊ ရပ်လို၊ ထိုင်လို၊ လျောင်းလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ် စေတ- သိက် နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
3.随后,继续把握以欲行、欲住、欲坐、欲卧之心为主导的意门速行心路中,由心与心所组成的名法组。
၄။ ထိုနောင် ရုပ်နာမ်ကို သိမ်းဆည်းပါ။
4.随后,把握色名。
၅။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
5.分别标识色名。
ဣရိယာပုထ် (၄)ပါးလုံး၌ ရုပ်နာမ်ကိုသာ ဣရိယာပုထ်ချင်း စပ်မိသွားအောင် သိမ်းဆည်းပါ။
在全部四种威仪中,都应只把握色名,直到各个威仪之间前后衔接起来。
ဣရိယာပထ-ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကား သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။ ကြွင်းကျန်ကုန်သော တစ်ကိုယ်လုံး၌ တည်ရှိကြသော စတုသမုဋ္ဌာနိကရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေကြသော ရုပ်တို့တည်း။ ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ဖို့ကား အလွန် အရေးကြီးလှပေသည်။
含威仪表色的心生色法,是处于能运载状态的色法;其余遍布全身的四因所生色法,是处于所运载状态的色法。以智拆解、破除这些看似成团成块的色法,并把握、观修到智见抵达究竟法,这是极其重要的。
ရုပ်နာမ် နှစ်ဘက်လုံး၌ ဃနပြိုပါမှ အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်၊ သတိရှိစေ။
务必谨记:只有在色与名两方面都破除密集,智见才会通达无我。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。