食、饮、嚼、尝时正知而行

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 417–427 页 · 69 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 417 页
၁။ သာတ္ထကသမ္ပဇဥ်
1.有益正知
ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ --- စသည်ဖြင့် ဆွမ်းစားရာ၌ ပစ္စဝေက္ခဏာ ဆင်ခြင်ရန် လာရှိသော ပါဠိတော်၌ ဖော်ပြထားသော (၈)မျိုးသော အကျိုးတရားတို့ကို ပိုင်းခြားသိတတ်သော ဉာဏ်သည် သာတ္ထကသမ္ပဇဥ်ဉာဏ် မည်၏။ (ယင်းအကျိုးတို့ကို ရှေးတွင် ဖော်ပြခဲ့ပြီ။) (အဘိ-ဋ္ဌ-၂-၃၄၅။)
巴利文“ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ”——“我如理省察而受用钵食”——等,是进食时省察资具的经文。能够分别了知这段经文所开示的八种利益之智,称为有益正知智。〔这些利益前文已经说明。〕(《殊胜义注》2-345。)
၂။ သပ္ပါယသမ္ပဇဥ်
2.适宜正知
ကြမ်းတမ်းသော ဘောဇဥ်၊ မွန်မြတ်သော ဘောဇဥ်၊ ခါးသော အရသာ၊ ချိုသော အရသာ စသည်တို့တွင် အကြင်ဘောဇဥ်ဖြင့် အကြင်ရဟန်းအား ချမ်းသာမှု မဖြစ်၊ ထိုဘောဇဥ်သည် ထိုရဟန်းအား သပ္ပါယ မဖြစ်။
在粗劣的食物、优良的食物、苦味、甜味等之中,若某种食物不能给某位比丘带来安适,那种食物对该比丘便不适宜。
原书第 418 页
အကြင်ဘောဇဥ်ကိုကား ဆွေမျိုးမတော်သူ ပစ္စည်းလေးပါးဖြင့် မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့၌ လှူစေလိုသော အရိပ်နိမိတ်ပြခြင်း စသည်တို့၏ အစွမ်းဖြင့် ဝိနည်းတော်နှင့် မအပ်စပ်သော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်၏၊ အကြင် ဘောဇဥ်ကိုလည်း မှီဝဲသော ရဟန်းအား အကုသိုလ်တရားတို့သည် တိုးပွားလာကြ ကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်သွားကြကုန်၏။ ထိုဘောဇဥ်သည် ဧကန်စင်စစ် မလျောက်ပတ်သည့် မအပ်စပ်သည့် သပ္ပါယ မဟုတ်သည့် ဘောဇဥ်သာတည်း။ ဘုရားရှင် ခွင့်ပြုထားတော်မူအပ်သော ဝိနည်းတော်နှင့် လျော်ညီစွာ ရှာဖွေ ရရှိအပ်သော ဘောဇဥ်သည်လည်းကောင်း၊ စားသုံးခြင်းကြောင့် ချမ်းသာသုခကို ဖြစ်စေ သော ဘောဇဥ်သည်လည်းကောင်း၊ မှီဝဲသူအား အကုသိုလ်တရားတို့ကို ဆုတ်ယုတ်စေ၍ ကုသိုလ်တရားတို့ ကိုသာ တိုးပွားစေတတ်သော ဘောဇဥ်မျိုးသည်လည်းကောင်း သပ္ပါယဖြစ်သော သုံးစွဲသင့်သော ဘောဇဥ် မည်
至于某种食物,若是向既非亲属、又未就四资具作过邀请的男女施主,以暗示想让他们布施等手段,用不合律的方式求得;又若受用这种食物的比丘,不善法随之增长,善法反而衰减,那么这种食物确实是不合宜、不适合、不适宜的食物。反之,依世尊所许可、与律相符的方式求得的食物,受用后能带来安适的食物,以及能令受用者的不善法减少、唯使善法增长的食物,才称为适宜、应当受用的食物
၏။ ယင်းသို့ သပ္ပါယ ဖြစ်မှု မဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သပ္ပါယ ဖြစ်သည်ကိုသာ ပိုင်းခြားယူတတ်သော ဉာဏ်ကို သပ္ပါယသမ္ပဇဥ်ဟူ၍ သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၅။ မ-ဋ္ဌ-၁-၂၇၁။)
。如此以智慧辨别适宜与不适宜,并且只抉择适宜者之智,应知称为适宜正知。(《殊胜义注》2-345;《中部义注》1-271。)
၃။ ဂေါစရသမ္ပဇဥ်
3.行处正知
ဆွမ်းစားရာ၊ သောက်ရာ၊ ခဲရာ၊ လျက်ရာ၌ မိမိ မူလနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကိုသာ မစွန့်လွှတ်ဘဲ နှလုံးသွင်းနေခြင်းသည် = နှလုံးသွင်းနေသော ဉာဏ်သည် --- ဂေါစရသမ္ပဇဥ် မည်၏ဟု သိရှိပါလေ။
食、饮、嚼、尝时,不舍弃自己原本惯常作意的业处,仍持续作意;这种作意之智,应知称为行处正知。
(အဘိ-ဋ္ဌ-၂-၃၄၅။ မ-ဋ္ဌ-၁-၂၇၁။)
(《殊胜义注》2-345;《中部义注》1-271。)
၄။ အသမ္မောဟသမ္ပဇဥ်
4.不痴正知
(က) ခန္ဓာကိုယ်၏ အတွင်း၌ အတ္တမည်သော တစ်စုံတစ်ယောက်သော စားတတ်သောသူမည်သည် မရှိသည် သာတည်း။ စားလိုသော စိတ်သည် ဖြစ်ပေါ်လာ၏။ ယင်းစိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် သို့မဟုတ် မဟာဘုတ်ဓာတ် (၄)ပါးသည် ကာယဝိ- ညတ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် တို့တည်း။ ယင်းရုပ်ကလာပ်အပေါင်းတို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် အထူးသဖြင့် သပိတ်ကို ကိုင်သည့် လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့် သပိတ်ကို ကိုင်ခြင်းမည်သည် ဖြစ်ပေါ်လာ၏။
(甲)身体内部并不存在一个称为“我”、能够进食的人。想吃的心生起;该心使风界自性力偏胜的诸色聚,也就是诸色法生起。这些色聚中所含的风界——或者说,风界自性力偏胜的四大种——在使身表生起的同时生起;这些色聚就是身表九法聚,以及身表、轻快性等十二法聚。由于这些色聚遍满全身,尤其遍至执持钵的手,执持钵这一动作便生起。
(အဘိ-ဋ္ဌ-၂-၃၄၅။ မ-ဋ္ဌ-၁-၂၇၁။)
(《殊胜义注》2-345;《中部义注》1-271。)
〔သမာဓိကို အဆင့်ဆင့် ထူထောင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် စားလိုသောစိတ် သပိတ်ကို ကိုင်လို သောစိတ် ပြဓာန်းနေသည့် မနောဒွါရိကဇောဝီထိစိတ်အစဥ် နာမ်တရားစုတို့ကို ဘဝင်မနောအကြည်ဓာတ်မှ စောင့်၍ သိမ်းဆည်းပါ။ ယင်းစိတ်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့ကို သိမ်းဆည်းပါ။
〔逐步建立定力,摄取名色以后,应从有分意净界处守候,摄取由想吃之心与想执持钵之心所主导的意门速行心路相续诸名法组。再摄取由这些心所生、风界自性力偏胜的身表九法聚,以及身表、轻快性等十二法聚。
ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ လက်၌ တည်ရှိသော (၄၄)မျိုးသော စတုသမုဋ္ဌာနိကရုပ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းရုပ်တို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ ပဓာနရုပ်တို့ကား သယ်ဆောင်တတ် သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တို့တည်း။ အပ္ပဓာနရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်သော ရုပ်တို့တည်း။ သပိတ်နှင့် ဆွမ်းတို့ကား ဥတုဇသြဇဋ္ဌမကရုပ်တို့တည်း။ အပ္ပဓာန = မပြဓာန်း သောရုပ်တို့တည်း။ ယင်းပဓာန-အပ္ပဓာနရုပ် အားလုံးကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းထားပါ။ သပိတ် ကို ကိုင်လိုသော စားလိုသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကား နာမ်တရား၊ ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တို့ကား ရုပ်တရား --- ဤရုပ်နာမ် နှစ်ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ၊ သိမ်းဆည်းထားပါ။
这些是主导色。接着摄取手中存在的四十四种四因所生色;它们是非主导色。主导色以能运载的形态生起,非主导色以所运载的形态生起。钵与食物都是时节生食素八法色,属于非主导色。应把所有这些主导色与非主导色摄取到究竟法层面。想执持钵、想吃的意门速行心路之心与心所是名法;主导色与非主导色是色法。应以智分别、摄取这两类名色。
ယင်း ရုပ်နာမ်တို့၏ အညီအညွတ် ဖြစ်ခြင်းသည်ပင် သပိတ်ကို ကိုင်ခြင်း မည်ပေသည်၊ ယင်းရုပ်နာမ်တို့၏
这些名色的协调和合本身,就称为执持钵;由于这些名色
原书第 419 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အညီအညွတ်ဖြစ်ခြင်း ပေါင်းဆုံမိခြင်းကြောင့် သပိတ်ကို ကိုင်ခြင်း မည်သည် ဖြစ်ပေါ်လာ၏။ --- ဤအချက်ကို သိမ်းဆည်း ရှုပွားတတ်ပါက အောက်တွင် ဆက်လက် ဖော်ပြမည့် အချက်တို့၌လည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းနိုင်မည်၊ သဘောပေါက်နိုင်မည် ဖြစ်သည်။ နည်းမှီး၍ ရုပ်နာမ်တို့ကို သိမ်း ဆည်းပါ။〕 (ဆက်ဖတ်ပါ။) ( ခ ) သပိတ်၌ လက်ကို ချလိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေ သော ဝိညတ်ရုပ်ပါဝင်သော (ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော) ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် သပိတ်၌ချမည့် လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် လက်ကို သပိတ်၌ ချခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (သပိတ်၌ လက်ကို ချလိုသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း၊ သပိတ်၌ ချလိုက်သော
彼此协调、会聚相合,执持钵这一动作才会生起。若能摄取、观修这一点,下面继续说明的各项也能仿此摄取、理解,直至智见抵达究竟法。应依此方法摄取名色。〕〔续读。〕(乙)由于想把手伸入钵中的心,风界自性力偏胜、含有身表的诸色聚〔即身表九法聚与身表、轻快性等十二法聚〕便遍满全身,尤其遍至将伸入钵中的手,因此把手伸入钵中的动作才会生起。〔应摄取想把手伸入钵中的意门速行心路之心、心所名法组,以及已经伸入钵中的
လက်၌တည်ရှိကြသော ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုလည်းကောင်း၊ သပိတ်ဟူသော ဥတုဇသြဇဋ္ဌမကရုပ်၊ ဆွမ်းဟူသော ဥတုဇသြဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို သိမ်းဆည်းပါ။) ( ဂ ) ဆွမ်းလုတ်ကို ပြုလုပ်လိုသော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ဝိညတ်ရုပ် ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်းလုတ်ကို ပြုလုပ်နေသော လက်သို့ တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို ပြုလုပ် ခြင်းသည် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၂-၃၄၅။) 〔ဆွမ်းလုတ်ကို ပြုလုပ်လိုသော ပြုလုပ်နေသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတ- သိက် နာမ်တရားစုတို့ကိုလည်းကောင်း၊ ဆွမ်းလုတ်ကို ပြုလုပ်နေသော လက်၌ တည်ရှိနေကြသော (သို့မဟုတ် လက်နှင့် တကွသော တစ်ကိုယ်လုံး၌ တည်ရှိနေကြသော) ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်း
手中存在的主导色与非主导色,以及称作钵的时节生食素八法色、称作食物的时节生食素八法色;应摄取这些色与名。〕(丙)由于想制作食团的心,风界自性力偏胜、含有身表的诸色聚,也就是诸色法,便遍满全身,尤其遍至正在制作食团的手,因此制作食团这一动作才会生起。(《殊胜义注》2-345。)〔应摄取由想制作、正在制作食团之心所主导的意门速行心路之心、心所名法组,以及存在于正在制作食团的手中〔或存在于包括这只手在内的全身中〕的主导色与非主导色
ကောင်း၊ ဆွမ်းဟု သမုတ်ထားအပ်သော ဥတုဇသြဇဋ္ဌမကရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နာမ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။〕 (ဃ) ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမလိုသောစိတ်ကြောင့် ဖြစ်သော ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝိညတ်ရုပ်ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအ- ပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်းလုတ်ကို ချီမထုတ်ဆောင်နေသော လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမခြင်းသည် ဖြစ်ပေါ် လာ၏။ (အဘိ-ဋ္ဌ-၂-၃၄၅။) 〔ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမလိုသောစိတ် ပြဓာန်းသော မနောဒွါရိက ဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း၊ ဆွမ်းလုတ်ကို ချီမနေသော လက်၌ တည်ရှိနေကြ ဖြစ်ပွားနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း၊ ဆွမ်းဟု ခေါ်ဝေါ် သမုတ်ထား-
以及称作食物的时节生食素八法色;应摄取这些名色,直至智见抵达究竟法。〕(丁)由于想把食团从钵中移出、举向口中的心,风界自性力偏胜、含有身表的诸色聚,也就是诸色法,便遍满全身,尤其遍至正在移出、举起食团的手,因此把食团从钵中移出并举向口中的动作才会生起。(《殊胜义注》2-345。)〔应摄取由想把食团从钵中移出并举向口中之心所主导的意门速行心路之心、心所名法组,以及生起、存在于正在举起食团之手中的主导色与非主导色,连同被称说、假立为“食物”
သော ဥတုဇသြဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။〕 (င)ပါးစပ်ကို ဖွင့်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝိညတ်ရုပ် ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် အထူးသဖြင့် ခံတွင်းပါးစပ်နှင့် ဆွမ်းလုတ်ကို ချီမ ထုတ်ဆောင်လာသော လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်း ကြောင့်သာလျှင် ပါးစပ် ခံတွင်းကို ဖွင့်ဟခြင်း မည်သည် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၂-၃၄၆။)
的时节生食素八法色;应以智分别这些色与名,摄取直至智见抵达究竟法。〕(戊)由于想张口的心,风界自性力偏胜、含有身表的诸色聚,也就是诸色法,便遍满全身,尤其遍至口腔、嘴部以及把食团举送过来的手,因此张开口腔这一动作才会生起。(《殊胜义注》2-346。)
原书第 420 页
〔ဤ၌လည်း ပါးစပ် ခံတွင်းကို ဖွင့်ဟလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း၊ ဆွမ်းလုတ်ကို ချီမလာသော လက်နှင့် ပါးစပ်ခံတွင်းတို့၌ တည်ရှိနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း၊ ဆွမ်းဟု ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇသြ- ဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်း ဆည်းပါ။〕 ( စ ) တစ်စုံတစ်ယောက်သော သူက သံကောက်ဖြင့်လည်းကောင်း၊ ယန္တရားဖြင့်လည်းကောင်း၊ မေးရိုးတို့ကို ဖွင့်လှစ်ပေးလိုက်သည်ကား မဟုတ်၊ အဟုတ်သော်ကား --- ၁။ ပါးစပ်ကို ဖွင့်လိုသော စိတ်၊ ၂။ ဆွမ်းလုပ်ကို ခံတွင်း၌ ထည့်သွင်းထားလိုသော စိတ်၊ ၃။ ဆွမ်းကို ဝါးလိုသော စိတ်၊ ၄။ လျှာကို အသုံးပြုလိုသော စိတ် --- ဤသို့ စသော စိတ်များ ပြဓာန်းသော ဘဝင်ခြားလျက် အကြိမ်ပေါင်းများစွာ အဆက်မပြတ် ဖြစ်နေကြ-
〔这里也应摄取由想张开口腔之心所主导的意门速行心路之心、心所名法组,存在于举送食团的手与口腔中的主导色、非主导色,以及称作食物的时节生食素八法色;应摄取这些色与名,直至智见抵达究竟法。〕(己)并不是某个人用铁钩或机械把两颚撬开。实际情形是:1.想张口的心;2.想把食团放入口中的心;3.想咀嚼食物的心;4.想使用舌头的心。由这些心所主导、其间由有分隔开而一次又一次连续生起的
သော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာကြသော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်း- လုတ် သွတ်သွင်းနေသော လက်နှင့် ပါးစပ်ခံတွင်းသို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် --- ၁။ ပါးစပ်ကို ဖွင့်ဟခြင်းသည်လည်းကောင်း၊ ၂။ ဆွမ်းလုတ်ကို ပါးစပ် ခံတွင်း၌ ထည့်သွင်းထားခြင်းသည်လည်းကောင်း၊ ၃။ အထက်သွားတို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း၊ အောက်သွားတို့၏ ဆုံကိစ္စကို ပြီး စေခြင်းသည်လည်းကောင်း (= ဆွမ်းလုတ်ကို ဝါးခြင်းသည်လည်းကောင်း) ၄။ လျှာ၏ လက်ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။
诸意门速行心路之心、心所,生起风界自性力偏胜的诸色聚,也就是诸色法;由于这些色法遍满全身,尤其遍至把食团送入口中的手与口腔,才会生起:1.张口;2.把食团放入口腔;3.使上齿完成杵的作用、下齿完成臼的作用〔也就是咀嚼食团〕;4.使舌头完成手的作用。
〔ဤ၌လည်း အထက်ပါ အဆက်မပြတ် ဘဝင်ခြားလျက် ဆက်တိုက်ဖြစ်နေကြသော မနောဒွါရိကဇော ဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း၊ လက် ပါးစပ် လျှာတို့၌ တည်ရှိကြကုန်သော ပဓာန- အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း၊ ဆွမ်းဟု ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇသြဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။〕 (ဆ) ဤသို့လျှင် အစာကို စားရာ၌ လျှာဖျားမှ ထွက်ပေါ်လာသော ကျဲသော တံတွေးသည် ယင်းအစာကို လိမ်းကျံ၏။ လျှာရင်းမှ ထွက်ပေါ်လာသော ပျစ်ချွဲသော တံတွေးသည် ယင်းအစာကို လိမ်းကျံ၏။ ထိုအစာကို အောက်သွားတည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် တပြောင်းပြန်ပြန် ပြုအပ်၏။ တံတွေးတည်း ဟူသော ရေဖြင့် စွတ်စိုစေအပ်၏၊ အထက်သွားတည်းဟူသော ကျည်ပွေ့ဖြင့် မုန့်မုန့်ညက်ညက် ပြုအပ်၏။
〔这里也应把上述其间由有分隔开、连续不断生起的意门速行心路之心、心所名法组,存在于手、口、舌中的主导色与非主导色,以及称作食物的时节生食素八法色,摄取到智见抵达究竟法。〕(庚)如此进食时,从舌尖流出的稀薄唾液涂布食物,从舌根流出的黏稠唾液也涂布食物;舌头像手一样,在下齿这座臼中把食物反复翻动,以唾液之水润湿,再由上齿这根杵把它磨得细碎。
တစ်စုံတစ်ယောက်သော ဇွန်းဖြင့်လည်းကောင်း၊ ယောက်မဖြင့်လည်းကောင်း သွင်းသောသူ မည်သည် မရှိ။
并不存在某个人拿着匙或长柄勺把食物送进去。
ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ (အဘိ-ဋ္ဌ-၂-၃၄၆။ မ-ဋ္ဌ-၁-၂၇၂။) 〔〔〔ဤ၌ --- (၁) ဝါးလိုသောစိတ်တို့ကား တစ်နည်း ဝါးလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိတို့ ကား ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် ဝီထိပေါင်းများစွာ အဆက်မပြတ် ဖြစ်နေကြ၏။
唯由风界而进入。(《殊胜义注》2-346;《中部义注》1-272。)〔这里:(1)想咀嚼的心,换言之,由想咀嚼之心所主导的诸意门速行心路,一心路与另一心路之间由有分隔开,并有许多心路连续不断生起。
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဝါးလိုသောစိတ် ပြဓာန်းနေသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် ---
瑜伽行者应摄取这些由想咀嚼之心所主导的意门速行心路之心、心所
原书第 421 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း နာမ်တရားစုတို့ကိုလည်းကောင်း၊ ပါးစပ် လျှာ သွား စသည်တို့၌ တည်ရှိနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း၊ အစာဟူသော ဥတုဇသြဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နာမ် တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။။
名法组,以及存在于口、舌、齿等处的主导色与非主导色,还有称作食物的时节生食素八法色;应摄取这些名色,直至智见抵达究竟法。
(၂)အစာကို မျိုချလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကို လည်းကောင်း၊ လည်ပင်း လည်ချောင်း၌ တည်ရှိကြသော ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုလည်းကောင်း (= အစာကိုမျိုသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။) အစာဟူသော ဥတုဇသြဇဋ္ဌမက ရုပ်တို့ကို လည်းကောင်း --- ဤရုပ်နာမ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ဤ၌ အပ္ပဓာနရုပ်တို့တွင် တံတွေး ကောဋ္ဌာသ ရုပ် (၁၆)မျိုးတို့လည်း ပါဝင်ကြသည်။
(2)还应继续摄取由想吞咽食物之心所主导的意门速行心路之心、心所名法组,存在于颈部、咽喉中的主导色与非主导色〔即呈现吞咽食物作用的诸色〕,以及称作食物的时节生食素八法色。这里,在非主导色中还包括唾液身分的十六种色。
(၃) အစာကို ဝါးနေစဥ် အစာကို မျိုချစဥ် အချိန်ကာလတို့၌ ကြိုးကြား ကြိုးကြား ဖြစ်ပေါ်နေကြကုန်သော အစာဟူသော ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်နေကြကုန်သော ဇိဝှါ- ဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ ဇိဝှါပသာဒ = လျှာအကြည်ဓာတ်နှင့် တကွသော လျှာ၌ တည်ရှိကြသော (၅၄)မျိုးကုန်သော ရုပ်တရားတို့ကိုလည်းကောင်း၊ ရသာရုံနှင့် တကွသော အစာဟူသော ဥတုဇသြဇဋ္ဌမကရုပ် တို့ကိုလည်းကောင်း --- ဤရုပ်နာမ်တို့ကိုလည်း သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။〕 ဝါယောဓာတုယာဝ ပဝိသတိ = ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ (အဘိ-ဋ္ဌ-၂-၃၄၆။) --- ဤ၌ ဝါယောဓာတ်ဟူသည်မှာ --- အဓောဂမဝါတ အမည်ရသော ဝါယောကောဋ္ဌာသ၌ ပါဝင်တည်ရှိသော ဝါယော ဓာတ်ကို ရည်ညွှန်းထားပေသည်။ အဓောဂမဝါတဟူသည် အူ၏အတွင်း၌ တည်ရှိသော အောက်သို့ စုန်ဆင်းသော
(3)在咀嚼、吞咽食物期间,应摄取间或生起、缘取味所缘的舌门心路与意门心路诸名法组;该味所缘包含在称作食物的时节生食素八法色中。还应摄取舌中与舌净色同在的五十四种色法,以及与味所缘同在、称作食物的时节生食素八法色;应“唯由风界而进入。”(《殊胜义注》2-346。)这里所谓“风界”,是指包含在名为“下行风”的风身分中的风界。所谓下行风,就是位于肠内、向下流动的
လေကောဋ္ဌာသ ဖြစ်၏။ ယင်းကောဋ္ဌာသတို့၌ ရုပ် (၃၃)မျိုး ရှိ၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ၁။ ကံကြောင့်ဖြစ်သော ဇီဝိတနဝကကလာပ် --- ရုပ်သဘော ( ၉ )မျိုး ၂။ စိတ်ကြောင့်ဖြစ်သော စိတ္တဇသြဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး ၃။ ဥတုကြောင့်ဖြစ်သော ဥတုဇသြဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး ၄။ အာဟာရကြောင့်ဖြစ်သော အာဟာရဇသြဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး အားလုံးပေါင်းသော် --- ရုပ်သဘောတရား (၃၃)မျိုး ယင်းရုပ်တရားတို့တွင် စိတ္တဇသြဇဋ္ဌမက ရုပ်တရားများမှာ ဤအချိန်ပိုင်းတွင် တစ်နည်း ယခုဖော်ပြနေ ဆဲအပိုင်းတွင် အစာကို မျိုချလိုသော စိတ်များကြောင့် တစ်နည်း အစာကို မျိုချလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် နာမ်တရားစုတို့ကြောင့် ဖြစ်ပေါ်လာကြသော ရုပ်တရားတို့တည်း။ ယင်း အဓောဂမဝါတကောဋ္ဌာသ၌ ရုပ်အစစ်တို့ကိုသာ ဖော်ပြထားသော်လည်း ဤအစာကို မျိုချစဥ် အခါ၌ကား
风身分。这个身分中有三十三种色〔参见色业处部分〕:1.业生的命根九法聚——九种色法;2.心生食素八法聚——八种色法;3.时节生食素八法聚——八种色法;4.食生食素八法聚——八种色法;合计三十三种色法。其中的心生食素八法色,在当前这一阶段,也就是这里正在说明的阶段,是由想吞咽食物的诸心,换言之,由想吞咽食物之心所主导的意门速行心路之心、心所名法组所生。虽然在下行风这一身分中只列出了真实色法,但在吞咽食物的时候
ယင်းစိတ္တဇရုပ်တို့တွင် ဝိညတ်ရုပ်တို့လည်း ပါဝင်နိုင်၏။ သို့အတွက် အထက်တွင် ဝိညတ်ရုပ်များကိုပါ သိမ်းဆည်း ရန် ဖော်ပြခဲ့ခြင်း ဖြစ်၏။ ယင်း (၃၃)မျိုးသော ရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအားကြောင့် အစာ သည် အတွင်းသို့ ဝင်ရောက်သွား၏။ မျိုချစဥ် အခိုက်၌ကား စိတ်ပြဓာန်းလျက်ပင် ရှိနေသေးသဖြင့် အထက်၌ ယင်းစိတ်နှင့် ပဓာန-အပ္ပဓာန ရုပ်တို့ကို သိမ်းဆည်းရန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မျိုချစဥ် စိတ်ပြဓာန်းသကဲ့သို့ စိတ္တဇဝါယောဓာတ်ကလည်း ပြဓာန်းလျက်ပင် ရှိ၏။ သို့သော် အစာဝင်သွားပြီးရာ အခါ၌ကား စတုသမုဋ္ဌာနိက ဝါယောဓာတ် အားလုံးပင် ပြဓာန်းလျက်ရှိ၏၊ ထိုကြောင့် အဋ္ဌကထာက --- ဝါယောဓာတုယာဝ ပဝိသတိ = ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ --- ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။
这些心生色中也可能包括表色。因此,前文才指示也要摄取表色。凭借这三十三种色中所含风界的力量,食物进入内部。吞咽的刹那,心仍在起主导作用,所以前文才指示摄取该心以及主导色、非主导色;吞咽时,心生风界也仍在起主导作用。然而,食物已经进入以后,四因所生的一切风界都在起主导作用。因此,义注解释说:“ဝါယောဓာတုယာဝ ပဝိသတိ”——“唯由风界而进入。”
( ဇ ) ဝင်တိုင်း ဝင်တိုင်းသော အစာကို ကောက်ရိုးခင်း (သစ်ရွက်ခင်း)ကို ပြုလုပ်၍ ခံယူဆောင်ထားသော
(辛)对于每一次进入的食物,那位铺设稻草垫〔叶垫〕而把它承接托住的
原书第 422 页
တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ၊ ဝါယောဓာတ်၏ စွမ်းအင်ဖြင့်ပင် တည်နေရ၏။ (ဤ၌လည်း အဓော- ဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသောလေ ဥဒ္ဓင်္ဂမဝါတ အမည်ရသော အထက်သို့ ဆန်တက်သော- လေဟူသော ဝါယောကောဋ္ဌာသတို့၌ ရုပ်အမျိုးအစား (၃၃)မျိုးစီ ရှိကြ၏။ ယင်း (၃၃)မျိုးကုန်သော ရုပ်တို့တွင် ဝါယောဓာတ်၏ ထောက်ပံ့ခိုင်ခံ့စေသည့် ထောက်ကန်မှုစွမ်းအားကား ကြီးမားလျက်ပင်ရှိ၏။ ယင်းထောက်ကန် မှု ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော (၃၃)မျိုးကုန်သော ရုပ်တရားတို့ကြောင့်သာလျှင် အစာသွားလမ်း အတွင်းသို့ ဝင်ရောက်သွားသော အစာသစ်ကောဋ္ဌာသ၏ တည်နေခြင်း ဖြစ်၏။ ယင်း (၃၃) မျိုးကုန်သော ရုပ်တရားတို့ကိုလည်းကောင်း၊ အစာသစ်ကောဋ္ဌာသဟူသော ဥတုဇသြဇဋ္ဌမကရုပ်တို့ကိုလည်း ကောင်း ယင်းရုပ်တရားတို့ကို သိမ်းဆည်းပါ။) ( စျ ) အစာသစ်အိမ် အဝင်အပါ ဖြစ်သော အစာသွားလမ်း တစ်လျှောက်၌ တည်တိုင်း တည်တိုင်းသော
并不存在这样一个人;食物只是凭风界之力而停住。〔这里,称为下行风与上行风的两种风界身分,各有33种色法。在这33种色法中,风界具有强大的支持、稳固之力。正因这33种风界支持力偏胜的色法,进入食物通道的新食身分(胃中物)才能停住。应摄取这33种色法,以及称为新食身分的时节生食素八法色。〕(壬)对于每一处停留在包括胃在内的整个食物通道中的
အစာကို ခုံလောက်ကို ပြုလုပ်၍ မီးမွှေး၍ ချက်ပြုတ်နေသော တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ။
食物,并没有任何人支起炉架、生火烹煮。
အစာကို ကြေကျက်စေတတ်သော ဂဟဏီ အမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီးကသာလျှင် ကျက်သွား- အောင် ချက်၏။
唯有能使食物消化、称为 gahaṇī 的消化火界——腹火——把食物煮至熟化。
〔အစာအိမ်ဝန်းကျင် စသည့် ထိုထို နေရာတို့၌ တည်ရှိနေကြသော ဇီဝိတနဝက ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ကို ပါစကတေဇောဓာတ် = အစာကို ကြေကျက်စေတတ်သော ဝမ်းမီးဟု ခေါ်၏။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ဤအပိုင်းတွင် --- ၁။ အန္တဟူသော အစာသစ်အိမ် အဝင်အပါ အူကောဋ္ဌာသ = အစာသွားလမ်းတစ်လျှောက်၌ တည်ရှိကြ သော အန္တကောဋ္ဌာသ = ရုပ် (၄၄)မျိုးတို့ကိုလည်းကောင်း၊ ၂။ အစာကို တည်အောင် အောက်သို့ ဆင်းအောင် ထောက်ကန် တွန်းကန်တတ်သည့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသရုပ် (၃၃)မျိုး၊ အဓောဂမဝါတကောဋ္ဌာသ ရုပ် (၃၃)မျိုးတို့ကိုလည်းကောင်း၊ ၃။ အစာသစ်ကောဋ္ဌာသဟူသော ဥတုဇသြဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း၊ ၄။ အစာသစ်ကောဋ္ဌာသကို ကျက်အောင် ချက်ပေးနေသော ပါစကတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဇီဝိတနဝက ကလာပ်ရုပ်တို့ကိုလည်းကောင်း --- ဤရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား
〔胃周围等各处的命根九法聚中所含的火界,称为消化火界,也就是能使食物消化的腹火。在这一阶段,瑜伽行者应当摄取:1.称为 anta、包括胃在内而遍及整个食物通道的肠身分中的44种色法;2.能够支持、推动食物停住并向下移动,风界自性力偏胜的上行风身分33种色法与下行风身分33种色法;3.称为新食身分的时节生食素八法色;4.消化火界自性力偏胜、正在使新食身分熟化的命根九法聚色。应以智分别
ယူပါ သိမ်းဆည်းပါ။〕 (အဘိ-ဋ္ဌ-၂-၃၄၆။) (ည) ကျက်တိုင်း ကျက်တိုင်းသောအစာကို တုတ်ချောင်းငယ်ဖြင့်လည်းကောင်း၊ တောင်ဝှေးဖြင့်လည်းကောင်း၊ အပြင်အပသို့ ထုတ်ဆောင်ပေးတတ်သော တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ။ ဝါယောဓာတ်ကသာ လျှင် ထုတ်ဆောင်၏။ (အဘိ-ဋ္ဌ-၂-၃၄၆။) ဤအပိုင်းတွင်ကား အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသောလေကား အားကောင်း- လာပြီ ဖြစ်၏။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် --- ၁။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အဓောဂမဝါတ ကောဋ္ဌာသ (၃၃)မျိုးသော ရုပ် တရားတို့ကိုလည်းကောင်း၊ ၂။ အူကောဋ္ဌာသ၌ တည်ရှိကြသော (၄၄)မျိုးသော ရုပ်တရားတို့ကိုလည်းကောင်း၊ ၃။ အစာသစ် သို့မဟုတ် အစာဟောင်းကောဋ္ဌာသဟူသော ဥတုဇသြဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း၊ ၄။ ပါစကတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အစာကို ကြေကျက်စေတတ်သော ဇီဝိ-
并摄取这些色法。〕(《殊胜义注》2-346。)(癸)对于每一份已经消化的食物,并没有任何人用小棍或手杖把它运送到体外;唯有风界把它排出。(《殊胜义注》2-346。)在这一阶段,称为下行风的向下流动之风已经变得强盛。因此,瑜伽行者应当摄取:1.风界自性力偏胜的下行风身分33种色法;2.存在于肠身分中的44种色法;3.称为新食身分或旧食身分的时节生食素八法色;4.消化火界自性力偏胜、能使食物消化的命根
原书第 423 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း တနဝက ကလာပ် ရုပ်တို့ကိုလည်းကောင်း၊ ၅။ အဗဒ္ဓ သည်းခြေ အမည်ရသော ပိတ္တကောဋ္ဌာသ (၄၄)မျိုးသော ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ် တရားတို့ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဤအဗဒ္ဓ သည်းခြေကား အူအတွင်း၌ တည်ရှိကြ- သော အစာတို့ကို ကြေကျက်အောင် ပါစကတေဇောဓာတ်က ချက်ရာ၌ အားပေးထောက်ပံ့နေသော ကောဋ္ဌာသ တစ်ခုပင် ဖြစ်သည်။
九法聚色;5.称为流动胆汁(abaddha-pitta)的胆汁身分44种色法。应摄取、以智分别这些色法。这里的流动胆汁,是消化火界烹熟肠内食物、使之消化时,给予扶助的一种身分。
ဤအပိုင်းတွင် ဥဒ္ဓင်္ဂမဝါတ = အထက်သို့ ဆန်တက်သော လေကောဋ္ဌာသကား အားပျော့လျက် ရှိ၏၊ သို့ သော် ဓာတ်ချောက်ချားသူ ဓာတ်မညီမျှသူတို့၌လည်း ရံခါဖြစ်တတ်ပါ၏။ ထိုအခါ ရောနှော၍ သိမ်းဆည်းပါ။
在这一阶段,上行风——向上流动之风的身分——力量较弱。不过,对于诸界紊乱、失去平衡的人,上行风有时也会发生;届时也应把它一并摄取。
သတိပြုရန်
注意
၁။ အစာကို မျိုသွင်းလိုက်သဖြင့် အစာသွားလမ်း အစာသစ်အိမ်တို့သို့ အစာဝင်သွားသောအပိုင်း၊ ၂။ အစာသစ်အိမ် အတွင်း၌ အစာတည်နေသောအပိုင်း၊ ၃။ အစာကို ချက်နေသော ကြေကျက်စေသောအပိုင်း၊ ၄။ အစာကို အောက် အပြင်အပသို့ ထုတ်ဆောင်နေသောအပိုင်း --- ဤအပိုင်းကဏ္ဍတို့၌ ရုပ်တရားတို့၏ အလုပ်လုပ်ပုံ ဗျာပါရက ထင်ရှားနေသဖြင့် နာမ်တရားတို့၏ အလုပ် လုပ်ပုံ ဗျာပါရက မထင်ရှားသဖြင့် အဋ္ဌကထာက မဖော်ပြခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တို့၌လည်း နာမ် တရားတို့ကား ဖြစ်လျက်ပင် ရှိကြပေသည်။ စားခြင်းကိစ္စ မပြီးဆုံးသေးသည့် အတွက် ထပ်စားလိုသောစိတ် ဝါးလိုသောစိတ် မျိုချလိုသောစိတ် စသော စိတ်တို့လည်း သို့မဟုတ် ယင်းစိတ်တို့ ပြဓာန်းသော မနောဒွါရိက ဇောဝီထိစိတ်တို့လည်း ကြိမ်ဖန်များစွာ အဆက်မပြတ် ဖြစ်နေကြမည်သာ ဖြစ်ပေသည်။ ယင်း စိတ်တို့ကား အထက်ပါ အစာဝင်သွားသော အပိုင်း၊ အစာသစ်အိမ်၌ အစာတည်နေသော အပိုင်း အစာကို ချက်နေသော
1.食物吞下以后,进入食物通道及胃中的阶段;2.食物停留在胃中的阶段;3.食物正被烹熟、消化的阶段;4.食物正被向下排出体外的阶段——在这些阶段中,色法的活动作用显著,名法的活动作用不显著,所以义注没有说明名法。然而,在这些时刻,名法仍然不断生起。由于进食之事尚未结束,想再吃、想咀嚼、想吞咽等心,或者以这些心为主导的意门速行心路,也会一再连续生起。不过,这些心与上述食物进入的阶段、停留在胃中的阶段、正在烹熟
အပိုင်း အစာကို အပြင်အပသို့ ထုတ်ဆောင်နေသော အပိုင်းတို့နှင့် မသက်ဆိုင်၍ အဋ္ဌကထာက သိမ်းဆည်း ဖို့ရန် မညွှန်ကြားခြင်း ဖြစ်ပေသည်။ သို့သော် ဤအပိုင်းနှင့် သက်ဆိုင်နေသော နာမ်တရားတို့လည်း ရှိကြသည် သာ ဖြစ်သည်။ ယင်းနာမ်တရားတို့မှာ --- ၁။ ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသ = အထက်သို့ ဆန်တက်သော လေကောဋ္ဌာသ = ရုပ် (၃၃)မျိုး၊ ၂။ အဓောဂမဝါတကောဋ္ဌာသ = အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသ = ရုပ် (၃၃)မျိုး --- ဤကောဋ္ဌာသ (၂)မျိုးတို့၌ စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တို့ အသီးအသီး ပါဝင်ကြ၏။ ယင်းစိတ္တဇရုပ် တို့ကို ဖြစ်စေတတ်သော အကြောင်းရင်းစိတ်တို့မှာ အစာကို စားနေခိုက် ဖြစ်ပေါ်နေကြသော ပဉ္စဝိညာဏ်မှ တစ်ပါးသော ဘဝင်နှင့် တကွသော ဝီထိစိတ်စေတသိက်တို့ပင် ဖြစ်ကြသည်။ ယင်းစိတ်စေတသိက် နာမ်တရား စုတို့မှာ အစာကို စားသုံးနေသော ပုဂ္ဂိုလ်အပေါ်၌ မူတည်၍ ယောနိသောမနသိကာရ အယောနိသောမနသိ-
的阶段及正在向外排出的阶段并不相干,所以义注没有指示摄取它们。不过,也确有与这些阶段相关的名法。要辨明它们,应从以下两类身分所含的心生色说起:1.上行风身分,即向上流动之风身分的33种色法;2.下行风身分,即向下流动之风身分的33种色法。这两种身分各自都含有心生食素八法色聚。能产生这些心生色的因心,就是进食期间生起、除五识以外,连同有分在内的诸心路心与心所。这些心与心所名法组,会依进食者的情况,随其如理作意或不如理作
ကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို ပါဝင်နေသော ဝီထိစိတ်များလည်း ဖြစ်- ကြ၏။ ဝီထိမှ အလွတ်ဖြစ်သော ဘဝင်စိတ်တို့လည်းဖြစ်ကြ၏။ ယင်းစိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်းစိတ္တဇရုပ်တို့ကား အထက်ပါ အထက်သို့ ဆန်- တက်သောလေ အောက်သို့ စုန်ဆင်းသောလေဟူသော ဝါယောကောဋ္ဌာသရုပ် (၃၃)မျိုးစီတို့၌ ပါဝင်လျက်ရှိ၏။
意,而成为相应含有善速行或不善速行的路心;也有离路的有分心。每一个这样的心,都能产生许多心生食素八法色聚。这些心生色,含在上述上行风与下行风两种风界身分各自的33种色法之中。
သို့သော် အထက်ပါ အစာဝင်သွားသော အပိုင်း၊ အစာ တည်နေသော အပိုင်း၊ အစာကို ချက်နေသော အပိုင်း၊ အစာကို ထုတ်ဆောင်နေသော အပိုင်းတို့၌ ယင်းစိတ္တဇဝါယောဓာတ် တစ်မျိုးတည်းသာ ပြဓာန်းနေသည်ကား မဟုတ်၊ ယင်းအထက်သို့ ဆန်တက်သော လေကောဋ္ဌာသ၊ အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသတို့၌ ပါဝင်ကြသော ---
但是,在上述食物进入、停留、烹熟和排出的四个阶段中,并非只有这一种心生风界居于主导;上行风与下行风身分中所含的
原书第 424 页
၁။ ဇီဝိတနဝကကလာပ်ရုပ်တို့တွင် ပါဝင်သော ကမ္မဇဝါယောဓာတ်၊ ၂။ စိတ္တဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်၊ ၃။ ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဝါယောဓာတ်၊ ၄။ အာဟာရဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော အာဟာရဇဝါယောဓာတ် --- ဟူသော ဤ (၄)မျိုးလုံးသော ဝါယောဓာတ်တို့သည်ပင် ပြဓာန်းလျက်ရှိ၏။ သို့အတွက် စိတ္တဇဝါယောဓာတ် တစ်ခုတည်းကိုသာ ဦးတည်၍ မဖွင့်ဆိုဘဲ (ဝါယောဓာတုယာဝ ပဝိသတိ။) စသည်ဖြင့် ဝါယောဓာတ် (၄)မျိုးလုံး ကိုပင် ဦးတည်၍ ဖွင့်ဆိုသွားပေသည်။
1.命根九法聚色中所含的业生风界;2.心生食素八法色中所含的心生风界;3.时节生食素八法色中所含的时节生风界;4.食生食素八法色中所含的食生风界——这四种风界全都居于主导。因此,义注并非只针对心生风界而解释,而是以“ဝါယောဓာတုယာဝ ပဝိသတိ”(唯由风界而入)等语,通指四种风界而作解释。
အကယ်၍ အသင်သူတော်ကောင်းသည် အထက်တွင် ဖော်ပြထားသော --- ၁။ အစာဝင်သွားသော အပိုင်း၊ ၂။ အစာတည်နေသော အပိုင်း၊ ၃။ အစာကို ချက်နေသော အပိုင်း၊ ၄။ အစာကို ထုတ်ဆောင်နေသော အပိုင်း --- ဤအပိုင်း အသီးအသီး၊ အခိုက်အတန့် အသီးအသီးတို့၌လည်း နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ယင်း ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသ၊ အဓောဂမဝါတကောဋ္ဌာသတို့၌ ပါဝင်သော စိတ္တဇသြဇဋ္ဌမကရုပ်တို့ကို ဖြစ်စေ တတ်သော ပဉ္စဝိညာဏ်မှ တစ်ပါးသော ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း၊ ဘဝင် နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ယင်းပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့ကား အစာကို စားသုံးနေသော ပုဂ္ဂိုလ်၏ နှလုံးသွင်းမှု အပေါ်၌ အခြေစိုက်၍ ဝီထိအမျိုးမျိုး စိတ်အမျိုးမျိုး ဖြစ်နိုင် သည်။ သို့သော် ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်သော်လည်း ယင်းဘဝင်နာမ် တရားစု = စိတ်စေတသိက်တို့ကို သိမ်းဆည်းရေးမှာ အခက်အခဲများစွာ ရှိနေပေဦးမည်။ အခက်အခဲ ရှိနေသေး
贤善者若想在上述1.食物进入、2.食物停留、3.食物正被烹熟、4.食物正被排出的各个阶段、各个时刻,也摄取名法,那么可以摄取:能产生上行风、下行风身分中所含心生食素八法色的五门心路名法(五识除外)、意门心路名法,以及有分名法。这些五门、意门心路,会以进食者的作意方式为基础,成为种种心路、种种心。不过,在这一阶段,即使已经会摄取有分意净界,要摄取该有分名法组——心与心所——仍会有很大困难。若仍有困难
ပါက ခေတ္တ ချန်လှပ်ထားပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိမှ ထပ်မံ သိမ်းဆည်းပါ။ အဋ္ဌကထာစကားကား မဆုံးသေးပါ၊ သို့အတွက် ဆက်ဖတ်ပါ။
便暂且略去;待修到缘起部分时,再重新摄取。义注的话还没有说完,因此请继续读下去。
(က) ဤသို့လျှင် ဝါယောဓာတ်သည် --- ၁။ ဆွမ်းလုတ်ကို ခံတွင်းသို့တိုင်အောင် ရှေးရှူလည်း ဆောင်၏။
(甲)如此,风界:1.把食团向前送到口腔。
၂။ ခံတွင်းမှ ဝမ်းဗိုက်တွင်းသို့တိုင်အောင် ရောရောနှောနှော ပြုလုပ်လျက် ကြိတ်ချေလျက် ဆောင်၏။
2.从口腔送入腹内,沿途混合并碾碎食物。
တစ်နည်းဆိုရသော် --- ၁။ ခံတွင်းဝကို ကျော်လွန်အောင်လည်း ဆောင်၏။
换一种说法:1.它把食物送过口腔入口。
၂။ ဝမ်းဗိုက်၌ ရောက်ရှိသွားသော တည်နေသော အစာကို ဘေးပတ်ဝန်းကျင်သို့ ဆောင်၏။ (အာဟာရဇ သြဇဋ္ဌမကရုပ်တို့၏ ပျံ့နှံ့သွားမှုကို ဆိုလိုသည်။) ၃။ ခံလည်း ခံထား၏။ (အစာအိမ် အဝင်အပါ အူကောဋ္ဌာသတို့၌ တည်နေအောင် ဆောင်လည်း ဆောင် ထား၏။) ၄။ တပြောင်းပြန်ပြန်လည်း ပြု၏။ (ဝါးသောအခါ လျှာ၏ အလုပ်ကိစ္စ လုပ်ပုံတည်း။) ၅။ မုန့်မုန့်ညက်ညက်လည်း ပြု၏။ (ဝါး၍ ကြိတ်ချေမှုတည်း။) ၆။ ခြောက်လည်း ခြောက်ကပ်စေ၏။
2.把已经到达并停留在腹内的食物输送到周围各处。〔这是指食生食素八法色的扩散。〕3.承托食物。〔使食物停留在包括胃在内的肠身分中。〕4.反复翻转食物。〔这是咀嚼时舌所执行的作用。〕5.把食物粉碎。〔即以咀嚼加以碾碎。〕6.使食物干燥。
၇။ ထုတ်လည်း ထုတ်ဆောင်၏။ (အပသို့ ထုတ်ဆောင်မှုတည်း။)
7.又把食物排出。〔即向体外排出。〕
原书第 425 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ( ခ ) ပထဝီဓာတ်သည် --- ၁။ ခံလည်း ခံထား၏၊ (အစာအိမ် အူကောဋ္ဌာသတို့၌ တည်နေအောင် ဆောင်လည်း ဆောင်ထား၏။) ၂။ တပြောင်းပြန်ပြန်လည်း ပြု၏။
(乙)地界:1.承托食物。〔使食物停留在胃、肠身分中。〕2.反复翻转食物。
၃။ မုန့်မုန့်ညက်ညက်လည်း ပြု၏။
3.把食物粉碎。
၄။ ခြောက်လည်း ခြောက်ကပ်စေ၏။ (ဝါးပြီးသော အစာ၌ ရှိသော အရည်ကို စုတ်ယူလိုက်သဖြင့် အစာ၌ အရည်ဓာတ် ခြောက်သွေ့မှု ခြောက်ကပ်မှုကို ဆိုလိုသည်။) ၅။ အပသို့ ထုတ်လည်း ထုတ်ဆောင်၏။ (အဘိ-ဋ္ဌ-၂-၃၄၆။) ဧတ္ထ စ အာဟာရဿ ဓာရဏပရိဝတ္တနသဉ္စုဏ္ဏနဝိသောသနာနိ ပထဝီဓာတုသဟိတာ ဧဝ ဝါယောဓာတု ကရောတိ၊ န ကေဝလာတိ တာနိ ပထဝီဓာတုယာပိ ကိစ္စဘာဝေန ဝုတ္တာနိ။ (ဒီ-ဋီ-၁-၂၅၁။) ဤအရာ၌ အစာအာဟာရကို ခံထားခြင်း (= ဆောင်ထားခြင်း)၊ တပြောင်းပြန်ပြန်ပြုခြင်း၊ မုန့်မုန့်ညက် ညက်ပြုခြင်း၊ ခြောက်သွေ့စေခြင်းဟူသော ကိစ္စတို့ကို ပထဝီဓာတ်နှင့် အတူတကွသာလျှင် ဝါယောဓာတ်က ပြု လုပ်နိုင်၏။ ဝါယောဓာတ် တစ်ခုတည်းသက်သက်ကား မပြုလုပ်နိုင်။ ထိုကြောင့် ထိုကိစ္စတို့ကို ဝါယောဓာတ်၏ အလုပ်ကိစ္စ အဖြစ်ဖြင့်သာမက ပထဝီဓာတ်၏လည်း အလုပ်ကိစ္စ အဖြစ်ဖြင့် အဋ္ဌကထာက ဖွင့်ဆိုထားအပ် ကုန်၏။ (ဒီ-ဋီ-၁-၂၅၁။) 〔ပဓာနနည်းသာ --- ဤ၌ ပထဝီဓာတ် ဝါယောဓာတ်တို့၏လည်း ကြွင်းကျန်သော ကလာပ်တူ ရုပ်တရား
4.使食物干燥。〔这是说,地界吸取已嚼食物中所含的水分,使食物失去水分而干燥。〕5.又把食物排出体外。(《殊胜义注》2“在这里,风界唯有与地界俱,才能完成对食物的承托、翻转、粉碎与干燥,并非单独完成;因此,这些也被说为地界的作用。”(《长部复注》1-251。)也就是说,承托〔运载〕食物、反复翻转、粉碎、使之干燥等作用,只能由风界与地界共同完成,单独的风界不能完成。因此,义注不只把它们解释为风界的作用,也解释为地界的作用。(《长部复注》1-251。)〔这里只依主导法之理而说——地界与风界也不能离开同聚的其余色法而单独生起,所以
တို့နှင့် ကင်း၍ မိမိတို့ချည်းသက်သက် မဖြစ်နိုင်ရကား ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်ဟု မှတ်ပါ။
应知,这是依主导法之理而作的解释。
အပ္ပဓာနအားဖြင့် ကြွင်းကျန်သော ကလာပ်တူ ရုပ်တရားတို့ကိုလည်း သိမ်းကျုံး၍ ယူပါ။ ဃနပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သောကြောင့်တည်း။ ယင်းရုပ်တရားတို့ကို အထက်၌ ဖော်ပြခဲ့ပြီးလေပြီ။〕 ( ဂ ) အာပေါဓာတ်သည် --- ၁။ အစာကို စိုလည်း စိုစွတ်စေ၏။ (တံတွေးကောဋ္ဌာသနှင့် အဗဒ္ဓ သည်းခြေအရည်ကောဋ္ဌာသတို့ကို အထူး ရည်ညွှန်းထားသည်။) ၂။ စိုပြီးသော အစာကိုလည်း စောင့်ရှောက်၏။ (ဝါယောဓာတ် စသော အခြားအခြားသော ဓာတ်တို့ကြောင့် ခြောက်သွေ့မသွားအောင် စွတ်စိုနေအောင် တံတွေးကောဋ္ဌာသ အဗဒ္ဓ သည်းခြေအရည်ကောဋ္ဌာသတို့ က အထူးစောင့်ရှောက်ပေး၏။ (အဘိ-ဋ္ဌ-၂-၃၄၆။) (ဃ) တေဇောဓာတ်သည် --- အစာအိမ်နှင့် အူ၏ အတွင်းသို့ ဝင်လာတိုင်းသော အစာကို ကျက်အောင် ချက်ပေး၏။
还应以非主导者的身份,把同聚的其余色法一并摄取。因为只有破除密集,智见才能抵达究竟法。那些色法前文已经说明过。〕(丙)水界:1.润湿食物。〔这里特别指唾液身分与流动胆汁身分。〕2.保持已经润湿的食物。〔唾液身分与流动胆汁身分特别使食物保持湿润,不致因风界等其他界而干燥。〕(《殊胜义注》2-346。)(丁)火界:把每一份进入胃与肠内的食物烹熟。
(အဘိ-ဋ္ဌ-၂-၃၄၆။)
(《殊胜义注》2-346。)
( င ) အာကာသဓာတ်သည် --- အစာအာဟာရ၏ ဝင်လာရာ ထွက်သွားရာ လမ်းကြောင်းကိစ္စကို ရွက်ဆောင်ပေး၏။ (အူ - အစာအိမ် ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ကလာပ်၊ အစာသစ်ကောဋ္ဌာသ၌ တည်ရှိကြသော ရုပ်ကလာပ် --- ဤရုပ် ကလာပ်တို့ တစ်ခုနှင့် တစ်ခု ရောယှက်မှုမရှိအောင် အထူးသဖြင့် ပိုင်းခြားပေးသော ရုပ်ဖြစ်၏။ အဓောဂမ- ဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသော ဝါယောကောဋ္ဌာသ ရုပ်တရားတို့၏ အကူအညီဖြင့် အတွင်းသို့ ဝင်လာသော အပြင်သို့ ထွက်သွားသော အစာသစ် အစာဟောင်း ကောဋ္ဌာသရုပ်တရားတို့ကို လမ်းဖောက်ပေး သောရုပ် ဖြစ်ပေသည်။)
(戊)空界:执行为食物提供进入、排出通道的作用。〔空界是一种特别发挥区隔作用的色,使存在于肠、胃身分中的色聚与新食身分中的色聚彼此不相混合;它借助称为下行风、向下流动的风界身分诸色法,为进入体内的新食身分诸色法及排出体外的旧食身分诸色法开辟通道。〕
原书第 426 页
( စ ) ဝိညာဏဓာတ် --- ဝိညာဏဓာတု တတ္ထ တတ္ထ သမ္မာပယောဂမနွာယ အာဘုဇတိ။ (အဘိ-ဋ္ဌ-၂-၃၄၆။) အာဘုဇတီတိ ပရိယေသနဇ္ဈောဟရဏဇိဏ္ဏာဇိဏ္ဏတာဒိံ အာဝဇ္ဇေတိ၊ ဝိဇာနာတီတိ အတ္ထော။ တံတံ- ဝိဇာနနနိပ္ဖါဒကောယေဝ ဟိ ပယောဂေါ ''သမ္မာပယောဂေါ''တိ ဝုတ္တောတိ။ အထ ဝါ ''သမ္မာပဋိပတ္တိမာဂမ္မ အဗ္ဘန္တရေ အတ္တာ နာမ ကောစိ ဘုဇနကော နတ္ထီ''တိအာဒိနာ ဝိဇာနနံ အာဘုဇနံ။ (မူလဋီ-၂-၁၈၂။) သမ္မာပဋိပတ္တိန္တိ ဓမ္မေသု အဝိပရီတပဋိပတ္တိံ ယထာဘူတာဝဗောဓံ။ (အနုဋီ-၂-၁၈၄။) ဝိညာဏဓာတ်သည် --- ထိုထို ကိစ္စတို့၌ သမ္မာပယောဂကို အစွဲပြု၍ နှလုံးသွင်း၏၊ သိ၏။ နှလုံးသွင်း၏ သိ၏ဟူသည် အစာကို ရှာမှီးခြင်း၊ အစာကို စားမျိုခြင်း၊ စားပြီးသောအစာ၏ ကြေကျက်သည်၏ အဖြစ်၊ မ ကြေကျက်သည်၏ အဖြစ် စသည်ကို ဆင်ခြင် နှလုံးသွင်း၏ သိ၏ဟု ဆိုလို၏။ အကြောင်းကား --- အစာကို ရှာမှီးခြင်း၊ အစာကို စားမျိုခြင်း၊ အစာ၏ ကြေကျက်သည်၏ အဖြစ်၊ မကြေကျက်သည်၏ အဖြစ် စသည့် ထိုထို
(“识界依随各处的正确运作而作意。”(《殊胜义注》2-346。)《根本复注》解释:“အာဘုဇတီတိ ပရိယေသနဇ္ဈောဟရဏဇိဏ္ဏာဇိဏ္ဏတာဒိံ အာဝဇ္ဇေတိ၊ ဝိဇာနာတီတိ အတ္ထော။ တံတံ- ဝိဇာနနနိပ္ဖါဒကောယေဝ ဟိ ပယောဂေါ ''သမ္မာပယောဂေါ''တိ ဝုတ္တောတိ။ အထ ဝါ ''သမ္မာပဋိပတ္တိမာဂမ္မ အဗ္ဘန္တရေ အတ္တာ နာမ ကောစိ ဘုဇနကော နတ္ထီ''တိအာဒိနာ ဝိဇာနနံ အာဘုဇနံ။ (မူလဋီ-၂-၁၈၂။)”译:“所谓作意,意思是转向并了知寻求、吞咽、已经消化或尚未消化等。因为只有能成办对各种事项之了知的运作,才称为‘正确运作’。或者,依正行而以‘身体内部并无任何一个名为自我的进食者’等方式了知,就是作意。”(《根本复注》2-182。)《随复注》又说:“သမ္မာပဋိပတ္တိန္တိ ဓမ္မေသု အဝိပရီတပဋိပတ္တိံ ယထာဘူတာဝဗောဓံ။ (အနုဋီ-၂-၁၈၄။)”译:“所谓正行,是对诸法不颠倒的行持,即如实通达。”(《随复注》2-184。)识界在各项作用中,以正确运作为所依而作意、了知。所谓作意、了知,是说它思惟、作意并了知寻求食物、吞咽食物,以及所食之物已经消化或尚未消化等。因为,寻求食物、吞咽食物、食物已消化或未消化等各个
အာရုံကို သိခြင်းကို ပြီးစေတတ်သည်သာလျှင် ဖြစ်သော ပယောဂကို သမ္မာပယောဂဟူ၍ ဆိုအပ်သောကြောင့် ဖြစ်၏။ အကြင်ပယောဂဖြင့် အစာကို ရှာမှီးခြင်း စသည်သည် ပြီးစီးလာ၏၊ ထိုပယောဂသည် ထိုအစာကို ရှာ- မှီးခြင်း စသည့် အာရုံကို သိခြင်းကိုလည်း ပြီးစီးစေသည်သာ မည်ပေသည်။ --- ဤအဖွင့်များအရ ဝိညာဏ ဓာတ်သည် အစာကို ရှာမှီးခြင်း အစ --- အစာဟောင်း၏ အပြင်သို့ထွက်ခြင်း အဆုံးရှိသော ယောဂါဝစရပုဂ္ဂိုလ် ၏ ထိုထို သမ္မာပယောဂကို အစွဲပြု၍ သိခြင်းကိစ္စကို ရွက်ဆောင်ပေး၏ဟု ဆိုလိုသည်။ သို့သော် မူလဋီကာ ဆရာတော်က ဤမျှဖြင့် အားရတော် မမူသေး၍ နောက်တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။
所缘之认知,正是由能成办这种认知的运作来完成,所以这种运作称为“正确运作”。某种运作若能完成寻求食物等事,也就能完成对寻求食物等所缘的认知。依这些解释,识界从寻求食物开始,直至旧食排出体外为止,以瑜伽行者各项正确运作为所依,执行了知的作用。不过,根本复注师认为这样解释仍不充分,所以又作出另一种解释。
ဝိညာဏဓာတ်သည် --- အထက်ပါ အစာရှာမှီးမှု အစ --- အစာ၏ ပြင်ပသို့ ထွက်ခြင်း အဆုံးရှိသော ထိုထိုသော ကိစ္စတို့၌ လိုက်နာပြုကျင့်ရမည့် သမ္မာပဋိပတ် အမည်ရသော လောကုတ္တရာတရား (၉)ပါး အားလျော် သော ကောင်းမွန် မှန်ကန်သည့် ကျင့်ဝတ်ပဋိပတ်ကို အကြောင်းပြု၍ အာရုံကို နှလုံးသွင်း၏ စိတ်ကို ရှေးရှူ ဆောင်ယူ၏။ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ အစာအာဟာရကို စားသုံးခြင်း၊ အစာကို စားသုံးရာ အခိုက် အတန့် အသီးအသီးတို့၌ ဖြစ်ပေါ်နေကြသော ရုပ်နာမ်တို့ကို သိမ်းဆည်းခြင်း၊ နှလုံးသွင်းခြင်း၊ စွမ်းနိုင်ပါက ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတို့ကား သမ္မာပဋိပတ်ကျင့်ဝတ်တို့ပင် ဖြစ်ကြသည်။ ယင်းသမ္မာပဋိပတ်ကို အစွဲပြု ၍ ''ခန္ဓာကိုယ် အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော စားသုံးတတ်သောသူသည် မရှိသည်သာ တည်း'' ဤသို့စသည်ဖြင့် သိခြင်းတည်း။ ယင်းသိမှုကိစ္စကို ဝိညာဏဓာတ်က ရွက်ဆောင်ပေး၏။
识界从上述寻求食物开始,直至食物排出体外为止,在各项活动中,以应当遵循、实践而随顺九种出世间法的善妙正确行持——称为“正行”——为因缘,对所缘作意,把心导向所缘。以省察智思惟而受用食物;摄取、作意进食各个时刻生起的色名;若有能力,便修习毗婆舍那、作观照——这些都是正行。依止这种正行,而了知“身体内部并没有任何一个名为自我的进食者”等;识界执行的正是这种了知作用。
ဤသို့လျှင် အစာကို သုံးဆောင်ရာ၌ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာ- ကာသဓာတ်၊ ဝိညာဏဓာတ်ဟူသော ဓာတ် (၆)ပါးတို့ ပြဓာန်းသော ရုပ်နာမ်တို့၏ ဖြစ်ခြင်းကို ဆင်ခြင် နှလုံး သွင်းတတ်သော ဉာဏ်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို သိရှိပါလေ။
如此,受用食物时,能够思惟、作意由地界、水界、火界、风界、空界、识界这六界所主导的色名之生起;应知,这种智就是不痴正知智。
(အဘိ-ဋ္ဌ-၂-၃၄၆။ မ-ဋ္ဌ-၁-၂၇၂။)
(《殊胜义注》2-346;《中部义注》1-272。)
ဤကား ---- အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ ---- စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ဒေသနာတော်၏ ဆိုလိုရင်း အနက်သဘောတို့ကို ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်းချက်များပင် ဖြစ်ကြသည်။ ဤအပိုင်း၌ကား --- စားရာ သောက်ရာ ခဲရာ လျက်ရာတို့၌ ခန္ဓာ (၅)ပါး = ရုပ်နာမ်နှစ်ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင် အသမ္မောဟသမ္ပဇဥ်ကို ရရှိပြီဟု ဆိုလိုသည်။ နိဗ္ဗာန် အစစ်အမှန်ကိုသာ မျှော်လင့် တောင့်တနေသော သူတော်ကောင်း ဖြစ်ပါမူ ယင်းခန္ဓာ (၅)ပါးတို့ကို သိအောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင်
以上就是义注与复注对于“အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ”——“食、饮、嚼、尝时正知而行”——这段教说旨义的解释。在这一部分,意思是:食、饮、嚼、尝时,若能以智分别、摄取五蕴,也就是色与名两类法,便已获得不痴正知。贤善者若唯独向往、企求真正的涅槃,就必须亲自现前、透彻地了知这五蕴;应当努力
原书第 427 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သူများ၏ ပါးစပ်တွင်သာ လမ်းဆုံးနေသော သိနည်းမျိုး မဟုတ်ဘဲ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်သိသည့် အသိဉာဏ်ကို ရရှိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်ပေသည်။ သို့အတွက် ---- အသင် သူတော်ကောင်း …နိဗ္ဗာန် အစစ်အမှန်ကို တကယ်တမ်း လိုချင်လျှင် သူများအပြောနှင့် လွမ်းမနေပါနှင့်၊ ကိုယ်တိုင်သိအောင်သာ ကြိုးစားပါ။
获得亲自了知之智,使智见抵达究竟法,而不是让求知之路只在别人的口头上走到尽头。因此,贤善的你……若真正想要真实的涅槃,就不要只凭别人的说法而向往;只管努力亲自了知。
တစ်နည်း အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံ
另一种不痴正知的生起方式
၁။ ဆွမ်းခံ လှည့်လည်သည်၏ အစွမ်းဖြင့် ဆွမ်းခံရွာကို ရည်ညွှန်း၍ သွားခြင်းအားဖြင့်လည်းကောင်း၊ ၂။ ဆွမ်းခံရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်လျက် ဆွမ်းကို ရှာမှီးရခြင်းအားဖြင့်လည်းကောင်း၊ ၃။ ရရှိလာသော အာဟာရကို ဘုဥ်းပေး သုံးဆောင်သောအားဖြင့်လည်းကောင်း၊ ၄။ အစာသစ်အိမ် အဝင်အပါ အစာသွားလမ်းတစ်လျှောက်၌ တံတွေး သည်းခြေ သလိပ် စသော အညစ် အကြေးတို့ဖြင့် ရောနှောလျက် တည်နေရသော တည်ရာနေရာအားဖြင့်လည်းကောင်း၊ ၅။ အစာအိမ် စသည်၌ သိုမှီး သိမ်းဆည်းထားသောအားဖြင့်လည်းကောင်း၊ ၆။ မကြေကျက်သေးသောအားဖြင့်လည်းကောင်း၊ ၇။ ကြေကျက်သွားပြီးသောအားဖြင့်လည်းကောင်း၊ ၈။ ပိုးစာ-လောင်မီး-ကျင်ကြီး-ကျင်ငယ်-သွေးသား ဟူသော အစာကြောင့် ဖြစ်ပေါ်လာသော အကျိုးအား ဖြင့်လည်းကောင်း၊ ၉။ ကိုးပေါက်ဒွါရ အမာဝတို့မှ ယိုစီးစိမ့်ထွက်သော အကျိုးဆက်အားဖြင့်လည်းကောင်း၊ ၁ဝ။ အချင်းခပ်သိမ်း လိမ်းကျံသောအားဖြင့်လည်းကောင်း ---
1.就为托钵而朝托钵村前往而言;2.就在托钵村中巡行、寻求钵食而言;3.就受用已经获得的食物而言;4.就食物的住处而言——它停留在包括胃在内的整个食物通道中,与唾液、胆汁、痰等污秽混合;5.就储藏在胃等处而言;6.就尚未消化而言;7.就已经消化而言;8.就食物所产生的结果而言——成为虫食、燃烧之火、粪便、尿液及血肉等;9.就从九孔门及疮口渗漏流出的后果而言;10.就遍处涂污而言
ဤသို့လျှင် (၁ဝ)မျိုးသော အစာအာဟာရ၏ ရွံရှာစက်ဆုပ်ဖွယ်ရှိသည်၏ အဖြစ်ကို ဆင်ခြင်သောအား ဖြင့်လည်း ဤစားရာ သောက်ရာ ခဲရာ လျက်ရာ၌ အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို သိရှိပါလေ။
如此,从这十个方面思惟食物可厌、可厌恶之性,也应由此了知食、饮、嚼、尝时的不痴正知智。
(အဘိ-ဋ္ဌ-၂-၃၄၆။)
(《殊胜义注》2-346。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。