持僧伽梨、钵与衣时正知而行
《趣向涅槃之道》中文全译本 · 非缩略版
威仪章与正知章 · 原书第 411–417 页 · 61 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 411 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊ = ဒုကုဋ် - သပိတ် - သင်္ကန်းကို ဆောင်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
持僧伽梨、钵与衣时正知而行
၁။ သာတ္ထကသမ္ပဇဥ် (သင်္ကန်း)
1.有益正知(袈裟)
ဤ၌ ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်ရုံခြင်း၏ အစွမ်းဖြင့်၊ သပိတ်ကို ဆွမ်းခံခြင်း ဆွမ်းစားခြင်း စသည်တို့၏ အစွမ်းဖြင့် သုံးဆောင်ခြင်းသည် ဓာရဏ = ဆောင်ခြင်း မည်၏။
此处,穿着、披覆僧伽梨及其他袈裟,以及用钵托钵、用餐等,都属于 dhāraṇa,即“持用”。
ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်၍သော်လည်းကောင်း၊ ရုံ၍သော်လည်းကောင်း ဆွမ်းခံသွားသော ရဟန်းအား ဆွမ်း စသော ပစ္စည်းအာမိသကို ရခြင်းသည်လည်းကောင်း၊ အအေးကို ပယ်ဖျောက်ခြင်းငှာ စသည်ဖြင့် သင်္ကန်း ကို သုံးဆောင်ရာဝယ် ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ဘုရားရှင် ဟောကြားထားတော်မူသော နည်းအတိုင်းပင် အချမ်းအပူကို ပယ်ဖျောက်ခြင်း အချမ်းအပူ၏ ပျောက်ကင်းခြင်း စသော အကျိုးတရားသည်လည်းကောင်း အတ္ထ = အကျိုးတရား မည်၏။ ထိုအကျိုးတရား၏ အစွမ်းဖြင့် သာတ္ထကသမ္ပဇဥ်ဉာဏ်ကို သိရှိပါလေ။
比丘穿着或披覆僧伽梨与袈裟外出托钵,能够获得钵食等资具供养;又如世尊在受用袈裟的省察文中所开示,袈裟能够遮除寒冷、炎热等。获得供养、免除寒热等,都称为 attha,即利益。应当依这些利益而了知有益正知。
(အဘိ-ဋ္ဌ-၂-၃၄၃။ မ-ဋ္ဌ-၁-၂၆၉။)
(《殊胜义注》2-343;《中部义注》1-269。)
သင်္ကန်းကို သုံးဆောင်ရာ၌ ရရှိလာသော အကျိုးတရားတို့ကို ဆင်ခြင်၍ သုံးဆောင်တတ်သော ဉာဏ်- သည် သာတ္ထကသမ္ပဇဥ်ဉာဏ် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ယင်းရနိုင် သော အကျိုးတရားတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲရမည်ဟု ဆိုလိုပေသည်။
受用袈裟时,能够省察由此所得利益而加以受用的智,称为有益正知。也就是说,瑜伽行者穿着、披覆袈裟时,应当以智慧省察可能获得的这些利益,然后才使用袈裟。
၂။ သပ္ပါယသမ္ပဇဥ် (သင်္ကန်း)
2.适宜正知(袈裟)
ခန္ဓာကိုယ်ဝယ် ဥသ္မာခေါ်သော ကိုယ်ငွေ့အပူဓာတ် အားကောင်းသော သဘောရှိသော ရဟန်းအား လည်းကောင်း၊ အင်အားနည်းပါးသော ရဟန်းအားလည်းကောင်း သိမ်မွေ့နူးညံ့ ချောမြေ့သော သင်္ကန်းသည် သပ္ပါယ ဖြစ်၏။ ကြမ်းတမ်းသော ထူထဲလေးလံသော သင်္ကန်းကား သပ္ပါယ မဖြစ်ပေ။ အပူငွေ့ အားနည်း၍ ချမ်း တတ်သော သဘောရှိသော ရဟန်းအား ထူထဲသော ဒုကုဋ်သင်္ကန်းသည် သပ္ပါယ ဖြစ်၏။ သိမ်မွေ့နူးညံ့ ချော မြေ့သော ပေါ့ပါးသော သင်္ကန်းကား သပ္ပါယ မဖြစ်ပေ။
对于体内称为 usmā 的体温较强、或身体力量较弱的比丘,细致、柔软、光滑的袈裟是适宜的;粗糙、厚重的袈裟则不适宜。对于体温较弱、容易畏寒的比丘,厚实的僧伽梨是适宜的;细致、柔软、光滑而轻薄的袈裟则不适宜。
〔ဒုပဋ်သင်္ကန်း --- ရှေးယခင်အခါက အပူငွေ့ အားနည်း၍ ချမ်းတတ်သော ရဟန်းတော်တို့သည် ဒုပဋ် သင်္ကန်း တိပဋ်သင်္ကန်း စသည်တို့ကို သုံးစွဲလေ့ရှိကြ၏။ သံဃာဋိ အမည်ရသော နှစ်ထပ်သင်္ကန်းကြီးကို ဒုကုဋ် ဟု ခေါ်ဆို၏။ ဤဒုပဋ်သင်္ကန်းမှာလည်း နှစ်ထပ်ပင် ဖြစ်၏၊ သို့သော် သံဃာဋိ = ဒုကုဋ်ဟူသော အမည်ကို မရ ရှိပေ။ ရိုးရိုးသင်းပိုင် ရိုးရိုးဧကသီသင်္ကန်းတို့ကို နှစ်ထပ် ထပ်ထားလျှင် ဒုပဋ် --- သုံးထပ် ထပ်ထားလျှင် တိပဋ် ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယခုကာလ၌ကား အသုံးမပြုကြတော့ပေ။〕 မည်သည့် ရဟန်းအားမဆို ဆွေးမြေ့သော သင်္ကန်းသည် သပ္ပါယ မဖြစ်သည်သာတည်း၊ အကြောင်းကား သင်္ကန်းကို မကြာခဏ ဖာထေးပေးနေရခြင်းဖြင့် ထိုဆွေးမြေ့နေသော သင်္ကန်းသည် ထိုကမ္မဋ္ဌာန်းစီးဖြန်းနေ- သော ရဟန်းအား ကြောင့်ကြမှု = ပလိဗောဓကို ပြုတတ်သောကြောင့် ဖြစ်၏။ အလားတူပင် ပဋ္ဋုဏ္ဏစီဝရ =
〔双层衣——古时体温较弱、容易畏寒的比丘,常使用双层衣、三层衣等。名为 saṅghāṭi 的双层大衣称为 dukūṭa〔僧伽梨〕。这里所说的双层衣虽然也是两层,却不具有 saṅghāṭi=dukūṭa 之名;普通下衣或普通上衣叠成两层,便称双层衣,叠成三层,便称三层衣,如此命名使用。如今这些衣已不再使用。〕对于任何比丘,朽坏的袈裟都不适宜;因为必须经常缝补,它会成为修习业处的比丘的一项牵碍(palibodha)。同样,paṭṭuṇṇacīvara
ပဋ္ဋုဏ္ဏတိုင်းထွက် သင်္ကန်း၊ ဒုကူလစီဝရ = ဒုကူလသင်္ကန်း စသော ခိုးသားဓားပြတို့၏ တပ်မက်ဖွယ်ကောင်း- သော သင်္ကန်းမျိုးသည်လည်း သပ္ပါယ မဖြစ်သည်သာတည်း။ ထိုသို့ တပ်မက်ဖွယ် နှစ်သက်မြတ်နိုးဖွယ်ကောင်း- သော သင်္ကန်းသည် တောကျောင်း တောင်ကျောင်း တောအရပ် တောထဲ၌ တစ်ပါးတည်း နေနေသော ရဟန်း-
即钵都那地方所产的袈裟,以及 dukūlacīvara(都库罗衣)等容易引起盗贼垂涎的袈裟,也都是不适宜的。如此令人贪恋、喜爱而珍重的袈裟,对于独住在林寺、山寺、林野或森林中的比丘
原书第 412 页
တော်အား သင်္ကန်းလုယက်သွားသဖြင့် သင်္ကန်းကို ဝတ်ရုံရခြင်း၏ အန္တရာယ်ကိုသော်လည်း ပြုတတ်၏၊ တစ် နည်းဆိုရသော် တောထဲ၌ နေထိုင်ခြင်း၏ အန္တရာယ်ကိုသော်လည်း ပြုတတ်၏၊ အသက်၏ အန္တရာယ်သော်- လည်း ဖြစ်တတ်၏။ ထိုကြောင့် ထိုကဲ့သို့ မက်မောဖွယ်ကောင်းလှသော သင်္ကန်းသည် သပ္ပါယ မဖြစ်ပေ။
可能因为袈裟被劫,陷入无衣可披的危难;换言之,也可能使他在林中居住受到威胁,甚至危及生命。因此,这类极易引人贪求的袈裟并不适宜。
မုချဆတ်ဆတ်အားဖြင့်ကား --- သင်္ကန်းလှူဖို့ရန်အတွက် မအပ်သော ဒါယကာ ဒါယိကာမတို့ထံ၌ အရိပ် နိမိတ်ပြခြင်း တိုက်ရိုက်အလှူခံခြင်း ဆေးကုခြင်း သစ်သီးပေးခြင်း ပန်းပေးခြင်း စသော မိစ္ဆာဇီဝ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်းကောင်း၊ ယင်းသင်္ကန်းကို သုံးဆောင်မှီဝဲသော ရဟန်းတော်အား အကု- သိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်နိုင်သော သင်္ကန်းမျိုးသည်လည်းကောင်း မလျောက်- ပတ်သော သပ္ပါယ မဖြစ်သော သင်္ကန်းတည်း။ ဘုရားရှင် ခွင့်ပြုထားတော်မူအပ်သည့် ဝိနည်းဒေသနာတော် နှင့်အညီ သမ္မာအာဇီဝ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်းကောင်း၊ ယင်းသင်္ကန်းကို သုံးဆောင် မှီဝဲသော ရဟန်းအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားနိုင်သော သင်္ကန်းမျိုးသည် လည်းကောင်း လျော်လျောက်ပတ်သော သပ္ပါယဖြစ်သော သင်္ကန်း မည်၏။ သပ္ပါယ မဖြစ်သော သင်္ကန်းတို့ကို
确切地说:向不允许索求袈裟的男女施主暗示、直接索求,或借行医、赠送水果、花朵等邪命手段所得的袈裟,以及能使受用它的比丘增长不善法、减损善法的袈裟,都是不合宜、不适宜的袈裟。依照世尊所许可的律教,以正命所得的袈裟,以及能使受用它的比丘减损不善法、增长善法的袈裟,则称为合宜、适宜的袈裟。能够不受用不适宜的袈裟
မမှီဝဲဘဲ သပ္ပါယဖြစ်သော သင်္ကန်းတို့ကိုသာ မှီဝဲတတ်သော သမ္ပဇဥ်ဉာဏ်သည် သပ္ပါယသမ္ပဇဥ်ဉာဏ် မည်၏။
而只受用适宜袈裟的正知智,称为适宜正知智。
(အဘိ-ဋ္ဌ-၂-၃၄၄။ မ-ဋ္ဌ-၁-၂၆၉-၂၇ဝ။)
(《殊胜义注》2-344;《中部义注》1-269—270。)
၃။ ဂေါစရသမ္ပဇဥ် (သင်္ကန်း)
3.行处正知(袈裟)
သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် မိမိ နှလုံးသွင်းရှုပွားနေသည့် ကမ္မဋ္ဌာန်းကို မစွန့်လွှတ်သည်၏ အစွမ်းဖြင့်သာလျှင် ဝတ်ရုံသုံးဆောင်ခြင်းသည် = မိမိ နှလုံးသွင်းမြဲ ကမ္မဋ္ဌာန်းကို နှလုံးသွင်း ၍ ဝတ်ရုံသုံးဆောင်ခြင်းသည် ဂေါစရသမ္ပဇဥ် မည်၏ဟု သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၄။ မ-ဋ္ဌ-၁-၂၇ဝ။)
穿着、披覆袈裟时,不舍弃四十种业处中自己正在作意、观修的业处;也就是一面作意自己惯常作意的业处,一面穿着、披覆袈裟。应知这称为行处正知。(《殊胜义注》2-344;《中部义注》1-270。)
၄။ အသမ္မောဟသမ္ပဇဥ် (သင်္ကန်း)
4.不痴正知(袈裟)
ခန္ဓာကိုယ်အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်တတ်သောသူ မည်သည် မရှိ။ သင်္ကန်းကို ဝတ်ရုံလိုသောစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစိတ်သည် ဝါယောဓာတ်၏ သဘာဝ သတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ ခန္ဓာကိုယ်ဝယ် ထိုထို အရပ်ဌာနသို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ခြင်းသည် ဖြစ်ပေါ်လာ၏။ (ရှုကွက်ကို နောက်တွင် ဖော်ပြပါမည်။) ထိုသင်္ကန်းနှင့် ရူပကာယ နှစ်မျိုးတွင် --- သင်္ကန်းသည်လည်း စိတ်စေတနာ မရှိ၊ ရူပကာယ = ရုပ်တရား အပေါင်းသည်လည်း စိတ်စေတနာ မရှိ။ သင်္ကန်းသည် ''ငါသည် ရူပကာယကို ရုံထားအပ်၏''ဟု မသိ။ ရူပကာယ ကလည်း ''ငါ့ကို သင်္ကန်းက ရုံထားအပ်၏''ဟု မသိ။ ဓာတ်တို့သည်သာလျှင် ဓာတ်အပေါင်းအစုကို ဖုံးလွှမ်းသွား
身体之内,并没有一个称为“自我”、能够穿着披覆袈裟的人。想穿袈裟的心生起;该心使风界自性力偏胜的诸色聚,也就是诸色法生起。这些由心所生、风界自性力偏胜的诸色聚遍及身体相应部位,于是穿着披覆袈裟的动作便生起。〔观法将在后文说明。〕在袈裟与色身这两者中,袈裟没有心与意图,色身——即一切色法——也没有心与意图。袈裟不知道“我覆盖了色身”,色身也不知道“袈裟覆盖了我”;唯有诸界覆盖着界的聚集
ကြကုန်၏။ ပုဆိုးစုတ် ပုဆိုးပိုင်းဖြင့် ညွန်စေးရုပ်ကို ဖုံးလွှမ်း၍ ထားခြင်း၌ကဲ့သို့ ဖုံးလွှမ်းထားကြကုန်၏။
就像用一块破布覆盖泥塑人像一样,只是如此覆盖着。
ထိုကြောင့် ကောင်းသော သင်္ကန်းကို ရရှိ၍လည်း ဝမ်းမြောက်ခြင်းကို မပြုသင့်ပေ။ မကောင်းသော သင်္ကန်းကို ရရှိ၍လည်း စိတ်နှလုံး မသာယာခြင်းကို မပြုသင့်ပေ။ ထင်ရှားစေအံ့ --- မြွေနဂါး တောင်ပို့ ပူဇော် အပ်သော စေတိယ ခေါ်သော သစ်ပင် စသည်တို့၌ အချို့လူသားတို့သည် ပန်းနံ့သာ နံ့သာပျောင်း အဝတ် ပုဆိုး စသည်တို့ဖြင့် အရိုအသေ ပူဇော်ခြင်းကို ပြုကြကုန်၏၊ အချို့လူတို့ကား မြွေနဂါး တောင်ပို့ စေတိယ သစ်ပင် စသည်တို့၌ ကျင်ကြီးစွန့်ခြင်း၊ ကျင်ငယ်စွန့်ခြင်း၊ ရွှံ့ညွန်ဖြင့် လိမ်းကျံခြင်း၊ တောင်ဝှေးဖြင့် ရိုက်ပုတ်ခြင်း၊
因此,得到好的袈裟时不应欢喜,得到不好的袈裟时也不应心生不悦。举例来说:对于蛇龙、土丘以及称为支提、受人供奉的树木等,有些人以花、香、香粉、衣布等恭敬供养;另一些人却在那里大便、小便,以泥涂抹,用棍杖击打
原书第 413 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဓားဖြင့် ခုတ်ထစ်ခြင်း စသည်တို့ဖြင့် မရိုသေခြင်းကို ပြုမူကြကုန်၏။ ထိုသို့ လူသားတို့က အရိုအသေ ပြုခြင်း အရိုအသေ မပြုခြင်းတို့ကြောင့် မြွေနဂါး တောင်ပို့ စေတိယသစ်ပင် စသည်တို့သည် ဝမ်းမြောက်ခြင်း သောမ- နဿကိုလည်းကောင်း၊ စိတ်နှလုံး မသာယာခြင်း ဒေါမနဿကိုလည်းကောင်း မပြုလုပ်ကြကုန်သကဲ့သို့ ဤ ဥပမာအတူပင်လျှင် ကောင်းသော သင်္ကန်းကို ရရှိ၍မူလည်း ဝမ်းမြောက်ခြင်း = သောမနဿကို မပြုသင့်ပေ။
或以刀砍削等方式加以轻蔑。人们这样恭敬或不恭敬,蛇龙、土丘、支提树等并不会因此生起欢喜的悦,也不会生起心中不悦的忧。与此譬喻相同,得到好的袈裟时,也不应生起欢喜的悦。
မကောင်းသော သင်္ကန်းညံ့ကို ရရှိ၍သော်လည်း စိတ်နှလုံးမသာယာမှု ဒေါမနဿတရားကို မပြုသင့်ပေ။ ရရ သမျှနှင့် ရောင့်ရဲမှု ဣတရီတရသန္တောသတရားနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်အပ်ပေ၏။ --- ဤသို့ဖြစ် ခြင်းကို ဆင်ခြင်သည်၏ အစွမ်းဖြင့် ဤသင်္ကန်းကို သုံးဆောင်ရာ၌ အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။
得到不好的粗劣袈裟时,也不应生起心中不悦的忧。应当努力具足随所得知足(itarītara-santosa)。受用袈裟时,能如此省察,便应知为不痴正知。
(အဘိ-ဋ္ဌ-၂-၃၄၄။ မ-ဋ္ဌ-၁-၂၇ဝ။)
(《殊胜义注》2-344;《中部义注》1-270。)
သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၌ ရုပ်နာမ် သိမ်းဆည်းပုံ
穿着、披覆袈裟时摄取色名的方法
သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ဤအပိုင်းတွင် အသမ္မောဟသမ္ပဇဥ် ဖြစ်ပုံကို ရုပ်နာမ်ကို သိမ်းဆည်းပုံ အပိုင်း၊ ရရသမျှနှင့် ရောင့်ရဲမှု ဣတရီတရသန္တောသတရား ထင်ရှားဖြစ်ပေါ်လာရန် ဆင်ခြင်သည့်အပိုင်းဟု နှစ်ပိုင်းခွဲ၍ ဖော်ပြထားပါသည်။ ထိုတွင် ရုပ်နာမ်သိမ်းဆည်းပုံအပိုင်းကို အမြွက်မျှ ဖော်ပြအပ်ပါသည်။
关于穿着、披覆袈裟时如何成就不痴正知,本节分成两部分说明:一是摄取色名,二是为了使随所得知足明确生起而作省察。以下先略示摄取色名的部分。
၁။ ရှေ့ဦးစွာ ရပ်လျက် ဖြစ်စေ ထိုင်လျက် ဖြစ်စေ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.首先,无论站着还是坐着,都应逐步建立定力。
၂။ သိမ်းဆည်းပြီးသည့် ရုပ်နာမ်တို့ကိုပင် တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ (ဉာဏ်ထက်မြက်လာအောင် အရှိန် ယူခြင်း ဖြစ်သည်။) ၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍ ယင်းဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ သင်္ကန်းအာရုံ ကိုလည်း အစွဲပြု၍ ဖြစ်ပေါ်လာကြကုန်သော သင်္ကန်းကို ဝတ်ရုံလိုသော စိတ် စေတသိက်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ မနောဒွါရိကဇောဝီထိစိတ်အစဥ်များသာတည်း။
2.再次摄取已经摄取过的色法与名法。〔这是为了取得势能,使智慧变得锐利。〕3.摄取有分意净界;继而以智慧分别、摄取依止该有分意净界、又缘袈裟所缘而生起的欲穿袈裟之心与心所。它们只是意门速行心路的心相续。
၄။ ယင်းစိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း = ရုပ်တရား အပေါင်းတို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပုံကို မြင်အောင်ကြည့်ပါ။ သင်္ကန်းကို ဝတ်ရုံ လိုက်သော လက်သို့တိုင်အောင် လိုက်၍ရှုပါ။ သင်္ကန်းကို ရုံကြည့်ပါ။ ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်က သို့မဟုတ် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ် (၄)ပါးက သင်္ကန်းကို ဝတ်ရုံသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေသော ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ် လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။ ယင်းရုပ်တို့- ကား ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ် တို့တည်း။ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။
4.应当观见:由于这些心与心所,风界自性力偏胜的诸色聚——即一切相应色法——如何遍及全身;并一路随观至穿着袈裟的手。试着披上袈裟。在这些心生色聚中所含的风界,或者说风界自性力偏胜的四大种,会生起正在以穿着披覆袈裟这一行相运作的身表色;这些就是身表九法聚,以及身表、轻快性等十二法聚。它们是主导色,是处于能运载这一行相的色法。应当以智慧分别、摄取这些色法。
၅။ လက်တို့၌ ရှိကြသော (၄၄)မျိုးသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ် တရားတို့တည်း၊ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားစုတို့တည်း။ ယင်းရုပ် တရားတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။
5.手中存在的四十四种四因所生色法,是非主导色,是处于所运载这一行相的色法组。也应当以智慧分别、摄取这些色法。
၆။ ဤအချိန်တွင် သင်္ကန်း၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် သြဇဋ္ဌမကရုပ် = သြဇာလျှင် (၈)ခု မြောက်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့မှာ ရုပ်ကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲဆင့်ကဲ ပွားစီးနေသော တေဇောဓာတ်၏ အပွားအစီးတို့သာတည်း။ ယင်းဥတုဇ သြဇဋ္ဌမကရုပ်တို့သည်လည်း ဤရှုကွက်၌ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရသော
6.这时,若把注意力置于袈裟中的四大种而观,就会很容易见到色聚微粒。应当分析这些色聚,摄取食素为第八法的食素八法聚。它们只是由一个色聚中所含的火界逐代相续产生的时节所生色。在这一观法中,这些时节生食素八法聚也属于非主导色,属于所运载
原书第 414 页
= အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားစုတို့တည်း။
即处于所运载这一行相的色法组。
၇။ ယင်းသို့ ရုပ်နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ရုပ်-နာမ် ခွဲပါ ၁။ ပဓာန - အပ္ပဓာန ဖြစ်သော ရုပ်တို့ကား --- ရုပ်တရား ၂။ သင်္ကန်းကို ဝတ်ရုံလိုသော စိတ်စေတသိက်တို့ကား --- နာမ်တရား ဤသို့ ရုပ်-နာမ်ကို ခွဲပါ။ ထိုနောင် ယင်းရုပ်နာမ်တို့ကိုပင် ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ --- ၈။ ''ပုဂ္ဂိုလ် - သတ္တဝါ - ဇီဝ - အတ္တ - လူ - နတ် - ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။'' --- ဤသို့လျှင် ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ဤသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၌ အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိလေပြီ။ ဤသို့ ရှု၍ အောင်မြင်မှုရရှိပါက မည်သည့် ဣရိယာ ပုထ်၌မဆို ကျွမ်းကျင်မှုရှိအောင် သင်္ကန်းကို ဝတ်ရုံတိုင်း ဝတ်ရုံတိုင်း၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရှုပွားပါလေ။
7.能够这样以智慧分别这些色法与名法以后,应当区分色、名:(1)主导色与非主导色属于色法;(2)想要穿着、披覆袈裟的心与心所属于名法。应当如此区分色与名。然后,仍以智慧观见这些色法与名法,并作如下分别确定:8.“没有人、众生、生命、自我、人类、天神或梵天;只有色与名。”能够这样摄取色名,便已在穿着、披覆袈裟时获得不痴正知智。如此观修而取得成就以后,为了在任何威仪中都能熟练,应在每一次穿着、披覆袈裟时摄取、观修色名。
ဤတွင် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ သာတ္ထကသမ္ပဇဥ် သပ္ပါယသမ္ပဇဥ် ဂေါစရသမ္ပဇဥ် အသမ္မော- ဟသမ္ပဇဥ်ဟူသော သမ္ပဇဥ် (၄)မျိုးကို ရရှိအောင် သိမ်းဆည်းရှုပွားပုံအပိုင်း ပြီးစီးလေပြီ။ ယခုအခါ သပိတ်ကို သုံးဆောင်ရာ၌ သမ္ပဇဥ် (၄)ပါးကို ရရှိအောင် သိမ်းဆည်းပုံကို ဆက်လက် ဖော်ပြအပ်ပါသည်။
至此,关于穿着、披覆袈裟时,如何摄取、观修以圆满有益正知、适宜正知、行处正知和不痴正知这四种正知的部分已经结束。现在继续说明使用钵时,如何修习以成就四种正知。
၁။ သာတ္ထကသမ္ပဇဥ် (သပိတ်)
1.有益正知(钵)
သပိတ်ကို သုံးဆောင်ရာ၌လည်း သပိတ်ကို သုံးဆောင်လိုသောအခါ အဆောတလျင် သပိတ်ကို ခပ်မြန် မြန် မကိုင်သေးမူ၍ --- ''ဤသပိတ်ကို ယူ၍ ဆွမ်းခံ လှည့်လည်သွားခဲ့သည်ရှိသော် ငါသည် ဆွမ်းကို ရရှိပေ လတ္တံ့'' ဤသို့လျှင် သပိတ်ကို ကိုင်ယူလိုက်ခြင်းကြောင့် ရအပ်သော အကျိုးတရား၏ အစွမ်းဖြင့် သာတ္ထက သမ္ပဇဥ်ကို သိရှိပါလေ။ (အကျိုးတရားကို ဆင်ခြင်၍ သပိတ်ကို သုံးဆောင်ရမည်ဟု ဆိုလိုသည်။)
使用钵时也是如此:想要使用钵之际,先不要仓促而迅速地拿起钵,应当省察:“若拿着此钵巡行托钵,我将获得钵食。”应当依拿起钵所能获得的这一利益而了知有益正知。〔意思是,应当省察利益以后才使用钵。〕
၂။ သပ္ပါယသမ္ပဇဥ် (သပိတ်)
2.适宜正知(钵)
တစ်ဖန် ပိန်ကြုံသော အင်အားနည်းပါးသော ကိုယ်ခန္ဓာရှိသော ရဟန်းအား လေးသော သပိတ်သည် သပ္ပါယ မဖြစ်။ မည်သည့် ရဟန်းအားမဆို သပိတ်ကွဲအက်သွားသဖြင့် ယင်းကွဲအက်နေသော မြေသပိတ်၏ နှုတ်ခမ်းမှ စ၍ ကြိုးဖြင့် ဖွဲ့ချည်ချုပ်လေရာ လေးချက် ငါးချက် = လေးဖွဲ့ ငါးဖွဲ့ ချုပ်ပြီး ဖွဲ့ပြီးသော ရေဆေး၍ စင်ကြယ်ခဲသော သပိတ်သည် သပ္ပါယ မဖြစ်သည်သာတည်း။ ရေဆေးသည့်အခါ စင်ကြယ်အောင် ဆေးကြော ဖို့ရန် ခက်ခဲသော ကြမ်းတမ်းသော သပိတ်သည်လည်း ရဟန်းတို့အား မအပ်ပေ။ ထိုသပိတ်ကို ရေဆေးရသော ရဟန်းတော်အဖို့ ကြောင့်ကြမှု ပလိဗောဓတစ်ခု ဖြစ်တတ်၏။ ပတ္တမြားအဆင်းနှင့် တူသော အရောင်အဆင်း ရှိသော သပိတ်သည်ကား မက်မောဖွယ် လောဘဖြစ်ထိုက်သော သပိတ်ဖြစ်၍ သင်္ကန်း၌ ဖွင့်ဆိုခဲ့သည့် နည်း အတိုင်းပင် သပ္ပါယ မဖြစ်မှုကို မှတ်သားပါ။
再者,对于身体瘦弱、力气不足的比丘,沉重的钵并不适宜。对于任何比丘,破裂以后从陶钵口沿开始用线缝缀四处、五处,即缀有四道、五道而难以洗净的钵,也都不适宜。内面粗糙、清洗时难以洗净的钵,也不许可比丘使用;洗这种钵会成为比丘的一项牵碍(palibodha)。至于颜色如红宝石般美丽的钵,容易令人贪求、引生贪欲;应当依前面解释袈裟时所说的方法,理解它为何不适宜。
ဆွေမျိုးမတော်စပ်သူ ပစ္စည်းလေးပါး မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့ကို သပိတ်လှူချင်လာ အောင် လှူလာအောင် အရိပ်နိမိတ်ပြုခြင်း စသည်တို့၏ အစွမ်းဖြင့် မအပ်သောနည်းဖြင့် ရရှိအပ်သော သပိတ် သည်လည်းကောင်း ယင်းသပိတ်ကို မှီဝဲသုံးဆောင်သော ရဟန်းတော်အား အကုသိုလ်တရားတို့ တိုးပွားကြကုန် ၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကြကုန်၏၊ ယင်းကဲ့သို့သော သပိတ်မျိုးသည်လည်းကောင်း ဧကန်အား ဖြင့် သပ္ပါယ မဖြစ်သော သပိတ်သာတည်း။ ဝိနည်းတော်နှင့် အညီ ရရှိအပ်သော သပိတ်သည်လည်းကောင်း၊ မှီဝဲသုံးဆောင်သော ရဟန်းအား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၍ ကုသိုလ်တရားတို့ တိုးပွားကြောင်း
对于既非亲属、又没有邀请供养四资具的男女施主,以暗示等方式诱使他们想要供钵、实际供钵,如此以不许可的方法取得的钵,以及使受用它的比丘增长不善法、减损善法的钵,确实都是不适宜的钵。依律取得的钵,以及能使受用它的比丘减损不善法、增长善法
原书第 415 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဖြစ်သော သပိတ်သည်လည်းကောင်း သပ္ပါယဖြစ်သော သပိတ်မည်၏။ ယင်း သပ္ပါယသပိတ် အသပ္ပါယသပိတ် နှစ်မျိုးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးနောက် အသပ္ပါယသပိတ်ကို ရှောင်လျက် သပ္ပါယသပိတ်ကိုသာ ဉာဏ် ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိမ်းဆည်းနိုင်ခြင်း သုံးစွဲနိုင်ခြင်း သုံးစွဲနိုင်ကြောင်း ဉာဏ်သည် ဤအရာ၌ သပ္ပါယ သမ္ပဇဥ် မည်၏။ (အဘိ-ဋ္ဌ-၂-၃၄၄။ မ-ဋ္ဌ-၁-၂၇ဝ။)
的钵,则称为适宜的钵。以智慧辨别适宜与不适宜这两类钵以后,避开不适宜的钵,只选择、摄取并使用适宜的钵;在这里,能够如此使用的智称为适宜正知。(《殊胜义注》2-344;《中部义注》1-270。)
၃။ ဂေါစရသမ္ပဇဥ် (သပိတ်)
3.行处正知(钵)
သပိတ်ကို ကိုင်တွယ်သုံးဆောင်ရာ၌ မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းတစ်ခုခုကို (ဥပမာ- ကမ္မဋ္ဌာန်း - ၄ဝ ထဲမှ အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော ကမ္မဋ္ဌာန်းမျိုးကို) မစွန့်လွှတ်သည်၏ အစွမ်းဖြင့်သာလျှင် ဂေါစရသမ္ပဇဥ် ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၄။ မ-ဋ္ဌ-၁-၂၇ဝ။) ဤညွှန်ကြားတော်မူချက်အရ အသင်သူတော်ကောင်းသည် သမထနယ်တွင်သာ တည်ရှိနေသေးသူ ဖြစ် ပါက မိမိ နှလုံးသွင်းနေကျ သမထကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းလျက် သပိတ်ကို ကိုင်တွယ်ပါ။ အကယ်၍ ဝိပ- ဿနာပိုင်းသို့ ရောက်နေလျှင်ကား မိမိ ရရှိပြီး သမာဓိကို အဆင့်ဆင့်ထူထောင်၍ အောက်ပါ အသမ္မောဟ သမ္ပဇဥ်ပိုင်း၌ ညွှန်ကြားထားသည့်အတိုင်း လိုက်နာပြုကျင့်ပါ။
拿取、使用钵时,不舍弃自己惯常作意的某一业处〔例如四十业处中的入出息念业处〕;应当依此而了知行处正知。(《殊胜义注》2-344;《中部义注》1-270。)依这一教示,贤友若仍只处于止业处的阶段,就一面作意自己惯常作意的止业处,一面拿取钵;若已经进入观的阶段,则应逐步建立自己已经获得的定力,依照下面不痴正知部分的指示而修行。
၄။ အသမ္မောဟသမ္ပဇဥ် (သပိတ်)
4.不痴正知(钵)
ခန္ဓာကိုယ်၏ အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော သပိတ်ကို ကိုင်သောသူ မည်သည် မရှိသည်သာတည်း။ သပိတ်ကို ကိုင်လိုသောစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုစိတ်သည် ဝါယောဓာတ်၏ သဘာဝ- သတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်ကလာပ်တို့ကား တစ်ကိုယ်လုံးသို့ ထိုထို နေရာသို့ ပျံ့နှံ့သွားကြ၏။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် တစ်နည်း ဝါယော- ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်ကြီး (၄)ပါးသည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ် လာ၏။ ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။ ယင်းဝါယော- ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်း ကြောင့်သာလျှင် သပိတ်ကို ကိုင်တွယ်ခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (ရှုကွက်ကို နောက်တွင် ဖော်ပြပါမည်။) ထိုသပိတ်နှင့် လက် နှစ်မျိုးတို့တွင် သပိတ်သည်လည်း စိတ် စေတနာ မရှိ၊ လက်တို့သည်လည်း စိတ်
身体之内,并没有一个称为“自我”、能够拿钵的人。想拿钵的心生起;该心使风界自性力偏胜的诸色聚生起。这些色聚遍及全身各处。这些色聚中所含的风界,换言之,风界自性力偏胜的四大种,使表色生起;这些就是身表九法聚,以及身表、轻快性等十二法聚。正因为这些风界自性力偏胜的诸色聚遍及全身,拿取钵的动作才会生起。〔观法将在后文说明。〕在钵与手这两者中,钵没有心与意图,手也没有心
စေတနာ မရှိကြကုန်။ ''ငါ့ကို လက်တို့က ကိုင်ယူထားအပ်၏''ဟု သပိတ်ကလည်း မသိ။ လက်တို့ကလည်း ''ငါတို့သည် သပိတ်ကို ကိုင်ယူထားအပ်၏''ဟု မသိကြကုန်။ ဓာတ်တို့ကသာလျှင် ဓာတ်အပေါင်းအစုကို ကိုင်ယူ ထားကြကုန်၏။ ညှပ်ဖြင့် မီးအဆင်းနှင့် တူသော = မီးရဲရဲ တောက်နေသော သပိတ်ကို ကိုင်ယူခြင်း၌ကဲ့သို့ မှတ် ပါ။ ဤသို့ ဖြစ်ခြင်းကို ဆင်ခြင်သည်၏ အစွမ်းဖြင့် ဤသပိတ်ကို ကိုင်ဆောင်ရာ၌ အသမ္မောဟသမ္ပဇဥ်ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၅။ မ-ဋ္ဌ-၂၇ဝ-၂၇၁။)
与意图。钵不知道“手拿住了我”,手也不知道“我们拿住了钵”;唯有诸界拿持着界的聚集。应当理解为如同用钳子夹持颜色如火、也就是烧得通红的钵。拿持此钵时,能如此省察,便应知为不痴正知。(《殊胜义注》2-345;《中部义注》1-270—271。)
ရုပ်နာမ် သိမ်းဆည်းပုံ အမြွက်
摄取色名略法
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ သိမ်းဆည်းပြီး ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
2.再次摄取已经摄取过的色法与名法。
၃။ သပိတ်ကို ခပ်ဖြည်းဖြည်း ကိုင်တွယ်ကြည့်ပါ။
3.试着慢慢拿起钵。
၄။ သပိတ်ကို ကိုင်လိုသော စိတ်စေတသိက်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။
4.以智慧分别、摄取想拿钵的心与心所。
原书第 416 页
(ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍ သပိတ်ကို ကိုင်တွယ်လိုသော မနောဒွါရိကဇောဝီထိစိတ် အစဥ်တို့ကို သိမ်းဆည်းပါ။ ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ယောနိသောမနသိကာရ အယောနိသော- မနသိကာရအပေါ် အခြေစိုက်၍ ထိုက်သလို စောကြမည်။ ယင်းနာမ်တရားတို့ကို နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။) ၅။ သပိတ်ကို ကိုင်တွယ်လို ကိုင်ယူလိုသောစိတ် = ကိုင်ယူနေသော မနောဒွါရိကဇောဝီထိစိတ်ကြောင့် ဝါ- ယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ် လုံးသို့ အထူးသဖြင့် ကိုင်ယူလိုက်သော လက်သို့တိုင်အောင် ပျံ့နှံ့သွားသော ရုပ်ကလာပ်အပေါင်းကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။
〔摄取有分意净界,并摄取想拿钵的意门速行心路心相续。善速行与不善速行会依如理作意或不如理作意而相应地运行。应以智慧逐一破除各个名密集,摄取这些名法,直至智见抵达究竟法。〕5.由于想要拿取、持用钵的心——即正在拿取钵的意门速行心路——风界自性力偏胜的诸色聚,也就是诸色法,遍及全身,尤其遍及拿钵的手。应当以智慧观见这些色聚。它们就是身表九法聚,以及身表、轻快性等十二法聚。
(ကိုင်တွယ်ရာ၌ လက်တွင် ပေါ့ပေါ့ပါးပါး ရှိနေပါက လဟုတာ မုဒုတာ ကမ္မညတာတို့ ပါဝင်၏၊ ပေါ့ပေါ့ပါးပါး မရှိပါက မပါဝင်ကြပေ။) ယင်းရုပ်တရားတို့ကား ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ သပိတ်ကို သယ်ဆောင် တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။
〔拿钵时,手若轻快灵活,其中就有色轻快性、色柔软性与色适应性;若不轻快灵活,便没有这三者。〕这些色法是主导色,是处于能运载钵这一行相的色法。
၆။ လက်၌ရှိသော (၄၄)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ 〔〔〔ကာယဌာန = ကာယဒွါရ၌ တည် ရှိသော (၄၄)မျိုးသော ရုပ်တို့ပင်တည်း။〕 စတုသမုဋ္ဌာနိက ရုပ်တရားတို့တည်း။ အပ္ပဓာန = မပြဓာန်းသော ရုပ် တို့တည်း။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့တည်း။
6.以智慧分别手中存在的四十四种色法。〔kāyaṭṭhāna,即存在于身门的四十四种色。〕它们是四因所生色法,是非主导色,是处于所运载这一行相的色法。
၇။ သပိတ်ကို ဓာတ်ကြီး (၄)ပါး စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဤအဆင့်တွင် လွယ်ကူစွာ တွေ့နေမည် ဖြစ်ပါသည်။ ကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် နောက်ကလာပ်တစ်ခု အသစ်အသစ် ဆင့်ကဲဆင့်ကဲ ပွားစီးနေသော တေဇောဓာတ် = ဥတု၏ အစီးအပွားတည်း။ ယင်းရုပ်တို့လည်း ဤအပိုင်းတွင် အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ် တရားတို့တည်း။
7.把注意力置于钵中的四大种而观。在这一阶段,会很容易见到色聚微粒。由于一个色聚中所含的火界,后一个又一个新的色聚逐代相续产生;这就是火界、亦即时节的增生。在这一部分,这些色法也是非主导色,是处于所运载这一行相的色法。
၈။ ရုပ်နာမ်ကို သိမ်းဆည်းပါ။
8.摄取色名。
၁။ ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်အားလုံးကား -- ရုပ်တရား၊ ၂။ သပိတ်ကို ကိုင်ယူလိုသော မနောဒွါရိကဇောဝီထိ စိတ်+စေတသိက် တရားစုတို့ကား -- နာမ်တရား ဤသို့ ရုပ်နာမ်ကို သိမ်းဆည်းပါ။
(1)一切主导色与非主导色属于色法;(2)想拿钵的意门速行心路之心与心所法组属于名法。应当如此摄取色名。
၉။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ --- ယင်းရုပ်နာမ်တို့ကိုပင် အာရုံယူ၍ --- ''ပုဂ္ဂိုလ် - သတ္တဝါ - ဇီဝ - အတ္တ - လူ - နတ် - ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။'' ဤသို့ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ယင်းသို့ ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင် ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ဤအဆင့်တွင် အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို အသင်သူတော်ကောင်းသည် စတင် ရရှိပြီ ဖြစ်ပေသည်။ လုပ်ငန်းခွင် ကျွမ်းကျင်လာသော အခါ၌ကား ရှေ့သို့တက်ရာ၊ နောက်သို့ဆုတ်ရာ၊ တည့်တည့်ကြည့်ရာ၊ စောင်းငဲ့ကြည့်ရာ၊ ကွေးရာ ဆန့်ရာ၊ ဒုကုဋ် သပိတ် သင်္ကန်းတို့ကို ကိုင်ဆောင်ရာတို့၌ ရုပ်နာမ် = ခန္ဓာ (၅)ပါးတို့ကို အချိန်မရွေး ရှု၍ ရရှိနေမည်သာ ဖြစ်သည်။
9.分别确定色名:仍以这些色法与名法为所缘,作如下分别确定:“没有人、众生、生命、自我、人类、天神或梵天;只有色与名。”若能如此摄取色名直至究竟法,并以智慧加以分别,贤友便在这一阶段开始获得不痴正知智。到实修熟练时,无论前进、后退、直视、旁观、屈曲、伸展,或持用僧伽梨、钵与袈裟,都能随时观见色名,也就是五蕴。
原书第 417 页
ဥတ္တမသမ္ပဇာနကာရီ
殊胜正知行者
နောက်ထပ် နည်းတစ်နည်းကို ဆိုပေဦးအံ့ --- လက်ခြေ ပြတ်နေကြကုန်သော၊ အိုင်းအမာနာ အဝတို့မှ တစီစီ ယိုကျသော ပြည်သွေး၊ တဖွားဖွား ထွက်နေသော ပိုးလောက်တို့ ရှိကုန်သော၊ ယင်မမဲရိုင်းတို့ဖြင့် တသဲသဲ တအုန်းအုန်း ပြွတ်သိပ်နေကုန်သော၊ ခိုကိုးရာမဲ့ ဇရပ်၌ နေထိုင်ကြကုန်သော ခိုကိုးရာမဲ့ လူတို့ကို မြင်တွေ့ကြရ သော် ကြင်နာဆပွား ကရုဏာနှင့် ယှဥ်သော စိတ်ထား ရှိကြကုန်သော သူတော်ကောင်းတို့သည် -- ထိုခိုကိုးရာမဲ့ သူတို့အား အနာကို ပတ်တီးစည်းဖို့ရန် ပိတ်စ ပုဆိုးစ (ပတ်တီးစ)တို့ကိုလည်းကောင်း၊ အိုးကင်းကွဲ စသည်တို့ဖြင့် ထည့်၍ ဆေးတို့ကိုလည်းကောင်း ယူဆောင်ခဲ့ကြကုန်၍ ထိုခိုကိုးရာမဲ့တို့၏ အနီး၌ လာရောက် ချထားပေးကြ ကုန်၏။
再说另一种方法:有些无依者手足残缺,疮疡创口不断淌出脓血,蛆虫一团团涌出,黑蝇密密麻麻地嗡嗡聚集;他们住在无依者歇宿的路亭里。具有悲悯、其心与悲相应的善士看到这些无依之人,便把包扎伤口所用的布片、旧裙布〔绷带布〕,以及装在破锅片等器物里的药带来,放在他们近旁。
ထိုပစ္စည်းတို့တွင် အချို့သူတို့က အနာကို ပတ်တီးစည်းဖို့ရန် ပိတ်စ ပုဆိုးစ ချောချော ကောင်းကောင်းကို ရကြ၏၊ အချို့က ခပ်ထူထူ ခပ်ကြမ်းကြမ်းကို ရကြ၏။ ဆေးထည့်ထားသည့် ခွက်တို့သည်လည်း အချို့သူတို့ကား ဆေးခွက် လှလှ ကောင်းကောင်း ရရှိသွားကြ၏၊ အချို့သူတို့က မလှမပ ပုံသဏ္ဌာန် အချိုးမကျသည့် ဆေးခွက် တို့ကို ရရှိကြ၏။
这些用品中,有的人得到光滑、良好的布片或旧裙布来包扎伤口,有的人得到的则较厚、较粗糙。盛药的杯器也是如此:有的人得到美观、完好的药杯,有的人得到的却不美观、形状不匀称。
ပတ်တီးစည်းဖို့ရန် ပိတ်စ ကောင်းမှု မကောင်းမှု၊ ဆေးထည့်သည့်ခွက် ကောင်းမှု မကောင်းမှုနှင့် စပ်၍ ထိုခိုကိုးရာမဲ့တို့၏ သန္တာန်ဝယ် ဝမ်းမြောက်မှုလည်း မဖြစ်ကုန်၊ ဝမ်းနည်းမှုလည်း မဖြစ်ကုန်။ မှန်ပေသည် --- အနာကို ဖုံးလွှမ်း၍ ရရုံမျှသာ ဖြစ်သော ပုဆိုး ပိတ်စဖြင့်၊ ဆေးထည့်လို့ ရရုံမျှသာ ဖြစ်သော ခွက်ဖြင့်သာ ထို ခိုကိုးရာမဲ့တို့က အလိုရှိကြ၏။
对于绷带布的好坏、盛药杯器的好坏,这些无依者心中既不欢喜,也不忧伤。确实,他们所需要的,只是足以把伤口遮住的旧裙布或布片,以及足以盛药的杯器而已。
ဤဥပမာ အတူပင်လျှင် ယောဂါဝစရ ရဟန်းတော်သည် အနာကို ပတ်တီးစည်းဖို့ရန် ပုဆိုး ပိတ်စကဲ့သို့ (= အမာလွှမ်း ပုဆိုးကဲ့သို့) သင်္ကန်းကို မှတ်သား၏။ ခိုကိုးရာမဲ့တို့အား ဆေးထည့်ပေးသည့် ခွက်ကဲ့သို့ သပိတ်ကို မှတ်သား၏။ ဆေးခွက်၌ ထည့်ထားသော ဆေးကဲ့သို့ သပိတ်၌ ရရှိလာသောဆွမ်းကို မှတ်သား၏။ -- ဤကဲ့ သို့သော ရဟန်းတော်မျိုးကို ဒုကုဋ်-သပိတ်-သင်္ကန်းကို ဆောင်ရာ၌ မတွေမဝေ သိသော အသမ္မောဟသမ္ပဇဥ် ဉာဏ်ဖြင့် ဥတ္တမသမ္ပဇာနကာရီ = မွန်မြတ်သော ပညာအဆင်အခြင် = သမ္ပဇဥ်ဉာဏ်ကို ပြုတတ်သူ --- ဟူ၍ သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၅။ မ-ဋ္ဌ-၁-၂၇၁။) အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ = စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
正如这个譬喻,瑜伽行比丘把衣看作包扎伤口的旧裙布或布片〔如覆盖疮口之衣〕,把钵看作给无依者盛药的杯器,把钵中所得的食物看作药杯里所装的药。应当知道:这样的比丘在携带僧伽梨、钵与衣时,以不痴正知智,成为“殊胜正知行者”——也就是能运用殊胜智慧审察、实行正知智的人。(《殊胜义注》2-345;《“食、饮、嚼、尝时正知而行。”