如何观见名法的生起、住立与坏灭

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 27–31 页 · 29 个翻译单元

本页并入了原书的相邻小节:要义、处门与心定律、依处与门。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 27 页
ယင်းသို့ဖြစ်လျှင် - အဓွန့် အဒ္ဓါ၏ အစွမ်းဖြင့် ---- ၁။ အတိတ်အဓွန့်ကာလတရား၊
如此,则依一期时段来说:1.过去时段之法;
原书第 28 页
၂။ အနာဂတ်အဓွန့်ကာလတရား၊ ၃။ ပစ္စုပ္ပန်အဓွန့်ကာလတရား၊ ခဏ၏ အစွမ်းဖြင့် ---- ၁။ ရှုနေသော ဝိပဿနာစိတ်၏ ရှေးအဖို့၌ဖြစ်သော တရားစု၊ ၂။ ရှုနေသော ဝိပဿနာစိတ်၏ နောက်အဖို့၌ဖြစ်သော တရားစု၊ ဤ တရားစုတို့၏ ဥပါဒ်-ဌီ-ဘင်ကို မြင်အောင် ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်အောင် မည်သို့ ရှုရ မည်နည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။
2.未来时段之法;3.现在时段之法。依刹那来说:1.在能观的观心以前发生的一组法;2.在能观的观心以后发生的一组法。若问应如何观照,才能看见这些法的生起—住立—坏灭,使智见抵达刹那现在,答案如下。
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ-ဋ္ဌ-၄-၆ဝ။) ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ ၊ တေသံ ဝတ္ထာ- ရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ-ဋီ-၃-၂၇၈။) အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်းစျာနဓမ္မအမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြ- ကုန်၏။ ထိုစျာနဓမ္မနာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်နှင့် ယင်းကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြား၍ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် အရှင်သာရိပုတြာ ကိုယ်တော်- မြတ်ကြီးသည် စျာနဓမ္မတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်၏။ မှန်ပေသည် အရှင်သာရိပုတြာ ကိုယ်တော်- မြတ်ကြီးသည် ---- ၁။ ယင်း စျာနဓမ္မနာမ်တရားစုတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၊ သို့မဟုတ် ဟဒယဝတ္ထုကို လည်းကောင်း၊ ၂။ ကသိုဏ်းပညတ်စသော သမထနိမိတ်ကို အာရုံပြုကြကုန်သော ယင်း စျာနဓမ္မနာမ်တရားစုတို့၏ ယင်း
“因为已经把握依处与所缘。”(《中部义注》4-60。)“所谓‘因为已经把握依处与所缘’,是因为对于诸禅法在何种所缘上生起,以及这些禅法的依处与所缘,早已预先用智分别并把握。”(《中部复注》3-278。)诸禅法名法缘取遍处概念等所缘而生。舍利弗尊者之所以能够观照诸禅法,是因为他早已预先用智分别、把握了这些禅名法所依之色,以及遍处概念等所缘。确实,舍利弗尊者已经预先用智分别、把握:1.这些禅名法所依的有分意净界,即意门,或心所依处;2.这些禅名法所缘取的止相,即遍处概念等——
သမထနိမိတ်အာရုံကိုလည်းကောင်း၊ ဤနှစ်မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။
——所缘。他已经预先用智分别并把握了这两类法。
ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ယင်း စျာနဓမ္မနာမ်တရားတို့၏ ---- ၁။ ဖြစ်မှု = ဥပါဒ်ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု = ဥပါဒ်သည် ထင်ရှားနေ၏။
因此,对于这些已经过去、已经止息的禅名法:1.舍利弗尊者思惟其“发生”,即生起时,生起在他的智中清楚显现。
၂။ တည်မှု = ဌီကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု = ဌီကာလသည် ထင်ရှားနေ၏။
2.他思惟其“住立”,即住立阶段时,住立阶段在他的智中清楚显现。
၃။ ပျက်မှု = ဘင်ကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု = ဘင်ကာလသည် ထင်ရှားနေ၏။
3.他思惟其“坏灭”,即坏灭阶段时,坏灭阶段在他的智中清楚显现。
ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာ မထေရ်မြတ်- ကြီး၏ အသိဉာဏ်၌ ---- ၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ၂။ ထင်ထင်ရှားရှား တည်ကုန်၏၊ ၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏ - ဟု ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အဖြေတည်း။
因此,佛陀才如此宣说:这些已经过去、已经止息的禅法,在舍利弗尊者的智中,1.清楚地生起;2.清楚地住立;3.清楚地止息。这就是答案。
原书第 29 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက် ဥပဒေသနှင့် အညီ အသင် သူတော်ကောင်းသည်လည်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက - မိမိ သိမ်းဆည်းရှုပွားလိုသော နာမ် တရား၏ ---- ၁။ မှီရာဝတ္ထုရုပ်ကိုလည်းကောင်း သို့မဟုတ် ဆိုင်ရာဒွါရကိုလည်းကောင်း၊ ၂။ အာရုံကိုလည်းကောင်း ---- ဤနှစ်မျိုးသော တရားတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါလေ။
依照上述巴利圣典、义注与复注中的指导,如果禅修贤友想把握、观修名法,就应把自己准备观修的名法之:1.所依之色,或者相应的门;2.所缘——这两类法配合起来把握,再去把握那些名法。
ရုပ်လောက၌ ---- အရှုခံ ရုပ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့ကား စိတ္တက္ခဏ တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နိုင်ကြသဖြင့် ရုပ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ကိုကား ---- ၁။ ဖြစ်ပြီး ခဏ၌လည်းကောင်း ၂။ ဖြစ်ဆဲ ခဏ၌လည်းကောင်း ၃။ ဖြစ်လတ္တံ့ ခဏ၌လည်းကောင်း ရှု၍ ရနိုင်သည်သာ ဖြစ်သည်။
在色法世界中,所观色法与能观名法可以在同一心刹那中并存,因此,色法的生起—住立—坏灭可以在:1.已经发生的刹那;2.正在发生的刹那;3.将要发生的刹那——这三种情形中观见。
နာမ်လောက၌ ---- အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ သော်လည်းကောင်း၊ ဝီထိစဥ်တစ်ခု အတွင်း၌သော်လည်းကောင်း အတူယှဥ်တွဲ၍ ပြိုင်တူဖြစ်နိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ခဏပစ္စုပ္ပန်ဘက်ကနေ၍ ပြောဆိုခဲ့သော် ဖြစ်ပြီး နာမ်တရားနှင့် ဖြစ်လတ္တံ့ နာမ်တရားတို့ကိုသာ ရှု၍ ရနိုင်သည်ဟု မုချပုံသေ မှတ်သား နာယူလေရာသည်။
在名法世界中,所观名法与能观名法既不能在同一心刹那中同时生起,也不能在同一心路中同时生起。因此,从刹那现在这一面来说,应明确而确定地记住:只能观见已经发生的名法和将要发生的名法。
တစ်ဖန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် စသည့် ထိုထို ဒေသနာတော်တို့၌ ---- သရာဂံ ဝါ စိတ္တံ ''သရာဂံ စိတ္တ''န္တိ ပဇာနာတိ။ (မ-၁-၇၆။) ဤသို့ စသည်ဖြင့် ရာဂနှင့် ယှဥ်တွဲနေသော သရာဂစိတ် (= လောဘမူစိတ်)တို့ကိုလည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုတွင် ---- ၁။ အရှုခံ နာမ်တရားကား သရာဂစိတ် (= လောဘမူစိတ်) ဖြစ်၏။
再者,佛陀在《大念处经》“有贪心,他了知为‘有贪心’。”(《中部》1-76。)也就是说,佛陀教导观照与贪相应的有贪心(即贪根心)。其中:1.作为所观的名法,是有贪心(即贪根心)。
၂။ ရှုတတ်သော ဝိပဿနာဉာဏ်ကား ပုထုဇန်သေက္ခ ပုဂ္ဂိုလ်တို့အတွက် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဥ် ဖြစ်၏။
2.对凡夫与有学者来说,能观的观智是大善意门观速行心路的心相续。
အရှုခံ လောဘမူစိတ်နှင့် ရှုတတ်သော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိဟူသော ဝိပဿနာဉာဏ်တို့ ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌သော်လည်းကောင်း၊ ဝီထိစိတ်အစဥ် တစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဥ်တွဲ၍ ဖြစ်နိုင်သည့် တရားများ မဟုတ်ကြပေ။ အရှုခံ နာမ်တရား (လောဘမူစိတ်) ဖြစ်ချိန်ဝယ် = ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေချိန်ဝယ် ရှုတတ်သည့် ဝိပဿနာဉာဏ်ကား ဥပါဒ်-ဌီ-ဘင် အနေ အားဖြင့် ထင်ရှား မဖြစ်သေးပေ။ တစ်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်ဝယ် အရှုခံ နာမ်တရား (လောဘမူစိတ်)ကား ချုပ်ပျက်သွားပြီ ဖြစ်၏၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့ပြီ ဖြစ်၏။ ယင်းလောဘမူ နာမ်တရား စသည့် နာမ်တရားစုတို့ကိုလည်း ဥပါဒ်-ဌီ-ဘင် မြင်အောင် ခဏပစ္စုပ္ပန်ဆိုက်အောင် ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလျက်ပင် ရှိ၏။
作为所观的贪根心,与作为能观观智的大善意门观速行心路,既不能在同一心刹那中同时生起,也不能在同一心路相续中同时生起。当所观名法(贪根心)正在生起,也就是以生起—住立—坏灭而清楚存在时,能观的观智还没有以生起—住立—坏灭而显现。反过来,当能观的观智以生起—住立—坏灭清楚显现时,所观名法(贪根心)已经止息坏灭,不再以生起—住立—坏灭而存在。即使如此,佛陀仍教导:应当观照贪根心等名法,直至看见其生起—住立—坏灭,使智见抵达刹那现在。
သို့အတွက် နာမ်လောက၌ ''ပစ္စုပ္ပန် ပေါ်ဆဲ ပေါ်ဆဲ ခဏ ဖြစ်ဆဲ ဖြစ်ဆဲ ခဏ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုရမည်။ အတိတ် အနာဂတ်ကို မရှုရ။ အတိတ်ကား ဖြစ်ပြီးပြီ မရှိတော့ပြီ ဖြစ်၏၊ မရှိတော့သည့် တရားကို မည်သို့ ရှု၍ ရနိုင်အံ့နည်း၊ အနာဂတ်ကား မဖြစ်ပေါ်လာသေး၊ ဖြစ်မှ မဖြစ်သေးသည့် တရားကို မည်သို့ ရှု၍
所以,在名法世界中,有人宣称:“只能直观现在正在生起、正在发生的这一刹那;不可观过去、未来。过去已经发生、已经不存在了,怎能观见不存在的法?未来尚未发生,尚未发生的法又怎能观见?”——
原书第 30 页
ရနိုင်အံ့နည်း''ဟု မိန့်ဆိုကြသော အဆိုအမိန့်များမှာ ယခုအခါတွင် အလေးအနက်ထား၍ စဥ်းစားရတော့မည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။
——现在已经到了必须认真思考这些说法的时候。
ဆိုလိုရင်း အချုပ်
要义
ဆိုလိုရင်း အချုပ်မှာ ဤသို့ ဖြစ်၏။ နာမ်လောက၌ ပစ္စုပ္ပန်ဖြစ်ဆဲခဏ ပေါ်ဆဲခဏ၌ ပစ္စုပ္ပန်တည့်တည့် ကိုကား ရှု၍မရနိုင်။ ချုပ်ပြီးအတိတ်တရား ချုပ်လတ္တံ့အနာဂတ်တရားတို့ကိုကား ပစ္စုပ္ပန်တည့်အောင် (= ဥပါဒ်- ဌီ-ဘင်ကို မြင်အောင်) ရှု၍ ရနိုင်သည် ဟူ၏။ ဤ၌ အတိတ် အနာဂတ်ဟူသည် (ထိုစိတ်ကို ထိုစိတ်ဖြင့် တစ်ဖန်ပြန်၍ မရှုသည့်အတွက်) ခဏပစ္စုပ္ပန်နည်းအရ ပြောဆိုခြင်း ဖြစ်ပါသည်။ (ဝိသုဒ္ဓိ-၂-၁ဝ၃ - ကြည့်။) သို့အတွက် အတိတ်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ၊ အနာဂတ်ဘဝ၌ အကျုံးဝင်သော တရား ကိုပင်ဖြစ်စေ၊ ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ မည်သည့်တရားကို မဆို ယင်းတရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟု ခေါ်ဆိုအပ်သော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင်ကား ရှု၍ ရနိုင်သည်သာ ဖြစ်သည်။ နာမ်လောကဝယ် ဖြစ်ဆဲ ဖြစ်ဆဲ ခဏဟူသော ပစ္စုပ္ပန်တည့်တည့်ကိုကား မည်သည့်နည်းနှင့်မျှ ရှု၍
要义如下:在名法世界中,正在生起、正在发生的现在刹那本身不能被观见;已经止息的过去法和尚待生灭的未来法,却能够被观至“正现在”,也就是见到它们的生起—住立—坏灭。这里所谓过去、未来,是依刹那现在的方式而说,因为一个心不能再以自身观自身。(参见《清净道论》2-103。)所以,无论某法属于过去世、未来世还是现在世,都能够观至其生起—住立—坏灭这一刹那现在,使之成为“正现在”。但在名法世界中,所谓正在发生这一刹那的“正现在”,无论如何都不能——
မရနိုင်ဟု မုချ ပုံသေ မှတ်သားပါလေ။ အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း ဝီထိစဥ်တစ်ခု အတွင်း၌ ပြိုင်တူ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်။
——被观见。对此应明确而确定地记住,因为所观名法与能观名法不能在同一心刹那或同一心路中同时生起。
အာယတနဒွါရ
处门(āyatana-dvāra)
ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဟူသော ဒွါရ (၃)ပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ- ၂-၄၁ဝ။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအာယတနဒွါရအလိုက် ဝီထိစိတ် အစဥ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရပေမည်။ အကြောင်းမူ ဝီထိစိတ် အမည်ရသော နာမ်တရားတို့သည် ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်သည်။
身门、语门、意门这三门称为业门;眼门、耳门、鼻门、舌门、身门、意门这六门称为处门。(《大复注》2-410。)想把握名法的禅修者,应依处门,循称为心路的心定律轨道,以智打破、拆解名密集这一名法的密实整体,使智见抵达究竟法。因为称为路心的名法,只会依称为心路的心定律轨道而生。
စိတ္တနိယာမဟူသည် စိတ်တို့၏ ကိန်းသေမြဲသော ဖြစ်ရိုးဓမ္မတာ လမ်းကြောင်းပင် ဖြစ်သည်။ ယင်းစိတ္တနိယာမ လမ်းကြောင်းမှ ပြောင်းလဲ၍ နာမ်တရားတို့သည် ဖြစ်ရိုးဓမ္မတာ မရှိခြင်းကြောင့် နာမ်တရားတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ သိမ်းဆည်းရပေသည်။
所谓心定律,就是诸心固定不变的生起法则与轨道。名法绝不会偏离这条心定律轨道而生;所以,想把握、观修名法直至刹那现在的禅修者,必须严格依循这条轨道来把握。
ဝတ္ထု နှင့် ဒွါရ
依处与门
၁။ စက္ခုပသာဒ = စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် စက္ခုဒွါရလည်း မည်၏။
1.眼净色是与眼识俱生的八名法所依而生之色,因此也称眼依处;又因为它如同这些名法出入的门口,所以也称眼门。
၂။ သောတပသာဒ = သောတအကြည်ဓာတ်သည် သောတဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် သောတဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် သောတဒွါရလည်း မည်၏။
2.耳净色是与耳识俱生的八名法所依而生之色,因此也称耳依处;又因为它如同这些名法出入的门口,所以也称耳门。
၃။ ဃာနပသာဒ = ဃာနအကြည်ဓာတ်သည် ဃာနဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍
3.鼻净色是与鼻识俱生的八名法所依而生之色,因此也称鼻依处;又因为它如同这些名法出入的门口,——
原书第 31 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဃာနဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဃာနဒွါရလည်း မည်၏။
——所以也称鼻门。
၄။ ဇိဝှါပသာဒ = ဇိဝှါအကြည်ဓာတ်သည် ဇိဝှါဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဇိဝှါဝတ္ထုလည်း မည်၏၊ ယင်း နာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဇိဝှါဒွါရလည်း မည်၏။
4.舌净色是与舌识俱生的八名法所依而生之色,因此也称舌依处;又因为它如同这些名法出入的门口,所以也称舌门。
၅။ ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ကာယဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရလည်း မည်၏။
5.身净色是与身识俱生的八名法所依而生之色,因此也称身依处;又因为它如同这些名法出入的门口,所以也称身门。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。