另一种摄取界与处的方法

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 292–295 页 · 24 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 292 页
တစ်နည်း ဓာတ် - အာယတနတို့ကို သိမ်းဆည်းပုံ
另一种摄取界与处的方法
တထာ စက္ခု စက္ခာယတနံ၊ ရူပံ ရူပါယတနံ၊ ဒဿနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တဓမ္မာ ဓမ္မာယတနံ။ ဧဝမေတေသံ စတုန္နံ အာယတနာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ တထာ စက္ခု စက္ခုဓာတု၊ ရူပံ ရူပဓာတု၊ ဒဿနံ စက္ခုဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒနာဒယော ဓမ္မဓာတု။ ဧဝမေတာသံ စတုန္နံ ဓာတူနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။
“同样,眼是眼处,色是色处,见是意处,受等相应法是法处。这四处和合时,向前直视与向旁顾视便显现出来。这里,是哪一个人在向前直视?哪一个人在向旁顾视?同样,眼是眼界,色是色界,见是眼识界,与它相应的受等是法界。这四界和合时,向前直视与向旁顾视便显现出来。这里,是哪一个人在向前直视?哪一个人在向旁顾视?”
(မ-ဋ္ဌ-၁-၂၆၈။)
(《中部义注》1-268。)
= တည့်တည့် ကြည့်ရာ စောင်းငဲ့ ကြည့်ရာ၌ --- ၁။ စက္ခုအကြည်ဓာတ်ကား စက္ခာယတန - ၂။ ရူပါရုံကား ရူပါယတန - ၃။ မြင်တတ်သော စက္ခုဝိညာဏ်ကား မနာယတန - ၄။ ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ ဟူသော ယှဥ်ဖက် စေတသိက် သမ္ပယုတ် တရားစုတို့ကား ဓမ္မာယတန - ဤသို့လျှင် ဤအာယတန (၄)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားဖြစ်လတ်သော် တည့်တည့်ကြည့် ခြင်း၊ စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ် မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်သနည်း၊ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် မရှိသည်သာတည်း --- ဟူလိုသည်။) တစ်ဖန် အလားတူပင် --- ၁။ စက္ခုပသာဒကား စက္ခုဓာတ် - ၂။ ရူပါရုံကား ရူပဓာတ် - ၃။ မြင်တတ်သော စက္ခုဝိညာဏ်ကား စက္ခုဝိညာဏ်ဓာတ် -
也就是说,在向前直视、向旁顾视时:1.眼净色是眼处;2.色所缘是色处;3.能见的眼识是意处;4.触、受、想、思、一境性、命根、作意等相应心所法组是法处。当这四处和合显现时,向前直视、向旁顾视便显现出来。在这直视、顾视之中,究竟是哪一个补特伽罗、有情在直视?是哪一个补特伽罗、有情在顾视?〔意思是:根本没有一个直视或顾视的补特伽罗、有情。〕同样:1.眼净色是眼界;2.色所缘是色界;3.能见的眼识是眼识界;
၄။ ဖဿ စသော ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့ကား ဓမ္မဓာတ် -
4.触等相应心所法组是法界。
原书第 293 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဤသို့လျှင် ဤဓာတ် (၄)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားဖြစ်လတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်- ယောက်သည် စောင်းငဲ့ကြည့်သနည်း။ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်- ယောက်သည် မရှိသည်သာတည်း ဟူလိုသည်။) (မ-ဋ္ဌ-၁-၂၆၁။) ဤအဋ္ဌကထာ အဖွင့်များကား အရိပ်ပြလျှင် အကောင်ထင်အောင် အကောင်မြင်အောင် တတ်သိနား- လည်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားတော်မူသော အဖွင့်များ ဖြစ်ကြ၏။
当这四界和合显现时,向前直视、向旁顾视便显现出来。在这直视、顾视之中,究竟是哪一个补特伽罗、有情在直视?是哪一个补特伽罗、有情在顾视?〔意思是:根本没有一个直视或顾视的补特伽罗、有情。〕(《中部义注》1-268。)这些义注解释采用举一兼摄法与举例说明法;只要指出影子,便应当懂得辨见实体,由明示的一例通达其余诸例。
အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းဇယားများကို ပြန်လည်၍ အာရုံယူကြည့်ပါ၊ သတိပြုကြည့်ပါ။
贤善的瑜伽行者,请重新把名业处诸表取为所缘加以观照、留意。
ရုပ်-နာမ်ခွဲပုံကို ပြန်လည်၍ သတိပြုကြည့်ပါ။ အထက်ပါ အဋ္ဌကထာတွင် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ် အာယတန (၄)ပါး၊ ဓာတ် (၄)ပါးတို့ ရူပါရုံကို မြင်ခိုက်၌ ဖြစ်ပေါ်သွားကြောင်း ဖွင့်ဆိုထား၏။
也请重新留意如何分别辨识色法与名法。上述义注说明:在眼识心刹那看见色所缘时,四处与四界生起。
စက္ခုဝိညာဏ်သည် မိမိရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် စက္ခုဝိညာဏ် ဖြစ်ပါက ဝီထိစိတ်အစဥ်သည် စက္ခုဝိညာဏ်တွင်သော်လည်းကောင်း သမ္ပဋိစ္ဆိုင်းတွင်သော်လည်းကောင်း၊ သန္တီရဏ တွင်သော်လည်းကောင်း အကြား၌ တန့်ရပ်သွားခြင်း မည်သည် မရှိ၊ အနည်းဆုံး ဝုဋ္ဌောတိုင်အောင်ကား ဖြစ် ရ၏။ ဤသည်မှာလည်း အာရုံက အားနည်းသော ပရိတ္တာရုံဖြစ်ပါမှ ဝုဋ္ဌောတွင် စိတ်အစဥ် ရပ်၍ ဘဝင်ကျသွား ခြင်း ဖြစ်၏။ အကယ်၍ အာရုံသည် မဟန္တာရုံ ဖြစ်က ဇောတိုင်အောင်၊ အတိမဟန္တာရုံဖြစ်က တဒါရုံတိုင်အောင် ဆက်လက်၍ ဖြစ်ရိုးဓမ္မတာ ရှိ၏။
眼识若无先前的五门转向,便不可能生起。一旦眼识生起,路心相续绝不会中途停止在眼识、领受或推度;至少必定生起至确定。并且,只有所缘微弱、属于微细所缘时,心相续才会止于确定而落入有分。若所缘是大所缘,心相续通常会继续生起至速行;若是极大所缘,则继续生起至彼所缘。
သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏ၌ အာယတန (၄)ပါး၊ ဓာတ် (၄)ပါး ထင်ရှား ဖြစ်သကဲ့သို့ --- ပဉ္စ ဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ --- အသီးအသီး၌လည်း အာယတန (၄)ပါးစီ၊ ဓာတ် (၄)ပါးစီပင် အသီးအသီး ရှိပေသည်။ နမူနာ အနည်းငယ် ဆိုပေအံ့။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ --- ၁။ မှီရာ ဟဒယဝတ္ထုရုပ်ကား ဓမ္မာယတန - ၂။ ရူပါရုံကား ရူပါယတန - ၃။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား မနာယတန - ၄။ ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစုကား ဓမ္မာယတန - ၁။ မှီရာ ဟဒယဝတ္ထုရုပ်ကား ဓမ္မဓာတ် - ၂။ ရူပါရုံကား ရူပဓာတ် - ၃။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား မနောဓာတ် - ၄။ ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစုကား ဓမ္မဓာတ် - ဤသို့ အာယတန (၄)ပါး ဓာတ် (၄)ပါး အသီးအသီး ဖြစ်ပေသည်။ သို့သော် ဟဒယဝတ္ထုနှင့် စေတသိက် သမ္ပယုတ်တရားစုတို့မှာ ဓမ္မာယတန ဓမ္မဓာတ်ချည်း ဖြစ်ကြသဖြင့် မျိုးတူရာ ပေါင်းစုလိုက်သော် အာယတန
因此,正如眼识心刹那有四处与四界显现,五门转向、领受、推度、确定、速行、彼所缘的每一个心刹那,也各有四处与四界。且略举一例。在五门转向心刹那中,就处而言:1.所依的心所依处色是法处;2.色所缘是色处;3.五门转向心是意处;4.相应心所法组是法处。就界而言:1.所依的心所依处色是法界;2.色所缘是色界;3.五门转向心是意界;4.相应心所法组是法界。如此,各有四处与四界。不过,心所依处与相应心所法组都同属法处与法界,所以若把同类合并起来,便只有三
(၃)ပါး ဓာတ် (၃)ပါးပင် ဖြစ်သည်။ ကျန်ဝီထိစိတ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားစု မှန်သမျှသည် ဓမ္မာယတန ဓမ္မဓာတ်ချည်း သာတည်း။
处与三界。其余路心也应同理理解。无论相应心所数目少或多,一切相应心所法组都只是法处与法界。
ထူးခြားမှု အနည်းငယ်ကား ရှိသေး၏ --- သမ္ပဋိစ္ဆိုင်းသည် မနာယတန အမည်ရသော်လည်း ဓာတ်အနေ အားဖြင့်မူ မနောဓာတ်သာ အမည်ရ၏၊ မနောဝိညာဏဓာတ် အမည်မရပေ။ ကျန်ဝီထိစိတ်တို့ကား မနာယတန
这里还有一点差别:领受虽称为意处,但依界分类只称为意界,不称为意识界。其余所说路心则既称为意处
原书第 294 页
လည်း အမည်ရ၏၊ မနောဝိညာဏဓာတ်လည်း အမည်ရ၏ဟု မှတ်ပါ။ ဉာဏ်နုသူတို့အတွက် နာမ်တရား (၃၄)လုံး ပါဝင်သော ဇောစိတ္တက္ခဏတစ်ခုကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။
也称为意识界。应当这样记住。为帮助智慧尚未成熟者,现以一个含三十四种名法的速行心刹那作为范例。
ဇောစိတ္တက္ခဏ အသီးအသီး၌ --- ၁။ မှီရာဟဒယဝတ္ထုရုပ်ကား - ဓမ္မာယတန (= ဓမ္မဓာတ်) ၂။ ရူပါရုံကား - ရူပါယတန (= ရူပဓာတ်) ၃။ ကုသိုလ်ဇောဝိညာဏ်ကား - မနာယတန (= မနောဝိညာဏဓာတ်) ၄။ ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားစု (၃၃) ကား - ဓမ္မာယတန (= ဓမ္မဓာတ်) ဤသို့လျှင် အာယတန (၄)ပါး ဓာတ် (၄)ပါးကို သဘောပေါက်ပါလေ။ တစ်နည်းဆိုရသော် --- ဟဒယ ဝတ္ထုနှင့် စေတသိက်တရားတို့ကို ဓမ္မာယတနချင်း တူညီ၍ ပေါင်းခဲ့သော် အာယတန (၃)ပါး ဓာတ် (၃)ပါးတို့ တည်း။ ဤသို့လျှင် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါး ဓာတ် (၄)ပါးတို့ကို သိမ်းဆည်းပါ။
在每一个速行心刹那中:1.所依的心所依处色是法处(=法界);2.色所缘是色处(=色界);3.善速行识是意处(=意识界);4.与它相应的三十三种心所法组是法处(=法界)。应如此理解四处与四界。换一种算法,由于心所依处与心所法同属法处,若把二者合并,便是三处与三界。应当如此在心路中的每一个心刹那摄取四处与四界。
ဝီထိစဥ်အတိုင်း အကောင်းအုပ်စု မကောင်းအုပ်စု ကုန်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။
依心路次第,把善组与不善组全部摄取完;六条所缘线都要摄取。
နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း အတန်းလိုက် ကုန်စင်အောင် သိမ်းဆည်းပါ။ ပဋိသန္ဓေ-ဘဝင်-စုတိ တို့ကိုလည်း သိမ်းဆည်းနိုင်သော အခါ ပုံစံတူပင် သိမ်းဆည်းပါ။
应如名业处诸表所示,逐行摄取,直至每一行都穷尽。当也能摄取结生、有分、死亡时,同样依这一格式摄取。
တစ်နည်း သိမ်းဆည်းလိုသော် အထက်ဖော်ပြပါအတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါး၊ ဓာတ် (၄)ပါးတို့ကို သိမ်းဆည်းရှုပွားမှု အောင်မြင်ပါက တစ်တန်းလုံးကို တိုးလျှိုပေါက် သိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ရူပါရုံလိုင်း အကောင်းအုပ်စုဇယား ပထမအတန်း ဆိုကြစို့ --- ပဉ္စဒွါရာ- ဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် --- မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် --- ဟု အသီးအသီး ရှိကြရာ ယင်းဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ --- ၁။ မှီရာဝတ္ထုရုပ် သက်သက်ကို အာရုံယူ၍ ဓမ္မာယတန၊ စက္ခာယတန၊ ဓမ္မာယတန ဓမ္မာယတန …ဟု လည်းကောင်း ၂။ ရူပါရုံကို အာရုံယူ၍ ရူပါယတန ရူပါယတန …ဟုလည်းကောင်း ၃။ အသိစိတ် အသီးအသီးကို အာရုံယူ၍ မနာယတန မနာယတန …ဟုလည်းကောင်း ၄။ ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့ကို အာရုံယူ၍ ဓမ္မာယတန ဓမ္မာယတန …ဟုလည်းကောင်း
若想采用另一种摄取法,在已经依上述方法成功地于每一心刹那摄取、观修四处与四界以后,也可以贯穿整行加以摄取。姑以色所缘线善组表的第一行为例:依次有五门转向、眼识、领受、推度、确定、七次速行、两次彼所缘;接着是意门转向、七次速行、两次彼所缘。对于心路中的每一个心刹那:1.只取其所依处色为所缘,依次摄取为“法处、眼处、法处、法处……”;2.取色所缘为所缘,依次摄取为“色处、色处……”;3.取每一个认知心为所缘,依次摄取为“意处、意处……”;4.取各相应心所法组为所缘,依次摄取为“法处、法处……”而
သိမ်းဆည်းပါ။
摄取。
ဤသို့လျှင် တစ်တန်း တစ်တန်း၌ (၄)ခါစီ အတန်းပေါက် သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ်တို့၌ စက္ခုဝိညာဏ် နာမ်တရားစုတို့မှာ စက္ခုဝတ္ထုရုပ်ကို မှီကြ၍ ကြွင်းကျန်သော ဝီထိစိတ် အားလုံးတို့က ဓမ္မာယတန ဓမ္မဓာတ် အမည်ရသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြသည်။ သို့အတွက် မှီရာဝတ္ထုရုပ်တို့၌ ဓမ္မာယတနမှာ ကျန်ဝီထိ စိတ်တို့အတွက် ဖြစ်၍ စက္ခာယတနမှာ စက္ခုဝိညာဏ်အတွက်ဟု မှတ်ပါ။ အလားတူပင် ဓာတ် (၁၈)ပါးနည်းဖြင့် သိမ်းဆည်းပုံ အမြွက်ကိုလည်း ဆက်လက်၍ ဖော်ပြအပ်ပါသည်။ --- စက္ခုဒွါရဝီထိ မနောဒွါရဝီထိစိတ်တို့၏။ - ၁။ မှီရာဝတ္ထုရုပ် သက်သက်ကို အာရုံယူ၍ ဓမ္မဓာတ်၊ စက္ခုဓာတ်၊ ဓမ္မဓာတ် ဓမ္မဓာတ် …ဟုလည်းကောင်း ၂။ အာရုံရုပ် သက်သက်ကို အာရုံယူ၍ ရူပဓာတ် ရူပဓာတ် …ဟုလည်းကောင်း ၃။ အသိစိတ် အသီးအသီးကို အာရုံယူ၍ မနောဓာတ်၊ စက္ခုဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ် မနောဝိညာဏဓာတ် …ဟုလည်းကောင်း
如此,每一行都应贯穿全行摄取四次。就所依处色而言,眼识名法组依眼所依处色而生;其余一切路心则依称为法处、法界的心所依处色而生。因此,在所依处色中,法处是就其余路心而言,眼处则是就眼识而言;应当这样记住。下面继续略示依十八界法摄取的方式。对于眼门心路与意门心路的诸心:1.只取所依处色为所缘,依次摄取为“法界、眼界、法界、法界……”;2.只取所缘色为所缘,依次摄取为“色界、色界……”;3.取每一个认知心为所缘,依次摄取为“意界、眼识界、意界、意识界、意识界……”;
原书第 295 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ၄။ ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားစု အသီးအသီးကို အာရုံယူ၍ ဓမ္မဓာတ် ဓမ္မဓာတ် …ဟု လည်းကောင်း သိမ်းဆည်းပါ။
4.取每一个相应心所法组为所缘,依次摄取为“法界、法界……”。
ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းတို့ကား မနောဓာတ်၊ စက္ခုဝိညာဏ်ကား စက္ခုဝိညာဏဓာတ်၊ ကျန်ဝီထိ စိတ်အားလုံးတို့ကား မနောဝိညာဏဓာတ်တို့ ဖြစ်ကြ၏။ စေတသိက်တို့ကို ရှုရာ၌ ဇယားတွင် ဖော်ပြထားသည့် အတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်တွဲ ဖြစ်ကြသော စေတသိက် အသီးအသီးကို ယှဥ်တွဲဖြစ်သည့် စေတသိက်အလိုက် ခြုံငုံ၍ ဓမ္မာယတန သို့မဟုတ် ဓမ္မဓာတ်ဟု သိမ်းဆည်းရန် ဖြစ်သည်။
五门转向与领受是意界,眼识是眼识界,其余一切路心是意识界。观照心所时,应如表中所列,把每一心刹那与心俱生的每一种心所取为所缘,再依其相应心所法组总摄为法处或法界而加以摄取。
ရူပါရုံလိုင်း၌ အတန်းတိုင်း အတန်းတိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းပါ။ ကျန်သဒ္ဒါရုံလိုင်း စသည်တို့၌ နည်းမှီး၍ သိမ်းဆည်းပါလေ။ ဤနည်း၌ အာယတနနှင့် ဓာတ်တို့၌ သိမ်းဆည်းပုံ အခြင်းအရာချင်း တူညီလျက်ပင် ရှိ၏။
在色所缘线的每一行中,应把善组与不善组全部摄取无余。其余声所缘线等,也应类推摄取。在这一方法中,依处与依界摄取的具体方式相同。
အရည၊ ရုက္ခမူလ၊ သုညာဂါရဟု ဘုရားရှင် သတ်မှတ်ပေးထားတော်မူသော ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်း စသည်တို့၌ တစ်ပါးထီးတည်း ကိန်းအောင်း မွေ့လျော် နေစံပျော်လျက် နိဗ္ဗာန်သို့ စေလွှတ် ထားအပ်သော စိတ်ထားရှိလျက် ရုပ်နာမ်ဓမ္မ သင်္ခါရ အာရုံတို့၌ မမေ့ပျောက်သော သတိဟူသော အပ္ပမာဒတရား လက်ကိုင်ထားလျက် ''အရိုး ကြွင်းစေ၊ အရေ ကြွင်းစေ၊ အကြော ကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်း- ခြောက်ချင် ခန်းခြောက်ပါစေ၊ ယောကျာ်းမြတ်တို့၏ ဇွဲ လုံ့လ ဝီရိယဖြင့် ရနိုင်သည့် အရာမှန်ပါက ငါသည် နောက်သို့ ဘယ်သောအခါမျှ မဆုတ်ပေအံ့''ဟု ဤသို့ မြဲမြံသော သမ္မပ္ပဓာန် လုံ့လ ဝီရိယ ခြံရံလျက် အပြင်း- အထန် ကြိုးစား အားထုတ်သင့်သော အရာဌာနမျိုးပင် ဖြစ်ပေသည် --- သူတော်ကောင်း အပေါင်းတို့ … ယခုတစ်ဖန် ခန္ဓာ (၅)ပါးနည်းဖြင့် သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ရှေးဦးစွာ ခန္ဓာနှင့်
诸位贤善者,应当独自在世尊指定的阿兰若(林野)、树下、空闲处,以及僻静的林寺、山寺等地安居乐住;令心趣向涅槃,以对色法、名法、诸行这些所缘不失念的正念——即不放逸法——为所持,并以坚定的正勤精进围护自己,发愿说:“宁可只剩骨、皮与筋,任凭血肉完全枯竭;凡是凭大丈夫的坚毅、努力与精进所能获得的,我决不在未得之前退转。”这正是应当如此奋力、猛烈用功的领域。现在,再继续说明依五蕴之法摄取的方法。首先说明蕴与
ဥပါဒါနက္ခန္ဓာအကြောင်းကို တင်ပြအပ်ပါသည်။ ---
取蕴的内容。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。