三、分别色名,加以摄取

《趣向涅槃之道》中文全译本 · 非缩略版

色非色摄受章 · 原书第 275–278 页 · 21 个翻译单元

本页并入了原书的相邻小节:摄取色法与名法的方法、三、分别色名,加以摄取。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 275 页
ရူပါရူပပရိဂ္ဂဟ အခန်း
色非色摄受章
ရုပ်-နာမ်ကို သိမ်းဆည်းပုံ အပိုင်း
摄取色法与名法的方法
၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို (ကမ္မဇရုပ်တို့နှင့်တကွ စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်အစစ် ရုပ်အတုတို့ အဝင်အပါ ရုပ်အားလုံးတို့ကို) ခြုံငုံ၍ - ယင်းရုပ်တရားတို့၏ အအေး အပူ စသော အကြောင်းတို့ကြောင့် ရှေးရုပ်အစဥ်နှင့် နောက်ရုပ်အစဥ်တို့၏ မတူ သော ဖြစ်ခြင်းရှိမှု = ဖောက်ပြန်မှု သဘောကို အာရုံယူ၍ --- ၁။ ရုပ်တရား ရုပ်တရား - ဟု သိမ်းဆည်းပုံကို ဖော်ပြခဲ့၏။
1.在色业处篇,本书已经说明:把六门、四十二身分中的一切真实色法与非真实色法——包括业生色,以及心生、时节生、食生的真实色法、非真实色法——总括起来,取这些色法由于冷、热等因而使后后的色相续异于前前色相续生起、也就是变坏之性为所缘,观为“色法、色法”。
ယခုတစ်ဖန် ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင်လည်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ထိုနာမ်တရားတို့၏ ရူပါရုံ စသည့် မိမိတို့ အာရုံယူနေသည့် ထိုထို အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို အာရုံယူ၍ --- ၂။ နာမ်တရား နာမ်တရား - ဟု သိမ်းဆည်းပုံကိုလည်း ဖော်ပြပြီး ဖြစ်၏။
2.现在,在名业处篇,本书也已经说明:应以智拆解、破除各个称为名法密集的名法团块,直至能够以智分别、摄取诸名法;然后取这些名法朝向、倾向色所缘等各自所缘之性为所缘,观为“名法、名法”。
ထိုနောင် ဆက်လက်၍ ပြုလုပ်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ညွှန်ကြားထားတော်မူ၏။
此后还应继续进行的实修工作,《清净道论》作了如下指示。
၃။ ရုပ်-နာမ် ခွဲပါ သိမ်းဆည်းပါ
三、分别色名,加以摄取
၁။ ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ ၂။ အရူပံ ပရိဂ္ဂဏှာတိ၊ ၃။ ရူပါရူပံ ပန ပရိဂ္ဂဏှန္တော … ၄။ ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော …(အဘိ-ဋ္ဌ-၁-၂၆ဝ။) တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။
“1.有人把握四大种以后,继续把握所造色;2.把握非色法;3.而在把握色法与非色法时……;4.又有人把握色法与非色法以后,在分别名色时……”(《殊胜义注》1“此后,简略地分别名色:有趋向之特相者为名,有变坏之特相者为色。”
(ဝိသုဒ္ဓိ-၂-၂၂၂။)
(《清净道论》2-222。)
ဣတိ ဣဒဉ္စ နာမံ၊ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။
“如此,他简略地分别名色:‘这是名,这是色,这就称为名色。’”
(ဝိသုဒ္ဓိ-၂-၂၂၅။)
(《清净道论》2-225。)
ဤအထက်ပါ အဋ္ဌကထာများ၏ ညွှန်ကြားထားတော်မူချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် --- ရုပ်ကို သိမ်းဆည်းခြင်း၊ နာမ်ကိုသိမ်းဆည်းခြင်း လုပ်ငန်းရပ်များကို ပြုလုပ်ပြီးသောအခါ --- ၃။ ရုပ်+နာမ်ကို သိမ်းဆည်းခြင်း = ရုပ်-နာမ် ခွဲခြင်း ၄။ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- ဤနှစ်မျိုးသော လုပ်ငန်းရပ်တို့ကိုလည်း ဆက်လက်၍ ကြိုးပမ်းရဦးမည် ဖြစ်သည်။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရ အလိုက် သိမ်းဆည်းထားသဖြင့် ရုပ်+နာမ်ကို သိမ်းဆည်းရာ = ရုပ်+နာမ်ကို ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် လွယ်ကူမှုရှိစေရန် ရည်ရွယ်၍ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့်အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ဆိုင်ရာဒွါရ၌ ရနိုင်သမျှ ရုပ်အတုတို့ကိုပါ ရောနှောသိမ်းဆည်းလျက် ရုပ်-နာမ်ကို သိမ်းဆည်းပါ။
依上述诸义注的指示,瑜伽行者完成摄取色法、摄取名法两项工作以后,还必须继续努力完成另外两项工作:3.摄取色法与名法,也就是分别色名;4.分别判定色法与名法。由于摄取名法时采用的是处门系统,所以分别、摄取色名时,依处门进行也更为适宜。为了使其中色法一侧较易操作,应以诸表所列的所依处色为准,以真实色法为主,同时把相应门中一切能够取得的非真实色法混合摄取,如此摄取、分别色名。
原书第 276 页
ဇယားများ၌ကား ဝိပဿနာရှုကောင်းသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်အစစ်တို့ကိုသာ ပဓာန ထား၍ ဖော်ပြထားပါသည်။ (စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ မနောဒွါရ တို့၌ ၅၄- မျိုးကုန်သော ရုပ်အစစ်များ၊ ကာယဒွါရ၌ ၄၄ - မျိုးကုန်သော ရုပ်အစစ်များသာ တည်ရှိကြသည်ကို သတိပြုပါ။) ဤတွင် ရူပါရုံလိုင်း၌ ဇယားတွင် ဖော်ပြထားသည့် --- ပထမအတန်း အကောင်းအုပ်စု ကုသိုလ်ဇောများစောသည့် စက္ခု ဒွါရဝီထိ မနောဒွါရဝီထိတို့၌ ရုပ်-နာမ် သိမ်းဆည်းပုံကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။
诸表以适合作为观智所观之所缘的真实色法为主而列示。〔应注意:眼门、耳门、鼻门、舌门与意门各有五十四种真实色法;身门则只有四十四种真实色法。〕这里以色所缘线表中第一行善组——善速行生起的眼门心路及意门心路——为例,说明如何摄取色法与名法。
၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား ၂။ စက္ခုဝိညာဏ်၌ --- စက္ခုရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ၃။ သမ္ပဋိစ္ဆိုင်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား ၄။ သန္တီရဏ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၅။ ဝုဋ္ဌော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+ စေတသိက် (၁၂)လုံးက - နာမ်တရား ၆။ ဇော (ပထမဇော) ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယဇော စသည်၌လည်း ပုံစံတူ ရှုပါ။) ၇။ ပထမတဒါရုံ၌ ---
1.五门转向——心脏处的五十四种所依处色与色所缘,是色法;心与心所十一法,是名法。2.眼识——眼处的五十四种所依处色与色所缘,是色法;心与心所八法,是名法。3.领受——心脏处的五十四种所依处色与色所缘,是色法;心与心所十一法,是名法。4.推度——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。5.确定——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。6.速行〔第一速行〕——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二速行等也以同样方式观照。〕7.第一彼所缘
ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း ပုံစံတူ ရှုပါ။) ဘဝင် - ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးက - ရုပ်တရား ဘဝင်- စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား 〔〔〔ဘဝင်တိုင်း၌ နည်းတူ ရှုပါ။ ဘဝင်သည် အတိတ် မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသဖြင့် ဤအဆင့်တွင်ကား ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် မရှုနိုင်သေးပါက ဘဝင်နာမ်တရား သိမ်းဆည်းမှုကို ခေတ္တချန်လှပ်ထားပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိ
心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二彼所缘也以同样方式观照。〕有分——心脏处的五十四种所依处色,是色法;本例中的有分心与心所三十四法,是名法。〔每一有分都同样观照。由于有分取前生临死速行的三种所缘——业、业相、趣相——中的任一种为所缘,所以在现阶段,如果尚不能以正确方法观到有分的真实所缘,可以暂时略去对有分名法的摄取。到了缘起部分,
原书第 277 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမ ဝဝတ္ထာနအခန်း ရူပါရူပပရိဂ္ဂဟ အခန်း ၍ ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် ရှုနိုင် သိမ်းဆည်းနိုင်သောအခါ၌ကား ဝီထိစိတ်တို့၏ အကြား၌ တည်ရှိကြကုန်- သော ယင်းဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သော အခါ၌ --- မိမိ၏ ဘဝင်ကို မိမိ ကိုယ်တိုင် သေချာစွာ ဆန်းစစ်၍ --- သောမနဿဝေဒနာနှင့် ယှဥ်သည် သို့မဟုတ် ဥပေက္ခာ ဝေဒနာယှဥ်သည်ကိုလည်းကောင်း၊ ပီတိယှဥ်သည် မယှဥ်သည်ကိုလည်းကောင်း၊ ဉာဏ်ယှဥ်သည် မယှဥ်သည် ကိုလည်းကောင်း စိတ်+စေတသိက် = နာမ်တရား အရေအတွက် မည်မျှရှိသည်ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ် (၅၄)မျိုးဟု ဆိုခြင်းမှာ ယခုလက်ရှိ ပစ္စုပ္ပန် ဖြစ်ဆဲဘဝင်၏ မှီရာဝတ္ထုရုပ်ကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ ပဋိသန္ဓေနောင် ပထမဘဝင်၌ကား အာဟာရဇရုပ်တို့ ယုတ်လျော့ဖွယ်ရာ
能够以正确方法观到并摄取有分的真实所缘时,也应把存在于各路心之间的那些有分名法混合进来,一并摄取。能够这样摄取时,应亲自仔细审察自己的有分,以智分别并摄取:它与悦受相应还是与舍受相应,是否与喜相应,是否与智相应,以及心与心所这一组名法共有多少法。所谓五十四种所依处色,是指当前正在发生的现在有分之所依处色;结生之后的第一有分,则可能缺少食生色;
ရှိပေသည်။ ဒုတိယဘဝင် စသည်တို့၌လည်း အမိစားမျိုလိုက်သော အစာအာဟာရ၏ သူငယ်၏ ခန္ဓာအိမ်သို့ မပျံ့နှံ့မချင်း အာဟာရဇရုပ်များ ယုတ်လျော့နေမည်သာ ဖြစ်သည်။ မနောဒွါရဝီထိများ၌ ရုပ်နာမ်သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြပါသည်။〕 ၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၂။ ပထမဇော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယဇော စသည်၌လည်း ပုံစံတူရှုပါ။) ၃။ ပထမ တဒါရုံ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း နည်းတူရှုပါ။) ဤကား ဉာဏ်နုသူ အဘိဓမ္မာအခြေခံပညာ အားနည်းသူတို့အတွက် ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။ ဉာဏ် ရင့်ကျက်သူ အဘိဓမ္မာအခြေခံပညာ အားကောင်းသူတို့အတွက်ကား ဤမျှ ရှင်းပြဖွယ်ရာလိုမည် မဟုတ်ပေ။
第二有分等也一样:在母亲吞下的食物营养尚未扩散至胎儿身体以前,食生色都会有所缺少。下面继续说明如何在意门心路中摄取色法与名法。〕1.意门转向——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。2.第一速行——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二速行等也以同样方式观照。〕3.第一彼所缘——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二彼所缘也同样观照。〕这里只是为智慧尚嫩、阿毗达磨基础薄弱者而作的说明;对于智慧成熟、阿毗达磨基础扎实者,则不必作这么多解释。
ရူပါရုံလိုင်း အကောင်းအုပ်စုဝယ် ကြွင်းကျန်ကုန်သော အတန်းတိုင်းရှိ ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း ရူပါရုံလိုင်း မကောင်းအုပ်စုတို့၌လည်းကောင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံ လိုင်းတို့၌လည်းကောင်း နည်းမှီး၍ ရုပ်နာမ်ကို သိမ်းဆည်းပါလေ။ ထူးရာကိုသာ ကွက်၍ ဆိုပေအံ့ --- သောတဝိညာဏ်၌ --- သောတရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် သဒ္ဒါရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ဃာနဝိညာဏ်၌ --- ဃာနရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် ဂန္ဓာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ဇိဝှါဝိညာဏ်၌ --- ဇိဝှါရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရသာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား
色所缘线善组其余各行的每一心刹那、色所缘线不善组,以及声所缘线、香所缘线、味所缘线、触所缘线、法所缘线,都应依此类推而摄取色法与名法。这里只举不同之处:耳识——耳处的五十四种所依处色与声所缘,是色法;心与心所八法,是名法。鼻识——鼻处的五十四种所依处色与香所缘,是色法;心与心所八法,是名法。舌识——舌处的五十四种所依处色与味所缘,是色法;心与心所八法,是名法。
原书第 278 页
ကာယဝိညာဏ်၌ --- ကာယရှိ မှီရာဝတ္ထုရုပ် (၄၄)မျိုးနှင့် ဖောဋ္ဌဗ္ဗာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား သောတဝိညာဏဝီထိ ဃာနဝိညာဏဝီထိ ဇိဝှါဝိညာဏဝီထိ ကာယဝိညာဏဝီထိတို့၏ အတွင်း၌ ပါဝင် တည်ရှိကြသော၊ ကြွင်းကျန်သော ဝီထိစိတ်+စေတသိက်တို့သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်ကြပေသည်။
身识——身处的四十四种所依处色与触所缘,是色法;心与心所八法,是名法。耳识心路、鼻识心路、舌识心路与身识心路中所含的其余路心及心所,都只依心所依处色而生。
ရုပ်-နာမ် ခွဲပုံ သိမ်းဆည်းပုံ သဘောပေါက်သင့်ပေပြီ။ ဓမ္မာရုံလိုင်းတွင် စက္ခုအကြည်ဓာတ် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိတစ်ခုကို ပုံစံနမူနာအဖြစ်ဖြင့် ဖော်ပြအပ်ပါသည်။
至此,应当已经理解如何分别并摄取色法与名法。下面在法所缘线中,以眼净色这一法所缘为所缘而生起的一道意门心路为例加以说明。
၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၂။ ပထမဇော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား (ဒုတိယဇောမှ သတ္တမဇောတိုင်အောင် နည်းတူ ရှုပါ။) ၃။ ပထမတဒါရုံ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း နည်းတူ ရှုပါ။) လိုရင်းအချုပ် မှတ်သားရန်မှာ --- မှီရာဝတ္ထုရုပ် (၅၄)၊ (၄၄)တို့၌ မိမိသိမ်းဆည်းသည့် အာရုံရုပ်တစ်ခုကို ပေါင်း၍ ရုပ်တရားဟု သိမ်းဆည်းရန် ဖြစ်ပေသည်။ နာမ်တရားတို့ကိုကား ဇယားတွင် ဖော်ထားသည့်အတိုင်း သိမ်းဆည်းပါ။ ဇယားအတိုင်း အတန်းလိုက် တစ်တန်းလုံး တစ်တန်းလုံး၌ တည်ရှိသော ရုပ်+နာမ်တို့ကို သိမ်း-
1.意门转向——心脏处的五十四种所依处色与眼净色,是色法;心与心所十二法,是名法。2.第一速行——心脏处的五十四种所依处色与眼净色,是色法;心与心所三十四法,是名法。〔从第二速行直到第七速行,都同样观照。〕3.第一彼所缘——心脏处的五十四种所依处色与眼净色,是色法;心与心所三十四法,是名法。〔第二彼所缘也同样观照。〕应当记住的要点是:在五十四种或四十四种所依处色上,加上自己正在摄取的那一种对象色法,合起来摄取为色法;名法则依表中所列摄取。依表逐行摄取每一整行中存在的色法与名法;能够摄
ဆည်းနိုင်သောအခါ တစ်တန်းလုံးကို ခြုံငုံ၍ --- ရုပ်တရား-နာမ်တရား --- ရုပ်တရား-နာမ်တရား --- ဟု သိမ်းဆည်းပါ။
取整行以后,就把整行统摄起来,观作“色法—名法,色法—名法”,这样加以摄取。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。