身表色
《趣向涅槃之道》中文全译本 · 非缩略版
威仪章与正知章 · 原书第 347–351 页 · 23 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 347 页
ကာယဝိညတ်ရုပ်
身表色
ဤ ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့၌ ကာယဝိညတ်ရုပ်အကြောင်းကို သိရှိနားလည်ထားဖို့ကား အထူးလိုအပ်ပေသည်။ ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ယင်းဝိညတ်ရုပ်အကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြ
在威仪观法与正知观法中,尤其需要了解身表色。前面的色业处部分已经详细说明了这种表色。
原书第 348 页
ခဲ့၏။ ယခုတစ်ဖန် အကျဥ်းချုပ်၍ ရှုကွက်ကို ငုံမိစေရန် ထပ်မံ ဖော်ပြအပ်ပါသည်။
现在,为了使人概括掌握整个观法,再作一次简要说明。
ကာယဝိညတ်ဟူသော ထိုရုပ်သည် အဘယ်နည်း -- ကုသိုလ်စိတ် ရှိသည်မူလည်းဖြစ်သော၊ အကုသိုလ်စိတ် ရှိသည်မူလည်းဖြစ်သော၊ အဗျာကတစိတ် ရှိသည်မူလည်းဖြစ်သော ရှေ့သို့ သွားသသူ၏သော်လည်းကောင်း၊နောက် သို့ ပြန်ဆုတ်သသူ၏သော်လည်းကောင်း၊ ရှေ့တည့်တည့်သို့ ကြည့်သသူ၏သော်လည်းကောင်း၊ စောင်းငဲ့၍ ကြည့်- သသူ၏သော်လည်းကောင်း၊ လက်ခြေ စသည်ကို ကွေးသသူ၏သော်လည်းကောင်း၊ လက်ခြေ စသည်ကို ဆန့်သ သူ၏သော်လည်းကောင်း ရူပကာယ = ရုပ်တရားအပေါင်းကို အကြင်ထောက်ပံ့ခြင်းသည်၊ အကြင်ကောင်းစွာ ထောက်ပံ့ခြင်းသည်၊ အကြင်ကောင်းစွာ ထောက်ပံ့တတ်သော ရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ အကြင်သိစေခြင်း သဘောတရားသည်၊ အကြင်သိစေခြင်းဟူသော အခြင်းအရာသည်၊ အကြင်သိစေတတ်သည်၏အဖြစ် ဟူသော သဘောတရားသည် ရှိ၏။ ကာယဝိညတ်ဟူသော ထိုရုပ်သည် ဤသဘောတရားပင်တည်း။ (အဘိ-၁-၁၇၇။) ''ရှေ့သို့သွားအံ့၊ နောက်သို့ ပြန်ဆုတ်အံ့'' --- ဤသို့စိတ်ဖြစ်လတ်သော် ထိုစိတ်သည် စိတ္တဇရုပ်ကို (= စိတ္တဇ
所谓身表的那种色是什么?对于具有善心、不善心或无记心的人,当他前进、退返、正视、旁视,或屈曲、伸展手足等时,其色身——即一切色法——有支撑、善加支撑,以及一种能使善加支撑的色生起的因;又有一种令知的性质、名为“令知”的形态,以及能够令知的状态。所谓身表的那种色,正是这种性质。(《法集论》1-177。)当“我要前进、我要退返”之心生起时,该心使心生色〔即诸心生
ရုပ်ကလာပ်အပေါင်းကို) ဖြစ်စေ၏။ ထို ရုပ်ကလာပ်အပေါင်းတို့တွင် ရုပ်ကလာပ် အသီးအသီး၌ ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီး (၄)ပါး၊ ယင်းဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်ကုန်သော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဟူသော ဥပါဒါရုပ် (၄)ပါး၊ ဤ (၈)မျိုးကုန်သော ရုပ်တရား အပေါင်းအစုတို့ ပါဝင်ကြ၏။ ယင်း ရုပ်တရား အပေါင်းတို့တွင် စိတ္တသမုဋ္ဌာန် ဝါယောဓာတ်လည်း ပါရှိ၏၊ ယင်းဝါယောဓာတ်သည် ခန္ဓာအိမ်တစ်ခု၏ အတွင်း ဝယ် မိမိနှင့် အတူတကွ ဖြစ်ကြသော ဥပါဒိန္နကကာယ၊ အာဟာရသမုဋ္ဌာနိကကာယ၊ ဥတုသမုဋ္ဌာနိကကာယ၊ စိတ္တသမုဋ္ဌာနိကကာယဟူသော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ ထောက်ပံ့၏၊ ကောင်းစွာ ဆောင် ထား၏၊ လှုပ်ရှားစေ၏၊ ရှေ့သို့ သွားစေ၏၊ နောက်သို့ ပြန်ဆုတ်စေ၏။ (အဘိ-ဋ္ဌ-၁-၁၂၄။) ထိုစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့တွင် မနောဒွါရာဝဇ္ဇန်းဟူသော တစ်ခုသော အာဝဇ္ဇန်း ရှိသော မနောဒွါရိကဇောဝီထိတို့၌ (၇)ကြိမ်ကုန်သော ဇောတို့တွင် ပထမဇောစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်
色聚〕生起。每一个色聚都含有地、水、火、风四大种,以及依止这四大种而生的颜色、香、味、食素四种所造色,共计8种色法。在这些色法中,也含有心所生风界;在一具身体内,该风界支撑、维持与自己俱生的已被执受色身、食所生色身、时节所生色身与心所生色身——即一切色法——使之移动、前进、退返。(《殊胜义注》1-124。)在这些由心所生的风界中,于只有意门转向这一种转向心的意门速行心路里,7个速行中由第一速行心所生的风界
သည် အတူဖြစ်သော စတုဇရူပကာယကို ကောင်းစွာထောက်ပံ့ ခိုင်ခံ့စေခြင်းငှာ = တောင့်ထားခြင်းငှာ၊ ကောင်းစွာ ဆောင်ထားခြင်းငှာ စွမ်းနိုင်၏။ ထိုမှ ဤမှ လှုပ်ရှားစေခြင်းငှာကား မစွမ်းနိုင်၊ ဒုတိယဇော စသည်တို့ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။
能够善加支撑、稳固与自己俱生的四因所生色身,使它挺住,并能善加维持它;但尚不能使它从这里移动到那里。由第二速行等所生的风界,也应同样理解。
သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည် ကား အောက်၌ ဖြစ်ခဲ့ကုန်သော = မိမိ ရှေ့က ဖြစ်ခဲ့ကုန်သော (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော ဥပတ္ထမ္ဘနအကြောင်းကို ရရှိသည် ဖြစ်၍ မိမိနှင့် အတူဖြစ်သော စတုဇရူပကာယကို ကောင်းစွာထောက်ပံ့ ခိုင်ခံ့စေခြင်း = တောင့်ထား ခြင်းငှာလည်းကောင်း၊ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း၊ လှုပ်ရှားစေခြင်းငှာလည်းကောင်း၊ ရှေ့သို့ သွားစေခြင်းငှာလည်းကောင်း၊ နောက်သို့ ပြန်ဆုတ်စေခြင်းငှာလည်းကောင်း၊ ရှေ့တည့်တည့်သို့ ကြည့်စေခြင်း ငှာလည်းကောင်း၊ စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း၊ ကွေးစေခြင်းငှာလည်းကောင်း၊ ဆန့်စေခြင်းငှာ လည်းကောင်း စွမ်းနိုင်ပေ၏။ ထိုသတ္တမဇောစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်ကြောင့် ---
至于第七速行心所生诸心生色聚内的风界,由于获得下方——即先于自己生起的6个速行心——所生诸心生色聚内风界这一扶助缘,便能够善加支撑、稳固与自己俱生的四因所生色身,使它挺住、维持、移动、前进、退返、正视、旁视、屈曲、伸展。由于这第七速行心所生的风界,
သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ( ၁ ) ယူဇနာတိုင်တိုင် သွားပြီးပြီ၊ (၁ဝ) ယူဇနာတိုင်တိုင် သွားပြီးပြီ၊ ရောက်ပြီ --- ဟု
所谓去便生起,所谓来便生起,所谓往返便生起;并使之达到可以说“已经走了一由旬、已经走了十由旬,已经到达
原书第 349 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ဤသို့ ပြောဆိုထိုက်သည်၏အဖြစ်သို့ ရောက်စေ၏။ (အဘိ-ဋ္ဌ-၁-၁၂၄။) ရုပ်တရားများသည် ဖြစ်ပြီး ဥပါဒ်ပြီးနောက် တစ်နေရာမှ တစ်နေရာသို့ = ဖြစ်ပြီးနေရာမှ အခြားတစ်နေ- ရာသို့ ပြောင်းရွှေ့နိုင်ရိုးဓမ္မတာ မရှိကြပေ။ ရုပ်တရားတို့၏ သက်တမ်း အချိန်ကာလကား စိတ္တက္ခဏ (၁၇)ချက် ခန့်သာ အသက်ရှည်သဖြင့် အလွန့်အလွန် တိုတောင်းရကား ဖြစ်သည့်နေရာမှာပင် ဖြစ်ပြီးလျှင် ပျက်သွားကြရ၏။
”的程度。(《殊胜义注》1-124。)诸色法生起以后,并没有从一个地方移到另一个地方、从原本生起之处迁往他处的自然规律。色法的寿命只有大约17个心刹那,极其短暂,所以它们就在生起之处生起,也在该处坏灭。
လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ နောက်ထပ် အသစ်ထပ်၍ ဖြစ်ခြင်း ဥပါဒ်ခြင်းတည်း။ ရုပ်ကလာပ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလာခြင်းကား မဟုတ်ပေ။ ထိုသို့ နေရာ ပြောင်း၍ ဥပါဒ်ရခြင်းမှာလည်း ရှေးရှေး စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိ ကြောင့်ပင်တည်း။ ထိုသို့ နေရာ ပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက ''လှုပ်ရှားခြင်း''ဟု ထင်မြင် ယူဆကြသည်။
所谓“移动”,是色聚在原来生起之处以外的另一处重新生起。并不是同一色聚从一处移动到另一处。这样换处生起,也是由于前前心生色聚内风界的自性能力。人们正把这种不断换处生起看作“移动”。
ပထမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောဓာတ်သည် ထိုဖြစ်ဆဲခဏ၌ စတုဇရုပ်တို့၏ အရပ်တစ်ပါး၌ ဥပါဒ်ခြင်း၏ အကြောင်းတရား အဖြစ်ဖြင့် လှုပ်ရှားစေခြင်းငှာ အကယ်၍ကား မစွမ်းနိုင်ပေ။ ထိုသို့ပင် မစွမ်းနိုင်သော်လည်း ထိုဝါယောဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ ဟူ၍သာ သိရှိပါလေ။ (ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ဝိညတ်ရုပ်ပါသော ရုပ်ကလာပ် အနေအထားဖြင့်သာ ဖြစ်သည် ဟူလို။) အကြောင်းကား ဤသို့တည်း --- အရပ် (၁ဝ)မျက်နှာတို့တွင် အကြင်အရပ်သို့ သွားလို၏၊ သို့မဟုတ် အင်္ဂါ ကြီးငယ်တို့ကို ပစ်ချထားခြင်းငှာ အလိုရှိ၏၊ ကွေးခြင်း ဆန့်ခြင်းငှာ အလိုရှိ၏၊ ထိုအရပ်သို့ ရှေးရှူသည်သာလျှင် ဖြစ်ကုန်သော စတုဇရုပ်တို့ကို ထိုဝါယောဓာတ်သည် ကောင်းစွာလည်း ထောက်ပံ့၏၊ ကောင်းစွာလည်း ဆောင်ထား ၏၊ ထိုကြောင့် ထိုအရပ်သို့ ရှေးရှူသည်၏ အဖြစ်ဟူသော ထူးခြားသော အမူအရာကား ရှိနေသည်သာ ဖြစ်၏၊
第一速行心所生诸心生色聚内的风界,在当下那个刹那,还不能作为使四因所生诸色在另一处生起的因,从而令它们移动。虽然尚不能如此,仍应知道,该风界与称为“表”的变异色俱生。〔意思是:它只以含有表色的身表九法聚及身表、轻快性等十二法聚的形态生起。〕理由如下:在十方之中,当人想往某一方向去,或想把大小肢体投向某一方向,想要屈曲、伸展时,该风界便支撑、维持那些面向该方向生起的四因所生诸色;因此,确实存在一种朝向该方向、
အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်လေ့ရှိသော ထူးခြားသော အမူအရာ = ဝိကာရသည်လည်းဝိညတ် မည်ပေသည်။ ထိုကြောင့် ပထမဇောကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော ဝါယော ဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍သာ သိရှိပါလေ။
经常与内在意图俱生的特殊形态,也就是变异相,称为“表”。因此,应当知道,第一速行所生诸心生色聚内的风界,与称为“表”的变异色俱生。
ဤအကြောင်းကြောင့် မနောဒွါရာဝဇ္ဇန်း၏လည်း ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်သည် အတွင်း သဘော အလိုဆန္ဒအားလျော်စွာ ထူးခြားသော အမူအရာ ပါသည့် ဝိကာရရုပ်ကို (အတွင်းသဘော အလိုဆန္ဒ အားလျော်စွာ ထူးခြားသော အမူအရာ ဝိကာရ ပါရှိသည့် ဝိညတ်ရုပ်ကို) ဖြစ်စေခြင်းအားဖြင့် ကပ်ရောက် ဖြစ် ပေါ်လာပေသည်။ ယင်းသို့ ဖြစ်စေနိုင်ခြင်းကြောင့် ဝုဋ္ဌော၊ ကာမဇော အဘိညာဏ်ဇောဟူသော (၃၂)မျိုးသော စိတ်တို့ကို စိတ္တဇရုပ်သာမညကိုလည်းကောင်း၊ ဣရိယာပုထ်ကို ခိုင်ခံ့စေခြင်းကိုလည်းကောင်း၊ ဝိညတ်ရုပ်ကို လည်းကောင်း ဖြစ်စေတတ်ကုန်၏ဟူ၍ ဆိုအပ်ကုန်ပြီ။ ဤသို့ မှတ်သားပါလေ။
因此,意门转向也能产生表色:它依照内在意图,使具有相应特殊形态的变异色生起,换言之,使具有符合内在意图之变异相的表色生起。正因为它能够如此产生表色,论中才说:确定〔即意门转向〕、欲界速行与神通速行这32种心,能产生一般心生色,能使威仪稳固,也能产生表色。应当这样记住。
အကြိမ်ထောင်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် ''တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ'' ဤသို့ ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (မူလဋီ-၁-၇၂။) ထိုစတုဇ ရူပကာယ = စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့တွင် စိတ္တသမုဋ္ဌာနိက ကာယ ဟူသော စိတ္တဇရုပ်အပေါင်းသည် ရှိ၏၊ ထိုစိတ္တဇရုပ် အပေါင်းသည် ဝိညတ်မဟုတ်ပေ။ အဟုတ်သော်ကား --- စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် အကျုံးဝင်သော ဝါယောဓာတ်နှင့် အတူဖြစ်သော စတုဇ ရူပကာယကို ကောင်းစွာ ထောက်ပံ့ထားခြင်းငှာ = တောင့်ထားခြင်းငှာလည်းကောင်း၊ ကောင်းစွာ ဆောင်ထား
在生起了不可胜数、成千上万次的心生色聚中,其中的风界使之达到可以说“已经到达一由旬外的地方,已经到达十由旬外的地方”的程度。(《根本复注》1-72。)在四因所生色身——即一切色法——之中,确实有称为心所生色身的一切心生色;但这一切心生色本身并不是“表”。实际存在的是:心所生诸色聚内的风界,与四因所生色身俱生;心所生诸大种有一种特殊形态,能够成为善加支撑、使它挺住,善加维持
原书第 350 页
ခြင်းငှာလည်းကောင်း၊ ထိုမှ ဤမှ လှုပ်ရှားစေခြင်းငှာလည်းကောင်း အကြောင်းတရား ဖြစ်ခြင်းငှာ စွမ်းနိုင်သော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန် မဟာဘုတ်တို့၏ တစ်မျိုးသော ထူးခြားသော အမူအရာသည် ရှိ၏။
并使它从这里移动到那里的因;这种由心所生的诸大种,确实具有这样一种特殊形态。
ဤထူးခြားသော အမူအရာသည် ဝိညတ် မည်၏။ (အဘိ-ဋ္ဌ-၁-၁၂၅။) မှန်ပေသည် ထိုစိတ္တဇမဟာဘုတ်တို့၏ ထိုသို့သော ထူးခြားသော အခြင်းအရာ ရှိကုန်သည်၏ အဖြစ်ကြောင့် ဝါယောဓာတ်သည် အတူတကွ ဖြစ်ဖက် စတုဇ ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်လည်းထောက်ပံ့နိုင်၏၊ လှုပ်လည်း လှုပ်ရှားစေနိုင်၏ဟု မှတ်ပါ။ (မဟာဋီ-၁-၇၂။) စိတ္တဇအဋ္ဌကလာပ်ရုပ်တို့သည် စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့ ထိုဝိညတ်ရုပ်သည် စိတ်ကြောင့်ကား မဖြစ် ပေ။ (ပရမတ်အစစ် မဟုတ်သောကြောင့် ဖြစ်၏။) ထိုသို့ပင် စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါ သော်လည်း အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော ရှိကုန်သော သင်္ခတပရမတ်တရားတို့၏ ဇရာမရဏ၏ အဖြစ်ကြောင့် --- ဇရာ-မရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ။ (သံ-၁-၂၆၄။) ရဟန်းတို့ …ဇရာ-မရဏသည် အနိစ္စတရားတည်း၊ အကြောင်းတရားတို့သည် ပြုပြင်အပ်သော သင်္ခတ တရားတည်း --- ဤသို့စသော တရားစကားတော်ကို ဟောတော်မူသကဲ့သို့၊ ဤအတူပင် စိတ္တသမုဋ္ဌာန် ဖြစ်ကုန်
这种特殊形态称为“表”。(《殊胜义注》1-125。)诚然,正因为这些心生大种具有这种特殊形态,风界才能支撑与自己俱生的四因所生色身——即一切色法——并使它移动。应当如此理解。(《大复注》1-72。)身表色并不像心生八法聚诸色那样直接由心所生,因为它是非真实色法。尽管它不是以这种方式直接由心所生的色,然而正如具有无常、苦、无我性质的诸有为胜“诸比丘,老死是无常法,是有为法。”(《相应部》1-264。)同样,因为身表是心所生
သော စိတ္တဇရုပ်တို့၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သည့် ဝိညတ်ဟူသော ဝိကာရ = အမူအရာထူး ဖြစ်ရကား ထိုဝိညတ်ရုပ်သည်လည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မည်ရပေတော့သည်။
诸色用来使人了知内在意图、称为“表”的特殊变异行相,所以这种身表色也就称为心所生色。
(အဘိ-ဋ္ဌ-၁-၁၂၅။)
(《殊胜义注》1-125。)
ဌာနူပစာ --- အထက်ပါ အဋ္ဌကထာစကားအရ --- ဌာနဖြစ်သော စိတ္တဇ အဋ္ဌကလာပ်ရုပ်တို့၏ စိတ္တ- သမုဋ္ဌာန်ဟူသော အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌ တင်စား၍ ဝိညတ်ရုပ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန် အမည်ရသည်ဟု ပြလိုသောကြောင့် ''သာပိ စိတ္တသမုဋ္ဌာနာ နာမ ဟောတိ'' (အဘိ-ဋ္ဌ-၁-၁၂၅။) --- ဟု ထိုဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် မည်ရပေတော့သည်ဟု နာမ-သဒ္ဒါ ထည့်၍ ဖွင့်ဆိုရပေသည်။ သို့သော် ဤဝိညတ်ရုပ်ကား ပရမတ်အားဖြင့် တကယ်ထင်ရှားမရှိဟု ပြလို၍ ''န စိတ္တသမုဋ္ဌာနာ'' ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ ဤဝိညတ်ရုပ်သည် ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန်ရုပ် ဖြစ်ရသကဲ့သို့ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၏ အခြင်းအရာထူး = ဝိကာရ ဖြစ်သောကြောင့် ဌာနူပစာရအားဖြင့် မဟာဘုတ် တို့ကို မှီ၍ ဖြစ်တတ်သည့် ဥပါဒါရုပ် ဖြစ်ကြောင်းကိုလည်း အလိုရှိအပ်၏ဟု သိရှိပါလေ။ (မူလဋီ-၁-၇၂။)
处所借称(ṭhānūpacāra)——依上引义注,把作为“处所”的心生八法聚诸色真正具有的“心所生”之名,转用于作为“居处者”的变异色——身表色。为了显示身表色也依处所借称而获“它也称为心所生”,特意加入 နာမ(nāma,“称为”)一词。(《殊胜义注》1-125。)然而,为了显示身表色在胜义上并非一种真实存在的色,义注又说:“''န စိတ္တသမုဋ္ဌာနာ''”,译:“并非〔直接〕由心所生。”正如身表色依处所借称而称为心所生色一样,由于它又是四大种的特殊变异行相,也应当知道:依同一借称方式,它还称为依止四大种而生的所造色。(《根本复注》1-72。)
၁။ ပဓာန = ပြဓာန်းသောရုပ် ၂။ အပ္ပဓာန = မပြဓာန်းသောရုပ် ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ဤ ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့၌ --- ၁။ ပဓာန = ပြဓာန်းသော ရုပ်တရားတို့ကား ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ဝိညတ်ရုပ် ပါဝင်သော စိတ္တဇရုပ်ကလာပ် (၂)မျိုးတို့ ဖြစ်ကြ၏။ ဘာသိတေ --- ဟူသော သမ္ပဇညရှုကွက်၌ကား စကားပြောနေစဥ်၌ ပြောလိုသော စိတ်ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝစီဝိညတ္တိ- ဒသက ကလာပ်နှင့် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ဟူသော ဝစီဝိညတ်ရုပ်ပါဝင်သော ရုပ်ကလာပ် (၂)မျိုးတို့ ဖြစ်ကြ၏။
1.ပဓာန(padhāna)=主导色;2.အပ္ပဓာန(appadhāna)=非主导色。如前面色业处部分所说,在威仪观法与正知观法中:1.主导色,是含有身表色的两种心生色聚,即身表九法聚与身表、轻快性等十二法聚。至于正知观法中经文所说的 ဘာသိတေ(bhāsite,“说话时”),人在说话时,由欲说之心所生、含有语表色的两种色聚,则是语表十法聚,以及语表、声、轻快性等十三法聚。
၂။ အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့ကား ခန္ဓာအိမ်ဝယ် (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြ သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့ ဖြစ်ကြ၏။ (မ-ဋီ-၁-၃၅၃။)
2.非主导色,是存在于这具身体的六门、四十二身分中的四因所生色身——即一切色法。(《中部复注》1-353。)
原书第 351 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၁။ ယင်း ပဓာန-အပ္ပဓာနရုပ်တို့တွင် --- ယောဂါဝစရပုဂ္ဂိုလ်သည် ဣရိယာပထရုပ်ဟူသော ဝိညတ်ရုပ်ပါဝင် သော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားပါက အပ္ပဓာနဖြစ်သော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဥ် လိုက်၍ ပြီးစီးသွား၏။
1.在这些主导色与非主导色中,若瑜伽行者以含威仪色(即身表色)的诸色法为主导而加以辨识、观修,那么,对作为非主导、存在于六门与四十二身分中的四因所生色身——一切色法——的辨识与观修,也会随之完成。
၂။ တစ်ဖန် အပ္ပဓာန = မပြဓာန်းသော (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ သိမ်းဆည်းရှုပွားပါကလည်း အပ္ပဓာနဖြစ်သော ဣရိယာပထရုပ်များကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဥ်လိုက်၍ ပြီးစီးသွား၏။ ဤနောက်နည်း၌ကား--- စတုသမုဋ္ဌာနိကရူပ ကာယကား ပဓာန၊ ဣရိယာပထရုပ် = ဝိညတ်ပါဝင်သော စိတ္တဇရုပ်တို့ကား အပ္ပဓာနတည်း။ (မ-ဋီ-၁-၃၅၃။) ယင်း ပဓာန၊ အပ္ပဓာနရုပ်တရားအားလုံးတို့သည်ကား ရူပက္ခန္ဓာ မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ပဓာန၊ အပ္ပဓာနရုပ်တရားအားလုံးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားပြီးကား ဖြစ်ရပေ မည်၊ သို့မှသာလျှင် နာမ်တရားများကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။ ဤ၌ ရှုကွက် ဆက်စပ်မိစေရန် ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ တင်ပြခဲ့သော ရှုကွက်ကိုပင် အနည်းငယ် ထပ်မံ ဖော်ပြအပ်ပါသည်။
2.反过来,若以原属非主导、存在于六门与四十二身分中的四因所生色身——一切色法——为主导而加以辨识、观修,那么,对此时作为非主导的威仪色的辨识与观修,也会随之完成。在这后一种方法中,四因所生色身居于主导;威仪色——即含有身表的心生色——则居于非主导。(《中部复注》1-353。)这一切主导色与非主导色都名为色蕴。瑜伽行者必须已经辨识这一切主导色与非主导色,使智见抵达究竟法;只有这样,才能继续辨识、观修名法。为了使这里的观法前后衔接,下面略加重述色业处部分已经说明的观法。