增盛说明论(Ussada-kittana-kathā)(上)

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 318–344 页 · 223 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 318 页
ဥဿဒ ကိတ္တန ကထာ
增盛说明论(Ussada-kittana-kathā)
= မီးများလျှင်မီးနိုင်၊ ရေများလျှင်ရေနိုင်
火多则火胜,水多则水胜
အလောဘ စသော ဂုဏ်တို့၏လည်းကောင်း လောဘ စသော အပြစ်တို့၏လည်းကောင်း များပြားပုံနှင့် များပြားခြင်း၏ အကြောင်းတရားတို့ကို ပြောပြကြောင်း ဖွင့်ဆိုကြောင်းဖြစ်သော စကားအစဥ်ကို ဥဿဒ ကိတ္တန ကထာဟု ခေါ်ဆို၏။ သံသရာခရီးသည်အဆင့်တွင်သာ တည်ရှိနေသေးသော အသင်သူတော်ကောင်းအဖို့ ဤ အပိုင်းသည် --- ၁။ ဘဝလွတ်မြောက်ရေးအတွက်လည်းကောင်း၊ ၂။ အဆင့်အတန်း မြင့်မားသော ဘဝတစ်ခု ရရှိရေးအတွက်လည်းကောင်း၊ ၃။ စိတ်ဓာတ် ပြုပြင်ပြောင်းလဲရေးအတွက်လည်းကောင်း၊ ၄။ စိတ်ဓာတ် မြှင့်တင်ရေးအတွက်လည်းကောင်း - အလွန်ကျေးဇူးများလှသော ပညာပေးကဏ္ဍတစ်ရပ်သာ ဖြစ်ပါသည်။ အကယ်၍ အသင်ယောဂါဝစရ ပုဂ္ဂိုလ်မြတ်သည် ဤဘဝမှာပင် သံသရာခရီးကို အဆုံးသတ်နိုင်သည့် ဥတ္တမပုရိသ အမည်ရသည့် အမြတ်ဆုံး ယောကျာ်းတစ်ယောက် ဖြစ်နေပါမူကား ဤအပိုင်းကဏ္ဍရပ်သည် အသင်အတွက် အလိုမရှိအပ်သော အပိုင်း ကဏ္ဍတစ်ရပ်သာ ဖြစ်ဖွယ်ရာ ရှိပါသည်။ သို့သော် သံသရာခရီးကို ဤဘဝမှာပင် အဆုံးသတ်နိုင်အောင် ကြိုး
说明无贪等功德如何增盛、贪等过失如何增盛,以及它们为何增盛的这一段论说,称为“增盛说明论”。对于仍处于轮回旅人阶段的贤者而言,这一部分是一项极有助益的教导:一、有助于从生命存在中解脱;二、有助于获得层次更高的生命;三、有助于改造心性;四、有助于提升心性。贤善的瑜伽行者,如果你已经是能在今生终结轮回旅程、名为“最上士(uttamapurisa)”的最上之人,这一部分对你或许并非必要。然而,若你虽努力要在今生终结轮回,仍然未能
စားသော်လည်း မဆုံးနိုင်သေး ဖြစ်နေလျှင်သော်လည်းကောင်း၊ သို့မဟုတ် အနာဂတ်ဘဝတစ်ခုကို မျှော်လင့် တောင့်တချက် ရှိနေသေးလျှင်သော်လည်းကောင်း ဤအပိုင်းသည် အသင့်အတွက် တန်ဖိုးရှိလှသော ကဏ္ဍတစ် ရပ်ပင် ဖြစ်ပါလိမ့်မည်။
做到,或者仍对未来某一生有所期待、向往,那么这一部分对你仍会极有价值。
ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်း ရှုပွားနိုင်သော သိမ်းဆည်းရှုပွားပြီးသော အသင်ယောဂီသူတော်ကောင်းသည် --- ၁။ ကုသိုလ်ဖြစ်ရခြင်း၏ အကြောင်းတရားများ ၂။ အကုသိုလ်ဖြစ်ရခြင်း၏ အကြောင်းတရားများ --- ဟူသော ဤအကြောင်းတရား (၂)မျိုးတို့ကို ခပ်များများ သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ သံသရာတစ်- ခွင်ဝယ် ကုသိုလ်အဖြစ်များရခြင်း အကုသိုလ်အဖြစ်များရခြင်း စသည်တို့ကြောင့် ရရှိနိုင်သော အကျိုးအပြစ်တို့ကို ဤအပိုင်းတွင် ဖော်ပြထားပါသည်။ ယင်း --- ဥဿဒကိတ္တနကထာကို အဋ္ဌသာလိနီအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆို ထားပေသည်။
贤善的瑜伽行者,你已经破除色与名的团块、凝块,把色名摄取、观修到究竟法;可以认为,你对于以下两类原因已经有相当多的领会:一、生起善法的原因;二、生起不善法的原因。本部分将说明:在轮回之中,由于善法增盛或不善法增盛等,可以得到哪些利益与过患。《殊胜义注》对这一“增盛说明论”作如下解释。
သံသရာတစ်ခွင်ဝယ် ကျင်လည်ကျက်စား ပြေးသွားနေရဆဲ ဖြစ်ကြကုန်သော ဤသတ္တဝါတို့၏ သန္တာန်ဝယ် ၁။ လောဘသည်လည်း များပြားလျက် ရှိ၏၊ ၂။ ဒေါသသည်လည်း များပြားလျက် ရှိ၏၊ ၃။ မောဟသည်လည်း များပြားလျက် ရှိ၏၊ ၄။ အလောဘသည်လည်း များပြားလျက် ရှိ၏၊ ၅။ အဒေါသသည်လည်း များပြားလျက် ရှိ၏၊ ၆။ အမောဟသည်လည်း များပြားလျက် ရှိ၏။
仍在轮回中流转、奔走的这些有情,其相续中会有不同心性增盛:一、贪增盛;二、嗔增盛;三、痴增盛;四、无贪增盛;五、无嗔增盛;六、无痴增盛。
ထိုများပြားမှုကို အဘယ်တရားသည် မြဲစေသနည်း၊ အဘယ်တရားက များအောင် သတ်မှတ်ပေးပါသနည်း
究竟是什么法使这种增盛稳固下来?又是什么法决定它增盛呢?
原书第 319 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ပုဗ္ဗေဟေတု နိယာမေတိ။ ကမ္မာယူဟနက္ခဏေယေဝ နာနတ္တံ ဟောတိ။ (အဘိ-ဋ္ဌ-၁-၃ဝ၈။) ထိုသို့ များပြားအောင် ပုဗ္ဗေဟေတု အမည်ရသော ရှေးအတိတ်အကြောင်းတရားက မြဲစေ၏၊ များပြား- အောင် သတ်မှတ်ပေး၏။ စီမံခန့်ခွဲပေး၏။ ဤဘဝတွင် အကျိုးပေးနေဆဲဖြစ်သော ကံကို အားထုတ်ခဲ့စဥ်တုန်း ကပင် ကံတွေကား အထူးထူး အပြားပြား ဖြစ်ခဲ့၏၊ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားခဲ့၏။ ယင်းကံများက လောဘ များအောင် လောဘကြီးသူဖြစ်အောင် အလောဘများအောင် လောဘမကြီးသူဖြစ်အောင် ဤသို့ စသည်ဖြင့် စီမံခန့်ခွဲပေး၏၊ အကျယ်မှာ ဤသို့ဖြစ်၏။
“宿因决定;差别就在造业刹那产生。”(《殊胜义注》1-308。)也就是说,名为“宿因”的过去原因,使某种心性稳定而增盛,并决定、安排它的增盛。早在造作今生仍在给果的业时,各人的业就已经各式各样、彼此有别。正是这些业安排一个人成为贪重或不贪重的人、无贪增盛的人,等等。详说如下。
အမှတ် (၁) ပုဂ္ဂိုလ်မျိုး
第一类人
ယဿ ဟိ ကမ္မာယူဟနက္ခဏေ လောဘော ဗလဝါ ဟောတိ၊ အလောဘော မန္ဒော၊ အဒေါသာမောဟာ ဗလဝန္တော၊ ဒေါသမောဟာ မန္ဒာ၊ တဿ မန္ဒော အလောဘော လောဘံ ပရိယာဒါတုံ န သက္ကောတိ၊ အဒေါ- သာမောဟာ ပန ဗလဝန္တော ဒေါသမောဟေ ပရိယာဒါတုံ သက္ကောန္တိ။ တသ္မာ သော တေန ကမ္မေန ဒိန္နပဋိသ- န္ဓိဝသေန နိဗ္ဗတ္တော လုဒ္ဓေါ ဟောတိ၊ သုခသီလော အက္ကောဓနော၊ ပညဝါ ပန ဟောတိ ဝဇိရူပမဉာဏောတိ။
“若人在造业刹那贪强、无贪弱,无嗔与无痴强、嗔与痴弱,那么他的弱无贪不能穷尽贪;但强有力的无嗔与无痴,能够穷尽嗔与痴。因此,他由该业所给的结生而出生时,会成为贪重之人,性情安乐而不易发怒,并且有慧,具备如金刚一样的智。”
(အဘိ-ဋ္ဌ-၁-၃ဝ၈။)
(《殊胜义注》1-308。)
ပုဂ္ဂိုလ်တစ်ဦးသည် ဤလူ့ဘဝသို့ ရောက်ရှိကြောင်း ဤလူ့ဘဝ = ခန္ဓာ (၅)ပါးကို ရရှိကြောင်း ဖြစ်သည့် ကံကို အတိတ်ဘဝတစ်ခုဝယ် ပြုစုပျိုးထောင်ခဲ့စဥ် အချိန်ခဏ၌ --- သူ၏သန္တာန်ဝယ် --- ၁။ လောဘကား အားကောင်းမောင်းသန်လျက် ရှိ၏၊ ၂။ အလောဘကား နုံ့နေ၏ အားပျော့နေ၏၊ ၃။ အဒေါသ (= မေတ္တာ) အမောဟ (= ပညာ)တို့ကား အားကောင်းမောင်းသန်လျက် ရှိကုန်၏ အင်အား ပြည့်ဝကြကုန်၏၊ ၄။ ဒေါသနှင့် မောဟတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏။
某人在过去某一生造作能令自己来到今生、获得今生五蕴之业的刹那,其相续中:一、贪强盛有力;二、无贪迟钝、力弱;三、无嗔〔即慈〕与无痴〔即慧〕强盛有力、力量充足;四、嗔与痴迟钝、力弱。
ထိုပုဂ္ဂိုလ်၏ ယင်းကံကို အားထုတ်ခဲ့စဥ်က ပြုစုပျိုးထောင်ခဲ့စဥ်က နုံ့နေသော အားပျော့နေသော ညံ့နေ သော အလောဘသည် လောဘကို အနိုင်ယူခြင်းငှာ ကုန်ခန်းစေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။
在此人造作、培育该业时,迟钝、衰弱、劣弱的无贪,无法战胜贪,也无法使贪穷尽。
တစ်ဖန် ယင်းကံကို အားထုတ်ခဲ့စဥ်က ပြုစုပျိုးထောင်ခဲ့စဥ်က အဒေါသနှင့် အမောဟတို့သည် အားကောင်း ခဲ့ကြကုန်သည်ဖြစ်၍ အလွန်အားကြီးခဲ့ကြကုန်သည်ဖြစ်၍ ခွန်အားကြီးမားခဲ့ကြကုန်သည်ဖြစ်၍ ယင်းသို့ အားကောင်းခဲ့ကြသော ခွန်အားကြီးမားခဲ့ကြသော အဒေါသ အမောဟတို့က ဒေါသ မောဟတို့ကို အနိုင်ယူ ခြင်းငှာ ကုန်ခန်းစေခြင်းငှာ စွမ်းအားရှိကြကုန်၏။ ထိုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုလောဘအားကြီးသော ကံက အကျိုးပေးလိုက်သဖြင့် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုဝယ် ဖြစ်ပေါ်လာရသည်ရှိသော် --- ၁။ လောဘကြီးသူ ဖြစ်ရ၏။ (လောဘ၏ အကျိုးဆက်တည်း) ၂။ ထိုသို့ပင် လောဘကြီးပါသော်လည်း စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိ၏၊ အမျက်ထွက်လေ့မရှိ = ဒေါသ မကြီး။ (အဒေါသ၏ အကျိုးဆက်တည်း။) ၃။ ပညာရှိ၏၊ ဝရဇိန်လက်နက်နှင့်တူသော ထက်မြက်သော ဉာဏ်ပညာရှိ၏။ (အမောဟ၏ အကျိုးဆက် တည်း။) (အဘိ-ဋ္ဌ-၁-၃ဝ၈။)
另一方面,在造作、培育该业时,无嗔与无痴强盛、有力、势力广大,因此它们能够战胜嗔与痴,使嗔与痴穷尽。所以,当这项贪力强盛的业给果,使此人依结生而生于某一世时:一、他成为贪重之人,这是贪的后果;二、即使贪重,他也常能心安而住,不易发怒,也就是嗔不重,这是无嗔的后果;三、他有智慧,具有如金刚武器般锐利的智慧,这是无痴的后果。(《殊胜义注》1-308。)
原书第 320 页
လောဘအားကြီးသော ကံကို ပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် ထိုကံက အကျိုးပေးသော ဘဝဝယ် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ တွယ်တာမက်မောမှု လောဘအားကြီးသူ ဖြစ်ရ၏။ အဒေါသ = မေတ္တာ အားကြီးသော ကံကြောင့် သုခသီလ = စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိသူ ဖြစ်ရ၏။ အက္ကောဓန = အမျက်မထွက် တတ်သူ စိတ်မဆိုးတတ်သူ ဒေါသမကြီးသူ ဖြစ်ရ၏။ အမောဟ = ဉာဏ်ပညာအားကြီးသော ကံကြောင့် ဝဇီ- ရူပမဉာဏ် = မိုးကြိုးစက်ကဲ့သို့ ထက်မြက်သော ဉာဏ်ပညာရှိသူ ဖြစ်ရ၏။ အတိတ်၏ ဓာတ်ငွေ့အရှိန်အဝါ သည် ဤပစ္စုပ္ပန်တွင် ရောင်ပြန်ဟပ်လျက်ရှိ၏။ ဤပစ္စုပ္ပန်၏ ဓာတ်ငွေ့အရှိန်အဝါတို့သည်လည်း နောင်အနာ- ဂတ်တွင် ရောင်ပြန်ဟပ်လျက်ပင် ရှိကြဦးမည်သာ ဖြစ်ပေသည်။
由于曾培育贪力强盛之业,当该业给果时,此人会对一切有情、无情的欲乐对象产生强烈执著与贪爱,成为贪重之人。由于曾培育无嗔〔即慈〕强盛之业,他成为“性情安乐者(sukhasīla)”,习惯安乐地生活;又成为“不易发怒者(akkodhana)”,不易动怒、不易生气、嗔不重。由于曾培育无痴〔即慧〕强盛之业,他具有“如金刚一样的智(vajirūpamañāṇa)”,智慧如霹雳武器一般锐利。过去所培育心性的力量会映照在现在;现在所培育心性的力量,也必将在未来继续映照出来。
ဝိပဿီဘုရားရှင် မပွင့်မီ သာသနာပအချိန်ကာလတစ်ခုက အရှင်ပစ္စေကဗုဒ္ဓတစ်ဆူအား ကြံတစ်ချောင်းစီ လှူခဲ့ကြသော ဇောတိကသူဌေးအလောင်းနှင့် အစ်ကိုဖြစ်သူတို့၏ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဆန်းစစ်ကြည့်ပါ။
请回顾并推度这则故事:在毗婆尸佛尚未出现、正法教法尚未住世的某个时期,后来成为 Jotika 富翁的人和他的兄长,各自供养一根甘蔗给一位独觉佛。
ဇောတိကသူဌေးအလောင်းလျာ ညီဖြစ်သူက အရှင်ပစ္စေကဗုဒ္ဓအား ကြံတစ်ချောင်း အလှူဒါနကိုပြု၍ လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိလိုကြောင်း ဆုတောင်းပန်ထွာခဲ့၏။ အစ်ကိုဖြစ်သူကား ယင်းကြံ တစ်ချောင်း အလှူဒါနကြောင့် နိဗ္ဗာန်ချမ်းသာကြီးတစ်ခုကိုသာ ရလိုကြောင်း ဆုတောင်းပန်ထွာခဲ့၏။
弟弟——未来的 Jotika 富翁——向独觉佛供养一根甘蔗,并发愿获得人界、天界与涅槃三种安乐;兄长则发愿,只愿由供养这一根甘蔗而获得涅槃大乐。
အလှူခံပုဂ္ဂိုလ်ချင်းလည်း တူ၏၊ လှူဖွယ်ဝတ္ထုချင်းလည်း တူ၏။ စိတ်ထားချင်းကား ကွာခြားလျက်ရှိ၏။
两人的受供者相同,供物也相同;内心的意向却不一样。
ညီဖြစ်သူ ဇောတိကသူဌေးအလောင်းကား လူချမ်းသာ နတ်ချမ်းသာကို တွယ်တာမက်မောသော လောဘဓာတ် ခြံရံလျက် ဒါနကံကို ပြုစုပျိုးထောင်ခဲ့၏။ သို့သော် အလှူခံ အရှင်ပစ္စေကဗုဒ္ဓအပေါ်၌ အဒေါသ မေတ္တာဓာတ် များလည်း ကိန်းဝပ်ခဲ့၏၊ ကံ-ကံ၏အကျိုးကို တတ်သိနားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပညာလည်း ခြံရံလျက်ရှိ၏။ အစ်ကိုဖြစ်သူကား နိဗ္ဗာန်ချမ်းသာတစ်ခုတည်းကိုသာ ဆုတောင်းသဖြင့် ယင်းဒါနကံ၌ အလောဘ အဒေါသအမောဟဓာတ်တို့ ခြံရံလျက်ရှိ၏။ ယင်းဓာတ်သုံးပါးတို့ အင်အားကောင်းနေ၏၊ စွမ်းအားကြီးမားနေ၏။
弟弟——未来的 Jotika 富翁——培育布施业时,这项业由贪求人界与天界安乐的贪围绕。不过,他对受供的独觉佛也有无嗔〔即慈心〕;这项布施业又有通晓业与业果的业自属正见之慧围绕。兄长只发愿获得涅槃安乐,所以其布施业由无贪、无嗔、无痴三者围绕;这三者当时都强而有力。
တစ်ချိန် ယင်းကံများက အသီးအသီး အကျိုးပေးလိုက်ရာ အလွန့်အလွန် ချမ်းသာကြွယ်ဝသော သူဌေးသား နှစ်ဦးတို့ ဖြစ်လာကြပြန်၏။ ဝိပဿီဘုရားရှင်၏ သာသနာတော်နှင့် ဆုံဆည်းမိသောအခါ အလောဘ အဒေါသ အမောဟဓာတ်တို့ ခြံရံထားသော ကံကို ပြုစုပျိုးထောင်ခဲ့သော အစ်ကိုဖြစ်သူက ရှိသမျှ စည်းစိမ်ချမ်းသာကို ညီဖြစ်သူအား အကုန်စွန့်၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရဟန်းတရားများကို ပွားများအားထုတ်လေရာ ရဟန္တာဖြစ်သွားတော်မူ၏။ အလောဘ အရင်းခံသော ကံကြောင့် ရရှိသော စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာ မက်မောမှု လုံးဝမရှိဘဲ စွန့်လွှတ်နိုင်ခဲ့၏၊ လောဘမကြီးသူ ဖြစ်ရ၏။ အဒေါသ = မေတ္တာဓာတ်၏ စွမ်းအားကြောင့် ရဟန္တာဖြစ်လျက် စိတ်ချမ်းချမ်းသာသာဖြင့် နေရ၏။ အမောဟ = ဉာဏ်ပညာဓာတ်၏ စွမ်းအားကြောင့် သစ္စာ လေးရပ်တရားမြတ်ကို အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်အောင် ထွင်းဖောက်သိမြင်ခဲ့၏။ ဉာဏ်ပညာကြီးမား-
后来,这些业分别给果,兄弟二人又生为极其富有的富家子。遇到毗婆尸佛的教法时,兄长由于曾培育无贪、无嗔、无痴所围绕的业,便把全部财富都交给弟弟,进入教法出家,修习沙门之法,最终成为阿罗汉。由于以无贪为根本的业,他对所得财富毫无执著贪爱,能够舍弃,成为不贪重之人;由于无嗔〔即慈〕的力量,他成为阿罗汉后安乐而住;由于无痴〔即智慧〕的力量,他洞彻四圣谛,直至证得阿罗汉道与阿罗汉果。他成为智慧广
သူဖြစ်ရ၏။
大之人。
တစ်ဖန် ညီဖြစ်သူကား လူချမ်းသာ နတ်ချမ်းသာကို တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့သဖြင့် လူချမ်းသာကြီးနှင့် တွေ့ကြုံရသောအခါ ယင်းစည်းစိမ်ချမ်းသာတို့ကို မစွန့်လွှတ် နိုင် ဖြစ်နေ၏။ အတွယ်ကြီး တွယ်နေ၏၊ လောဘကြီးသူ ဖြစ်ရပြန်၏။ သူ၏ အလောဘဓာတ်က ယင်းအားကောင်း နေသော လောဘဓာတ်ကို အနိုင်မယူနိုင် ဖြစ်ခဲ့ရ၏။ သို့သော် တစ်ဖက်တွင်လည်း အဒေါသ = မေတ္တာဓာတ် နှင့် အမောဟ = ဉာဏ်ပညာတို့လည်း ယင်းကံ၌ ခြံရံထားသဖြင့် ဝိပဿီဘုရားရှင်အပေါ်၌ မေတ္တာဓာတ် အားကောင်းသူ ဖြစ်ရပြန်၏။ ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့၏။ လူသား တို့အပေါ်၌လည်း မေတ္တာဓာတ်ကြီးမားသူ ဖြစ်ရပြန်၏။
另一方面,弟弟曾在贪求、执著人界与天界安乐的贪所围绕下培育业,所以当他获得巨大人间财富时,便无法舍弃那些财富,深深依恋,成为贪重之人;他的无贪无法战胜那股强盛的贪。然而从另一面说,该业也有无嗔〔即慈〕与无痴〔即智慧〕围绕,所以他又成为对毗婆尸佛怀有强大慈心的人,为佛陀建造、供养了一座宏伟的香室精舍(gandhakuṭi);他对人们也怀有深厚的慈心。
原书第 321 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း လူသားတွေသည် ဝိပဿီဘုရားရှင်အား ဖူးမြော်ရခြင်းကြောင့် ဖူးမြော်ရသည့် ကုသိုလ်စေတနာတွေ ရရှိကြပါစေ၊ ဘုရားရှင်၏ တရားတော်ကို ကြားနာရခြင်းကြောင့် ကုသိုလ်တရားတွေ တိုးပွားကြပါစေ၊ အသိထူး ဉာဏ်ထူးတွေ ရရှိကြပါစေဟူသော မေတ္တာပြဓာန်းသော စိတ်ဓာတ်ဖြင့် ယင်းဂန္ဓကုဋီကျောင်းတော်၏ ဝန်းကျင် တွင် ပုဆစ်ဒူးဝန်းနစ်မျှ ပတ္တမြားရတနာများကို ဖြန့်ခင်းလျက် --- မည်သူမဆို လက်တစ်ဆုပ်စာ ယူသွားနိုင် သည်ဟု ကျေညာချက် ထုတ်ပြန်ကာ လှူဒါန်းခဲ့ပြန်၏။ လူသားတို့ အပေါ်၌ အားကောင်းသော မေတ္တာဓာတ် များ ကိန်းဝပ်လာ၏။ ဘုရားရှင်ကို မဖူးမြော်လိုသူတို့လည်း ပတ္တမြားကို အလိုရှိခြင်းကြောင့် ကျောင်းတော်သို့ ရောက်ခဲ့သော် ဘုရားရှင်ကို ဖူးမြင်ခွင့် ရကြပေလတ္တံ့၊ တရားတော်ကိုလည်း နာယူခွင့် ရကြပေလတ္တံ့၊ ထိုသို့ နာယူခဲ့ရသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင်သော အကျိုးထူးများကို ရရှိကြပေလတ္တံ့ဟူသော မျှော်လင့်
他怀着以慈为主导的心愿:“愿人们因礼见毗婆尸佛而获得礼敬的善思,因听闻佛陀之法而增长善法,并获得殊胜的知见与智慧。”于是,他把红宝石铺满香室精舍四周,深至没膝,并发布告示、作供养说:“任何人都可以取走一把。”他对人们怀有强大的慈心,并且这样期待:即使有人原本不想礼见佛陀,也会为了红宝石来到精舍;来到以后,他们便能见佛,也能听法;若能如此听闻,便可能获得直至道智、果智的殊胜利益。这些期
ချက်များလည်း ရှိနေ၏။ လူသားတို့အပေါ်တွင် ထားရှိသော မွန်မြတ်သော မေတ္တာနှင့် မွန်မြတ်သော အသိ- ဉာဏ်တို့ ဖြစ်ကြ၏။ အဒေါသ အမောဟတို့၏ အကျိုးဆက်ပင် ဖြစ်၏။ သို့သော် သူ၏ လောဘဓာတ်ကို အလောဘဓာတ်က မကုန်ခန်းစေနိုင်သဖြင့် (၉၁)ကမ္ဘာ ခရီးကို ဖြတ်ကျော်ခဲ့ရပြန်၏။ တစ်ကမ္ဘာ တစ်ကမ္ဘာ တွင် သတ္တဝါတစ်ဦး၏ သေကျေပျက်စီးသွားသောအခါ ကြွင်းကျန်သည့် အရိုးတို့ကို စုပုံလိုက်ခဲ့သော် အရိုးတို့ ကလည်း မဆွေးမြေ့ခဲ့ပါမူကား ဝေပုလဒတောင်ခန့် မြင့်မားသည့် တောင်ကြီးတစ်တောင်ခန့် အရိုးပုံကြီး ဖြစ်- နိုင်၏။ (၉၁)ကမ္ဘာခရီးကို ဖြတ်ကျော်ခဲ့ရသဖြင့် တောင်အလုံးပေါင်း (၉၁)လုံးလောက်ရှိသည့် အရိုးတွေ တောင် လိုပုံ၍ သေနိုင်၏။ သို့အတွက် လူ့ဘဝ လူ့ချမ်းသာကို တွယ်တာမက်မောခြင်းသည် တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခြင်းသည် အရိုးတွေ တောင်လိုပုံ၍ သေကျေပျက်စီးမှုကို တွယ်
望确实存在于他心中。这是他对人们所怀的崇高慈心与崇高智慧,是无嗔与无痴的后果。然而,因为他的无贪未能使贪穷尽,他又不得不走过九十一劫的旅程。每一劫中,若把同一位有情一次次死亡后残留的骨骸全都堆积起来,而且那些骨骸不曾朽坏,便可堆成一座约有 Vepulla 山那么高的骨山。走过九十一劫,骨骸便可能堆成约九十一座这样的山。因此,执著贪爱人身与人间安乐,在贪所围绕下培育业,就等于执
တာမက်မောသည်နှင့်ပင် တူနေပေသည်။ သို့သော် ဇောတိက သူဌေးအလောင်းကား နိဗ္ဗာန်ချမ်းသာကြီးကို လည်း တစ်ဖက်က ဆုတောင်းထားသဖြင့် ဂေါတမဘုရားရှင်၏ သာသနာတွင် ကျွတ်တမ်းဝင်ခွင့် ရရှိသွားပေသည်။
著、贪爱那种死后骨骸堆积如山的毁灭。可是,未来的 Jotika 富翁另一方面也曾发愿获得涅槃大乐,所以终于在乔达摩佛的教法中获得了解脱的机会。
ဤဥဿဒ ကိတ္တန ကထာပိုင်းကို ကြည့်ပါက ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော ကံသည် ယခုဘဝ၌- ၁။ လောဘ ကြီးသူ မကြီးသူ ဖြစ်အောင်၊ ၂။ ဒေါသ ကြီးသူ မကြီးသူ ဖြစ်အောင်၊ ၃။ ဉာဏ်ပညာ ကြီးသူ မကြီးသူ ဖြစ်အောင် --- ဤသို့ စသည်ဖြင့် စီမံနေကြောင်းကိုလည်း သိရှိနိုင်၏။ အလားတူပင် ယခုဘဝ၌ ပြုသမျှ ကံသည်လည်း နောက်နောက် ဘဝအဆက်ဆက်၌ ဤကဲ့သို့ စီမံလိမ့်မည်သာ ဖြစ်ကြောင်းကိုလည်း သိနိုင်လောက်ပေပြီ။
由这部分“增盛说明论”可知,过去世所培育的业,会在今生作出如下安排:一、使人成为贪重或不贪重的人;二、使人成为嗔重或不嗔重的人;三、使人成为智慧广大或智慧不广大的人,等等。同理也应明白,今生所造的一切业,也会在未来一生又一生中作出这样的安排。
သို့အတွက် ကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ လောဘ ဒေါသ မာန် မာန ဣဿာ မစ္ဆေရ စသော ယုတ်ညံ့ သော ဓာတ်ခိုး ဓာတ်ငွေ့များကို မခြံရံစေဘဲ အလွန်မွန်မြတ်သော မေတ္တာဓာတ် ကရုဏာဓာတ် အသိဉာဏ် ပညာတို့ ခြံရံစေလျက် ကံကို ပြုစုပျိုးထောင်မိဖို့ လိုအပ်ပေသည်။
因此,在培育一项业时,不应让贪、嗔、骄慢、嫉、悭等卑劣心性围绕它;应当让极为崇高的慈心、悲心与智慧围绕它,而后培育这项业。
ယခုအခါ ဘုရားရှင်၏ သာသနာတော်တွင်း၌ --- ၁။ အဆင့်အတန်း အမြင့်မားဆုံးသော မေတ္တာဓာတ်များ ကိန်းဝပ်လာအောင်၊ မိမိတို့၏ စိတ်ဓာတ်ကို မေတ္တာ ဓာတ်ဖြင့် ထုံမွမ်းထားသော အလှပဆုံးသော စိတ်ဓာတ်များဖြစ်အောင် မေတ္တာစျာန် ရသည့်တိုင်အောင်သော သမာဓိကျင့်စဥ်များလည်း ထင်ရှားရှိနေ၏။ အလားတူပင် အဆင့်အတန်း အမြင့်မားဆုံးသော ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ်တို့ မိမိတို့၏ စိတ်အစဥ်ဝယ် ကိန်းဝပ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအား- ထုတ်ရမည့် သမာဓိကျင့်စဥ်များလည်း ထင်ရှား တည်ရှိနေသည်သာ ဖြစ်၏။
如今在佛陀的教法中,确实有种种修定方法:修到获得慈禅,使最崇高的慈心住于自己心中,使自己的心受到慈的熏陶,成为最美好的心。同样,也有应当精勤修习的修定方法,使最崇高的悲心、随喜心与舍心住于自己的心相续中。
原书第 322 页
ယင်းသမာဓိကျင့်စဥ်များကို အောင်အောင်မြင်မြင် တကယ်တန်း လက်တွေ့ကျင့်သုံးနိုင်ပါက မေတ္တာဓာတ် ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ်တို့ ကိန်းဝပ်တည်နေသော မိမိ၏ စိတ်အစဥ်သည် အလွန် အဆင့် အတန်းမြင့်မားနေသော စိတ်ဓာတ်များသာ ဖြစ်နေပေမည်။ ယင်း အဆင့်အတန်းမြင့်မားသော စိတ်ဓာတ်များ ကိန်းဝပ်လျက် ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်လိုက်ပါက ထိုကံက အကျိုးပေးခွင့်သာ၍ ဘဝတစ်ခုကို အကျိုးပေးခဲ့သော် ထိုဘဝတွင် --- သတ္တဝါတို့ အပေါ်ဝယ် --- ၁။ အလွန် မေတ္တာဓာတ်ကြီးမားသူ ဖြစ်ရ၏၊ ၂။ အလွန် ကရုဏာဓာတ်ကြီးမားသူ ဖြစ်ရ၏၊ ၃။ အလွန် မုဒိတာဓာတ်ကြီးမားသူ ဖြစ်ရ၏၊ ၄။ အလွန် ဥပေက္ခာဓာတ်ကြီးမားသူ ဖြစ်ရ၏။
如果能够真正、成功地把这些修定方法运用于实际,慈心、悲心、随喜心与舍心住于其中的自身心相续,就只会是层次极高的心。若在这些崇高心性住于心中、围绕着心的情况下培育一项业,当该业得到给果的机会而带来某一生时,在那一生中,对于诸有情:一、会成为慈心极强的人;二、会成为悲心极强的人;三、会成为随喜心极强的人;四、会成为舍心极强的人。
သံသရာတစ်ခွင် ကျင်လည်ခိုက်ဝယ် တွေ့ကြ ဆုံကြသည့် သတ္တဝါအချင်းချင်း အပေါ်၌ ရှိသင့် ရှိထိုက် ထားသင့် ထားထိုက်သော အဆင့်မြင့်မားသော စိတ်ထားများပင် ဖြစ်ကြပေသည်။ အလွန်အလိုရှိအပ်သော စိတ်ထားများပင် ဖြစ်ကြပေသည်။ မွန်မြတ်သော ကျင့်စဥ်များ ဖြစ်ကြသဖြင့် ဗြဟ္မစရိယ = ဗြဟ္မစိုရ်ဟူသော အမည်ထူးကိုလည်း ရရှိပေသည်။
这些正是有情在轮回中流转、彼此相逢时,应当具有、应当培育的崇高心态;也是极其值得向往的心态。由于都是高尚的修行,它们又获得了“梵行(brahmacariya;此处即指四梵住之行)”这一殊名。
တစ်ဖန် အဆင့်အမြင့်မားဆုံးသော ပညာကျင့်စဥ်များလည်း ဤသာသနာတွင် ထင်ရှားရှိနေပေ၏။ ယခု ဖော်ပြပြီးသော ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းကိုပင် ပြန်ကြည့်ပါ။ ရုပ်လောကတွင် အလွန့်အလွန် သေး- ငယ်လှသော ရုပ်ကလာပ်များကို မြင်အောင် ရှုနည်း၊ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနည်း၊ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော ဝီထိစိတ်တို့ကိုလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုနည်း --- ဟူသော ဤကျင့်စဥ်တို့ကား သမ္မာသမ္ဗဒ္ဓုဘုရားရှင်၏ သာသနာတော်တွင်း၌သာ ထင်ရှား ရှိသော ရရှိနိုင်သော ကျင့်စဥ်တို့ ဖြစ်ကြ၏။ တစ်ဖန် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုင်ရာ ကျင့်- စဥ်များ ဝိပဿနာကျင့်စဥ်များမှာလည်း ဤဘုရားရှင်၏ သာသနာတော်တွင်း၌သာ ရရှိနိုင်သော ကျင့်စဥ်များ ဖြစ်ကြ၏။ ထိုကျင့်စဥ်တို့ကို လက်တွေ့အောင်မြင်စွာ ကျင့်နိုင်သဖြင့် ရရှိလာသော ---
此外,这一教法中也清楚存在层次最高的智慧修法。请回看刚刚说明的色业处与名业处:在色法领域中,观到极其微小的色聚;把这些色聚观到智见抵达究竟法;又把依心定律轨道而生起的诸路心,观到智见抵达究竟法——这些修行,只有在正等觉佛陀的教法中才明确存在、才可能获得。此外,有关因果相连的缘起修法,以及观禅修法,也只有在这位佛陀的教法中才能获得。实际、成功地修成这些法门,便能获得:
၁။ ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ပိုင်းပိုင်းခြားခြား ထိုးထွင်းသိသော နာမရူပပရိစ္ဆေဒဉာဏ် ၂။ ယင်းရုပ်နာမ်တို့၏ ဖြစ်ပေါ်စေတတ်သော အကြောင်းတရားတို့ကို သိမ်းဆည်းနိုင်သော ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ် ၃။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို မဂ်ဆိုက် ဖိုလ် ဆိုက်သည်တိုင်အောင် ထိုးထွင်းသိမြင်တတ်သော ဝိပဿနာဉာဏ် ၄။ အရိယမဂ်ဉာဏ် ၅။ အရိယဖိုလ်ဉာဏ် ဤဉာဏ်တို့ကား အဆင့်အတန်း အမြင့်မားဆုံးသော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ သာသနာတော်၏ ပြင်ပ လောက၌ ရရှိနိုင်သော ဉာဏ်ပညာတို့လည်း မဟုတ်ကြပေ။ ယနေ့ မျက်မှောက်ခေတ် သိပ္ပံလောကတွင်လည်း ရရှိနိုင်သော ဉာဏ်ပညာမျိုးများ မဟုတ်ကြပေ။ ယနေ့ မျက်မှောက်ခေတ် သာသနာတော်၏ ပြင်ပ၌ တည်ရှိ ကြသော ဒဿနိကပညာရပ် အမျိုးမျိုး၌လည်း ရရှိနိုင်သော ဉာဏ်ပညာမျိုးများ မဟုတ်ကြပေ။ သာသနာတော်
一、名色分别智:对色与名分别辨明,洞彻知见到究竟法;二、缘摄受智:以能够摄受、辨明这些色名生起诸因的智来分别其缘;三、观智:洞彻知见色、名、因、果——即诸行法——之无常、苦、无我行相,直至证得道与果;四、圣道智;五、圣果智。这些智是层次最高的智慧,并不是在教法之外的世间所能获得,也不是当今科学界所能获得,更不是当今教法之外的各种哲学学问所能获得;它们是唯在佛陀教
တွင်း၌သာ ရရှိနိုင်သော အမှန်ကန်ဆုံးသော အမြင့်မားဆုံးသော ဉာဏ်ပညာတို့ ဖြစ်ကြ၏။
法之内才能获得的、最正确也最高的智慧。
原书第 323 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ယင်းအမြင့်မားဆုံးသော ဉာဏ်ပညာတို့ဖြင့် ထုံမွမ်းထားအပ်သော အသင်သူတော်ကောင်း၏ စိတ်ဓာတ် သည်လည်း အမြင့်မားဆုံးသော စိတ်ဓာတ်သာဖြစ်၏။ ယင်းသို့ အမြင့်မားဆုံးသော အဆင့်သို့ ရောက်အောင် မြှင့်တင်ထားအပ်သော အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည်ကား --- အသင်သူတော်ကောင်း၏ ရုပ်နာမ် သန္တာန်အစဥ်ကို --- ၁။ အပါယ်ဘေးဆိုးကြီးမှလည်း ကျွတ်လွတ်သွားအောင် ထုတ်ဆောင် ကယ်တင်ပေးနိုင်၏။
受到这些最高智慧熏陶的贤者,其心也是最高层次的心。贤者,你把自己的心提升到如此最高的层次,它便能够对你的色名相续做到:一、把它引出并救离恶趣这一巨大灾难。
၂။ အိုဘေးဆိုးကြီး၊ နာဘေးဆိုးကြီး၊ သေဘေးဆိုးကြီး၊ ပဋိသန္ဓေတည်နေရသည့် ဘေးဆိုးကြီးဟူသော သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးတို့မှလည်း ထုတ်ဆောင် ကယ်တင်ပေးနိုင်၏။
二、把它引出并救离老、病、死以及不断结生这些巨大灾难,也就是轮回流转的种种苦难。
၃။ အကယ်၍ သံသရာခရီး မဆုံးသေးသဖြင့် သံသရာတစ်ခွင်၌ ကျင်လည်ခဲ့ရလျှင်လည်း အကြီးမားဆုံးသော အသိအလိမ္မာ ဉာဏ်ပညာရှိသူ ဖြစ်ရအောင် စီမံခန့်ခွဲပေးနိုင်၏။
三、如果轮回旅程尚未结束,仍须在轮回中流转,它也能作出安排,使你成为具有极大明辨与智慧的人。
ဤသည်တို့ကား မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ ကိုယ်တိုင်က မေတ္တာဓာတ် ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ် အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ် (ပညာဉာဏ်)တို့ဖြင့် အဆင့်အတန်း မြင့်မား သွားအောင် မြှင့်တင်ပေးလိုက်သဖြင့် ယင်းအကောင်းဓာတ်တို့ ထုံမွမ်းထားအပ်သော အလွန်အဆင့်အတန်း မြင့်နေသော မိမိတို့၏ စိတ်ဓာတ်က မိမိ၏ ဘဝကို မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်၏၊ ဆင်းရဲဒုက္ခ အမျိုးမျိုးမှ ထုတ်ဆောင် ကယ်တင်ပေးလိုက်ခြင်းပင် ဖြစ်၏။ လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်အောင် မြှင့်တင်ပေးလိုက် ခြင်းပင် ဖြစ်၏။
这些结果,正是因为我们亲自以慈心、悲心、随喜心、舍心、无贪、无嗔、无痴〔慧〕来提升自己的心:受到这些善性熏陶而达到极高层次的心,反过来提升了自己的生命,把自己从种种痛苦中引出、救离,使自己在人中成为人中胜者,生于天界时则成为胜于诸天者。
ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကြကုန်သော အဆူဆူသော ဘုရားရှင်တို့သည်လည်း မိမိတို့၏ စိတ်- ဓာတ်ကို ပါရမီဆယ်ပါး အပြားသုံးဆယ်တည်းဟူသော အကောင်းဓာတ်တို့ဖြင့် ထုံမွမ်းပေးတော်မူနိုင်ကြသည့် အတွက် ဘုရားအဖြစ်သို့ ရောက်ရှိသွားတော်မူကြ၏။ သို့အတွက် အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည် လည်း ကြိုးစားက ဘုရားဖြစ်နိုင်သည့် စိတ်ဓာတ်မျိုးသာ ဖြစ်ပေသည်။
过去出现的诸佛,多于恒河沙数;他们都因为能够以十波罗蜜及其三十种展开的善性熏陶自己的心,而抵达佛果。因此,贤者,你的心只要精进培育,也同样具有能够成佛的潜能。
အကယ်၍ အသင်သူတော်ကောင်းသည် ထိုကဲ့သို့ မိမိ၏ စိတ်ဓာတ်ကို မိမိကိုယ်တိုင် မြှင့်တင်မပေးဘဲ ထားလျှင်၊ အကောင်းဓာတ်များကို မွေးမြူရေး မပြုလုပ်ဘဲ မကောင်းဓာတ်များကိုသာ မွေးမြူရေး ပြုလုပ်နေပါ လျှင် အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည်လည်း အဆင့်အတန်း နိမ့်ကျသွားပြီ ဖြစ်၏။ အဆင့်အတန်း နိမ့်ကျနေသော စိတ်ဓာတ်က အဆင့်အတန်းနိမ့်သော ဘဝအမျိုးမျိုးသို့ ရောက်အောင် ပို့ဆောင်ပေးတော့မည် ဖြစ်၏။
如果贤者不亲自如此提升自己的心,不培育善性,反而只培育不善性,那么你的心也会降到低下层次;低下层次的心,便会把你带到种种低下的生命状态。
အကယ်၍ အသင်သူတော်ကောင်းသည် ကံကို ပြုစုပျိုးထောင်စဥ်ဝယ် ''ဒီလင် ဒီသား ဒီမယားနှင့် မခွဲရ အောင်၊ ငှက်ပင်ဖြစ်လည်း သစ်တစ်ကိုင်းတုံ သိုက်နန်းလှုံရအောင်''ဟူသော ဦးတည်ချက်ဖြင့် တစ်ဦးအပေါ် တစ်ဦး တွယ်တာတပ်မက်နေသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ကောင်းမှု အတူ ပြုခဲ့သည် ဖြစ်အံ့။ --- ထိုကံက အကျိုးပေးသော အခါဝယ် တစ်ဦးနှင့် တစ်ဦး တွေ့ကြ ကြုံကြ ဆုံကြပြန် လျှင် မခွဲရက် မခွာနိုင် ရှိတတ်၏၊ အစွဲကြီး စွဲနေတတ်ကြ၏၊ တဲအိုပျက်မှာ ထမင်းရေပင် လျက်ရပါစေဟူသော စိတ်ဓာတ်များ ကိန်းဝပ်နေတတ်၏။ အကယ်၍ အတူပြုဘက် ကောင်းမှုရှင်သည် ငမူး ဖြစ်နေပြန်လျှင်လည်း ထိုငမူးက မည်မျှပင် ရိုက်နှက်စေကာမူ ရွှေဖဝါးတော်အနားမှ တစ်ဖဝါးမျှ မခွာရက်နိုင် ဖြစ်နေတတ်၏။
假如贤者在培育一项业时,抱着这样的目标:“愿我不与这个丈夫、这个儿子、这个妻子分离;即使成为鸟,也愿在同一根树枝上共筑一巢。”若以彼此依恋贪著的贪围绕着心,共同造作善业,那么当该业给果、两人再度相逢时,往往会舍不得分离,彼此执著得很深;甚至会生起这样的心:“哪怕住在破旧茅棚,只能舔几口饭汤,也愿意相守。”如果昔日共同造善的伴侣后来成了酒鬼,那么无论那个酒鬼怎样殴打,也可能仍舍不得从他的“金足”旁挪开一步。
အလားတူပင် စီးပွားရေး အဆင်ပြေလိုကြောင်း ငွေများများ ရလိုကြောင်း ရွှေများများ ရလိုကြောင်း ရာ ထူးဌာနန္တရ တိုးတက်လိုကြောင်း ဦးတည်၍ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတို့ အပေါ်၌ တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်မိလျှင် ထိုကံက အကျိုးပေးခွင့်သာ၍ စီးပွားဥစ္စာ ချမ်းသာကြွယ်ဝ-
同样,如果一个人以生意顺利、多得金钱、多得黄金、职位晋升为目标,在执著、贪恋财富与职位的贪所围绕下培育业,那么当该业得到给果的机会,使他获得富裕
原书第 324 页
သော ဘဝတစ်ခုကို ရရှိပြန်သော် ဇောတိကသူဌေးလောင်းကဲ့သို့ စည်းစိမ်ဥစ္စာတို့မှ မခွဲရက် မခွာနိုင် ရှိတတ် ပြန်၏။ ရာထူးဌာနန္တရကို ရပြန်လျှင်လည်း ထိုရာထူးဌာနန္တရ အပေါ်၌ ဖားမြွေခဲသို့ မစွန့်လွှတ်နိုင် ရှိတတ်၏။
的一生时,他又可能像未来的 Jotika 富翁那样,舍不得离开财富;若得到官位,也可能死死攀住那个官位,无法放手。
အကယ်၍ ဒေါသဓာတ် ခြံရံလျက် မကျေနပ်မှုတွေ ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့ပါက ထိုကံက အကျိုးပေးသော ဘဝဝယ် ဒေါသကြီးသူ ဖြစ်ရပြန်၏၊ မကျေနပ်မှု များပြားသူ ဖြစ်ရပြန်၏။ တစ်လောကလုံးဝယ် မည်သူ့အပေါ်ကိုမျှ ကျေနပ်မှု မရနိုင် ရှိတတ်၏။
如果在嗔与种种不满围绕下培育业,那么该业给果的一生中,又会成为嗔恨强烈、不满很多的人,甚至可能对全世界任何人都无法感到满意。
တစ်ဖန် ကြွားဝါလိုသော စိတ်ထား၊ အသာယူလိုသော စိတ်ထား၊ မိမိကိုယ်ကို မိမိ အထင်ကြီးသော စိတ် ထား၊ သူတစ်ပါးကို အထင်သေးသော စိတ်ထား --- ဤသို့သော လောဘ-မာန ဦးဆောင်သည့် စိတ်ထားမျိုးဖြင့် ကံကို ပြုစုပျိုးထောင်သည် ဖြစ်အံ့၊ ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ် ဝါကြွားလိုသော စိတ်ဓာတ်ရှိသူ ဖြစ်ရတတ်၏၊ မကြွားရ မနေနိုင် ဖြစ်နေတတ်၏၊ တစ်ဖက်သား အပေါ်၌ အမြဲတမ်း အပေါ်စီးက နေလိုသော စိတ်ထားရှိသူ ဖြစ်ရတတ်၏၊ မိမိကိုယ်ကို မိမိ အမြဲတမ်း အထင်ကြီးနေတတ်၏။ စိတ်ကြီးဝင်နေတတ်၏၊ သူ တစ်ပါးကို အမြဲတမ်း အထင်သေးနေတတ်၏။ အဖက်မတန်ဟု ယူဆတတ်၏၊ မခေါ်ချင် မပြောချင် ဖြစ်နေ တတ်၏။
再者,如果以想要夸耀、想要占上风、自视甚高、轻视他人等由贪与慢主导的心态来培育业,那么该业得到给果机会的一生中,往往会成为爱夸耀的人,不夸耀便无法自处;总想高居他人之上,总是自视甚高、妄自尊大,也总是轻视别人,认为他人不配与自己交往,不愿招呼、不愿说话。
အကယ်၍ ကိုယ့်ထက်သာ မနာလိုသော၊ သူတစ်ပါး၏ စည်းစိမ်ကို ငြူစူစောင်းမြောင်းသော စိတ်ထား ဟူသည့် ဣဿာတရား ခြံရံလျက် ကံကို ပြုစုပျိုးထောင်မိငြားအံ့၊ ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ် ဣဿာ ထူပြောသူ ဖြစ်ရတတ်ပြန်၏၊ ကိုယ့်ထက်သာသူ မှန်သမျှကို ကြည့်မရ ဖြစ်နေတတ်၏။ ဤဣဿာ တရားသည် ကိုယ့်ထက်သာ မနာလိုသော စိတ်ထားရှိကြသည့် မနောပဒေါသိက အမည်ရသော နတ်တို့၏ အသက်ကိုပင် ကုန်စေနိုင်သော စွမ်းအား ရှိပေ၏။
如果在嫉的围绕下培育业——也就是不容别人胜过自己、嫉妒眼红他人财富的心态——那么该业得到给果机会的一生中,往往又会成为嫉妒炽盛的人,见不得任何胜过自己的人。这种嫉甚至有力量耗尽“意愤天(manopadosika)”的寿命;这类天众正是怀有不容他人胜过自己的嫉心。
တစ်ဖန် ကိုယ့်စည်းစိမ်ကို အထိမခံနိုင်သော စိတ်ထား၊ မိမိ၏ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုကို အထိ မခံနိုင်သော စိတ်ထားဟူသော မစ္ဆရိယဓာတ် ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်မိလိုက်သည် ဖြစ်အံ့၊ ထို ကံက အကျိုးပေးခွင့်သာသော ဘဝဝယ် မစ္ဆရိယ များပြားသူ ဖြစ်ရတတ်၏။ ''မယား မထိနဲ့ ဓားကြည့်''ဟူသော စိတ်ဓာတ်မျိုး ကိန်းဝပ်လာတတ်၏။ ပစ္စည်းထိလည်း မခံနိုင်၊ သားထိလည်း မခံနိုင်၊ သ္မီးထိလည်း မခံနိုင် ရှိတတ်၏။
再者,如果在悭的围绕下培育一项业——也就是不许别人触碰自己的财富、不许别人触碰属于自己的各种有情或无情欲乐对象的占有心——那么该业得到给果机会的一生中,往往会成为悭吝很重的人,心中生起“别碰我的妻子,先看看我的刀”这样的念头;自己的物品不许人碰,儿子不许人碰,女儿也不许人碰。
ဤဖော်ပြပါ အချက် အရပ်တို့ကို အဖန်ဖန် ရှုဆင်ခြင်လျက် သံသရာခရီးမှ ကျွတ်လို လွတ်လိုခဲ့သော် သို့မဟုတ် အဆင့်အတန်း မြင့်မားသော ဘဝတစ်ခုကို ရယူလိုခဲ့သော် အသင်သူတော်ကောင်းသည် မိမိ၏ စိတ်ဓာတ်ကို မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးတတ်ဖို့ မြှင့်တင်ပေးတတ်ဖို့ လိုအပ်ပေလိမ့်မည်။ နေ့စဥ် နေ့ စဥ် အချိန်တိုင်း အချိန်တိုင်း လိုလိုမှာပင် လက်လှုပ်တိုင်း ခြေလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကာယကံ ဝီစကံ မနောကံတွေကား တစ်ခုပြီး တစ်ခု ဖြစ်နေကြ၏။ မကောင်းဓာတ်များ ထုံမွမ်းထားအပ်သော ကာယကံ ဝီစကံ မနောကံတို့ မဖြစ်အောင်၊ အကောင်းဓာတ်များသာ အမြဲတမ်း ခြံရံနေသည့် ကာယကံ ဝီစကံ မနောကံတို့ ဖြစ်အောင် သမထ ဝိပဿနာ ဘာဝနာတို့ကို အချိန်ရှိတိုင်း အမြဲမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းခြင်းဖြင့် မိမိ တို့၏ စိတ်ဓာတ်ကို သမာဓိ ပညာတို့ဖြင့်၊ တစ်နည်းဆိုရသော် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် ထုံမွမ်း
反复观照、思惟以上种种情况以后,若想脱离轮回旅程,或者想获得层次更高的一生,贤者就必须学会亲自改造、提升自己的心。日复一日,几乎时时刻刻,每一次动手、动脚、开口,身业、语业与意业都会接连生起。为了不让受不善性熏陶的身业、语业、意业生起,为了只让始终受到善性围绕的身业、语业、意业生起,应当趁一切可用的时间不断精进修习止与观,以定与慧——换言之,以信、精进、念、定、慧——熏陶
ပေးရမည် ဖြစ်ပေသတည်း။
自己的心;这正是我们必须做的。
အမှတ် (၂) ပုဂ္ဂိုလ်မျိုး
第二类人
ယဿ ပန ကမ္မာယူဟနက္ခဏေ လောဘဒေါသာ ဗလဝန္တော ဟောန္တိ၊ အလောဘာဒေါသာ မန္ဒာ၊ အမော- ဟော ဗလဝါ၊ မောဟော မန္ဒော၊ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒုဋ္ဌော စ၊ ပညဝါ ပန ဟောတိ ဝဇိရူပမဉာဏော၊ ဒတ္တာဘယတ္ထေရော ဝိယ။ (အဘိ-ဋ္ဌ-၁-၃ဝ၈။)
“若某人在造业刹那,贪与嗔强,无贪与无嗔弱;无痴强,痴弱,则如前述,他既贪重又嗔重,却是具慧者,具有如金刚一样的智,犹如施无畏长老。”(《殊胜义注》1-308。)
原书第 325 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း = ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်စဥ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ ဒေါသတို့ကား အား- ကောင်းနေကြကုန်၏။ ထိုထိုဘဝ ထိုထို ပစ္စည်းဝတ္ထု ထိုထို ရာထူးဌာနန္တရတို့ကို တွယ်တာတပ်မက်မှု လောဘ တစ်ပုံကြီးနှင့် --- ''ဟိုလူ့မကျေနပ် ဒီလူ့မကျေနပ်''ဟူသော မကျေနပ်ချက်တွေ တစ်ပုံကြီးနှင့် ကံကို (ကုသိုလ် ကံတစ်ခုကို) ပြုစုပျိုးထောင်နေ၏။ အလောဘဓာတ် အဒေါသ (မေတ္တာ)ဓာတ်တို့ကား အလွန်အားပျော့နေ ကြ၏။ သို့သော် အမောဟ ပညာကား အားကောင်းလျက် ရှိ၏။ ထိုပုဂ္ဂိုလ်သည် အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း ကံကို ထူထောင်ခဲ့စဥ်က လောဘ အားကောင်းခဲ့သည့် အတွက် (ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ်) လောဘကြီးသူ ဖြစ်ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဥ်က ဒေါသ အားကောင်းခဲ့သည့်အတွက် ဒေါသ ကြီးသူ ဖြစ်ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဥ်က အမောဟ ပညာဓာတ် အားကောင်းခဲ့သည့် အတွက် ဒတ္တာဘယ
一个人在造业之时,他的相续中贪与嗔都很强:怀着一大堆对种种生命、种种财物和种种职位的贪著,又怀着一大堆“对这个人不满,对那个人也不满”的不满,来造作一种业〔即善业〕。无贪与无嗔(慈)非常微弱,但无痴即慧却很强。如上所说,由于造业时贪强,当该业有机会给果的生命中,他成为贪重之人;由于造业时嗔强,他成为嗔重之人;由于造业时无痴这一慧因强,他便成为如施无畏
မထေရ်ကဲ့သို့ ဝရဇိန် လက်နက်နှင့်တူသော ဉာဏ်ပညာကြီးမားသူ ဖြစ်ရ၏။
长老那样,具有如金刚武器一般的广大智慧。
အမှတ် (၃) ပုဂ္ဂိုလ်မျိုး
第三类人
ယဿ ပန ကမ္မာယူဟနက္ခဏေ လောဘာဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ။ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒန္ဓော စ၊ သုခသီလကော ပန ဟောတိ အက္ကောဓနော။
“若某人在造业刹那,贪、无嗔与痴强,其余三因弱,则如前述,他既贪重又迟钝,却性情安乐,不易发怒。”
(အဘိ-ဋ္ဌ-၁-၃ဝ၈။)
(《殊胜义注》1-308。)
ပုဂ္ဂိုလ်တစ်ဦးကား ကံကို (= လူ့ဘဝရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို) ပြုစုပျိုးထောင်စဥ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ အဒေါသ မောဟတို့သည် အားကောင်းနေကြကုန်၏။ အလောဘ ဒေါသ အမောဟ တို့ကား နုံ့ကုန်၏ အားပျော့ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုကံက အကျိုးပေးခွင့်သာ၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုဝယ် ဖြစ်လာရသည်ရှိသော် --- ထိုကံကို ထူထောင်ခဲ့စဥ်က လောဘ အားကောင်းခဲ့သည့် အတွက် အလောဘက အားပျော့နေသည့် အတွက် အားကောင်းနေသော လောဘကို အားပျော့နေသော အလောဘက အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား လောဘကြီးသူ ဖြစ်ရ၏။ ကံကို ပြုစုပျိုးထောင်စဥ်က မောဟ က အားကောင်းခဲ့၏၊ အမောဟကား နုံ့နေ၏ အားပျော့နေ၏၊ နုံ့နေသော အားပျော့နေသော အမောဟက အားကောင်းနေသော မောဟကို သိမ်းကျုံးယူဖို့ရန် အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား ဉာဏ်ပညာ နုံ့-သူ ထိုင်းအ-သူ ဖြစ်ရ၏၊ နလပိန်းတုံး ဖြစ်နေရ၏။ အ-လွန်းသူ၊ န-လွန်းသူ ဖြစ်ရ၏။ သို့သော် ကံကို ထူ-
一个人在造作一种业〔即能使其获得人身的善业〕之时,他的相续中贪、无嗔与痴很强,而无贪、嗔与无痴则衰弱无力。当该业有机会给果,依结生之力使他投生于某一生命时:由于造业时贪强、无贪弱,微弱的无贪无法胜伏、耗尽强盛的贪,所以他成为贪重之人;又由于造业时痴强、无痴衰弱,微弱的无痴无法摄伏、胜伏、耗尽强盛的痴,所以他智慧低下、愚钝迟缓,成为愚笨之人,极其愚痴、迟钝。然而在造
ထောင်ခဲ့စဥ်က ဒေါသကား နုံ့နေ၏ အားပျော့နေ၏၊ အဒေါသ = မေတ္တာကား အားကောင်းလျက် ရှိ၏။ ယင်း အားပျော့နေသော ဒေါသကို အားကောင်းမောင်းသန်သော အဒေါသက အနိုင်ယူဖို့ရန် ကုန်ခန်းစေရန် စွမ်းနိုင်၏။
业之时,嗔衰弱无力,无嗔即慈却很强;强而有力的无嗔能够胜伏、耗尽微弱的嗔。
သို့အတွက် စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိသူ ဖြစ်ရ၏၊ ဒေါသမကြီးသူ ဖြစ်ရ၏။
因此,他常能心安而住,不是嗔重之人。
သတိပြုသင့်သော အချက်တစ်ရပ်
一项应注意之事
ဉာဏ်ပညာ မရှိဘဲ ဘာမှ တတ်သိနားလည်မှု မရှိဘဲ ကောင်းမှုတစ်ခုကို ပြုမိက ယင်းကံက အကျိုးပေး သော ဘဝဝယ် လူဖျင်း လူအ လူနသာ ဖြစ်ရ၏ ဉာဏ်ပညာ မရှိသူ နလပိန်းတုံး ဖြစ်ရ၏ဟူသော အချက်ကား အထူးသတိပြုသင့်သော အချက်ပင် ဖြစ်သည်။ အမှတ်တမဲ့ ကံတစ်ခုကို မပြုမိဖို့ အထူးသတိထားသင့်၏။
没有智慧、什么也不了解便造作一项善业,当该业给果时,就会成为低劣、愚痴、迟钝的人,成为没有智慧的愚笨之人——这一点尤其应当注意。应当特别谨慎,不要漫不经心地造业。
အကယ်၍ အမှုမဲ့ အမှတ်မဲ့ ကံတစ်ခုကို ပြုလိုက်မိသဖြင့် ထိုကံသည် ကံအရာ၌ တည်သွားခဲ့သော် ထိုကံကို ပြန်လည် ရုပ်သိမ်းဖို့ရန်ကား မလွယ်ကူသော အရာတစ်ခု ဖြစ်၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြင့်သာ ချေဖျက်၍ ရနိုင်၏။ ချေဖျက်၍ ရမှုမှာလည်း အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်၏ အရာသာဖြစ်သည်။
如果由于漫不经心而造作了一项业,使该业已经确立为业,要再把它撤回并不容易。只有依观智、道智与果智,才可能将它消解;而能作究竟的消解,尤其是阿罗汉道智的作用。
ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အကျိုးပေးမည့် ကံမှန်သမျှကို အရဟတ္တမဂ်ဉာဏ်ကသာ အပြီးအပိုင် ပယ်စွန့်နိုင်- သော စွမ်းအား ရှိသောကြောင့် ဖြစ်၏။
这是因为,只有阿罗汉道智具有彻底舍断一切原本会在般涅槃死没之后继续给果之业的力量。
原书第 326 页
သို့အတွက် ငွေကုန်ကြေးကျခံကာ ကောင်းမှုတစ်ခုကိုလည်း ပြုရသေး၏၊ လူဖျင်း လူအ လူန နလပိန်းတုံး ဘဝကိုလည်း ရရှိသေး၏ --- ဆိုလျှင် သံဝေဂရဖွယ် ကောင်းလှ၏၊ ဝမ်းနည်းဖွယ်လည်း ကောင်းလှ၏။ သို့- အတွက် ကောင်းမှုပြုတိုင်း ဉာဏ်ယှဥ်တတ်ဖို့ လိုပေသည်။ ဤတွင် ဉာဏ်-ပညာ အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြ အပ်ပါသည်။
因此,花费钱财做了一项善事,结果却还得到庸劣、愚昧、迟钝而愚笨的一生,这实在足以令人悚惧,也令人悲哀。所以,每逢行善,都必须使所生善心与智相应。这里将略为说明所谓的智、慧。
စတုသစ္စသမ္မာဒိဋ္ဌိ
四谛正见
ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသုမဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ-၁-၈၈။) သမ္မာဒိဋ္ဌိဟူ၍လည်းကောင်း၊ ပညိန္ဒြေ = ပညာဟူ၍လည်းကောင်း၊ အမောဟဟူ၍လည်းကောင်း၊ ဓမ္မဝိစယ ဟူ၍လည်းကောင်း ဤသို့ ပရိယာယ်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲထားသော တရားမှာ ပညိန္ဒြေစေတသိက်တစ်ခု တည်းသာဖြစ်၏။
“诸比丘,什么是正见?诸比丘,对苦之智、对苦集之智、对苦灭之智、对通往苦灭之行道之智——诸比丘,这称为正见。”(《中部》1-88。)无论称为正见(sammādiṭṭhi)、慧根(paññindriya),或称为慧、无痴(amoha)、择法(dhammavicaya),都是以不同异名指称同一个慧根心所。
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။ ဤဒုက္ခသစ္စာတရားစုတွင် စျာန်တရားတို့လည်း ပါဝင်ကြ၏။
1.能知过去、未来、现在、内、外、粗、细、劣、胜、远、近这11种方式存在的五取蕴——苦谛法——之智,称为正见。禅那诸法也包含在这一组苦谛法中。
၂။ အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်ပုံ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ် သည် သမုဒယသစ္စာကိုသိသော သမ္မာဒိဋ္ဌိ မည်၏။ ဤအပိုင်းတွင် ကံ-ကံ၏ အကျိုးကို ထွင်းဖောက်သိမြင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ဒီဂရီအပြည့် ပါဝင်လျက် ရှိ၏။ အဆင့်အမြင့်ဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိတည်း။
2.如佛陀在《增支部·三集·外道所依经》(Titthāyatana Sutta)中所说,能如实了知因果相续——即缘起法的因果关联方式——之智,是知集谛的正见。这一类正见完整含摄亲自洞察业与业果的业自属正见(kammassakatā-sammādiṭṭhi);这是最高层次的业自属正见。
သူများအပြောနှင့် လွမ်းနေရသည် မဟုတ်ဘဲ ကံ-ကံ၏ အကျိုးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် နေသည့် အသိဉာဏ်ဖြစ်သည့် အတွက် အဆင့်အမြင့်ဆုံးဟု ဆိုခြင်း ဖြစ်၏။ ဆရာအပြောနှင့် လွမ်းနေရသော ကံ-ကံ၏ အကျိုးကို တတ်သိနားလည်မှုကား ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သလောက် အဆင့်မ- မြင့်ပေ။ အဆင့်မမြင့်ပင် မမြင့်သော်လည်း ပရမတ်ကို ဉာဏ်အမြင် မဆိုက်နိုင်သေးသည့် ပုထုဇန်လူသားတို့ အတွက်ကား ဆရာသ္မားတို့၏ ဆိုဆုံးမမှုကို အခြေတည်၍ အနုမာနဉာဏ်ဖြင့် မှန်းဆ၍ကား ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နိုင်၏၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်နိုင်၏။ ယင်းကမ္မဿကတာသမ္မာဒိဋ္ဌိကိုမျှ မသိလျှင်ကား သို့မဟုတ် မရှိလျှင်ကား ကောင်းမှုကုသိုလ်တစ်ခုကို ပြုရာ၌ ဉာဏ်မပါသည့် အလွန် အဆင့်နိမ့်ကျသည့် ကံမျိုး ဖြစ်တတ်၏။ ယင်းကံက အကျိုးပေးလျှင် ဉာဏ်နုံ့သူ ထိုင်း-သူ အ-သူ န-သူ မျိုး ဖြစ်တတ်၏။
之所以说这是最高层次,是因为它不是仅凭他人所说而信受,而是亲自现前洞察业与业果的智。依老师所说而理解业与业果,层次不及亲自现前洞察。即便如此,对于智见尚未到达究竟法的凡夫而言,仍可以老师的教诲为基础,用推断智(anumāna-ñāṇa)推知业与业果,对之生起净信,从而成就业自属正见。如果连这种业自属正见也不了解、也没有,所造的善业就可能是无智且层次很低的业。这种业给果时,便可能使人成为智慧低下、迟钝愚昧之人。
၃။ သင်္ခါရတို့၏ ပျက်ခြင်းဘင်ကို ထိုးထွင်းသိသော ဝိပဿနာဉာဏ်သည်လည်းကောင်း၊ အစ္စန္တနိရောဓ အမည်ရသော သင်္ခါရတရားတို့၏ချုပ်ရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် = နိရောဓသစ္စာတရားကို ထွင်း- ဖောက်သိမြင်သော အရိယမဂ်ဉာဏ်သည်လည်းကောင်း သမ္မာဒိဋ္ဌိ မည်၏။ (ဝိပဿနာဉာဏ်ကား လောကီ သမ္မာဒိဋ္ဌိ၊ အရိယမဂ်ဉာဏ်ကား လောကုတ္တရာသမ္မာဒိဋ္ဌိတည်း။) နိရောဓသစ္စာကို သိသော သမ္မာဒိဋ္ဌိတည်း။
3.洞察诸行坏灭的观智,以及洞察诸行究竟灭(accanta-nirodha)的圣道智——这一究竟灭是诸行止息之处,是无为界、寂静界、涅槃,也就是灭谛——都称为正见。(观智是世间正见,圣道智是出世间正见。)这就是知灭谛的正见。
၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ်ဟူသော လောကီမဂ္ဂသစ္စာ လောကုတ္တရာမဂ္ဂသစ္စာတရား တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည်လည်း သမ္မာဒိဋ္ဌိ မည်၏။ သမ္မာဒိဋ္ဌိ မှန်သမျှတို့သည် ဤစတုသစ္စသမ္မာဒိဋ္ဌိ၌ အားလုံးအကျုံးဝင်လျက် ရှိ၏၊ ဤစတုသစ္စသမ္မာဒိဋ္ဌိကို ဦးတိုက်လျက် ရှိကြ၏။ သို့အတွက် တစ်နည်းအားဖြင့် သမ္မာဒိဋ္ဌိကို အောက်ပါအတိုင်းလည်း ခွဲခြားသတ်မှတ်နိုင်၏။
4.亲自现前洞察通向苦息灭之处——涅槃——的世间道谛法与出世间道谛法,也称为正见。所有正见全都包摄于这一四谛正见,也都趣向四谛正见。因此,从另一种方式还可以如下划分正见。
原书第 327 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို တတ်သိနားလည်သော သမ္မာဒိဋ္ဌိ။
1.业自属正见:了知唯有业才是自己所有之物的正见。
(က) ဆရာသမားတို့၏ ဆိုဆုံးမမှုဖြင့် အနုမာနဉာဏ်ဖြင့် မှန်းဆ၍ ယုံကြည်ထားသော ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ( ခ ) ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို နာမရူပပရိစ္ဆေဒ- ဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်၍ ရရှိ
(甲)依老师教诲,以推断智推知而信受的业自属正见;(乙)以名色分别智与缘摄受智,凭现见智亲自洞察苦谛法与集谛法的因果相联之性,由此获得
လာသော ကမ္မဿကတာသမ္မာဒိဋ္ဌိ -
的业自属正见。
၂။ စျာနသမ္မာဒိဋ္ဌိ = စျာန်သမာဓိနှင့် ယှဥ်တွဲနေသော ဉာဏ်ဟူသော သမ္မာဒိဋ္ဌိ - (ဒုက္ခသစ္စာကို သိသော ဉာဏ်တွင် အကျုံးဝင်၏။) ၃။ ဝိပဿနာသမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ထိုးထွင်းသိမြင်သော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမ္မာဒိဋ္ဌိ - ၄။ မဂ္ဂသမ္မာဒိဋ္ဌိ = အရိယမဂ်နှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ် - ၅။ ဖလသမ္မာဒိဋ္ဌိ = အရိယဖိုလ်နှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ် - အကြမ်းစားအားဖြင့် ဤသို့လည်း သမ္မာဒိဋ္ဌိ (၅)မျိုး ခွဲခြားနိုင်၏။ စတုသစ္စသမ္မာဒိဋ္ဌိ၌ အားလုံး အကျုံးဝင် လျက်ပင် ရှိ၏။ ဤသမ္မာဒိဋ္ဌိဉာဏ်များကို အမောဟ = ပညာဟု ဆိုကုန်၏။
2.禅那正见:与禅那定相应之智所成的正见(摄入知苦谛之智)。3.观正见:与洞察苦谛法、集谛法无常、苦、无我之相的观智相应的正见。4.道正见:与圣道相应之智。5.果正见:与圣果相应之智。概略地说,正见可以如此分为五种,而五种全都包摄在四谛正见中。这些正见智也被称为无痴=慧。
ကောင်းမှုကုသိုလ်တစ်ခုကို ပြုရာ၌ အောက်ထစ်ဆုံးအားဖြင့် ဆရာသမားတို့၏ ဆိုဆုံးမမှုဖြင့် ကံသာ- လျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို တတ်သိနားလည်သော ကမ္မဿကတာသမ္မာဒိဋ္ဌိလောက်တော့ ရှိထားဖို့လို၏။ ယင်း သမ္မာဒိဋ္ဌိဉာဏ်မျိုးလောက်မှ မရှိလျှင် မှန်ကန်သော အယူကို ဖြောင့်မတ်စွာ စိတ်မထားတတ်လျှင် ပြုသမျှ ကုသိုလ် တို့ကား ဉာဏဝိပ္ပယုတ်ကုသိုလ်တို့သာ အဖြစ်များဖွယ်ရာ ရှိ၏။ ယင်းကုသိုလ်တို့က အကျိုးပေးဖို့ရန် အခါအခွင့် သင့်လျှင် လူဖျင်း လူအ လူနဘဝကို နလပိန်းတုံးဘဝကိုရောက်အောင် ပို့ဆောင်ပေးတော့မည် ဖြစ်၏။
造作一项善业时,至少必须具有依老师教诲而理解“唯业为自己所有”的业自属正见。如果连这种正见智也没有,不懂得以正确见解端正自心,所作的善业很可能大都只是智不相应善。这些善业在得到机会给果时,就会导向庸劣、愚昧、迟钝而愚笨的人生。
အကယ်၍ စွမ်းနိုင်ပါမူကား နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ကိုယ်တိုင်ရရှိ၍ ဖြစ်ပေါ် လာသော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံလျက် ယင်းဉာဏ်ကို ရှေးသွားပြု၍ ကောင်းမှုကု- သိုလ်တစ်ခုကို ပြုစုပျိုးထောင်လျှင်ကား ပို၍ အဆင့်မြင့်သော ကံတစ်ခု ဖြစ်နိုင်၏။ ယင်းကံက အကျိုးပေးခဲ့သော် အကျိုးဖြစ်ရာ ဘဝ၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်၏။
如果能做到,应当亲自获得名色分别智与缘摄受智,具足由此生起的业自属正见智见;以这种智为先导而培育一项善业,便可成为层次更高的业。它若给果,在受果的那一生中,这个人就可能具有广大智慧。
အကယ်၍ စျာနသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံလျှင်ကား ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော စျာန ကုသိုလ်စေတနာတို့က အဆင့်မြင့်သော ဗြဟ္မာဘဝကို ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိ၏။ သေသည့်တိုင်အောင် စျာန်များ မလျောကျခဲ့လျှင် ဗြဟ္မာပြည်သို့ ရောက်ရှိနိုင်၏။
如果具足禅那正见智,与这一正见智相应的禅那善思,就具有令其投生于较高层次的梵天界的力量。如果诸禅那直至死时都不退失,便能生于梵天界。
အကယ်၍ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်များ ခြံရံ၍ ကံတစ်ခုကို ပြုစုပျိုးထောင်နိုင်လျှင်ကား လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်နိုင်၏။ သို့သော် ရုပ်နာမ်ကို --- ဤကျမ်း ရုပ်ကမ္မဋ္ဌာန်းပိုင်း၊ နာမ်ကမ္မဋ္ဌာန်းပိုင်းတို့၌ တင်ပြ ရေးသားထားသည့်အတိုင်း ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်ဖို့ကား လိုအပ်ပါသည်။ ထိုသို့ ပရမတ်သို့ တိုင်အောင် ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်းတစ်ဦးက --- ဆွမ်းဒါန ကောင်းမှုကုသိုလ် တစ်ခုကို ပြုသော အခါဝယ် ---
如果能在观正见智的围绕下培育一项业,便能在人中成为胜者,在天中成为胜于诸天者。不过,必须如本书色业处与名业处部分所说,把色与名观到智见抵达究竟法。一位如此观见究竟法的贤者,在作一项供食布施的善业时:
原书第 328 页
၁။ အလှူပေးနေသော မိမိ၏သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ယင်း ရုပ်-နာမ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း --- ၂။ အလှူခံပုဂ္ဂိုလ် များထိုထို၏ သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကိုလည်း ဗဟိဒ္ဓချင်း တူ ညီ၍ သာမန် ပေါင်းစုခြုံငုံလျက် သိမ်းဆည်းပြီးလျှင် ယင်း ရုပ်-နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း --- ၃။ လှူဖွယ်ဝတ္ထု အစုစုကို ဓာတ် (၄)ပါး စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။
1.摄取、以智辨别施者自己相续中的色、名究竟法,把这些色名轮番安立于无常、苦、无我三相之下,修习观禅业处;2.同样,把各位受施者相续中的色、名究竟法作为外在法,依其共同性概括成组而摄取,再把这些色名轮番安立于三相之下,修习观禅业处;3.对所有施物专注观察四界,便只会见到色聚微粒。
ယင်းရုပ်ကလာပ်တို့ကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေကြသော သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း သြဇဋ္ဌမကရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလျှင် ယင်းရုပ်တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း --- ၄။ ပေးလှူကြောင်း ကုသိုလ်စေတနာဦးဆောင်သည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဥ် နာမ် တရားစုတို့ကိုလည်း သိမ်းဆည်း၍ ယင်းကုသိုလ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း --- ဤသို့သော ဝိပဿနာဉာဏ်များ ခြံရံလျက် ဒါနကောင်းမှု ကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ပါက ထိုဒါန ကံမှာ အဆင့်အတန်း အမြင့်မားဆုံးသော ဝိပဿနာဉာဏ်များ ခြံရံထားသဖြင့် ထိုဒါနကံမှာ အကျိုးပေးဖို့ရန်
这些色聚都只是由每一色聚内的火界——即时节——相续产生、以食素为第八法的食素八法色。以智辨别、摄取这些食素八法色,再把这些色法轮番安立于三相之下,修习观禅业处;4.还摄取由布施善思所引导的大善意门速行心路中的名法组,把这些善法轮番安立于三相之下,修习观禅业处。若在这些观智的围绕下培育布施善业,由于该布施业受最高层次的诸观智所围绕,当它得到给果的
အခါအခွင့် သင့်၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ဝရဇိန်လက်နက် မိုးကြိုးစက်ပမာ အလွန်ထက်မြက် စူးရှသော ဉာဏ်ပညာနှင့် ပြည့်စုံရသူ ဖြစ်ရပေ၏။
机会,以结生之力产生一生时,受生者便会具备如金刚武器、霹雳一般极其锐利的智慧。
ဉာဏ်ထက်မြက်ပုံ ပုံစံများကို ဘုရားရှင်သည် သောတာနုဂတသုတ္တန်တွင် ဟောကြားထားတော်မူ၏။ ပုံစံ တစ်ခုမှာ ဤသို့ ဖြစ်၏။
佛陀在 Sotānugata Sutta 中开示了智慧锐利的多种范例,其中一例如下。
သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ၊ တဿ တတ္ထ သုခိနော ဓမ္မပဒါ ပဒဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။ (အံ-၁-၅ဝ၅။) (ဆိုလိုရင်း) --- ရဟန်းတော်တစ်ပါးသည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါသော် လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘဲ ပုထုဇန်ဘဝဖြင့် ကွယ်လွန်သွားခဲ့သော် နတ်ပြည်လောက တစ်ခုခုသို့ ပဋိသန္ဓေအားဖြင့် (သြပပါတိက ပဋိသန္ဓေအားဖြင့်) ကပ်ရောက်သွားရ၏။ ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်း သုခရှိသော ထိုနတ်သား၏ သန္တာန်ဝယ် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ရုပ် နာမ် သင်္ခါရ = တရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှား နေကြကုန်၏ (= ပေါလောကြီး ပေါ်နေကုန်၏။) ရဟန်းတို့ ယင်း ပရမတ္ထ တရားပုဒ်အစုတို့ကို အစဥ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်
巴利 Sot“他失念而命终,投生于某一天众;在那里,诸法句向这位安乐者浮现。诸比丘,念的生起虽慢,然而那位有情很快便成为趣向殊胜者。”(《增支部》1-505。)其意如下:一位比丘虽然修习观禅业处,却未能证达道智与果智,便以凡夫身份命终,以化生结生投生于某一天界。在那位安乐天子的相续中,作为观智所缘的色、名、行,即一组组法句,都鲜明地浮现。诸比丘,能依次观修、审察这些究竟法句而与观智相应的
ရှိသော သတိ၏ ဖြစ်ပေါ်ခြင်းသည် (= သတိနှင့် ယှဥ်သော ဝိပဿနာဉာဏ်၏ ဖြစ်ပေါ်ခြင်းသည်) နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားသတ္တဝါသည် လျင်လျင်မြန်မြန်ကြီးသာလျှင် (မဂ်ဉာဏ်၊ ဖိုလ် ဉာဏ်) နိဗ္ဗာန်ဆိုသည့် တရားထူး တရားမြတ်ကြီးကို ရရှိနိုင်၏။ (အံ-၁-၅ဝ၅။) ဤသည်မှာ အဆင့်အမြင့်မားဆုံးသော ဝိပဿနာဉာဏ်များ ခြံရံလျက် အဆင့်အမြင့်မားဆုံးသော ကံ များကို ပြုစုပျိုးထောင်နိုင်သဖြင့် ထိုကံများကြောင့် နိဗ္ဗာန်တိုင်အောင်သော တရားထူး တရားမြတ်တို့ကို ထွင်း- ဖောက် သိမြင်နိုင်သည့် အလွန်ထက်မြက်သော ဉာဏ်ပညာကို ရရှိပုံ သာဓကတည်း။
念的生起(也就是与念相应的观智之生起)尚且迟缓;然而事实上,这位天子有情会极其迅速地证得道智、果智以及名为涅槃的殊胜妙法。(《增支部》1-505。)这个例子说明:一个人能以最高的诸观智围绕并培育最高层次的业,由于这些业,他便获得极其锐利的智慧,能够洞察直至涅槃的殊胜妙法。
原书第 329 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း တဿ တေ ဓမ္မာ သောတာနုဂတာ ဟောန္တိ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။
巴利 Sot“如此之法,他已多闻、忆持、以言语熟习、以心随观,并以见善加通达。”
(အံ-၁-၅ဝ၅။)
(《增支部》1-505。)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဠု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။
“所谓‘以见善加通达’,是指在义与因两方面都以慧善加通达,已经现前亲证。”
(အံ-ဋ္ဌ-၂-၃၆၄။)
(《增支部义注》2-364。)
ထိုနတ်သားကား လူဘဝတွင် ရဟန်းဘဝ၌ ရှိစဥ်က အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တရားတော်များကို သင်ယူ၍ နှုတ်တက်ရအောင်ဆောင်လျက် ပရမတ်တရားကိုယ် အနက်သဘောအားဖြင့် ရုပ်ပရမတ် နာမ်ပရမတ်တရားတို့ကိုလည်းကောင်း၊ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်များကို ရရှိ ခဲ့၏။ သေခါနီး မရဏာသန္နဇောသို့တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခဲ့၏။ ယင်းရဟန်း တော်၏ မရဏာသန္နဇောသည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ၊ သို့မဟုတ် ဒုက္ခအခြင်းအရာ၊ သို့မဟုတ် အနတ္တ အခြင်းအရာကို အာရုံပြုနေ၏။ ယင်းရဟန်းဘဝ မရဏာသန္နဇော၏ အာရုံကိုပင် နတ်သားဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့က ဆက်ခံ၍ အာရုံပြုကြ၏။
这位天子在人间作比丘时,学习佛陀的九分教并背诵至熟;就究竟法体的义而言,他以正见智慧亲自现前洞察色究竟法、名究竟法及其诸因,获得了观正见智。他能一直修习观禅业处,直至临死速行。该比丘生的临死速行,以诸行的无常相、苦相或无我相为所缘;天子生的结生心、有分心与死亡心,也承接该比丘生临死速行的同一所缘。
အိမ်ရှင်ဘဝင်စိတ် ကိုယ်တိုင်က သင်္ခါရတရားတို့ကို အာရုံပြုနေသဖြင့် တစ်နည်းဆိုရသော် သင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့တွင် တစ်မျိုးမျိုးကို အာရုံပြုနေသဖြင့် ထိုတရားတော်ကို အစဥ်လျှောက်၍ အောက်မေ့တတ် သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိသည် ထိုနတ်သား၏ သန္တာန်ဝယ် ဖြစ်ပေါ်လာခဲ့သော် ထိုဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိ၏ ဖြစ်ပေါ် ခြင်းကား နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုရဟန်း၏ အသိဉာဏ်၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြ ကုန်သော ရဟန်းဘဝက လေ့ကျက်ထားအပ်ကုန်သော တရားပုဒ်အစုတို့သည် --- ပသန္နေ အာဒါသေ ဆာယာ ဝိယ ပဒဝန္တိ၊ ပါကဋာ ဟုတွာ ပညာယန္တိ။ (အံ-ဋ္ဌ-၂-၃၆၅။) = ကြေးမုံပြင်၌ အရိပ်ကဲ့သို့ ပေါလောပေါ်နေကြကုန်၏၊ ထင်ထင်ရှားရှား ဖြစ်ပေါ်လာကြကုန်၏။ ထိုကြောင့် တရားတော်ကို အစဥ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိ၏ ဖြစ်ပေါ်
住家有分心本身以诸行为所缘,换言之,以诸行的无常相、苦相、无我相之一为所缘。因此,当那位天子的相续中生起能依次忆念、摄取该法而与观智相应的念时,这种与观智相应之念的生起尚且迟缓;其实,在这位前世为比丘者的智中,作为观智所缘、在比丘生中已经熟习的“犹如影像出现于澄净的镜中,它们浮现,并清楚地显现出来。”(《增支部义注》2-365。)因此,能依次观修、审察这些法而与观智相应的念,其生起
ခြင်းက နုံ့နှေး၍ နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ကြီး ရရှိသွားခြင်း ဖြစ်ပေသည်။
虽然迟缓,这位有情却会极其迅速地证得涅槃。
သို့သော် ဤအပိုင်းတွင် သတိပြုသင့်သော အချက်ကား --- ပရမတ္ထရုပ်နာမ် အစစ်ကို မမြင်ပါဘဲလျက် ပါးစပ်က ''အနိစ္စ-ဒုက္ခ-အနတ္တ''ဟု ဆိုရုံမျှဖြင့်ကား ဝိပဿနာဉာဏ် မဖြစ်ပါ။ မစစ် မမှန်သော ဝိပဿနာဉာဏ် အတုများ ခြံရံထားသော ကံတစ်ခုသည် ဝိပဿနာဉာဏ်အစစ်များ ခြံရံထားသည့် ကံတစ်ခုကဲ့သို့ ဉာဏ်ပညာ ကြီးမားသူအဆင့်သို့ ရောက်အောင် ပို့ဆောင်နိုင်လိမ့်မည်ကား မဟုတ်ပေ။ ဤအချက်ကိုကား သတိပြုသင့်လှ ပေ၏။
不过这里须注意:若未见到真实的究竟色名,单凭口说“无常、苦、无我”,并不能成为观智。受不真不实的伪观智围绕之业,绝不能像受真实观智围绕之业那样,把人导向具广大智慧者的层次。这一点尤其值得留意。
အမှတ် (၄) ပုဂ္ဂိုလ်မျိုး
第四类人
တထာ ယဿ ကမ္မာယူဟနက္ခဏေ တယောပိ လောဘဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ အလောဘာ- ဒယော မန္ဒာ၊ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒုဋ္ဌော စ မူဠှော စ။ (အဘိ-ဋ္ဌ-၁-၃ဝ၈။) တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ကုသိုလ်ကံကို အားထုတ်ခဲ့စဥ် ခဏ၌ ပြုစုပျိုးထောင်ခဲ့စဥ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ ဒေါသ မောဟ သုံးမျိုးလုံးတို့သည် အင်အားကြီးမားနေကြကုန်၏၊ အလောဘ အဒေါသ အမောဟ တို့ကား နုံ့ကုန်၏ အားနည်းကုန်၏ အားပျော့ကုန်၏။ ထိုကံက အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍
“同样,若在某人的造业刹那,贪、嗔、痴三者全都强盛,无贪等三善因则弱,那么如前述,他既贪重、又嗔重,而且愚痴。”(《殊胜义注》1-308。)换言之,某人在努力造作、培育善业时,其相续中的贪、嗔、痴三者全都强盛有力,无贪、无嗔、无痴则迟钝、衰弱无力。当该业有机会给果,并
原书第 330 页
ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုသူသည် ထိုဘဝ၌ အားနည်းနေသော အလောဘက အင်အားကြီးမားနေသော လောဘကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား အလိုလောဘ ရမ္မက် ကြီးသူ ဖြစ်ရ၏။ အင်အားနည်းပါးလှသော အဒေါသကလည်း စွမ်းအားကြီးမားနေသော ဒေါသကို အနိုင်ယူ ဖို့ရန် ကုန်ခန်းစေရန် မစွမ်းနိုင်သဖြင့် ဒေါသကြီးသူ ဖြစ်ရပြန်၏။ အင်အားနည်းပါးလှသော အမောဟကလည်း စွမ်းအားကြီးမားနေသော မောဟကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ သို့အတွက် မောဟ အားကြီးသူ လူဖျင်း လူအ လူန နလပိန်းတုံး ဖြစ်ရပြန်၏။ (အဘိ-ဋ္ဌ-၁-၃ဝ၈။) ချဲနံပါတ် ရလိုရငြားဖြင့် ချဲဂဏန်းပေးသည့် ပုဂ္ဂိုလ်အနားသို့ မျက်နှာငယ်ကလေးနှင့် ချဥ်းကပ်၍ လှူရ တန်းရမှု၊ ဗေဒင်ဆရာ၏ ညွှန်ကြားချက် အရ ယတြာချေသည့် သဘောဖြင့် ဘုရား၌ ပန်းသက်စေ့၊ ရှားမီး သက်စေ့၊ ရေသက်စေ့ လှူဒါန်းမှု၊ ဘိုးဘိုးကြီးက မစလိမ့်မည်ဟူသော ဦးတည်ချက် ယုံကြည်ချက်ဖြင့် ဘိုးဘိုး
依结生之力令一世生命生起时,他在那一世中,衰弱的无贪无法战胜、耗尽强盛的贪,所以成为贪欲深重之人;极其微弱的无嗔也无法战胜、耗尽强盛的嗔,因此又成为嗔重之人;极其微弱的无痴同样无法战胜、耗尽强盛的痴,因此他成为痴重、低劣、愚昧、迟钝而又愚笨的人。(《殊胜义注》1-308。)例如:为了求得彩票号码,低声下气地走近指点彩票号码的人而作布施;依占卜师的指示,以禳解厄运之心,在佛像前按年龄数供花、燃灯、供水;又怀着“Bo Bo Gyi 会来扶助”的目标与信念而
ကြီးအား ပူဇော်မှု --- စသည်တို့ကား လောဘ ဒေါသ မောဟ အားကောင်းပြီး အလောဘ အဒေါသ အမောဟ အင်အား နည်းပါးသော ကံများပင်တည်း။
供奉 Bo Bo Gyi 等等,都是贪、嗔、痴强,而无贪、无嗔、无痴力量微弱的业。
စဥ်းစားပါ --- ရွှေတိဂုံစေတီတော်ကဲ့သို့သော တန်ခိုးကြီးမားတော်မူကြသည့် စေတီတော်များ၌ ရာဟု ထောင့် စနေထောင့်စသည့် ထိုအထောင့် အရပ်တို့၌ ရေသပ္ပါယ်ခံရန် သီတင်းသုံးနေတော်မူရသော ရုပ်ပွား ဆင်းတုတော်များကို သတိပြုကြည့်ပါ။ စနေ၊ တနင်္ဂနွေ ကဲ့သို့သော ရက်ကြီး အခါကြီးများ၌ သက်စေ့ ရေ သပ္ပါယ်ရန် လာရောက်ကြသူတို့ကား အလွန်များလှ၏၊ ထိုရေသပ္ပါယ်လိုသူတို့ အတွက် အမိုးအကာ မရှိသော နေရာတွင် ရုပ်ပွားတော်များမှာ နေပူမရှောင် မိုးရွာမရှောင် အမြဲတမ်းထိုင်၍ သီတင်းသုံးနေတော်မူရ၏။ အလှူ ရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ပူဇော်ပြီးလျှင် နောက်အလှူရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ ပူဇော်ပြန်၏၊ နောက်တစ်ယောက်ကလည်း အလားတူပင် ပူဇော်ပြန်၏။ ဤသို့လျှင် တစ်နေ့ပတ်လုံးလိုလို ရေ သက်စေ့ အပူဇော်ခံနေရ၏။
请想一想——在仰光大金塔等威德盛大的佛塔中,请留意那些安置在罗睺方、土曜〔星期六〕方等方位、专供人们浇水浴佛的佛像。每逢星期六、星期日等重要日子,前来按自己年龄数浇水供养的人非常多。为了这些想要浇水的人,佛像必须安坐在无遮无盖之处,无论烈日还是下雨,始终在那里。一个施主按年龄数浇水供养一遍,接着另一位施主又来供水,随后又有一人照样供养。如此一来,佛像几乎整日都在接受按年龄数的浇水供养。
ဤအချက်ကို အသင်သူတော်ကောင်းသည် အလေးအနက် စဥ်းစားပါ။ မိမိတို့သည် ထိုကဲ့သို့ နေ့စဥ် တစ်နေ့လုံးလိုလို မိမိတို့ အိမ်၌ မိမိတို့ကိုယ်တိုင် ရေချိုးသလား မချိုးဖူးလားဟူသည်ကို စဥ်းစားပါ။ သက်တော် ထင်ရှား ဘုရားဟူသော အမှတ်ထားနိုင်ပါမှ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အာရုံယူနိုင်ပါမှ ထို ကောင်းမှုကုသိုလ်သည် အကျိုးကြီးမြတ်ဖွယ်ရာ ရှိ၏။ သက်တော်ထင်ရှားဘုရားဟု အမှတ်ထားနိုင်လျှင် တကယ် သက်တော်ထင်ရှား ဘုရားအပေါ်၌ ထိုကဲ့သို့ တစ်နေ့ပတ်လုံး ရေသက်စေ့ပူဇော်မှုကို ပြုသင့် မပြုသင့်ကိုပါ တစ်ဖန် ထပ်၍ စဥ်းစားပါ။
贤善者,请认真思考这一点:想一想,我们自己在家是否也会像这样,每天几乎整日不停地洗澡。只有能够把佛像视为佛陀仍然在世,并能取佛陀的功德与恩德为所缘,这项善业才可能有广大果报。若真能把佛像视为仍然在世的佛陀,还应再想一想:对于一位真正仍然在世的佛陀,究竟适不适宜如此整日按年龄数浇水供养。
မိမိတို့၏ ယတြာချေမှုအပေါ်၌သာ ဦးစားပေး ဆောင်ရွက်နေသဖြင့် အလောဘဓာတ်ကလည်း အလွန် အားပျော့နေ၏၊ ဘုရားရှင်အပေါ်၌ ငဲ့ညှာမှု အဒေါသ = မေတ္တာဓာတ်ကလည်း အလွန်အားပျော့နေ၏၊ ဘုရား ဟောကို ကျောခိုင်းကာ ဗေဒင်ဆရာ၏ အဟောအပြောကိုသာ ယုံကြည်အားထားနေသဖြင့် အမောဟ ပညာဓာတ် ကလည်း အားပျော့နေ၏။ ထိုသို့ အားပျော့နေကြသော အလောဘ အဒေါသ အမောဟဓာတ်တို့က အနည်း အကျဥ်းသာ ခြံရံ၍ (မိမိတို့၏ ကျန်းမာမှု၊ ပစ္စည်းဥစ္စာတိုးတက်မှု၊ ရာထူးဌာနန္တရတိုးတက်မှုတို့ကိုသာ ဦးစား ပေးနေသော) အလွန်အားကောင်းသော လောဘ ဒေါသ မောဟတို့ကို ခြံရံထားလျက် ကံကို ပြုစုပျိုးထောင် လိုက်သည်ဖြစ်ရာ ထိုကံမျိုးက အကျိုးပေးခဲ့သော် ဘဝတစ်ခုဝယ် လောဘကြီးသူ ဒေါသကြီးသူ ဉာဏ်ပညာ နည်းပါးသူ လူဖျင်း လူအ လူနသာ ဖြစ်ရ၏။ အားပျော့နေကြသော စွမ်းအားနည်းပါးလွန်းလှသော အလောဘ အဒေါသ အမောဟတို့က စွမ်းအင်ပြည့်ဝနေသော လောဘ ဒေါသ မောဟတို့ကို အနိုင်ယူနိုင်ဖို့ရန် ကုန်ခန်းစေ
由于只把自己的禳解消灾置于首位,无贪极其微弱;对佛陀体恤关怀的无嗔,即慈,也极其微弱;又由于背弃佛陀的教说,唯独信赖占卜师的话,无痴这一慧因也很弱。这样造业时,衰弱的无贪、无嗔、无痴只微少围绕;而极其强盛的贪、嗔、痴——只把自己的健康、财产增长与职位晋升置于首位——却围绕着这项业。若这种业给果,他便会在某一世成为贪重、嗔重、智慧浅薄而又愚昧迟钝的人。因为那些衰弱、力量极小的无贪、无嗔、无痴,无法战胜力量充足的贪、嗔、痴,也无法使它们穷
နိုင်ဖို့ရန် မစွမ်းနိုင်သောကြောင့်ပင်တည်း။ သတိရှိစေ။
尽。务必警觉。
原书第 331 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ကံတစ်ခုသည် ကံအရာတည်သွားပြီးပါမှ ထိုကံ၏ အကျိုးတရားမျိုးကို အလိုမရှိပါဟု ထိုင်၍ငိုနေသော်- လည်း ရနိုင်တော့သည့် အရာကား မဟုတ်ပေ။ သို့သော် အရဟတ္တဖိုလ်ဆိုက်သည်တိုင်အောင် ဝိပဿနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစားအားထုတ်နိုင်ပါလျှင်ကား အရဟတ္တမဂ်ဉာဏ်က ပရိနိဗ္ဗာနစုတိ၏ နောက် ဆွယ်တွင် အကျိုးပေးမည့် ကံအားလုံးကို အကြွင်းမဲ့ ပယ်သတ်လိမ့်မည်သာ ဖြစ်ပေသည်။
一种业一旦已经确立为业,即使坐着哭喊“我不想要这种业果”,也不可能由此撤回。不过,如果能够刻苦精进地修习观禅业处,直至证得阿罗汉果,阿罗汉道智必会彻底舍断一切本来会在般涅槃死没之后给果的业。
အမှတ် (၅) ပုဂ္ဂိုလ်မျိုး
第五类人
ယဿ ပန ကမ္မာယူဟနက္ခဏေ အလောဘဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အပ္ပကိလေသော ဟောတိ ဒိဗ္ဗာရမ္မဏမ္ပိ ဒိသွာ နိစ္စလော၊ ဒုဋ္ဌော ပန ဟောတိ ဒန္ဓပညော စာတိ။ (အဘိ-ဋ္ဌ-၁-၃ဝ၉။) ပုဂ္ဂိုလ်တစ်ဦးသည် ကံကိုပြုစုပျိုးထောင်စဥ် ခဏ၌ သူ၏သန္တာန်ဝယ် အလောဘ ဒေါသ မောဟတို့သည် အားကောင်းကြကုန်၏၊ လောဘ အဒေါသ အမောဟတို့သည် နုံ့ကုန်၏။ စွမ်းအား ပျော့ကြကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုဘဝ၌ ထိုပုဂ္ဂိုလ်သည် နည်းပါးသော တွယ်တာတပ်- မက်မှု ကိလေသာရှိ၏၊ နတ်၌ဖြစ်သော အာရုံကိုသော်မှလည်း တွေ့မြင်ရသည်ရှိသော် စိတ်ဓာတ် တုန်လှုပ်မှု မရှိ လှုပ်ရှားမှု မရှိ။ ထိုထို အာရုံ၌ မတွယ်တာ မတပ်မက်သည် အလောဘဓာတ်က ကံကို အားထုတ်ခဲ့စဥ်က အားကောင်းခဲ့သောကြောင့် ဖြစ်၏။ သို့သော် ဒေါသကား သိပ်ကြီး၏၊ ဉာဏ်ပညာကလည်း နုံ့ပြန်၏။ ဉာဏ် ပညာ ထုံထိုင်းသူ အသူ နသူ ဖြစ်နေပြန်၏။ ကံပြုခဲ့စဥ်က စွမ်းအင် ပျော့နေသော ညံ့နေသော အဒေါသ
“若在某人的造业刹那,无贪、嗔、痴强盛,其余三因弱,那么如前述,他少贪染,即使见到天界所缘也不动心;然而他嗔重而且钝慧。”(《殊胜义注》1-309。)换言之,某人在造业时,其相续中的无贪、嗔、痴强,而贪、无嗔、无痴迟钝、力量微弱。该业依结生之力令一世生命生起时,他在那一世中只有少量执著贪染;即使见到天界所缘,心也不震动、不为所动,因为造业时无贪很强,他不执著、不贪爱那些所缘。然而他的嗔却很重,智慧也很迟钝,成为智慧低下、迟滞愚钝的人;因为造业时力量微弱、劣弱的无嗔
အမောဟတို့က ဒေါသ မောဟတို့ကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်သောကြောင့် ဖြစ်၏။
与无痴无法战胜、耗尽嗔与痴。
(အဘိ-ဋ္ဌ-၁ -၃ဝ၉။)
(《殊胜义注》1-309。)
အမှတ် (၆) ပုဂ္ဂိုလ်မျိုး
第六类人
ယဿ ပန ကမ္မာယူဟနက္ခဏေ အလောဘာဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အလုဒ္ဓေါ စေဝ ဟောတိ သုခသီလကော စ၊ ဒန္ဓော ပန ဟောတိ။ (အဘိ-ဋ္ဌ-၁-၃ဝ၉။) ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်ခဲ့စဥ် ခဏ၌ သူ၏သန္တာန်ဝယ် အလောဘ အဒေါသ မောဟ တို့ကား အားကောင်းကြကုန်၏၊ စွမ်းအား ကြီးမားကြကုန်၏။ လောဘ ဒေါသ အမောဟတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုဘဝ၌ ထိုပုဂ္ဂိုလ် သည် အလိုလောဘရမ္မက် မကြီးသူလည်း ဖြစ်ရ၏၊ ဒေါသ မကြီးသူ မေတ္တာဓာတ် အားကြီးသူဖြစ်သဖြင့် စိတ် ချမ်းချမ်းသာသာ နေရလေ့ရှိ၏။ ကံကို ထူထောင်ခဲ့စဥ်က သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အပေါ်၌ တွယ်တာတပ်မက်မှု ထိုထို ဘုံဘဝကို တွယ်တာတပ်မက်မှု မရှိသဖြင့် အလောဘဓာတ်က အားကောင်းနေ၏၊ ထိုကံပြုစဥ်၌ မေတ္တာဓာတ်များက ထိုကံကို ခြံရံနေသဖြင့် အဒေါသဓာတ်ကလည်း အားကောင်းနေ၏။ ယင်း
“若在某人的造业刹那,无贪、无嗔、痴强盛,其余三因弱,那么如前述,他不贪重,性情安乐,但却迟钝。”(《殊胜义注》1-309。)换言之,某人在造业时,其相续中的无贪、无嗔、痴强盛有力,而贪、嗔、无痴则迟钝、衰弱无力。该业依结生之力令一世生命生起时,他在那一世中不贪重;又因不嗔重、慈心强盛,常能心安而住。造业时,他对种种有情、无情的欲乐事物以及种种生存界都没有执著贪爱,所以无贪很强;又因诸慈心在造业时围绕着该业,无嗔也很强。这一
အလောဘဓာတ် အဒေါသဓာတ်တို့၏ စွမ်းအားကြောင့် လောဘမကြီးသူ ဒေါသမကြီးသူ = မေတ္တာဓာတ် ကြီးမားသူ ဖြစ်ရ၏။ သို့သော် ထိုကံပြုစဥ်က ဉာဏ်ပညာ မပါခဲ့သဖြင့် သို့မဟုတ် အားပျော့ခဲ့သဖြင့် ထိုအားပျော့ နေသော အမောဟဓာတ်က မောဟကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား ဉာဏ်ပညာနုံ့သူ ထုံ ထိုင်းသူ ဖြစ်ရပြန်၏။ (အဘိ-ဋ္ဌ-၁-၃ဝ၉။)
无贪与无嗔的力量,使他成为不贪重、不嗔重,也就是慈心强盛的人。然而,造业时没有智慧参与,或智慧力量微弱;因此,微弱的无痴无法战胜、耗尽痴,他又成为智慧低下、迟滞愚钝的人。(《殊胜义注》1-309。)
原书第 332 页
အမှတ် (၇) ပုဂ္ဂိုလ်မျိုး
第七类人
တထာ ယဿ ကမ္မာယူဟနက္ခဏေ အလောဘဒေါသာမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အလုဒ္ဓေါ စေဝ ဟောတိ၊ ပညဝါ စ၊ ဒုဋ္ဌော စ ပန ဟောတိ ကောဓနော။
“同样,若在某人的造业刹那,无贪、嗔、无痴强盛,其余三因弱,那么如前述,他既不贪重而且有慧,却嗔重、易怒。”
(အဘိ-ဋ္ဌ-၁-၃ဝ၉။)
(《殊胜义注》1-309。)
တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်ခဲ့စဥ် ခဏ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် အလောဘ ဒေါသ အမောဟတို့သည် အားကောင်းကြကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ လောဘ အဒေါသ မောဟ တို့သည် နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေသည် ရှိသော် ထိုပဋိသန္ဓေတည်နေရသော ဘဝ၌ ထိုပုဂ္ဂိုလ်သည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၏ အပေါ်၌ အလိုရမ္မက် လောဘမကြီးသူ တွယ်တာတပ်မက်မှု မကြီးသူလည်း ဖြစ်ရ၏၊ ဉာဏ်ပညာ ကြီးမားသူလည်း ဖြစ်- ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဥ်က အလောဘဓာတ် အမောဟဓာတ်တို့ ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့ သောကြောင့်ဖြစ်၏။ (ကောင်းမှုတစ်ခုကို ပြုခဲ့စဥ်က နိဗ္ဗာန်ကိုသာ ဆုတောင်းလျက် ဝိပဿနာဉာဏ်ကဲ့သို့သော အမောဟဓာတ်များ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော ကံမျိုးတည်း။) သို့သော် ယင်းကံကို ထူထောင်ခဲ့စဥ်က
换言之,某人在造业时,其相续中的无贪、嗔、无痴强盛有力,而贪、无嗔、痴则迟钝、衰弱无力。该业依结生之力令一世生命生起时,他在那一世中,对于种种有情、无情的欲乐事物不贪求、不深加执著,同时又有广大智慧;因为造业时,有无贪与无痴围绕着这项业。〔这是行善时只发愿求涅槃,并有观智等无痴围绕而造作的业。〕然而,造作那项业时,
မကျေနပ်မှု ပြစ်မှားမှု ဖျက်ဆီးလိုမှု ဒေါသဓာတ်များက အလွန်အားကောင်းခဲ့သဖြင့် တစ်နည်းဆိုရသော် စိတ် သိပ်တိုခဲ့သဖြင့် ယင်းအားကောင်းခဲ့သော ဒေါသဓာတ်ကို အားပျော့နေသော အဒေါသ = မေတ္တာဓာတ်က အနိုင် မယူနိုင်သဖြင့် မကုန်ခန်းစေနိုင်သဖြင့် ထိုကံက အကျိုးပေးသော ယခုကဲ့သို့သော ဘဝဝယ် သူတစ်ပါးကို ပျက်စီးအောင် ဖျက်ဆီးလိုသော စိတ်ထားလည်း ရှိလာ၏၊ (ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းပစ်လိုက်ချင်သ- ကဲ့သို့ တစ်ဖက်သားအပေါ်၌ ချေမှုန်းပစ်လိုက်လိုသော စိတ်ဓာတ်မျိုးတည်း။) အမျက်ထွက်လေ့ရှိသူ စိတ်ဆိုး လေ့ရှိသူ စိတ်တိုလေ့ရှိသူ ဒေါသကြီးသူလည်း ဖြစ်ရပြန်၏။ (အဘိ-ဋ္ဌ-၁-၃ဝ၉။)
不满、恼害与破坏欲等嗔心却极其强盛;换言之,他当时非常性急。微弱的无嗔即慈,无法战胜或耗尽这股强盛的嗔。因此,当该业在如今这一世给果时,他便怀有想要伤害、摧毁他人的心〔仿佛想碾死一只蚂蚁那样,想把对方摧毁〕,常会发怒、生气,性情急躁,成为嗔重之人。(《殊胜义注》1-309。)
အမှတ် (၈) ပုဂ္ဂိုလ်မျိုး
第八类人
ယဿ ပန ကမ္မာယူဟနက္ခဏေ တယောပိ အလောဘာဒယော ဗလဝန္တော ဟောန္တိ၊ လောဘာဒယော မန္ဒာ၊ သော ''မဟာသံဃရက္ခိတတ္ထေရော ဝိယ အလုဒ္ဓေါ အဒုဋ္ဌော ပညဝါ စ ဟောတီ''တိ။
“若在某人的造业刹那,无贪等三善因全都强盛,贪等三不善因则弱,那么‘他会像大僧护长老(Mahāsaṅgharakkhita Thera)一样,不贪重、不嗔重而且有慧’。”
(အဘိ-ဋ္ဌ-၁-၃ဝ၉။)
(《殊胜义注》1-309。)
တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ဤလူ့ဘဝသို့ရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့စဥ် ခဏ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် အလောဘ အဒေါသ အမောဟတို့သည် သုံးပါးလုံး အားကောင်းကြကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ လောဘ ဒေါသ မောဟ သုံးပါးလုံးတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။
换言之,某人在造作、培育能令他来到今生的善业时,其相续中的无贪、无嗔、无痴三者全都强盛有力;贪、嗔、痴三者则迟钝、衰弱无力。
ထိုကံက ပဋိသန္ဓေကျိုးကို ပေးသည်၏အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေခဲ့သည်ရှိသော် ထိုပဋိသန္ဓေတည်နေရသော ဘဝ၌ ထိုပုဂ္ဂိုလ်သည် --- မဟာသံဃရက္ခိတမထေရ်မြတ်ကြီးကဲ့သို့ --- ၁။ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ အလိုရမ္မက် လောဘမကြီးသူ တွယ်တာမက်မောမှု မကြီး သူလည်း ဖြစ်ရ၏။ (လွယ်လွယ်နှင့် စွန့်လွှတ်နိုင်သူဟု ဆိုလိုသည်။) (အလောဘ၏ စွမ်းအားတည်း။) ၂။ သတ္တဝါတို့ အပေါ်၌ မဖျက်ဆီးလိုသော စိတ်ထားရှိသူ ကြီးပွားစေလိုသော စိတ်ထားရှိသူ မေတ္တာဓာတ် ကြီးမားသူ ဖြစ်ရ၏၊ ဖော့ဖယောင်းကဲ့သို့ နူးညံ့ပျော့ပျောင်းသော စိတ်ထားရှိသူလည်း ဖြစ်ရ၏။
当该业给出结生果而令他生于一世时,他在那一世便会像大僧护长老一样:1.对于种种有情、无情的欲乐事物,不会有强烈的贪求,也不会有深重的执著〔意思是能够轻易舍下;这是无贪的力量〕;2.对有情怀有不欲伤害、愿其增长安乐之心,慈心强大,而且具有如蜡一般柔软的心。
(အဒေါသ၏ စွမ်းအားတည်း။) ၃။ ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ အလွန်ထက်မြက်သော ဉာဏ်ပညာရှိသူ ဉာဏ်ပညာကြီးမားသူလည်း ဖြစ်ရ၏။ (ဝိပဿနာဉာဏ်စသည့် အမောဟဓာတ်၏ စွမ်းအားတည်း။)
〔这是无嗔的力量。〕3.他又具有如金刚武器、霹雳一般极其锐利的智慧,成为大慧者。〔这是观智等无痴的力量。〕
原书第 333 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ကံကို ပြုစုပျိုးထောင်ခဲ့စဥ်က အလောဘ အဒေါသ အမောဟဓာတ်တို့၏ စွမ်းအားက အလွန်ကြီးမားခဲ့ သောကြောင့် ဖြစ်၏။ ဝိပဿနာဉာဏ်တို့ဖြင့် မိမိ၏ စိတ်အစဥ်ကို ထိန်းကွပ်နိုင်ခဲ့သောကြောင့် ဖြစ်၏။
这是因为造业时,无贪、无嗔、无痴三法的力量极为强大;也因为他曾以诸观智摄持自己的心相续。
ဤပုဂ္ဂိုလ်မျိုးတို့ကား နိဗ္ဗာန်တရားတော်မြတ်ကြီးကိုသာ လိုလားတောင့်တလျက်ရှိသော တွင်တွင်ကြီး ဆု- တောင်းလျက် သံသရာဝဋ်ဒုက္ခမှ ကျွတ်လိုလွတ်လိုသော စိတ်ဓာတ်အပြည့်အဝဖြင့် မေတ္တာစျာန်ကို ဝင်စားလေ့ ရှိလျက် မေတ္တာစျာန်ကို အခြေခံ၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလေ့ရှိကြသည့် ပုဂ္ဂိုလ်မျိုးတို့တည်း။
这一类人只向往、渴求殊胜涅槃,殷切发愿,怀着想从轮回大苦中解脱、出离的充足意愿,经常入慈心禅;并以慈心禅为基础,反复修习观禅业处。
အခွင့်ကောင်းကြီးတစ်ခု
一个大好机会
ယခုအခါ အသင်သူတော်ကောင်းနှင့် တွေ့ကြုံနေရသော ဤသာသနာတော်မြတ်ကြီး၌ --- ၁။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ကျွတ်ရာ လွတ်ရာ ကျွတ်ကြောင်း လွတ်ကြောင်း ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး တကယ်ထင်ရှားရှိ၏ဟုလည်း ကြားနာခွင့် သိရှိခွင့် ရှိနေ၏။
在你这位贤善者如今有幸遇到的这一殊胜佛陀教法中——1.你有机会听闻、了解:作为从轮回流转之苦中解脱、出离之处,又能令有情解脱、出离的无为界、寂静界——殊胜涅槃——确实存在。
၂။ ထိုနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ်ဟူသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ကြားနာခွင့် သိရှိခွင့် ကျင့်နိုင်ခွင့်များလည်း ထင်ရှား ရှိနေ၏။
2.你也确实有机会听闻、了解并修行称为“通往涅槃之道”的八支圣道这一殊胜行法。
၃။ ထိုနိဗ္ဗာန်ရောက်ကြောင်း ကျင့်စဥ်တို့တွင် အင်္ဂါရပ်တစ်ခုအဖြစ် ပါဝင်သော အာနာပါနစျာန် မေတ္တာစျာန် စသော သမထကျင့်စဥ်တို့သည်လည်း ထင်ရှားရှိနေ၏။ အာနာပါနစျာန်ကို ဝင်စားနိုင်မှု မေတ္တာစျာန်ကို ဝင်စားနိုင်မှု စသော အခွင့်အလမ်းတို့သည်လည်း ပွင့်လန်းလျက်ပင် ရှိနေကြ၏။
3.作为通往涅槃修行的一部分,入出息禅、慈心禅等止修法门也清楚存在;证入入出息禅、慈心禅等的机会,仍然正向你敞开。
၄။ ထိုအာနာပါနစျာန် မေတ္တာစျာန်တို့ကို အခြေခံ၍ ဝိပဿနာသို့ကူးပုံ ကျင့်စဥ်များလည်း အထင်အရှား ရှိနေကြ၏။ အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင် ဝိပဿနာစခန်းသို့ တက်လှမ်းနိုင်သော အခွင့် အလမ်းကြီးများလည်း ပွင့်လန်းလျက်ပင် ရှိနေကြ၏။
4.以入出息禅、慈心禅为基础而转入观修的方法,也都清楚存在;你这位贤善瑜伽行者亲自进阶到观修阶段的大好机会,也仍然正向你敞开。
သို့အတွက် ဤအခွင့်ကောင်းကြီးများကို လက်မလွတ်သွားအောင် မဟာသံဃရက္ခိတ မထေရ်မြတ်ကြီး ကဲ့သို့ လောဘမကြီးသူ ဖြစ်အောင် ဒေါသမကြီးသူ ဖြစ်အောင် ဉာဏ်ပညာကြီးမားသူ ဖြစ်အောင် ကြိုးစားဖို့ ကား အသင် သူတော်ကောင်း၏ တာဝန်သာ ဖြစ်ပေသည်။
因此,为了不让这些大好机会从手中溜走,努力使自己像大僧护长老一样,成为不贪重、不嗔重而有广大智慧的人,正是你这位贤善者自己的责任。
ကြီးမားသော ဉာဏ်ပညာ
广大智慧
ဤခန္ဓာအိမ်ကို ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ် ကလာပ်တို့ဖြင့် ဖွဲ့စည်း တည်ထောင်ထား၏၊ ယင်းရုပ်ကလာပ်တို့၌လည်း ပထဝီ-အာပေါ-တေဇော-ဝါယော- ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ ဟူသော အနည်းဆုံး ရုပ်ပရမတ် သဘောတရား (၈)မျိုးတို့ဖြင့် တည်ဆောက်ထား၏။
这座蕴身由大小约如极微尘,或比极微尘小许多倍的色聚微粒组合而成;每一个色聚又至少由8种胜义色法自性构成。缅文巴利名项原串:“ပထဝီ-အာပေါ-တေဇော-ဝါယော- ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ”,即地、水、火、风、颜色、香、味与食素。
အချို့ရုပ်ကလာပ်တို့၌ ရုပ်ပရမတ် သဘောတရား (၉)မျိုး၊ အချို့ရုပ်ကလာပ်တို့၌ ရုပ်ပရမတ် သဘောတရား (၁ဝ)မျိုး --- ဤသို့စသည်ဖြင့် ရုပ်ပရမတ် သဘောတရားတို့ဖြင့် တည်ဆောက်ထား၏။ ဤသို့သော ရုပ်ပိုင်း ဆိုင်ရာ အဆိုအမိန့်တို့ကို လွန်ခဲ့သော နှစ်ပေါင်း (၂၅ဝဝ)ကျော်က သမ္မာသမ္ဗုဒ္ဓဘွဲ့ထူးကို ခံယူတော်မူခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်က ထုတ်ဖော်ဟောကြားတော်မူခဲ့၏။ ထိုရုပ်တရားတို့ကို သိရှိအောင် သာဝကတို့ သည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ကျင့်ရမည်ဟု ကျင့်စဥ်ကိုလည်း ချမှတ်ပေးတော်မူခဲ့၏။ ထိုချမှတ်ပေး သည့်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူသဖြင့် ရုပ်ပရမတ်အစစ်ကို သိရှိခွင့် ရရှိသွားတော်မူ ကြသော အရှင်သာရိပုတ္တရာ အစရှိသော အရိယသာဝကတို့သည်လည်း ရေတွက်ခြင်း ဂဏန်းသင်္ချာ၏ အပိုင်း အခြားကိုပင် ကျော်လွှားသွားပေ၏။
有些色聚含有9种胜义色法自性,有些含有10种;如此等等,都是由若干胜义色法自性构成。早在两千五百多年前,成就正等正觉的佛陀本人就已经揭示、宣说这些关于色法的教说;他也制定了修行方法,教导弟子必须修习八支圣道,才能了知这些色法。依照这一教导精勤修习,因而得以了知真实胜义色法的舍利弗尊者等圣弟子,其数量已经多得无法计算。
原书第 334 页
ဤကဲ့သို့သော အသိဉာဏ်မျိုးသည် သာသနာတော်၏ ပြင်ပ၌ ရရှိနိုင်ပါသလား၊ --- ဤကဲ့သို့သော ရုပ် ပရမတ်သဘောတရားတို့ကို ဟောကြားပြသနိုင်သူ ကျင့်စဥ်ကိုလည်း ညွှန်ကြားပြသနိုင်သူ တစ်စုံတစ်ယောက် သည် သာသနာတော်၏ ပြင်ပ၌ ရှိနိုင်ပါသလား? --- အဖြေမှာ ''မရရှိနိုင် မရှိနိုင်''ဟူ၍ ဖြစ်၏။ သို့အတွက် သာဝကတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အသိဉာဏ်မျိုးကို ရရှိသည်ဆိုလျှင် ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည်ဟု ဆိုလျှင် ထိုအသိဉာဏ်မျိုးကို ကြီးမားသော ဉာဏ်ပညာ --- ဟု မဆိုထိုက်ပြီလော?
这样的知识能够在佛陀教法之外获得吗?在佛陀教法之外,有谁能够宣说、显示这样的胜义色法,也能指示相应的修行方法吗?答案是:“不能获得,也没有这样的人。”因此,若一位弟子获得了这种关于色法的知识,能够摄取、以智分别,使智见抵达胜义色法,难道不应把这种知识称为“广大智慧”吗?
တစ်ဖန် ဘုရားရှင်၏ နာမ်ပိုင်းဆိုင်ရာ ပညာပေးစနစ်များမှာလည်း မည်သည့် ဘာသာရေးဆရာ၊ မည် သည့် ဒဿနိကဆရာ၊ မည်သည့် သိပ္ပံဆရာမျှ မဟောကြားနိုင် မပြသနိုင်သော အရာများ ဖြစ်ကြ၏။ ဘုရား ရှင်၏ ညွှန်ကြားပြသတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် သာဝကတစ်ဦးသည် ထိုနာမ်ပိုင်းဆိုင်ရာ အသိထူး ဉာဏ်ထူးတို့ကို ရရှိသည် ဖြစ်အံ့၊ နာမ်တုံး နာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည် ဖြစ်အံ့ --- ထိုအသိဉာဏ်မှာလည်း ကြီးမားသော အသိဉာဏ်ဟုပင် ဆိုထိုက်လှပေ၏။
再者,佛陀关于名法的教导体系,也是任何宗教导师、哲学家或科学家都无法宣说、显示的。若一位弟子依照佛陀的指导修行,获得这些关于名法的殊胜知识,能够以智破除名法表面呈现的团块与密集,摄取、以智分别,使智见抵达胜义名法,那么这种知识也确实应当称为“广大智慧”。
တစ်ဖန် ဘုရားရှင် ဟောကြားသွားတော်မူသော ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား များမှာလည်း မည်သည့် ဘာသာရေးကျမ်းတွင်မျှ၊ သာသနာ၏ ပြင်ပ ဖြစ်သော မည်သည့် ဒဿနိက ပညာရပ်၌မျှ ရှာဖွေ၍ မရနိုင်သော တရားတော်များပင် ဖြစ်ကြ၏။ ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် သာဝကတစ်ဦးသည် ယင်းကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကို ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သည် ဖြစ်အံ့ --- ထိုဉာဏ်ပညာ မျိုးကိုလည်း ကြီးမားသော ဉာဏ်ပညာဟူ၍ ဆိုထိုက်လှပေ၏။
再者,佛陀所宣说、揭示因果关联的缘起法,也是在任何其他宗教典籍,以及佛陀教法之外的任何哲学学说中都找不到的法。若一位弟子依照佛陀的指导修行,亲自现前、以慧洞彻知见缘起诸法的因果关联,那么这种智慧也确实应当称为“广大智慧”。
တစ်ဖန် ဘုရားရှင်သည် (၃၁)ဘုံ အဖွဲ့အစည်း ရှိ၏၊ ယင်း (၃၁)ဘုံ အဖွဲ့အစည်းကို စကြဝဠာတစ်ခု ခေါ်၏၊ စကြဝဠာပေါင်း အနန္တ ရှိ၏၊ ယင်းစကြဝဠာပေါင်း အနန္တရှိ (၃၁)ဘုံ အသီးအသီး၌ --- ၁။ ရုပ်တရား အစုအပုံသာ ရှိ၏၊ (အသညသတ်ဘုံကို ရည်သည်။) ၂။ နာမ်တရား အစုအပုံသာ ရှိ၏၊ (အရူပလေးဘုံကို ရည်သည်။) ၃။ ရုပ်နာမ် အစုအပုံသာ ရှိ၏၊ (ပဉ္စဝေါကာရဘုံကို ရည်သည်။) ၄။ အကြောင်းတရား အစုအပုံ အကျိုးတရား အစုအပုံသာ ရှိ၏။
再者,佛陀还宣说:有由三十一界组成的体系;这样一组三十一界称为一个世界系,而世界系无量无边。在这无量世界系的各个三十一界中,无非有以下内容:1.只有色法的聚集〔指无想有情天(asaññasatta-bhūmi)〕;2.只有名法的聚集〔指四无色界〕;3.有色法与名法的聚集〔指五蕴有地(pañcavokāra-bhūmi)〕;4.有因法的聚集与果法的聚集。
၅။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံတို့သည် --- (က) ဖြစ်ပြီး ပျက်နေသည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် ညှဥ်းပန်း နှိပ်စက်ခံနေရသည့် ဒုက္ခတရားတို့သာ ဖြစ် ကြ၏။
5.上述色、名、因、果——也就是诸行法——的聚集,无非具有以下三相:(甲)只是生起后便不断坏灭的无常法;(乙)只是不断受到生灭逼迫的苦法。
( ဂ ) အတ္တ မဟုတ်သည့် အနတ္တတရား အစုအပုံတို့သာ ဖြစ်ကြ၏။
(丙)它们并非可称为“我”的自体,只是无我诸法的聚集。
ဤသို့ စသည်ဖြင့် ဝိပဿနာပိုင်းဆိုင်ရာ ပညာရပ်တို့ကိုလည်းကောင်း သိအောင် ကျင့်ရမည့် မဂ္ဂင် (၈) ပါး ကျင့်စဥ်တို့ကိုလည်းကောင်း ညွှန်ကြားပေးတော်မူခဲ့၏။ အကယ်၍ သာဝကတစ်ဦးသည် ဘုရားရှင် ညွှန်- ကြားတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် ယင်းဝိပဿနာပိုင်းဆိုင်ရာ အသိဉာဏ်တို့ကို ရရှိသည်ဖြစ်အံ့၊ ယင်း အသိဉာဏ်ပညာကိုလည်း ကြီးမားသော ဉာဏ်ပညာဟုပင် ဆိုထိုက်ပေ၏။ သာသနာတော်၏ ပြင်ပ၌ ရရှိနိုင်- သော အသိဉာဏ်ပညာမျိုး မဟုတ်သောကြောင့် ဖြစ်၏။
佛陀如此指导了观修方面的种种知识,也指导了为了如实了知这些法而应当修习的八支圣道。若一位弟子依照佛陀的指导修行,获得这些观修方面的知识,那么这种知识与智慧也应当称为“广大智慧”,因为它不是能在佛陀教法之外获得的知识与智慧。
原书第 335 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း နိဗ္ဗာန်ကို ထွင်းဖောက် သိမြင်နေသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား သာဝကတစ်ဦးအဖို့ အထွတ်အထိပ် သို့ ရောက်ရှိသွားသော ဉာဏ်ပညာပင် ဖြစ်ပေသည်။
洞彻知见涅槃的道智与果智,对于一位弟子而言,就是已经达到顶峰的智慧。
ဤကဲ့သို့သော ကြီးမားသော ဉာဏ်ပညာများ ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ထို ကံက အကျိုးပေးရာ ဘဝဝယ် ဉာဏ်ပညာကြီးမားသူ ဖြစ်ရခြင်းမှာ အံ့သြဖွယ်ရာ အထူးအဆန်း မဟုတ်တော့ ပေ။ ကုသိုလ်ဓမ္မတို့၏ ဓမ္မတာဟုပင် ဆိုသင့်ပေတော့၏။
若在这些广大智慧的围绕下造作、培育一种业,那么当该业在某一生给果时,成为具有广大智慧的人就不再是什么奇异之事;应当说,这正是善法的自然法则。
ဤသည်တို့ကား အသင်သူတော်ကောင်း၏ စိတ်ဓာတ် မြင့်မားရေးအတွက် ဗုဒ္ဓအဘိဓမ္မာ၏ ပညာပေး စနစ်များပင် ဖြစ်ကြပေသည်။
以上这些,正是佛教阿毗达磨为了提升你这位贤善者的心性而施设的教导体系。
စိတ်ဓာတ်၏ စွမ်းအင်
心的力量
စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။
Citta Sutta 巴利偈(缅文转写,第一行):“စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။”译:“世间由心引导,由心牵曳;”
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။
“一切皆受心这一法支配。”
(သံ-၁-၃၆၊ စိတ္တသုတ္တန်။)
(《相应部》1-36,Citta Sutta。)
စိတ္တေန နီယတီတိ အဘိသင်္ခါရဝိညာဏံ သန္ဓာယာဟ၊ တဏှာသမ္ပယုတ္တံ ဝါ။ (မူလဋီ-၁-၆၈။) ဘဝသစ်တစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင်ဖန်တီးပေးသော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်များကို အဘိသင်္ခါရဝိညာဏ်ဟု ခေါ်၏။ အလောဘ အဒေါသ အမောဟတို့နှင့် ယှဥ်တွဲနေသော ဝိညာဏ်ကား ကုသိုလ် အဘိသင်္ခါရဝိညာဏ်တည်း။ လောဘဓာတ် (တဏှာ) ဒေါသဓာတ် မောဟဓာတ်တို့နှင့် ယှဥ်တွဲနေသော ဝိညာဏ် ကား အကုသိုလ် အဘိသင်္ခါရဝိညာဏ်တည်း။
“所谓‘由心引导’,是就造作识而说,或是就与爱相应〔的识〕而说。”(《根本复注》1-68。)能造作、形成一个新有的善识与不善识,统称为“造作识”(abhisaṅkhāra-viññāṇa)。与无贪、无嗔、无痴相应的识,是善造作识;与贪(爱)、嗔、痴相应的识,是不善造作识。
အထက်ပါ စိတ္တသုတ္တန်ဂါထာ၌လာရှိသော စိတ်ဟူသည်မှာ ယင်းအဘိသင်္ခါရဝိညာဏ်ကိုပင် ဆိုလိုပေသည်။
上引 Citta Sutta 偈中所谓的“心”,正是指这种造作识。
အလောဘ အဒေါသ အမောဟတို့နှင့် ယှဥ်တွဲနေသော ကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဓာတ်ကား သတ္တဝါတစ်ဦးကို နိဗ္ဗာန်ဆိုသည့် သံသရာ ထိုမှာဘက်ကမ်းသို့ ရောက်ရှိသည်တိုင်အောင် တစ်ဘဝထက် တစ်ဘဝ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့် ရင့်သထက်ရင့် မြတ်သထက် မြတ်အောင် ဆွဲဆောင်သွားနိုင်သော စွမ်းအားရှိ၏။
与无贪、无嗔、无痴相应,称为“善造作识”的这种心,具有逐生逐世、逐级向上牵引有情,使其愈来愈高、愈趋成熟、愈趋高尚,直至到达名为涅槃的轮回彼岸的力量。
အလားတူပင် လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသော ယုတ်ညံ့သည့် ဓာတ်တို့နှင့် ယှဥ်တွဲနေသော အကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဓာတ်ကလည်း သတ္တဝါတစ်ဦးကို အဝီစိ ငရဲသို့ တိုင်အောင်ပင် တစ်ဘဝထက် တစ်ဘဝ တစ်ဆင့်ထက် တစ်ဆင့် နိမ့်သထက်နိမ့် ညံ့သထက်ညံ့ ဖျင်း သထက်ဖျင်း အ-သထက် အ၊ န-သထက် န အောင် ပြန်လည်၍ ဆွဲခေါ်သွားနိုင်သော စွမ်းအားရှိ၏။
同样,与贪、嗔、痴、慢、嫉、悭等卑劣法相应,称为“不善造作识”的这种心,也具有逐生逐世、逐级向下拖曳有情,使其愈来愈低下、卑劣、鄙陋、愚昧而迟钝,乃至堕到阿鼻地狱的力量。
''ငါ ငါ တက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ မိုက်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့၊၊''
雷迪西亚多缅文偈原串:“''ငါ ငါ တက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ မိုက်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့၊၊''”译:“‘我、我’之念高涨,伴随着我慢,以及贪、嗔等极其愚痴的不法;若不反复修习,使这些不法远离、不再来犯而净除,只因懈怠懒惰,四恶趣便是你的家园——应将此铭记在心,保持警觉。”
(လယ်တီဆရာတော်ဘုရား)
(雷迪西亚多)
သံသရာတစ်ခွင်ဝယ် ကျင်လည်နေရသော သတ္တဝါအားလုံးတို့သည်ကား ကုသိုလ်အဘိသင်္ခါရဝိညာဏ် အကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဟူသော တစ်ခုတည်းသော တရားဓမ္မ၏ အလိုနိုင်ငံသို့ လိုက်ပါ၍ နေကြရပေ၏။ (သံ-၁-၃၆၊ စိတ္တသုတ္တန်။)
凡在轮回中流转的一切有情,都不得不顺从这唯一一法——名为“心”,也就是善造作识与不善造作识——的支配而行。(《相应部》1-36,Citta Sutta;现代编号 SN 1.62。)
原书第 336 页
မိမိတို့၏ စိတ်ကို ဤသို့ ဆင်ခြင်ပေးပါ
应如此省察自己的心
တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ''ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာ''တိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။
“因此,诸比丘,你们应当时常省察自己的心:‘长夜以来,此心一直为贪、嗔、痴所染污。’诸比丘,由于心染污,有情受到染污;由于心清净,有情得以清净。”
(သံ-၂-၁၂၃။ ဂဒ္ဒုလဗဒ္ဓသုတ်)
(《相应部》2-123,Gaddulabaddha Sutta。)
= ရဟန်းတို့ …ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့တစ်တွေသည် --- ''နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး ဤငါတို့၏ စိတ်သည် ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်း၍ နေရပေ၏။''ဟူ၍ မိမိ၏စိတ်ကို မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါ။ ရဟန်းတို့ စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ ပင်ပန်းကြရကုန်၏ ဆင်းရဲကြရကုန်၏၊ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် ဖြူစင်သန့်ရှင်းကြရကုန်၏။ (သံ-၂-၁၂၃။) ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်စေလိုခြင်း၏ ရည်ရွယ်တော်မူချက်မှာ --- စိတ်ဓာတ် ဖြူစင်သန့် ရှင်းခြင်း၏ အကြောင်းရင်းစစ်ဖြစ်သော --- သမထဝိပဿနာ ဘာဝနာတို့ကို အပတ်တကုတ် ကြိုးစားအားထုတ် စေတော်မူလိုသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်ခြင်းသည် စိတ်ဓာတ် ညစ်နွမ်းမှု အကုသိုလ်တရားတို့၏ အခြေစိုက်ရာ အာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို လက္ခဏာရေး
意即:“诸比丘,因此,在这一殊胜教法中,你们应当经常、不断地省察自己的心:‘在日夜相续、漫长久远的轮回期间,我们的心一直因贪、嗔、痴而染污。’诸比丘,因为心染污,有情也受到染污、疲惫而受苦;因为心清净,有情也得以清净。”(《相应部》2-123。)世尊要我们经常不断地如此省察,其目的正是要我们奋力修习止与观——清净自心的真实原因。经常不断地如此省察,会成为一种极强的推动力,使人把作为心中不善染污所依、所缘的五取蕴安立于三相之下,
သုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော စိတ်ဓာတ်များ တဖွားဖွားဖြစ်ပေါ်လာရေးအတွက် အလွန် အားကောင်းသော တွန်းအားကြီးတစ်ခုပင် ဖြစ်သည်။
从而使想要反复修习观禅业处之心接连生起。
စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ
调御自己的心
ဤသို့ ဆင်ခြင်လျက် မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးပါ။
应当如此省察,亲自调御自己的心。
၁။ နိယမိတ --- ''ငါသည် ကုသိုလ်ကိုသာ ပြုလုပ်ရမည်''ဟု သမထဝိပဿနာစသည် ထိုထို ကုသိုလ်ကို ပြုလုပ်ခြင်း၌ မိမိ၏ စိတ်ကို အမြဲသတ်မှတ်ထားပါ။
1.决定(niyamita):应当恒常确立自己的心:“我只应当行善。”使心决定于修习止、观等各种善法。
၂။ ပရိဏာမိတ --- လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသည့် အကုသိုလ်တရားဆိုးတို့ ဖြစ်ပေါ်လာခြင်းမှ စိတ်ကို ဆုတ်နစ်စေလျက် သမထ ဝိပဿနာစသည့် ကုသိုလ်တို့ကို ပြုလုပ်ခြင်း၌ သာလျှင် မိမိ၏ စိတ်ကို အမြဲတမ်း ညွတ်ကိုင်းရှိုင်းထားပါ။
2.倾向(pariṇāmita):使心退离贪、嗔、痴、我慢、嫉、悭等恶不善法的生起,令自己的心恒常只倾向于修习止、观等善法。
၃။ သမုဒါစာရ --- ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ကုသိုလ်တရားတို့ကို အမြဲမပြတ် ပြုလုပ် ခြင်းဖြင့် ကုသိုလ်တရားတို့၌သာလျှင် မိမိ၏စိတ်ကို အလေ့အကျင့်များအောင် ပြုလုပ်ပေးပါ။
3.惯行(samudācāra):恒常不断地修习布施、持戒、止与观等善法,使自己的心只在善法上养成深厚习惯。
၄။ အာဘုဇိတ --- (က) သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သည့် ပတိရူပဒေသအရပ်၌သာ နေထိုင်ပါ။
4.作意(ābhujita):(甲)只应居住在贤善者所在、适宜而良善的地方(patirūpadesa)。
( ခ ) သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ပါ။
(乙)亲近、依止贤善之人。
( ဂ ) သူတော်ကောင်းတရားကို နာကြားပါ။
(丙)听闻贤善之法。
(ဃ) အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ငါးပါးသီလမှစ၍ ကျင့်ဝတ် ပဋိပတ်ဟူသမျှကို ဖြည့်ကျင့်ပါ။
(丁)从五戒开始,圆满一切作为圣道前分所应实践的行持。
( င ) အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု တွင်တွင်ကြီး ရှုနေပါ။ နှလုံးသွင်းနေပါ။ ဤသို့ နှလုံးသွင်းနေပါက မည်သည့် ဣဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည်ဖြစ်စေ၊
(戊)对于存在于过去、未来、现在三时,以及内、外两种相续中的五取蕴——色名法——应当一再观为无常、苦、无我、不净,一再如此作意。若能这样作意,无论遇到任何可意所缘,
原书第 337 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း မည်သည့် အနိဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည် ဖြစ်စေ တုန်လှုပ်မှု မရှိဘဲ ကုသိုလ်သာ အမြဲတမ်း ဖြစ်နေ တော့မည် ဖြစ်ပေသည်။
还是任何不可意所缘,也都不会动摇,只会恒常生起善法。
ဤသို့လျှင် မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ၍ ပေးပါ။ ဤသို့ ပြုပြင်ပြောင်းလဲပေးပါက အသင် သူတော်ကောင်း၏ စိတ်ဓာတ်သည် တဖြည်းဖြည်း ဖြူစင်သန့်ရှင်းလာမည်သာ ဖြစ်ပေသည်။ တစ်စ တစ်စ ဖြူစင်သန့်ရှင်းလာသော ထိုစိတ်ဓာတ်က အသင်သူတော်ကောင်း၏ ဘဝကို တစ်ဘဝထက် တစ်ဘဝ တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့် မြတ်သထက်မြတ် နတ်ထက်နတ် ဗြဟ္မာထက်ဗြဟ္မာ ဖြစ်အောင် မြှင့်တင်ပေး မည်သာ ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည် အရဟတ္တမဂ်ရေစင်ဖြင့် ဖြူစင် အောင် အပြီးတိုင် ဆေးကြောသုတ်သင်နိုင်သော အဆင့်သို့ ရောက်ရှိသွားသဖြင့် စိတ်ဓာတ်သည် လုံးလုံးကြီး သန့်ရှင်းဖြူစင်သွားပါက သံသရာဝဋ်ဒုက္ခ မီးပုံကြီးလည်း အပြီးတိုင် အငြိမ်းကြီး ငြိမ်းသွားပြီးသာ ဖြစ်ပေသည်။
应当这样调御自己的心。贤者,如此调御,你的心便会逐渐清净;这颗逐渐清净的心,会令你的生命一世高过一世、一阶胜过一阶:天界一层高过一层,梵界一层高过一层。倘若你的心达到能由阿罗汉道的净水彻底洗净的阶段,心便完全清净,轮回大苦的熊熊火聚也就永远彻底熄灭。
အကယ်၍ ထိုကဲ့သို့ စိတ်ဓာတ်ကို မြင့်မားအောင် မြှင့်တင်မပေးဘဲ မိမွေးတိုင်း ဖမွေးတိုင်း ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းသာ မိမိတို့၏ စိတ်ကို လွှတ်ထားလိုက်ပါက၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိသော တရားဆိုးတို့ကို ဖြစ်မြဲတိုင်းသာ ဖြစ်နေစေပါက မိမိတို့၏ စိတ်ဓာတ်များသည် ဖြူစင် သန့်ရှင်းမလာဘဲ ညစ်နွမ်းမြဲသာ ညစ်နွမ်းနေမည် ဖြစ်၏။ ထိုညစ်နွမ်းနေသော စိတ်ဓာတ်ကို အချိန်မီ နှိပ်ကွပ် မပေးပါက စိတ်အစဥ်တွင် ထကြွသောင်းကျန်းနေသည့် ပရိယုဋ္ဌာနကိလေသာ အဆင့်တွင် ရပ်တည်မနေတော့ဘဲ တွယ်တာမက်မောမှုတွေက၊ သို့မဟုတ် မကျေနပ်ချက်တွေက အားကောင်းလာသဖြင့် ပေါက်ကွဲလာသည့်အခါ ပြောမှား ဆိုမှား ပြုမှားတတ်သည့် ဝီတိက္ကမကိလေသာ အဆင့်သို့အထိ ရောက်ရှိသွားနိုင်၏။ သီလများလည်း ကျိုးပေါက်သွားကြပြီ ဖြစ်၏။ မစင်ကြယ်သော သီလ၌ ရပ်တည်၍ ပြုလုပ်နေသော အသင်သူတော်ကောင်း၏
反之,若不如此提升心,只任凭自己的心维持天生的旧样,让贪、嗔、痴、我慢、嫉、悭等恶法照旧生起,心就不会清净,只会一直染污。若不及时制伏这颗染污的心,烦恼便不再停留于在心相续中兴风作浪的现行烦恼(pariyuṭṭhāna-kilesa)阶段;执著贪爱或不满会越来越强,一旦爆发,便可能发展到使人在言语、行为上越界的违犯烦恼(vītikkama-kilesa)阶段,戒也随之破损。你立足于不清净之戒而造作的
ဒါန စသော ကောင်းမှုကုသိုလ်တို့သည်လည်း အလွန်အဆင့်အတန်း နိမ့်ကျသွားသော ကောင်းမှုတို့သာ ဖြစ်ကြ ပေတော့အံ့။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ပြုစုပျိုးထောင်ထားအပ်သော ဒါန၏ စွမ်းအားကား ဤသို့ရှိ၏။
布施等善业,也就只会成为层次极低的善业。立足在名为“戒”的土地上培育的布施,则具有如下力量。
ဒါနဥှိ လောကေ သက္ကသမ္ပတ္တိံ ဒေတိ မာရသမ္ပတ္တိံ ဗြဟ္မသမ္ပတ္တိံ စက္ကဝတ္တိသမ္ပတ္တိံ သာဝကပါရမီဉာဏံ ပစ္စေကဗောဓိဉာဏံ အဘိသမ္ဗောဓိဉာဏံ ဒေတိ။ (အံ-ဋ္ဌ-၃-၂၁၃။) = လောက၌ ဒါနသည် သိကြားနတ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ မာရ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ ဗြဟ္မာမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ စကြဝတေးမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်း နိုင်၏၊ သာဝကပါရမီဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ ပစ္စေကဗောဓိဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ အဘိသမ္ဗောဓိ ဉာဏ် = သဗ္ဗညုတဉာဏ် အထွဋ်တပ်ထားသော အရဟတ္တမဂ်ဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏။ (အံ-ဋ္ဌ-၃-၂၁၃။) သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချစိုက်ပျိုးလိုက်သော ဒါနသည် ဒါနရှင်ဘက်က လူမင်း စည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် စကြဝတေးမင်းစည်းစိမ်တို့ကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနစေတနာက ယင်းစည်းစိမ် အရပ်ရပ်တို့ကို ပေးနိုင်သော စွမ်းအား အပြည့်အဝ ရှိသည်သာ ဖြစ်၏။ တစ်
“诚然,在世间,布施能给予帝释成就、魔王成就、梵天成就、转轮王成就,也能给予声闻波罗蜜智、独觉菩提智与正等菩提智。”(《增支部义注》3-213。)也就是说,在世间,布施能够带来帝释、魔王、梵天与转轮王的成就,也能带来声闻波罗蜜智、独觉菩提智,以及正等菩提智——即以一切知智冠顶的阿罗汉道智。(《增支部义注》3-213。)若布施立足于戒地而播种培育,施主又曾愿求获得人王、天王、梵天或转轮王的成就,那么布施之思就具有带来这些种种成就的全部力量;一旦
ချိန် ယင်းဒါနကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်၍ ရင့်ကျက်လာပါက ထိုအလှူရှင်သည် ထိုအကျိုးတရား တို့ကို ရရှိမည်သာ ဖြစ်သည်။ အကယ်၍ အလှူရှင်က အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ် ပကတိသာဝကဗောဓိဉာဏ် ဟူသော ဗောဓိဉာဏ်တစ်ခုခုကို လိုလားတောင့်တခဲ့လျှင် ရရှိနိုင်သည်သာ ဖြစ်၏၊ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို လိုလားတောင့်တခဲ့လျှင် ထိုဒါနက ပစ္စေကဗောဓိဉာဏ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးမည်သာ ဖြစ်၏၊ အကယ်၍ သုမေဓာရှင်ရသေ့တို့ကဲ့သို့ ဝေဿန္တရာမင်းကြီးတို့ကဲ့သို့ သဗ္ဗညုတ
这项布施业因缘具足、成熟而能够给果,施主必会获得那些果报。若施主愿求上首声闻菩提智、大声闻菩提智或普通声闻菩提智中的任何一种,就能获得所愿;若愿求独觉菩提智,这项布施便会一直助益他,直到证得独觉菩提智;若像善慧仙人或毘输安多罗王那样愿求一切知智
原书第 338 页
ဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနက သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်း ရရှိအောင် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်သည်။ ပါရမီ (၁ဝ)ပါး တို့တွင် ဒါနသည်လည်း ပါရမီ အစိတ်အပိုင်းတစ်ခု အဖြစ်ဖြင့် ပါဝင်လျက်ပင် ရှိ၏။ ဒါန၏ စွမ်းအားကား ကြီး မားလှ၏။
即殊胜的正等菩提智,这项布施也能助益他获得一切知智,即殊胜的正等菩提智。布施本来就是十波罗蜜之一;布施的力量极为广大。
တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ-၃-၇၁။ ဒါနူပပတ္တိသုတ်။) ဤမျှ စွမ်းအားကြီးမားလှသော ဒါနက ထိုသို့ အဆင့်အတန်း အလွန်မြင့်မားသော အကျိုးတို့ကို ပေးနိုင် ခြင်း ဖြစ်စေနိုင်ခြင်းဟူသော ထိုသဘောတရားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရား ဟောကြား- တော်မူ၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ရနိုင်၏ဟု ငါဘုရား မဟောကြားပေ။ ရဟန်းတို့ …သီလရှိသော ပုဂ္ဂိုလ်အား သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ-၃-၇၁။)
巴利《布施生经》(Dānū“而且,我说这是就持戒者而言,并非就破戒者而言。诸比丘,持戒者的心愿因其清净而得以成就。”(《增支部》3-71,《布施生经》。)佛陀只对持戒者宣说:具有如此广大力量的布施,能够带来如此高等的果;佛陀并未说破戒者也能获得。诸比丘,对持戒者而言,由于戒清净,心也清净,所以内心的一切愿求必定能够圆满。(《增支部》3-71。)
ဗြဟ္မာမင်းစည်းစိမ်ကို ရရှိစေနိုင်ပုံ
如何获得梵天成就
ဤနေရာတွင် ဒါနက ဗြဟ္မာမင်းစည်းစိမ်ကိုသော်လည်း ပေးနိုင်ပုံနှင့် ပတ်သက်၍ ဤသို့ လာရှိ၏။
关于布施如何也能带来梵天成就,圣典中有如下说明。
တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဝီတရာဂဿ၊ နော သရာဂဿ။ (အံ-၃-၇၂။) ဝီတရာဂဿာတိ မဂ္ဂေန ဝါ သမုစ္ဆိန္နရာဂဿ သမာပတ္တိယာ ဝါ ဝိက္ခမ္ဘိတရာဂဿ။ ဒါနမတ္တေနေဝ ဟိ ဗြဟ္မလောကေ နိဗ္ဗတ္တိတုံ န သက္ကာ၊ ဒါနံ ပန သမာဓိဝိပဿနာစိတ္တဿ အလင်္ကာရပရိဝါရံ ဟောတိ။ တတော ဒါနေန မုဒုစိတ္တော ဗြဟ္မဝိဟာရေ ဘာဝေတွာ ဗြဟ္မလောကေ နိဗ္ဗတ္တတိ။ တေန ဝုတ္တံ ''ဝီတရာဂဿ၊ နော သရာဂဿာ''တိ။ (အံ-ဋ္ဌ-၃-၂၃ဝ။) အနာဂါမ် အရိယာသူတော်ကောင်းသည် အနာဂါမိမဂ်ဉာဏ်ဖြင့် ကာမ (၁၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၏ အပေါ်၌ တွယ်တာတပ်မက်သည့် ကာမရာဂကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်၏။ သမုစ္ဆေဒပဟာန်တည်း။ သီလရှိသော ပုထုဇန်သူတော်ကောင်းနှင့် သောတာပန် သကဒါဂါမ် အရိယာသူတော်ကောင်းတို့ကား ယင်းကာမရာဂကို စျာန်သမာပတ်၏ စွမ်းအားဖြင့် ခပ်ကြာကြာ ခွာထားနိုင်၏ = ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်စွန့်ထားနိုင်၏။
“而且,我说这是就持戒者而言,并非就破戒者而言;是就离贪者而言,并非就有贪者而言。”(《增支部》3“所谓‘离贪者’,是指以道断尽贪者,或以等至镇伏贪者。仅凭布施不能投生梵界;但布施能成为定与观之心的庄严、助伴。此后,因布施而心柔软者修习梵住,便投生梵界。因此说:‘是就离贪者而言,并非就有贪者而言。’”(《增支部义注》3-230。)不来圣者能以不来道智,把对存在于欲界十一地中的一切有情、无情欲乐对象之欲贪无余、连根断除;这是正断(samuccheda-pahāna)。持戒的凡夫,以及入流、一来圣者,则能以禅那等至之力使欲贪隔离较长时间,也就是以镇伏断(vikkhambhana-pahāna)暂时舍断。
ယင်းသို့ သီလရှိသော သမုစ္ဆေဒပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကင်းပြီးသော ပုဂ္ဂိုလ်အားသာလျှင် ဒါန က ဗြဟ္မာမင်းစည်းစိမ်ကို ရရှိနိုင်ကြောင်းကို ဘုရားဟောကြားတော်မူခြင်းဖြစ်၏။ ယင်းသို့ ရာဂကင်း၍ သီလ ရှိသော ပုဂ္ဂိုလ်၏ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံသွားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ --- ဒါန သက်သက်မျှ ဖြင့်ကား ဗြဟ္မာ့ပြည်၌ ဖြစ်ဖို့ရန် မစွမ်းနိုင်၊ သို့သော် ဒါနသည် သမာဓိ အမည်ရသော သမထ ဘာဝနာစိတ်နှင့် ဝိပဿနာ ဘာဝနာစိတ်၏ အဆင်တန်ဆာ အခြံအရံကား ဖြစ်နိုင်၏။ ထိုကြောင့် ဒါနတစ်ခုကို ပြုလုပ်ခြင်းဖြင့် ဒါနကြောင့် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာသော သူတော်ကောင်းသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူကုန်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတို့ကို ဖြစ်စေနိုင်ခဲ့သော် ယင်းစျာန်တရားက ဝိက္ခမ္ဘနအားဖြင့်
因此,佛陀所说布施能带来梵天成就,只是针对具戒、并已由正断或镇伏断而离贪的人。这样离贪而具戒之人,由于戒清净、心清净,内心的一切愿求必定圆满。意思是:仅凭布施不能投生梵界;然而,布施能够成为名为“定”的止修心,以及观修心的庄严与助伴。因此,贤善者行布施后,心因布施而柔软;若他能修成慈、悲、喜、舍四梵住,这些禅那法便能以镇伏的方式
ရာဂ စသော နီဝရဏ အညစ်အကြေးတို့ကို ခွါနိုင် ပယ်နိုင်၏၊ ရာဂကင်းနေသော ယင်းဗြဟ္မဝိဟာရစျာန်တို့ကို ဖြစ်စေနိုင်သောကြောင့် ဗြဟ္မာပြည်၌ ဖြစ်ရ၏၊ ထိုကြောင့် ''ရာဂကင်းသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရားသည် ဗြဟ္မာ့ပြည်သို့ ရောက်နိုင်ကြောင်း ဟောကြားတော်မူ၏။ ရာဂမကင်းသော ပုဂ္ဂိုလ်အား ရောက်နိုင်၏ဟု ငါဘုရား
使贪等盖的染污退去、被舍断。由于能够成就这些离贪的梵住禅,他便得以投生梵界。所以佛陀说:“我只对离贪者宣说他能到达梵界;对于尚未离贪的人,我并未宣说他
原书第 339 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း မဟောကြားပေ'' --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ (အံ-ဋ္ဌ-၃-၂၃ဝ။) ဤမျှ စွမ်းအားကြီးမားနေသော ဒါနသည် သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ မကြဲချ မစိုက်ပျိုး နိုင်ပါမူကား အလွန် အဆင့်အတန်း မြင့်မားသော အကျိုးတရားတို့ကို မပေးစွမ်းနိုင်တော့ဘဲ အလွန် အဆင့် နိမ့်သော အကျိုးတရားတို့ကိုသာ ပေးစွမ်းနိုင်တော့မည် ဖြစ်၏။ --- ဤအကြောင်းအရာကို အောက်ပါ ဇာဏု- သောဏိ သုတ္တန်တွင် ဖတ်ရှုကြည့်ပါ။
能到达梵界。”(《增支部义注》3-230。)具有如此广大力量的布施,如果不能立足于戒地加以播种、培育,就无法带来层次极高的果,只能带来层次极低的果。关于这一点,请阅读以下《阇努须尼经》。
ဇာဏုသောဏိသုတ္တန်
《阇努须尼经》
ထိုအခါ ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်ဆရာကြီးဖြစ်သော ဇာဏုသောဏိ ပုဏ္ဏားကြီးသည် မြတ်စွာ ဘုရား၏ အထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်တင့်လျောက်ပတ်သော တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏။
当时,频毘娑罗王的王师、司祭大婆罗门阇努须尼来到世尊之处,与世尊互致欢喜、值得铭记的问候;交谈完毕,便在适当之处坐下,对世尊如此说道。
''အရှင်ဂေါတမ …တပည့်တော်တို့ ပုဏ္ဏားတို့ မည်သည်ကား --- ''ဤအလှူသည် ကွယ်လွန်သွားကြ သော ဆွေမျိုးသားချင်းတို့ထံသို့ ရောက်ရှိပါစေ၊ ဤအလှူကို ကွယ်လွန်သွားကြကုန်သော ဆွေမျိုးသားချင်းတို့ သည် သုံးဆောင်ကြပါစေ''ဟု ရည်ရွယ်၍ အလှူဒါနတို့ကို ပေးလှူကြပါကုန်၏။ သေသူကို ရည်စူး၍ ပြုလုပ် အပ်သော ကုဗ္ဘီးထမင်းကို ပြုလုပ်ကြပါကုန်၏။ အရှင်ဂေါတမ …အသို့ပါနည်း --- ထိုအလှူသည် ကွယ်လွန် သွားကြကုန်သော ဆွေမျိုးသားချင်းတို့ထံသို့ ရောက်ရှိသွားပါသလော၊ အသို့ပါနည်း၊ ထိုကွယ်လွန်သွားကြကုန် သော ဆွေမျိုးသားချင်းတို့သည် ထိုအလှူကို သုံးဆောင်ကြရပါကုန်သလော'' --- ဟု ဤသို့ လျှောက်ထား၏။
“乔答摩尊者,我们婆罗门作布施时,会如此发愿:‘愿这项布施到达已经去世的亲族;愿已经去世的亲族受用这项布施。’我们也会制作献给亡者的 kubbhī 饭。乔答摩尊者,情况如何?这项布施会到达已经去世的亲族吗?那些已经去世的亲族能够受用它吗?”他如此问道。
''ဒါယကာတော်ပုဏ္ဏား ရောက်သင့်သော အရပ်၌ ရောက်၏၊ မရောက်သင့်သော အရပ်၌ မရောက်နိုင်''- ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်၏။
佛陀答道:“婆罗门施主,在能够到达的处所,它会到达;在不能到达的处所,它不能到达。”
အရှင်ဂေါတမ … ၁။ ရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း၊ ၂။ မရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း။ --- ဤသို့ မေးပြန်၏။
婆罗门又问:“乔答摩尊者,1.什么是能够到达的处所?2.什么是不能到达的处所?”
၁။ ဒါယကာတော်ပုဏ္ဏား … ဤလူ့လောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ အမှားမှား အယွင်းယွင်း ပြုကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ရှိ၏၊ ကုန်းတိုက်စကား ပြောကြားလေ့ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကား ရှိ၏၊ ပြိန်ဖျင်းသော စကား ရှိ၏၊ သူတစ် ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားလျက် ရှိ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော စိတ်ဓာတ် ရှိ၏၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ငရဲသို့ ရောက်ရှိရ၏၊ ထိုသူသည် ငရဲသားသတ္တဝါ၏ အစာ အာဟာရဖြင့် ငရဲ၌ မျှတရ၏၊ ထိုအစာအာဟာရဖြင့် ထိုသူသည် ထိုငရဲ၌ တည်နေရ၏။ ဒါယကာတော်ပုဏ္ဏား ဤသည်လည်း ရောက်သင့်သည့် အရပ် မဟုတ်သေး၊ ယင်းငရဲ၌ တည်သူအား ထိုဒါနသည် မရောက်ရှိနိုင်။
1.“婆罗门施主,世间有些人杀生、偷盗、邪淫、妄语、两舌、恶口、绮语;对他人的有情、无情欲乐资具多有非分贪求,怀有想要毁坏有情与诸行的心,并持错误的邪见。身坏命终之后,他投生地狱,以地狱有情的食物在地狱中维持,并依那种食物住于地狱。婆罗门施主,这仍不是布施能够到达的处所;布施不能到达住在地狱中的亡者。”
〔နေရယိကာနံ အာဟာရော နာမ တတ္ထ နိဗ္ဗတ္တနကမ္မမေဝ။ တေနေဝ ဟိ တေ တတ္ထ ယာပေန္တိ။ (အံ-ဋ္ဌ- ၃-၃၃၈။) = ငရဲသားတို့၏ အာဟာရ မည်သည်ကား ထိုငရဲ၌ ဖြစ်စေတတ်သော စေတနာကံဟူသော ကမ္မ အာဟာရပင်တည်း။ ထိုကမ္မအာဟာရဖြင့်ပင် ထိုငရဲသားတို့သည် ထိုငရဲ၌ မျှတကြရကုန်၏။〕
“所谓地狱有情的食物,就是令他们投生于彼处的业;他们正依那种业而在彼处维持。”(《增支部义注》3-338。)也就是说,地狱有情的食物,就是令其投生地狱、作为业食的思业;那些地狱有情正依这一业食而在地狱中维持。〕
原书第 340 页
၂။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှား ယွင်းသော မိစ္ဆာဒိဋ္ဌိအမြင် ရှိ၏။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ တိရစ္ဆာန်မျိုးသို့ ရောက်ရ၏၊ ထိုသူသည် တိရစ္ဆာန်မျိုး၌ ဖြစ်သည့် သတ္တဝါတို့၏ အစာဖြင့် ထိုတိရစ္ဆာန်မျိုး၌ မျှတရ၏။ ထို အစာဖြင့် ထိုသတ္တဝါသည် ထိုတိရစ္ဆာန်မျိုး၌ တည်ရ၏။ ဒါယကာတော်ပုဏ္ဏား …ဤသည်လည်း ရောက် သင့်သော အရပ် မဟုတ်သေး၊ ထိုတိရစ္ဆာန်မျိုး၌ တည်သူ၏ အထံသို့ ထိုဒါနသည် မရောက်ရှိနိုင်။
2.“婆罗门施主,世间有些人杀生,乃至持错误的邪见。身坏命终之后,他投生畜生类,以畜生类有情的食物在那里维持,并依那种食物住于畜生类中。婆罗门施主,这也不是布施能够到达的处所;布施不能到达住于畜生类中的亡者。”
〔တိရစ္ဆာနယောနိကာနံ ပန တိဏပဏ္ဏာဒိဝသေန အာဟာရော ဝေဒိတဗ္ဗော၊ (သံ-ဋ္ဌ-၃-၃၃၈။) = တိရစ္ဆာန်တို့၏ အစာအာဟာရကား မြက် သစ်ရွက် စသည်တို့ပင် ဖြစ်ကြသည်။〕 ၃။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ကာမတို့၌ အမှားမှား အယွင်းယွင်း ကျင့်ခြင်းမှ ရှောင်ကြဥ်၏၊ မဟုတ် မမှန် ပြောကြားခြင်းမှ ရှောင်ကြဥ်၏၊ ကုန်းတိုက်စကားမှ ရှောင်ကြဥ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဥ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဥ်၏။ သူတစ်ပါးစည်းစိမ်တို့၌ မတော်လောဘဖြစ်ခြင်း အဘိဇ္ဈာ မများ၊ သတ္တဝါ သင်္ခါရတို့ကို မဖျက်ဆီးလိုသော စိတ်ဓာတ်ရှိ၏၊ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူရှိ၏။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရှိ၏။ ထိုသူ သည် ထိုလူတို့၏ အစာဖြင့် ထိုလူ့ဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသူသည် ထိုဘုံ၌ တည်ရ၏၊ ဒါယကာတော်
“应知,畜生类有情以草、叶等为食。”(原书标《相应部义注》3-338。)也就是说,畜生的食物就是草、树叶等。〕3.“婆罗门施主,世间有些人远离杀生、偷盗、邪淫、妄语、两舌、恶口与绮语;不对他人财物多生非分贪求,不怀有想要毁坏有情与诸行的心,并持正确的正见。身坏命终之后,他投生于人类之中,以人的食物在人界维持,并依那种食物住于该界。婆罗门施主,
ပုဏ္ဏား …ဤသည်လည်း ရောက်သင့်သော အရပ် မဟုတ်သေး၊ ယင်းလူ့ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်ရှိနိုင်။
这也不是布施能够到达的处所;布施不能到达住在人界中的亡者。”
၄။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ် ၏။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိအယူ ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိသွား၏။ ထိုသူသည် နတ်တို့၏ နတ်သုဓာသြဇာ စသော အစာဖြင့် ထိုနတ်ဘုံ၌ မျှတရ၏။ ထိုအစာဖြင့် ထိုသူသည် ထိုနတ်ဘုံ၌ တည်ရ၏။ ဒါယကာတော်ပုဏ္ဏား …ဤသည် လည်း ရောက်သင့်သော အရပ် မဟုတ်သေး၊ ယင်းနတ်ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်။
4.“婆罗门施主,世间有些人远离杀生,乃至持正确的正见。身坏命终之后,他投生于诸天之中,以诸天的甘露精华等食物在天界维持,并依那种食物住于天界。婆罗门施主,这也不是布施能够到达的处所;布施不能到达住在天界中的亡者。”
၅။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှား ယွင်းသော မိစ္ဆာဒိဋ္ဌိအမြင် ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ပြိတ္တာဘုံသို့ ရောက်ရှိသွား၏။ ထိုသူသည် ပြိတ္တာဘုံသား ဖြစ်ကြသည့် သတ္တဝါတို့၏ အစာဖြင့် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေရ၏။ သို့မဟုတ် ကွယ်လွန်သူ ထိုသူ့အတွက် ရည်ညွှန်း၍ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း၊ ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ပေးလှူ အပ်သော ဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေ ရ၏၊ ဒါယကာတော်ပုဏ္ဏား …ဤသည်ကား ရောက်သင့်သော အရပ်တည်း။ ယင်းပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်ရှိပေ၏။ ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူ၏။
5.“婆罗门施主,世间有些人杀生,乃至持错误的邪见。身坏命终之后,他投生饿鬼界,以饿鬼界有情的食物在那里维持,并依那种食物住于饿鬼界;或者,他也能依亲友或亲族为已经去世的他指定而作的布施,在饿鬼界中维持,并依那项布施住于饿鬼界。婆罗门施主,这才是布施能够到达的处所;布施会到达住在饿鬼界中的亡者。”佛陀如此说道。
〔ပေတ္တိဝေသယိကာနံ ခေဠသိင်္ဃာဏိကာဒိဝသေန။ ယံ ဝါ ပနဿ ဣတော အနုပ္ပဝေစ္ဆန္တီတိ ယံ တဿ မိတ္တာဒယော ဣတော ဒဒန္တာ အနုပဝေသေန္တိ၊ ပေတ္တိဝေသယိကာ ဧဝ ဟိ ပရဒတ္တူပဇီဝိနော ဟောန္တိ၊ န အညေသံ ပရေဟိ ဒိန္နံ ဥပကပ္ပတိ။ (အံ-ဋ္ဌ-၃-၃၃၈-၃၃၉။) = ပြိတ္တာတို့၏ ပြကတေ့သော အစာအာဟာရကား လူတို့ စွန့်ပစ်အပ်သော တံတွေး နှပ် စသည်တို့ ဖြစ် ကြ၏။ ချစ်ကျွမ်းဝင်သူ ဆွေမျိုးသားချင်း စသည်တို့က လူ့ဘဝမှ ကွယ်လွန်သွားသူ ထိုပြိတ္တာအား ရည်ညွှန်း၍
“饿鬼界有情以唾液、鼻涕等为食。所谓‘或从这里输送给他的一切’,是指他的朋友等在这里作布施,使之流入于他。因为唯有饿鬼界有情依他人所施而活;其他类众生不能受用他人所作的布施。”(《增支部义注》3-338—339。)饿鬼通常的食物,是人们丢弃的唾液、鼻涕等。若朋友、亲族等,从人间以那位已经去世的饿鬼为对象
原书第 341 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဒါနပြုခဲ့သော် ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံဘဝ၌ နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်တို့ကို ခံစားလျက် မျှတရ၏။ သို့သော် ထိုသို့ ဒါန၏ အကျိုးကို ခံစားရသော ပြိတ္တာတို့ကား သူတစ်ပါးတို့က ပေးလှူ လိုက်သော အလှူဒါနကိုသာ အမှီပြု၍ အသက်မွေးရသည့် ပရဒတ္တူပဇီဝိကပြိတ္တာမျိုးသာ ဖြစ်သည်။ အခြား အခြားသော နိဇ္ဈာမာတဏှိကပြိတ္တာ စသော ထိုထို ပြိတ္တာတို့ကား ထိုဒါန၏ အကျိုးကို မသုံးဆောင် မခံစား ရကုန်။ ထိုဒါနသည် ထိုကဲ့သို့သော ပြိတ္တာမျိုးတို့ထံသို့ မကပ်ရောက်ပေ။〕 အရှင်ဂေါတမ …အကယ်၍ ထိုကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုပြိတ္တာဌာနသို့ မရောက်ရှိ ကြပါလျှင် အဘယ်သူသည် ထိုဒါနကို သုံးဆောင်ပါသနည်း --- ဟု တစ်ဖန် လျှောက်ထားပြန်၏။
作了布施,那位饿鬼便能依这项布施,在饿鬼界中享受如天界财富般广大的福乐而维生。然而,能够这样享受布施果报的,只限于依靠他人所施供养维持生命的“依他施食饿鬼”(paradattūpajīvika-peta)。至于“内烧渴饿鬼”(nijjhāmataṇhika-peta)等其他各类饿鬼,则不能受用、不能享受这项布施的果报;这项布施到不了这类饿鬼那里。〕婆罗门又问:“乔答摩尊者,如果那些已故亲族没有投生到饿鬼处,那么谁来受用这项布施呢?”
ဒါယကာတော်ပုဏ္ဏား …ထိုပြိတ္တာဘုံဌာနသို့ ရောက်ရှိသွားကြကုန်သော အခြား အခြားသော ကွယ် လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုဒါနကို သုံးဆောင် ခံစားကြရကုန်၏ --- ဟု ဘုရားရှင်က မိန့်ကြားတော်မူ ပြန်၏။
佛陀答道:“婆罗门施主,已经投生到那饿鬼界处的其他已故亲族,会受用、享受这项布施。”
အရှင်ဂေါတမ …ထိုကွယ်လွန်သွားသော ဆွေမျိုးသားချင်းသည်လည်း ထိုပြိတ္တာဘုံဌာနသို့ မရောက်ရှိ ပါလျှင်၊ အခြား အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည်လည်း ထိုပြိတ္တာဘုံဌာနသို့ မရောက်ရှိကြ ပါလျှင် ထိုဒါနကို မည်သူ သုံးဆောင်ပါမည်နည်းဟု တစ်ဖန် လျှောက်ထားပြန်၏။
婆罗门又问:“乔答摩尊者,如果那位已故亲族没有投生到饿鬼界处,其他已故亲族也都没有投生到饿鬼界处,那么谁会受用这项布施呢?”
ဒါယကာတော်ပုဏ္ဏား …ဤမျှ ရှည်လျားလှစွာသော သံသရာခရီးအဓွန့်ကာလ၌ ကွယ်လွန်သွားကြသူ ပြိတ္တာ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာ ပြိတ္တာဘုံဌာန ရှိရာ၏ဟူသော ဤအကြောင်းအရာသည်ကား အရာ ဌာန မဟုတ်ပေ၊ အခါအခွင့် မဟုတ်ပေ။ (အပိစ ဗြာဟ္မဏ ဒါယကောပိ အနိပ္ဖလောတိ) = ဒါယကာတော်ပုဏ္ဏား အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင် --- ဟု မိန့်တော်မူ၏။
佛陀答道:“婆罗门施主,在如此漫长的轮回旅程中,说饿鬼界会完全没有任何已故亲族,这是绝无“而且,婆罗门,施者也绝不可能没有果报。”
〔ဒါယကောပိ အနိပ္ဖလောတိ ယံ သန္ဓာယ တံ ဒါနံ ဒိန္နံ၊ တဿ ဥပကပ္ပတု ဝါ မာ ဝါ၊ ဒါယကေန ပန န သက္ကာ နိပ္ဖလေန ဘဝိတုံ၊ ဒါယကော တဿ ဒါနဿ ဝိပါကံ လဘတိယေဝ။ (အံ-ဋ္ဌ-၃-၃၃၉။) = အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်ဟူသည် --- အကြင်ကွယ်လွန်သူကို ရည်ညွှန်း၍ ထိုဒါနကို ပေးလှူအပ်၏၊ ထိုဒါနသည် ထိုကွယ်လွန်သူအား ကပ်ရောက်သည်မူလည်း ဖြစ်ချင် ဖြစ်ပါစေ၊ မကပ် ရောက်သည်မူလည်း ဖြစ်ချင် ဖြစ်ပါစေ၊ အမှန်စင်စစ် အားဖြင့် အလှူရှင်သည် အကျိုးမဲ့ မဖြစ်နိုင်၊ အလှူ ရှင်သည် ထိုဒါန၏ အကျိုးတရားကို ရရှိသည်သာလျှင် ဖြစ်ပေသည်။〕 အရှင်ဂေါတမ …သေသူသည် ဒါန၏ အကျိုးတရား မဖြစ်သင့်ရာ အရပ်၌ ဖြစ်သော်လည်း အရှင် ဂေါတမသည် ဒါန၏ အကျိုးတရား၏ ထင်ရှားရှိမှုကို ပညတ်တော်မူပါသလော --- ဟု ပုဏ္ဏားက လျှောက်ထား ပြန်၏။
“所谓‘施者也绝不可能没有果报’,是说:以某位亡者为对象而行布施,这项布施无论能利益那位亡者,还是不能利益他,施者自己都不可能没有果报;施者必定会获得该布施的果报。”(《增支部义注》3-339。)〕婆罗门又问:“乔答摩尊者,即使亡者投生在所施利益不能到达的处所,您仍宣说布施有果吗?”
ဒါယကာတော်ပုဏ္ဏား …သေသူသည် ဒါန၏ အကျိုးတရား မဖြစ်သင့်ရာ အရပ်၌ (= ဒါန၏ အကျိုးတရားကို မရနိုင်သည့် ဘဝ၌) ဖြစ်သော်လည်း ငါဘုရားသည် ဒါန၏ အကျိုးတရား၏ ထင်ရှားရှိမှုကို ပညတ်ပေ၏။
“婆罗门施主,即使亡者投生在无法受用所施利益的生命界,我仍宣说施者的布施有果。”
〔''ဤသို့ ကွယ်လွန်သွားသူအတွက် ရည်စူး၍ လှူဒါန်းအပ်သော အလှူဒါန၏ အကျိုးတရားကို အလှူ ပေးပုဂ္ဂိုလ်သည် မရနိုင်'' --- ဟု ပုဏ္ဏားကြီးဘက်က အယူအဆ ရှိနေ၏။ ထိုအခါ ဘုရားရှင်က ပုဏ္ဏားကြီး၏ မေးလျှောက်ချက်ကို ဝန်ခံပြီးလျှင် အလှူရှင် မည်သည် မည်သည့် ဘုံဘဝ၌မဆို ကောင်းမှုကုသိုလ်၏ အကျိုး တရားကို မှီ၍ အသက်မွေးနိုင်သော ဘုံဌာန၌ ဖြစ်ခဲ့သည်ရှိသော် ဒါန၏ အကျိုးတရားကို ရရှိသည်သာလျှင်
〔注:婆罗门原先持有这样的见解:“施者不能获得为亡者回向而作的布施果报。”于是,佛陀先认可婆罗门所问问题的成立,随后明确指出:“无论施者投生到哪一种生命界,只要投生在能够依善业果报维生的界处,就必定
原书第 342 页
ဖြစ်ပေသည်။'' --- ဟု ထင်ရှားပြသတော်မူခြင်းငှာ အောက်ပါ ဒေသနာတော်ကို ဆက်လက်၍ ဟောကြားတော် မူ၏။ (သံ-ဋ္ဌ-၃-၃၃၉။)〕 ၁။ ဒါယကာတော် …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူ လေ့ရှိ၏၊ ကာမတို့၌ အမှားမှားအယွင်းယွင်း ပြုကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ရှိ၏၊ ကုန်းတိုက်စကား ပြောကြားလေ့ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ ပြိန်ဖျင်းသော စကားရှိ၏၊ သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားလျက်ရှိ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီး လိုသော စိတ်ဓာတ်ရှိ၏၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိ၏။
获得布施的果报。”为了清楚显示这一点,佛陀继续宣说以下法义。(《相应部义注》3-339。)〕1.“施主,在此世间,有人杀生、偷盗、邪淫、妄语、两舌、恶口、绮语;他对他人有生命或无生命的诸欲物强烈地非理贪求,对有情与诸行怀着破坏、毁灭之意,并持有错误的邪见。
ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။
此人又常向沙门或婆罗门布施饭食、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明。
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ဆင်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ (ဆင်ဘဝသို့ ရောက်ရှိသွား၏။) ထိုသူသည် ထိုဆင်ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူး ထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။ (ရလေ့ရှိ၏။) ဒါယကာတော်ပုဏ္ဏား … ဤဘဝ၌ သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမတို့၌ အမှားမှား အယွင်းယွင်း ပြုကျင့်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောကြားခြင်း၊ ရုန့်ရင်း ကြမ်းတမ်းသော စကားရှိခြင်း၊ ပြိန်ဖျင်းသော စကားရှိခြင်း၊ သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားခြင်း၊ သတ္တဝါတို့ကို ဖျက်ဆီးလိုသော စိတ်ဓာတ်ရှိခြင်း၊ မှား ယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ဆင်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။
此人身坏命终之后,投生为象类的一员,也就是投生到象的生命中。在那一象生中,他能得到食物、饮料、鲜花以及种种特别装饰。婆罗门施主,由于他今生杀生、偷盗、邪淫、妄语、两舌、恶口、绮语,对他人有生命或无生命的诸欲物强烈地非理贪求,心中想要毁害有情,并持有错误的邪见,所以身坏命终之后投生为象类的一员。
သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသောကြောင့်ကား ထိုသူသည် ထိုဆင်ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။ (မင်္ဂလာဆင်တော် စသည် ဖြစ်ရ၏ဟု ဆိုလို သည်။)။
另一方面,由于他曾向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明,所以在那一象生中能得到食物、饮料、鲜花及各种特别装饰。(意思是,他会成为吉祥象等。)”
၂။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှားယွင်း သော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။
2.“婆罗门施主,在此世间,有人杀生,乃至持有错误的邪见;他又常向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明。
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ မြင်းတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ပ ။
此人身坏命终之后,投生为马类的一员。……〔其余同前。〕
၃။ နွားတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ပ ။
3.投生为牛类的一员。……〔其余同前。〕
၄။ ခွေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် (ထိုမြင်းဘဝ၌ ထိုနွားဘဝ၌) ထိုခွေး ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။
4.投生为狗类的一员。此人在相应的马、牛或狗生命中,能得到食物、饮料、鲜花及各种特别装饰。
ဒါယကာတော်ပုဏ္ဏား …ဤလောက၌ သူ့အသက်ကို သတ်ခြင်း။ ပ ။ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ (မြင်းတို့၏ အပေါင်း အဖော်၊ နွားတို့၏ အပေါင်းအဖော်) ခွေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။
婆罗门施主,由于此人在世间杀生,乃至持有错误的邪见,身坏命终之后便投生为马类、牛类或狗类的一员。
原书第 343 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ်သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် (ထိုမြင်းဘဝ၌၊ ထိုနွားဘဝ၌) ထိုခွေးဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။
另一方面,由于此人曾向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明,所以在相应的马、牛或狗生命中,能得到食物、饮料、鲜花及各种特别装饰。”
〔မှတ်ချက် --- သုတ္တန်ကား မဆုံးသေးပါ၊ သို့သော် ဤနေရာတွင် ခေတ္တရပ်တန့်၍ အဓိပ္ပါယ်ကို အနည်း ငယ် ရှင်းလင်းတင်ပြပါရစေ --- အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း သီလတည်းဟူသော မြေပေါ်၌ ရပ်တည် ၍ ကြဲချစိုက်ပျိုးလိုက်သော ဒါန၏ စွမ်းအားသည် လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်၊ စကြဝတေးမင်းစည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏၊ အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ်၊ ပကတိသာဝကဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တို့ကိုသော်လည်း ပေးစွမ်းနိုင်၏။
〔按:经文还没有结束。不过,先在这里稍作停顿,略加解释其义——如上所说,以戒为土地而播种、培育的布施,其力量能够带来人王、天王、梵王与转轮王的财富,也能够助成上首声闻菩提智、大声闻菩提智、普通声闻菩提智、独觉菩提智与正等菩提智。
ဤမျှကြီးမားသော စွမ်းအားမှာ အရာဌာန ဟုတ်သည်၌ အကျိုးပေးနေသော ဒါန၏ စွမ်းအားပင် ဖြစ်သည်။
这种如此巨大的力量,正是布施在适当之处给果时所具有的力量。
ယခု ဤအပိုင်း၌ကား ကိုယ်ကျင့်သီလ ပျက်စီးခြင်းဟူသော ဒုစရိုက်မြေပေါ်၌ ရပ်တည်လျက် ဒါနကို ကြဲချ စိုက်ပျိုးလိုက်၏။ သို့အတွက် လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်နှင့် ဗောဓိဉာဏ် အမျိုး မျိုးကို ပေးနိုင်သော စွမ်းအားရှိသော ဒါနသည် ကိုယ်ကျင့်သီလ ပျက်စီးခြင်း တည်းဟူသော အကြောင်း- ကြောင့် အဆင့်အတန်း မြင့်မားလှသော ယင်းစည်းစိမ်ချမ်းသာ အမျိုးမျိုးတို့နှင့် ဗောဓိဉာဏ် အမျိုးမျိုးတို့ကို မပေးစွမ်းနိုင်တော့ဘဲ အလွန်အဆင့်အတန်း နိမ့်ကျသော တိရစ္ဆာန်ဘဝတို့၌ အရာဌာန မဟုတ်သည်၌ အကျိုးပေးခွင့် ရသွား၏။ မင်္ဂလာဆင်တော် မင်္ဂလာမြင်းတော် ဖြစ်ရ၍ အဆင့်မြင့်သော နွား ဖြစ်ရ၍ အဆင့်အတန်း မြင့်သော တိရစ္ဆာန်ဖြစ်ရသည် မှန်သော်လည်း လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဘဝနှင့် တိုင်းတာနှိုင်းစာလိုက်သော်ကား အလွန်အဆင့်အတန်း နိမ့်ကျသွားသည်သာ ဖြစ်၏။ တစ်ဖန် ယင်းတိရစ္ဆာန်
然而在这一段中,人却立足于破戒这一恶行之地,播种、培育布施。因此,布施本来虽有力量带来人王、天王、梵王的财富和种种菩提智,却因戒行毁坏而不能再带来那些层次极高的富乐与菩提智;这项布施只能在层次极低的畜生生命中,于不相称的处所获得给果机会。诚然,他可能成为吉祥象、吉祥马或较高等的牛,成为畜生中的上等者;但若与人王、天王、梵王的生命相比,层次仍低下至极。再者,那些畜生
တို့ စားသုံးရသော အာဟာရမှာလည်း တိဏပဏ္ဏာဒိဝသေန --- စသည်ဖြင့် မြက်သစ်ရွက် စသည်တို့သာ ဖြစ်ကြောင်းကို အဋ္ဌကထာက ဖွင့်ပြထား၏။ လူမင်း နတ်မင်းတို့၏ အစာအာဟာရနှင့် တိုင်းတာနှိုင်းစာ လိုက်ပါက အလွန်အဆင့်အတန်း နိမ့်ကျသွားသည်သာ ဖြစ်၏။ ခွေးဖြစ်၍ ဂုန်နီအိတ် ကောင်းကောင်းပေါ်၌ မွေ့ရာကောင်းကောင်းပေါ်၌ အိပ်ရစေကာမူ အစားကောင်းကောင်း စားရစေကာမူ ခွေးနှင့် ထိုက်တန်သည့် နေရာ၌သာ နေခွင့်ရနိုင်၏၊ ခွေးနှင့် ထိုက်တန်သလောက်သာ ကောင်းကောင်းစားခွင့် ရနိုင်၏၊ လူမင်း နတ်မင်းတို့ကဲ့သို့ အဆင့်မြင့်မြင့် နေရ စားရသည်ကား မဟုတ်ပေ။ ရွာဝက်တို့သည် မစင်ကြိုက်သကဲ့သို့ ခွေးတို့သည်လည်း မစင်ကို နှစ်ခြိုက်ကြသည်သာ ဖြစ်၏။ သို့အတွက် ဒါနရှင်သည် တိရစ္ဆာန်ပင် ဖြစ်သော်- လည်း အဆင့်အတန်းမြင့်မြင့် စားရ သောက်ရ နေရ ထိုင်ရသည် ဆိုသော်လည်း လူမင်း နတ်မင်းတို့ကဲ့သို့
所食用的食物,义注也以巴利短语“တိဏပဏ္ဏာဒိဝသေန”(依草、叶等)说明,无非是草叶之类;若与人王、天王的饮食相比,层次极其低下。即使成为一只狗,能够睡在较好的麻袋、较好的垫褥上,也能吃到较好的食物,它仍只能住在适合狗的地方,只能享用就狗而言算是良好的食物,不能像人王、天王那样居住和饮食。正如村猪喜欢粪秽,狗也同样喜爱粪秽。因此,施者即使投生为畜生,饮食起居在畜生中也算较高等,但与人王、天王相比
အဆင့်အတန်း မြင့်မားသည်ကား မဟုတ်၊ မြက်သစ်ရွက် မစင် စသည်တို့ကို စားသုံး၍ မြေကြီးပေါ်၌သာ နေထိုင်ရမှုကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ဘဝမျိုးသာ ဖြစ်၏။ အရာဌာန မဟုတ်သည်၌ ဒါန၏ အကျိုးသက်ရောက်မှု ဖြစ်၏။ ကိုယ်ကျင့်သီလ ပျက်စီးသူတို့ ရရှိနိုင်သည့် ဒါန၏ အကျိုးမျိုးသာ ဖြစ်၏။
也绝不算层次高;那不过是以草叶、粪秽等为食,乐于、安于居住在地上的一种生命。这就是布施在不适当之处发生作用的情形,只是戒行毁坏者所能得到的一类布施果报。
သတိရှိဖို့ လိုအပ်ပေသည်။ တစ်ဖန် အဆင့်မြင့်သော ဒါနများကိုလည်း ဘုရားရှင်က ဇာဏုသောဏိပုဏ္ဏား ကြီးအား အောက်ပါအတိုင်း ဆက်လက်၍ ဟောကြားတော်မူပြန်၏။〕 ၅။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်၏ ။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအား သော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် ထိုလူ့ဘဝ၌ လူ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။
必须对此保持警觉。接着,佛陀又向阇努须尼婆罗门继续宣说如下较高层次的布施。〕5.“婆罗门施主,在此世间,有人远离杀生,乃至具足正确的正见;他常向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明。此人身坏命终之后,投生为人类的一员;在那一人类生命中,他能获得人界的五欲功德。
原书第 344 页
ဒါယကာတော်ပုဏ္ဏား …ဤလောက၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသောကြောင့်ကား ထိုသူသည် ထိုလူ့ဘဝဝယ် လူ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။
婆罗门施主,因为此人在世间远离杀生,乃至具足正确的正见,身坏命终之后,便投生于人类之中;又因为他曾向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明,所以他在人世获得属于人的五欲功德。”
〔သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။ တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ (အံ-၃-၇၁။) = ထိုသီလရှိသော အလှူရှင်သည် မင်းသူဌေး သို့မဟုတ် ပုဏ္ဏားသူဌေး သို့မဟုတ် ဂဟပတိသူဌေး ဖြစ် လိုသော စိတ်ဓာတ်ကို ထားရှိ၏၊ ထိုသို့သော စိတ်ဓာတ်ကို ဆောက်တည်ထား၏။ ထိုသို့သော စိတ်ဓာတ်ကို ကြိမ်ဖန်များစွာ ဖြစ်စေလျက် ပွားများထား၏။ ထိုသီလရှိသော အလှူရှင်၏ ယုတ်ညံ့သည့် ကာမဂုဏ် (၅)ပါး၌ ညွတ်ကိုင်းရှိုင်းလျက်ရှိသော၊ ထိုကာမဂုဏ် (၅)ပါးထက် သာလွန်မြင့်မြတ်သည့် မဂ် ဖိုလ် နိဗ္ဗာန် အလို့ငှာ မပွားများထားအပ်သော စိတ်ဓာတ်သည် ထိုထို တောင့်တထားသည့် အမျိုးအနွယ်တို့၌ ပဋိသန္ဓေတည်နေ ကပ်ရောက်ရန် အကြောင်းတရား ဖြစ်ပေသည်။ နောက်လာမည့် နတ်ဘဝ စသည်သို့ ကပ်ရောက်ရခြင်း တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။〕 ၆။ ဒါယကာတော်ပုဏ္ဏား …ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်၏
“他把心安放于此,把心确立于此,并反复修习此心。其心志寄托于低劣的目标,未向更高处修习,便导向投生于彼处。”(《增支部》3-71;Dānūpapatti Sutta。)也就是说,这位持戒的施者生起想要成为富有刹帝利、富有婆罗门或富有居士的心愿,确立这种心愿,并令这种心反复生起、不断修习。他的心倾向于低劣的五欲功德,并未为了超越五欲功德的道、果、涅槃而修习;这种心便成为令他结生于所愿族类的因。后来投生天界等情形,也应以同样方式理解。〕6.“婆罗门施主,在此世,有些人远离杀生
။ ပ ။ မှန်ကန်သော ဉာဏ်အမြင် သမ္မာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် ထိုနတ်ဘဝ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။
乃至具足正确的正见。他向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明。身坏命终之后,他投生于诸天之中,并获得属于天界的五欲功德。”
ဒါယကာတော်ပုဏ္ဏား …ဤလောက၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း။ ပ ။ မှန်ကန်သော ဉာဏ်အမြင် သမ္မာဒိဋ္ဌိရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ် တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်း- ကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသော ကြောင့်ကား ထိုသူသည် နတ်ဘဝဝယ် နတ်ပြည်၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။
“婆罗门施主,因为此人在世间远离杀生,乃至具足正确的正见,身坏命终之后,便投生于诸天之中;又因为他曾向沙门或婆罗门布施食物、饮料、衣服、车乘、鲜花、香、涂香、床具、住处和灯明,所以他在天界获得属于诸天的五欲功德。”
ဒါယကာတော်ပုဏ္ဏား …အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်ပေ၊ အကျိုးရှိ သည်သာလျှင် ဖြစ်ပေသည် --- ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။
佛陀说道:“婆罗门施主,确实如此:施者不可能没有果报,必定会有果报。”
အရှင်ဂေါတမ …အံ့သြဖွယ် ရှိပါပေစွ၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ပါပေစွ၊ အရှင်ဂေါတမ …အလှူရှင်သည် အကျိုးမဲ့ မဖြစ်သောကြောင့် အလှူဒါနတို့ကို ပေးလှူရန် အလွန်ပင် သင့်သည်သာတည်း။ ကုဗ္ဘီးထမင်းတို့ကို ပြုလုပ်ရန် (= သေသူအတွက် ရည်စူး၍ အလှူဒါနတို့ကို ပြုလုပ်ရန်) အလွန်ပင် သင့်သည်သာတည်း --- ဟု ဇာဏုသောဏိပုဏ္ဏားကြီးက လျှောက်ထား၏။
大婆罗门阇努须尼说道:“乔答摩尊者,真是稀有!真是未曾有!乔答摩尊者,既然施者不会没有果报,布施确实非常值得实行;备办献给亡者的 kubbhī 饭,也就是为亡者作回向布施,也确实非常值得实行。”
ဒါယကာတော်ပုဏ္ဏား …ဤအရာသည် ဤသို့ပင်တည်း၊ ဒါယကာတော်ပုဏ္ဏား …အလှူရှင်သည် အကျိုးမဲ့ မဖြစ်နိုင်သည်သာတည်း --- ဟု ဘုရားရှင်က မိန့် ကြားတော်မူလိုက်၏။
佛陀答道:“婆罗门施主,正是如此。婆罗门施主,施者不可能没有果报。”

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。